Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, May 09, 2015

ခရီးသွားသတင်းများ

အီဂျစ်မြို့တော်သစ်တည်ဆောက်မယ်
အီဂျစ်နိုင်ငံ၊ မြို့တော်ကိုင်ရိုဟာ လူဦးရေထူထပ်များပြားလာတာကြောင့် မြို့တော်အသစ်တည်ဆောက်မယ့်အစီအစဉ်တွေကို အီဂျစ်အစိုးရပိုင်းက ကြေညာခဲ့ပါတယ်။ အီဂျစ်သမိုင်းထဲက ဒဏ္ဍာရီတွေပြည့်နှက်နေဆဲ ပိရမစ်တွေ၊ တာဟီယာရင်ပြင် နဲ့ နိုင်းလ်မြစ်တွေကို မေ့ထားလိုက်ပြီး တောက်ပသွက်လက်တဲ့ ခေတ်မီမြို့တော်တစ်သစ်တစ်ခုတည်ဆောက်တော့မယ်လို့ ကြေညာလိုက်တယ်။ အခုဆို အီဂျစ်ဟာ စိတ်ပျက်ဖွယ်ရာ လေထုညစ်ညမ်းမှု၊ ရွေ့လို့မရအောင်ကိုပိတ်သွားတတ်တဲ့ ယဉ်အသွားအလာမျိုးနဲ့ လမ်းတွေ၊ ပြည့်လျှံလာတဲ့လူဦးရေအတိုင်း တစ်ဟုန်ထိုးခုန်တက်လာတဲ့ အိမ်ငှားခတွေနဲ့ တကျွိကျွိတကျွတ်ကျွတ်မြည်နေတဲ့ အဆောက်အဦးတွေ ပိုလို့များလာနေတယ်။

ဂီတသတင်းများ

ရီဟားနားနဲ့ သီချင်းအတူဆိုချင်တဲ့ ဂျေလို
ဂျနီဖာလိုပက်ဇ်ဟာ ရီဟားနားနဲ့ တကယ်ပဲ နှစ်ယောက်တွဲသီချင်းဆိုချင်ပါတယ်တဲ့။ "We Found Love" hit သီချင်းပိုင်ရှင်လေး ရီဟားနားနဲ့ Dreamworks Animation က ထုတ်လုပ်မယ့် 3D computer animated ဇာတ်မြူးရုပ်ရှင် Home မှာတော့ အတူတကွ အသံသရုပ်ဆောင်ထားကြတယ်။ Home မှာ ရီဟားနားက တစ်ပ် ဆိုတဲ့ကလေးမလေး၊ ဂျေလိုကတော့ တစ်ပ် ရဲ့ မိခင် လူစီတူစီအဖြစ် အသံသရုပ်ဆောင်ထားကြတာပါ။ အသံအတူတကွသရုပ်ဆောင်တော့ duet သီချင်းမဆိုချင်ဘူးလားလို့ သတင်းထောက်က မေးခဲ့တဲ့အခါ ဂေလိုက "အသေအချာပေါ့၊ ဘယ်သူက မဆိုချင်ဘဲရှိပါ့မလဲ" လို့ဖြေပါတယ်။