Pages

Saturday, August 31, 2013

Blog Day မှာ

၂၀၁၁ တုန်းက ကိုအောင်(ပျူနိုင်ငံ) တက်ဂ်တဲ့ Blog Day ပိုစ့်ပါ။ ပုံတွေ ပျက်ကုန်တာနဲ့ အခုပြန်ရှာပြီး ပြန်တင်ပေးလိုက်ပါတယ်။ အရင်က ရေးထားဖူးတဲ့စာအတိုင်းပဲ ပြင်မနေလိုက်တော့ပါဘူး။ ကိုယ့်ဘာသာပြန်ဖတ်ကြည့်တော့ အမှတ်ရစရာကောင်းတာနဲ့ပဲ။ အခု "ဘလောဂ့်ဂါများ၏ နှလုံးသားကိုလှုပ်ခါနိုင်စွမ်းသူ ဘလောဂ့်ဂါ ဘရာသာ ရန်အောင် က ဒီနှစ်မှာ တခါထပ်ပြီး လှုပ်ရှားစေတာမို့
အားလုံးအတွက် ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးပေါ့။
ဘလောဂ့်ဂင်းကာတွန်းလေးတွေ ပြန်ပြီးမျှဝေလိုက်ပါတယ်။

(မီးပူတွေ တစ်ပုံကြီးတိုက်စရာ ရှိနေလို့ပါ)
အလုပ်တွေလည်း လုပ်စရာအများကြီးနဲ့ ဒီလိုလေး ပြန်တင်လိုက်ပါတယ်။ ဒါလည်း အချိန်ယူတော့ယူလိုက်ရပါတယ်ဂျာ၊ ဘရာသာ ရန် နားလည်ပါနော်)











