၁. ပျော်ရွှင်ဖွယ်ရာမွေးနေ့မင်္ဂလာပါ "လီယိုနာဒိုဒီကာပရီယို"
နိုဝင်္ဘာ ၁၁ ရက်နေ့က အမေရိကန်သရုပ်ဆောင် ရုပ်ရှင်ပရိုဂျူဆာ လီယိုနာဒို ဒီကာပရီယို ရဲ့ အသက် ၃၈နှစ်မြောက်မွေးနေ့ပြည့်သွားခဲ့ပါပြီ။ မွေးနေ့ပါတီကို နိုဝင်္ဘာ ၁၀ရက်နေ့က နယူးယောက်မြို့ မက်ဟက်တန်ရပ်ကွက် The Darby စားသောက်ဆိုင်မှာ မိတ်ဆွေတွေအများကြီးဝန်းရံကာ ကျင်းပခဲ့တယ်။ အမေရိကန်ကြက်ခြေနီအသင်းနဲ့ စန္ဒီမုန်တိုင်းဒုက္ခသည်တွေအတွက် ဒေါ်လာ ၅ သိန်း လှူဒါန်းနိုင်ဖို့ ရံပုံငွေရှာဖွေတဲ့ပွဲပြုလုပ်ခဲ့တာပါ။ ဒီကာပရီယိုရဲ့ ပါတီပွဲမှာ ကင်မရွန်းဒိုင်ယက်ဇ်၊ ဘီရွန်စ့် နဲ့ ခင်ပွန်း ဂျေဇီ၊ ရောဘတ်ဒီနီရိုး၊ ရုပ်ရှင်လောကက နှစ်ရှည်လများလက်တွဲခဲ့တဲ့ မိတ်ဆွေဟောင်း မာတင်စကောစီး၊ Wolf of Wall Street မှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ဂျိုနာဟေးလ်၊ ဟယ်ရီပေါ်တာစတားမင်းသမီးလေး အမ်မာဝက်ထ်ဆန် နဲ့ သရုပ်ဆောင် ဂျမ်မီဖောက်စ် တို့လည်း တက်ရောက်ခဲ့ကြပါတယ်။မာ့ခ်ရာ့ဖ်လို၊ အက်ဒ၀ပ်နော်တန်၊ ခရစ်ရော့ခ်၊ ဘာစ့်တာရိုင်းမ်စ်တို့လည်း တေးဂီတဖျော်ဖြေမှုတွေ စတင်တီးခတ်တဲ့အချိန်မှာ ရောက်ရှိလာခဲ့ကြတယ်လို့ဆိုတယ်။ ဂယ်ရီကလာ့ခ်၊ ဂျူနီယာ၊ ဂျက်ဇ်ဂစ်တာသမား ဂျန်ကိုရန်းဟာ့ထ် နဲ့ စန္ဒရားပညာရှင် အဲရစ်လူးဝစ်တို့ ဖျော်ဖြေခဲ့ကြတယ်။ ဟောလိဝုဒ်စတား ဒီကာပရီယို ရဲ့ ရံပုံငွေရှာဖွေပုံကတော့ အဖျော်ယမကာတွေအတွက် ပုလင်းတိုင်းမှာ ကျသင့်ငွေပေးချေစေတာပါ။ The Darby စားသောက်ဆိုင်ရဲ့ ကော့တေးလ်ဟာလည်း နာမည်ကြီးလှပါတယ်။ ဒီကာပရီယိုဟာ ဟောလိဝုဒ်ရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံးသရုပ်ဆောင်ထဲက တစ်ဦးပါ။
အောင်မြင်ကျော်ကြားတဲ့သရုပ်ဆောင်တစ်ဦးရဲ့ ကိုယ်ပိုင်ဘ၀ကတော့ သူကျွမ်းကျင်တဲ့ သရုပ်ဆောင်အနုပညာအလုပ်လောက်တော့ မချောမွေ့လှပါဘူး။ လတ်တလော Victoria’s Secret နတ်မိမယ်လေး အဲရင်ဟိသာတန်နဲ့ အချစ်ဇာတ်လမ်းတစ်ခန်းရပ်သွားခဲ့တယ်။ အစ္စရေးစူပါမော်ဒယ် ဘာရာဖဲလီ၊ ဘရာဇီးမော်ဒယ် ဂီစဲလ်ဘန်ချန် တို့နဲ့ ဇာတ်လမ်းတွေလည်းပြီးသွားခဲ့ပြီ။ ၂၀၁၀ က တွဲခဲ့ဖူးတဲ့ အမေရိကန်သရုပ်ဆောင်၊ မော်ဒယ် ဘလိတ်လိုက်ဗလီ နဲ့လည်း လက်တွဲဖြုတ်ခဲ့ကြတယ်။ ဒီကာပရီယိုရဲ့ ၃၈ နှစ်မြောက်မွေးနေ့အမှတ်တရ အဖြစ် အမျိုးသမီး ၃၈ ယောက်နဲ့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို popsugar မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။
