Pages
▼
Saturday, December 31, 2011
Friday, December 09, 2011
ခရစ္စမတ်အကြိုပေါ့ ...
ခရစ္စမတ်နဲ့ ၂၀၁၂ အကြို ဆုတောင်းလိုက်ပါတယ်။ သူငယ်ချင်းအားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ။ ♫♪♥☺☺♥♪♫
flash ဖိုင်ကြည့်ချင်ရင် ဒီမှာပါ။ blog မှာ swf တင်တာ မရလို့၊ swf ဖိုင်တင်တာ ကိုယ်က မြင်နေရပြီး သူများက မမြင်ရဘူးဆိုလို့၊ direct link ပေးတာရှာမရတာနဲ့ပဲ။ ကိုယ့်ဘာသာဆွဲထားတဲ့animation လေးပါ။ စာရေးလို့ မထွက်လို့ လုပ်မိလုပ်ရာပေါ့လေ။
flash ဖိုင်ကြည့်ချင်ရင် ဒီမှာပါ။ blog မှာ swf တင်တာ မရလို့၊ swf ဖိုင်တင်တာ ကိုယ်က မြင်နေရပြီး သူများက မမြင်ရဘူးဆိုလို့၊ direct link ပေးတာရှာမရတာနဲ့ပဲ။ ကိုယ့်ဘာသာဆွဲထားတဲ့animation လေးပါ။ စာရေးလို့ မထွက်လို့ လုပ်မိလုပ်ရာပေါ့လေ။
Wednesday, December 07, 2011
လမ်းဆုံ
၁၉၈၉ခုနှစ်ကပါ။ ကျွန်တော် အထက်တန်းကျောင်းအောင်မြင်အပြီး ကောလိပ်သွားဖို့သုံးလအလို မှာပေါ့။ ကျွန်တော် ဗျာများခဲ့ရပြီလေ။ ပါကစ္စတန်မှာက အဲဒီအချိန်မှာ ကန့်သတ်ချက်တွေနဲ့ပါ။ ဘယ်လမ်းကို ကွန်တော်ရွေးချယ်ရမလဲ ဆိုတာ သိပ်ကို စဉ်းစားခဲ့ရတယ်။ ကျွန်တော်တို့လမ်းဆုံလမ်းခွကို ဘယ်လို ဖြတ်သန်းကျော်လွှားကြမလဲ။ တကယ့်ပြဿနာ။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ ကျွန်တော်အတွက် လမ်းသုံးသွယ်ရှိပါတယ်။ ကွန်တော်က အင်ဂျင်နီယာအလုပ်ကို ၀ါသနာမပါဘူး။ ဒီတော့ ရွေးချယ်စရာ လမ်းက နှစ်ခုဘဲ ရှိတာပါ။ ကျွန်တော် မဆုံးဖြတ်တတ်ခဲ့ဘူး။ ကျွန်တော့် မိသားစုထဲမှာ လူကြီးတွေ ရှိတော့ အကြီးဆုံးဦးလေးတယောက်က အကြံပေးတယ်။ လက်တွေ့ကွင်းဆင်းလေ့လာပါတဲ့။ ဒါ သိပ်ကောင်းတဲ့ စိတ်ကူးပါဘဲ။ ကျွန်တော် ကရာချိမှာရှိတဲ့ နိုင်ငံခြားဘဏ်တခုနဲ့ဆက်သွယ်ပြီး လေ့လာကြည့်တယ်။ စီးပွားရေးလုပ်ငန်းရှင်များ ဘယ်လိုလှုပ်ရှားနေသလဲ။ ဘယ်လို ငွေကြေးလည်ပတ်ကြသလဲ။ ကမ္ဘာ့ဘဏ္ဍာငွေကြေးဆိုင်ရာ လုပ်ငန်းအ၀၀နဲ့ ရောင်းရေးဝယ်တာကိစ္စ ဈေးကွက်ရှာဖွေရေးကိစ္စ စသည် ကျွန်တော်လေ့လာတယ်။ ကျွန်တော် အထူးယုံကြည်အားကိုးတာက အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုဝါဒ (professionalism)ကိုပါ။ အထူးသဖြင့် မိတ်ဆွေသစ်တွေနဲ့ပါ။ ကျွန်တော် သက်တောင့် သက်သာနဲ့ ချောချောမွေ့မွေ့ လုပ်ကိုင်သွားနိုင်မှာပါ။ တစ်လဆိုတာ ဘာမှမကြာလိုက်ဖူး။ ကုန်လွယ်လိုက်တာ။ ကျွန်တော် နောက်တစ်မျိုး လေ့လာဖို့  ရှိပါသေးတယ်။
Tuesday, December 06, 2011
ဂျပ်ဆင်ဘုရားကျောင်းက ၀တ်ရွတ်ဂီတသံတွေကိုနားထောင်ချင်တယ်ဆိုရင်
ဂီတ၀ါသနာပါတဲ့ ရန်ကုန်ကသူငယ်ချင်းတွေအတွက်ပါ။
Eulogia Choir အဖွဲ့ရဲ့ Cappella Concert ကို ရန်ကုန်တက္ကသိုလ်(ပင်မ)၀န်းထဲက ဂျပ်ဆင်ဘုရားကျောင်းမှာ ဒီဇင်ဘာ ၉ရက်နေ့ ညနေ ၇နာရီမှာ ပြုလုပ်ပါလိမ့်မယ်။ ကွိုင်ရာသီချင်းသံစစ်စစ်နားထောင်ချင်တဲ့ မိတ်ဆွေများအားလုံးကို ဖိတ်ခေါ်ပါတယ်လို့ ပြောပါတယ်။
(ပြည်လမ်းဘက်ကနေ ၀င်ပါရန်)
Eulogia Choir အဖွဲ့ရဲ့ Cappella Concert ကို ရန်ကုန်တက္ကသိုလ်(ပင်မ)၀န်းထဲက ဂျပ်ဆင်ဘုရားကျောင်းမှာ ဒီဇင်ဘာ ၉ရက်နေ့ ညနေ ၇နာရီမှာ ပြုလုပ်ပါလိမ့်မယ်။ ကွိုင်ရာသီချင်းသံစစ်စစ်နားထောင်ချင်တဲ့ မိတ်ဆွေများအားလုံးကို ဖိတ်ခေါ်ပါတယ်လို့ ပြောပါတယ်။
(ပြည်လမ်းဘက်ကနေ ၀င်ပါရန်)
"With Passion, With Love, With Heart"
Sunday, December 04, 2011
ဘေဘီလုံရဲ့ ငိုကြွေးသံကို ကြားမိပါရဲ့လား
ဘေဘီလုံမြို့တော်ဟာ “မက်ဆိုပိုတေးမီးယား” တောင်ဘက် အလယ်ပိုင်းဒေသ မှာ ယူဖရေးတီးစ် (Euphrate) မြစ်နှင့် တိုက်ဂရစ်မြစ်(Tigris) အကြားမြေသြဇာကြွယ်ဝတဲ့ မြေနုလွင်ပြင်မှာ တည်ရှိနေတာပါ။ 1694-1654 BC တွင် “ဟမ္မူရာဘီ” ဘုရင်က ယခင်ပြိုလဲသွားသော Akkidian အင်ပါယာနယ်နိမိတ်မျာ်းတွင် အင်ပါယာတခုအဖြစ် ပြန်လည် စုစည်းထူထောင်ခဲ့သည့်နိုင်ငံဖြစ်ပြီး ယခင် မက်ဆိုပိုတေးမီးယား (Mesopotamia) ယခုအခါ (အီရတ်)ဟုခေါ်တွင်ပါတယ်။ “ဟမ္မူရာဘီ”ဘုရင်က ဘေဘီလုံနီးယား အင်ပါယာ ထူထောင်တဲ့အခါမှာတော့ မြို့တော်အဖြစ် သတ်မှတ်လိုက်ပါတယ်။