ဘလောဂ့်တွေက သူ့လိုအပ်ချက်နဲ့ သူ စိတ်ဝင်စားဖို့ကောင်းတာချည်းပါပဲ။ အချိန်အားရှိရင်ရှိသလိုက်ဘလောဂ့်လေးတွေ နိုင်သလောက်ဖတ်ဖြစ်ပါတယ်။ အစားအသောက်လည်းကြိုက်၊ အလှအပလည်း မိန်းကလေးဆိုတော့ကြိုက်တာပေါ၊့ လက်သည်းလှလှလေးတွေဆိုးထားတာတွေ့လည်းကြိုက်၊ (Rose ထင်တယ်)။ ဗဟုသုတလည်းကြိုက်၊ သတင်းလည်းကြိုက်၊ သီချင်းလည်းကြိုက်(ပေါက် - သီချင်းတွေပဲတင်လို့ မမKom မလာလည်း တို့တော့လာတယ်နော် ;) မချော(အစိမ်းရောင်လွင်ပြင်)လည်း ဘလောဂ့်စာဖတ်သူတွေအတွက်အမြဲစဉ်းစားပေးတတ်တယ်။ ဗဟုသုတကြွယ်လိုက်တာ။ စိတ်ရှည်တယ်။ ဟင်းချက်လည်းကောင်းတယ်။ စာရေးလည်းနူးနူးညံ့ညံ့လေး။ ကြိုက်တယ်။ မမKom လည်းကြိုက်တယ်။ ရေးပုံတွေးပုံသဘောကျတယ်။ ဟာသဥာဏ်လည်းရှိတယ်။ ပေါက် ကလည်း ဘလောဂ့်တွေစလည်ဖြစ်ကတည်းက သိခဲ့ကြတာ။ ကျွန်တော် ကျွန်တော်လို့ပြောတတ်တော့ ယောက်ျားလေးမှတ်လို့ ကိုပေါက်လို့ သွားခေါ်နေတာ၊ တကယ်က ခခလေးရဲ့မေမေဖြစ်နေပါရောလား။ မသီတာလည်း သားတွေကိုလက်တည့်စမ်းပြီး မော်ဒယ်လုပ်ခိုင်းတာ။ မသီတာချုပ်ထားတဲ့စကပ်လေးလားပဲ ၀တ်ပြီးရိုက်ထားတဲ့ပုံလေး ခုထိ မျက်စိထဲမြင်တယ်၊ သားအငယ်လေးလား အကြီးလေးလားတော့မသိတော့ပါဘူး။ မသီတာရော ကိုဧရာရော စာရေးကောင်းတယ်။ မြတ်မွန်လေးဆိုလည်း တော်တော် စာရေးကောင်းတာ။ အနော်လေး(ကြည်ဖြူပိုင်)ကလည်း စာရေးလည်းကောင်း သီချင်းဆိုလည်းကောင်း၊ ဒါပေမဲ့ ခုတော့ ပညာရှင်ဘ၀မှာပဲပျော်နေပြီ။ ရီတာ့ဆီလည်း စာသွားဖတ်ဖြစ်တာပဲ။ သူရေးပုံက စိတ်ဝင်စားဖို့ကောင်းတယ်။ မိုးပန်းချီက ချောချောလေး။ ဓါတ်ပုံတွေ့ပြီးသား။ ဘရာသာအလင်းစက်များ ဆီလည်းခဏခဏရောက်တယ်။ cbox မှာနောက်လို့ကောင်းသား။ အခုမျက်စိစပ်နေတယ်ဆိုလား၊ ကိုအေအေတီအိုလည်း ဘာလီကျွန်းမှာ ဇနီးချောလေးနဲ့ ကလေးတွေ၊ ငှက်တွေနဲ့ ပျော်နေတာ။ သူ့ဆီလည်း ရောက်ဖြစ်တယ်။ ကမ္ဘာ့ဖလားတုန်းက ကိုအောင်(ပျူနိုင်ငံ)နဲ့ ဘောလုံးပွဲတွေအကြောင်းပြောရတာလည်းပျော်စရာကောင်းခဲ့တယ်။ ကိုကြီးကျောက်ဘလောဂ့်ကိုလည်းရောက်တယ်။ သူရေးတဲ့စာတွေကလည်း အစအဆုံးမပျင်းအောင်ဆွဲဆောင်နိုင်ခဲ့တယ်။ ကိုယ်သတိတရရှိတဲ့သူငယ်ချင်းတွေရဲ့နာမည်တွေတပ်ရရင် ဘယ်လောက်သေချာရေးရေးကျန်ကုန်တော့မှာ၊ မကျုန်အောင်ဘယ်လိုလုပ်ရပါ့မလဲ။ ရောက်ဖြစ်တဲ့ဘလောဂ့်လေးတွေ -

ဘလောဂ့်ဂါ ရန်အောင် ၊ ကိုပီတာရဲ့အတွေးပုံရိပ်များသက်တန့်ချို.....သံစဉ်မဲ့ အလင်္ကာများအန်တီတင့်၏ အမှတ်တရလေးများမချစ်ကြည်အေးRose of Sharonမိုးစက်ပွင့်Nine Nine SaNay ၊  ကိုကိုမောင် (ပန်းရနံ့)TTSweetနေဇော်လင်းMeine Weltလူသားအားလုံးအတွက် မယ်ကိုးHtoo Tay ZarShinlayသဒ္ဓါလှိုင်းစုံစီနဖာ page မေသိမ့်သိမ့် ကျော်ကြည်ကြည်ရဲ့ဒိုင်ယာရီKiKi-Idiotloveမြစ်ကျိုးအင်းသိင်္ဂီနွယ်ရဲ့ မှတ်စုစာအုပ်နတ်ဆိုးလေးရသာချိုသတိုး မဗေဒါရဲ့ ဗေဒါလမ်းATK's Explicit Blogမောင်ဘကြိုင်Wutyee Food HouseChaw Ei Theinရွှေပြည်သူမန်းကိုကို ~ Mahn Ko Koအလင်းသစ်၏နေ့စွဲများBaby Tasterကိုဇော်Thu Hnin Seeပန်ဒိုရာနတ်သမီးချောSosegado တည်ငြိမ်အေးYan Aungစန္ဒကူးJasmine(Taunggyi)AngelHlaingအိမ့်ချမ်းမြေ့(မလေး)မိုးငွေ့နှင့်အတူနှင်းဆီတစ်ခင်း ပန်းတစ်ခြင်းမမြသွေးနီNge NaingBurmese taste - Ioraသက်ဝေမျောလွင့်တိမ်တို့နားခိုရာSpeak from my heartနေ၀သန်ရဲ့အိုအေစစ်Mr MRTKo AATOနန်းရှင်မမသီရိအဖြူရောင်လမ်းကလေးTun Tun PhotographyDegolarကျွန်တော့်ဘ၀ဇာတ်ခုံ(မောင်မျိုး)မဒမ်ကိုးThet Nandar FamilyMy Kitchen my lifeSoeMya Nandar ThetLwinWE SHE MEကလူသစ်Steve EvergreenMaNorHaryJittoo(Monywa)မလသာညမရွှေစင်ဦး ကောင်းမွန်ဝင်း ၊  မိုးစက်မှော် ၊  Mon Petit Avatar ဝေ(စီးပွားရေးတက္ကသိုလ်) အောင်(info)ဦးဟန်ကြည် အချိန်အားရှိရင် လည်ဖြစ်တဲ့ ဘလောဂ့်လေးတွေပါ။ ဒါတောင် လည်ဖြစ်ပြီး စာရင်းထဲမပါလိုက်တာရှိဦးမှာ၊ စိတ်မဆိုးကြေးနော်။
(စာသွားသွားဖတ်ပြီး စာရင်းထဲကျန်နေတာလေးတွေရှိလို့ ဒီမှာပဲ ထပ်ဖြည့်လိုက်ပါတယ်)
ဘလောဂ့် list ထဲမှာ ထပ်ဖြည့်ရမယ့်လိပ်စာလေးတွေလည်း တစ်ရက်အချိန်ယူပြီး သေသေချာချာပြန်ဖြည့်ပါဦးမယ်။

ကိုအောင်(ပျူနိုင်ငံ)က နည်းပညာနဲ့ပတ်သတ်တာလည်းမျှဝေစေချင်တယ်လို့တော့ပြောတယ်။ ဘလောဂ့်ဂါတွေက တော်တော်များများသိနေကြပြီးပါပြီ။ ဘလောဂ့်ဂါအသစ်လေးတွေ ဒီပိုစ့်ကိုလာဖတ်ဖြစ်တယ်ဆိုရင်တော့ သိချင်တာရှိရင် ကိုယ်လည်းသိတယ်ဆိုရင်ပြောပြဖို့ဝန်မလေးပါဘူး။ cbox မှာ message ချန်ထားပြီးမေးလည်းရပါတယ်။

ခင်မင်ရတဲ့ဘလောဂ့်ဂါများအားလုံး ဘလောဂ့်ဂင်းရင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ။
အလုပ်အကိုင်များပိုလို့တိုးတက်အောင်မြင်ကြပါစေ။
ကျန်းမာပျော်ရွှင်တဲ့ဘ၀လေးတွေပိုင်ဆိုင်ပြီး မိသားစုကိုတန်ဖိုးထားစောင့်ရှောက်နိုင်တဲ့သူတွေဖြစ်ကြပါစေ။ လှိုက်လှိုက်လှဲလှဲဆုတောင်းလိုက်ပါတယ်။       ။

လေးစားစွာဖြင့်
Happy Blog Day for all bloggers!!!
Love you all !!!


If we don't have nothing to say, we should blog about it !!!

24 comments:

  1. ဖြိုးရေ ကာတွန်းလေးတွေဖတ်ပြီး ရယ်လိုက်ရတာ
    ဘလော်ဂါဆိုတာ ဒါပါလားလို့ စဉ်းစားမိတယ်
    ဘဝတူတွေဘဲနော်း)
    ရယ်ရယ်မောမော ကာတွန်းလေးတွေကြည့်ပြီး ရွှင်လန်းသွားရပါတယ်။ ကျေးဇူး

