(မေမေ ပို့ပေးတဲ့ ဗုဒ္မနှင့် ဗုဒ္မဘာသာအကြောင်းစာများ)
Buddha 1
ဗုဒ္မ=သစ္စာလေးပါးတရားကိုသိမြင်သူ
ဒုက္ခသစ္စာ=ဆင်းရဲခြင်းအရင်းခံ အမှန်တရား ဖြစ်ခြင်းပျက်ခြင်း သဘောတရား
သမုဒယသစ္စာ=တဏှာ လောဘ၊ တပ်မက်တွယ်တာမှု နောင်ဖွဲ့ခြင်း သဘောတရား။
နိဂြောဓသစ္စာ=ဒုက္ခခပ်သိမ်းငြိမ်းအေးခြင်း သဘောတရား
မဂ္ဂသစ္စာ =ဒုက္ခသစ္စာ သမုဒယသစ္စာတို့  ချုပ်ငြိမ်းခြင်းသဘောတရား။
ဗုဒ္ဒသည် သစ္စာလေးပါး တရားကို ပိုင်းခြားသိမြင်တော်မူပြီး ညာဥ့်ဦးယံတွင်အသဝေါတရားကုန်ခမ်းတည်းဟူသော နိဗ္မာန်နဥာဏ်ကို ရရှိသည်။ သန်းခေါင်ယံတွင် အရာရာကို ထိုးထွင်းသိမြင်တည်းဟူ ဒိဗ္မစက္ခုဥာဏ်ကို ရသည်။မိုးသောက်ယံ
တွင် ရှေးဖြစ်ဟောင်း ဘ၀ပေါင်းများစွာကို ထွင်းဖေါက်သိမြင်ခြင်းတည်းဟူသော ပုဗ္မေနိဝါသညာဏ်ကိုရရှိပြီး လောကသုံးပါး၏ အတုမရှိ အနှိုင်းမဲ့  ဘုရားရှင်အဖြစ်သို့  ကဆုန်လပြည့်နေ့ တွင် ဆိုက်ရောက်တော်မူသည်။(ဗုဒ္မဘာသာကို မိရိုးဖလာကိုးကွယ်မှုထက် ကျော်လွန်ရွေ့  ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပြီးမှ လက်ခံပါ။ ဗုဒ္မကျင့်စဉ်များကို ( The arts of living ) = နေ့ စဉ် လူမှုဘ၀ဖြင့်
ယှဉ်တွဲကျင့်သုံးနိုင်ကြပါစေ။ ဥပမာ ၅ပါးသီလ ။ ဗြဟ္မာစိုရ်တရားလေးပါး။ မဂ္ဂင် ၈ ပါး စသည်…။
ဗုဒ္ဒ၀ါဒ “ လူ့ ဘ၀တည်ဆောက်မှု “ရှေးအတိတ်ကာလ ဘ၀ပေါင်းများစွာမှ ဆည်းပူးခဲ့သော ကုသိုလ် ၊အကုသိုလ်ကံ အကြောင်းတရားအခြေခံပြီး မိဘ၂ပါး၏ ပေါင်းစည်းမှု ဖြင့် လူအဖြစ် ရရှိရန် မိခင်ဝမ်းတွင် ပထမဦးစွာ ကာလလရေကြည်တည်သည်။ ထိုမှ အမြုပ် ၊ထိုမှ သားတစ် ၊ ထိုမှ ခက်မငါးဖြာ တည်းဟူသော ဦးခေါင်းခြေ လက် အင်္ဂါ နေရာ အတက်လေးများဖြစ်ပေါ်လာခဲ့ ။ ထိုမှ မျက်စိ ၊ နား ၊ နှာခေါင်း ၊လျှာ ၊ ကိုယ် စိတ် စသည် အဆင့်ဆင့် ဖြစ်ထွန်း ပေါ်ပေါက်သည်။ လူတိုင်း လူတိုင်း သည် မိမိ၏ ခန္မာကိုယ်ဖွဲ့ စည်းပုံ သဘောတရားကို ကြေညက်စွာသိထားဖို့ လိုသည်။ မိမိ၏ ခန္မာကိုယ်သည် ရုပ် +နာမ် နှစ်ပါးဖြင့် ဖွဲ့ စည်းတည်ဆောက်ထားသည်ကို သိနားလည်ရမည်။ ရုပ်၏သဘောတရားသည် အချမ်း အပူ စသည့်  သဘောတရားကြောင့် ဖေါက်ပြန်သောသဘောရှိ၏။ နာမ်၏ သဘောတရားသည် အာရုံတို့ တွင် ကိုင်းညွှတ်သော သဘောရှိ၏။ ခန္ခာကိုယ်၏ရုပ်တရားဖြစ်မှုမှာ ဦးခေါင်း ၊ခြေလက် ၊မျက်စိ၊နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်စိတ်စသည် ဖြစ်ပြီး ခန္ခာကိုယ်၏ နာမ်တရားဖြစ်မှုမှာ စိတ်တရားနှင့် စေတသိတ်တရားတို့ ဖြစ်၏။ ဗုဒ္မသည် မိမိခန္ဒာကိုယ်ကို ကျှ်သို အကြမ်းအားဖြင့်  ၅ပါးပိုင်းခြား၏။
(၁) ရူပက္ခန္မာ= ရုပ်အဖွဲ့ အစည်းအစု။ (၂) ၀ိဥာဏက္ခန္မာ=စိတ်အဖွဲ့ အစည်းအစု။ (၃) သညက္ခန္မာ= မှ တ်သားမှု့ အဖွဲ့အစည်းအစု။(၄) ဝေဒနက္ခန္မာ= ခံစားမှု အဖွဲ့ အစည်းအစု (၅)သင်္ခါရက္ခန္မာ=ပြုပြင်စီရင်မှု အဖွဲ့ အစည်း အစု။ တို့ ဖြစ်သည်။ကျှ်သို့ ဖြင့် ၅ပါးသော အဖွဲ အစည်းများဖြင့် ပေါင်းစု တည်ဆောက်ထားသော မိမိ ခန္ခာအိမ်သည် ရုပ် +နာမ် ၂ပါး သာဖြစ်ရွေ့  စဉ်ဆက်မပြတ် ဖေါက်ပြန်ပြောင်းလွဲ နေသော အစုအဝေးတခုသာ ဖြစ်သည်ဟု စွဲမြဲစွာမှတ်ယူထားရမည်။
စိတ် တရားသည် အာရုံကို သိတတ်သော သဘောရှိရွေ့  ပင်ကိုယ်အားဖြင့် ပြိုးပြက် ဖြူစင်သည့် သဘောရှိသည်။ မိမိကိုယ်တိုင်ရပ်တည်မှုရှိ၏။
စေတသိတ်မူကား မိမိကိုယ်တိုင် ရပ်တည်နိုင်ခြင်းမရှိ စိတ်ကို မှီတွယ်ဖြစ်ရသော သဘောရှိပြီး ပင်ကိုယ်အားဖြင့် ဖြူစင်နေသော စိတ်ကို အမျိုးမျိုး ဆေးဆိုးပေးလေ့ရှိသည်။ ထို့ ကြောင့် မကောင်းသောစိတ် ၊ကောင်းသောစိတ် စသည် ပြောင်းလဲ ဖြစ်ပေါ်တတ်သည်။
ဆက်ရန်။
Florist မှပေးပို့ သည် ။
-------------------------------------------------
Buddha 2
ဗုဒ္မ= သစ္စာလေးပါးတရားကို ပိုင်းခြားသိမြင်ပြီးသူ။ ပထမ ညဥ့် ဦးယံတွင် အာသ၀က္ခယညာဏ် ။ သန်းခေါင်ယံတွင် ဒိဗ္မစက္ခုဥာဏ်။ မိုးသောက်ယံတွင် ပုဗ္မေနိဝါသဥာဏ် ။ထိုမှ သဗ္မညုတ ဥာဏ်ကို ရရှို ရွေ့  ကဆုန်လပြည့် သောကြာနေ့ ဝယ် အတုမရှိ ဘုရားရှင် အဖြစ်သို့  ဆိုက်ရောက်တော်မူသည်။ သစ္စာလေးပါး။= ၁။ ဒုက္ခသစ္စာ၊ ဆင်းရဲခြင်း အရင်းခံသော ဖြစ်ပျက်တရားကို ပိုင်းခြားသိမြင်ခြင်း။ ၂။သမုဒယသစ္စာ=ဒုက္ခဖြစ်ကြောင်း အရင်းခံသည့် တဏှာ၊လောဘ၊ တပ်မက်ခြင်း။တွယ်တာနှောင်ဖွဲ့ မှု ကင်းခြင်း။ နိဂြောဓ သစ္စာ= ဒုက္ခခပ်သိမ်း ငြိမ်းခြမ်းခြင်း။၎။မဂ္ဂသစ္စာ= ဒုက္ခသစ္စာချုပ်ကြောင်း ၊ သမုဒယသစ္စာ ကင်းကြောင်း အမှန်ကို သိမြင်ခြင်း။
ကံစီမံရာဟု ဆိုလေ့ရှိသော်လည်း ထိုကံကို မိမိကသာဖန်တီး ပြုမူခြင်းဖြစ်သည်။ ကံ= ပြု လုပ်သောအမှု = မိမိကိုယ်တိုင် ပြုလုပ်သောအမှု ။ ကံဆိုသည်မှာ သာမန်အပြုအမူ သက်သက်မဟုတ်။ စေတနာပါသည့် စေတနာကို အခြေခံသည့် အပြုအမူ ဖြစ်သည်။
မိလိန္ဒမင်းအား ရှင်နာဂသိန်က လူ့ ဘ၀၏ ဖြစ်တည်မှုကို သရက်စေ့ ၊သရက်သီး ၊သရက်ပင် တို့ ၏ဆက်နွယ် ပတ်သက်မှုနှင့် ဥပမာပြု နှိုင်းယှဉ်ပြသခဲ့သည်။ သရက်ပင်သည် သရက်သီး ၊ သရက်စေ့နှင့်အကြောင်းမကင်းသဖြင့် ကြောင်းကျိုး ဆက်စပ် ရှင်သန်နေသကဲ့ သို့  ဘ၀သစ်ဖြစ်သူသည် ဘ၀ဟောင်းက သူမဟုတ်။ သီးခြားကင်းလွတ်နေသူ
“ အခြားတယောက်လည်းမဟုတ်။ အကြောင်းမကင်းကြသဖြင့် ၊ ဆက်စပ်မှုရှိနေသော လက်ရှိဘ၀မှ စုတိစိတ်ကျသည်နှင့် ဘ၀သစ်တွင် ချက်ခြင်း ဇာတိဖြစ်လာသူတည်း။ လူ့ဘ၀သည်သံသရာဆိုသည့်အတိုင်း တဘ၀ပြီး တဘ၀ ဆက်လက်ဖြစ်တည်နေသည်။ အမှန်ကိုမသိမြင်သေးသော မိမိ၏ အ၀ိဇ္ဒာကြောင့် ကုသိုလ်ကံ အကုသိုလ်ကံ တည်းဟူသော သင်္ခါရ ပြုပြင်စီရင်မှု ကြောင့် ပဋိသန္ဒေစိတ်ဟူသော ၀ိညာဏ်ဖြစ်ပေါ်သည်။ ၀ိညာဏ်နှင့်အတူ စေတသိတ်ဟူသော နာမ်သဘာဝ။ ၊ကမ္မဇရုပ်ဟူသောရုပ်သဘာဝများဖြစ်ပေါ်သည်။ ထိုရုပ်နာမ်ကြောင့် မျက်စေ့။နား။နှာခေါင်း ။လျှာ။ ကိုယ် ။စိတ်။ခြေ ။လက် အ၈င်္ါ ဖြစ်ပေါ်သည်။ ထိုမှ မွေးဖွား ။ကလေး။လူငယ်။လူကြီး။ ဘ၀ရောက်ရှိ။ အာရုံအသီးသီး ခံစား၊ ဖသဖြစ် ပျော်ရွှင် ကျေနပ် အားရ ။ ၀မ်းနည်းဝမ်းသာ။ခံစားမှုပေါင်းစုံ ဖြစ်လာသည်။ထိုမှ တပ်မက်မှု ၊တွယ်တာနှောင်ဖွဲ့ မှု ၊ တဏှာဝင်ရောက်သည်။ ထိုမှ စွဲလန်း တမ်းတမှုကြောင့် ဥပါဒါန်ဖြစ်သည်။ ထိုမှ ကြိုးပမ်းအားထုတ်မှု ကုသိုလ် အကုသိုလ် ကံကြောင့် ကမ္မဘ၀ဖြစ်လာသည်။ ထိုမှ ကောင်းကျိုး ဆိုးကျိုး အတူတွဲရွှေ့ ဥပပတ္တိဘ၀လည်သည်။ အခါအားလျှော်စွာ အိုခြင်း နာခြင်း သေခြင်းတရားကပ်ပါလာသည်။ မျက်မှောက်ဘ၀မှာပင် မိမိထူထောင်ခဲ့သော ကုသိုလ် အကုသိုလ်ကံက ကမ္မဘ၀ကိုပြန်လည်ထူထောင်သည်။ ထိုကမ္မဘ၀ကြောင့် တမလွန်ဘ၀တွင် ပဋိသန္ဒေနေခြင်းတည်းဟူသော ဇာတိပြန်ဖြစ်လာသည်။ ဇာတိမှ ၀ိဥာဏ် နာမ်ရုပ် အယတန ၊တဏှာ၊ ဥပါဒါန် ကံ ၊ကုသိုလ်ကံ ၊အကုသိုလ်ကံ ကြောင့် ကမ္မဘ၀ထူထောင်ပြန်သည်။ ထိုမှ ဓမ္မတာသဘောတရားအရ အို နာသေဖြစ်ပေါ်ပြီး တဘ၀ဆုံးပြန်သည်။ ဘ၀အသစ်ဖြစ်ပေါ်လာပြန်သည်။ သို့ ဖြင့် ဇာတိ ၊ဇယာ၊ ဗျာဓိ ၊မရဏာ တို့  အဆက်မပြတ် ဒလစပ် ကူးပြောင်း ဖြစ်ပေါ်ရခြင်းကို ဘ၀သံသရာ (ပဋိစ္စ သမ္မုပါဒ်) ကျိုးကြောင်းဆက်စပ်လည်ပတ်ခြင်းဟုခေါ်သည်။ မည်သည့် နတ်ဒေ၀တာ မည်သည့် ဘုရားကမှ ပြုပြင်စီရင် ဖန်ဆင်းသည်မဟုတ်ကြောင်း အမှန်တရားကို သိမြင်နိုင်ရမည်။ သတ္တ၀ါတခု ကံ တခု မိမိပြုသည်အမှန်။ ကံ =မိမိပြုလုပ်သောအမှု =ကံအဖြစ်ထမြောက်သော ကောင်းကံ ဆိုးကံ တို့ သည် အခွင့်သင့်လျင် သင့်သလို ကောင်းကျိုး ဆိုးကျိုးကို ပေးသည်။ ဒိဋ္ဌဓမ္မ ဝေဒနိကကံ= မျှက်မှောက်ဘ၀မှာပင်အကျိုးပေးသည်။
ဥပပဇ္မ ဝေဒနိကကံ =နောက်ဘ၀မှာမှ အကျိုးပေးသည်။ အပရာပရိက ဝေဒနိကကံ =နောင်တချိန်ချိန်တွင် ဘ၀ တခုခုတွင်မှ အကျိုးပေးသည်။အဟောသိကံ = ကံကိုက အားပျော့လွန်းသဖြင့် အကျိုးပေးရန် အခွင့် မကြုံခြင်း။
ဇာနကကံ= ပဋိသန္ဒေ နေစဉ်ကာလဖြစ်စေ သက်ရှိထင်းရှားစဉ်ဖြစ်စေ။ဆိုင်ရာ ဆိုင်ရာ အကျိုးပေးတတ်ခြင်း။
ဥပတမ္ဘကကံ=အချို့ ကံသည် တိုက်ရိုက်အကျိုးမပေးဘဲ အခြားကံ၏ ဖြစ်ပေါ်ပြီးသော အကျိုးကို အထောက်အပံ့  ပေးခြင်း။
ဥပပိဠကကံ=အချို့ ကံသည် တခြားကံ၏အကျိုးပေးမှုကို တားဆီးထားခြင်း။ ဥပစ္ဆေဒကကံ= အချို့ ကံသည် အားနည်းသည့် အခြားကံ၏ အရှိန်အ၀ါကို ချေဖျက်၍ ရုတ်တရက် မိမိအကျိုးကို ဖြစ်ထွန်းစေခြင်း။ ဂရုကကံ= အမိအဘကို ပြစ်မှားသောကံ ။
အာစိဏ္ကကကံ = အလေ့အကျင့်ရှိသော ပြုလေ့ ပြုထရှိသောကံ။ အာသန္ဒကံ= သေခါနီးဖြစ်ပေါ်သော ကုသိုလ် အကုသိုလ်ကံ။မရဏကံ =ယခင်ပြုဖူးသော စေတနာကံ၏ ရောင်ပြန်ဟပ်မှုကြောင့်ကမ္မနိမိတ် ၊အနာ၈ါတ်အကျိုးပေး ဂတိနိမိတ် ၊ဖြစ်ပြီး ထို မရဏသန္ဒက့သည် နောက်ဘ၀အတွက် ဇာတ်ကို ဖြစ်ပေါ်စေသည်။ကဋတ္တာကံ =ဘ၀အဆက်ဆက် ကြွင်းကျန်နေသောကံ။အတိတ်ကံ=ပဋိသန္ဒေစိတ်ကို အကျိုးပေးသည်။ ကျှ်သို့  ခြားရဟပ်ပမာ လည်ပတ်နေမှုကို မပြတ် သတိရှိ ဆင်ချင် နိုင်ကြပါစေ။ ဗုဒ္ဒ၏ အနှစ်ပါသောတရားကို ကိုယ်ပိုင်ဥာဏ်ဖြင့် ဝေဖန်ပိုင်းခြား သိမြင်တတ်ကြပါစေ။
Florist မှပေးပို့ သည်။
-------------------------------------------------
Buddha 3
ဗုဒ္မသည် ဖန်ဆင်းရှင်မဟုတ်ပေ။ ဗုဒ္မသည် teachings ပေးသူဖြစ်သည်။ သူသည်လူသားစင်စစ်ဖြစ်၍ မိခင် ဖခင်ရှိသည်။ ကိုယ်တိုင် လက်တွေ့ စမ်းသပ်ခွင့်ရှိသည်။ အခြေခံကျသော မဂ္ဂင်ရှစ်ပါးရှိသည်။ ၄င်းတို့ မှာ…အောက်ပါအတိုင်းဖြစ်သည်။
(1) Right Thought
(2) Right View
(3) Right Speech
(4) Right Action
(5) Right Livelihood
(6) Right Effort
(7) Right Mindfulness
(8) Right Concentration တို့ု့ဖြစ်သည်။
ဗုဒ္မဘာသာဆိုသည်မှာ စိတ်ကို ငြိမ်အောင် ၊ သို့ မဟုတ် ငြိမ်းအေးအောင် ပြုရန်သင်ကြားသည်။ အခါမလပ် ကျင့်ကြံအားထုတ်နိုင်သည်။ သူတပါးယုံခိုင်းတိုင်းယုံရသည်မဟုတ်။
ကိုယ်တိုင် အားထုတ်မှ understanding ဖြစ်မည်။ realization ဖြစ်မည်။ အပြောမဟုတ်။
လက်တွေ့ ကျင့်ကြံအားထုတ်နိုင်ခွင့်ရှိသဖြင့် နိုင်ငံခြားသားများက သဘောတွေ့ နေကြခြင်းဖြစ်သည်။
တရားအားထုတ်သောအခါ စိတ်သည် ပျံလွင့်ခြင်းမရှိ ငြိမ်သက်နေရမည်။ စိတ်သည် မှတ်ခိုင်းတာသာသိပြီး အမှတ်မှ လွတ်ထွက်မသွားလျှင် မောဟကင်းမဲံ့နေပါမည်။ မောဟမရှိပါက လောဘ မဖြစ်တော့ပါ။ ဒေါသ မဖြစ်တော့ပါ။ အမြဲ ပစ္စုပ္မန်ကိုသာ ရှေ့ ရှူ နေပါက လောဘ ။ဒေါသ ။ မောဟ မ၀င်ပါ။
မှန်ကန်စွာ နှလုံးသွင်းတတ်ဖို့ လိုပါသည်။ အရာရာတွင် ငါ ထည့်ပြီး subjectively မကြည့်ဘဲ ငါမပါဘဲ objectively ကြည့်တတ်ဖို့ လိုပါသည်။ ငါဆိုသည်မှာတည်မြဲသည်မဟုတ်ပါ။
ဗုဒ္မဘာသာဝင်ဖြစ်ရသည်မှာ လူဖြစ်ရကျိုးနပ်ပါသည်။ လောဘ ဒေါသ မောဟနည်းအောင်လေ့ကျင့်ပေးသည့် ဘာသာဖြစ်၍ ဗုဒ္မသာသနာမှာလူလာဖြစ်ရသည်မှာ ကုသိုလ်အလွန်ထူးပါသည်။ အောက်ခြေအဆင့်တွင်ရှိသော ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းနိုင်လျှင်ပင် တန်ဘိုးအလွန်ရှိသောလူ လူပြီသသောလူ ဖြစ်မည်မလွဲပါ။
ယနေ့  ကမ္ဘာကြီးသည် ပူလောင်နေသည်။ ပူလောင်နေသော ကမ္ဘာကြီးကို ငြိမ်းအေးအောင် ဗုဒ္မ၏ လက်တွေ့ကျသော ဓမ္မနည်းဖြင့်သာ ကုစား နိုင်ပါသည်။
ငါပါးသီလကို မြဲအောင် ထိန်းသိမ်းကြည့်ပါ။
Florist , on 28/5 /2010 , at 7;50pm
-------------------------------------------------
Buddha4
ဗုဒ္မသည် သူ၏ သာသနာကို နှစ်ပေါင်း ၂၅၀၀နှစ်ခန့် သတ်မှတ်ခဲ့သော်လည်း ယခုအခါ ဗုဒ္မ၏ ရဟန်းတော်များ ဆင့်ပွားပြုစုမှုကြောင့် နှစ်ပေါင်း၂၅၀၀ ကျော်ခဲ့ပြီဖြစ်သည်။ဗုဒ္မ ပရိနိဗ္ဖာန်စံဝင်ပြီးနောက် သာသနာတော်သည် မှိန်ခဲ့ တခါ သာချီတလှဲ့  ငှက်ခါးပျံသလို နိမ့်တုံ မြင့်တုံ ရှိခဲ့၏။ ဂိုဏ်ကွဲးများလည်း ပေါ်ထွန်းလာသည်။ ရံခါ အုပ်စိုးသူတို့ က လိုလိုလားလားရှိခဲ့ သော်လည်း ရံခါ ရဟန်းတော်များ နှိပ်စက်သတ်ဖြတ်ခံရသည်လည်းရှိသည်။ သို့ ရာတွင် ဗုဒ္မဘာသာဝင်တို့ က အခြားဘာသာဝင်တို့ ကို ယနေ့ အထိ သတ်ဖြတ်ညှင်းဆဲမှုများ နှိပ်စက် ကလူ ပြုမူခြင်းများ တုံ့ ပြန်လက်စားချေခြင်းများ တစုံတရာ မပြုမူခဲ့ ကြပါ။
