သီချင်းနားထောင်ရင်းနဲ့ Marc Anthony ရဲ့ ဟိုတယ်ကယ်လီဖိုးနီးယားရောက်သွားပြန်တယ်။
ဒီလိုနဲ့ ဒီကိုရောက်လာပြန်ရော
Eagles ရဲ့ Hotel California ကိုတော့ အရင်ကတည်းက ကြိုက်တယ်။
Pages
▼
Sunday, October 23, 2011
Thursday, October 20, 2011
ဒီလှိုင်းကိုဆန့်ကျင်၍ (မေမေ့ရဲ့စာ)
“ဘုန်းတော်ကြီး “ဆွန်နော့ခ် အတီပင်ယို” ဟာ ပင်လယ် ရွာကလေးတရွာက ဘုရားကျောင်းမှာ နေထိုင်ရင်း တလိပ်လိပ်တက်လာတတ်တဲ့  လှိုင်းလေတွေနဲ့  စစ်ခင်းခဲ့ရတာ ၇နှစ်တောင်ကြာမြင့်ခဲ့ပါတယ်။
လူတွေတော်တော်များများကထိုင်းနိုင်ငံရဲံ့မြို့ တော် “ဘန်ကောက်”ကို“အရှေ့တိုင်းရဲ့ဗင်းနစ်စ်မြို့တော်”လို့ တင်စား ခေါ်ဝေါ်နေကြတာပါ။ ဒီလို တင်စားခေါ်ဝေါ်မှုကြောင့်ဘဲ ဗင်းနစ်စ်မြိုနဲ့ ရာသီဥတုအခြေအနေ အနေအထားချင်းတူညီသွားရော့သလားလို့ ထင်မှားရပါတော့မယ်။ ဘာ့ကြောင့်လဲ ဆိုရင် ဒီလို”ဗင်းနစ်စ်”လို လှပတဲ့ မြို့တ်ာလေးတမြို့အဖြစ် တင်စားခံခဲ့ရတဲ့ “ဘန်ကောက်”ကို ယခုအခါကျွမ်းကျင်တဲ့ ပညာရှင်များက ထိုင်းနိုင်ငံရဲ့ ကမ်းရိုးတန်းတွေ ကီလိုမီတာ၆၀၀လောက်ရေမှာ နစ်မြုပ်သွားပြီလို့ဆိုနေပါတယ်။ ထိုင်းပင်လယ်ကွေ့ကမ်းရိုးတန်းများဟာလည်း ဆိုးဆိုးဝါးဝါး ရေတိုက်စား ခံနေရပြီလို့  ပညာရှင်အများအပြားက တညီတညွတ်တည်း ဆိုကြတယ်။
ထိုင်းနိုင်ငံရဲ့မြို့တော်ဟာ ကျောက်အစားရွှံ့စေးပေါ်မှာ အထိုင်ချတည်ဆောက်ထားတဲ့အတွက် လာမယ့် ဆယ်စုနှစ်ကာလများမှာရေလွှာမြင့်တက်မှုကနေရေအောက်ငုပ်လျိုးနစ်မြုပ်ပျောက်ကွယ်သွားနိုင်ကြောင်း ဆိုနေပါတယ်။ ဘန်ကောက်ဟာ အဲဒီလို ဆိုးဆိုးဝါးဝါး အခြေအနေမျိုးနဲ့ရင်ဆိုင်ရနိုင်တယ်လို့ ပညာရှင်များ တညီ တညွှတ်တည်းအဆိုပြုထားပေမဲ့ဘယ်တော့လဲဆိုတာဘယ်သူမှအတိအကျမပြောနိုင်ကြသေးပါဘူး။ အငြင်းအခုံဖြစ်နေဆဲပါပဲ။
(ဒါပေမဲ့လောလောဆယ်ထိုင်းနိုင်ငံရေကြီးမှုကကြောက်ခမှန်းလိလိပါ။

Wednesday, October 19, 2011
Playing PG
ရာသီဥတုအေးလာပြီ၊
ပီဂျီတစ်ကောင် အိမ်မြဲနေ၏။
အပြင်ထွက်ခိုင်းရင် စိတ်တိုပြီးလိုက်ဆိတ်ပါသည်၊
အထဲကို အမြန်ပြန်ဝင်ပြေးနေသည်၊
သွန်သင်ဆုံးမလို့လည်းမရပါ။
ပီဂျီကောင်မလေးကို လူကြီးများက အခန်းထဲမှာ လက်မခံရွေ့
ကောင်မလေးကဖြတ်သွားဟန်တူသည်၊
ပီဂျီ နှစ်ရက်လောက်မှိုင်နေလိုက်သေး၏၊
စိတ်မကောင်းပေမဲ့ မတတ်နိုင်ပါ
နှစ်ကောင်လုံးလက်ခံထားရရင် လူကြီးတွေက အပြင်မှာ နေရပေတော့မည်။
Monday, October 17, 2011
ကားတစ်စီးထဲက ကျွန်မရဲ့ညတွေ