    ReplyDelete
  2. ညီမ ဖြိုးဖြိုး ရေ

    ကာတွန်းလေး တွေ ကပျော်ရွှင်စေတယ်... ညီမ ရေးတဲ့ စာလေးတွေ ကလည်း တွေးစရာလေး တွေ နဲ့ ဖတ်ချင်စရာလေးတွေပါ... ပျော်ပျော်ရွှင်ရွှင် နဲ့ နှစ်ပေါင်း များစွာ ချီတက်ကြမယ်နော်

    ReplyDelete
  3. ဘလော့ဂ်ဒေးအမှတ်တရလေး ဖတ်သွားပြီ ဖြိုးဖြိုးရေ။ နွေးထွေးချစ်ခင် ပျော်ရွှင်မှုတွေနဲ့အတူ ဘလော့ဂ်လောကထဲမှာ နှစ်ပေါင်းများစွာ သုတ ရသ နည်းပညာနဲ့ ဘာသာရေး ဆိုင်ရာတို့ကို ဒီထက်မက ရှာဖွေစုဆောင်းနိုင်ပါစေနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ချစ်ခင်ရတဲ့

    အမရွှေစင်

    ReplyDelete
  5. ဘလော့ဒေးအမှတ်တရလေးက ကာတွန်းလေးနဲ့ပါဆိုတော့ ရယ်မောစရာလေးတွေပါဖြစ်သွားရတာပေါ့။ ဘလော့လေးထဲမှာ အချိန်ပေးနိုင်တဲ့အထိ စာပေတွေကို မျှဝေပေးနိုင်ပါစေနော်။
    ပျော်ရွှင်ချမ်းမြေ့ပါစေ။။။
    ချစ်တဲ့
    သဒ္ဓါ

    ReplyDelete
  6. မဖြိုး ကတော့ မအားလို့ သာပဲနော်.. အခုတောင် ကာတွန်းပုံလေး တွေနဲ့ ရောက်သမျှခင်သမျှ ဘလောက်လင့် တွေထည့် နိုင်သေးတယ်။ :) ချီးကျူးအားပေး ပါတယ်ဗျား။
    ဘာလီမှာ မိသားစုနဲ့ နေရတော့ ပျော်ပါတယ်။ လာလည် ဖို့လဲ ဖိတ်ပါတယ်ဗျား။

    ReplyDelete
  7. ကာတွန်းတွေ ဖတ်ပြီး ပြုံးသဗျာ... ကိုအေအေတူ ပြောသလို မအားလို့သာ တော်တော့တယ်.. လင့်ခ်တွေ ချိတ်ထားလိုက်ပုံများ ကိုယ်သာဆို မလွယ်..

    အမှတ်တရ ပို့စ်လေး ရေးထားပေးလို့ ကျေးဇူးပါ... (သများတွေ ဘယ်လိုရေးလဲ လိုက်ကြည့်နေတာ)

    ငြိမ်းချမ်းပါစေ
    မိုးယံ

    ReplyDelete
  8. ကာတွန်းလေးတွေကို သဘောကျလိုက်တာ ။ ဖတ်ဖြစ်တဲ့blog ထဲမှာ ပါဝင်နေလို့ ကျေးဇူးတင်ပါတယ်။
    ကျွန်မလည်း စာ လာဖတ်ဖြစ်ပါတယ်။ ဒါပေမယ့် ဖတ်ဖြစ်တဲ့အခါတိုင်း သတင်းဆောင်းပါးတွေနဲ့ ကြုံနေလို့ comment မရေးတတ်လို့ မချန်ဖြစ်ခဲ့တာပါ။
    အမြဲပျော်ရွှင်ချမ်းမြေ့ပါစေး)
    ချစ်ခင်သော
    မယ်ကိုး

    ReplyDelete
  9. ကိုအောင်(ပျူနိုင်ငံ)August 28, 2011 at 5:08 AM

    ကာတွန်းပုံလေးတွေနဲ့ အခုလို ပျော်ပျော်ပါးပါး တက်ဂ်ရေးပေးတာ ကျေးဇူးကမ္ဘာ မဖြိုးဖြိုးလှိုင် ....:D

