Pages

Wednesday, July 04, 2012

Showering PG

ပီဂျီလေး မနက်ဆို အစောကြီးရောက်ရောက်လာပြီ။ တစ်ရက် ၂ ခါ ၃ခါလောက်လာတတ်တယ်။ ကိုယ်မရှိတဲ့နေ့တွေတော့ စောင့်ပြီး မကျွေးနိုင်တော့ဘူးပေါ့။ အခုတလော တော်တော်ပူလာပြီ။ ဒီနေ့တော့ ရေသောက်ရင် ရေစက်လေးတွေနဲ့ တောက်ပြီး စတော့ အမွှေးတွေဖွားလာတယ်။ အဲဒါ သူ ရေချိုးချင်လာတာ။ အရင်နှစ်တုန်းကလည်း အဲလိုပဲဆိုတော့ သိနေပြီ။ အဲဒါနဲ့ လင်ပန်းလေးရေထည့်လာပြီး ခေါ်လိုက်တော့၊ ရေထဲလူးပြီးဆော့တော့တာပဲ။ အတောင်ပံကိုလည်း တစ်ဖက်စီမြှောက်ထားပေးသေးတယ်။ သူလည်း ပိုကြီးလာတယ်။ တကယ့် ခိုလူကြီးဖြစ်သွားပြီ။

သူ့ကောင်မလေးနဲ့ကလည်း အတူတူလာစားတဲ့အခါစား၊ ပီဂျီတစ်ကောင်တည်းရောက်တဲ့အခါ ရောက်လာနဲ့။ သူတို့က သစ္စာတော့ရှိသား။
အမျိုးမျိုးမပြောင်းဘူး။ ပြန်တည့်သွားရင်လည်း အရင်ခိုမလေးပဲ။
ခုလောလောဆယ် သူတို့ မတည့်ကြဘူးထင်တယ်။ ပီဂျီတစ်ကောင်တည်း ရယ်။
ခိုမလေးကလည်း တစ်ကောင်တည်း၊
တစ်ကောင်စီလာနေကြတယ်။ :D

2 comments:

  1. ပီဂျီကြည့်ရတာ သူ့မိဘအိမ်လို့ ထင်နေပုံရတယ် :)

    ReplyDelete
  2. ပီဂျီအပေါ်ထားတဲ့ ညီမရဲ့ သံယောဇဉ်ကလဲ မသေးလှပါကလားနော်..။ တိရစ္ဆာန်ပေမယ့် သူတို့ကို ဂရုစိုက်မှန်း၊ ယုယမှန်းသိတော့ အမြဲလာနေတော့တာပေါ့။ မမြသွေးက ပီဂျီလေးကို ဖြိုးဖြိုး မွေးထားတယ် ထင်နေတာ။

    ReplyDelete

Thank you so much.
Have fun !