Pages

Saturday, March 26, 2011

တကယ်ဆို ကျွန်မ မကောင်းခဲ့ပါဘူး

တချိန်တုန်းက ကြမ်းခဲ့ရမ်းခဲ့ဖူးတဲ့ မုန်တိုင်း“နာဂစ်”

ဘတ်စ်ကားကြီးက ဒေးဒရဲ အသွားလမ်းမပေါ်မှာ အပြေးအလွှားမောင်းနှင်နေပါတယ်။ ကျွန်မတို့ရုံးက သူငယ်ချင်းတွေ ဘတ်စ်ကားနှစ်စီးနဲ့ ခရီးတစ်ခုကို အတူထွက်လာခဲ့ကြပါပြီ၊ အပျော်ခရီးတစ်ခုတော့ မဟုတ်ပါဘူးလေ၊ အားလုံးက အတွေးကိုယ်စီနဲ့ ငြိမ်သက်တိတ်ဆိတ်နေလိုက်ကြတာ၊ အားလုံးက လမ်းတစ်လျှောက်အပြင်ဘက်ကို အလုအယက်ငေးရင်း .. ဓါတ်ပုံရိုက်သူရိုက်၊ မှတ်စုစာအုပ်လေးတွေမှာရေးသူက ရေးလို့ အလုပ်ရှုပ်နေကြတယ်။ သတင်းသမားတွေက သတင်းယူနေကြတယ်။ ကျွန်မကတော့ အပြင်ဘက် လမ်းဘေးဝဲယာ အပျက်အစီး အစုအပုံတွေကို စိတ်မကောင်းခြင်းကြီးစွာ ကြည့်နေမိတယ်။ ဘတ်စ်ကားကြီးက အလှူပစ္စည်းတွေလှူဒါန်းမယ့် ဦးတည်ရာရွာလေးတစ်ရွာဆီအရှေ့ကို အပြေးနှင်နေတဲ့အချိန် ကျွန်မရဲ့အတွေးတွေကတော့ နာဂစ်ဆိုင်ကလုံးမလာခင် ရက်ပိုင်း၊ နာရီပိုင်း အချိန်တွေဆီ အပြေး နောက်ပြန်လှည့်နေမိပါတယ်။
အဖြစ်အပျက်တွေက မယုံနိုင်စရာ .... ကြမ်းတမ်းလွန်းလိုက်တာ။
----------------------------------------
၂၀၀၈ ခုနှစ်
“ပြင်းထန်တဲ့ဆိုင်ကလုံးတစ်ခုမြန်မာနိုင်ငံကိုတိုက်ခိုက်ဖို့လာနေတယ် Severe Cyclonic  storm  Nagis in forecast  to strike Myanmar at about 18;00GMT on May”ဆိုတဲ့ စက်ဝိုင်းပုံလမ်းကြောင်းတွေနဲ့ ဖြူဖြူအ၀ိုင်းကြီးတွေပါတဲ့မြေပုံတွေ အဲဒီရက်ပိုင်းသတင်းတွေမှာ တွေ့နေရပါတယ်။ သတင်းတွေကို စိတ်ဝင်စားတတ်တဲ့ ကျွန်မက အလုပ်လုပ်နေရင်းနဲ့ပဲ အချိန်ရရင်ရသလို ဆိုင်ကလုံးနဲ့ ပတ်သတ်တဲ့ သတင်းတွေလိုက်ရှာဖတ်ပါတော့တယ်။ မုန်တိုင်းကြီးက မြန်မာနိုင်ငံဆီတည့်တည့်ကြီးတဲ့၊ သတင်းတွေမှာ မြန်မာနိုင်ငံကိုတိုက်ခိုက်ဖို့လို့ပဲရေးနေကြတယ်။ မြန်မာနိုင်ငံကိုဆိုတဲ့ စကားလုံးကြီးက ကျွန်မစိတ်ကို ယောက်ယက်ခတ်စေတယ်။ တစ်ခါမှ အဲဒီလို သတင်းမျိုးမတွေ့ဖူးခဲ့တာကိုး၊ ဘာကြောင့်ရယ်မသိ အဲဒီအချိန်ကတည်းက ကျွန်မစိတ်ထဲမှာ ထင့်နေပြီး အလွန်အမင်းစိတ်ပူနေခဲ့ပါတယ်။ ရုံးတွင်း forum မှာလည်း တစ်ယောက်စ နှစ်ယောက်စ သူငယ်ချင်းအချို့က သတင်းတွေ ပုံတွေတင်လာကြပါပြီ။ ဒါပေမဲ့  အများစုကတော့ အေးအေးဆေးဆေးပါပဲ၊ ဆိုင်ကလုံးဆိုတာ ကြုံတွေ့ဖူးကြတာမှ မဟုတ်တာ၊ မုန်တိုင်းမလာခင်သုံးလေးရက်လောက်ကတည်းက တွေ့တဲ့သတင်းမှန်သမျှ စုပြီးအိမ်ကိုယူသွားကာ ကျွန်မက မေမေ့ကို ပြရပါတယ်။ မေမေကလည်း သတင်းဆို