    ReplyDelete
  10. ကာတွန်းလေးတွေလဲဖတ်ခဲ့ပါတယ်
    ဘလော့ဂ်ဒေးအမှတ်တရလေး တွေလဲဖတ်သွားပါတယ်
    ဖြိုးလဲအားရင်လာလည်ပါနော်..
    နတ်သမီးမှာတွေ့လို့လိုက်လာတာပါ။
    ခင်မင်တဲ့ jasmine

    ReplyDelete
  11. ပြန်ရောက်ရောက်ချင်း ဖတ်ဖို့စာတွေက တဂ်ပို့စ်တွေချည်းပါပဲလား။။။
    တဂ်ပို့တွေကို တစ်ခါတစ်လေ ပြုံးပြီး၊ တစ်ခါတလေ တခွိခွိ၊တဟိဟိနဲ့ လိုက်ဖတ်နေပါသည်။။
    ဒီရောက်တော့မှ တခွီးးးးးးးးခွီးးးးးးးးးဖြစ်သွားပါ၏။။
    ကာတွန်းလေးတွေနဲ့ မိုက်တယ်။။။။

    ReplyDelete
  12. ညီမဖြိုးရေ...
    ဤနေ့ ဤရက် ဤဘလော့ဒေးမှသည် ဆက်လက်၍ စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာစွာဖြင့် ဘလော့ဂ်ဂင် နိုင်ပါစေကြောင်း ဆုမွန်ချွေခဲ့ပါ၏။
    ဘလော့ဂါတွေအတွက် ကာတွန်းကလည်း ထိထိမိမိနဲ့ အံဝင်ခွင်ကျ ရှိလှပါ၏ ။ :)

    ReplyDelete
  13. မဖြိုးတင်တဲ့ ကာတွန်းလေးတွေဖတ်ပြီး ပြုံးသွားပါကြောင်း။ ဒီပို့စ်ထဲမှာ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးရဲ့ ဘလော့တွေကို ၀င်ဖတ်တယ်လို့သိရလို့ ကျေးဇူးတင်ပါကြောင်း။
    မရောက်တာကြာလို့ နှုတ်ဆက်ပါကြောင်း။

    ReplyDelete
  14. မမဖြိုးလည်း ချစ်စရာကောင်းသား..
    pg pg..
    ဟက်ပီးဘလော့ဒေးနော်..မဖြိုး။

    ReplyDelete
  15. ချစ်စရာကောင်းလိုက်တဲ့ ဘလော့ဂင်း ကာတွန်းလေးတွေပါလား...ရှာရှာဖွေဖွေ...

    ဒီနှစ်ဘလော့ဂ်ဒေးက ပျော်စရာကောင်းလိုက်တာ ဘလော့ရွာတစ်ရွာလုံး အုန်းအုန်းကြွက်ကြွက်နဲ့ အတူတကွ ပို့စ်တွေ တင်ဖြစ်တာ လိုက်ဖတ်ရင်း ကြည်နူးလို့ကို မဆုံးနိုင်တော့ဘူး...

    ReplyDelete
  16. လည်လည်လာသွားပါတယ်။ ကာတွန်းလေးတွေဖတ်ပြီး ကိုယ်တွေနဲ့တူလို့ ရယ်နေရတယ်။

    ReplyDelete
  17. ဟုပ် ရယ်သွားတယ်။ :D
    ခုမှ ပြန်လာလည်နိုင်လို့  Sorry ပါ။

    ReplyDelete
  18. :) လူလည်ကျပြီး ပို့စ်အဟောင်းလေးကို Recycle ပြန်လုပ်ပေမယ့်လည်း ဘလော့ဂါတွေရဲ့ နှလုံးသား ခဏခဏ မလှုပ်ခါရက်လေတော့ ခေါင်းလေးတညိတ်ညိတ်လုပ်ပြီး ပြုံးပြုံးလေးပဲ ပြန်သွားလိုက်တယ်....

    အဲဒီ့အကြောင်းကို ဘလော့ဂ်ရေးရဦးမယ်. အဟတ်ဟတ်.

    Tks, Sis... Keep it up...

    Yan.