ဗုဒ္မဘာသာသည် အိန္ဒယနိုင်ငံတွင် စတင်ခဲ့သော်လည်း ဟိန္ဒူ ယဉ်ကျေးမှုဓလေ့ထုံးစံမျာနှင့် တူညီမှု ရှိသဖြင့် ဟိန္ဒူများအကြား ဗုဒ္မသာသာနာ မှေးမှိန် ပျောက်ကွယ်ခဲ့ရသည်။နောင်အခါ သီရိဓမ္မာသောက မင်းကြီးသည် ဗုဒ္မသာသနာကို ပျံ့ ပွားထွန်းလင်းအောင် ဆောင်ရွက်နိုင်ခဲ့ သည်။
ဗုဒ္မ ပရိနိဗ္မာန်စံဝင်၍် တေဇောဓါတ်လောင်ကျွမ်းတော်မူပြီး သုံးလအလွန်တွင် ဗုဒ္မ၏ ပညတ်ချက်များကို လိုတိုးပိုလျှော့ လုပ်လိုသူ ဒေ၀ဒတ်၏ လက်ကျန်ဂိုဏ်းသားများအန္တာရယ်ကြောင့် ရှင်မဟာကဿပ အမှူးပြုသော ရဟန်းတော် (၅၀၀)သည် ရှေးဦီးးစွာ သင်္ဂါယနာ တင်ခဲ့ ကြသည်။(သင်္ဂါယနာတင်= စုပေါင်းရွတ်ဆိုခြင်း=ဘုရားဟောကျမ်းဂန်များကို စုပေါင်းညှိနှိုင်းတည်းဖြတ်၍ အများသဘောတူ အတည်ပြုခြင်း )
ဗုဒ္မ၏ ပိဋက သုံးပုံ (တရားဒေသနာများ) ကိုရဟန်းတော်များက အာဂုံဆောင်ခြင်းဖြင့် ဆင့်ပွား ထိန်းသိမ်း ဖြန့် ဖြူးခဲ့ကြသည် ။
ထေရ၀ါဒဂိုဏ်း= တောင်ပိုင်း ဗုဒ္မဘာသာဂိုဏ်း =ဗုဒ္မ၏ နှုတ်မြွက်တရားတော်တို့ ကို တစုံတရာပြင်ဆင် ထုတ်နှုတ်ဖြည့်စွက်ခြင်းမရှိ အရှိ
ကိုအရှိအတိုင်းထား သည်။( ထေရ၏ အဓိပ္မါယ်မှာ အနည်းဆုံး(၁၀)၀ါရ သီလသမာဓိနှင့်ပြည်စုံပြီးသော ရဟန်းတော်များ ဟု ဆိုလိုသည်။ )
ဗုဒ္မကို အမြဲ ကန့် လန့် တိုက်ခဲ့ သော ဒေ၀ဒတ်၏ နောက်လိုက်များကစ၍ ဂိုဏ်ကွဲများတည်ထောင်လာရာ ထိုမှ ဂိုဏ်းပေါင်းများစွာ ဖြာထွက်သွားသည်။ အဓိကအားဖြင့် တောင်ပိုင်း ထေရ၀ါဒဂိုဏ်းနှင့် နှင့်မြောက်ပိုင်း မဟာယနဂိုဏ်း ဟူ၍ နှစ်မျိုးကွဲသည်။ မဟာယာန ဆိုသည်မှာ ကြီးမြတ်သော
နိဗ္မာန်ယဉ် ဟု အဓိပ္မာယ်ရသည်။ နိဗ္ဖာန်သို့  ပို့ ဆောင်သောယာဉ်ဟု ဆိုလိုသည်။မဟာယာနသည် သင်္ကန်းကို ရုံသော်လည်း လူဝတ်ကြောင်နှင့် များစွာမခြားလှချေ။
ဝိနည်းသိက္ခာကိုမလေးစား။သဘောတရားမခိုင်မာ။လိုက်လျောညီထွေ ပြုတတ်သည်။
အနောက် မဇ္ဈိမဒေသမှ (အိန္ဒိယဘုရင် ) သီရိဓမ္မာသောက (အာသောက) မင်းကြီးသည် မိမိဘခင် ကိုးကွယ်ဆည်းကပ်သော မဟာယန ဂိုဏ်းသားတို့ ၏ အမူအကျင့်ကို စက်ဆုတ်ရွှံရှာသဖြင့် တူတော်စပ်သူ နိဂြောဓ သာမဏေ၏ အဆုံးအမ ကိုခံယူကာ ဗုဒ္မဘာသာဝင်ဖြစ်လာသည်။
သူသည် အမျှော်အမြင်ကြီးသူဖြစ်၍ ဗုဒ္မသာသနာကို ကမ္ဘာတ၀ှမ်း ပျံ့ နှံ့ စေရန် သားတော် မဟိန္ဒနှင့် သမီးတော် သင်္ဂမိတ္တာတို့ကို သာသနာဘောင်သို့ သွတ်သွင်းချီးမြှင့်ပြီး သာသနာပြုစေလွှတ်သည်။ သူသည် တိထ္ထိတို့ ကို နှိမ်နင်း၍ ကိုးတိုင်းကိုးဋ္ဌာနသို့  သာသနာပြုစေလွှတ်ခသာ မင်းဖြစ်သည်။ ယခု ကမ္ဘောဒီးယား၊ လာအိုစ်၊ ယိုးဒယား ၊ ဟိမ၀န္တာ၊ လင်္ကာဒီပ သီဟိုရ်ကျွန်း၊ သုဝဏ္ကသထုံပြည်၊ တရုပ်ပြည်၊ ပါကစ္စတန်၊အဖဂန်နစ္စတန် ပါဝင် သည်။ သူသည် ဇဗ္မူထိပ်တ၀ှမ်းတွင် စေတီပေါင်း ၈၄၀၀၀ ၊ ရေကန်ပေါင်း၈၄၀၀၀၊ ကျောင်းတိုက်ပေါင်း၈၄၀၀၀တို့ကို တည်ထား ပေးလှူခဲ့ သော အတုမရှိ ဘုရင်မင်းမြတ်တပါးဖြစ်သည်။(မကြာသေးခင်က အာဖဂန်နစ္စတန်တွင်ေုဒ္မရုပ်ပွားတော်ကြီးကို တာလီဘန်များဖျက်ဆီးခဲ့ သဖြင့် တာဝန်ရှိသူတို့ က အသစ်ပြင်ဆင်မွှန်းမံခဲ့ကြသည်)
ဂိုဏ်း ကွဲများမှိုလိုပေါက်နေခဲ့ သော်လည်းေုဒ္မသာသနာတေိာသည် အားကောင်းသောဆီမီးတိုင်ကြီးသဘွယ် ထွန်းလင်းတောက်ပလျှက်ေုဒ္မကိုယ်တော်တိုင် စတင်ထွန်းညှိ ခဲ့၍ ရှင်သာရိပုတ္တရာကဲ့ သို့  သော ရဟန်းတော်များ ဆက်လက်အားဖြည့် ဆီလောင်းခဲ့ကြသဖြင့် ယခုထက်တိုင် ၀င်းလက်နေဆဲ ဖြစ်သည်။ လူသတ်မှုများကို ကျူးလွန်နေကြသောနိုင်ငံများတွင်ေုဒ္မသာသနာပြန့် ပွားထွန်းကား နိုင်ပါက အမှန်တကယ် ကမ္ဘာကြီးသည် ငြိမ်းချမ်းမှုကို ရရှိနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။ ။
Florist on 3 / 6 / 10 at 6pm
ဗုဒ္မသည် သူ၏ သာသနာကို နှစ်ပေါင်း ၂၅၀၀နှစ်ခန့် သတ်မှတ်ခဲ့သော်လည်း ယခုအခါ ဗုဒ္မ၏ ရဟန်းတော်များ ဆင့်ပွားပြုစုမှုကြောင့် နှစ်ပေါင်း၂၅၀၀ ကျော်ခဲ့ပြီဖြစ်သည်။ဗုဒ္မ ပရိနိဗ္ဖာန်စံဝင်ပြီးနောက် သာသနာတော်သည် မှိန်ခဲ့ တခါ သာချီတလှဲ့  ငှက်ခါးပျံသလို နိမ့်တုံ မြင့်တုံ ရှိခဲ့၏။ ဂိုဏ်ကွဲးများလည်း ပေါ်ထွန်းလာသည်။ ရံခါ အုပ်စိုးသူတို့ က လိုလိုလားလားရှိခဲ့ သော်လည်း ရံခါ ရဟန်းတော်များ နှိပ်စက်သတ်ဖြတ်ခံရသည်လည်းရှိသည်။ သို့ ရာတွင် ဗုဒ္မဘာသာဝင်တို့ က အခြားဘာသာဝင်တို့ ကို ယနေ့ အထိ သတ်ဖြတ်ညှင်းဆဲမှုများ နှိပ်စက် ကလူ ပြုမူခြင်းများ တုံ့ ပြန်လက်စားချေခြင်းများ တစုံတရာ မပြုမူခဲ့ ကြပါ။
ဗုဒ္မဘာသာသည် အိန္ဒယနိုင်ငံတွင် စတင်ခဲ့သော်လည်း ဟိန္ဒူ ယဉ်ကျေးမှုဓလေ့ထုံးစံမျာနှင့် တူညီမှု ရှိသဖြင့် ဟိန္ဒူများအကြား ဗုဒ္မသာသာနာ မှေးမှိန် ပျောက်ကွယ်ခဲ့ရသည်။နောင်အခါ သီရိဓမ္မာသောက မင်းကြီးသည် ဗုဒ္မသာသနာကို ပျံ့ ပွားထွန်းလင်းအောင် ဆောင်ရွက်နိုင်ခဲ့ သည်။
ဗုဒ္မ ပရိနိဗ္မာန်စံဝင်၍် တေဇောဓါတ်လောင်ကျွမ်းတော်မူပြီး သုံးလအလွန်တွင် ဗုဒ္မ၏ ပညတ်ချက်များကို လိုတိုးပိုလျှော့ လုပ်လိုသူ ဒေ၀ဒတ်၏ လက်ကျန်ဂိုဏ်းသားများအန္တာရယ်ကြောင့် ရှင်မဟာကဿပ အမှူးပြုသော ရဟန်းတော် (၅၀၀)သည် ရှေးဦီးးစွာ သင်္ဂါယနာ တင်ခဲ့ ကြသည်။(သင်္ဂါယနာတင်= စုပေါင်းရွတ်ဆိုခြင်း=ဘုရားဟောကျမ်းဂန်များကို စုပေါင်းညှိနှိုင်းတည်းဖြတ်၍ အများသဘောတူ အတည်ပြုခြင်း )
ဗုဒ္မ၏ ပိဋက သုံးပုံ (တရားဒေသနာများ) ကိုရဟန်းတော်များက အာဂုံဆောင်ခြင်းဖြင့် ဆင့်ပွား ထိန်းသိမ်း ဖြန့် ဖြူးခဲ့ကြသည် ။
ထေရ၀ါဒဂိုဏ်း= တောင်ပိုင်း ဗုဒ္မဘာသာဂိုဏ်း =ဗုဒ္မ၏ နှုတ်မြွက်တရားတော်တို့ ကို တစုံတရာပြင်ဆင် ထုတ်နှုတ်ဖြည့်စွက်ခြင်းမရှိ အရှိ
ကိုအရှိအတိုင်းထား သည်။( ထေရ၏ အဓိပ္မါယ်မှာ အနည်းဆုံး(၁၀)၀ါရ သီလသမာဓိနှင့်ပြည်စုံပြီးသော ရဟန်းတော်များ ဟု ဆိုလိုသည်။ )
ဗုဒ္မကို အမြဲ ကန့် လန့် တိုက်ခဲ့ သော ဒေ၀ဒတ်၏ နောက်လိုက်များကစ၍ ဂိုဏ်ကွဲများတည်ထောင်လာရာ ထိုမှ ဂိုဏ်းပေါင်းများစွာ ဖြာထွက်သွားသည်။ အဓိကအားဖြင့် တောင်ပိုင်း ထေရ၀ါဒဂိုဏ်းနှင့် နှင့်မြောက်ပိုင်း မဟာယနဂိုဏ်း ဟူ၍ နှစ်မျိုးကွဲသည်။ မဟာယာန ဆိုသည်မှာ ကြီးမြတ်သော
နိဗ္မာန်ယဉ် ဟု အဓိပ္မာယ်ရသည်။ နိဗ္ဖာန်သို့  ပို့ ဆောင်သောယာဉ်ဟု ဆိုလိုသည်။မဟာယာနသည် သင်္ကန်းကို ရုံသော်လည်း လူဝတ်ကြောင်နှင့် များစွာမခြားလှချေ။
ဝိနည်းသိက္ခာကိုမလေးစား။သဘောတရားမခိုင်မာ။လိုက်လျောညီထွေ ပြုတတ်သည်။
အနောက် မဇ္ဈိမဒေသမှ (အိန္ဒိယဘုရင် ) သီရိဓမ္မာသောက (အာသောက) မင်းကြီးသည် မိမိဘခင် ကိုးကွယ်ဆည်းကပ်သော မဟာယန ဂိုဏ်းသားတို့ ၏ အမူအကျင့်ကို စက်ဆုတ်ရွှံရှာသဖြင့် တူတော်စပ်သူ နိဂြောဓ သာမဏေ၏ အဆုံးအမ ကိုခံယူကာ ဗုဒ္မဘာသာဝင်ဖြစ်လာသည်။
သူသည် အမျှော်အမြင်ကြီးသူဖြစ်၍ ဗုဒ္မသာသနာကို ကမ္ဘာတ၀ှမ်း ပျံ့ နှံ့ စေရန် သားတော် မဟိန္ဒနှင့် သမီးတော် သင်္ဂမိတ္တာတို့ကို သာသနာဘောင်သို့ သွတ်သွင်းချီးမြှင့်ပြီး သာသနာပြုစေလွှတ်သည်။ သူသည် တိထ္ထိတို့ ကို နှိမ်နင်း၍ ကိုးတိုင်းကိုးဋ္ဌာနသို့  သာသနာပြုစေလွှတ်ခသာ မင်းဖြစ်သည်။ ယခု ကမ္ဘောဒီးယား၊ လာအိုစ်၊ ယိုးဒယား ၊ ဟိမ၀န္တာ၊ လင်္ကာဒီပ သီဟိုရ်ကျွန်း၊ သုဝဏ္ကသထုံပြည်၊ တရုပ်ပြည်၊ ပါကစ္စတန်၊အဖဂန်နစ္စတန် ပါဝင် သည်။ သူသည် ဇဗ္မူထိပ်တ၀ှမ်းတွင် စေတီပေါင်း ၈၄၀၀၀ ၊ ရေကန်ပေါင်း၈၄၀၀၀၊ ကျောင်းတိုက်ပေါင်း၈၄၀၀၀တို့ကို တည်ထား ပေးလှူခဲ့ သော အတုမရှိ ဘုရင်မင်းမြတ်တပါးဖြစ်သည်။(မကြာသေးခင်က အာဖဂန်နစ္စတန်တွင်ေုဒ္မရုပ်ပွားတော်ကြီးကို တာလီဘန်များဖျက်ဆီးခဲ့ သဖြင့် တာဝန်ရှိသူတို့ က အသစ်ပြင်ဆင်မွှန်းမံခဲ့ကြသည်)
ဂိုဏ်း ကွဲများမှိုလိုပေါက်နေခဲ့ သော်လည်းေုဒ္မသာသနာတေိာသည် အားကောင်းသောဆီမီးတိုင်ကြီးသဘွယ် ထွန်းလင်းတောက်ပလျှက်ေုဒ္မကိုယ်တော်တိုင် စတင်ထွန်းညှိ ခဲ့၍ ရှင်သာရိပုတ္တရာကဲ့ သို့  သော ရဟန်းတော်များ ဆက်လက်အားဖြည့် ဆီလောင်းခဲ့ကြသဖြင့် ယခုထက်တိုင် ၀င်းလက်နေဆဲ ဖြစ်သည်။ လူသတ်မှုများကို ကျူးလွန်နေကြသောနိုင်ငံများတွင်ေုဒ္မသာသနာပြန့် ပွားထွန်းကား နိုင်ပါက အမှန်တကယ် ကမ္ဘာကြီးသည် ငြိမ်းချမ်းမှုကို ရရှိနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။ ။
Florist on 3 / 6 / 10 at 6pm
Buddha 5
စကော့တလန်ပြည် အီဒင်ဘာရာမြို့  ၊ ကွင်းန် မာဂရက် တက္ကသိုလ် က ဥရောပနိုင်ငံများဆိုင်ရာ ယဉ်ကျေးမှု နဲ့  သမိုင်း ဘာသာရပ်ကို ဂျာမန် ၊ ပြင်သစ်၊ အင်္ဂလိပ် သုံးဘာသာ နဲ့  သင်ကြားပို့ ချနေသူ ပါမောက္ခူ “ မာ့ခ် အေ ပီ ဂရမ်”( Mark A . P .Gram ) ရေးသားတဲ့  “Postmodern Buddha “ ဆိုတဲ့  ဆောင်းပါးထဲ က အချို့ ကို ကောက်နှုတ်ဝေငှပေးမှာဖြစ်တယ်။ သူက “ဘာသာအယူဝါဒဆိုတာ ယုံကြည်သက်ဝင်မှုပါ “ (spirituality) လို့  အစချီထားတယ်။ “ အီဒင်ဘာရာမြို့ က ရွိုင်ရယ်မိုင်းလ်လမ်းကြီး အလွန် လက်ဆောင်ပစ္စည်းရောင်းတဲ့ ဆိုင်တဆိုင်ရဲ့  စင်ပေါ်မှာ အနီရောင် ကတ္တီစ နဲ့  တင့်တင့်တယ်တယ် ထိုင်နေတော်မူတဲ့  ဗုဒ္မရုပ်ပွားတော်တဆူကို ကျွန်တော် ပင့်ဆောင်လာပါတယ် “တဲ့ ။ ခုတော့ ကျွန်တော် အခန်းက စားပွဲပေါ်မှာ အေးငြိမ်းတည်ကြည်စွာ ပြုံးလျက် စံ့ပယ်နေတာ ၆လရှိပါပြီ။” လို့ ဆိုပါတယ်။” ကျွန်တော့ရုံးခန်းကို ရောက်လာသူတိုင်း အရင်ဆုံး မျက်စိ ကျတာက ဗုဒ္မရုပ်ပွားတော်ပါပဲ ။မြင်တွေ့ သူတိုင်းက သူ့ ကို ချစ်မြတ်နိုးကြပုံပါ” တဲ့ ။ “သူတို့  ခုဆို သူတို့ အတွက် လိုအပ်နေတဲ့  ဗုဒ္မ ရုပ်ပွားတော် ကို အရောင်းဆိုင်မှာ ရှာဖွေ ၀ယ်ယူနေလောက်ပါပြီ။ ဘာဖြစ်လို့ လဲ ။ ဘာက ဆွဲဆောင်နေသလဲ။ ဘာ့ကြောင့် ဒီရုပ်တုနဲ့  ဒီမျှ လွယ်လွယ်ကူကူ ရင်းနှီးသွားကြသလဲ ။ ကျွန်တော် သိချင်နေတယ်။ကျွန်တော်ကရော ဘာ့ကြောင့် ခရစ်တော်ရုပ်တု တို့  ဒေးဗစ်ကြယ် တို့  ကို ကျွန်တော့ စားပွဲမှာ တင်မထားတာပါလိမ့်။” “ဒါဟာ အခုတလော အနောက်တိုင်းပေါ့ပ် ယဉ်ကျေးမှု အတွင်း အရှိန်အဟုန် ပြင်းစွာထိုးဖေါက်ဝင်ရောက်လာတဲ့  အင်အားကြီးယဉ်ကျေးမှု အပြောင်းအလဲတစ်ခုပါပဲ။ ကျွန်တော်တို့ ဟာ Star wars ဇတ်ကားရဲ့ သက်ဝင်ယုံကြည်မှုတွေကို ဆွေးနွေးငြင်းခုံခဲ့ ကြတယ်။ Star Trek လို အားထားရတဲ့  စိတ်ကူးယဉ် သိပ္မံဇာတ်ကားတွေက (လောကီကိစ္စရပ်များမှာ ဘာသာရေး လွှမ်းမိုးမှု လက်သင့်ခံသင့် မသင့် ငြင်းခုံခဲ့ ကြတယ်။ ကံသာပဓါန ၀ါဒ(fatalism ) ထဲ ကို င်္ Final Destination ဇတ်ကားက လိုက်ပါ တိုးဝင်သွားတယ်။ မက်ဒေါနားဟာ Material Girl ကနေ Spiritual Girl ဘ၀ ပြောင်းသွားတယ်။ ဘာပဲဖြစ်ဖြစ် ဒီဇတ်ကားတွေဟာ ဘာသာရေးတွေဆီ နက်နက်နဲနဲ လေ့လာကြ ဘို့ တစုံတရာ အဖြေရှာကြဖို့ ကို စေ့ဆော်ပေးလိုက်တာပါပဲ ။ လူတွေရဲ့  ယုံကြည်သက်ဝင်မှု ကို ဆွေးနွေးခြင်း ဟာ “အနောက်တိုင်း လူ့ ဘောင် အဖွဲ့ အစည်းအတွင်း အချင်းချင်း အပြန်အလှန် ငြိမ်းချမ်းစွာ ဆက်သွယ်နေထိုင်ကြတဲ့  တခုတည်းသော မြို့ ပြ တည်ထောင်နေထိုင်မှု စံနစ်ထဲမှာ အမျိုးမျိုး ကွဲပြားခြားနားတဲ့  ယဉ်ကျေးမှု တွေ ဘာသာရေးတွေ ကြား အတူတကွ ညှိနှိုင်း ယှဉ်တွဲ နေထိုင်ဘို့  ပုံစံသစ်တခု ချမှတ်ဖေါ်ဆောင်ခြင်း “ လို့  ချက်သမတ နိုင်ငံ သမတကြီး ကဗျာဆရာ “ဗက်လက်ဗ်ဟာဗယ်က ပြောခဲ့ ဖူးပါသတဲ့ ။အရှေ့ နဲ့  အနောက်ဆုံရာ နေရာကို ရေးဖွဲ့ ထားတဲ့  Samsara စာအုပ်ကိုလဲ ဖတ်ရှုဖူးပါတယ်။ အနောက်တိုင်းသားတွေဟာ ဗုဒ္မ၀ါဒကို ရစ်ချတ်ဂီယာ ၊ စတီဗင် ဆီးဂဲ လ် ၊ကီနူးဝီ တို့ လို ရုပ်ရှင်သရုပ်ဆောင်တွေဆီကနေပြီး ထိတွေ့  သိမြင်လာကြတယ်။ တီနာတာနာရဲ့  သီချင်း ပေါ့ပ်တေးသီချင်း တွေကနေလဲ နောက်ဘ၀ ပြန်လည်မွေးဖွားခြင်း ဘ၀သံသရာလည်ပတ်ခြင်း ဆိုတာမျိုးတွေ ကြားဖူးနားဝရှိလာတယ်။ ဒီလို အချိန်မျိုးမှာမှ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွေမှာ အနီရောင် ဗုဒ္မ ရုပ်ပွားတော်တွေ အရောင်းသွက်နေတာကို ထူးဆန်း တယ် ပြောမလား။း တိုက်ဆိုင်မှု လို့ ပဲ ပြောမလား။ အသေအချာ စဉ်းစားဘို့ ပါ “ တဲ့  ။