အမြဲနားစွင့်နေတတ်တဲ့သူလေ၊ တီဗီသတင်းတွေမှာတော့ အဲဒီရက်တွေက အရိပ်အမြွက်တောင် ပြောကြတာတွေမရှိခဲ့ဘူး၊ ဒီလိုနဲ့ပဲ နာဂစ်ဆိုင်ကလုံးကြီးတိုက်ခတ်မယ့် သောကြာနေ့ မေလ ၂ ရက်နေ့ ကို ရောက်လာပါတော့တယ်၊ ရုံးက ပလာဇာရဲ့အပေါ်ဆုံးထပ်မှာ၊ မနက်ပိုင်းကတည်းက ပလာဇာက ဆိုင်ခန်းတွေမှာတော့ လှုပ်လှုပ်ရှားရှားဖြစ်နေကြပြီ၊ နေ့လည်ပိုင်းမှာ ဆိုင်တွေတော်တော်များများပိတ်သွားကြတယ်။ နေ့လည်၂နာရီကျော်လောက်ကြတော့ ရုံးကပြန်လို့ရပြီလို့ ပြောလာပါတယ်။ ဒါနဲ့ ကျွန်မရဲ့သူငယ်ချင်းချောချောနဲ့ နှစ်ယောက်သား ဘတ်စ်ကားနဲ့ပဲ ပြန်လာကြတယ်။ အလံပြဘုရားလမ်းရုံးရှေ့က ဘတ်စ်ကိုပတ်စီးရတယ်။ အဲဒီဘတ်စ်ကပဲ ဆူးလေရှေ့ကနေပြန်ပြီး ကျွန်မတို့ ကျောက်မြောင်းဘက်ကိုသွားတယ်။ အပြန်လမ်းတလျှောက်လုံး ဆူးလေတစ်ဝိုက်မှာ များပြားလှတဲ့လူတွေ၊ သူတို့ အားလုံးမုန်တိုင်းဆိုတာကို ဂရုမပြုအားကြဘူး၊ ပုံမှန်နေ့တစ်နေ့လိုပဲ အလုအယက်တိုးဝှေ့သွားလာနေကြတာပါပဲ၊ “လူတွေ အားလုံး ပုံမှန်သွားလာနေကြတာပဲနော်၊ သူတို့ မသိကြဘူးလား၊ နက်ဖြန် ဒီလိုအချိန်မှာ ဘာတွေဘယ်လိုများဖြစ်နေမလဲမသိဘူး”  သူငယ်ချင်းချောချောကို ကျွန်မဖြည်းဖြည်းလေးလေးကြီး ပြောမိတယ်။ ကျွန်မက တစ်ခုခုဆို စိတ်ပူခဲပါတယ်။ သိပ် စိတ်မပူတတ်ဘူးထင်တယ်။ အဲ့ဒီနေ့ကတော့ စိတ်ထဲမှာလေးလံပြီး ပူပင်နေလိုက်တာ၊ အဲဒီတုန်းကဖြစ်နေခဲ့တဲ့ စိတ်ပူပန်မှုကို အခုထက်ထိတိုင် မှတ်မိနေသေးရဲ့။
(အိမ်ပြန်ရောက်တော့ မေမေက ၀ရံတာမှာ လည်တဆန့်ဆန့်နဲ့ မျှော်နေရှာတယ်။ ကျွန်မကိုမြင်တော့ စောစောပြန်လာလို့ ပျော်သွားတာပေါ့၊ နောက်ခဏနေတော့ ကျွန်မအစ်မလည်း ရုံးကပြန်လာပြီ၊ ဒီလိုနဲ့ ပဲ ညနေထိ မိုးလေးဖွဲဖွဲလေးရွာတာလောက်ပဲ ညဦးပိုင်းအထိတော့ လေခပ်သောသောလေးတိုက်နေတာလောက်ပဲ၊ ကျန်တာကတော့ ဘာမှမထူးခြားခဲ့ပါဘူး။ )
--------------------------------------------------
ကျွန်မစိတ်မကောင်းပါဘူး၊ ကျွန်မဘယ်လောက်ကြီးပဲ စိတ်ပူပန်ခဲ့တယ်ပဲဆိုဆို.... တကယ်ဆို ကျွန်မက disaster တွေကို သိပ်စိတ်ဝင်စားတတ်တယ်။ ဘယ်နိုင်ငံမှာ ငလျင်၊ မုန်တိုင်း၊ မီးတောင် အဲဒီလို သတင်းတွေ သိချင်တယ်။ အဲဒီသဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်ကြရတဲ့လူ၊ သတ္တ၀ါ၊ တိုက်တာအဆောက်အဦး သဘာဝပတ်ဝန်းကျင်အားလုံးကို ကျွန်မ စာနာသနားရကောင်းမှန်းသိပေမဲ့ ကျွန်မပြောပြီးပါပကောလား၊ ကျွန်မရဲ့ မကောင်းတဲ့ အကျင့်က အဲဒီသတင်းတွေကို အမြဲသိချင်၊ ကြည့်ချင်နေခဲ့တာပါပဲ၊

