ယခုအခါ ယူနက်စကို၏ သတ်မှတ်စံထားချက်အရ အန်ကောဝပ်သည် ကမ္ဘာတွင် အကြီးဆုံး ခန့်ညားထယ်ဝါမှုအရှိဆုံးကမ္ဘာ့အံ့ဖွယ်အဆောက်အဦးဖြစ်သည်။မြေပြင်မှ ၆၅မီတာအမြင့်တွင်ရှိ၍ ပုဂံမှ သဗ္ဗညုစေတီတော်သည် ၆၁မီတာသာရှိသည်ဟု သိရသည်။အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံ ပုဂံမြို့မှ သဗ္ဗညုဘုရားနှင့် ကမ္ဘောဒီးယားမှ အန်ကောဝပ်ဘုရားကျောင်းတို့သည် ပိသုကာလက်ရာတွင် အထူးချွန်အပြောင်မြောက်ဆုံး အဆောက်အဦးများအဖြစ် ထင်ရှားကျော်ကြားလှ၏။
![]() |
ကျုံးကိုဖြတ်ကျော် တမျှော်တခေါ် ရှုကြည့်လိုက်ရင် …နောက်ဘက်အုတ်တံတိုင်းမှသည်….ဖြူလွလွမိုးတိမ်များဆီသို့ |
တည်နေရာ - ကမ္ဘောဒီးယားနိုင်ငံ ဆင်း(မ်) ရိ(ပ်)ပြည်နယ်
အမည်ရင်း - ပရာဆပ် အန်ကော ၀ပ်(Prasat Angkor Wat)
ဗိသုကာစတိုင်- ခမာ၊ ဒရာဗွီဂျင်(Khmer, Dravidian)
တည်ဆောက်သည့် နေ့စွဲ - ၁၂ရာစု
တည်ဆောက်သူ - ဆာရာဗာမင် II/ ဆမူဒရာ ဂု (ပ်)တား
၁၂ရာစုအစောပိုင်းကာလ ခမာအင်ပါယာ ထွန်းကားစဉ် ယာဆိုထရာပူရာအရပ် (ယခု အန်ကောဒေသ) ဘုရင်ဆာရာဗာမင် IIက (1113_c.1150တွင်) နိုင်ငံပိုင်ဘုရားကျောင်းကို ခန့်ညားထယ်ဝါစွာ တည်ဆောက်ခဲ့သည်။
အန်ကောဝပ်သည် ပိဿနိုးနတ်မင်းအားရည်ညွှန်းဆောက်လုပ်သော ကမ္ဘာ့အကြီးဆုံးဘာသာရေးအထိမ်းအမှတ် ဟိန္ဒူဘုရားကျောင်း အဆောက်အဦကြီးဖြစ်သည်။ သို့ရာတွင် နောင်အခါ ဗုဒ္ဓဘာသာ အဆောက်အဦးအဖြစ်ထင်ရှားခဲ့သည်။ 5.5 ကီလိုမီတာ (၃.၄မိုင်)ရှီသည်။ "၀ပ်”ဆိုသည်မှာ “ဘုရားကျောင်းပရ၀ဏ်" ဟု အဓိပ္ပါယ်ရသည်။ ဆောက်လုပ်ရာတွင် ဂ၀ံကျောက် အုတ် စသည်တို့ထက် သဲကျောက်ကို အများဆုံးသုံးထားကြောင်းသိရသည်။ အန်ကောဝပ်တွင် အလယ်မျှော်စင်မှ ထိုးထွက်လျက်ရှိသော ဒေါင့်မှန်စတုဂံပုံ ပြခန်းသုံးခုသည် ဗြဟ္မာ၊ လစန္ဒာ နှင့် ပိဿနိုးနတ်မင်းကြီးတို့အား တို့အားရည်ညွှန်းဆောက်လုပ်ထားကြောင်းအဆိုရှိသည်။
ကောင်းကင်မှ မြင်ရသည့် တောအုပ် စိမ်းစိမ်းထူထူကြားက ခန့်ခန့်ထည်ထည် လျို့ဝှက်တည်ရှိနေတဲ့ အန်ကောဝပ်ဘုရားကျောင်း |
ကျောက်ကိုထွင်းထုထားသော ရှေးဘာရတဇတ်ဝင်ခန်း သရုပ်ဖေါ်ကကွက်မှ ကခြေသည် နတ်မိမယ်များ |
ကမ္ဘောဒီးယားသည် အန်ကောဝပ် ဘုရားကျောင်းကြောင့် ပိုမို ဂုဏ်ရည်မြင့်မားခဲ့ရသလို ခရီးသွားမြို့တော်