Florist အနေနဲ့  ပြောချင်တာကတော့ တခြားဘာသာတွေကို တော့ မပြောတော့ပါ။ ဗုဒ္မဘာသာအနေနဲ့  လောကီအရေးမှာ ဘာသာရေး လွှမ်းမိုးမှုရှိလေ ကောင်းလေဖြစ်မှာပါ။ ဘာ့ကြောင့်လဲ ဆိုရင် အခြေခံ ထိန်းသိမ်းရမဲ့  ပညပ်ချက် ၅ခုဟာ (၅ပါးသီလ) လူသားတွေကို သို့ မဟုတ် လူ့ ဘောင်လောကကို အမှန်တကယ်ငြိမ်းချမ်း အေးမြစေမှာ ဖြစ်လို့ ပါပဲ ။ ဗုဒ္မဟာ လူမှု ကျင့်ဝတ်သိက္ခာတွေကို သင်ကြားပေးတဲ့  ဆရာတဆူ ဖြစ်တဲ့ အတွက်ပါပဲ။( ဥပမာ = ၃၈ဖြာ မင်္ဂလာ တရားတော်များ ) လူ့ လောကနဲ့  သီးခြား ကင်းကွာနေတဲ့  ဘာသာမဟုတ်ပဲ လူတွေကို ယဉ်ကျေးအောင် စာနာတတ်အောင် လိမ္မာအောင် အမြဲ သင်ကြားပေးနေလို့ ပါပဲ ။
Florist ပေးပို့ သည်။ on 11 /6 10 at12am
-------------------------------------------------
Buddha 6
မိလိန္ဒပဥှာကျမ်း( ပဥှာ=ပြဿနာ)
မိလိန္ဒ(King Mileinda) သည် ပါဠိဘာသာဖြင့် အမည်ပေးထားခြင်းဖြစ်ပြီး ဂရိခ်ဘုရင် မိနန်ဒရို့ စ်(King Menandaros)သို့ မဟုတ် မိနန်ဒါ( King Menandar)ကို ဆိုလိုသည်။
ခရစ်သက္ကရာဇ်မပေါ်မီ နှစ်ရာစုခန့် က အိန္ဒိယပြည် အနောက်ပိုင်း ဒေသများကို ဂရိခ်ဘုရင်တို့  သိမ်းပိုက်အုပ်ချုပ်ခဲ့ ကြသည်။ ဤကျမ်းတွင် ဂရိခ်အနွယ်ဝင် မိလိန္ဒသည် ပညာညာဏ်ခွန်အားကြီးသူဖြစ်သည်နှင့်အညီ မိမိ၏ယုံမှားသံသယကို ဖြေဖျောက်လို၍ ရှင်နာဂသေန အား မေးလျှောက်သော ပုစ္ဆာများနှင့် ရှင်နာဂသေန၏ ဖြေကြားချက်များကို ရေးသားစီရင်ထားသည်။
ဘုရင် မိလိန္ဒ အုပ်ချုပ်သော နိုင်ငံသည် ထိုစဉ်က ယောနကတိုင်း သာဂလပြည် ဖြစ်ပြီး ယခုအခါ အိန္ဒီယပြည် အနောက်မြောက်ဒေသ ရှိ (ဆာယာလ်ကုတ်)ဖြစ်သည်။ ဘုရင်မိလိန္ဒသည်ေုဓ္မဒဿနကို ဝေဖန်ဆန်းစစ်ပြီးမှ ပထမဦးစွာ လက်ခံကျင့်သုံးသူဟု ထင်ရှား ကျော်ကြားခဲ့်သည်။
မိလိန္ဒနှင့် နာဂသေန တို့ ၏ ရှေး အတိတ်ဘ၀ ဇာတ်ကြောင်း
ဤဘဒ္ဒကမ္ဘာဝယ် ဘုရားငါးဆူ ပွင့်ရာတွင် ကဿပ ဘုရားရှင်လက်ထက်၌ ဂ၈င်္ါမြစ် ကမ်း၌ ကျောင်းသင်ခန်းတခုရှိ၏။ ရဟန်းတပါးသည် တံမြက်လှည်းရင်း.. သာမဏေတပါးအား ခေါ်၍ အမှိုက်များကို
စွန့်  ပြစ်စေ၏။သာမဏေသည် မကြားယောင်ပြုသော် ရဟန်းသည် တံမြက်စည်းဖြင့် ပုတ်ခတ်ဆုံးမ၏၊ သာမဏေသည် ငိုယိုကာ အမှိုက်ကိုစွန့် ရင်း အရှိန်ပြင်းစွာတက်လာအပ်သော ရှင်းနေမင်းကို မျှော်ကြည့်လျက်
“ ဤ အမှိုက်ကို သန့်ရှင်းရသော ကုသိုလ်ကြောင့် ရှင်နေမင်းကဲ့ သို့  ဘုန်းတံခိုးအာနုဘော်ကြီးမြင့်သောမင်းဖြစ်ရပါလို၏” ဟု ဆုတောင်း၏။ ထိုနောက် ၈င်္ဂါမြစ်တွင်းမှ အလိပ်အလိပ် တက်လာအပ်သော လှိုင်းတံပိုးတို့ကို ကြည့်ကာ “ ဤကောင်းမှုကြောင့် ငါသည် ဖြစ်လေရာ ဘ၀၌ ယခုတက်လာသော လှီုင်းတံပိုးများကဲ့ သို့  ခွန်အားကြီးမားသော ပညာဥာဏ်တို့ဖြင့် ပြည့်နှက်ရပါလို၏။” ဟုထပ်မံဆုတောင်း၏။ရဟန်းသည် ထိုစကားကို ကြားလတ်သော် ဤသို့  တုံ့ ပြန်ဆုတောင်းလေ၏။ “ နေ့ စဥ့် ကျောင်းတလင်း ၌တံမြက်လှည်းရသော ကုသိုလ်တို့ ကြောင့် တလိပ်လိပ် တက်ကြွလာသော လှိုင်းတံပိုး တို့ သည် ကျောက်ဆောင် ကျောက်တုံးတို့၏ အောက်ဝယ် ပြိုကွဲ ပျက်စီးသွားရသကဲ့ သို့  ထိုသာမဏေ၏ ကြီးမားသောပညာခွန်အားများ ငါ၏ထံပါး၌ ပျောက်လွင့်ပါစေကုန်သတည်း။ “
နောင်အခါ ငါတို့  ဂေါတမ ဘုရားရှင်လက်ထက်ဝယ် သာမဏေသည် ဘုရင်မိလိန္ဒ ဖြစ်လာခဲ့ ပြီး ရဟန်းသည် ရှင်နာဂသေန ဖြစ်လာသည်။ မိလိန္ဒသည် ပညာညာဏ်ခွန်အားကြီးသည်နှင့်အညီ ၄င်း၏ ဗုဒ္မအယူဝါဒအပေါ် ထင်အပ်သော ယုံမှားသံသယကို ဖျောက်လိုရကား ပညာရှိရဟန်းပုဂ္ဂိုလ် ၊လူပုဂ္ဂိုလ်ဟူသမျှတို့ ကို အမေးပုစ္ဆာများဖြင့် နေ့ နေ့ ညညနှိပ်စက်၏။ သူ၏အမေးပုစ္ဆာတို့ ကို အရှင်နာဂသေန မှတပါး အခြားဖြေကြားနိုင်သူမရှိချေ။ သူ၏ အမေးပုစ္ဆာများသည် အရှင်နာဂသေန၏ ဖြေဆိုချက်တို့ တွင် ပျော်ဝင်ပျောက်ပျက်ခဲံ့ လေသည်။ နောင်တွင်သူသည် ရဟန္တာဖြစ်သွားသည်ဟု အဆိုရှိပါသည်။ ဂရိခ်ဘုရင် မိလိန္ဒသည် ဗုဒ္မဘာသာဝင် အမှန်တကယ်ဖြစ်ခဲ့ ကြောင်း သာဓကတခုကို ဖေါ်ပြရလျှင် ထိုခောတ်က သွန်းလုပ်သော ဒင်္ဂါးပြားကိုပြဆိုနိုင်သည်။ထိုဒင်္ဂါးပြား၌ ဓမ္မစကြာ အမှတ်အသား တံဆိပ်ပါရှိသည့်အပြင် အခြားတဘက်တွင် မီနန်ဒရို့ စ် အမည် ပါရှိပြီး သူ၏ဦးခေါင်းပုံကို ထွင်းထုထားသည်ဟု သမိုင်းသုတေသီအများအပြားက ယုံကြည်ကြသည်။ ။
Fkorist မှ ပေးပို့သည်။ on 23 / 6 / 10 at 11:17 pm
-------------------------------------------------
Burma And Buddhism , by Aung San
မြန်မာနှင့် ဗုဒ္မဘာသာအပေါ် ..ဗိုလ်ချုပ်အောင်ဆန်း၏အမြင်
၁၉၃၅ခုနှစ် ဟပြီလထုတ် ဂန္မလောကမဂ္ဂဇင်း (The World of Books)မှာ ပါရှိတဲ့ ” မြန်မာနဲ့ေုဒ္မဘာသာအပေါ် ဗိုလ်ချုပ်အောင်ဆန်းရဲ့  အမြင်” ဆောင်းပါးထဲ က အချို့ ကို ကေက်နှုတ်ဝေငှပေးမှာဖြစ်တယ်။ ဗိုလ်ချုပ်ဟာ နိုင်ငံရေးမှာသာ ကြေညက်တာ မဟုတ်ဘူး။ ဘာသာရေးမှာလဲ ကြေညက်တယ်ဆိုတာ ဒီဆောင်းပါး က ဖေါ်ညွှန်းနေတယ်။ သူက မျက်မှေက်အခြေအနေနဲ့  အံဝင်ခွင်ကျ မရှိတဲ့ မှိုတက်ပစ္စည်းတွေကို အမှိုက်တောင်းထဲ စွန့် ပြစ်ရမယ်တဲ့ ။ အမှိုက်ဖြစ်နေတဲ့  ရှေးရိုး စဉ်လာတွေ ရှိသလို ထိန်းသိမ်းသင့်တဲ့ ရှေးရိုးစဉ်လာတွေလဲ ရှိတာမို့  ခြေရာလက်ရာမပျက် ထိန်းသိမ်းစောင့်ရှေက်ရမယ်လို့ ဆိုတယ်။ ပြင်ဆင်စရာရှိတာ မပြင်ဘဲ ဖက်တွယ်နေသူတွေ နဲ့  မြန်မြန်ဆန်ဆန် ပြောင်းလဲချင်သူ လို့  အစွန်းနှစ်မျိုးရှိနေရာမှာ ဗိုလ်ချုပ်က ဗုဒ္မလမ်းစဉ်အတိုင်း မဇ္မျိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ဘက်ကရပ်တည်တယ်။ ဗုဒ္မဘာသာဟာ သိပ္မံနည်းကျတယ်ဆိုတာကိုလဲ ဗိုလ်ချုပ်က လက်ခံတယ်။ ဗုဒ္မဟာ ဝေဖန်ရေးကို လက်သင့်ခံတယ် ။ဗုဒ္မကိုယ်တော်တိုင် သူ့ ဝါဒကို မျက်စိမှိတ်မယူကြဘို့  ဟောကြားခဲ့ တယ်။တဲ့ ။ကလေး ဘ၀ကတည်းက ကြားဖူးနားဝရှိနေလို့ ဆိုပြီး လက်မခံပါနဲ့  တဲ့ ။ မိဘရိုးရာ ဆိုပြီးလဲ လက်မခံပါနဲ့  တဲ့ ။ တခြာတယောက်က ဒါကဒီလို ဆိုပြီးပြောရုံနဲ့ လဲ လက်မခံပါနဲ့ တဲ့  ။ဒီအယူဟာဖြင့် ငါတို့ သင်နေရတဲ့  ကျမ်းစာနဲ့ ညီတယ်ဆိုပြီးလဲ လက်မခံပါနှင့်ဦး တဲ့ ။ ဤသူကားယုံကြည်ထိုက်သောသူဟူ၍လဲ ထိုသူပြောစကားကို လက်မခံပါနှင့်ဦး တဲ့ ။ ငါတို့ အတွေးအခေါ်နှင့်တူညီသည်ဟုလဲ လက်မခံပါနှင့်ဦး တဲ့  ။ ကိုယ်တိုင်တတ်သိနားလည် ကျင့်ကြံပြီးမှ လက်သင့်ခံရမယ်လို့ မြတ်ဘုရားဟောကြားတော်မူခဲ့ တဲ့  ကာလာမ သုတ့်ကို ကိုးကားပြီး ငါတို့ ဗိုလ်ချုပ်က ထပ်ဆင့် ညွှန်ကြားထားတယ်။ မြန်မာနိုင်ငံဟာ ရာစုနှစ်နဲ့ ချီပြီး ဗုဒ္မဘာသာနိုင်ငံ ဖြစ်ပါရက်နဲ့  အဓိကကျတဲ့ အနှစ်သာရကို မသိကြဘူး။ ဒီ ကာလာမသုတ် ဝေဖန်ရေးအမြင် ခေါင်းပါး အားနည်းနေတယ် တဲ့ ။ မြန်မာဗုဒ္မဘာသာဝင်တွေဟာ ယခုထက်ပိုပြီး နက်နက်ရှိုင်း ရှိုင်း တူးဆွ လေ့လာရမယ်တဲ့ ။ သာမန်ကာရှန်ကာ အပေါ်ယံ ကျင့်ကြံနေရုံသက်သက်နဲ့  ကျေနပ်မနေသင့်ဘူး။လို့ လဲ သူကပြောတယ်။ ဥပမာ ..ဘုရားပွဲတွေ ။ ဘုန်းကြီးပျံပွဲတွေ ။သင်္ကြန်ပွဲတွေ ..။မီးထွန်းပွဲတွေ လိုမျိုး တွေ ကျင်းပနေခြင်းဟာ အရေးကြီးသလား၊ အဓိကကျသလား ၊အနှစ်သာရက ဘာလဲ ။တွေးခေါ်တတ်ရမယ်တဲ့ ။ ဒါက ပညာမဲ့ သူတွေကို ပွဲလမ်းသဘင်ခင်းပြီး ဆွဲဆောင်တာပဲ လို့ လဲ ဗိုလ်ချုပ်ကမြင်တယ်။ ကျုပ်တို့ တတွေ ခုနေကြတာက ခောတ်သစ်ကြီးထဲမှာပါ တဲံ့။ လက်ရှိခေတ်နဲ့ မညီမျှတာမှန်သ၍ အဓိပ္မါယ်ကင်းမဲ့ တာဟူသ၍ တားမြစ်ရမယ် တဲ့ ။ ကျုပ်တို့ ဗမာပြည်မှာက အနှစ်အရသာမရှိတဲ့  အပေါ်ယံ အခန်းအနားတွေ ဖြစ်နေတယ်။ယဉ်ကျေးမှုလဲ အတူတူပဲ ။ ကျုပ်တို မြန်မာပြည်ကြီးပြန်လည်ဖွံဖြိုးတိုးတက်စေချင်ရင် မိရိုးဖလာယဉ်ကျေးမှုဆိုတာတွေ အမြစ်ကနေ ဖျက်ဆီးပြစ်ရမယ်။ဟောင်းနွမ်းရွတ်တွနေတဲ့  အတွေးအခေါ်တွေ မြေလှန်ခြေမှုံးပြစ်ရမယ်။ ဒါ မြန်မာလူမျိုးတိုင်းရဲ့ တာဝန်လဲ ဖြစ်တယ် ။ဗုဒ္မဘာသာဝင်တိုင်းဟာ ဗုဒ္မဘာသာမှာ အရေးကြီးပါဝင်နေတဲ့  ဝေဖန်ဆန်းစစ်မှုစိတ်ဓါတ်ကို မြှင့်တင်လေ့ကျင့်ရမယ် ။ လို့ေိုလ်ချုပ်က ဆောင်းပါးရေးသားထားခဲ့ ကြောင်း ယနေ့ ထုတ် Monitor မဂ္ဂဇင်းမှာ (Jun 6.2010 Sunday) ဖေါ်ပြပါရှိပါတယ်။
ဟုတ်ပါတယ် ။ တိုင်းပြည်ငြိမ်းချမ်းရင် လွတ်လပ်ရေးရရင် ဗိုလ်ချုပ်ကစာရေးဆရာပဲ အေးအေးလုပ်စားမယ်။ ၀န်ကြီးလဲမလုပ်ချင်တော့ဘူးလို့ ပြောခဲ့ တာပါ။ သူ့စိတ်ကူးတွေ အကောင်အထည်မဖေါ်နိုင်ခင် လုပ်ကြံခံလိုက်ရတာပါပဲ ။
Florist ပေးပို့ သည်။ 6 / 6/2010
-------------------------------------------------
Buddha 7
ဗုဒ္မသည် “လူသားများတွင် အမှန်နှင့်အမှားကို ခွဲခြားနိုင်သည့် ညာဏ် ရှိကြသည်။ အနိုင့်အထက် တိုက်တွန်းမှုမရှိပဲ ၄င်းတို့ ဘာသာ လွတ်လပ်စွာ ဆုံးဖြတ်နိုင်သည့် အခွင့်အရေး ပေးရမည်။ “ ဟု ဆို၏။ မှန်ကန်သောလမ်းကို မိမိတို့ ဘာသာရွေးချယ် လျှောက်လှမ်းနိုင်ရန် ဖြစ်သည်။ “ဗုဒ္မသည် သူ၏ သင်ကြားမှုကို ယုံကြည်နေရန်ထက် လက်တွေ့ ကျင့်ကြံရန်သာ တိုက်တွန်းသည်။
လူသားတို့  ကျူးလွန်သောအပြစ်ကို ဗုဒ္မက ခွင့်လွှတ်သည်ဟု မဆိုပါ။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ မိမိပြုသောအမှုအတွက် မိမိတဦးတည်းသာလျှင် တာဝန်ရှိသည်။မကေင်းမှုကျူးလွန်ထားလျှင် မကောင်းကျိုးများနှင့် ရင်ဆိုင်ရမည်။ ဖြစ်ပြီး ကောင်းမှုပြုထားလျှင်ကောင်းကျိုးခံစားရမည်သာ ဟုဆိုသည်။ မိမိတို့ စိုက်ပျိုးသည့် စပါးကို မိမိတို့ ကိုယ်တိုင် ရိတ်သိမ်းကြရမည်။လူတိုင်းသည် မိမိကြမ္မာကို မိမိသာဖန်တီးကြသည်။ဟု ဆို၏။လူတို့  တွေ့ ကြုံခံစားရသည့် ဥစ္စာပစ္စည်းပြည့်စုံမှု မပြည်စုံမှု့ ဆင်းရဲခြင်း ချမ်းသာခြင်းစသည်တို့ မှာ တဦးတယောက်၏ သြဇာသက်ရောက်မှုကြောင့်မဟုတ်၊ လူတို့  အတိတ်ကပြုခဲ့ ဖူးသော အဆိုး အကောင်း ကုသိုလ်ကံများကြောင့်သာ ဖြစ်သည်။ ဗုဒ္မသည် သံသရာ ၀ဋ်ဆင်းရဲမှ လွတ်ကင်းနိုင်မည့် နည်းလမ်းကို ညွှန်ပြသူသာဖြစ်၍ ထိုလမ်းအတိုင်းလိုက်ခြင်း မလိုက်ခြင်းမှာ မိမိတို့  အပေါ်မှာသာတည်သည်။
သေဆုံးခြင်းသည် ဘ၀၏ အဆုံးနိဂုံးမဟုတ်။ သက်ရှိလူသားတဦးသည် ရေ၊မြေ၊လေ၊မီး ဓါတ်ကြီးလေးပါး အစုအဝေးသာဖြစ်၍ ရုပ်ပိုင်းအရ သေဆုံးခြင်းမှာ ….မွေးဖွားခြင်းနှင့် သေဆုံးခြင်းတို့ ဖြင့်
ထပ်ကာဖန်ဖန် လည်ပတ်နေသော ဘ၀သံသရာ၏ ကြားကာလ တခုမျှသာ ဖြစ်သည်။ ထို့ ကြောင့် သေပြီးနောက် ဇာတိတဖန်ဖြစ်လာသူသည် မူလပုဂ္ဂိုလ်လည်းမဟုတ်၊ တခြားပုဂ္ဂိုလ်လည်းမဟုတ် သော သတ္တ၀ါတဦးသည် တဘ၀ပြီး တဘ၀ ဆက်လက်အသက်ရှင်သွားသည်ဟု မှတ်ယူနိုင်သည်။
ဗုဒ္မသည် လူမှုရေးပြုပြင် ပြောင်းလဲပေးသူသာမက လူလူခြင်းခွဲခြားဆက်ဆံမှု ဇတ်နိမ့် ဇာတ်မြင့် ခွဲခြားမှု ဆင်းရဲချမ်းသာကွာဟမှုကိုလည်း တားမြစ်၍ ဒီမိုကရေစီ ၀ါဒကို ပျိုးထောင်ခဲ့ သူ ၊
အမျိုးသမီးများ၏ အခွင့်အရေးကို မြှင့်တင်ခဲ့ သူလည်း ဖြစ်သည်။ စိတ်ဝမ်းကွဲသူများကို စည်းလုံးစေပြီး အသိအမြင်မဲ့ သူတို့အား တွေးခေါ်စေခြင်းဖြင့် အသိညာဏ်ပွင့်လင်းစေ၏။
Whatever may be your purpose in life, we invite you to take a closer look at this way of life and the ideals expounded by its founder. We are ready to help you in your search for Truth.
