Pages

Tuesday, February 17, 2015

စိတ်ဝင်စားဖို့ အကောင်းဆုံး ကိုယ်ပါ

လူတွေကြားမှာ ကိုယ်က ပိုပြီးတော့ စိတ်ဝင်စားဖွယ်ဖြစ်နေရတာကို သူသူကိုယ်ကိုယ် ကြိုက်နှစ်သက်ကြမှာပါ။ ကိုယ်စွမ်းဉာဏ်စွမ်းနည်းနည်းပါးပါးလောက်ပဲ ထုတ်သုံးလိုက်တာနဲ့ ကိုယ့်ရဲ့ ရေပန်းစားမှုဟာ မားမားစွင့်စွင့်မြင့်သွားမယ်ဆိုတော့ ဘယ်လိုနည်းလမ်းလေးတွေဖြစ်နေမလဲ ကြည့်ရအောင်ပါ။
စကားတွေတောင်ရောက်မြောက်ရောက်မပြောပါနဲ့။ အကောင်းဘက်ကလည်းရှုမြင်ပါ။

၂၀၁၅ ခရီးသွားမြင်ကွင်းထဲ တိုးဝင်လာမယ့်အရာတွေ

၂၀၁၅ မှာ ခရီးသွားလုပ်ငန်း ဘယ်လိုများဖြစ်လာမလဲ။ ခရီးသွားလုပ်ငန်းကျွမ်းကျင်သူတွေ ခန့်မှန်းသလိုမှန်ကန်ရင် အားလပ်ရက်တွေထဲက ညစာတည်ခင်းကြတဲ့ ပြုံးပျော်မော်ကြွား ဓာတ်ပုံလေးတွေဟာ အာရှဘက်ကို ဦးတည်နေကြမှာပါ။ စင်္ကာပူ၊ ထိုင်း နဲ့ ဂျပန်တို့ဟာ ၂၀၁၅ ရဲ့ ထိပ်ဆုံး ခရီးသွားနေရာအဖြစ် ရွေးနှုတ်ခံရပါလိမ့်မယ်။ ကမ္ဘာ့အဆင့် အားကစားပွဲတွေထဲက ၂၀၁၅ ရက်ဂ်ဘီ ကမ္ဘာ့ဖလားပွဲဟာ အင်္ဂလန်မှာ အိမ်ရှင်အဖြစ်ကျင်းပမှာဆိုတော့ အားကစားဝါသနာအိုးတွေအင်္ဂလန်ကို စုရုံးပြုံတိုးကြမှာပါ။ အဲဒီအခြေအနေမျိုးရှိနေတာတောင်မှ အာရှဆီ ခရီးနှင်မယ့် ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကတော့လျော့ကျသွားမှာ မဟုတ်ပါဘူး။

Saturday, February 07, 2015

ဟိုသတင်း ဒီသတင်း

ခရီးသွားသတင်းများ

ရနံ့ မွှေးမွှေး လေဆိပ်ဆိုတာ
ကွာဝေးလှတဲ့ခရီးရှည်သွားရတဲ့အခါ  ညီးစော်နံမယ်၊ အနံ့တွေစုပြုံလာတဲ့အခါ ခရီးသွားတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်ကြမယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမဲ့ လေယာဉ်ပေါ်ကနေ အပြင်ဘက်ခြေလှမ်းလိုက်တာနဲ့ သင်းပျံ့တဲ့ရနံ့ရနေမယ်ဆိုရင်တော့ ညီးစော်နံနေတာတွေ လျှော့သွားဖို့ တစ်နည်းနည်းနဲ့ အကူအညီပေးနိုင်မှာပါပဲ။ အားလပ်ရက်ခရီးတွေလှည့်လည်သွားလာခဲ့ပြီး အိမ်ပြန်ချိန်ထိတိုင် အကောင်းဆုံးအမှတ်တရတွေကိုဆောင်ယူသွားဖို့ သင်းရနံ့တွေက ဖန်တီးပေးနိုင်တာ သိသာထင်ရှားလှတယ်တဲ့။ အဲဒီစိတ်ကူးမျိုးနဲ့ပဲ ယူကေက ဟိသရိုးလေဆိပ်မှာ “ရနံ့မွှေးကမ္ဘာလုံး” ကို တပ်ဆင်ထားလိုက်ပါပြီ။