    ReplyDelete
  19. မဖြိုးဖြိုးရဲ့ ဘလော့ဂ်လေးကို ခုမှ ရောက်ဖြစ်တယ်ရယ်
    လူလည်ကျပေမယ့် ကိုယ် မဖတ်ရသေးတော့လည်း အသစ်ပေါ့လေ နော့ :D :D

    ReplyDelete
  20. မမဖြိုးရေ
    ၂၀၁၀ ဒီဇင်ဘာလောက်ထဲက ဘလော့ဂ်ရေးတာကို ရပ်ပစ်ခဲ့တော့ မမဖြိုး ၂၀၁၁မှာရေးခဲ့တဲ့ ဒီပို့စ်လေးကို မသိဖြစ် မဖတ်ခဲ့ဖြစ်လိုက်ဘူး။ သတိတရ ရှိနေပေးတဲ့အတွက် ပိုလည်း ချစ်မိပါတယ်။ မမဖြိုးရဲ့ စာလေးတွေက အမြဲလွတ်လပ်ပေါ့ပါးပြီး ချစ်ဖို့ကောင်းနေလိုက်တာ လူအတိုင်းလေးပဲ။
    နူးညံ့တဲ့အားပေးစကားလေးတွေအတွက်လည်း ကျေးဇူးအထူးတင်ပါတယ်။ မိသားစုဘ၀ကို အမြဲတန်ဖိုးထားတတ်တဲ့ မမဖြိုးလေးလည်း ပျော်ရွှင်ပါစေ...အောင်မြင်ပါစေ...ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျပါစေ.....တအူတုံဆင်းညီအမလိုပဲ အမြဲချစ်ခင်လေးစားနေမှာပါ။

    အချစ်တွေ အကြီးကြီး အများကြီးနဲ့ ချစ်တဲ့သူ :)

    ReplyDelete
  21. ဘလော့ဒေးအမှတ်တရလေးက ကာတွန်းလေးတွေနဲ့ ပျော်စရာလေး။

    ၂၀၁၁ က အဲဒီအချိန် အင်တာနက် မရှိ ဇုံ ထဲ ရောက်နေလို့ မဖတ်ဖြစ်လိုက်ဖူး။ အခုမှပဲ ပေါင်းဖတ်ရတော့တယ်။

    ဖြိုးရဲ့ စာရင်းထဲ ကိုယ်ပါတာ တွေ့လို့လည်း ပျော်ရပါကြောင်း။
    အခုလို ဘလော့ဂ်ဒေးကစပြီး အခုထက် စာတွေ ရေးနိုင်ပါစေ။ စာအုပ်တွေလည်း ထုတ်နိုင်ပါစေလို့..

    ReplyDelete
  22.ံHappy Blog Day ပါ မဖြိုးရယ်း)
    မဖြိုးတို့မိသားစုလေးရဲ့ sharing တွေကိုအမြဲတမ်းအားကျနှစ်သက်လျက်ပါနော် ။

    ချစ်ခင်လျက်
    ဆုမြတ်

    ReplyDelete
  23. Blog Day အမှတ်တရပါပဲ ... Post လေး ဖတ်သွားပါတယ် ... Blogger တွေ ရဲ့ Comment တွေ အပါအ၀င်ပေါ့ ...

    ReplyDelete
  24. ဆားပြန်ချက်တဲ့ ဖြိုးကို အပြစ်မမြင်ရက်ပါဘူး။ အိမ်ထောင်ရှင်မကိုးနော..။ အစ်မကတော့ ဒုတိယံမ္ပိ ကွန်မန့်ရေးသွားချင်တယ်။ ကာတွန်းလေးတွေက ထိမိတယ်။ မမှတ်မိတော့ဘူး။ ပြန်ဖတ်တော့အသစ်အတိုင်းပဲ။ စာတွေ စဉ်ဆက်မပြတ်ဆက်ရေးပါနော်။
    ဘလော့မှာလဲ ရေးရင်းပေါ့..။

    ချစ်သော-
    မြသွေးနီ

    ReplyDelete

Thank you so much.
Have fun !