Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, September 26, 2011

မိုးသောက်ကြယ်


"မိုးသောက်ကြယ်" 
နေမင်းမရှိတဲ့ ကောင်းကင်ပါ အချိန်ပြည့်မည်းမှောင်လို့ 
ဘာရင်ခုန်စရာလေးမှ မရှိချင်ဘူး ဆက်ရှုံးမယ့် မနက်ဖြန်တွေတိုင်းဟာ 
ဒီဒဏ်ရာနဲ့တရွတ်တိုက်ပဲ့ပါသွား ဒီခန္ဓာကိုတရွတ်တိုက်ဆွဲခေါ်သွား 
ရည်ရွယ်တာတွေဟာ လက်တစ်ကမ်းမှာ မဖမ်းဆုပ်ချင်တော့ဘူး 
ဒီလမ်းဟောင်းကို စိုးရွံ့နေ ငါ နောက်လှည့်ဖို့နောက်ကျနေ 

Thursday, September 22, 2011

ချစ်ရပါသည် ဧရာဝတီ

ဧရာဝတီကို ချစ်တယ်။ အထူးသဖြင့် ချစ်တဲ့ဖေဖေနဲ့ မေမေ ဘ၀စခဲ့ကြတဲ့နေရာလေးမှာ ဧရာဝတီစတင်မွေးဖွားခဲ့တာမို့ ပိုပြီး သတိတရချစ်မိပါတယ်။

မြစ်ဆုံကို တစ်ခါမှ မရောက်ဖူးခဲ့ပါဘူး။ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဆွမ်ဘရာဘွမ်၊ ချီဖွေ၊ လောခေါင်၊ ချီဗွေဗိုလ်တဲ ဒီစကားလုံးတွေကိုတော့ ငယ်ငယ်လေးကတည်းက အကြိမ်ကြိမ်အခါခါကြားဖူးနေခဲ့ပါတယ်။

ကလေးရဲ့လက်ထဲမှာ ချောကလက်တွေနဲ့

လူတော်တော်များများ ကြည်နူးနှစ်သက်စွာ စားသုံးနေကြတဲ့ ချောကလက်တွေဟာ ကလေးငယ်တွေရဲ့ လက်ထဲကနေ ဖြတ်သန်းလာခဲ့ကြတယ်။ ငွေဝယ်ကျွန်ကလေးငယ်တွေရဲ့ လှုပ်ရှားနေတဲ့ လက်လေးတွေရဲ့လုပ်အားကို အသုံးပြုပြီး ချောကလက်တွေဖြစ်လာခဲ့ကြတယ်ဆိုတာ မစဉ်းစားဝံ့စရာပါ။ ချောကလက်ပြုလုပ်တဲ့အခါ ရာသီမရွေးအမြဲစိမ်းလန်းနေတဲ့ ကိုကိုးပင်(Cocoa Tree - Theobroma cacao) ကရတဲ့ ကိုကိုးသီး(အဆီများတဲ့ သစ်စေ့တစ်မျိုး)ကို အဓိကအသုံးပြုပါတယ်။ အိုင်ဗရီကိုစ့်နဲ့ တစ်ခြားကိုကိုးထုတ်လုပ်တဲ့တိုင်းပြည်တွေမှာ ကိုကိုးလုပ်သားကလေးငယ်ပေါင်း တစ်သိန်းခန့် အလုပ်လုပ်နေကြတယ်။ ကလေးလုပ်သားတွေလုံးဝရပ်တန့်ဖို့ လုပ်ဆောင်လာကြတဲ့အချိန်မှာ ကိုကိုးလုပ်သား ကလေးငယ်တွေများပြားနေတာက စိတ်မကောင်းစရာပါပဲ။

Tuesday, September 20, 2011

38 dead in India, Nepal after 6.9 quake

Deadly earthquake rocks India, Nepal and Tibet Dozens of people have been killed and many more injured after a magnitude 6.9 earthquake shook north-eastern India, Nepal and Tibet.