မည်သို့ ပင်ဖြစ်စေကာမူ သင်၏ ဘ၀ရည်မှန်းချက်သည် ဤဘ၀လမ်းစဉ်နှင့် ဤလမ်းစဉ်ကို တည်ထောင်သူ က အသေးစိတ်ရှင်းလင်းဟောကြားထားသော အကောင်းဆုံးစံများကို အနီးကပ်လေ့လာဖို့ အတွက် သင့်အားဖိတ်ခေါ်ပါသည်။ သင်၏ အမှန်တရားရှာဖွေမှု ၌သင့်အား ကူညီရန် ကျွန်ုပ်တို့  အသင့်ရှိပါသည်။
သို့ အတွက် အဆုံးစွန် အမှန်တရားနှင့် ဘ၀ရည်မှန်းချက်တို့ ကို ရှာဖွေရန် သင်၏ မွန်မြတ်သော ကြိုးပမ်းမှု၌ ဘက်မလိုက်ပါနှင့်။ ဘာသာရေးအယူသီးမှုကိုရှောင်ရှားပါ။ ဗုဒ္မသည် အခြား ကိုးကွယ်မှု ဘာသာ များ၏ ဟောပြောသင်ပြချက်များကို မဖတ်ရှုရ။မဆည်းပူးရဟူ၍ တားဆီးပိတ်ပင်မှုမပြု။ပေ။ (ဘာသာရေးအယူသီးသူသည် ဆင်ချင်တုံတရား၏ လမ်းညွှန်မှုကို၎င်း စေ့စပ်သေချာစွာ ပိုင်းခြားစိတ်ဖြာ၍ လေ့လာရသည့် သိပ္မံသဘောတရား၏လမးညွှန်မှုကို၎င်း လက်မခံချေ) ဗုဒ္မမိန့် မြွက်သည့် ဘ၀ရည်မှန်းချက်ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ နမ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခများ၏ အဆုံးနိဂုံး ကို ရှာဖွေရန်သာဖြစ်သည်။ ။
Try to make an in-depth study and understand the fundamental teachings of the teachers.
ဒေါက်တာ မင်းတင်မွန် ၏ ဘ၀ရည်မှန်းချက်နှင့် ဘ၀လမ်းစဉ် စာအုပ်မှ ကောက်နှုတ်ဖေါ်ပြသည်။
Florist မှ ပေးပို့ သည်။
-------------------------------------------------
Buddha 7a
စဥ့်ပါဆရာတော်နှင့် ဗားကရာ ဆရာတော်များအာဘော်။
(၁) ပညာရှိသည် သူတပါးမမေးမူကား တိတ်တိတ်နေ၏။ သူတပါးမေးသော်မူကား မိုးကြီးသဘွယ် သွန်ချ ပြောဆိုတတ်၏။ သူမိုက်သည် သူတပါးမေးသော်၎င်း မမေးသော်၎င်း အခါခပ်သိမ်း ပလွှားပြောဆိုတတ်၏။
(၂) လောက၌စန္ဒကူးနံ့ သည်ချမ်းမြေ့ ၏။ထို့ ထက် လရောင်သာလျှင်ချမ်းမြေ့၏။ စန္ဒကူးနံ့ သာနှင့် လရောင်တို့ ထက် သူတော်ကောင်းစကားသည် ပို၍ချမ်းမြေ့ ၏။
(၃)လောဘကြီးသူကို ဥစ္စာပေးကမ်း၍ မိတ်ဆွေဖွဲ့ ရာ၏။ ကြမ်းကြုပ်ခက်ထန် မာန်ရစ်သူကို လက်အုပ်ချီ၍ အရိုအသေပြု မိတ်ဖွဲ့ ရာသည်။ မိုက်သောသူကို အလိုလိုက်၍ မိတ်ဖွဲ့ ရာ၏။ ပညာရှိသူကိုမူကား ဟုတ်မှန်တိုင်းပြောဆိုမိတ်ဖွဲ့ ရာသည်။
(၄) မိမိကိုယ်တွင်း၌ ဖြစ်သောအမျက်သည် အမျက်ထွက်သူကိုသာ မချွတ်ဖျက်ဆီးရာ၏။ အ၀တ်သေတ္တာတွင်း၌စွဲသောမီးသည် အ၀တ်ကိုကုန်စင်အောင် လောင်ကျွှမ်းသကဲ့ သို့  တည်း။
(၅)ကံ၊ စိတ်၊ဥတု ၊အဟာရ အကြောင်းတရားလေးပါး ပေါင်းစပ်၍ ပြုပြင်အပ်သော သင်္ခါရတရားတို့ သည် အမြဲမရှိကုန်။ ဖြစ်ခြင်း နှင့် ပျက်ခြင်းသဘောတရားသာရှိကုန်၏။ ဖြစ်၍ ပျက်ကုန်၏။ ထိုရုပ်နာမ် သင်္ခါရ တရားတို့ ငြိမ်းရာဖြစ်သော နိဗ္မာန်သည်သာ ချမ်းသာခြင်းမည်သည်။
(၆)ပေးကမ်းခြင်း ၊သီလစောင့်ထိန်းခြင်း၊ ဖြောင့်မတ်ခြင်း ၊ နူးညံ့ခြင်း ၊ အမျက်ဒေါသကင်းခြင်း မညှဉ်းဆဲခြင်း၊ သည်းခံခြင်း စသည်တို့ သည် လူသားတို့ ၏ ကျင့်ဝတ်ဖြစ်သည်။
(၇) လံ့ လရှိခြင်း ၊ ထကြွနိုးကြားခြင်း ၊ ၀ိရိယရှိခြင်း။ ဝေဖန်ပိုင်းခြားတတ်ခြင်း ၊ အမျှော်းအမြင်ရှိခြင်း။ စသည်တို့ သည် ကြီးပွားချမ်းသာခြင်း၏ အကြောင်းရင်းသာတည်း။
(ဂ) တော၌ သမင်တို့ သည် သေဘေးကို ထိတ်လန့် စွာ အိပ်စက်ရသကဲ့ သို့  အုပ်ချုပ်သူမင်းသည် အဘယ်မှာလျှင် မထိတ်မလန့်  ကောင်းစွာ အိပ်စက်နားနေနိုင်အံ့နည်း။
(၉)ကြမ်းကြုတ်သော ရန်သူအား နူးညံ့သဖြင့် အောင်ရာ၏။ နူးညံ့ခြင်းဖြင့်သာ တစုံတခုသော အမှုသည် ပြီးပြေနိုင်သည်။
(၁၀) စကားစမြည် ၌ လိမ္မာပါးနပ်ခြင်း သည် အမှုကိစ္စ ပြီးပြေနိုင်သော အကြောင်းရင်းလျှင်သာတည်း။
(၁၁) တောအုပ်သည်သားသမင်တို့ ၏လားရာတည်း။ ကောင်းကင်သည် ငှက်တို့ ၏ လားရာတည်း။ နိဗ္မာန်သည် ရဟန်းတို့ ၏လားရာဖြစ်သည်။
(၁၁) မြေကြီး၏တန်းဆာကား မြင့်မိုတောင်ဖြစ်၏။ညာဥ့်၏ တန်းဆာကား လ ဖြစ်၏။ စစ်သည်၏တန်းဆာကား ဆင်ပြောင်ဖြစ်၏။ လူတို့ ၏တန်းဆာကား တရားသောမင်း ဖြစ်သည်။
(၁၃) ညာဥ့်သည်လမင်းနှင့်ကင်း၍ မတင့်တယ်၊ သမုဒ္ဒရာသည် လှိုင်းနှင့် ကင်း၍ မတင့်တယ် ၊ ရေပြည့်သောအင်း၊အိုင်၊ ရေကန်တို့ သည် ဟင်္သာ ငှက်နှင့်ကင်း၍ မတင့်တယ်။ ထို့ အတူ လူသည် ပညာနှင့်ကင်း၍ မတင့်တယ်။
(၁၄) အပိုင်းအခြားကိုလွန်၍ စကားကို မပြောရာ။ အခါခပ်သိမ်း ဆိတ်ဆိတ်နေခြင်းသည်လည်းမသင့်ရာ။ ဆိုခွင့်ရောက်လျှင် ဖရိုဖရဲ မဟုတ်သော ။အတိုင်းအရှည်ရှိသော စကားကို ဆိုကုန်ရာ၏။
(၁၅) ဟဿင်္ာသည် ကျီးတို့ ၏ အလယ်၌ မတင်ုတယ်၊ ခြင်္သေ့သည် နွားတို့ ၏ အလယ်၌ မတင်ုတယ်၊ မြင်းသည် မြည်းတို့ ၏ အလယ်၌ မတင့်တယ်၊ ထို့ အတူ ပညာရှိသည် သူမိုက်တို့ ၏ အလယ်၌ မတင့်တယ်ပေ။
Florist ပေးပို့ သည်။
မောင်ကြည်ရှင်၏ ဓမ္မနီတိ စာအုပ်ပါ ဗုဒ္မရဟန်းတော်များ၏ အဆိုအမိန့်တို့ကို ကောက်နှုတ်ဖေါ်ပြပါသည်။
၂၀၁၀ ခုနှစ် ဇွန်လ ၂၇ရက် ည ၁၁နာရီ ၁၅မိနစ်
-------------------------------------------------
Buddha 8
ပထမ သင်္ဂါယနာ တင်ခြင်း=(စုပေါင်းရွတ်ဆို တည်းဖြတ်ခြင်း)
ဗုဒ္မ၏ သာသနာတွင် ဂိုဏ်:ကွဲများစွာ ပေါ်ထွန်းခဲ့ ရာ ဗုဒ္မဟောကြားတော်မူခဲ့ သော ပါဠိတော်များကို တစုံတရာ ပြင်ဆင် ပယ်နှုတ် ဖြည့်စွက်ခြင်း အလျင်းမရှိ မူရင်းအတိုင်း ထိန်းသိမ်းထားရှိသော ပင်မ ဗုဒ္မဘာသာမှာ ထေရ ၀ါဒ ဖြစ်သည် ။
ဗုဒ္မ ပရီနိဗ္မာန်စံလွန်၍ တေဇောဓါတ်လောင်ကျွမ်းအပြီး ၃လအကြာ မှာပင် အရှင်မဟာကဿပမထေရ်သည် ရဟန်းသုဘဒ္ဒနှင့်ဆန္ဒတူညီသူများ အသင်းအပင်းဖွဲ့ ကာ သာသနာတော်ကို ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်နိုင် သည့် အန္တရယ်ကို ထင်ရှားသိမြင်ရသဖြင့် ရာဇဂြိုလ်ပြည့်ရှင် အဇာတသတ်မင်းကြီး၏ အထောက်အပံ့ကို ခံယူကာ ၇လ တိုင်တိုင် သာသနာ သန့် စင်ခဲ့ရသည်။ ရှင်မဟာကဿပမထေရ်မှ ဦးစီး၍ အရှင်ဥပါလိ၊
အရှင်အာနန္ဒာ၊ အရှင်အနုရုဒ္မါ အစရှိသည့် ရဟန္တာ ၅၀၀ နှင့်အတူ စရည်းပင်ပေါက်ရာ ဝေဘာရ တောင်နံရံ လိုဏ်ဂူအနီး တွင် အမေးအဖြေပြု စုပေါင်းညှိနှိုင်း အတည်ပြု ခဲ့ ကြသည်။
(သက်သတ်လွတ်စားခြင်းသည် ဗုဒ္မ၏ အယူမဟုတ်ချေ။ ဗုဒ္မသည် (၁) မိမိကိုယ်တိုင် သတ်ဖြတ်ခြင်း၊ (၂) သုတပါးသတ်ဖြတ်နေသည်ကိုမြင်ရခြင်း (၃) သူတပါးသတ်ဖြတ်နေသည်ကိုအသံအားဖြင့်ကြားနိုင်ခြင်း စသည်တို့ နှင့် ကင်းလွတ်သော ပံ့သကူ အသေသားကိုမူ အဟာရအဖြစ် စားသုံးနိုင်ခွင့် ပေးခဲ့သည် ။ )
ဒုတိယ သင်္ဂါ ယနာတင်ခြင်း
နောင် နှစ်တရာကြာသည့်အခါ ဝေသာလီပြည်ရှိ ဒေ၀ဒတ်အယူရှိသူရဟန်းဆိုးများသည် နေ့ လွဲညစာ စားခြင်း၊ အပျော့စားထန်းရည်သုံးဆောင်ခြင်း ၊ငါဆိုသည့်အတ္တကောင်သည် မပျက်မစီး တဘ၀ပြီးတဘ၀ အမြဲပါဝင်ပတ်သက်သည်ဟုဟောပြောခြင်း ၊ ယဇ်နတ်ပူဇော်ခွင့်ပြုခြင်း ဗေဒင် ယတြာ စီရင်ခြင်း စသည့်တိုကြောင့် ဗုဒ္မသာသနာညိုးနွမ်းမည်ကို ကြောင့်ကျ တော်မူသော အရှင်ယသမထေရ် မှ ကြီးမှူး၍ အိန္ဒိယ ပြည်အနှံ့ အပြားမှ ရဟန်းတော်များကိုစုဝေးစေကာ အမေးအဖြေပြုလုပ်ခြင်းဖြင့် ဝေသာလီပြည် ၀ါလုကာရုံ ကျောင်းတိုက်ဝယ် သင်္ဂါယနာ တင်ပွဲ ပြုလုပ်ကျင်းပခဲ့ ကြသည်။ ၈လ တိုင်တိုင် ကြာမြင့်၍ ရဟန္တာ အပါး (၇၀၀) တို့ က ဘုရားဟောဝိနည်းနှင့်မကိုက်ညီသည့် ပြင်ဆင်ချက်(၁၀)ချက်ကို အပြီးတိုင် နှုတ်ပယ်သန့် စင်ကာ ပိဋကတ်သုံးပုံကိုညှိနှိုင်းတည်းဖြတ်ခဲ့ သည်။
တတိယ သင်္ဂါယနာတင်ခြင်း
သာသနာသက္ကရာဇ်၂၀၂နှစ်တွင် အနောက်မဇ္ဈိမတိုင်း ဒေသတခုလုံးကို ပိုင်စိုးသော ဗိန္ဒုသာရမင်းလက်ထက် တွင် ဗုဒ္မသာသနာညှိုးနွမ်း၍ ဂျိန်းဘာသာပြန့် ပွားထွန်းကားသည်။ ထိုမင်း၏ သားတော် သီရိဓမ္မာသောကမင်းသည် ဂျိန်း ဘာသာဝင် ရဟန်းတော်မျာ၏အသွင်အပြင်းကို မနှစ်မျို့ချေ။ ရင့်ကျက်တည်ငြိမ်သော မိမိ၏တူတော် နိဂြောဓသာမဏေ၏ ဟောပြောသွန်သင်မှု အောက်ဝယ် ဗုဒ္မဘာသာကို သက်ဝင်ယုံကြည်ခဲ့ရာတွငှ် တိထ္ထိဂျိန်းရဟန်း ၆၀၀၀၀ ကို နန်းတော်သို့  အ၀င်အထွက်မရှိစေရှ နှင်ထုတ်ခဲ့ သည်။ နေ့ စဉ် ဘုရားအမှူးပြုသော ရဟန်းတော်များ ဆွမ်းကွမ်း ဝေယျာဝစ္စကို ရည်မှန်း၍ ငွေ၅သိန်းကျခံ လှူဒါန်းသည်။ ထိုမင်းသည် ညီတော် တိဿနှင့် သားတော် မဟိန္ဒသမီးတော် သင်္ဃမိတ္တာ တို့ ကို သာသနဘောင်သို့ သွတ်သွင်းချီးမြှင့်၍ လင်္ကာဒီပ သီဟိုရ်ကျွန်းသို့  သာသနာပြုစေလွှတ်ခဲ့ သည်။ ကိုးတိုင်းကိုးဌာနသို့ လည်း သာသနာပြု အဖွဲ့ များစေလွှတ်သည်။ ဓမ္မက္ခန္မာပေါင်း ၈၄၀၀၀ ကိုရည်မှန်း၍ ရေတွင်းပေါင်း ၈၄၀၀၀ ၊ ရေကန်ပေါင်း ၈၄၀၀၀ ၊ ကျောင်းတိုက်ပေါင်း ၈၄၀၀၀ ၊ စေတီပေါင်း ၈၄၀၀၀ ကို လှူဒါန်းသည်။
မဉ္စိမတိုင်းတွင် သီရိဓမ္မာသောကမင်းကြီးလက်ထက် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်နှင့် ရဟန္တာ ၁၀၀၀ တို့  သည် ၉လတိုင်တိုင် သင်္ဂါယနာ တင်ခဲ့ ကြသည်။
စတုထ္ထသင်္ဂါယနာ တင်ခြင်း
သာသနာနှစ် ၂၃၆ခုနှစ်တွင် တတိယသင်္ဂါယနာ တင်ပြီးနောက် သားတော် မဟိန္ဒမထေရ်နှင့် သမီးတော် သင်္ဂမိတ္တာ ထေရီမတို့ သည် သီဟိုဠ်ကျွန်းသို သွားရောက့် သာသနာပြုရာဝယ် သီဟိုဠ်ဘုရင် ဒေ၀ါနံ ပီယတိဿမင်းကြီးသည် သာသနာ့ဒါယိကာခံယူ၍ မဟာမေဃ၀န်ဥယျာဉ်နှင့်တကွ မဟာဝိယာမကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းသည်။ ထိုမင်းသည် ဗုဒ္မဂယာရှိ မဟာဗောဓိပင်၏ တောင်ဘက်ကိုင်းကိုဖြတ်၍ ဒေ၀ါနံ ပီယတိဿမင်းထံ ထူမြတ်ဲသောလက်ဆောင်းကို နှင်းအပ်ခဲ့ ရာတွင် မဟာမေဃ၀န်ဥယျာဉ်၌ စိုက်ပျိုးထားသည်ကို ယနေ့ တိုင် ဘုရားဖူးခရီးသည်များ မြင်တွေ့ နီုင်သည်။ ထိုအပင်မှ မျိုးစေ့ယူ စိုက်ပျိုးသော ဗောဓိပင်ဟူသမျှ ဒက္ခိဏသာခါဟု ခေါ်သည်။
ထိုဗောဓိပင်ကြီးသည် ယခုအခါ နှစ်ပေါင်း ၂၆၀၀ကျော်ခဲ့ ပြီဖြစ်၍ ကမ္ဘာတွင် တခုတည်းသော သက်တမ်းအရှည်ဆုံး အပင်ဟု ပြောစမှတ်ပြုကြသည်။ သာသနာနှစ် ၃၅၀တွင် အိန္ဒိယပြည်၌ သီဝနှင့်ပိဿနိုးနတ်ကိုးကွယ်မှု အားကောင်းလာခါ ဗုဒ္မသာသနာမှေးမှီန်ခဲ့ ရာတွင် ရဟန်းတော်များသည် မူလသာသနာပွင့်လန်းရာ အိန္ဒိယနိုင်ငံမှ နေ၍ သီဟိုဠ်ကျွန်းသို့  ထွက်ပြေးတိမ်းရှောင်ခဲ့ ရသည်။ ထိုသို့  ထွက်ပြေးတိမ်းရှောင်ခဲ့ ရင်းသစ်ရွက် သစ်ဥ သစ်ဖုတို့ ကို သုံးဆောင်ကာ ပိဋကတ်သုံးပုံကို မမေ့ပျောက်စေရန် နေ့စဉ်ရွတ်ဖတ်ခဲ့ဲကြရသည်။အစာရေစာပြတ်လပ်၍ မတ်တတ်မှ မြေသို့  လဲကျသည်အထိ မမေ့မလျော့ မပျောက်ပျက်စေရန အာဂုံ် ထိမ်းသိမ်းစောင့်ရှောက်ခဲ့ ရသည်။ပိဋကတ်သုံးပုံကို ထိမ်းသိမ်းစောင့်ရှောက်သူများမှာ ဗုဒ္မ၏ ရဟန်းတော်များသာဖြစ်၍ သူရဿတီ မယ်တော်မဟုတ်ပါ။( သူရဿတီ သည်ဟိန္ဒူအယူသာဖြစ်၍ ဗုဒ္မ၀ါဒတွင် သူရဿတီ မရှိပါ။ )
ထို အကြောင်းများကြောင့် ဒုဠဂါမဏိမင်း လက်ထက် သာသနာနှစ် ၄၄၅ ခုနှစ်တွင် မဟာဝိဟာရ၀ါသီမထေရ်ဦးစီး၍ အဠကထာ နှင့် တကွ ပိဋကတ်သုံးပုံ ကို အနုရာဓမြို့ တော် တွင် ပေထက်အက္ခရာတင်သည်။ စတုတ္ထသင်္ဂါယနာ တင်ခြင်းလည်းဖြစ်သည်။
