Pages

Friday, April 06, 2012

သူတို့ဆီက အလှူတွေ

နယူးအော်လိန်းက ပြင်သစ်ရပ်ကွက်လမ်းမတွေပေါ်မှာ ကလေးတွေ
သူတို့ရဲ့ အချစ်တော်ခွေးဘီလူးနဲ့ လမ်းလျှောက်နေကြပါတယ်။
"ဘရက်နဲ့ အင်ဂျလီနာတို့က ချမ်းသာတယ်၊ ကျော်ကြားတယ်၊ ချောမောလှပကြတယ်။
ဒါပေမဲ့ ပိုပြီးအရေးကြီးတာက အဲဒါတွေကိုကောင်းကောင်းအသုံးချကြတယ်။
သူတို့ အသုံးချပုံက
တစ်ခြားသူတွေကို ကူညီကြတာမျိုးပေါ့။"
၈၄ကြိမ်မြောက်အော်စကာဆုပေးပွဲမှာ The Iron Lady ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုရရှိခဲ့တဲ့ မာရီစထရိပ်ဟာ အော်စကာဆုပေးပွဲမှာပဲ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်အဖြစ်အတူတူလျာထားခြင်းခံခဲ့ရတဲ့ ဗီအိုလာဒေးဗစ်ရဲ့မွေးရပ်ဇာတိ ယူနိုက်တက်စတိတ် Rhode Island - Central Falls က ကျောင်းတစ်ကျောင်းကို ဒေါ်လာတစ်သောင်းလှူဒါန်းခဲ့ပါတယ်။ ကျောင်းရဲ့ အုပ်ချုပ်မှုဒါရိုက်တာ အန်ဂျလိုဂါစီယာက ပြောပါတယ်။ "တနင်္လာနေ့က အော်စကာဆုရှင်စထရိပ်ရဲ့ Silver Mountain Foundation of the Arts ကနေ ချက်လက်မှတ်ရောက်လာခဲ့တယ်။ မှတ်ချက်မှာ သူမသူငယ်ချင်း ဒေးဗစ်ရဲ့ ကိုယ်စားလို့ ရေးထားပါတယ်" တဲ့

2 comments:

  1. ဂျိုလီနှင့် ဘရက်ပစ်တို့ ရဲ့  စေတနာကို လေးစားမိပါတယ်။
    ထူးခြားလှတဲ့ ပါရမီရှင်များပါဘဲ။အတုယူစရာပါ။ရှယ်ယာလုပ်ပေးတဲ့ ဖြိုးဖြိုးကို ကျေးဇူးတင်ပါတယ်။

    သီရိ

    ReplyDelete
  2. ခရစ္စတလ်April 10, 2012 at 12:08 AM

    တခါတလေ သူတို့အလှူတွေမှာ စင်ကြယ်လွန်းတာတွေ တွေ့ရတတ်သေးတယ်။ ဒါကြောင့် အကျိုးပေးတဲ့အခါမှာလည်း ထူးထူးခြားခြား အကျိုးပေးကြတာ။

    ReplyDelete

Thank you so much.
Have fun !