- အန်ယာ (Anya)ရေးသားခဲ့တဲ့ အစွန့်ပစ်ခံ သို့မဟုတ် ဘာမှ မပိုင်ဆိုင်တဲ့ အမျိုးသမီးငယ်လေးရဲ့ ဖြစ်ရပ်မှန် စာအုပ်ဟာ ၂၀၀၇ မေလ အတွင်းက ပုံနှိပ် ထုတ်ဝေခဲ့ပါတယ်။
- ယူနိုက်တက်စတိတ်မှာ ဆန်းဒေးတိုင်းမ်ရဲ့ ဖြစ်ရပ်မှန်(Non-Fiction) အရောင်းရဆုံး စာရင်း နံပါတ်လေး ချိတ်ခဲ့ပါတယ်။
- စိတ်ဝင်စားသူတွေ အန်ယာရဲ့ဘလော့ဂ် ကို ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။ ဘလော့ဂ်လိပ်စာက www.wanderingscribe.blogspot.com ပါ။
- အန်ယာဆိုတဲ့ မိန်းကလေး တစ်ယောက်ဟာ ဘက်ဆဲလား စာအုပ်ရေးသားခဲ့သူအဖြစ် အခုတော့ အိုးအိမ်မဲ့ ဘ၀ကနေ လွတ်မြောက်သွားခဲ့ပါပြီ။ ဘယ်လောက်ပဲ ဘ၀အခြေအနေတွေ ဆိုးနေပါစေ၊ အဲဒီ ဘ၀ဆိုးကနေ လွတ်မြောက်နိုင်ဖို့ အခွင့်အလမ်းတွေရှိနေတယ်ဆိုတာ အန်ယာဆိုတဲ့မိန်းကလေးက လက်တွေ့ပြသနိုင်ခဲ့တဲ့ အတွက် ကျွန်မတို့ အားလုံးအတုယူနိုင်ဖို့ မဂ္ဂဇင်း စာမျက်နှာပေါ်ကနေ ဝေငှပြောပြလိုက်တာပါ။
ကားတံခါး သော့တွေ အသေအချာ ပိတ်လိုက်ပါပြီ။ အိပ်စက်ခြင်း အရသာကို မှေးခနဲ ရယူ ဖမ်းဆုပ်မိစဉ် ခဏမှာပဲ ကျွန်မကားလေး တည်ရှိရာ လမ်းကြားဆီကို ကားမီးရောင်တွေ ဝေ့၀ဲ ဖြာ ကျလို့လာခဲ့သည်။ ဝေ့ဝေ့၀ဲဝဲ အလင်းတွေဟာ မနီးမဝေးမှာ ရပ်တန့်သွားကြ၏။ ကားစက်သံ မရပ်တန့်ခင် ဒရမ်သံ၊ ဘေ့စ်သံ ခပ်ပြင်းပြင်း ဂီတသံစဉ် တွေဟာ အဲဒီကားဆီက တွန်းထိုး လှုပ်ယမ်း အန်ကျလာပြန်သည်။ ရယ်မောသံတွေနဲ့ ကားတံခါး ဆောင့်ပိတ်လိုက်တဲ့ အသံတွေကလည်း ဆက်တိုက် ဆိုသလို ကျွန်မနဲ့ အနီးဆုံးကို ချဉ်းကပ်လာနေကြပြီ။
Friday, October 14, 2011
နိုင်းလ်မြစ်နှင့် ဧရာဝတီ ဘ၀တူတွေပါဘဲ (မေမေ့ရဲ့စာ)
နိုင်းလ်မြစ်
နိုင်ငံ= မြောက်အာဖရိက
အရှည်= ၆၆၉၂ ကီလိုမီတာ (၄၁၆၀မိုင်)
နိုင်ငံ= မြောက်အာဖရိက
အရှည်= ၆၆၉၂ ကီလိုမီတာ (၄၁၆၀မိုင်)
ဧရာဝတီမြစ်
နိုင်ငံ…မြန်မာနိုင်ငံ
အရှည်=၂၁၇၀ ကီလိုမီတာ (၁၃၄၈မိုင်)
နိုင်ငံ…မြန်မာနိုင်ငံ
အရှည်=၂၁၇၀ ကီလိုမီတာ (၁၃၄၈မိုင်)
နိုင်းလ်မြစ်သည် အရှည်ကီလိုမီတာ 6,692 ( 4,160မိုင်) ရှည်လျားပြီး အာဖရိကတွင်မက ကမ္ဘာ့ အရှည်ဆုံးမြစ်တြီးတစင်းဖြစ်သည်။အီဂျစ်၊ နျူးဘီးယား၊အီသီယိုပီးယား၊တန်ဇန်နီးယား၊ဆူဒန်၊ ရ၀မ်ဒါ၊ ယူဂမ်ဒါ ဇိုင်ယာ စသည် အာဖရိကနိုင်ငံပေါင်း၁၀ နိုင်ငံ ကို အကျိုးပြုသည်။ မြစ်အောက်ပိုင်း အဖိုးတန် မြစ်ဝကျွန်းပေါ်ဒေသကို ပိုင်ဆိုင်သည့် အီဂျစ်က အကျိုးအမြတ်တွင် ပိုမို အသာစီးရခဲ့သည်။
သို့သော် ...