Wednesday, September 14, 2011

ဂဒါဖီ နဲ့ ဒဏ္ဍာရီတွေ

လစ်ဗျားနိုင်ငံရဲ့တော်လှန်ရေးအကြောင်းမှာ အငြင်းပွားဖွယ်ကိစ္စတွေ ရှိနေတယ်။ မှတ်ချက်တွေ အများကြီးပေးကြတယ်။ ဒဏ္ဍာရီတွေလို့ တင်စားပြောရမလိုပါပဲ။ လစ်ဗျားတော်လှန်ရေးနဲ့ ပတ်သတ်တဲ့ အဲဒီဒဏ္ဍာရီတွေပြန်ပြီးဆန်းစစ်ကြည့်တဲ့အခါမှာ အကျိုးသင့်အကြောင်းသင့် မှန်ကန်နေကြတယ်။ အကျိုးသင့်အကြောင်းသင့် မှားယွင်းနေကြတယ်။ စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ လစ်ဗျာနိုင်ငံကြီးတည်ရှိမှု၊ လစ်ဗျားတော်လှန်ရေးပေါ်ထွက်လာမှုတွေမှာ ချန်လှပ်ထားလို့မရတဲ့ အာဏာရှင်ဂဒါဖီရဲ့ စိတ်ဝင်စားဖွယ် ဒဏ္ဍာရီတွေကို ဖတ်ကြည့်တဲ့အခါ -

Sunday, September 11, 2011

အရုဏ်ဦးကိုချိုးဖျက်မယ့် Twilight မင်းသမီးလေး

Twilight ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကျော်လာခဲ့တဲ့မင်းသမီးငယ်လေး ခရစ်စတန်းစတီးဝါ့ထ် (Kristen Stewart) အရွယ်ရောက်လာပါပြီ။ လက်ထပ်ဖို့ပြင်ဆင်နေခဲ့ပါပြီ။ ကလေးမွေးဖွားဖို့လည်း အသင့်ရှိခဲ့ပါပြီ။ တကယ်တော့ အဲဒီအဖြစ်အပျက်တွေဟာ Twilight ဇာတ်လမ်းတွဲရဲ့ Breaking Dawn အပိုင်း ၁ ကဇာတ်ဝင်ခန်းထဲမှာပါ။ Breaking Dawn Part 1 (အရုဏ်ဦးကိုချိုးဖျက်ခြင်းပထမပိုင်း)ကို လာမယ့်နိုဝင်္ဘာလမှာ ပြသပါတော့မယ်။ နယူးယောက်တိုင်းမ် အယ်ဒီတာ လင်းဟာ့ရှ်ဘာဂ့်ရဲ့ အမေးအဖြေမှာTwilight မင်းသမီးလေး ခရစ်စတန်းစတီးဝါ့ထ်က Breaking Dawn ဇာတ်ကား အကြောင်းတွေလည်း ဖြေသွားခဲ့ပါတယ်။

ဘလော့ဂ်ဂါဆိုတာ(တက်ဂ်ပိုစ့်)

မောင်(စွယ်စုံကျမ်း)က cbox ထဲမှာ လာအော်သွားမှ tag ထားတာသိလိုက်ပါတယ်။
မအားလို့ အိမ်မလည်နိုင်လို့ပါ။

ဘလော့ဂ်ဂါဆိုတာ ဘလော့ဂ်ရေးတဲ့သူပေါ့။
စေတနာကောင်းတယ်။
စာရေးတာဝါသနာပါတယ်။

ဒီလောက်ပဲ ...

မောင်(စွယ်စုံကျမ်း)
ရေ ဒီလောက်နဲ့ပဲ ကျေနပ်ပါနော်။
အစ်မ မရေးတတ်လို့ပါ။

Thursday, September 08, 2011

ဟိုသတင်း ဒီသတင်း

တစ်ခုခုလုပ်နိုင်ခဲ့သူ ဒေးဗစ်ဘက်ခမ်း
ကယ်လီဖိုးနီးယားပြည်နယ်၊ လောစ့်အိန်ဂျယ်လိစ်မှာ သြဂုတ် ၁၄ရက်နေ့ကပြုလုပ်ခဲ့တဲ့ Do Something ဆုတံဆိပ်ပေးပွဲညမှာ ဒေးဗစ်ဘက်ခမ်းကို မြင်တွေ့လိုက်ရပါတယ်။ ပရိသတ်တွေပြည့်နေတဲ့ မီးရောင်စုံညတစ်ညမှာ ဘောလုံးသွေးကြွယ်ဝလှတဲ့ ဘက်ခမ်းက သားကြီး ဘရွတ်ကလင်းနဲ့အတူ ဟောလိဝုဒ်ပယ်လာဒီယမ်ခန်းမကို တက်ရောက်လာခဲ့တယ်။