ခြေအိတ်နွေးနွေး ... မမေးပါနဲ့လေ

(နဘယံမ၈္ဂဇင်း အမှတ်(၂၇)၊ ဖေဖေါ်ဝါရီလ ၂၀၁၂)
“မောင် .. အေးလိုက်တာကွာ၊ နေခြည် ဒီလောက်ကြီးအေးမယ်မှန်းမသိလို့ အ၀တ်အစားတွေ အလုံအလောက်ထည့်မလာခဲ့ဘူး၊ ခြေဖ၀ါးတွေအေးစက်နေပြီ၊ ခြေအိတ်ပါးလေးတွေပဲယူလာတာ၊ အေးတယ် အေးတယ်”

အေးလွန်းလို့ နေခြည် တချိန်လုံးအော်နေတော့ မောင်လည်း ပြာယာခတ်နေတော့သည်။ နေခြည် က အအေးမခံနိုင်တာ မောင်သိတာကိုး၊ အထူးသဖြင့် ခြေဖ၀ါးလေးတွေ၊ ဖြေဖ၀ါးတွေအေးတာများပြီး နည်းနည်းလောက်ဂရုမစိုက်လိုက်တာနဲ့ နောက်နေ့တွေဆို နေခြည် က ဖျားတတ်တော့တာ။

Thursday, March 17, 2011

နျူကလီးယားထိတွေ့မှုနဲ့ ဂျပန်နိုင်ငံ

၁၉၄၅ ဒုတိယကမ္ဘာစစ်ကြီးရဲ့ နောက်ဆုံးအဆင့်မှာ ဂျပန်နိုင်ငံရဲ့ ဟီရိုးရှီးမားနဲ့ နာဂါစာကီမြိ့တွေဟာ နျူကလီးယားလက်နက်ဖြစ်တဲ့ အဏုမြူဗုံး(atomic bomb) တွေကို စတင်တွေ့ထိ သိရှိခဲ့ကြတယ်။ အဏုမြူဗုံးရဲ့ဒဏ်ရာဒဏ်ချက်တွေကြောင့်ဟီရိုရှီးမားမှာ လူပေါင်း ၇၀၀၀၀ကျော်သေဆုံးခဲ့ကြပြီး အရေပြားဓါတ်ရောင်ခြည်သင့်မှုနဲ့ ဆက်နွယ်တဲ့ရောဂါတွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၉၀၀၀၀ကျော်ကနေ ၁၆၆၀၀၀ အထိ သေဆုံးမှုတွေမြင့်တက်ခဲ့ပါတယ်။ ၁၉၅၀မှာ ဆိုရင်၂၀၀၀၀၀ခန့်အထိသေဆုံးခဲ့ကြရတယ်။ နောက်ပိုင်းမှာလည်း သွေးကင်ဆာ၊ သိုင်းရွိက်ကင်ဆာတွေဖြစ်ပွားလာအောင် ဓါတ်ရောင်ခြည်တွေက တမြည့်မြည့်တိုက်စားခဲ့ကြတယ်။ အခု ၂၀၁၁ မတ်လ ၁၁ ရက်နေ့က ဂျပန်အရှေ့မြောက်ပိုင်းဒေသ ဆန်ဒိုင်းမြို့တော်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၈.၉ရစ်ခ်ျတာစကေးငလျင်ကြီးကြောင့် ပြိုပျက်ဆုံးရှုံးမှုတွေ နေရာတိုင်းမှာ ပြည့်နှက်ကုန်တယ်။ သေကြေပျက်ဆီးမှုတွေနောက်မှာ ကြီးမားလှတဲ့ဆူနာမီလှိုင်းတွေက ထပ်ချပ်မကွာလိုက်လာခဲ့ပြန်တယ်။ ဆူနာမီလှိုင်းတွေကြောင့်  အသက်အိုးအိမ်စည်းစိမ်တွေ အရာအားလုံးကို ထပ်ကာထပ်ကာ ဖရိုဖရဲပြိုကွဲ ပျက်စီးစေခဲ့ပြန်တယ်။