အီသီယိုပီးယားရေတံခွန်မှ စခဲ့သော Blue Nile သည် ဆူဒန်မှ စတင်စီးဆင်းသော White Nile နှင့် ခါတွန် (Khartoum) တွင်ပေါင်းဆုံပြီး Nile မြစ်ကြီးအသွင် ဖြစ်ထွန်းပေါ်ပေါက်၍ မြေထဲပင်လယ်သို့  စီးဝင်သည်။ မေခ မလိခမြစ်နှစ်သွယ် ပေါင်းဆုံရာမှ ဧရာဝတီ ဖြစ်တည်လာသကဲ့သို့ White Nile နှင့် Blue Nile တို့  ပေါင်းဆုံရာမှ နိုင်းလ်မြစ် ဟူ၍ဖြစ်တည်ပေါ်ထွန်းလာခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။

Sunday, October 09, 2011
Monday, October 03, 2011
အေမီ့ကို လွတ်မြောက်စေခြင်း
R&B, Soul, Jazz အဆိုတော် အေမီဝိုင်ဟောက်စ်(Amy Jade Winehouse) သေဆုံးသွားပြီးတဲ့နောက် ဖခင်မစ်ခ်ျဝိုင်ဟောက်စ်က ဆေးစွဲနေသူတွေကိုအကူအညီပေးနိုင်မယ့် ဖောင်ဒေးရှင်းတစ်ခုကို သမီးလေးရဲ့အမည်နဲ့ တည်ထောင်ဖို့ အစီအစဉ်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။ “ပုဂ္ဂလိကပြန်လည်ထူထောင်ရေးဆေးခန်းတစ်ခုတက်ဖို့ မတတ်နိုင်ခဲ့ရင်၊ အကူအညီရဖို့၊ ဆေးကုသခံဖို့ နှစ်နှစ်စောင့်ဆိုင်းရပါတယ်။ အဲဒီအခက်အခဲကို အေမီဝိုင်ဟောက်စ်ဖောင်ဒေးရှင်းက ဖြေရှင်းပေးချင်ပါတယ်။ အဲဒါ ကျွန်တော့်ရဲ့ဆန္ဒပါ” လို့ အေမီဝိုင်ဟောက်စ်ရဲ့ ဈာပနအခမ်းအနားမှာ မစ်ခ်ျက ပြောလိုက်တယ်။ “အသက် ၂၇နှစ်အရွယ် သမီးလေးဟာ ဆေးစွဲတာကို အောင်မြင်စွာဖြတ်နိုင်ခဲ့ပေမယ့် အရက်သေစာစွဲလမ်းနေတာကိုတော့ ဖြတ်ရခက်နေဆဲပဲ။ ကြိုးစားနေဆဲအချိန်ပါ။ ၀ိုင်ဟောက်စ်ရဲ့ နောက်ဆုံးနေ့တွေမှာတော့ အပျော်ရွှင်ဆုံးအချိန်တွေဖြစ်ခဲ့ပါတယ်” လို့ ပြောပြပါတယ်။ မစ်ခ်ျကထပ်ပြီးပြောပြသေးတယ်။ "အေမီက အင်မတန်တည်ငြိမ်အေးဆေးစွာပဲ ပြောပါတယ်။ ဒက်ဒီ ကျွန်မတော့ လုံလောက်ပြီလို့ထင်တာပါပဲ၊ ဒက်ဒီနဲ့ မိသားစုကပါ စောင့်ရှောက်ကြည့်ရှုပေးနေရတဲ့ ဘ၀မျိုးမှာ ရပ်တန့်မနေချင်တော့ပါဘူး တဲ့။ ကျွန်တော်သိတယ်၊ သူ စိတ်ဓါတ်ကျမနေပါဘူး၊ သိပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ အဝေးကြီးကိုထွက်ခွာသွားတာပါ။ အဲဒီလို တွေးလိုက်ရတာ ကျွန်တော်တို့ ခံစားရသက်သာစေပါတယ်" လို့လည်း ပြောပါတယ်။