Pages

Wednesday, September 08, 2010

တီတိုရဲ့ ဂူဗိမာန်- House of Flowers (mausoleum)

ပန်းချီပြခန်းကနေ နီးတယ်ဆိုပြီးသွားကြည့်တော့ ၊အချိန်က နာရီဝက်လောက်ပဲရတော့တယ်၊ ညနေ ၄နာရီခွဲမှာ ပိတ်တော့မှာတဲ့၊ ပန်းချီပြပွဲမှာ နေ့လည်ပိုင်းလောက်ထဲက ရောက်နေကြပေမဲ့ အဲဒီမှာပဲ ပန်းချီကားတွေ သေချာလိုက်ကြည့်နေတာနဲ့ အချိန်ကတော်တော်ကုန်သွားတာကြတယ်၊ တီတို ကို ဒီတိုင်းပြည်ကလူတွေက ဆလိုဘော်ဒန် မီလိုရှဗစ်ခ်ျ ထက်ပိုပြီး အလေးထားကြတယ်၊ သူရဲကောင်းတစ်ဦးလိုချစ်ကြတယ်၊ တီတိုအကြောင်းတသသ ပြောကြပါတယ်၊ တီတို အသက်ထင်ရှားရှိစဉ်တုန်းက နိုင်ငံအတော်များများကို ချစ်ကြည်ရေးတွေသွားခဲ့တယ်၊ နိုင်ငံတွေအများကြီးက လက်ဆောင်တွေလဲ တွေ့ခဲ့ရပါတယ်၊ အချိန်က မရတော့ အမြန်ပြေးကြည့်ရင်း၊ အမြန်ရိုက်ရင်း ပတ္တလားတွေ့တော့.. ဟာ .. အဲဒါ မြန်မာမှာလဲရှိတယ်၊ ပတ္တလားလို့ခေါ်တယ်၊ မြန်မာတူရိယာတစ်မျိုးလို့ နဲရှောကိုပြောပြနေရင်းမှ .. တကယ်ကြီး မြန်မာ့ပတ္တလားဖြစ်တော့တာကိုး၊ မြန်မာနိုင်ငံကလက်ဆောင်ပေးထားတာမှန်းသိလိုက်ရတယ်၊ အချိန်မရလို့ အမြန် အမြန်ကြည့်ရလို့ပါ၊ စာကိုအရင်မဖတ်ဖြစ်လိုက်တာ၊ ပြောလို့မရဘူးလေ၊ တချို့နိုင်ငံတွေလည်း ပတ္တလားလို လုပ်ပြီးတီးရင်တီးမှာပေါ့၊ မဟုတ်ဘူးလား။


တီတိုးရုပ်တု
တီတိုးရုပ်တု
ငြိမ်းချမ်းရေးငှက်
Josip Broz Tito
1 Sep 1961 – 10 Oct 1964
မြန်မာ့တူရိယာများ (၁၉၅၅ ခုနှစ်)
မြန်မာ
အားလုံး တူရိယာ ၆မျိုး
အားလုံး တူရိယာ ၆မျိုး
ဆားရ်ဘီးယန်းလူမျိုးစုရုပ်လေးတွေ
အိန္ဒိယလက်ဆောင်
အီသီယိုးပီးယားလက်ဆောင်
ချစ်ကြည်ရေးခရီးတွေသွားခဲ့စဉ်ကပုံတွေ
မြန်မာ့ဓါး
မီးရှုးတိုင်တွေကိုငေးနေသူ
မီးရှုးတိုင်ဒီဇိုင်းအမျိုးမျိုး
မြန်မာ့ဓါး
မက္ကဆီကိုလက်ဆောင်
အမည်မသိ(နာမည်မရိုက်လိုက်ရ)
ရုရှားလက်ဆောင်
ဂျပန်လက်ဆောင်
အပင်(အရွက်ဝိုင်းဝိုင်းလေးတွေလှလို့)
ပြတိုက်အ၀င်
စစ်သားရုပ်တု ကုတ်ချောင်းချောင်းနဲ့
ပန်း
ဘိုလီးဗီးယာလက်ဆောင်

Ref : http://en.wikipedia.org/wiki/House_of_Flowers_%28mausoleum%29

6 comments:

  1. အသက်ရှည်တယ်နော်...
    ၈၈နှစ်တောင်နေသွားရတယ်..။

    ပေါက်
    (သိပ်မြင့်တယ် လိုက်မမှီဘူး)

    ReplyDelete
  2. မနေ့ကတင်Facebook မှာဓာတ်ပုံတွေသွားကြည့်ပြီးသဘောကျနေတာ
    ခုလိုဓာတ်ပုံလေးတွေစုံစုံလင်လင်ပြထားတာကျေးကျေးပါမဖြိုးရေ

    ReplyDelete
  3. ပုံတွေ မမြင်ရဘူး အမ ရဲ့ ကော်နက်ရှင်ကြောင့် ဖြစ်မယ်ထင်တယ် တို့လည်း တီတို ကို ကြိုက်တယ် ချစ်ချစ်ကြီး နဲ့ တီးတိုးတီးတိုး သဖန်းပိုး လုပ်ချင်လို့

    စတာနော်
    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  4. မြန်မာပတ္တလားကို နိုင်ငံခြားက ပြခန်းမှာ တခမ်းတနား မြင်ရတာ ၀မ်းသာကြည်နူုးမိတယ်.. ဓာတ်ပုံတွေ ရိုက်လာတာ နည်းတာ
    ကြည့်မ၀သေးပါဘူး
    နောက်တစ်ခေါက်ကြုံတော့ များများ ရိုက်လာခဲ့း)

    ReplyDelete
  5. ပုံတွေကြည့်သွားတယ်။ ဒီထက်များရင် ပိုကောင်းမယ်။
    သူတို့နိင်ငံတွေက သူရဲကောင်းတွေကို တခမ်းတနား နေရာပေးကြတာ မြင်တော့......

    ReplyDelete
  6. လာထပ်ကြည့်ပါတယ်။ ခုလို အညွှန်းစာလေးတွေပါ ရေးထားတာ သိပ်ကောင်းတယ်။ အညွှန်းမပါတုန်းက ကြည့်သာကြည့်ရတယ် ဘာတွေက ဘာတွေမှန်းလဲ မသိဘူး။
    ပတ္တလားပဲ မြန်မာလက်ဆောင်ထင်ထားတာ။

    ReplyDelete

Thank you so much.
Have fun !