“Angkor Tourist City “ အဖြစ် ကမ္ဘာက အတည်ပြု သိမှတ်ထားပြီ ဖြစ်သည်။ ရှေးဟောင်း ဟိန္ဒူ ဒဏ္ဍာရီလာ အသူရာနှင့် ဒေ၀တာတို့ ခြံရံလျက် ပိဿနိုးနတ်မင်းအား ကျောက်ဆစ်ဖေါင်းကြွ လက်ရာအသွင် တွေ့မြင်နိုင်သည်။ Kurma အဖြစ် ၀င်စားလာသည့် ကမ္ဘာလိပ်ကြီးကိုလည်း နွားနို့ ပင်လယ်ထဲတွင် ကူးခတ်နေသည်ကို ဖေါင်းကြွ ရုပ်လုံးအသွင်တွေ့မြင်နိုင်ပါသည်။
အတွင်းဘက်နံရံများတွင် ဟိန္ဒူမော်ကွန်းတင်ဝတ္ထု ရာမယနနှင့် မဟာဘာရတ ၀တ္ထုပါ သရုပ်ဖေါ်ဇတ်ကွက်ဇတ်လမ်းများ ထွင်းထုထားသည်။ အလောင်းတော်ရာမက ရာဝဏ အား နှိမ်နင်းခန်းပါဝင် ထုဆစ်ထားသော သရုပ်ဖေါ်လက်ရာများပါဝင်သည်။ ငရဲခန်း၃၂ခန်း ဘုံခန်း၃၇ခန်းကိုလည်း သရုပ်ဖေါ်ထုဆစ်ထားသည်။ ထေရ၀ါဒ ဗုဒ္ဓဆင်းတုတော်များ၏မျက်နှာများကို အများဆုံး ဖေါင်းကြွပန်းပုအသွင် ထုဆစ်ထားသည်ကိုလည်း တွေ့မြင်နိုင်သည်။ အန်ကောဝပ်ကို တည်ဆောက်ခဲ့ပုံ အသေးစိပ်စီမံချက်များ(ဂရိနှင့် ရောမတို့၏ လက်ရာများနှင့် နိုင်းယှဉ်ကြည့်က ထူးခြားသော ခမာလက်ရာကို မြင်တွေ့နိုင်သည်။
်
ကျောင်းတော်ရှေ့မှ ကြက်ခြေခပ်ပုံစံ(လက်ဝါးကပ်တိုင်ဆန်သော) လှေခါးထစ်ကုန်းမြင့်ကို အန်ကောဝပ်ပုံစံငယ်တွင် ခုလို တွေ့မြင်နိုင်သည်။ ဘုရားကျောင်းမှ ကျောက်သားများသည် ချောမွတ်တောက်ပြောင်သော စကျင်ကျောက်ဖြူသားဖြင့်လည်း အသုံးပြုတည်ဆောက်ခဲ့သည်။ တည်ဆောက်စဉ်က စက်ပစ္စည်းအကူမပါ လက်မှုပညာသက်သက်ဖြင့် ခိုင်မြဲအောင် တည်ဆောက်နိုင်ခြင်းသည်အံ့သြ ဂုဏ်ယူရမည်ဖြစ်သည်။ အန်ကောဝပ်သည် အရှေ့တွင် တည်ရှိသော်လည်း အနောက်သို့ယိမ်းသည်ဟု ပညာရှင်အချို့က ဆိုသည်။တည်ဆောက်သူ ဘုရင် ဆာရာဗာမင်သည် ဗြဟ္မာဏတို့ ထုံးတမ်းစဉ်လာနှင့်အညီ မိမိသက်မဲ့ခန္ဓာအား နောင်တနေ့ ဂူသွင်း မြုပ်နှံရန်ရည်စူး၍ ဂူဗိမာန်သဏ္ဍာန် အဆောက်အဦတခုကို တည်ဆောက်ခဲ့ပုံရသည်။ေ ရှးဟောင်းသုတေသနပညာရှင် ပြင်သစ်လူမျိုး ဒေါက်တာ ချားလ်ဟိုက်ခ်ျမင် သည် အသုဘဆိုင်ရာ အိုးတလုံးပါရှိသော အလောင်းနေရာချထားနိုင်မည့် ကုန်သေတ္တာတခုကို အလယ်ခန်းမျှော်စင် မှ ရှာဖွေ တွေ့ရှိရကြောင်း ဖေါ်ထုတ်ကြေညာခဲ့သည်။
