Pages

Friday, February 10, 2012

အကြိုက်

(မရေးမဖြစ်ရေးရတဲ့စာကလွဲလို့ သူ့အလိုလိုရေးချင်စိတ်ပေါ်လာတဲ့ စာမျိုးမရေးဖြစ်ပါဘူး။ အပ်ထားတဲ့website မြန်မြန်ပြီးချင်လို့၊ အဲဒါလုပ်နေရင်းနဲ့မှ စာရေးပြီးပျော်ရတဲ့အပျော်နဲ့ နည်းနည်းလေးမှမတူဘူး ဆိုတာပိုသိလာတယ်။ စာလာဖတ်ဖြစ်တဲ့သူငယ်ချင်းအားလုံး နားလည်ခွင့်လွှတ်ပေးကြပါရန်၊ အဲဒါနဲ့ပဲ မေမေ့ရဲ့စာ ပိုစ့်တင်လိုက်ပါတယ်။)
ဖြိုးဖြိုးကပြောတယ် ၊
အရင်က နှင်းတွေကို သူချစ်တယ် ခု မချစ်တော့ဘူးတဲ့။
သူပြောတာ ဟုတ်ပါလိမ့်မယ်။
ကျွန်မကတော့..
အရင်ကလဲနှင်းတွေ မြူတွေကို ချစ်တယ် ၊ခုလဲချစ်တုံးဘဲ။
ခက်တာက ကျွန်မ၀န်းကျဉ်မှာနှင်းတွေ မရှိဘူး။မြူတွေ မရှိဘူး။
ရှိတဲ့ မြူရွက်တွေကိုဘဲ နှမ်း မြေပဲ ဆီကျက်တွေနဲ့သုပ်သုပ်စားနေရလို့  ပါးစပ်မအားဘူး ဖြစ်နေတယ်။
အဲဒါ ကျွန်မအတွက်ပြောင်းလဲမှုမရှိတဲ့ အမှန်တရားတွေဘဲ။

စုမီအောင်ကပြောတယ်၊
အရင်က ကြိုက်ဖူးတာတွေ အခု ငါမကြိုက်တော့ဘူးတဲ့။
အရင်က “ဒေးဗစ်ဘက်ခမ်း” ကိုကြိုက်တယ် အခု မကြိုက်တော့ဘူးတဲ့။

သူပြောတာ ဟုတ်ပါလိမ့်မယ်၊
ကျွန်မကတော့
အရင်ကလဲ “ရောဘတ်တေလာ” ကိုကြိုက်တယ် ။ခုလဲကြိုက်တုံးဘဲ။
အရင်ကလဲ” ၀င်းမင်းသန်း” ကိုကြိုက်တယ် ခုလဲ ကြိုက်တုံးဘဲ။
အရင်က “ဖရိုဆို “ ၀တ္ထုကို ကြိုက်တယ် ခုလဲကြိုက်တုံးဘဲ။
အရင်က “ဇင်းဒါးအကျဉ်းသား” ကို ကြိုက်တယ်၊ ခုလဲ ကြိုက်တုံးဘဲ။
အရင်က “ဖူးစာနှစ်ခိုင်”ကို ကြိုက်တယ်၊ခုလဲကြိုက်တုံးဘဲ။
အရင်က “ရူပနန္ဒီ ရူပကလျာဏီ” ကို ကြိုက်တယ်၊ခုလဲကြိုက်တုံးဘဲ။

ကျွန်မအမုန်းဆုံး ကြက်ဥ ဘဲဥတွေ အရင်ကလဲ မစားဘူး။ ခုလဲမစားဘူး။
ကြက်၊ဘဲ၊၀က်၊၊ ဆိတ်၊အမဲ အရင်ကလဲမစားဘူး။ခုလဲမစားဘူး။
“ခင်ဗျား အားနည်းနေပြီ အသားများများစား” တဲ့။ဆရာဝန်ကပြောတယ်။
ငါ့အမေကို ဆေးရုံတင်တော့ အသားပြုတ်ရည်တွေ ပိုက်နဲ့ အဓမ္မသွင်းတယ်။
အမေက ပိုက်ကို ဆွဲဖြုတ်ပြစ်တယ်။ သေတာ ဘာဆန်းသလဲ။ တဲ့။အသေခံတယ်။
မောင်ကြည်ရှင်ကို ဆေးရုံတင်တော့ ဆရာဝန်က အသားစားခိုင်းတယ်။သူကလည်း အသေသာခံမယ် မစားဘူး တဲ့။သူတို့ ဘာမှ မပြောင်းလဲဘူး။
ကျွန်မလဲ မပြောင်းလဲပါဘူး။ဒါပေမဲ့…

(ကျေးဇူးပြုပြီးကျွန်မ အလှည့်မှာ တော့ ဆေးရုံ ဆေးခန်းတွေဆီ ခေါ်မသွားကြပါနဲ့ နော်။ အဓမ္မ ပိုက်ထည့်မှာ  ကြောက်တယ်။
တိတ်တိတ်ဆိတ်ဆိတ်ကလေးဘဲ အိမ်မှာ နားနေခွင့်ပေးကြပါ။