၂. နတ်သမီးပုံပြင်ထဲက ၀တ်စုံလေး ရဲ့ နေရာမှန်
ဒါ Oz နယ်လား၊ Kansas လယ်တောမှာလား၊ တခြားသက်တံပေါ်က တစ်နေရာရလားပဲ။ ခရီးရဲ့ အဆုံးကို မသိနိုင်ပေမယ့် ဒီအပြာရောင်ဝတ်စုံလေးကိုတော့ ဂျူဒီဂါလန် ၀တ်ဆင်ခဲ့ပါတယ်။ အမေရိကန်စာရေးဆရာ L. Frank Baum ရဲ့ ကလေးစာအုပ်တွေထဲက The Wizard of Oz မှာ ဂျူဒီဂါလန်က ဒိုရိုသီအဖြစ် သရုပ်ဆောင်စဉ် ၀တ်ဆင်ခဲ့တာပါ။ “ဒိုရိုသီ” သရုပ်ဆောင်ဇာတ်ဝင်ခန်းတွေမှာ ၀တ်ဆင်ခဲ့တဲ့ ဒီဝတ်စုံပြာလေးကို ကလေး၊ လူကြီး နှစ်သက်သဘောကျခဲ့ကြတယ်။ ဈေးနှုန်းက အနောက်ကမ္ဘာက စုန်းမကြီးရဲ့ တံမြက်စည်းမဟုတ်ပါဘူး။ ၁၉၃၉ ရုပ်ရှင်ထဲမှာတော့ ဒိုရိုသီက အဒေါ်ဆီကို ပြန်သွားနိုင်ဖို့အတွက် တံမြက်စည်းတစ်ချောင်းရရှိခဲ့ဖူးတယ်။ အခုတော့ ဒိုရိုသီဝတ်စုံလေးကို ဂျူလီယံလေလံပွဲမှာ ဒေါ် ၄၈ဝဝဝဝ ပေးပြီး ၀ယ်ယူသွားသူ ပေါ်လာခဲ့ပါပြီ။ ဒီဝတ်စုံလေးဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဘီဗာလီဟေးလ်စ်မှာ ရှိတဲ့ ဂျူလီယံလေလံခန်းမပိုင်ဆိုင်တဲ့ ဟောလိဝုဒ်သမိုင်းဝင်ပစ္စည်းတွေထဲက တစ်ခုပါ။ ဒိုရိုသီရဲ့ ၀တ်စုံပြာလေး နဲ့ အတူ River of No Return မှာ မာရီလင်မွန်ရိုးဝတ်ဆင်ခဲ့တဲ့ ခရမ်းရောင်စကပ်လေးဟာလည်း ဒေါ်လာ၅၀၀၀၀၊ ရွှေရောင်အကျီလေးနဲ့ ကာပရီဘောင်းဘီလေးဟာ ဒေါ်လာ ၄၃၇၅၀ အသီးသီး ရရှိခဲ့ကြတယ်။
ဂန်းနန်းစတိုင်လ် သီချင်းနဲ့ ကမ္ဘာတစ်ဝှမ်းလူသိများသွားခဲ့သလို MTV ဥရောပဂီတဆုပေးပွဲမှာ အကောင်းဆုံးဗီဒီယိုဆုကိုပါ ရရှိသွားခဲ့တဲ့ တောင်ကိုးရီးယားအဆိုတော် PSY(Park Jae-sang) ဟာ သူ့ရဲ့ စင်ဂဲလ်အသစ်ကို အင်္ဂလိပ်စာသားများများပါမယ်။ ပြီးတော့ ဆယ်ကျော်သက်လေးတွေရဲ့ စတား ဂျပ်စတင်ဘီဘာ Feature သီဆိုလိမ့်မယ်လို့ ပြောပါတယ်။ သီချင်းသစ်အတွက် အားလုံးပြီးသွားပြီလို့ဆိုတယ်။ “နောက်ထပ် အယ်လ်ဘမ်အသစ်အတွက် နဲ့ စင်ဂဲလ်အတွက် အလုပ်လုပ်နေပါပြီ။ အဲဒီမှာ အင်္ဂလိပ်စာသားပိုပြီး ပါဝင်ပါလိမ့်မယ်။ အဲဒီတော့ ပိုပြီး နားလည်သဘောပေါက်နိုင်တာပေါ့။ ကျွန်တော် ပျော်ပါတယ်။ ပြီးတော့ စိတ်မကောင်းပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော် သီချင်းဆိုတယ်။ ဟန်လုပ်သရုပ်ဆောင်တယ်။ ပရိတ်သတ်တွေသိပ်ပျော်ကြပုံပဲ။ ဒါပေမဲ့ ကျွန်တော်ဘာတွေပြောနေလဲ သူတို့မသိနိုင်ပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ အင်္ဂလိပ်စာသားတချို့ထည့်ရတာပါ” တဲ့။ ဂျာမနီနိုင်ငံ၊ ဖရန့်ခ်ဖာ့ထ်မှာ ပြုလုပ်ခဲ့တဲ့ MTV ဆုပေးပွဲမှာ PSY ရဲ့ အမှတ်အသား ဂန်းနန်းစတိုင်လ်အက ကို ဟေးဒီကလန်းနဲ့ ဖျော်ဖြေခဲ့တယ်။ ဂန်းနန်းစတိုင်လ် သီချင်းနဲ့ ပတ်သတ်ပြီး “ဒီလိုသီချင်းဆိုခဲ့တာ တောင်ကိုးရီးယားမှာ ၁၂ နှစ်တောင်ရှိခဲ့ပါပြီ။ ဒီသီချင်းလိုပဲ ဒီသီချင်းမတိုင်ခင်ကလည်း ဖန်တီးဖူးတယ်။ အခုတော့ ဒီလိုဖြစ်လာခဲ့ပြီ။ ကျွန်တော်ဘာပြောရမလဲ။ ဒါ အံ့သြစရာပါပဲ။ အလွန်ကို အံသြစရာကြီးပါ” လို့ ပြောပါတယ်။
007 ကားသစ် Skyfall ဟာ ယူအက်စ်မှာ ၀င်ငွေအများဆုံးရရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ခဲ့ပါပြီ။ အရင် ဂျိမ်းစ်ဘွန်းတွေလိုပဲ ဒန်နီရယ်ကရေဂ်ျ့ရဲ့ Skyfall ဟာ ယူအက်စ်မှာ စတင်ပြသခဲ့ပြီးနောက်မှာ ဒေါ်လာ ၈၇.၈ သန်းတောင် ၀င်ငွေစုဆောင်းနိုင်ခဲ့တာပါ။ မြောက်အမေရိကဘက်မှာ နိုဝင်္ဘာ ၉ ရက်နေ့က ရုံတင်ပြသခဲ့ပြီး film chart မှာ ထိပ်ဆုံးရောက်ခဲ့တယ်။ နောက်ထပ် ၉ရက်နေ့ထိ ဒေါ်လာ ၂.၂ သန်းထပ်ရရှိခဲ့တော့ ပထမရက်သတ္တပတ်မှာပဲ ဒေါ်လာ သန်း ၉၀ အကျိုးအမြတ်ရခဲ့ပါတယ်။ ၂၀၀၈ မှာ ပြသခဲ့တဲ့ ဒန်နီရယ်ကရေဂ်ျ့ ရဲ့ Quantum of Solace ဟာ ကမ္ဘာတစ်ဝှမ်း ဒေါ်လာ ၆၇.၅သန်း ငွေစုစုပေါင်းဖြစ်ပြီး Skyfall က ကမ္ဘာတစ်ဝှမ်း ဒေါ်လာ ၅၁၈.၆သန်း ရရှိခဲ့ပါပြီ။ နိုဝင်္ဘာ ၂ ရက်နေ့ထိ ယူအက်စ် နံပါတ်တစ်ဖြစ်ခဲ့တဲ့ animation ရုပ်ရှင်ကား Wreck-It Ralph ဟာ ဒေါ်လာ ၃၃.၁ သန်း နဲ့ ဒန်ဇယ်ဝါရှင်တန်ရဲ့ Flight က နံပါတ် ၃ ဒေါ်လာ ၁၅.၁ သန်း တို့ရရှိခဲ့ကြတာပါ။ မန်ချက်စတာယူနိုက်တက်အသင်းမန်နေဂျာ ဆာအဲလက်စ်ဖာဂူဆန်ဟာ ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေ အင်မတန်နှစ်သက်သူဖြစ်ပြီး ဘွန်းရုပ်ရှင်ကား Never Say Never Again စတား ရှောင်ကွန်နရီ နဲ့ ရင်းနှီးလှတဲ့မိတ်ဆွေတွေပါ။ “ကရေဂ်ျ့က အကောင်းဆုံး ဘွန်း