ခေတ်အဆက်ဆက် ရဟန်းတော်များသည် ကြံ့ခိုင်သောစိတ်ဓါတ်ဖြင့်ဂိုဏ်းကွဲများ ပူးဝင်ခြင်းကိုလည်း မျက်ခြေမပြတ်စေဘဲ ဗုဒ္မသာသနာမညှိုးနွမ်းစေရန်အထူးသန့် စင်ကြရသည်။ သာသနာနှစ် ၈၁၉-၈၄၅ခုနှစ် မဟာသေနမင်းလက်ထက် တွင် မဟာဝိဟာရ ကျောင်းတိုက် ဖျက်ဆီးခံရသည်။ ကိုးနှစ်တိုင်တိုင် ဆိတ်သုဉ်းသွားခဲ့ သည်။ ထိုမှမေဏ္ဍအမတ်ကြီး၏ ဖျောင်းဖျမှုကြောင့် မဟာသေနမင်းသည် ထိုကျောင်းတော်ကို ပြန်လည်မွန်းမံ တည်ဆောက်ခဲ့ သည်။ ရဟန်းတော်များကိုလည်း ပြန်လည်ပင့်ဆောင်ကာ ပစ္စည်းလေးပါး ထောက်ပံ့ လှူဒါန်းသည်။
ထိုသို့  ဗုဒ္မ၏ရဟန်းတော်များ ဆင်းရဲပင်ပန်းခဲ့ ကြသော်လည်း ဗုဒ္မရဟန်းတော်များက တစုံတရာ လက်တုံ့ ပြန်ခြင်း လက်စားချေခြင်း မရှိ သည်းခံ ခွင့်လွှတ်ခဲ့ ကြသည်။ ရဟန်းတော်များသတ်ဖြတ်ခံကြရသည့်တိုင် မည်သို့ မျှ လက်တုံ့ ပြန်ခြင်းမပြုခဲ့ ကြပါ။
florist မှ ပေးပို့ သည်။
ဤဆောင်းပါးပါ အချက်အလက်များကို အံ့မောင် ၏ ဿာသနာ၂၅၀၀ခရီး စာအုပ်မှ ထုတ်နှုတ်ထားပါသည်။
7 july အမှတ်တရ
-------------------------------------------------
Buddha 9
ဗုဒ္မရုပ်ပွားတော်များ
ဗုဒ္မရုပ်ပွားတော်များကို ရပ်တော်မူ ။ ထိုင်တော်မူ ။ လျောင်းတော်မူ စသဖြင့် ပုံစံအမျိုးမျိုး တွေ့ နိုင်သည်။
ဗုဒ္မရုပ်ပွားတော်များသည် ရဿဗေဒအရ သာမန်သွန်းထုထားသည့် အနုပညာပစ္စည်းမဟုတ်ချေ။ ကိုးကွယ်ဆည်းကပ်ရာ မည်ကာမတ္တ ( Image ) မဟုတ်ချေ။
အနုပညာပစ္စည်းတခုအနေဖြင့် အလှထား သည့် ရုပ်ပြ ပစ္စည်း်လည်း မဟုတ်ချေ။ အမှန်မှာ ရုပ်ပွားတော်များသည် ဗုဒ္မဟောကြားတော်မူအပ်သော တရားဓမ္မများကို
ကိုယ်စားပြု ထုလုပ်ထာခြင်းးဖြစ် ၍ ထူးခြားမှုရှိသည်။ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ဆင့်ပွားမှတ်တမ်းအရ ဗုဒ္မ၏ လက္ခဏာတော်ကြီးငယ်များဖြင့် တိကျ တူညီအောင် ပုံတူ သွန်းလုပ် ထုဆစ်ထားခြင်းဖြစ်၍လည်း ဆည်းကပ်ကိုးကွယ်ထိုက်သည်။( နောင်အခါ ဗုဒ္မရုပ်ပုံလွှာကို မိမိတို့  စိတ်ကူးအရ သွန်းလုပ် ကြည်ညို ကြသည်လည်း ရှိခဲ့ သည် ။ )
ဘုရားရှင်တို့ သည် လူသာမန်တို့ နှင့်မတူကွဲပြားသော လက္ခဏာတော်ကြီး (၃၂)ပါး။ နှင့်လက္ခဏာတော်ငယ် အပါး(၈ ၀) ရှိသည်။ခရစ်သက္ကရာဇ် ၁၉၅၇ခုနှစ်ကထိုင်းနိုင်ငံ
ဘန်ကောက်မြို့ တော်တွင် သာသနာသက္ကာရာဇ် ၂၅၀၀ပြည့်အထိမ်းအမှတ်အဖြစ်သွန်းလုပ်ခဲ့ သော ရပ်တော်မူ ပုံ ဗုဒ္မရုပ်ပွားတော်သည် ရိုးရာလက္ခဏာတော်များဖြစ်သော ရောင်ခြည်စက်ဝန်း ။ ပြန့် ကားသော နား ၊ ပြုံးယောင်သမ်းနေသောနှုတ်ခမ်း နှင့် လက်ယာရစ်လှည့်သောဆံခွေတော် များ စသည် ဗုဒ္မ၏ ထင်ရှား သော လက္ခဏာ တော်အချို့  တို့ ဖြင့် ပါဝင်ထုလုပ်ထားသည်။ ယခုအခါ ဘန်ကောက်အမျိုးသားပြတိုက်တွင်ရှိသည်ဟုသိရပါသည်။ မန္တလေးမြိုမဟာမြတ်မုနိဘုရားကြီးသည်ဗုဒ္မ၏လက္ခဏာတော်များဖြင့်သက်ရှိပမာထူးခြားစွာသွန်းလုပ်ထားသောရုပ်ရှင်တော်မြတ်တဆူဖြစ်သည်။ ဗုဒ္မမြတ်စွာသက်ရှိထင်ရှားစဉ်က ကိုယ်ငွေ့ လှုံ၍ သွန်းလုပ်ခဲ့သည့်သက်တမ်းရှည် ရုပ်ပွားတော်မြတ်တဆူဖြစ်သည်။ စေတီ ပုထိုးများသည်လည်း ထို့ အတူ ဗုဒ္မနှင့်သက်ဆိုင်သည့် ၀တ္ထုပစ္စည်းများ ၊ ဟောကြားတော်မူသော တရားဓမ္မများ ကျမ်းစာများ စသည် ဋ္ဌာပနာ၍ ထည်ထားကိုးကွယ်ထားခြင်းဖြစ်သည်။
ဗုဒ္မ၏ ရုပ်ပွားတော်များတွင် ကိုယ်နေဟန်အချိုးအစားကိုလိုက်၍ အဓိပ္မါါယ်ကိုဖေါ်ညွန်းသော မုဒြာများရှိသည်။ ( မုဒြာ = လက်အနေအထား)မုဒြာများသည် ဗုဒ္မ၏ဘ၀တလျှောက်လုံးတွင် ဖြစ်ပျက်သမျှကို ပုံဖေါ်ထားခြင်းဟုဆိုနိုင်သည်။ အကြမ်းအားဖြင့်မုဒြာ (၆) မျိုးတွေ့နိုင်သည်။
( ၁ ) သမာဓိမုဒြာ =ထိုင်လျက် လက်ဝါးနှစ်ဘက်စလုံး ကို အပေါ်သို့  လှန်လျက် ထပ်ထားပြီး ပေါင်ခွင်ပေါ်တွင် အလိုက်သင့် တင်ထားသည့် လက်အနေအထားသည် တရားအားထုတ်ဟန်။ ဈာန်ဝင်ဝင်စားဟန်ကို ဖေါ်ညွှန်းသည်။
(၂ ) ဘူမိ ဖဿမုဒြာ = ထိုင်လျက် မြေကြီးကို ညာဘက် လက်ချောင်းများဖြင့်ထိစေကာ ၀သုန္မရိမြေကြီးအား မာန်နတ်ကို အောင်မြင်ကြောင်း သက်သေညွှန်းဆိုဟန်ကို ဖေါ်ပြသည်။
(၃ ) ဓမ္မစကြာ မုဒြာ= ထိုင်လျက် လက်နှစ်ဘက်စလုံး ရင်ညွန့် အထက်နား တွင်မြှင့်ထားပြီး ဘယ်လက်ချောင်းထိပ်နှင့် လက်ယာလက်ဖ၀ါးကို ထိနေဟန်သည် ဓမ္မစကြာတရားကို ဟောကြားနေဟန်ဖြစ်သည်။
( ၄ ) အဘယမုဒြာ = ဘေးအန္တရာယ်မကျရောက်စေရန် ကာကွယ်ပေးဟန် ကို ဖေါ်ပြသည်။ ရပ်တော်မူ ပုံ နှင့် စင်္ကြန်ကြွချီဟန်ပုံတို့ တွင် လက်ယာလက်ဖြင့် လက်ဝါးကာပြသကဲ့ သို့  လက်ဖ၀ါးအပြင်ဘက်သို့ လှန်ကာ လက်ချောင်းများက အပေါ်သို့  ထောင်ဖြန့်ပြနေဟန်ဖြစ်သည်။ ( ရံခါ လက်နှစ်ဘက် )
( ၅ ) ၀ိတက္ကမုဒြာ=ဆွေးနွေးဟန် ညွှန်ကြားဟန်ြဖစ်၍ အဘယမုဒြာနှင့်ဆင်တူသည်။ လက်ယာဘက်လက်ညိုးနှင့် လက်မထိပ်ထိထားပုံ သာကွာသည်။
( ၆ ) ၀ရဒမုဒြာ= ရပ်တော်မူ ဗုဒ္မရုပ်ပွားတော်များ၌သာ တွေ့ မြင်နိုင်သည်။ ကောင်းချီးပေးဟန် ဆုပေးဟန်ဖြစ်ပါသည်။ လက်ယာဘက်လက်ကိုအောက်ချ၍လက်ဖ၀ါးကို အပြင်သို့ လှည့်ပြီး လက်ချောင်းများ အောက်သို ဖြန့်ချထားဟန်ဖြစ်သည်။
florist ဖတ်မိသမျှ ဝေငှပါသည်။
-------------------------------------------------
Buddha 10
မရှိမဖြစ် လိုအပ်နေသော ဘာသာတရား
လောကတွင် လူသည် ဆင့်ကဲ ဖြစ်စဉ်များဖြင့်ပြောင်းလဲခဲ့ ရာတွင် ယဉ်ကျေးမှု အရှိဆုံး သတ္တ၀ါဟု ဆိုကြသည်။ ထိုသို့ ဆိုလျှင် အဘယ့်ကြောင့် လူသားသည် အာဏာကို အကြွင်းမဲ့  ဆုတ်ကိုင် တွယ်ဖက် နေပါသနည်း။ အဘယ့်ကြောင့် လူသားသည် တပ်မက်ခြင်းအာသာဖြင့် အတော မသတ်နိုင်ရပါသနည်း။
အဘယ့်ကြောင့် မနာလို အူတိုမှုများ ကို ရင်ဝယ် ထွေးပိုက် သိမ်းသွင်းထားကြပါသနည်း။
အဘယ့်ကြောင့် လူသားသည် ထောင်လွှားမာန နှင့် ကမ္ဘာကြီးကို ထိန်းချုပ် လွှမ်းခြုံ ယစ်မူးကြီးစိုးချင်ကြပါသနည်း။
ယနေ့  ကမ္ဘာကြီးသည် တည်ငြိမ်အေးချမ်းခြင်မရှိ ပူလောင်လွန်းနေသည်။ ဆူဝေလွန်းလှသည်။ ၊ ရှုပ်ထွေးပွေလီရှိတော့သည်။ လူတိုင်းအသိဖြစ်ပါသည်။ ထို ဆူဝေလောင်မြိုက်နေသော ကမ္ဘာကြီးကို ငြိမ်းအေး စေရန် အဘယ်သူသည် ကယ်တင်နီုင်ပါအံ့ နည်း။ ကမ္ဘာကြီးကို တယ်တင်ဖို့  ဘာတွေ လိုအပ်နေပါသနည်း။ အဓိက လိုအပ်သည်မှာ စစ်မှန်ုသော ဘာသာတရား ဖြစ်ပါသည်။
ထိုပူလောင်မှုတို့ ကို ချေဖျက်ကယ်တင်ပေးမည့်ဆရာရှိပါသည်။ ထိုဆရာသည်ကား...
.စကြာဝဠာတ၀န်းလုံး၏ ကြည်ညိုလေးစား ထိုက်သောသူ ဗုဒ္မ မှတပါး အခြားမရှိ ။
ဗုဒ္မ၏ ကျင့်စဉ်များကို အခြေခံမှစ၍ လိုက်နာ အားထုတ်စမ်းသပ်ကြည့်ရန် နိုးဆော်ပါရစေ။
ဗူဒ္မ၏ဒဿနတွင် အကြမ်းဖက်မှုဆိုသည်မရှိ။ ပြေအေးခြင်းဖြင့်သာ ငြိမ်းချမ်းမှုကိုပေးသည်။
သွေးမြေတစက်မကျစေရ။ အံ့ချီးဖွယ် ခွင့်လွှတ် စာနာ သည်းခံရန်သာ လမ်းညွှန်သည်။ ဗုဒ္မ၏ သွန်သင်မှုတွင် ပျော်ရွင်းခြင်းအလင်းကမ္ဘာသို့ ရောက်ရန်လမ်းကို သာ မီးမောင်းထိုးပြထားသည်။
ဗုဒ္မသည် ကိုယ်ကျင့်တရားကို စင်ကြယ်စေရန် အခြေခံအားဖြင့် ကျင့်စဉ် ၅မျိုးသတ်မှတ်သည်။
( ၁ ) သူတပါးအသက်ဆိုလျှင် ပုရွက်တကောင်ကိုမျှ မသတ်ရ။တန်ဘိုးထား လေးစား ရမည်။
( ၂ ) သူတပါးပစ္စည်း မခိုးမ၀ှက်ရ။ အပ်တိုတချောင်းပင် ပိုင်ရှင်မသိဘဲ မယူရ။
( ၃ ) သူတပါးအိမ်ယာ မကျူးလွန်ရ ။
(၄ ) လိမ်လည်ပြောဆိုခြင်းမပြုရ။
( ၅ ) မူးယစ်စေသော အရည်ဟူသမျှ သောက်သုံးခြင်း မပြုရ ။ဤအချက်များကို သေသည်အထိ ဝေးစွာ ရှောင်ကျဉ်ရမည်ဖြစ်ပါသည်။
လွယ်မယောင်နှင့်ခက်ပါသည်။ ထို ငါးမျိုးကို ထိန်းချုပ်နီုင်လျှင် ရှေ့ တဆင့်တက်၍ ( ၁ ) သူတပါးကို ကိုယ်နှင့်ထပ်တူ ချမ်းသာစေခြင်း ။
( ၂ ) ကိုယ့်ထက် ဆင်းရဲ သူကို စာနာသနားခြင်း။ ( ၃ ) ကိုယ့်ထက် ပြည့်စုံသူကို ရှိမြဲရှိပါစေဟု ၀မ်းမြောက်ဝမ်းသာဖြစ်ခြင်း။
( ၄ ) မိမိပြုသော အမှုကံအားလျော်စွာ ဖြစ်ခြင်းဟု နှလုံးသွင်း လစ်လျူရှုခြင်း။စသည်တို့ကို အားထုတ်ကြည့်ပါ။ အဇ္စရေးလ်
ပါလက်စတိုင်း ၊ အဖဂန် တာလီဘန် ၊ဆွန်နီ ရှီးယိုက် ၊ခရစ်ယန် စသည်တို့ သည် ဒီအခြေခံ ငါးမျိုးနှင့် မေတ္တာ ၊ကရုဏာ ၊မုဒိတာ ၊ ဥပက္ခာ လေးမျိုးကို
ကျင့်ကြံ အားထုတ်နိုင်လျင် အမှန်တကယ်ငြိမ်းချမ်းနိုင်ပါလိမ့်မည်။ ဟု florist အခိုင်အမာ ယုံကြည်သည်။
ဗုဒ္မဘာသာဝင် သာသနာပြု ပုဂ္ဂိုလ် များသည်လည်း ယခုထက် ပို၍ စွန့် စားသွားရောက်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ အသေခံ ဗုံးခွဲ တိုက်ခိုက်ခြင်းသည် မှားယွင်းသောလုပ်ရပ်ဖြစ်ကြောင်း မိမိအသက်ကို မိမိကိုယ်တိုင် လုပ်ကြံခြင်းဖြစ်၍ သူ့ တပါးအသက်ကို လုပ်ကြံ သတ်ဖြတ်ခြင်းနှင့်တူညီသော ပြစ်မှု ကျူးလွန်းခြင်းတမျိုးသာဖြစ်ကြောင်း သိစေချင်သည်။ နားလည် သဘောပေါက်အောင် ရှင်းပြ နိုင်ရန် မျှော်လင့်မိသည်။ အကယ်၍ အသေခံ ဗုံးခွဲခြင်းတည်းဟူသော တိုက်ခိုက်မှုမျိုးသာ ဤ ကမ္ဘာလောကတခွင် မရှိ မပေါ်ပေါက်ခဲ့ လျှင် အလွန် အေးချမ်း သွားလိမ့်မည်ဟု ထင်မြင်ယုံကြည်မိပါသည်။
ထို့ ကြောင့်လည်း အမှန်တကယ် အေးငြိမ်းချမ်းသာနိုင်မည့် ဗုဒ္မလမ်းစဉ်ကိုသာ ပြန့်ပွားအောင် ဖြန့်ချီ နိုင်ဖို့  လိုပါသည်။ ယခုအခါ လူကိုယ်တိုင် မသွားရောက်နိုင်သည့်တိုင် online မှ တဆင့် ဖြန့်ချီနီုင်ပြီဖြစ်ရာ စိတ်ပါဝင်စားသူများ ကမ္လာကြီး အေးငြိမ်းချမ်းသာဖို့ ရန် အမှန်တကယ် လိုအပ်နေသော ဗုဒ္မ၏ လူမှု ကျင့်ဝတ်သိက္ခာများကို တတပ်တအား ဆင့်ပွားဝေငှ ကြပါရန် ပန်ကြားပါသည်။ ။
လူသားများသည် ဆင့်ကဲ ဆင့်ကဲ ဖြစ်စဉ်များဖြင့် ပြောင်း လဲ ရာတွင် ယဉ်ကျေးမှု အမြင့်ဆုံးသို့  ရောက်ရှိနေပြီဖြစ်သည်ဟု ဆိုကြသည်။ အမှန်တကယ် ယဉ်ကျေးကြပါရဲ့ လားဟု မေးချင်သည် ။ ယဉ်ကျေးပါသည်ဆိုလျင် အဘယ့်ကြောင့် အာဏာကို အသေ ဖက်တွယ်ထားပါသနည်း။
အဘယ့်ကြောင့် တပ်မက်ခြင်း ပြင်းပျနေရသနည်း ။ အဘယ့်ကြောင့် ၊ မနာလို အူတိုခြင်း ၊ ထောင်လွှားခြင်း မန်မာန ကြီးခြင်း စသည် တို့ဖြင့် ကမ္ဘာကြီးကို သိမ်းပိုက် စိုးအုပ် ဆူပွက် စေပါသနည်းဟု မေးချင်သည်။ ။
florist
-------------------------------------------------
Buddha 11
The Jewel of the Dhama
ဓမ္မရတနာ
မကောင်းမှုမှန်သမျှကို မပြုလုပ်ခြင်း။
ကောင်းမှုမှန်သမျှကို ပွားစည်းခြင်း။
စိတ်နှလုံးကို ဖြူစင်စွာထားခြင်း။
ထိုအချက်များသည် ဗုဒ္မ၏ ဒေသနာတော်ပေတည်း။
Accumulate wholesome deeds
Do not a jot of evil ,
keep purifying the mind;
this is the teaching of the Buddha.
ကျွန်ုပ်နှင့် ကမ္ဘာလောကသည်
ဒုက္ခကင်းဝေးသူများဖြစ်ကြပါစေ။
ထိုအချက်များသည်
ဘ၀နေနည်း အတတ်ပညာပေတည်း။
May I and may the world
be without suffering ,
this is the art of living ;
this is true Dhamma .
