Pages

Wednesday, November 07, 2012

ဒီဇိုင်းဆန်းဆန်းအဆောက်အဦလေးတွေ

ထူးခြားတဲ့အဆောက်အဦဒီဇိုင်းလေးတွေကပင် ကိုယ့်ရဲ့ မြို့လေးကို၊ ကိုယ့်ရဲ့နိုင်ငံကို တခြားနေရာ၊ တခြားနိုင်ငံတွေကပါ သိရှိသွားနိုင်ကြပါတယ်။ နေရာကျယ်ကျယ်ပြန့်ပြန့်၊ ကုန်ကျစရိတ်များများ သုံးစွဲရမယ့်ဒီဇိုင်းတွေရှိသလို နေရာကျဉ်းကျဉ်း၊ ကုန်ကျစရိတ်ကိုလည်း နည်းနိုင်သမျှနည်းအောင် ဖန်တီးတည်ဆောက်နိုင်မယ့်ဒီဇိုင်းတွေလည်း ရှိကြတာပါပဲ။ ကုန်ကျစရိတ်က အတူတူပဲဆိုရင်တောင်မှ ပိုပြီးထူးခြားတဲ့ဒီဇိုင်းလေးက ကိုယ့်ရဲ့နေရာလေးကို ကိုယ်စားပြုဂုဏ်ဆောင်နိုင်သေးတာပေါ့။ 

အနာဂတ်နေ့ရက်တွေထဲ အဲဒီလို ဖန်တီးတီထွင်မှုလေးတွေနဲ့ ဒီဇိုင်းဆန်းဆန်းအဆောက်အဦလေးတွေ တည်ဆောက်နိုင်ကြရင်ဖြင့် ...
၁. အခုတော့ ဆုံးပါးသွားခဲ့ပြီဖြစ်တဲ့ ဒတ်ခ်ျဗိသုကာပညာရှင် Piet Blom ရဲ့ ကုဗပုံအိမ်ရာအဆောက်အဦဒီဇိုင်းပါ။ ၁၉၈၀ ခုနှစ်မှာတည်ဆောက်ခဲ့ပြီး ကုဗပုံပေါင်း ၄၀ပါရှိတယ်။ မြေညီထပ်က ဧည့်ခန်းမဆောင်၊ အလယ်ထပ်ကတော့ အိပ်ခန်းနဲ့ ရေချိုးခန်း၊ ထိပ်ဆုံးကအထပ်မှာတော့ နောက်ထပ်အိပ်ခန်းဆောင်နဲ့ ဧည့်ခန်းမဆောင်တွေပါ။ "ပင်မမြို့တော်ကြီးအတွင်းက ကျေးရွာအစုလေးကို ကိုယ်စားပြုချင်တာပါ။ လုံခြုံစိတ်ချရတဲ့ ဘုံဗိမာန်လေးပေါ့" တဲ့ Blom ရဲ့ ဒီဇိုင်းစိတ်ကူးပါပဲ။

၂. စပိန်နိုင်ငံ Bilbao မြို့တော်မှာရှိတဲ့ Guggenheim ပြတိုက်ပါ။ ၁၉၉၀ ခုနှစ်မှာတည်ဆောက်ခဲ့ပါတယ်။ ဒီဇိုင်းပညာရှင်က Frank Gehry ပါ။ Gehry ရဲ့ ကိုယ်ပိုင်စတိုင်လ် "ချောမွေ့နူးညံ့၊ ကွေ့ဝိုက်၊ လွတ်လပ်မှုတို့ စုစည်းရာ" ဒီဇိုင်းလို့ ဆိုတယ်။

၃. နယ်သာလန်စ်၊ အမ်စတာဒမ်က Wozoco အိမ်ရာအဆောက်အဦဒီဇိုင်းပါ။ ဈေးကွက်မှာတောင်းဆိုလာတဲ့ ဒီဇိုင်းလို့ ဒတ်ခ်ျဗိသုကာကုမ္ပဏီ MVRDV က ပြောပါတယ်။

၎. ရုရှားနိုင်ငံ စိန့်ပီတာစ်ဘာဂ့် က barcode ဒီဇိုင်း အဆောက်အဦဖြစ်ပါတယ်။

၅. ဂျပန်နိုင်ငံ၊ တိုကျိုမြို့Denenchofu ရပ်ကွက်က Sanrio စတော်ဘယ်ရီသီးပုံ အိမ်လေးပါ။

၆. ဒီ စန္ဒရားပုံအဆောက်အဦးကိုတော့ တရုတ်နိုင်ငံ Anhui ပြည်နယ်မှာတွေ့နိုင်ပါတယ်။ မှန်သားအကြည်ထွင်းဖေါက်မြင်နေရတဲ့ တယောပုံစံထဲက လှေကားထစ်တွေက ပင်မစန္ဒရားအဆောက်အဦရဲ့ လှေကားထစ်တွေဆီကို တက်လှမ်းနေတယ်။

၇. အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်က အိမ်ဆောက်ပစ္စည်းတွေရောင်းချတဲ့ The Longaberger ကုမ္ပဏီအဆောက်အဦပါ။

No comments:

Post a Comment

Thank you so much.
Have fun !