ဖြစ်နိုင်ပါတယ်။ သူက စကော့တလန်လူမျိုး” လို့ဆိုတယ်။ သူ ဂျိမ်းစ်ဘွန်းကို ကြိုက်နှစ်သက်သလို ဒန်နီရယ်ကရေဂ်ျ့ကိုလည်း မန်ယူကြိုက်နှစ်သက်လိမ့်မယ် လို့ ဖာဂီက ထင်မြင်ခဲ့တယ်။ စက်တင်ဘာလောက်က နယူးယောက်ကို အသွား ကရေဂ်ျ့ရဲ့ အမေ နဲ့ လေယာဉ်တစ်စီးတည်း အတူတူပဲ။ ကျွန်တော် သူမကိုပြောလိုက်တယ်။ ဒီမှာ လက်မှတ်တစ်စောင်ပါပေါ့။ ဒန်နီရယ်အတွက် အချိန်မရွေး အိုးထရက်ဖိုဒ့်ကွင်းအတွက် လတ်မှတ်ပါ ဆိုတော့။ သူမက ကျွန်တော့်ကို ကြည့်တယ်။ ကြည့်ပုံက ကျွန်တော့်ဦးခေါင်းမှာ ဂျိုပေါက်နေသလိုပဲ။ အံ့သြတကြီးစိုက်ကြည့်တာပဲ။ ပြီးတော့ သူမက စကားပြန်တယ်။ ကျွန်မတော့ ဒန်နီရယ် ယူနိုက်တက်ကို သွားကြည့်လိမ့်မယ်လို့ မထင်ဘူးတဲ့။ သူက လီဗာပူး ပရိတ်သတ်ပါ လို့ သူမက ဖြေတယ်။
ခုတော့ ဖာဂီ ပြောနိုင်ပြီ။ “ကျွန်တော် ဒန်နီရယ်ကရေဂ်ျ့ကို သိပါတယ်။ သူက လီဗာပူးပရိတ်သတ်ဆိုတာ တစ်ခုတည်းကိုပဲ သိသွားတာပါ” တဲ့။ ဖာဂီကတော့ ဒေးဗစ်ဘက်ခမ်း နဲ့ ဂယ်ရီ နီဗီးလ် တို့ကို ဒီမင်းသားကို ဆန့်ကျင်ဖို့ ချုပ်ကိုင်မထားပါဘူးလို့ ဆိုတယ်။ “သူတို့ ဘွန်းရုပ်ရှင်အသစ် Skyfall ကြည့်ပြီးကြပြီ။ သူတို့က ကျွန်တော့်ကိုပြောပါတယ်။ သိပ်ကောင်းတယ် တဲ့။ ယူအက်စ်အိုးပင်းတင်းနစ်ပွဲကို လည်း ရှောင်ကွန်နရီနဲ့ အတူတူကြည့်ကြမယ်။ ကျွန်တော်ကတော့ ဘွန်းပရိတ်သတ်ပါ” လို့ ပြောပါတယ်။
ခုတော့ ဖာဂီ ပြောနိုင်ပြီ။ “ကျွန်တော် ဒန်နီရယ်ကရေဂ်ျ့ကို သိပါတယ်။ သူက လီဗာပူးပရိတ်သတ်ဆိုတာ တစ်ခုတည်းကိုပဲ သိသွားတာပါ” တဲ့။ ဖာဂီကတော့ ဒေးဗစ်ဘက်ခမ်း နဲ့ ဂယ်ရီ နီဗီးလ် တို့ကို ဒီမင်းသားကို ဆန့်ကျင်ဖို့ ချုပ်ကိုင်မထားပါဘူးလို့ ဆိုတယ်။ “သူတို့ ဘွန်းရုပ်ရှင်အသစ် Skyfall ကြည့်ပြီးကြပြီ။ သူတို့က ကျွန်တော့်ကိုပြောပါတယ်။ သိပ်ကောင်းတယ် တဲ့။ ယူအက်စ်အိုးပင်းတင်းနစ်ပွဲကို လည်း ရှောင်ကွန်နရီနဲ့ အတူတူကြည့်ကြမယ်။ ကျွန်တော်ကတော့ ဘွန်းပရိတ်သတ်ပါ” လို့ ပြောပါတယ်။
၅. ကလေးတွေရဲ့ နာမည်အသစ်ကို ရွေးချယ်ပေးလိုက်တဲ့ “ကက်သရင်ဇီတာဂျုံး”
၆. ဟာရီကိန်း စန္ဒီ ဒုက္ခသည်တွေကို အကူအညီပေးတဲ့ ဘီဘာ
|
ဖြိုးဖြိုး











.jpg)









.jpg)

.jpg)
No comments:
Post a Comment
Thank you so much.
Have fun !