Thursday, September 01, 2011

ဂဒါဖီဆုတ်ခွာချိန်ကို စောင့်ဆိုင်းနေကြတဲ့ ကမ္ဘာ့မီဒီယာများ

ကမ္ဘာတ၀ှမ်းက သတင်းစာတွေဟာ ဂဒါဖီရဲ့လစ်ဗျားအစိုးရပြိုကွဲဆုတ်ခွာချိန်ကို မျှော်လင့်ခြင်း၊ စိုးရိမ်ခြင်းတွေနဲ့ စောင့်မျှော်နေကြပါတယ်။ ဒါပေမဲ့ တစ်ချို့ဝေဘန်ရေးမီဒီယာသမားတွေကတော့ လစ်ဗျားနဲ့အနီးအနားဒေသတွေအတွက် ဂဒါဖီဆုတ်ခွာမှုဟာ အကောင်းတွေဖြစ်လာစေမယ် လို့ဖော်ပြရေးသားကြပါတယ်။ တစ်ချို့ကသာ ထိတ်လန့်ုတုန်လှုပ်စရာတွေပြည့်နေတဲ့ လစ်ဗျား အနာဂါတ် ကိုတွေးမြင်နေကြတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ အနည်းဆုံးဝေဘန်ရေး သမားတစ်ဦးက ကဒါဖီအထွက်သွားခြင်းဟာ လစ်ဗျားလိုပဲမငြိမ်မသက်မှုတွေ လပေါင်းအတော် များများ ဖြစ်နေခဲ့တဲ့ ဆီးရီးယားနိုင်ငံရေး အကူးအပြောင်းကို ကူညီနိုင်မယ်လို့ဆိုတယ်။ အရှေ့အလယ်ပိုင်း အပြင်ဘက်က တရုတ်မီဒီယာသမားတစ်ဦးကတော့ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ရှည်လျားလှတဲ့ဆန့်ကျင် တိုက်ခိုက်မှု တစ်ခုလို ဖြစ်လာနိုင်ချေရှိတယ်လို့ ကြိုတင်ခန့်မှန်းပါတယ်။ အီတလီသတင်းစာတစ်စောင်မှာတော့ ဥရောပနိုင်ငံတွေက လစ်ဗျားကိုစွန့်ထားခဲ့မယ်ဆိုရင် ကပ်ဆိုက်သလိုဆိုးဝါးတဲ့ ကိစ္စရပ်တွေ ဖြစ်လာလိမ့်မယ်လို့ သတိပေးထားပါတယ်။

ဂဒါဖီဘယ်မှာပုန်းနေသလဲ

ဗိုလ်မှူးကြီးမိုမာဂဒါဖီိကို အမဲလိုက်သလို လိုက်လံရှာဖွေနေကြတဲ့ နေတိုးတပ်ဖွဲ့အပါအ၀င် လစ်ဗျား သူပုန်တွေဟာ အချိန်တွေ အကြာကြီး စောင့်ဆိုင်းမနေရဖို့ မျှော်လင့်နေကြပါတယ်။ အချိန်မယူရပဲနဲ့ ဂဒါဖီကိုဖမ်းမိနိုင်အောင် အထူးတပ်ဖွဲ့တွေဖြန့်ကျက်ချထားလိုက်မယ်လို့ ယူကေ ကာကွယ်ရေး အတွင်းရေးမှူး လီယန်ဖောက်က်စ်က အတည်ပြု ပြောကြားခဲ့တယ်။ မြေပြင်ပေါ်မှာ လွှတ်ထားတဲ့ အေးဂျင့်တွေက နောက်ဆုံးရ သတင်းပေးပို့ချက်၊ ကောလဟာလတွေပါမကျန် အားလုံးကို နားစွင့် နေကြတယ်။ ဂြိုဟ်တုတွေကနေလည်း သဲကန္တာရထဲမှာ ပုံမှန်မဟုတ်နိုင်တဲ့လှုပ်ရှားသွားလာတဲ့ အစုအဖွဲ့တွေကို စောင့်ကြည့်နေပါတယ်။ ဂဒါဖီကို ထောက်ပံ့သူတွေနဲ့ ဂဒါဖီဆက်သွယ်မှု ရှိလာခဲ့ရင် သိနိုင်အောင် ဆက်သွယ်ပြောဆိုမှုတွေကိုလည်း ကြားဖြတ် စာင့်ကြပ်ကြည့်ရှုနေကြတယ်။ ယူကေက စေလွှတ်ထားတဲ့ ဗြိတိသျှစစ်တပ်ရဲ့ Special Air Service (SAS) က မြေပြင်ပေါ်ရှာဖွေမှုအကူအညီအတွက် အမိန့်ပေးထားပြီးပြီဆိုတဲ့ သတင်းတွေကိုတော့ မစ္စတာဖောက်က်စ်က ငြင်းဆန်ခဲ့ပါတယ်။