ဟိုတယောက်..
သူကြွေးတဲ့ကြက်ဥ မစားကောင်းလားမျက်မာန်တွေပွားပြီး ပုဂံတွေ ခွဲလားခွဲရဲ့။မစားထိုက်ဘူးလဲပြောရဲ့။ကျွန်မက အားကျမခံ
ဒါဟာ
” ပါရမီ ရင့်ကျက်နေလို့ဘဲ” ဆိုတာ အဲဒီလူကို အသားယူ ပြောလိုက်တယ်။    ။
florist
၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ ၃ရက်

ရောဘတ်တေလာ=ဟောလီဝုဒ်မင်းသား
ဝင်းမင်းသန်း=ခရမ်းရောင်လွင်ပြင် မင်းသမီး
ဖရိုဆို=တက္ကသိုလ်ဥပစာဝိဇ္ဇာတန်းပြဌာန်းဝတ္ထု(Phroso)
ဖူးစာနှစ်ခိုင်=ဇင်းဒါးအကျဉ်းသား အင်္ဂလိပ်ဝတ္ထု ကို အသက်သွင်းထားတဲ့ ကျော်ဆွေ  မေသစ်  အသံထွက်ရုပ်ရှင် ကား
ရူပနန္ဒီ ရူပကလျာဏီ =ဆရာကြီးရွှေဥဒေါင်း၏ ၀တ္ထု

10 comments:

  1. မေမေ့ရဲ့စာလေးချစ်စရာကောင်းလိုက်တာ အစ်မရေ။ ရောဘတ်တေလာ Like!!! :)

    ReplyDelete
  2. တခါတခါမှာ အသက်အရွယ်ကိုလိုက်ပြီး အကြိုက်လေးတွေ ပြောင်းသွားတတ်တာကို ကြုံဘူးတယ် အစ်မ...

    ReplyDelete
  3. အကြိုက်တွေ အကျင့်တွေ က သင့်လျော်တာတွေ ဆိုတော့ မပြောင်းလဲ ကောင်းတာပဲ...။ ဘာပဲဖြစ်ဖြစ် သမုတိသစ္စာ နယ်ပယ်မှာတော့...သစ္စာ တည်နေသေးတာပဲလေ...။ သေတာ ဘာဆန်းလဲ။

    ReplyDelete
  4. အကြိုက်ဆိုတာပြောင်းတတ်ပါတယ် ဟုတ်ပါတယ်

    ReplyDelete
  5. အကြိုက် ကို ကြိုက်တယ်

    ရွှေစင်ဦး

    ReplyDelete
  6. လူတစ်ယောက်အကြိုက်တစ်မျိုးအတွေးတစ်ခုစီပေါ့ကွယ်။
    တီတင့်ငယ်ငယ်တုန်းကအခါးအချဉ်မကြိုက်ဘူး။
    အသက်ရလာတော့အခါးကြိုက်လာတယ်ဒါပေမယ့်
    အချဉ်တော့အခုထိမကြိုက်ဘူး ဖြိုးဖြိုးရေး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. ဟန်ကြည်February 11, 2012 at 6:55 PM

    ဖြိုးဖြိုးရဲ့ မေမေက စာအရေးကောင်းလိုက်တာ...ဒီဘက်ခေတ် အရေးအသားကို အတော်လိုက်နိုင်တာပဲ...မောင်ကိုကို(အမရပူရ)ရဲ့ စာကို ဖတ်နေရသလို ထင်လာမိတယ်...

    ဒါနဲ့ ၀င်းမင်းသန်းက တစ်ကားပဲရိုက်သွားတာထင်ပါရဲ့ Purple plain မှာတော့ ဦးဟန်ကြည် ကြိုက်လောက်စရာမတွေ့ခဲ့ပေါင်ဗျား...အဲဒါကြောင့်လည်း ဟိုတစ်ယောက်က ပန်းကန်တွေ ပေါက်ခွဲတာ ဖြစ်မှာပေါ့...း)

    ReplyDelete
  8. ဟုတ်မယ်.. အရင်ကကြိုက်ခဲ့တာတွေ အခု မကြိုက်တော့ တာ အများကြီးပဲ။ ဥပမာ နို့၊ အာလူး။ အရင်တုန်းကမကြိုက်ခဲ့ တာတွေ အခုတမ်းတမ်းစွဲ မက်မော နေ မိတယ်..။ ဥပမာတော့ မပေးတော့ဘူး။ :P

    ReplyDelete
  9. ညနေဆည်းဆာတွင် ကျွန်ုပ်မြင်သည် ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့ လို့ ရှင်မဟာရဌသာရက ရေးဖွဲ့ခဲ့တယ်။ဝင်းမင်းသန်းရဲ့ ဆံမြိတ်ရှည်ရှည် ဆံထုံးပုံ့ပုံ့နဲ့ ပြုံးတုံ့တုံ့မျက်နှာပေးဟာ ရှင်နှောင်းအလှကို မှီ မမှီ မသိရပေမဲ့ ကမ္ဘာကျော်ခဲ့ပါတယ်။အနောက်တိုင်းမီဒီယာလောကမှာ မြန်မာအမျိုးသမီးတယောက်ရဲ့ အလှဟာ သူမကြောင့် ထင်ရှားပေါ်လွင်ခဲ့ရတယ်။သီပေါနွယ်ဝင် တော်ဝင်မင်းသမီးတယောက်နဲ့ 
    ယှဉ်ပြိုင်ပြီးမှ ဒီနေရာကို ရခဲ့တာပါ။

    florist

    ReplyDelete

Thank you so much.
Have fun !