Tuesday, March 15, 2011

ဘာလဲ .. အချစ်ဆိုတာ

အဲဒီနေ့က ဖက်ဖူးရောင် လဘက်ရည်ဆိုင်လေးမှာ သီရိ စိမ်ပြေနပြေထိုင်ရင်း မဂ္ဂဇင်းစာအုပ်ဖတ်နေခဲ့ပါသည်။ သီရိရဲ့ ကဗျာလေးတစ်ပုဒ်ပါလာတဲ့ နေရီရီမဂ္ဂဇင်းလေးကို သီရိရဲ့ မောင့်ကို ကြည့်သလို လဲ့လဲ့လေးကြည့်လို့၊ သီရိရဲ့ မောင့်ကို ပြုံးပြသလိုမျိုး ချိုမြမြလေးပြုံးလို့ ဖတ်ပါသည်။ ကိုယ့်ကဗျာလေးပါတဲ့ စာတစ်မျက်နှာကိုပဲ ဘယ်နှစ်ခေါက်မှန်းမသိ အကြိမ်ကြိမ်လှန်လှောကြည့်ပါသည်။ ကဗျာလေးထဲက စာသားတွေကို သီရိ တလုံးမကျန်အလွတ်ရနေသားပဲ၊ ကိုယ်တိုင်လှလှပပလေး သီကုံးထားတဲ့ ကဗျာလေး ကဗျာခေါင်းစဉ်လေးက “အဖြစ်မရှိတဲ့ အချစ်၊ အချစ်မရှိတဲ့ အဖြစ်”တဲ့၊ ကိုယ်ဘာသာတော့ လှလှပပလေးလို့ ထင်တာပါပဲ၊ သီရိရဲ့  သူငယ်ချင်းလေး “ဇော်” ပြောပြောနေတဲ့ သူပြောတဲ့ သူ့ရဲ့အချစ်ကို ခံစားပြီးရေးလိုက်တဲ့ ကဗျာလေး၊ မောင်ကတော့ သီရိကဗျာလေးကြိုက်မယ် မကြိုက်ဘူး မပြောတတ်သေးဘူး၊ မောင် ညနေ အလုပ်ကပြန်လာမှပဲ ပြရတော့မှာပဲ၊ သီရိ ကဗျာလေးတွေ စာလေးတွေ မဂ္ဂဇင်းတွေ ဂျာနယ်တွေမှာ ပါလာတယ်ဆို မောင်က သီရိနဲ့ ထပ်တူ ပျော်ပေးရှာပါသည်။ မဂ္ဂဇင်းတိုက်က အခုပဲ စာအုပ်ထုတ်ပြီး ဒီဖက်ဖူးရောင်ကို လာခဲ့တာ၊ ဒီဆိုင်လေးမှာ ကဗျာဆရာ၊ စာရေးဆရာတွေ သိပ်ထိုင်ကြတဲ့ ဆိုင်လေးဆိုတော့ စာအုပ်ကိစ္စတွေနဲ့ သီရိ မြို့ထဲရောက်တိုင်း ဒီဆိုင်လေးမှာထိုင်ဖြစ်သည်။ အထူးသဖြင့် ခုလို ကိုယ့်ကဗျာလေးတစ်ပုဒ်ပါလာတဲ့အချိန်ဆို ပိုပြီး မပျက်မကွက်ထိုင်ပါသည်။ သီရိရဲ့ အသိ ကဗျာဆရာတွေ မိတ်ဆွေတွေ ဘယ်သူတွေနဲ့များ တွေ့ရမလည်း မျှော်လင့်ချက်ကြီးကြီးနဲ့ မျှော်ပါသည်။

