နယ်သာလန်စ်နိုင်ငံက Giethoorn မြို့လေးဟာ သိပ်လှတဲ့သဘာဝတရား၊ ရှေးကျအိုဟောင်းပေမဲ့ လှလွန်းတဲ့အဆောက်အဦပုံစံ၊ တူးမြောင်းတွေထဲမှာ လှေစီးနိုင်ပြီး ချစ်စရာပေါင်းမိုးသစ်သားတံတားလေးတွေမှာ လမ်းလျှောက်ရင်း အရောင်စုံဖူးပွင့်နေတဲ့ပန်းလှလှလေးတွေ ငေးမောကြည့်ရှုနိုင်ပါတယ်။ သိပ်ကိုရိုးရှင်းလှတယ်။ အနားယူအပမ်းဖြေဖို့အကောင်းဆုံး ခရီးပန်းတိုင်နေရာလေးမှာ ကားတွေရဲ့ ဆူညံသံတွေကင်းစင်နေမယ်။ ဘာကြောင့်လဲဆိုတော့ ခြေကျင်လမ်းသွားလမ်းလာများသာ သီးသန့်သတ်မှတ်ထားတဲ့ ရပ်ဝန်းလေးဖြစ်နေတာကြောင့်ပါ။ မြို့လေးကျော်ကြားလာခဲ့တာက ၁၉၅၈ နောက်ပိုင်းမှာပါ။ အထူးသဖြင့် ဒတ်ခ်ျရုပ်ရှင်ဒါရိုက်တာ Bert Haanstra ရိုက်ကူးခဲ့တဲ့သူ့ရဲ့ ကျော်ကြားခဲ့တဲ့ ရယ်ရွှင်ဖွယ်ဇာတ်မြူးရုပ်ရှင် Fanfare ကြောင့်ပါ။ Fanfare ကို Giethoorn မှာ ရိုက်ကူးခဲ့ပါတယ်။
တကယ်တော့ မြို့လေးမှာ စက်ဘီးစီးတဲ့ပတ်လမ်းလေးတွေအခုနောက်ပိုင်း ပေါင်းထည့်တာကလွဲလို့ လမ်းမရှိပါဘူး။ သယ်ယူပို့ဆောင်ရေးအားလုံးက တူးမြောင်းတွေထဲမှာ ရေလမ်းကြောင်းနဲ့ပဲ ဖြတ်သန်း အသုံးပြုကြတာမျိုးပါ။ မြို့လေးကို "မြောက်ပိုင်းက ဗင်းနစ်" "နယ်သာလန်စ်က ဗင်းနစ်" လို့ လူသိများကြတယ်။ ၁၃ ရာစုအစပိုင်းမှာ မြေထဲပင်လယ်က အခြေချနေထိုင်သူတွေ စတင်တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။ Giethoorn မှာ ပေါင်းမိုးတံတား ၁၈၀ ကျော်ရှိကြတယ်။ မြောင်ပိုင်းဗင်းနစ်မြို့လေး Giethoorn က ပေါင်းမိုးတံတားတွေရဲ့ ချစ်စရာအလှအပလေးတွေ ဖော်ပြပေးလိုက်ပါတယ်။ ။

Ref: wikipedia
ဖြိုးဖြိုး
(Living Fashion Magazine, August, 2016)
No comments:
Post a Comment
Thank you so much.
Have fun !