( ပါရဂူ )
share by florist
-------------------------------------------------
Buddha12
ခလေးတွေ အားလုံးဟာ ပုံပြင်တွေကို မက်မောခဲ့ ကြတယ်။လူတိုင်း လူတိုင်းဟာလဲ ခလေးဘ၀ကို ဖြတ်သန်းလာခဲ့ ကြသူများချည်းဖြစ်လို့  လူတိုင်းပုံပြင်တွေကိုတွယ်တာခဲ့ ကြပါတယ်။မိခင်တွေဟာ မိမိ ရင်နှစ် သည်းချာတွေကို လိမ္မာယဉ်ကျေးအောင် ပုံပြင်ကလေးတွေနဲ့ ဆုံးမပဲ့ပြင်ခဲ့ ကြတယ်။ နည်းပေးလမ်းပြလုပ်ခဲ့ ကြတယ်။ အနည်းဆုံး မိမိသားသမီးများကိုဖြောင့်ဖြောငိ့တန်ူးတန်း အိပ်အောင် အိပ်ယာဝင်ပုံပြင်တွေနဲ့  ချော့သိပ်ပြောပြခဲ့ ကြတယ်။
တကယ်တော့ ကျွန်မတို့ ရဲ့  ဆရာတဆူဖြစ်တော်မူသော ဗုဒ္မမြတ်စွာဟာလဲ ငါဘုရားနုစဉ်ကာလမှာ … လို့  အစချီပြီး တေမိ ၊ နေမိ၊ ဇနက္က စသည် နိပါတ်တော်ပေါင်းများစွာကို ပုံပြင်သဖွယ် ပြန်ပြောင်း ပြောပြဆုံးမခဲ့ သူ ပုံပြောကောင်းသူ ဘဲ မဟုတ်ပါလား။ဒီလို ဘ၀ပေါင်းများစွာက အဖြစ်သနစ်တွေကို ပြန်ပြောင်းပြောနိုင်အောင်လည်း မြတ်ဗုဒ္မဟာ ပုဗ္ဗေနိဝါသညာဏ် (ရှေးဖြစ်ဟောင်းပြန်ပြောင်းမြင်သိခြင်း) ကို ဖြည့်ဆီးခဲ့သောပါရမီတော်များအရ ပိုင်ပိုင်ရရှိခဲ့ ပြီးသူဖြစ်ပါတယ်။
စရိယာသုံးမျိုး
(၁) လောကတ္ထစရိယာ (လောကအားလုံးရှိ ကမ္ဘာသူကမ္ဘာသားအားလုံး၏ အကျိုးကို ဖြည့်ဆည်းခြင်း။)
စရိယာဆိုတာကျင့်စဉ်ပါ။ ဗုဒ္မဟာ မိမိကိုယ်တိုင် ကျင့်စဉ်၃ပါးကိုလည်း အားထုတ်ကျင့်ကြံခဲ့ သူဖြစ်ပါတယ်။ တိုင်းပြည် အုပ်ချုပ်မင်းလုပ်သူတို့ မှာ ခေါင်းဆောင်ကောင်းလက္ခဏာနှင့်ပြည့်စုံဖို့ လိုအပ်ကြောင်းကို လောကတ္ထစရိယာ ဆိုတဲ့  ကျင့်စဉ်အကြောင်းခုလို ပုံပြပြောဆိုခဲ့ ဖူးတယ်။
ရှေး ရှေး ဘ၀ပေါင်းများစွာက ဘ၀တခုမှာ ငါသည် ဗာရာဏသီမင်းကြီး၏့ သားတော်တပါးဖြစ်ခဲ့ တယ်လို့အစချီပြီးပြောပြခဲ့  ရာမှာ .. ခမည်းတော်မင်းကြီး၏် နတ်ကိုးကွယ်မှု အယူဝါဒကို ငါ အိမ်ရှေ့မင်းသားလေးသည် မနှစ်မျို့ ဘူး။အမြဲ စက်ဆုတ်ရွံရှာခဲ့  တယ်။တဲ့ ။ ခမည်းတော်ဘုရင်ကြီးက သတ္တ၀ါတွေရဲ့  အသက်ပေါင်းများစွာကိုစုစည်း သတ်ဖြတ်ပြီးမှ ယစ်နတ်ပူဇော်ခြင်းပြုလုပ်တာကိုး။ ခမည်းတော်ရဲ့  အယူဝါဒကို နှစ်သက်လက်ခံခြင်းမရှိတဲ့  ငါဟာ ငါဘုရင်ဖြစ်ရင် ဒီကိုးကွယ်မှုကို ချက်ခြင်း ချိုးနှိမ်ဖျက်ဆီးပြစ်မယ်ဆိုတဲ့  အသိတရားကို စွဲစွဲမြဲမြဲတေးမှတ်ထားခဲ့ တယ်။
ဒါကြောင့် ငါဟာ ဥပါယ်တမည်နဲ့  မကြာခဏ ညောင်ပင် ကြီးတပင်မှာ ပန်းနံ့ သာ သွန်းလောင်းပြီး နတ်ကိုးချင်ဟန် ဆောင်တယ်။ အတန်ကြာတော့ ခမည်းတော် နတ်ရွာစံရော ဆိုပါတော့ ။ တနေ့  မူးမတ်တွေကို ပြောတယ် ။ ငါ ဟာ ညောင်ပင်စောင့်နတ်မင်းထံမှာ ငါဘုရင်ဖြစ်ရင် သူ့အသက်သတ်ပြီး ယစ်ပူဖော်ခြင်းအမှု ပြုသူ။ သူ့ဥစ္စာခိုးသူ ၊ လိမ်လည်ပြောဆိုသူ ၊ သေရည်ကျူးသူ။အိမ်ယာပြစ်မှားသူစသည် လူပေါင်းတထောင်၏သွေးနှင့် နတ်မင်းကို ပူဇော်ပါမယ်လို့  စကားရှိခဲ့ တယ် ထိုလူတထောင် ရအောင်စည်လည်ရှာကြလို့  အမိန့် ထုတ်ပြန်တာပေါ့ ။( စည်လည်ရှာတယ်ဆိုတာက မောင်းထမ်းပြီး တိုင်းသူပြည်သား လူအများတို့ လေး….ဒူ ဟူ ..ဟူ… ဆိုပြီးလှည့်တာ)
အဲဒီလို လှည့်လည်ရှာဖွေရာမှာ တယောက်မှအသက်သတ်သူ ထွက်မလာရဲကြဘူးနောင်အခါမှာလည်း သူတပါးအသက်သတ် ယစ်ပူဇော်ခြင်းအမှု တဦးတယောက်မှ မပြုရဲ ကြတော့ဘူး တဲ့ ။ အားလုံး လူ့ အသက်သွေးဖြင့် ယစ်နတ်ပူဇော်ခြင်းအမှုကိုဝေးစွာ ရှောင်ကျဉ်ကုန်ကြတယ် ။ တတိုင်းတပြည်လုံး ကမ္ဘာသူကမ္ဘာသားအားလုံး ကိုယ်ကျင့်တရားကောင်းမွန်ပြီး တိုင်းပြည်ဝပြောသာယာခဲ့ တယ် တဲ့ ။ ဒါဟာ တိုင်းသူပြည်သားတွေကို ဥပါယ်တမည်နဲ့  ညောင်စောင့်နတ်ကို ကိုးကွယ်ဟန်ပြုပီး မိမိလိုရာ သိမ်းသွင်းလိုက်ခြင်းပါဘဲ ။အယူမှားကို ပယ်ဖျက်စေခြင်းလဲဖြစ်တယ်။ သတ္တ၀ါအားလုံးရဲ့  အကျိုးကို မျှော်ကိုးပြီးအမျှော်အမြင်ရှိရှိ ပြုမူလိုက်တာမို့  လောကအားလုံး သတ္တ၀ါအားလုံးရဲ့  အကျိုးကို သည်ပိုးထမ်းရွက်ခြင်းမည်တယ်။ ဒါကို “ လောကတ္ထစရိယာ “ လောကအကျိုးကို သည်ပိုးဆောင်ရွက်ခြင်းခေါ်တယ်။ ဗုဒ္မဖြစ်စဉ်တော်တွေထဲ မှာ ဒီလိုမျိုး များစွာရှိပါသေးတယ်။
(၂) ညာတတ္ထစရိယာ (မျိုးနွယ်ကို စောင့်ရှောက်ခြင်း။)
မဟော်သဓာဇာတ်မှာ ၀ိဒေဟရာဇ်မင်းကြီးနဲ့  ပဉ္စလစန္ဒီမင်းသမီးတို့ ကိုဥမင်လှိုဏ်ခေါင်းတွေထဲကနေ ကယ်ထုတ်အပြီး ဘုရင်နှင့်အတူ ကိုယ်လွတ်ရုန်း လိုက်ပါရှောင်တိမ်းခြင်းမရှိဘဲ “ စစ်သည်အပေါင်း၏ဥသျှောင်ဖြစ်တဲ့ မဟော်သဓာ ဟာ ငယ်သားတွေနဲ့  သေအတူ ရှင်အတူ ရှိခဲ့ ပါတယ်။
ဘုရားလောင်း မျောက်မင်းဘ၀မှာ လည်း မျောက် ရှစ်သောင်းရဲ့  အသက်ကိုကိုယ်တော်တိုင် အသေခံပြီး ကယ်တင်ခဲ့  ဖူးတယ်။အန္တရယ်ကို မမြင်တဲ့  မျောက်အကောင်ရှစ်သောင်းဟာ သရက်သီးတွေကို စားသုံးကြရာမှာ အရသာထူးကဲတဲ့  သရက်တွေကို ဖျက်ဆီးပြစ်ရမလားဆိုပြီး ဘုရင့် မူးမတ်စစ်သားတွေက မျောက်တွေကို သတ်ပြစ်ဖို့ လာကြတာကိုး။ ဂင်္ဂါမြစ်ကို ခုန်ကူးရမှ တဘက်ကမ်းရောက်မှာမို့ ဘုရားလောင်းမျောက်မင်းက ကျောခင်းပေးခဲ့ရတယ်။ ဘုရားလောင်းမျောက်မင်းရဲ့  ကျောကို နင်းပြီး ခုန်ခုန်ကူးရတာကြောင့် မျောက်ရှစ်သောင်းရဲ့ ဒါဏ်နဲ့  ဘဲ မျောက်မင်းကွယ်လွန်ခဲ့  ပါတယ်။မျောက်ရှစ်သောင်းကတော့ လွတ်မြောက်သွားခဲ့ ပါတယ်။
ဒါဟာ မျိုးနွယ်ကို အသက်ပေး စောင့်ရှောက်ခြင်းဖြစ်လို့  “ ညာတတ္ထစရိယာ “ လို့  ခေါ်တယ်။ဒါဟာ ဥပမာ တခုပါ ။ဒီလို စောင့်ရှေက်မှုမျိုး အများကြီးရှိပါသေးတယ်။
၃ ဗုဒ္မတ္ထစရိယာ (ဗုဒ္မဖြစ်ရန် ကျင့်စဉ်များကို ကျင့်ကြံအားထုတ်ခြင်း)
ဗုဒ္မ ဘုရားဖြစ်ရန် ကျင့်စဉ်တွေက များလွန်းပါတယ် ။ ဘုရားဖြစ်ဖို့ ဆိုတာ မလွယ်ပါဘူး။၂၆သင်္ချေနှင့် ကမ္ဘာတသိန်းပါရမီ ဖြည့်ရတဲ့ ဘုရားလဲ ရှိတယ်။ လေးသင်္ချေနဲ့  ကမ္ဘာတသိန်းပါရမီဖြည့်ရတဲ့  ဘုရားလည်းရှိပါတယ်။ ဒါနပါရမီ။ ၀ီရိယပါရမီ။ခန္ဒီပါရမီ။ဥပက္ခာပါရမီစသည် ပါရမီ အများအပြား ရှိပါသေးတယ်။ လူသာမန်တွေ ဖြည့်ဆည်းမရနိုင်တဲ့ ပါရမီပါ။ ဒါလဲ ပြောပြချင်သေးတာပါ။ တခြားဘုရားဟော ပုံပြင်တွေလဲ ပြောချင်သေးတာ။ ပြောချင်တာတွေ များလွန်းလို့  မပြောဖြစ်
ခဲ့ ပြန်ဘူး။ ဒီဘဒ္ဒကမ္ဘာမှာ ဘုရားငါးဆူပွင့်ရာ့  ဂေါတမဗုဒ္မဆိုရင် နောက်ဆုံးဘ၀မှာကို ၆နှစ် ထပ်မံကျင့်ကြံအားထုတ်ရပါတယ်။
ဗုဒ္မဘာသာဆိုတာ အမြဲ ကျင့်ကြံအားထုတ်နေရတာမျိုးပါ။ ဆုတောင်းတိုင်းရတာမျိုး မဟုတ်ပါဘူး။ ဆုတောင်းခြင်းဟာ အထောက်အပံ့ပေးတာတော့ မှန်ပါတယ်။ အပြည့်အ၀ရနိုင်ဖို့ က ကျင့်စဉ်တွေကို အားကိုးရမှာပါဘဲ။ ဒါပေမဲ့  တကူးတက ကျင့်မှ ရယ်လို့  မဟုတ်ပါဘူး။ နေ့စဉ် လူမှု ၀တ္တရားတွေ ဆောင်ရွက်လုပ်ကိုင်ရင်းနဲ့  ဘုရားအကြိုက် ကောင်းတာလုပ်မကောင်းတာရှောင် ဆိုရင် ဘဲ တော်တော်လေးဖူလုံနေပါပြီ။
Florist ဝေမျှသည်။
May 1st 2011
Buddha 13
လူနှင့် ကိုးကွယ်မှု
သမိုင်းဆရာတို့က လူသားတို့သည် ရှေးဦးအခါက ခြေသလုံးအိမ်တိုင်ဘ၀နှင့် လှည့်လည်သွားလာနေထိုင်ကြရင်း အန္တရယ်မျိုးစုံနှင့် ကြုံခဲ့ကြသည်ဟုဆိုသည်။ဥပမာ မုန်တိုင်းကျခြင်း ။တောမီးလောင်ခြင်း၊ဒီရေတက်ခြင်း။မြွေနှင့် သစ်၊ကျား ၊ဆင် ၊မြင်းစသည့်တောရိုင်းသတ္တ၀ါများနှင့် ကြုံတွေရသည့်အခါ နာမကျန်းဖြစ်သည့်အခါ တို့တွင် အားကိုးရှာလာကြသည်။ဘေးဆိုး ဒုက္ခဆိုးတို့မှ ကင်းလွှတ်စေရန် ကိုးကွယ်ရာ ရှာကြသည်တွင် တောတောင်ကိုလည်းကောင်း သစ်ကြီးဝါးကြီးများကို၎င်း၊ ကိုးကွယ်ရာဟု ထင်မြင်လာကြသည်။
မိမိတို့စိတ်ကူးဖြင့်လည်း မမြင်ရသော တန်ခိုးရှင်တဦးဦးကို အမျိုးမျိုး မှန်းဆပုံဖေါ် ကိုးကွယ်ဆည်းကပ်ခဲ့ကြသည်။
ပင်လယ်သမုဒ္ဒရာတွင် လှည့်လည်ကြက်စား နေထိုင်သူတို့က သမုဒ္ဒရာ စောင့်နတ်ကိုသော်၎င်း။တောတောင်ထဲတွင် လှည့်လည်နေထိုင် သွားလာသူတို့က တောစောင့်နတ် တောင်စောင့်နတ်ကို၎င်း ဖန်တီးပူဇော်လာကြသည်။
ထိုမှ ဗုဒ္ဓဘုရားပွင့်တော်မူရာတွင် လူတို့၏ ကိုးကွယ်ရာအမှန် ကို ဗုဒ္ဓဘုရားက ကိုယ်တိုင် ကျင့်ကြံအားထုတ်ပြီး လမ်းညွန်မှုပေးခဲ့သည်။
ယနေ့ အဆင့်မြင့်လူသားတို့သည် ဦးနှောက်ရှိသူများဖြစ်သည်နှင့်အညီ မိမိ ဦးနှောက်ကို ကောင်းကောင်း အသုံးချပြီး ကိုးကွယ်ရာအမှန်ကို ရှာကြံသင့်ပေသည်။ မိမိတို့ ကိုးကွယ်သော ဘာသာရေးတွင် သွေးစွန်းပေခြင်းမရှိပါမှ အမှန်တကယ် စစ်မှန်အေးငြိမ်းသည့် ဘာသာရပ်တခုဟု နားလည် သဘောပေါက် လက်ခံရရှိပေမည်။
ယနေ့ ကမ္ဘာကြီးသည် လူသားတို့ဖန်တီးမှုကြောင့်သော်၎င်း၊သဘာဝအားဖြင့်သော်၎င်း ပူလောင်ဆူပွက်နေရာ ထိုပူလောင်ဆူပွက်မှုကို အမှန်တကယ် ငြိမ်းအေးစေမည့်ဆေးမှာ ဗုဒ္ဓ၏ဓမ္မ မှတပါး အခြားမရှိချေ။
ဘုရား တရား သံဃာ တည်းဟူသော ရတနာ သုံးပါးကိုသာ(သရဏဂုံသုံးပါး) သင် မမှိတ်မသုံ ယုံယုံကြည်ကြည်ဆောက်တည် ကိုးကွယ်လိုက်စမ်းပါ။ အမှန်တကယ် ငြိမ်းချမ်းသွားပါလိမ့်မည်။
ယနေ့ဗုဒ္ဓဘာသာဝင်ပါဟု ဆိုနေသော ဗုဒ္ဓဘာသာဝင်များသည် အများအားဖြင့် မိရိုးဖလာ များသာဖြစ်နေသည်။ “ဘုရားမှတပါး ကိုးကွယ်ရာမရှိ “ဟူသည့်မူမပါဘဲ ဘက်ပေါင်းစုံမှာ ကိုးကွယ်မှု ပြုနေကြသည်။ ဗုဒ္ဓကို မလေးစားရာ ရောက်ပါသည်။
ဗုဒ္ဓကိုယ်တော်တိုင် ခွင့်ပြုထားသည့်အတိုင်း ဗုဒ္ဓဓမ္မကို ကိုယ်တိုင် ကျေနပ်အောင် လေ့လာသုံးသပ် ဆန်းစစ်ပြီှးမှ “ဗုဒ္ဓမှတပါး အခြားကိုးကွယ်ရာမရှိ” ဟူသည့် မူဝါဒကို ချမှတ်ကိုးကွယ်ဆည်းကပ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ပြီးလျှင် ဗုဒ္ဓ အဆုံးအမ(ဓမ္မ)များကို လိုက်နာကျင့်ကြံနေထိုင်ဖို့လည်း လိုပါသည်။ ဗုဒ္ဓဘာသာမှာ ကိုးကွယ်ဆည်းကပ်နေရုံ ဆုတောင်းနေရုံနှင့် မရပါ။ကိုယ်တိုင်လိုက်နာဆောက်တည်ရပါလိမ့်မည်။သို့မှသာ ဗုဒ္ဓဘာသာဝင် ကောင်းတယောက်ဟု ခေါ်ဆိုရမှာဖြစ်သည်။
အချေအနေ အချိန်အခါအရ မိမိဘယ်နေရာ ဘယ်ဒေသရောက်ရောက် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ “တည်းဟူသော ရတနာသုံးပါးကိုသာ မိမိရင်တွင်းကိန်းဝပ်တည်ရှိစေခြင်း။ အခြေခံ ငါးပါးသီလကို အသက်ထက်ဆုံးမကျိုးမပေါက် စောင့် ထိန်းခြင်းဖြင့် ဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဖြစ်အောင် ကျင့်ကြံနေထိုင်သင့်ပေသည်။တခုအရေးကြီးသည်မှာဗုဒ္ဓဘုရား၏ အဆုံးအမတရားတော်ကို သိမြင်ပြီး ထိခြင်းငါးပါးနှင့်ကံတော့တတ်ရန် လိုပါလိမ့်မည်။
လူတို့သည် “ကံ “ကို အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုနေကြသည်။” ကံသည် သီးခြားတည်ရှိနေသော ဖန်တီးရှင် မဟုတ်ပေ။ ကံ = ကမ္မ= မိမိပြုသောအမှုသာလျှင်တည်း ။ ရဟန်းတို့ စေတနာကို ကံဟု ငါဘုရားဟောကြားသည်။စေတနာထက်သန်လျှင် ကံကြီးသည်။စေတနာညံ့လျှင် ကံနည်းသည် စေတနာသာလျှင် အရင်းခံတည်း“ဟု ဗုဒ္ဓမြွက်၏။
ကံကောင်းချင်လျှင် စေတနာ ကောင်းဖို့ လိုကြောင်း ဗုဒ္ဓဘုရားက မိန့်လိုရင်းဖြစ်သည်။
ကံတွင် ကာယကံ ။ဝဇီကံ။ မနောကံ ဟုလည်း ခွဲခြားနိုင်၏။
တဖန် ကာယကံတွင် ဒုစရိုက်ကံ ၃ပါး ။
သူ့အသက်သတ်ခြင်း။ သူ့ဥစ္စာခိုးခြင်း။ သူ့အိမ်ယာပြစ်မှားခြင်း။( ကာယကံမြောက် ကိုယ်ထိလက်ရောက် ကျူးလွန်မှု)
ဝဇီကံတွင် ဒုစရိုက်ကံ ၄ပါး။
လိမ်ညာပြောဆိုခြင်း။ချောပြစ်ကုန်းတိုက်ခြင်း။ကြမ်းတမ်းစွာ ဆဲဆိုခြင်း။သိမ်ဖျင်းသောစကားကို ပြောဆိုခြင်း။(နှုတ်ကျူးလွန်မှု)
မနောကံတွင် ဒုစရိုက် ၃ပါး
မနာလို အူတိုခြင်း။ပျက်စီးအောင် မကောင်းကြံစီခြင်း။မှားသော အယူကို ယူခြင်း(စိတ်ဖြင့် ပြစ်မှားမှု )ဟူရွေ့ ထပ်မံ ဖွင့်ဆိုသည်။
မည်သည့် တန်ခိုးရှင်ကိုမှ အားကိုးရန်မလို။ ဘယ်သူမပြု မိမိမှုသာ။ ကိုယ့်ဒုက္ခ ကိုယ်သိမ်းတတ်ရမည်။ ကိုယ်စိုက်သည့် စပါးကိုယ်သာသိမ်းရပေမည်။အတ္တာဟိ အတ္တနော နာထော မိမိကိုယ်ကိုသာ ကိုးကွယ်ရာ ဟု ဗုဒ္ဒဘုရားက လမ်းညွှန်ပါသည်။မိမိကိုယ်ကို ကိုးသာ ကိုးကွယ်ရာဟုဆိုရာတွင် ခန္ဓာကိုယ်အတ္တဘောကိုမဆိုလိုပေ။မိမိကိုယ်တိုင်သိမြင်သည့် “အသိဥာဏ်ပညာ ” ကိုသာ အားကိုးရမည်ဟု ဆိုလိုရင်းဖြစ်သည်။
လောကရှိ အလုံးစုံသောသတ္တ၀ါတို့သည် ကံသာလျှင် အမိ ကံသာလျှင်အဘ ကံသာလျှင် ကိုးကွယ်အားထားရာဖြစ်၏။ကံသာလျှင်မိမိ၏်ကိုယ်ပိုင်ဥစ္စာဖြစ်သည်။မိမိပြုလုပ်သော ကံမှတပါး လေကအား ဖန်တီးသူမရှိ ဟု ဗုဒ္ဓဆို၏။ထိုသို့သင် အယူရှိလျှင် မိစ္ဆာဒိဌိ(မှားသောအယူ)အဖြစ်မှ ကင်းလွတ်ပြီးသမ္မာဒိဌိ(မှန်သောအယူ)တည်သည်။
ဗုဒ္ဓသည် ရခဲလှသော လူ့ဘ၀ကို ရတုံးရခိုက် လူဖြစ်ကျိုးနပ်စေရန် လူပြီသစေရန် ဤကဲ့သို့ သွန်သင်ခဲ့သည်။
၁။ စွန့်ကြဲပေးကမ်းပါ။လှူဒါန်းပါ။
၂။ကိုယ်ကျင့်သီလကို မကျိုးပျက်အောင် စောင့်ထိန်းပါ။
၃။ဘုရားဂုဏ်တော်ကို မပြတ်အာရုံပြုပါ။