ဟိုသတင်း ဒီသတင်း

ဂီတသတင်းများ

Manson ရဲ့ ယုံကြည်ချက်ခပ်ပြင်းပြင်းနဲ့ အယ်လ်ဘမ်အသစ်
အမေရိကန် Metal သမားကြီး မာရီလင်မန်ဆန်ဟာ ဇန်နဝါရီ ၂၀ မှာ ထွက်ဖို့ မှန်းထားတဲ့ ၉ ခုမြောက် အယ်လ်ဘမ် The Pale Emperor ကို တခြား အယ်လ်ဘမ်တွေထက် ပိုပြီး ပြင်းပြတဲ့ယုံကြည်ခံစားမိတယ်လို့ ပြောနေပါတယ်။ သူကိုယ်တိုင် "စစ်ကြေညာခြင်း" လို့ အားပါးတရ ညွှန်းဆိုခဲ့ဖူးတဲ့ သက္ကရာဇ် ၂၀၀၀ တုန်းက Holy Wood အယ်လ်ဘမ်နောက်ပိုင်းထွက်ရှိခဲ့သမျှ အယ်လ်ဘမ်တွေထက်ယုံကြည်ထားတယ်လို့ ဆိုတယ်။

Thursday, February 05, 2015

လှိုင်းလေကြားက ကိုတံငါ

(မေမေ့ရဲ့ စာ)
အို.×. ငကြင်း..တွေ ဆန်.×× ငတန်တွေ ×….သောင်ရေစီး ..မှာ..လ 
ကို တံငါ.×….လှေယာဉ် … စိး…..ပါလို့.. ပိုက်ကြီး×…ကို..ရေချလာ…
အို..နဒီတွင်း မှာလ  နှင်းငွေဆော်..ချမ်းလို့ တုန်..မလုံကွေး××တယ် ....ကိုယ်ရေးငယ်…ကြုံပေါ့ .  နော် ..
ဒေါင်ဒင်းငယ် သံသာသာ နှင့်..တံငါ ..လှေလောင်း..ဆင်း…
ရွှေငါးကြင်းငယ်တို့ …ပိုက်တွင်း မှာ  သူတို့ ခုန်××-… 
(ယမုန်နာပတ်ပျိုး)

တုန်လီဆက်ပ် ရေအိုင်ကြီးဟာ အာရှမှာ အကြီးဆုံးဖြစ်ပါတယ်။သန့်ရှင်းလတ်ဆတ်တဲ့ရေ အမြဲစီးဝင်နေတာမို့ လူ သုံးသန်းကျော်  အတွက် ပြည့်ပြည့်၀၀ မှီခိုအားထားရတဲ့ ရေအိုင်ကြီးပါ။ငါးပုဇွန်စတဲ့ ရေထွက်ပစ္စည်းပေါကြွယ်ဝတာကြောင့် စားနပ်ရိက္ခာအတွက်လဲ ပူပင်စရာမလိုဘဲ ဖူလုံနေတယ်။
လို့ ကမ္ဘောဒီးယား တံငါသည်ကလေး ဗွန်ဗုသ်  က ဆိုပါတယ်။

Tuesday, February 03, 2015

အိမ်ပြန်သွားပြီ

(မေမေ့ရဲ့စာ)

ဖွင့်ထားတဲ့ တံခါးပေါက်ကနေ ကျွန်မward 41 အခန်းတွင်း ချောင်းမြောင်းကြည့်လိုက်တော့ ကျွန်မအနောက်ကနေ သူနာပြုဆရာမတဦးက စစ္စတာ ဘိုအီ ကို ရှာနေတာလားကွယ်။သူအိမ်ပြန်သွားပြီကွဲ့ လို့  ပြောလိုက်ပါတယ်။ သူက အခု အချိန်ပိုင်း ဆရာမကွဲ့ ။အယင်ကလို ပုံမှန် ရှိမနေတော့ဘူး။ 
လို့ လည်း ဖြည့်စွက် ပြောဆိုလိုက်တယ်။

ကျွန်မ စိတ်ညစ်သွားပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ။