“ခရစ်စမတ်ကာလမှာ နေရာတိုင်းက အမျိုးသား အမျိုးသမီးတွေဟာ သူတို့ရဲ့ ဘုရားကျောင်းတွေမှာ စုဝေးရောက်ရှိလာကြတယ်။ သူတို့ရင်းနှီးကျွမ်းဝင်တဲ့ ကမ္ဘာကြီး ထူးခြားအံ့သြဖွယ်ရာတွေနဲ့ အသစ်တဖန်အသက်ဝင်လာပုံကို ချီးမွမ်းကြဖို့ပါပဲ။ ကျွန်တော်အနှစ်သက်ဆုံး၊ အမြဲ သတိတရရှိနေခဲ့တဲ့ ဒီ ခရစ်စမတ်ပုံပြင်လေးက ထူးခြားလှချည်ရဲ့လို့တော့ တိတိကျကျ မဆိုနိုင်ပါဘူး”
ငယ်ရွယ်လှတဲ့သင်းအုပ်ဆရာလေးရဲ့ ကြုံတွေခဲ့ရတဲ့ အဖြစ်အပျက်ပါ။ သူ့ရဲ့ဘုရားကျောင်းဟာ အလွန်အိုမင်းဟောင်းနွမ်းနေခဲ့ပါပြီ။ ဟိုးအရင်နှစ်တွေတုန်းက ဘုရားကျောင်းလေးဟာ စည်ကားသိုက်မြိုက်ခဲ့သေးတာပေါ့။ ကျော်ကြားတဲ့ အမျိုးသားကြီးတွေက တရားဟောစင်မြင့်ပေါ်ကနေ ဟောပြောတယ်။ ဆုတောင်းတယ်။ မုန့်၊ စပျစ်ဝိုင်ဆက်ကပ်တဲ့ပွဲတော်အခမ်းအနားမစခင်အချိန်မှာပါ။ ဆင်းရဲ၊ ချမ်းသာအားလုံး အတူတူပဲ အဲဒီနေရာမှာ ဝတ်ပြုဆုတောင်းကြတယ်။ ဘုရားကျောင်းလေးကို လှပစွာတည်ဆောက်ထားခဲ့ကြတယ်။ အခုတော့ မြို့ငယ်လေးမှာ ဘုရားကျောင်းလေး ရပ်တည်နိုင်ခဲ့တဲ့ ကောင်းမွန်တဲ့နေ့တွေ ကျော်လွန်သွားခဲ့ပြီ။ သင်းအုပ်ဆရာနဲ့ သူ့ရဲ့ ငယ်ငယ်ရွယ်ရွယ်ဇနီးသည်ဟာ သူတို့ရဲ့ တကျွိကျွိ တကျွတ်ကျွတ်မြည်နေတဲ့ ဘုရားကျောင်းလေးအတွက် ယုံကြည်နေဆဲပါပဲ။ ဆေးရောင်တွေခြယ်မယ်။ တူလို အိမ်ဆောက်ပစ္စည်းမျိုး သူတို့မှာ ရှိတယ်။ သူတို့ ယုံကြည်မှုပြင်းထန်မယ်။ ဒါဆိုရင် ဘုရားကျောင်းလေး အသက်ပြန်ဝင်လာဦးမှာပါတဲ့။ သူတို့ အတူတကွ အလုပ်လုပ်ကြတော့တယ်။