၎။ရိုသေထိုက်သူကို ရိုသေပါ။
၅။တပါးသူလိုအပ်လျှင် ကိစ္စကြီးငယ် ကူညီပါ။
၆။မိမိပြုသော ကုသိုလ်အဘို့ကို အမျှပေးဝေပါ။
၇။သူတပါးကုသိုလ်ပြုလျှင်လည်း ၀မ်းမြောက်ဝမ်းသာ သာဓု သုံးကြိမ်ခေါ်ပါ။
၈။တရားတော်ကို ကောင်းစွာ နာယူပါ။
၉။သူတပါးအားလည်း တရားတော်ကို ဝေမျှပါ။
၁၀။ဖြောင့်မတ်သောအယူကို ယူပါ။
၁၁။သည်းခံခွင့်လွှတ်ခြင်းဖြင့် တဘက်လူကို အနိုင်ယူပါ။
၁၂။ကလဲ့စားခြေခြင်းသည် မိမိ သူတပါး၏ ပျက်စီးခြင်းသာဖြစ်၍ ရန်တုံ့မူပါနှင့်။
အမှန်စင်စစ် ဗုဒ္ဓသည် လူမှုကျင့်ဝတ်ကို သင်ကြားပေးနေသော ဆရာတဆူလည်းဖြစ်ပေသည်။
Florist မျှဝေသည်။
ဖေဖေါ်ဝါရီလ ၁၀ရက် ၂၀၁၂ခုနှစ်
Buddha 14
၃၈ဖြာ မင်္ဂလာ
ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးစဉ် အမျိုးအမည် မထင်ရှားသော နတ်သားတပါး၏အမေးကို အကြောင်းပြု၍ လူနတ်ဗြဟ္မာအပေါင်းတို့အားသုံးဆယ့်ရှစ်ဖြာသော မင်္ဂလာတရားတော်ကို ဟောကြားမိန့်မြွက်ခဲ့သည်။ဤတရားတော်သည် လူမှုရေး၊ပေါင်းသင်းဆက်ဆံရေး၊ ကုသိုလ်ရေး၊ ပညာရေး၊စီးပွားရေး၊စားဝတ်နေရေး။အိမ်ထောင်ရေး။ကျန်းမာရေး၊အမျိုးသားရေးစသည် အထွေထွေပါရှိပြီး လူတို့၏ကြီးပွားချမ်းသာရေးအတွက် အဓိကထား ဟောကြားခြင်းဖြစ်သည်။တိုးတက်ခေတ်မီလိုသော ကြီးပွားချမ်းသာလိုသော မည်သည့်ဘာသာဝင်မဆို လိုက်နာ ကျင့်သုံးသင့်ပေသည်။
၁။လူမိုက်တို့ကို ဝေးစွာရှောင်ကျဉ်ခြင်းသည် မင်္ဂလာတပါး။(မိမိ သူတပါး ပျက်စီးစေနိုင်သော အကြံအစီရှိသူ)
၂။ပညာရှိသူကို ဆည်းကပ်ခြင်းသည် မင်္ဂလာတပါး။(မိမိသူတပါးအကျိုးစီးပွားကို လိုလားသူ)
၃။ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မင်္ဂလာတပါး။ (ရတနာသုံးပါးနှင့်မိဘဆရာစသည်..ပူဇော်ရာ၌ကိုယ်ကျင့်တရားဖြင့်လည်းပူဇော်နိုင်သည်)။
၎။ကုသိုလ် ပညာ ဥစ္စာ ရရှိနိုင်သည့်သင့်တင့်လျောက်ပတ်သောအရပ်ဒေသ၌ နေထိုင်ရခြင်းသည်လည်းမင်္ဂလာတပါး။
၅။ရှေးရှေးက ပြုခဲ့ဖူးသောကောင်းမှု ရှိခြင်းသည်လည်း မင်္ဂလာတပါး။
၆။မိမိကိုယ်ကို ယဉ်ကျေးသိမ်မွေ့အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည်လည်း မင်္ဂလာတပါး။
၇။လောကီ လောကုတ္တရာ နှစ်ဖြာသော အကြားအမြင် ဗဟုသုတရှိခြင်းသည်လည်း မင်္ဂလာတပါး။
၈။စက်မှု လက်မှု အတတ် အသက်မွေးဝမ်းကြောင်းပညာရှိခြင်းသည်လည်းမင်္ဂလာတပါး။
၉။ကျင့်ဝတ်စည်းကမ်းသင်ကြားလိုက်နာခြင်းသည်လည်းမင်္ဂလာတပါး။(လူဖြစ်လျင် လူ့ကျင့်ဝတ်၊ရဟန်းဖြစ်လျင် ရဟန်းကျင့်ဝတ် လိုက်နာခြင်း။)
၁၀။ကောင်းသောစကားကိုဆိုခြင်းသည်လည်းမင်္ဂလာတပါး။(မှန်ကန်သော ချိုသာသော ကုန်းမတိုက်သောမိမိသူတပါးအကျိုးရှိသော စကား)
၁၁။မိဘတို့ကိုပြုစုလုပ်ကြွေးခြင်းသည် မင်္ဂလာတပါး။
၁၂။သားသမီး ဇနီး ခင်ပွန်းတို့ကို ကူညီပေးကမ်းထောက်ပံ့ခြင်းသည် မင်္ဂလာတပါး။
၁၃။သူတပါး အကျိုးစီးပွားမထိခိုက်သော အသက်မွေးဝမ်းကြောင်းလုပ်ငန်းရှိခြင်းသည် မင်္ဂလာတပါး။
၁၄။အခါမလပ် လှုဒါန်းပေးကမ်းစွန့်ကြဲခြင်းသည် မင်္ဂလာတပါး။
၁၅။ဒုစရိုက်ဆယ်ပါးကိုရှောင်၍ သုစရိုက်ဆယ်ပါးကို ပွားများခြင်းသည် မင်္ဂလာတပါး။(Buddha 13 တွင်ဖေါ်ပြပြီး)
၁၆။ဆွေမျိုးတို့ကို သင်္ဂြိုလ် ထောက်ပံ့ခြင်းသည် မင်္ဂလာတပါး။
၁၇။အပြစ်ကင်းသော အကျိုးပြုလုပ်ငန်းများတွင် ပါဝင်ခြင်း သည် မင်္ဂလာတပါး။(မိမိနှင့်သူတပါးအကျိုး ရပ်ကျိုးရွာကျိုး တိုင်းကျိုး ပြည်ကျိုး ဆောင်ရွက်ခြင်း)
၁၈။မကောင်းမှု မှန်သမျှ ကြိုတင် ရှောင်ကျဉ်တတ်ခြင်းသည် မင်္ဂလာတပါး။
၁၉။မကောင်းမှုပြုရန် အခါအခွင့်ကြုံသော်လည်း ကျူးလွန်ခြင်းမရှိ ရှောင်ကျဉ်တတ်ခြင်းသည် မင်္ဂလာတပါး။
၂၀။မူးရစ်စေသော သေရည် သေရက် နှင့် ဆေးဝါးပစ္စည်း အမျိုးမျိုး သောက်စားခြင်း နည်းမျိုးစုံ သုံးစွဲခြင်းမှ ရှောင်ကျဉ်တတ်ခြင်းသည်လည်း မင်္ဂလာတပါး။။
၂၁။ဒါန သီလ ဘာဝနာ ကုသိုလ်တရားများတွင် မမေ့လျော့ခြင်းသည်လည်းမင်္ဂလာတပါး။
၂၂။ရိုသေထိုက်သူကို ရိုသေခြင်းသည်လည်း မင်္ဂလာတပါး။(ရသေ့ ရဟန်းမှအစ သက်ကြီးဝါကြီး မိကြီးဘကြီးစသည် ရိုသေထိုက်သူများအား နေရာပေးခြင်း လမ်းရှောင်ခြင်း ဦးခေါင်းငုံ့ခြင်း ကိုယ်နှိမ့်ချခြင်း )
၂၃။ကိုယ် ။စိတ် ၊နှုတ် သုံးပါးစလုံး မာန်မာနမထားခြင်းသည်လည်း မင်္ဂလာတပါး။
၂၄။ကြီးပွားချမ်းသာရေးအတွက် တရားသောနည်းဖြင့် အစွမ်းကုန် ရှာဖွေရမည်ဖြစ်သော်လည်းအခြေအနေပေးသမျှနှင့် ကျေနပ် ရောင့်ရဲတတ်ခြင်းသည်လည်းမင်္ဂလာတပါး။
၂၅။သူပြုဖူးသော ကျေးဇူးကို မမေ့မလျော့သိတတ်ခြင်းသည်လည်းမင်္ဂလာတပါး။
၂၆။အခါအားလျော်စွာ လောကီ လောကုတ္တရာ ကြီးပွားကြောင်း တရားနာယူခြင်းသည်လည်းမင်္ဂလာတပါး။
၂၇။သည်းခံ ခွင့်လွှတ်တတ်ခြင်းရန်တုံ့မမူခြင်း သည်လည်းမင်္ဂလာတပါး။
၂၈။ဆိုဆုံးမလျှင် နာယူလွယ်ခြင်းသည်လည်း မင်္ဂလာတပါး။
၂၉။ရဟန်းသံဃာများအား အခါမလပ်ဖူးမျှော် ကြည်ညိုခြင်းသည်လည်း မင်္ဂလာတပါး။
၃၀။လောကီလောကုတ္တရာ နှစ်ဖြာသော အကျိုးကျေးဇူးရရှိနိုင်သည့် တရားဆွေးနွေးခြင်းသည်လည်း မင်္ဂလာတပါး။
၃၁။ ခြိုးခြံခြွေတာခြင်းသည်လည်း မင်္ဂလာတပါး။
၃၂။သီလ သမာဓိ ပညာဥာဏ်ကို ထူထောင်၍၀ိပဿနာကျင့်စဉ် ကို့ ကျင့်ကြံခြင်းသည်လည်းမင်္ဂလာတပါး။
၃၃။ဒုက္ခသစ္စာ။သမုဒယသစ္စာ။နိဂြောဓသစ္စာ။ မဂ္ဂသစ္စာ စသည့် သစ္စာလေးပါးကို သိမြင်နိုင်ခြင်းသည်လည်း မင်္ဂလာတပါး။
၃၄။နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။သည်လည်း မင်္ဂလာတပါး။
၃၅။လောကဓံတရားနှင့် ဆုံတွေ့သော်လည်းတုန်လှုပ်မှုမရှိခြင်းသည်လည်း မင်္ဂလာတပါး။။
၃၆။သောက ဗျာပါဒကင်းခြင်း။သည်လည်းမင်္ဂလာတပါး။
၃၇။ရာဂ မောဟ ဒေါသမရှိ တပ်မက်တွယ်တာမှု ကင်းခြင်းသည်လည်း မင်္ဂလာတပါး။ ။
၃၈။ကိလေသာ ဟူသမျှ ကင်းစင်ခြင်းသည်လည်း မင်္ဂလာတပါး။
ထိုသို့ ၃၈ပါးသော မင်္ဂလာတရားတို့ကို ဗုဒ္ဓက ပြညွှန်တော်မူခဲ့သည်။
Florist မှ မျှဝေသည်။
Buddha 15
ဝိဘဇ္ဇ၀ါဒီ
သိဒတ္တမင်းသား ဗုဒ္ဓဘုရားရှင်အဖြစ် ရောက်တော်မူစဉ် “ဗုဒ္ဓသည် အဘယ်အယူကို ယူတော်မူသနည်း”ဟု အမေးရှိကြကုန်၏။ဤအမေးကို တထာဂတ ဥဒါနကျမ်းတွင်
“ဗုဒ္ဓသည် အမှန်စင်စစ်ခွဲခြမ်းစိတ်ဖြာ၍ ဝေဖန်ပိုင်းခြားပြောဆိုလေ့ရှိသောကြာင့် ၀ိဘဇ္ဇ၀ါဒီသမားဖြစ်၏ “ ဟု ဒီပဲရင်း ဆရာတော်က ဖွင့်ဆိုခဲ့သည်။
ဗုဒ္ဓသည် ကြောင်းကျိုးမဲ့ယုံကြည်မှုကို လက်မခံချေ။စိတ်ကူးဖြင့်မှန်းဆပုံဖေါ်ကိုးကွယ်မှုမျိုးကို လက်မခံ။ဆက်စပ်တွေးခေါ်ချင့်ချိန်သုံးသပ်ပြီး မှန်သည်ဟု ယူဆနိုင်မှ လက်ခံသည်။
ဗုဒ္ဓ၀ါဒသည် မျက်ကန်းယုံကြည်မှုကို ပယ်၍ ဆင်ခြင်တုံတရားကို ခွင့်ပြုပြီး အသိဥာဏ်ပညာ ကျယ်ကျယ်ပြန့်ပြန့် ရရှိရန် ကြောင်းကျိုးဆက်စပ် တွေးခေါ်စေသဖြင့် ကမ္ဘာတွင် လေးစားမှု ခံယူရရှိသည်။
“Buddhism commands respect from the world because it allows reasoning for wider knowledge while it dispels blind faith”
သင်ပြမှုမှန်သမျှသည် မေးမြန်းစူးစမ်းခြင်းဖြင့်လက်တွေ့ကျကျ သုံးသပ်နိုင်မှသာ မျက်ကန်းဝါဒကို ပယ်နိုင်သည်။ဟု ဘုရားရှင်က မိန့်မြွက်ပါသည်။
ကောသလတိုင်းနေ ကေသမုတ္တိရွာသား ကာလာမ လူမျိုးတို့သည် ဘုရားရှင်အား “ အသင်ဟောကြားသော တရားများကို မှန်သည်ဟု ကျွန်ုပ်တို့  မည်သို့ လက်ခံရပါမည်နည်း” “ံHow do we know what you teach is true? ဟု အမေးရှိခဲ့သည်။ဘုရားရှင်က ထိုသို့ အမေးရှိသည်ကို လိုလားနှစ်ချိုက်ခဲ့သည်။
ကာလာမတို့အား
အမှန်တရားကို ရှာဖွေဖို့ အချက်အလက်( ၁၀)ခု ကို ဗုဒ္ဓဘုရားရှင်က အောက်ပါအတိုင်း ညွှန်ပြခဲ့ပါသည်။
1.Do not simply believe what you hear just because you have heard it for a long time.
အယူဝါဒတခုကို ရှည်မြင့်စွာ ကြားနာမှတ်သားခဲ့ရသည်ဟု လက်ခံယုံကြည်မှုမပြုပါနှင့်။
2. Do not fellow tradition blindly merely because it has been practiced in that way for many generations.
မိရိုးဖလာ ကိုးကွယ်ယုံကြည်မှု ဓလေ့တခုဟု လက်ခံသိမ်းသွင်းခြင်းမပြုလိုက်ပါနှင့်ဦး။
3. Do not be Quick to listen to rumors.
ကောလာဟလစကားများကိုလည်း အရမ်း လက်ခံမပြစ်လိုက်ပါနှင့်ဦး။
4.Do not confirm anything just because it agrees with your scriptures.
ကျမ်းစာတွင် လာသည်ဟု တဇွတ်ထိုး လက်မခံပါနှင့်ဦး။
5.Do not foolishly make assumptions.
မိမိတွေးထင်ကြံဆမှုများ မှန်ပြီဟု မိုက်မိုက်ကန်းကန်း လက်မခံပါနှင့်ဦး။
6.Do not abruptly draw conclusions by what you see and hear.
မိမိ အကြားအမြင် ဖြင့် လိုရာဆွဲ ကောက်ချက်ချ လက်ခံခြင်းမပြုပါနှင့်ဦး။
7.Do not be fooled by outward appearances.
မိမိတွေးတောမှုများမှန်ကန်ပြီဟု မိမိဘာသာမှတ်ချက်ပေး လက်ခံခြင်းမပြုပါနှင့်ဦး။
8.Do not hold on tightly to any view or idea just because you are comfortable with it.
မိမိစွဲကိုင်ထားသော အတွေးအမြင်တို့နှင့် အခြားသူ၏ တွေးမြင်မှုတို့ ကိုက်ညီပြီဟုလည်း လက်မခံလိုက်ပါနှင့်ဦင်္း။
9.Do not accept as fact anything that yourself find to be logical.
ဒါတော့ဖြင့် ယုတ္တိရှိသည်ဟု အလွယ် လက်ခံခြင်းမပြုပါနှင့်ဦး။
10.Do not be convinced of anything out of respect and reference to your spiritual teachers.
“ငါတို့ လေးစားရိုသေရသူ၏စကားဘဲ”ဟုလည်း သင်တို့ လက်ခံခြင်းမပြုပါနှင့်ဦး ။
ကာလာမတို့ ဤကား အကျိုးပြုတရားတည်း ၊ဤကား အကျိုးမဲ့တရားတည်းဟူ၍ သင်တို့၏ ကိုယ်ပိုင်ဥာဏ်ဖြင့် ဝေဖန်သုံးသပ် ဆုံးဖြတ်နိုင်မှသာ တရားစစ် တရားမှန်ကို တွေ့မြင်လာမည်ဖြစ်၏ ။ ငါဟောကြားသော တရားဒေသနာတို့ကို သင်တို့ ကိုယ်တိုင် လေ့လာ စူးစမ်းပြီးကျေနပ်မှု ရရှိမှသာ ယုံကြည်လက်ခံဆောက်တည် ကြပါကုန် ။
ဟူ၍ မိန့်မြွက်ခဲ့ပါသည်။
Florist မှ မျှဝေသည်။
Buddha 16
ဗုဒ္မ၏ ခြေဖ၀ါးတော်နောက်မှ ထက်ကြပ်မကွာ(ဟိန်းလတ်)
Buddha,He who moving a step,
Behind closely ahead( florist)
မေမေပြောပြဖူးတဲ့ ဗုဒ္မ၀င်
ဗျာဒိတ်ခံယူခြင်း။
လူသားတို့သည် ဘ၀များစွာ ကျင်လည်ခဲ့ကြရသည်တွင် ဂေါတမ ဘုရားရှင်သည်လည်း အလားတူ ဘ၀များစွာ ကျင်လည်၍် “သုမေဓါ “အမည်ရှိ သူဌေးသားဘ၀နှိုက် မိဘတို့ မရှိကြသည်နှင့် ဥစ္စာပစ္စည်းအားလုံးစွန့်လွှတ်ခါ ရသေ့ရဟန်းပြုခဲ့သည်။ထိုရသေ့သည်ဒီပင်္ကယာမြတ်စွာဘုရားကြွလာသည်တွင် မိမိခန္ဒာကိုယ်ကိုရွှံ့ဗွက်အိုင်တခုမှာ တံတားခင်းပြီး ဘုရားဆုပန်ခဲ့သည်။ အမျိုးကောင်းသမီးတဦးသည်လည်း ကြာပန်း ရှစ်ပွင့်နှင့်အတူရောက်လာပြီး ရသေ့အား ၅ပွင့်ပေးကာ ပါရမီဖြည့်ဘက် ဖြစ်ပါရစေဟု ဆုတောင်းခဲ့သည်။တိုဘုရားအထံတွင် ဗျာဒိတ်ခံယူခဲ့သည့်သုမေဓါရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာတွင် စတုတ္ထအကြိမ်မြောက်ပွင့်တော်မူသော ဂေါတမဗုဒ္မအမည်ဖြင့် ထင်ရှားတော်မူသည့် ဘုရားစင်စစ်ဖြစ်လာခဲ့သည်။
အမျိုးသမီးသည်လည်း ရှင်ရသေ့နှင့်အတူ ဘ၀များစွာကျင်လည်ပြီး နောက်ဆုံးဘ၀တွင် “ယသော်ဓရာ ထေရီမ” ဟု ထင်ရှားသည့် ရဟန္တာမဖြစ်ခဲ့သည်။
သန္မေယူခြင်း။
လွန်ခဲ့သည့် နှစ် ၂၅၀၀ကျော်က နှင်းဖုံးသော ဟိမ၀န္တာတောင်ခြေရှိ နီပေါနိုင်ငံ ကပ္ပိလ၀တ်နေပြည်တော်ကြီး တွင် မြင့်မြတ်သော သာကီဝင် (ဟိန္ဒူမျိုးနွယ်ဝင်) သုဒ္ဓေါဓနဘုရင်ကြီး မင်းပြုနေသည်။ ထိုမင်း၏ မိဖုရားခေါင်ကြီး မဟာမာယာသည် တည၀ယ် ကြာပန်းကိုနှာမောင်းဖြင့် ပတ်၍ယူဆောင်လာသည့်ဆင်ဖြူတော်တစီးသည် မိမိလက်ယာနံပါးကို ဖေါက် ၀င်ခဲ့သည်ဟု အိပ်မက် မြင်မက်ခဲ့သည်။
ပညာရှိအများအပြားက ဟောကိန်းထုတ်ကြရာတွင် တဦးက ဘုရားစင်စစ် ဧကန်ဖြစ်မည်ဟု ရဲရဲဝံ့ဝံ့ဆိုသည်။
ထိုနေ့ သည် ၀ါဆိုလပြည့် ကြာသပတေးနေ့ ဖြစ်သည်။
ဖွားမြင်ခြင်း
ကဆုန်လပြည့် သောကြာနေ့တွင် အင်ကြင်းပန်းတို့ လှိုင်လှိုင်ပွင့်ရာ လုမ္ဗနီဥယျာဉ်သာနှိုက် မယ်တော်မာယာမှ သားတော်သိဒ္မတ္ထကို မွေးဖွားခဲ့သည်။ ၁၃နှစ်တိုင်တိုင် ခမည်းတော်၏အလိုကျ နန်းစည်းစိမ်ခံစားခဲ့ရသည်။
တောထွက်ခြင်း
သက်တော်၂၉တွင် သူအို၊သူနာ၊သူသေ၊ရဟန်းတည်းဟူသော နိမိတ်ကြီးလေးပါးကို မြင်ရာမှ တောထွက်ရဟန်းပြုတရားကျင့်ခဲ့ပါသော်လည်း အကျင့်လွန်သဖြင့် တရားမရနိုင်ဘဲ ၆နှစ်ကြာညောင်းခဲ့ရသည်။တောထွက်တော်မူသောနေ့သည်ကား မဟာသက္ကရာဇ် ၉၇ခုနှစ် ၀ါဆို လပြည့်နေ့  တည်း။
ဘုရားအဖြစ်ဆိုက်ရောက်ခြင်း
ထိုမှ သတိသဝေဂရကာ မလျော့မတင်း စောင်းကြိုးညှင်းသကဲ့သို့ မဇ္မျိမပဋိပဒါ အလယ်အလပ်လမ်းစဉ်ကို ပြောင်းလဲ ကျင့်သုံးခဲ့သည်။ထိုစဉ်..
