Pages

Saturday, August 07, 2010

No Worries !!!!!

ဒီနေ့ အိပ်ရာနိုးနိုးချင်း အင်တာနက်ကြည့် ဂျီတော့ခ်ကသူငယ်ချင်းတွေကြည့်နဲ့ စင်္ကာပူက သူငယ်ချင်းတစ်ယောက်တင်ထားတဲ့လင့်လေးကို တွေ့လို့ လိုက်ကြည့်မိတယ်၊
ကိုယ့်ကိုယ်ကို နောင်တတောင်ရလိုက်တယ်၊ ကိုယ်က တစ်ခါတစ်လေနေမကောင်းမိရင်တောင် လူမဖြစ်ချင်တော့ဘူးလို့ စနောက်ရင်းပြောမိတတ်တယ်၊ စိတ်ဓါတ်တွေ ဟိုး အောက်ဆုံးပြုတ်ကျနေတဲ့အခါတွေရှိတယ်၊
ဒီ ဗီဒီယိုလေးကိုကြည့်ရင်း မျက်ရည်တောင်ကျမိပါတယ်၊
သူက No Arms, No Legs, No Worries တဲ့
ကျွန်မတို့ With Arms, With Legs, with Happiness လို့ ဘာလို့ မပြောနိုင်ရမှာလဲနော်။
ဘ၀ကိုရင်ဆိုင်ဖို့ အားတွေပေးလိုက်တဲ့ Nick Vujicic ကို ကျေးဇူးတင်မိတယ်၊
လင့်လေး မျှပေးထားတဲ့သူငယ်ချင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

5 comments:

  1. ကောင်းလိုက်တာဖြိုးရယ်
    ကြည့်ပြီး မျက်ရည်ကျမိသလို
    အားတွေလဲ တက်မိပါတယ်..
    ပြန်လည်မျှဝေတာ ကျေးဇူးပါ

    ReplyDelete
  2. အေးဗျာ .. စိတ်မကောင်းစရာပဲ .. စိတ်ဓါတ်ကိုတော့ တခါတလေ ကျခွင့်ပေးပါဗျာ :-)

    ReplyDelete
  3. မျှဝေရုံတင် ဘယ်ကမလဲနော်
    ကိုယ်တိုင် ခွန်အားတွေ လာသွင်းပေးလိုက်သလိုပါပဲ
    ကျေးဇူးပါ...

    ReplyDelete
  4. ညီမ ရေ

    မျှဝေမှု့ အတွက် ကျေးဇူးနော် အချိန် ယူပြီး ကြည့်သွားတယ် အသံတော့ မကြားရဘူး အစအဆုံးတော့ မြင်ရတယ် ခွန်အားတွေ ပေးသွားတဲ့ အတွက် ကျေးဇူးပါ

    ရွှေစင်ဦး

    ReplyDelete
  5. No Arms, No Legs, No Worries ဆိုတာလေးတော့ သဘောကျတယ်။
    ဗီဒီယိုလေးတော့မမြင်ရလို့.. ရွှတ်..။

    ReplyDelete

Thank you so much.
Have fun !