Saturday, March 12, 2011

ဘီလူးကြီး သို့မဟုတ် ဘလူးဂျီးန်စ်

ဂျီးန်စ် ဟာ ဒဲနင်မ်သား နဲ့ချုပ်ထားတဲ့ ဘောင်းဘီတွေဖြစ်ပါတယ်၊
[ဒဲနင်မ်သားဟာ ချည်ကြမ်းကျစ်လိမ်ထားတဲ့ရက်ထည်ဖြစ်ပါတယ်၊ ဖောက်ချည်မျှင်ကို ထုပ်ပိုးမယ့်ချည်နှစ်ကြောင်း ဒါမှမဟုတ် နှစ်ကြောင်းထက်ပိုတဲ့ချည်ရဲ့အောက်ကနေဖြတ်ပြီးယက်ထားတဲ့ချည်ကြမ်းသားပါ။ ဒဲနင်မ်သားကို ရှေးရိုးရာမဲနယ်ပြာဆိုးဆေးအသုံးပြုပြီး ဘလူးဂျီးန်စ်အဖြစ်ပြုလုပ်ခဲ့ကြတယ်၊ မဲနယ်ပြာ(Indigo)ဟာ သစ်ပင်တွေကထုတ်ယူထားတဲ့ ထင်ရှားတဲ့အပြာရောင်အော်ဂဲနစ်ဓါတ်ပေါင်းပါ]

အစောဆုံးအမေရိကန် ဂျီးန်စ်အပြာ(ဘလူးဂျီးန်စ်) အချို့ကို ဂျက်ကော့ဘ်ဒါဗစ်စ်၊ ကယ်လ်ဗင်ရော်ဂျားစ် နဲ့ လေးဗီးစထရောက်စ် တို့ က ၁၈၇၃ ခုနှစ်မှာ စတင်ပြုလုပ်ခဲ့ကြတယ်၊ ၁၉၅၀ မှာ ဂျီးန်စ်ကို အလုပ်သမားတွေအတွက်ရည်ရွယ်ဒီဇိုင်းထုတ်ခဲ့ပါတယ်၊ နောက် လူငယ်တွေကြားပေါ်ပြူလာဖြစ်လာတယ်၊ သမိုင်းဝင် ဂျီးန်စ် တံဆိပ်တွေမှာ Levi’s ၊ Lee နဲ့ Wrangler တို့ဖြစ်ကြတယ်၊ ဂျီးန်စ် အကျပ်တွေအမျိုးမျိုးမှာ skinny, straight , tapered , boot cut , mommy cut , maternity နဲ့ flare ဆိုပြီး ရှိပါတယ်၊

ဂျီးန်စ် Jeans တွေဟာ ဒီနေ့တကမ္ဘာလုံးမှာ မရှိမဖြစ် လူတိုင်းဝတ်ဆင်နေကြတဲ့အ၀တ်အစားဖြစ်နေပါပြီ၊ စတိုင်လ်အမျိုးမျိုးနဲ့ အရောင်အမျိုးမျိုးရနိုင်နေပြီ၊ ဒါပေမဲ့ အပြာရောင်ဂျင်း ကတော့ အမေရိကန်ယဉ်ကျေးမှုကိုရည်ညွှန်းနေပါတယ်၊ အထူးသဖြင့် ရှေးခေတ်အမေရိကန်လူမျိုးတွေပြယုဂ်ပါပဲ။

ဘီလူကြီး သမိုင်း ၁

Thursday, March 10, 2011

၅. မေမေ့ မွေးနေ့အတွက် ပန်းလက်ဆောင် ( အပိုင်း ၂ )

“ငါ့ကိုများ ဘယ်သူလာနှောက်ယှက်ရဲသလဲဟေ” မေးပုံက စိတ်တိုဟန်အပြည့်နဲ့၊
 “ရွှေအိုးထဲကမှော်ပန်းအကြောင်း နင် ငါ့ကို မနေ့က ပြောခဲ့တယ်လေမှတ်မိတယ်မဟုတ်လား”
“ခင်ဗျားက ကျုပ်ကိုရူးနေတယ်လို့များ ထင်လို့လား၊ ကြည့်ပါလား ကျုပ်ဦးနှောက်ပန်းရောင်လေးတွေ၊ သူတို့အလုပ်လုပ်နေကြတာ ခင်ဗျားမြင်နိုင်ရဲ့သားနဲ့၊ ကျုပ်ပြောတာ ကျုပ်မှတ်မိတာပေါ့”
ဖန်ကြောင်ကဖြေပါတယ်၊

“ဒီမှာရှင်” ခခ က ဖန်ကြောင်ကိုစကားစပါတယ်၊ ဖန်ကြောင်က ခခကို သေချာကြည့်တယ်၊ ကြည့်ပုံက ခုနလောက် ဒေါသခိုးမဝေတော့သလိုပဲ၊

“ကျွန်မတို့ ရွှေအိုးထဲက မှော်ပန်းလေးလိုချင်လို့ပါ”

“ဟေ .. လိုချင်တိုင်းရမတဲ့လား”