၁၃ရာစုအနှောင်းပိုင်းတွင် ကျောင်းတော်ကြီးသည် ဟိန္ဒူဆန်ဆန်တည်ရှိနေရာမှ ထေရ၀ါဒ ဗုဒ္ဓဘာသာသို့ အသွင်ကူးပြောင်း ယိမ်းယိုင်သွားကြောင်းနှင့် ထိုအခါကစ၍ ဘုရင်ကိုယ်တိုင် ဗုဒ္ဓဘာသာစစ်စစ်ကို ဆည်းကပ်ကိုးကွယ်လာသည်မှာ ယနေ့အထိဟု သမိုင်းများကဆိုသည်။ ကမ္ဘောဒီးယားအား ထိုင်းတို့ ခေတ္တသိမ်းပိုက်ထားပြီးပြန်လည်ထွက်ခွာသွားစဉ် အန်ကောဝပ်အား စွန့်ပြစ်ထားခဲ့ရာမှ ပြင်သစ်တို့ ၀င်ရောက်လာပြီးနောက် ပြန်လည် တူးဖေါ်ထိမ်းသိမ်းစောင့်ရှောက်ခဲ့သည်။ ၁၅၈၆တွင် နိုင်ငံရပ်ခြားခရီးသွားများ ၀င်ရောက်ခဲ့ရာ ပေါ်တူဂီလူမျိုး အန်တိုနီယိုမက်တယ်လီနို က “ကျောင်းတော်ကြီးရဲ့ တည်ဆောက်မှုပိသုကာပညာကတော့ ထူးထူးခြားခြား လွန်လွန်ကဲကဲ ပါပဲဗျာ..စာနဲ့ ရေးဖွဲ့လို့ကုန်မယ်မထင်ပါဘူး။ အထူးသဖြင့် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်အဆောက်အဦးနဲ့ မဆို ပေါ့။ အန်ကောမှာရှိတဲ့ဘုရားကျောင်းတွေထဲကမှ အန်ကောဝပ်က ပို ပိုပြီးအံ့သြဖို့ ကောင်းပါတယ်" ဟု ပြောခဲ့သည်။ သဘာ၀၀န်းကျင်ဆိုင်ရာ ပြင်သစ်သုတေသနမှူး ဟင်နရီ မိုဟော့ထ် က “ဒီဘုရားကျောင်းတွေထဲက တခုဖြစ်တဲ့ အန်ကောဝပ်ဟာ ဆောလမွန်ခေတ်နဲ့ အပြိုင်ပါ။ ရှေးဟောင်း အီတာလျှံ ပိသုကာဆရာကြီး ကဗျာဆရာ Michelangeloဆောက်လုပ်တဲ့ အဆောက်အဦးတွေလို ဂုဏ်ယူစရာကောင်းပါတယ်။ ရောမနဲ့ ဂရိတို့ရဲ့ လက်ရာတွေထက်လည်း သာပါတယ်" ဟု ပွင့်လင်းရိုးသားစွာချီးကျူးခဲ့သည်။ ၁၉၇၀ မှ၁၉၈၀အတွင်း ခမာနီ အစိုးရ လက်ထက် ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရာ ရှေးဟောင်းယဉ်ကျေးမှု လက်ရာ အများအပြား ခိုးယူခြင်း ဖျက်ဆီးခြင်း ခံခဲ့ရသည်။
ယနေ့ အန်ကာဝပ်တွင် ဟွန်ဆန်အစိုးရကထိုင်းနှင့် သူပိုင် ငါပိုင် အငြင်းပွားပြီးနောက် ကြပ်မတ်ထိန်းသိမ်းစောင့်မှုများ အားသွန်ခွန်စိုက် ပြုလုပ်ခဲ့သည်။ The German Apsara Conservation Project (GACP) uက ပျက်စီးယိုယွင်းနေသောကျောက်ဆစ်လက်ရာ ဖေါင်းကြွ ရုပ်လုံး များကိုကာကွယ်စောင့်ရှောက်ပေးခဲ့သည်။ 1992တွင် ထူထောင်သော အန်ကော World Heritage Site ကလည်း ရံပုံငွေများထူထောင်၍ ပြုညပင်မွန်းမံခြင်း ထိန်းသိမ်းစောင့်ရှောက်ခြင်းများတိုးမြှင့် ပြုလုပ်ခဲ့သည်။
![]() |
Florist
source : Wikipedia/ Internet
No comments:
Post a Comment
Thank you so much.
Have fun !