သုဇာတာသူဌေးသမီးသည် ကဆုန်လပြည့်နေ့တိုင်း ညောင်စောင့်နတ်အားပူဇော်လေ့ရှိသဖြင့် နွယ်ချိုတောနှိုက် ကျောင်းအပ်သော နွားမတို့ မှရသည့် နို့ကို ကြိုချက်အပ်သည့် ဃနာနို့ဆွမ်းကို ရွှေခွက်တွင်ထည့်၍ ကပ်လှူပူဇော်ခဲ့သည်။
ထိုဆွမ်းကို ဘုန်းပေးအပြီး ဆွမ်းအလှူရှင်ကို ကျေးဇူးပြုသည့်အနေဖြင့်
ဗောဓိညောင်ပင်ကိုအမှီပြု၍့  မြက်ရှစ်ဆုပ်ကို အဓိဌာန်ပြုကြဲပက်သည်တွင် ပေါ်ပေါက်လာသော အပရာဇိတပလ္လင်မှာ မထတမ်းမလျော့သောဇွဲလုံ့လဖြင့် အားထုတ်တော်မူရာ..ပထမညဥ့်ဦးယံမှာ ရှေးဖြစ်ဟောင်းကိုပြန်ပြောင်းသိမြင်နိုင်သည့် ပုဗ္ဗေနိဝါသညာဏ်ကိုရသည်။
သန်းခေါင်ယံမှာ အရာရာကိုအဆီးအတားမရှိ အလုံးစုံ ထွင်းဖေါက်သိမြင်နိုင်သော ဒိဗ္ဗစက္ခုဥာဏ်ကိုရ၍ မိုးသောက်ယံမှာ ကိလေသာအားလုံးကင်းစင်သည့် အာသ၀က္ခယဥာဏ်ကိုရရှိသည်။ မဟာသက္ကရာဇ် ၁၀၃ခုနှစ် ကဆုန်လပြည့် ဗုဒ္မဟူးနေ့မှာ ထိုဗောဓိပင်ရင်းနှိုက်ပင် သစ္စာလေးပါးကို သိမြင်ပြီး မဂ္ဂင်ရှစ်ပါးလမ်းစဉ်ဖြင့် သဗ္ဗညုတဥာဏ်တော်ရကာ ဘုရားစင်စစ် ဧကန်ဖြစ်ခဲ့သည်။
ထိုနေ့သည် ကဆုန်လပြည့် ဗုဒ္မဟူးနေ့ဖြစ်သည်။ံ
မာန်နတ်ကို အောင်မြင်တော်မူခြင်း
လက်ရုံ့းပေါင်းတထောင်ဖြင့် ပလ္လင်လုရန်စစ်ချီလာသော မာန်နတ်အား ရန်တုံ့မမူဘဲ မေတ္တာဖြင့်သာ အနိုင်ယူ၍ ၀သုန်နြေ္ဒနတ်မင်းကိုသက်သေပြုသဖြင့် အောင်မြင်တော်မူခဲ့သည်။
ဓမ္မစကြာတရားဟောကြားခြင်း
ထိုမှသားသမင်တို့အား ဘေးမဲ့ပေးရာ ဗာရာဏသီပြည် မိဂဒါဝုန် တောသို့ ကြွချီတော်မူ၍ ငါးဦးသော အစုအဖွဲ့ရှိသည့် ရဟန်းတို့အား “ဓမ္မစက္က ပ၀တ္တနသုတ္တန် “ ကိုချီးမြှင့် ဟောကြားတော်မူသည်။ ထိုတရားကိုဟောကြားတော်မူအပ်သောအချိန်သည်ကား နေ၀င်ဖြိုးဖျ လကလေးထွက်ပြူကာစ ၀ါဆိုလပြည့် စနေနေ့ ညချမ်းမှာဖြစ်သည်။
သာသနာပြုစေလွှတ်ခြင်း
ခြောက်ကျိပ်သော ရဟန်းတို့အား အတိုင်းအတိုင်းအပြည်ပြည်သို့ သာသနာပြု စေလွှတ်ခဲ့သည်။
ဘုရားရှင်ကိုယ်တိုင်ကမူ ဥရုဝေလတောသို့ ဝင်၍ကဿပညီနောင်သုံးပါးနှင့် ရသေ့တထောင်တို့အားတရားပြသည်။ ဥရုဝေလတောမရောက်မီ ဘဒ္ဒ၀ဂ္ဂီညီနောင်တို့အား ဆုံးမသြ၀ါဒပေးခဲ့သည်။့
ရာဇဂြိုလ်ပြည်သို့ ကြွတော်မူခြင်း
ဘုရားအလောင်းတော်ဘ၀ တောထွက်သည့်အချိန်ကာလက ရာဇဂြိုလ်ပြည့်ရှင် ဘုရင် ဗိဗ္ဗိသာရအား ပေးထားခဲ့သည့် ကတိနှင့်အညီ ဘုရားဖြစ်လျှင်ဖြစ်ခြင်း နောက်ပါရဟန်းတထောင်ဖြင့် ရာဇဂြိုလ်ပြည်သို့ ကြွတော်မူသည်။
မဟာနာရဒကဿပဇတ်တော်ကြီးကို ဟောကြားတော်မူသည်။ဗိဗ္ဗိသာရမင်းကြီးသည် ဘုရားအမှူးပြုသော သံဃာတော်များ သီတင်းသုံးရန်မိမိ၏ ဝေဠုဝန်ဥယျာဉ်တော်ကို ကျောင်းအမှတ် ရေစက်သွန်းချလှူဒါန်းသည်။
ကာဠုဒါယီအမတ် ပင့်လျှောက်ခြင်း
ခမည်းတော်၏ တိုင်းနိုင်ငံသို့ ကြွချီတော်မူရန် ကာဠုဒါယီအမတ်သည် တပေါင်းလ၏ သာယာပုံတို့ကို ဂါထာ ၆၀ ဖြင့်သီကုံးစီဖွဲ့ပင့်လျှောက်ခဲ့သည်.။ ရောက်လျှင် ဘုရားရှင်အားရှိခိုးဦးချရန် ၀န်လေးနေသော ဆွေတော်မျိုးတော်တို့၏ မာန်မာနကို ချိုးနှိမ်လိုတော်မူ၍ ကိုယ်ခန္ဓာမှ ရေမီးအစုန် ဖြာကျစီးဆင်းစေပြီး ရောင်ခြည်တော်ခြောက်သွယ်တို့ဖြင့် တန်းခိုးပြာဋိဟာ ပြတော်မူခဲ့သည်။
ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သားဘုရား၏ဟောကြားတော်မူသော တရားအဆုံးတွင် သောတာပန်တည်သည်။
အရိပ်အာဝါသကောင်းလှသော နိဂြောတမင်းသား၏ ဥယျာဉ်တော်ကို ကျောင်းတော်အမှတ်ပြုပြင်မွန်းမံ၍ခန်းနားသိုက်မြိုက်စွာ ရေစက်သွန်းချလှူဒါန်းသည်။
ယသော်ဒရာဒေ၀ီ၏ သစ္စာတရားကိုအကြောင်းပြုလျက် ဗုဒ္မမြတ်စွာသည် စန္ဒကိန္တွရီဇတ်ကို၎င်း။
ပေါက္ခရ၀ဿမိုးကို အကြောင်းပြု၍ ဝေဿန္တရာဇတ်တော်ကြီးကို ဟောကြားတော်မူခဲ့သည်။
ဘုရားရှင်သည် ဇနပဒကလျာဏီမင်းသမီးနှင့်လက်ထပ်၍ အိမ်ရှေ့မင်းအရိုက်အရာ နှင်းအပ်ခံရသော ညီတော်နန္ဒမင်းသားနှင့် ခုနှစ်အရွယ် သားတော် ရာဟုလာတို့အား သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်သည်။ နန်းဆက်ပြတ်ပြီဟု ပူဆွေးသောကရောက်ရှာသူ ခမည်းတော် မင်းကြီးအားငဲ့ညှာသဖြင့် နောင်သောအခါ အုပ်ထိန်းသူ မိဘတို့ ခွင့်မပြုသော သား တို့အားရဟန်းခံပေးခြင်းမပြုရဟု တားမြစ်ခဲ့သည်.။
မိထွေးတော်ဂေါတမီ ဘိက္ခူနီသာသနာ ထူထောင်ခြင်း
မိထွေးတော် မဟာပဇာပတိဂေါတမီသည် နောက်ပါ အခြံအရံ အမျိုးသမီး ၅၀၀ တို့နှင့်အတူ ဘုရားကျောင်းတော်သို့ ရောက်လာ၍ အမျိုးသားများနည်းတူ တန်းတူ အခွင့်အရေးပေးရန် အမျိုးသမီးများ ဘိက္ခူနီ ရဟန်းပြုခွင့်ရရန် မဖြစ်မနေ အရေးဆို ခွင့်ပန်ခဲ့သဖြင့် ဘုရားရှင်က မိထွေးတော်၏ကျေးဇူးကို ထောက်ထားပြီးခွင့်ပြုခဲ့ရသည်။
ဇေတ၀န်ကျောင်းတော်
ထိုမှ သာဝတ္ထိပြည် အနာထပိတ်သူဌေး၏ ဆောက်လုပ်လှူဒါန်းအပ်သောဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးသည်။ ၄င်းကျောင်းတော်သည် ဇေတမင်းသား၏ ဥယျာဉ်မြေကို ငွေအသပြာ ၁၈ကုဋေဖြင့်ဝယ်ယူ၍ ၁၈ကုဋေအကုန်ခံလျက် ကြီးကျယ်ခန်းနားသိုက်မြိုက်စွာ ရေစက်သွန်းချအမျှဝေ သည်။ နေ့စဉ်သံဃာတထောင် ဆွမ်းကပ်လှူဒါန်းသည်။
ဝိသာခါ၏ကျောင်းတော်
သာကေတမြို့သူ ၀ိသာခါသူဌေးသမီးသည် မိမိဆင်မြန်းလေ့ရှိသော ရတနာမျိုးစုံဖြင့် စီချယ်အပ်သည့် အသပြာ၉ကုဋေတန် မဟာလတာတန်ဆာကို ရောင်းချ၍ ပုဗ္ဗါရုံကျောင်းတော်ကြီး ဆောက်လုပ်လှူဒါန်းသည်။ ရေစက်သွန်းချအလှူပွဲ ဖြစ်မြောက်အပြီးဝမ်းသာကြည်နူးသဖြင့် မိမိဝမ်းဗိုက်ကို စုံတီးခတ်လေရာ ထိုမှ ဗျောစည်ပေါ်ထွန်းလာသည်ဟု အဆိုရှိသည်။
ဘုရားရှင်တို့၏ နေ့စဉ်ကျင့်ဝတ်
ဘုရားရှင်သည် နေ့စဉ် ကိုယ်လက်သုတ်သင် ရေသုံးသပ်ခြင်း ကိုယ်တော်တိုင် ဆွမ်းအလှူခံ ကြွတော်မူခြင်း။ ဖလသမာပတ်ဝင်စားခြင်း။ ရဟန်းသံဃာတို့၏ ဒုလ္လဘတရားကို ဟောကြားခြင်း။ညချမ်းနေညိုချိန်တွင် လာရောက်ဖူးမျှော်ကြသော လူပရိသတ်တို့အား တရားဓမ္မ တိုက်ကြွေးခြင်း။ညဦးယံတွင်သံဃာတို့နှင့် တရားဆွေးနွေးခြင်း။ သန်းခေါင်ယံတွင် နတ်ဗြဟ္မာတို့နှင့် မရှင်းလင်းသောအမေးပုစ္ဆာတို့ကိုရှင်းလင်းခြင်း
စသည်ပြုလုပ်ပြီး ကိုယ်လက်နွမ်းနယ်မှုကို ဖြေလျော့ခြင်း ရေသပ္ပါယ်ခြင်းပြုသည်.။ မိုးသောက်ယံတွင်မူ လောကအားလုံးကို ခြုံငုံသုံးသပ်၍ ကျွတ်ထိုက်သူအား ကြည့်ရှု မှတ်သားတော်မူသည်။ ကျွတ်ထိုက်သူတို့တွင် အလှမယ် အမ္ဗပါလီအမျိုးသမီးလည်းပါဝင်သည်။
၄၅၀ါတိုင်တိုင် နေ့စဉ်ရွက်ဆောင်နေကျ လုပ်ငန်းစဉ်ကို ပျက်ကွက်ခြင်းမရှိ
လုပ်ဆောင်သည်။
ဝေသာလီ ပြည် လစ္ဆ၀ီမင်းတို့ထံ ကိုယ်တိုင်ကြွရောက်၍ ပရိတ်တရားတော်များရွတ်ဖတ်ပြီး ကပ်ဘေးဆိုက်ရောက်ခြင်းမှ ကယ်တင်ခဲ့သည်။
ဆွေတော်မျိုးတော်တို့၏ ရေကြောင့်ဖြစ်မည့်စစ်ကို တားမြစ်ခဲ့သည်။
လစ္ဆ၀ီမင်းတို့ကို စစ်တိုက်ရန်ကြံသော အဇာတသတ်အား လက်နက်ဖြင့် အကြမ်းမဖက် သွေးထွက်သံယိုမရှိစေရန့် “ မင်းလုပ်သူတို့၏ ကြီးပွားကြောင်းတရား “ကို ဗုဒ္ဓက ဟောကြားတော်မူသည်။
သို့ရာတွင် နတ်ဒေ၀တာတို့ကဲ့ သို့ ဘုန်းတန်းခိုးကြီးသော လစ္ဆ၀ီမင်းတို့သည် ၀ဋ်ကြွေးမကင်းသဖြင့် အဇာတသတ်ကြောင့်ပျက်စီးခဲ့ကြသည်ဟု ဆိုသည်။
ဘုရားရှင်သည်မိမိအား ရန်ပြုခဲ့သူတို့ကို ရန်သူအဖြစ်အမှတ်မထား မေတ္တာဖြင့် နှိမ်နင်းအောင်မြင်ခဲ့သည်။
(၁)ဗောဓိပင်နှင့် ရွှေပလ္လင်ကို အောင်မြင်တော်မူသော မြတ်ဘုရားအား မာန်နတ်သည်လာ၍ သူပိုင်သည်ဟု လုလာသည်တွင် မဟာပထ၀ီမြေကြီးကို သက်သေပြု သဖြင့် အောင်နိုင်ခြင်းတပါး။
(၂) အာဠ၀ီပြည် အနီး ညောင်ပင်ကို အမြှီ့ပုနေထိုင်သူ အာဠာဝကဘီလူးသည် ဒေါသအမျက် ကြီးမားလွန်းနေသဖြင့် မြတ်ဘုရားကိုယ်တော်တိုင် သွားရောက် ဆုံးမသဖြင့်အောင်မြင်ခြင်းတပါး။
(၃) နာဠာဂီရိ ဆင်အား အရက်ကိုးမောင်းတိုက်ကာ ဘုရားရှင်ကို ရန်ပြုသော်လည်း ထိုဆင်ကို ဘုရားရှင်က မေတ္တာဖြင့် အောင်မြင်ခြင်းတပါး။
(၄) လက်ညှိုးပေါင်းတထောင်ပြည့်အောင်ခုတ်ယူမည်ဟု ကြုံးဝါးဆိုးသွမ်းနေသူ အင်္ဂုလိမာလအား ဗုဒ္မက မေတ္တာဖြင့်အောင်မြင်ခြင်းတပါး။
(၅)အယူလွှဲများနေသူ သစ္စက ပရဗိုမ်( ရဟန်း) အား အမှန်ကို ဖြေရှင်းဆုံးမသဖြင့် အောင်မြင်ခြင်းတပါး
(၆)မြင့်မိုရ်တောင်အားခွေပတ်၍ ကြမ်းတမ်းနေသော နန္ဒောပနန္ဒနဂါးမင်းအား မေတ္တာဖြင့် အောင်မြင်ခြင်းတပါး။
(၇)ဗြဟ္မာ့ဘုံမှ ဗက ဗြဟ္မာကြီးသည် ငါရှိသည်ဟု မှားယွင်းစွာ ကန့်လန့်
တိုက် မိုက်နေခြင်းကို ဘုရားရှင် ဆုံးမ၍ အောင်မြင်ခြင်းတပါး။
(၈) ဘုရားရှင်အားကိုယ်ဝန်ရှိသည်ဟု စွပ်စွဲလာသူ စိန္ဆာမာနအမျိုးသမီးအား မေတ္တာဖြင့် အောင်မြင်ခြင်းတပါး။ဟူ၍ အောင်ခြင်းရှစ်ပါးရှိသည်။
ဘုရားရှင်သည် သက်တော်ရှစ်ဆယ် ၀ါတော် လေးဆယ့်ငါးအရတွင် မာန်နတ်၏ တောင်းပန်မှုကြောင့် အာရယုသင်္ခါရ လွှတ်တော်မူသည်။
စုန္ဒပန်းထိန်သည် ဆွမ်းလှူဒါန်းခြင်း
ဘုရားရှင်သည် ကုသိနာရုံပြည်သို့ အသွား ပါဝါပြည်ရှိ သရက်ဥယျာဉ်ဝယ် ခေတ္တအနားယူခိုက်ပန်းထိန်သည် စုန္ဒဆက်ကပ်လှူဒါန်းသော ၀က်ပျိုသားဟင်းကို ဘုန်းပေးခဲ့သည်။
ဘုရားရှင်၏နောက်ဆုံးအချိန်
ဘုရားရှင်သည် နောက်ဆုံးအချိန်မှာပင် မဂ္ဂင်ရှစ်ပါးနှင့်ပတ်သက်သည့် မရှင်းသော အမေးပုစ္ဆာတို့ကို နောက်ဆုံးအကြိမ်အဖြစ်ရှင်းလင်းဟောကြား၍ သုဘဒ္ဒအား ရဟန္တာအဖြစ် ပို့  ဆောင်ခဲ့သည်။၎င်းသည် ဘုရားရှင်၏သာသနာတွင် နောက်ဆုံးကျွတ်တန်းဝင်ခဲ့သူ သာဝက တပါးဖြစ်သည်။့
ဘုရားရှင်တို့မည်သည် မိမိကိုယ်စား အခြားတပါးသူကို လျာထားခန့်အပ်ခြင်းမရှိ။ပုဂ္ဂိုလ်ရေး ဆန်သော ကိုးကွယ်မှုကိုလည်း ခွင့်မပြု။ မလိုလား။တရားဓမ္မကိုသာ အလေးထားရန် မကြာခဏ ဆုံးမတော်မူသည်။
မဟာသက္ကရာဇ် ၁၄၈ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့။
သက်ရှိထင်ရှားဖြစ်တည်နေရာမှ အဆုံးစွန်ကွယ်ပျောက်တော့မည့်နေ့။
မြတ်ဘုရား ပရိနိဗ္ဗာန် စံမြန်းတော်မူမည့်နေ့။
၎င်းနေ့ဝယ် ရှင်အာနန္ဒာမထေရ်သည်ယူကြုံးမရသဖြင့် ရှိုက်ကြီးတငင်ငိုကြွေးနေသည်။ သူသည် ဘုရားရှင်အားသံယောဇဉ်ကြီးပြီး မခွဲခွာနိုင်သေး။ အနီးကပ်ပြုစုလုပ်ကြွေးနေသူဖြစ်သဖြင့် ရဟန္တာဖြစ်အောင် အားထုတ်ခြင်းလည်းမပြုရသေး။ အလွန်တရာ အားငယ်နေသည်။
အာရုသင်္ခလွှတ်ရန်မာန်နတ်တောင်းဆိုစဉ်ကလည်း။သူက မလှုပ်။အခုမှ ကြီးစွာနောင်တရနေသည်။
ဘုရားရှင်ကမူ “ငါဘုရားကို ဘာ့ကြောင့် ဒီမျှ အားကိုးတွယ်တာနေရသနည်း။ ငါသည် တွင်းပြင်မထား မချွင်းမချန် အလုံးစုံ ဟောကြားအပ်ပြီးဖြစ်သည်။မိမိကိုယ်ကိုသာ အားကိုးဖွယ်ရှိတော့သည် အာနန္ဒာ”ဟု ဆို၏။
မလ္လာမင်းတို့၏ ကုသိနာရုံပြည် အင်ကြင်းဥယျာဉ်ရှိ အင်ကြင်းပျိုတို့အကြား ခင်းအပ်သော ခုတင်ညောင်စောင်းတခုနှိုက် ဘုရားရှင်သည် မြောက်ဘက်သို့ ဦးခေါင်းပြု၍လဲလျောင်းတော်မူနေပြီ။ ထိုအချိန်တွင် အင်ကြင်းပန်းတို့သည် အခါမဲ့ ပွင့်ဖူးကြသဖြင့် ဘုရားရှင်အားကြေကွဲစွာ နှုတ်ဆက်ပူဇော်ကံတော့ကြသည်ထင့်။
ပန်းဝတ်မှုံတို့သည်ကား အလောင်းတော်၏ကိုယ်ပေါ်သို့ သင်းထုံကြဲဖြန့်ခါ တဖွဲဖွဲ ကြွေကျလျက်။
အင်ကြင်းတောကြီးကမူ တိတ်ဆိတ်ငြိမ်သက်နေသည်။
ကဆုန်လပြည့်ည၏လမင်းသည် လည်း ကောင်းကင်ဝယ်တရွေ့ ရွေ့ ထွက်ခွာသဖြင့် မိုးသောက်ယံသို့တိုင်လုပြီ။
လူနတ်ဗြဟ္မာအပေါင်းတို့ သည်လည်း မလှုပ်မယှက် ငြိမ်သက်ဝပ်တွားလျက်။
ဘုရားရှင်သည်ကား မျက်လုံးအစုံကိုညင်သာဖွဖွ မှိတ်ကာ ဇျာန်သမာပတ်တရားဖြင့် ရင်းဖျားတုံ့လှည့် ၀င်စားနေလေပြီ။
နောက်ထပ်၍ ဘုရားရှင်ထံတော်မှ စကားဆိုသံ အလျင်း မကြားရတော့။
ကမ္ဘာလောကသည် တမုဟုတ်ချည်း ဆိတ်သုန်းတော့ယောင်တကား။
ရုတ်တရက်
နှစ်သိန်းလေးသောင်းအထုရှိသော မဟာပထ၀ီမြေကြီးသည်သွက်သွက်ခါလျက်..။
ဆို့ နစ်ကြေကွဲစွာတုန်ခါ မြည်ဟီးလိုက်၏။
ကောင်းကင်ယံတွင် ပြိုးပြက်သော လျှပ်စစ်ရောင်ခြည်လှိုင်းတို့သည်ထစ်ကြိုးရိုက်ချုန်းလိုက်သဖြင့် ၀င်းလက်သွား၏။
သို့ သော် ချက်ခြင်းပင် ကြောက်မက်ဖွယ် အမှောင်ထုကြီးက တလောကလုံးကို ၀ါးမြို ကြီးစိုး ဖုံးလွှမ်းလိုက်ပြီဖြစ်သတည်း။
ဘုရားရှင် မရှိတော့ပြီတကား။
ဘုရားရှင်၏နောက်ဆုံးစကား
ဘုရားရှင်သည် နောက်ဆုံးစက္ကန့်ပိုင်းကလေးအတွင်းမှာပင် နောက်ဆုံးအနေဖြင့် “အပ္ပါမာဒေန သမ္မာဒေထ “ မမေ့မလျော့ မပေါ့တန်ကြနှင့်။ ဖြစ်ပေါ်သမျှ သဘာဝတို့သည် မလွဲမသွေ ပျက်စီးရမည်သာတည်း။မြဲမြံသောသတိဖြင့် သီလ၊ သမာဓိ၊ ပညာတိုးပွားအောင် အားထုတ်ကြ “ ဟု ဆုံးမတော်မူခဲ့သည် ။
Florist မှ ခံစားရေးသားမျှဝေသည်။
No comments:
Post a Comment