သေနတ်ထိန်းချုပ်ရေး ဘယ်လိုဆောင်ရွက်လဲ - ဆွစ်ဇာလန်နိုင်ငံဟာ ဥရောပနိုင်ငံတွေမှာတော့ သေနတ်တွေနဲ့ ပိုပြီးနေသားတကျရှိနေတဲ့နိုင်ငံတွေထဲက တစ်ခုပါ။ ဥပဒေတွေမှာ နိုင်ငံထဲက စစ်မှုထမ်းအမျိုးသားတွေဟာ သူတို့အတွက် ထုတ်ပေးထားတဲ့လက်နက်တွေကို သူတို့အိမ်မှာ ထိန်းသိမ်းထားနိုင်ပါတယ်။ (အဲဒီမှာ စစ်မှုထမ်းဖို့ငြင်းဆန်သူမှအပ ကျန်းမာသန်စွမ်းသူအမျိုးသားမှန်သမျှ စစ်မှုထမ်းဖို့လိုအပ်ပါတယ်။) အတည်ပြုထားတဲ့ဆွစ်ဥပဒေတွေနဲ့ ဓလေ့ထုံးစံတွေဟာ စစ်မှုထမ်းတွေရဲ့အခွင့်အရေးကို လေးစားလိုက်နာကြတယ်။ ဒါပေမဲ့ နိုင်ငံရဲ့ကန့်သတ်ချက်တွေမှာ ယူအက်စ်ထက်တော့ တော်တော်လေးပိုပြီးတင်းကျပ်နေပါသေးတယ်။
တစ်ခုဥပမာပြရရင် automatic လက်နက်တွေကို အတိအလင်းတားမြစ်ထားပါတယ်။ ပုဂ္ဂလိကသေနတ်ပိုင်ရှင်တွေဟာ ယေဘူယျအားဖြင့် လိုင်စင်တစ်ခုလိုအပ်ပါတယ်။ လျှောက်ထားသူဟာ အနည်းဆုံး အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမယ်။ အုပ်ထိန်းမှုအောက်မှာရှိနေသူမဖြစ်ရသလို၊ ကိုယ်ကိုယ်တိုင် ဒါမှမဟုတ် တခြားသူတွေကို လက်နက်နဲ့ အန္တရာယ်ပေးနိုင်သူအဖြစ် မသင်္ကာစရာအကြောင်းအချက်မရှိသူလည်းဖြစ်ရမယ်။ အကြမ်းဖက်ပြစ်မှုတစ်ခု ဒါမှမဟုတ် အကြမ်းမဖက်ပြစ်မှုတွေအတွက် စီရင်ချက်တွေချခံထားရတဲ့ ပြစ်မှုမှတ်တမ်းမရှိရပါဘူး လို့ Library of Congress ဆွစ်သေနတ်ဥပဒေအစီရင်ခံစာအရဖော်ပြထားပါတယ်။ လိုင်စင်ဟာ ၆လ ကနေ ၉လအထိ တရားဝင်ပြီး လိုင်စင်တစ်ခုဟာ လက်နက်တစ်ခုတည်းအတွက်သာ အကျုံးဝင်တာပါ။ ဒါပေမဲ့ အပျော်တမ်းအမဲလိုက်သမားတွေအသုံးပြုကြတဲ့ rifle တွေနဲ့ semiautomatic ပြောင်းရှည်သေနတ်တွေကတော့ လိုင်စင်လိုအပ်ချက်တွေကနေ ကင်းလွတ်ခွင့်ရကြတယ်။
လိုင်စင်လျှောက်ထားတဲ့လိုအပ်ချက်မှာ သေနတ်ကုန်သည်တွေအတွက်သာလျှောက်ထားဖို့လိုအပ်ပြီး ပုဂ္ဂလိကရောင်းချသူတွေက ကင်းလွတ်ချက်ရှိတယ်။ ဥပဒေမှာတော့ ပုဂ္ဂလိကရောင်းချသူတွေအတွက် ဝယ်သူရဲ့ သက်သေခံကတ် (အထောက်အထား/ အသက်) ကို စစ်ဆေးအတည်ပြုဖို့လိုအပ်ပြီး၊ ဝယ်ယူလိုသူဟာ သေနတ်ပိုင်ဆိုင်ဖို့အရည်အချင်းပြည့်မီသူဖြစ်ဖို့ ယုံကြည်ရတဲ့သူမျိုးဖြစ်ဖို့ ရောင်းချသူက သတိထားရပါမယ်။ အဲဒီလိုအပ်ချက်တွေဟာ ယူအက်စ်ဖက်ဒရယ်ဥပဒေမှာတော့ ပုဂ္ဂလိကအရောင်းတွေအတွက် ကင်းလွတ်နေပါတယ်။ ကာကွယ်ရေးအကြောင်းပြချက်တွေနဲ့ သေနတ်တစ်လက်ကိုင်ဆောင်ထားသူတိုင်းအတွက် လိုင်စင်လုပ်ငန်းစဉ်တွေ လိုအပ်တယ်။ လျှောက်ထားသူဟာ ကိုယ်ကိုယ်တိုင်အတွက်နဲ့ တခြားသူတွေကို ကာကွယ်ဖို့ လိုအပ်ပုံကို သရုပ်ပြရှင်းလင်းရတဲ့ စာမေးပွဲအောင်မြင်ဖို့လိုအပ်တယ်။ ဒါပေမဲ့ အမဲလိုက်ခြင်းနဲ့ သေနတ်ပစ်ခွင့်ရှိတဲ့ဧရိယာထဲ ခရီးသွားခြင်းတို့လို "တရားဝင်ကိစ္စရပ်တွေ" အတွက် ကျည်ထည့်မထားတဲ့ လက်နက်သယ်ဆောင်ဖို့ အတွက် ကျည်က လက်နက်နဲ့ သီးခြားစီဖြစ်နေသရွေ့ သယ်ဆောင်ခွင့်လိုင်စင်မလိုအပ်ပါဘူး။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ယူအက်စ်ပြည်နယ်အနည်းစုမှာပဲ သယ်ဆောင်ခွင့်လိုင်စင်လိုအပ်တာပါ။ လက်တလောနှစ်တွေမှာ ဆွစ်ဇာလန်မှာ စစ်မှုထမ်းတွေ သူတို့ကိုယ်တိုင်နဲ့ တခြားသူတွေကို သူတို့ရဲ့လိုင်စင်ရလက်နက်တွေနဲ့ သတ်ဖြတ်မှုလို ဖြစ်ရပ်တွေ သိပ်များလာခဲ့ပြီးနောက် သေနတ်ဥပဒေတွေ ပြုပြင်ပြောင်းလဲဖို့လုပ်ဆောင်လာကြတယ်။ ၂၀၁၀မှာ ဥပမာဆိုရရင် စစ်မှုထမ်းတွေဟာ သူတို့ရဲ့ သေနတ်တွေကို လုံခြုံစိတ်ချရတဲ့လက်နက်သိမ်းဆည်းတဲ့နေရာမှာ ကိုယ့်သဘောဆန္ဒအလျောက်သိမ်းဆည်းကြဖို့ စည်းကမ်းပြင်ဆင်ခဲ့ပါတယ်။ ရဲ၊ တရားရုံးအဖွဲ့၊ ရှေ့နေတွေ ဒါမှမဟုတ် စစ်တပ်အုပ်ချုပ်ရေးအရာရှိတစ်ဦးဟာ စစ်မှုထမ်းတစ်ဦးရဲ့ လက်နက်ကို မရိုးမသားကိုင်ဆောင်/ ပြုပြင်တာ၊ အကြမ်းဖက်အန္တရာယ်ပေးတာမျိုးတွေ့ရှိခဲ့ရင် အဲဒီလက်နက်ကို သိမ်းယူနိုင်ပါတယ်။ နောက်ထပ် ဒဏ်ငွေနဲ့ အကျဉ်းချခံရခြင်းစတဲ့ ပြစ်ဒဏ်တွေ နောက်ဆက်တွဲခံယူရနိုင်ပါတယ်။
အန္တရာယ်ပေးနိုင်တဲ့လူတွေ လက်နက်သုံးခွင့်နည်းနိုင်သမျှနည်းအောင်၊ အများပြည်သူလုံခြုံရေး တိုးတက်စေအောင် တချို့ကန့်သတ်ချက်တွေမှာ ပြုပြင်ပြောင်းလဲတာတွေလုပ်နေပေမဲ့ ဆွစ်ဇာလန်ရဲ့ ကန့်သတ်ချက်တွေဟာ သေနတ်ပိုင်ဆိုင်မှုကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်လက်ခံဖို့ နေသားတကျဖြစ်နေတဲ့နိုင်ငံဆိုတာ ပြသနေတယ်။ ဒါပေမဲ့ သေနတ်နဲ့ လူသတ်/ သေဆုံးမှုတွေဖြစ်ပွားလာခဲ့တာ အမေရိကပြီးရင် ဒုတိယလိုက်နေတဲ့နိုင်ငံဆိုတာကတော့ အကျိုးအကြောင်းတိုက်ဆိုင်မှုမဖြစ်နိုင်ပါဘူး။ အဲဒီအခြေအနေမျိုးမှာတောင်မှ ဆွစ်ဟာ ယူအက်စ်ရဲ့ နှုန်းထက် လေးကြိမ်ပိုနည်းပါးနေသေးပါတယ်။ ။
Source: How gun control works in America, compared with 4 other rich countries | www.vox.com
(ဆက်ရန်) - သေနတ်ထိန်းချုပ်ရေးနဲ့ ဂျပန်
ဖြိုးဖြိုး
သေနတ်ဥပဒေတွေ ဘာကြောင့်အသက်မဝင်နိုင်ဖြစ်နေရလဲ
http://www.myworld-phyophyo.com/2016/02/blog-post_7.html
သေနတ်ထိန်းချုပ်ရေးနဲ့ အမေရိက
http://www.myworld-phyophyo.com/2016/02/blog-post_11.html
သေနတ်ထိန်းချုပ်ရေးနဲ့ ကနေဒါ
http://www.myworld-phyophyo.com/2016/02/blog-post_15.html
သေနတ်ထိန်းချုပ်ရေးနဲ့ ယူကေ
http://www.myworld-phyophyo.com/2016/02/blog-post_66.html
သေနတ်ထိန်းချုပ်ရေးနဲ့ ဂျပန်
http://www.myworld-phyophyo.com/2016/06/blog-post_11.html
သေနတ်ဥပဒေတွေ ဘာကြောင့်အသက်မဝင်နိုင်ဖြစ်နေရလဲ
http://www.myworld-phyophyo.com/2016/02/blog-post_7.html
သေနတ်ထိန်းချုပ်ရေးနဲ့ အမေရိက
http://www.myworld-phyophyo.com/2016/02/blog-post_11.html
သေနတ်ထိန်းချုပ်ရေးနဲ့ ကနေဒါ
http://www.myworld-phyophyo.com/2016/02/blog-post_15.html
သေနတ်ထိန်းချုပ်ရေးနဲ့ ယူကေ
http://www.myworld-phyophyo.com/2016/02/blog-post_66.html
သေနတ်ထိန်းချုပ်ရေးနဲ့ ဂျပန်
http://www.myworld-phyophyo.com/2016/06/blog-post_11.html
No comments:
Post a Comment
Thank you so much.
Have fun !