အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ
Pages
▼
Monday, January 04, 2010
ဘဲလ်ဂရိတ်မြို့သားတွေနဲ့ ခရမ်းရောင်
ဘဲလ်ဂရိတ်မြို့မှာ ဟိုနားဒီနားသွားရင်း ခဏခဏတွေ့ရတာ ခရမ်းရောင်ပါ၊ ကျွန်မကလဲ ခရမ်းရောင်ကြိုက်တတ်တော့ သတိထားမိနေတယ်၊ လမ်းဘေး ကြော်ငြာဘုတ်တွေကအစ စတိုးဆိုင်၊ ဘဏ် တွေနဲ့ အိမ်ခန်းတွေမှာပါ ခရမ်းရောင်ကိုတော်တော်သုံးကြတယ်၊ မြစ်ကမ်းပါးဘေး သွားလိုက်တော့လဲ အပင်လေးတွေ အသစ်စိုက်ထားတာ အမှတ်အသားလုပ်ထားတာကိုက ခရမ်းရောင်ဖဲကြိုးလေးတွေနဲ့၊ စူပါမားကတ် ဆိုင်ခန်းတွေမှာ အ၀င်ဝနားမှာ ခရမ်းရောင် အ၀တ်အစားတွေကို ပြထားကြတာ တွေ့ တွေ့နေရတော့ ဘဲလ်ဂရိတ်မြို့ ဟိုနားဒီနား ပြန့်ကျဲနေတဲ့ ခရမ်းရောင်တွေ ကို စုစုစည်းစည်းမြင်ချင်လာလို့ ဓါတ်ပုံရိုက်ယူထားလိုက်တယ်၊ ပြီးတော့ ဒီနေရာမှာ ...
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ
ဒီနှစ်ဆောင်းမှာလဲ ခရမ်းရောင်ခေတ်စားတယ်။။
ReplyDeleteခရမ်းရောင် လို့ ဆိုလိုက်တိုင်း ပန်းခရမ်းပြာ ဆိုတဲံ့သီချင်းကို
နားထဲကြားယောင်နေမိတယ်။။(ခင်ဝမ်းဆိုတာလား မသိ..မေ့ပြီ)
ခရမ်းလို့ ဆိုလိုက်တိုင်း ခရမ်းလွန်ရောင်ခြည်ကို ပြေးမြင်မိတယ်။။
ခရမ်းသီးလည်း မကြိုက်ဘူး။။
ခရမ်းကဇော်သီး ဆို ခါးသက်သက်မို့ မစားဘူး။။
ကိုယ်တိုင်ကတော့ခရမ်းရောင်ကို သိပ်တော့ ဂရုမပြုမိပါဘူး။။
ပန်းခရမ်းပြာက ခင်မောင်တိုး..ဆိုတာမဟုတ်ဘူးလား။ ခရမ်းရောင်က အသားဝင်းဝင်းလေးတွေ
ReplyDelete၀တ်လိုက်ရင် သိပ်လှတာပဲ။ ခရမ်းသီးကို မီးကင်ဖုတ်သုတ်၊ ခရမ်းသီးနှပ်စားကောင်း။
အဲဒီအရောင်ကို အရင်ခေတ်တုန်းက တော်ဝင်တွေမှ ၀တ်ရတာဆို။
း)
THS
အော် ဒါကြောင့် blog backgroud ကခရမ်းရောင်ဖြစ်နေတာကိုး...;-)
ReplyDeleteခရမ်းရောင်ကြိုက်တဲ့သူနောက်တစ်ယောက်တွေ့ပြန်ပြီပေါ့း))
ReplyDeleteအဆင်ပြေပျော်ရွှင်ပါစေ။