Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, August 30, 2016

Blog Day ဒါမှမဟုတ်

3l0g Day3108 (31st day of the 8th month)
အခုတော့ ဒီကာတွန်းလေးထဲကလို ပြောစရာမရှိလည်း ဘလောဂ့်ရေး ပြောစရာရှိလည်း ဘလောဂ့်ရေး အဲဒီလိုမဟုတ်ကြတော့ပါဘူး။ fb status လေးတွေမှာပဲ လှုပ်လှုပ်ရှားရှား အလုပ်များနေကြရတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အမှတ်တရတွေပါပဲ။

Thursday, August 25, 2016

အလှဆင်စရာ အဆင်အပြောက် အမွှမ်း ဒီဇိုင်းစုံနဲ့ နံရံကပ်စက္ကူလေးတွေ

နံရံကပ်စက္ကူ(wallpaper)လေးတွေဟာ အိမ်ခန်း၊ ရုံး၊ ကော်ဖီဆိုင်၊ အစိုးရအဆောက်အဦ၊ ပြတိုက်၊ စာတိုက် နဲ့ တခြားအဆောက်အဦတွေရဲ့ အတွင်းနံရံမှာ အလှဆင်ကပ်ထားကြတဲ့ ပစ္စည်းမျိုးပါ။ နံရံကပ်ကော်ပါတဲ့စက္ကူသားဖြစ်ပြီး ရောင်းချတဲ့အခါ အလိပ်လိုက်ရောင်းချကြတယ်။ နံရံကပ်စက္ကူတွေမှာ ဗြောင်နဲ့လည်းရောင်းချကြတယ်။ ဗြောင်သားဆိုတော့ ကိုယ်နှစ်သက်တဲ့အရောင်သုတ်နိုင်တယ်။ မညီညာလှတဲ့မျက်နှာပြင်နဲ့ အပြစ်အနာအဆာလေးတွေရှိနေတဲ့နံရံမျက်နှာပြင်တွေ ဖုံးကွယ်ချင်ရင် အသုံးပြုနိုင်ကြပါတယ်။ Anaglypta လို texture နံရံကပ်စက္ကူနဲ့ Lincrusta တို့လိုဖောင်းကြွထူထူပါတဲ့အသားတွေမှာ ပုံစံဆင်တူအကွက်အပြောက် ထပ်ကာထပ်ကာသုံးထားတဲ့ pattern ဒီဇိုင်းမျိုးနဲ့ ထပ်ကာမသုံးထားဘဲ ဒီဇိုင်းကြီးကြီးတစ်ခုတဲ့ နံရံအပြည့်သုံးတဲ့နံရံကပ်အသားတွေရှိကြတယ်။ နံရံကပ်စက္ကူတွေကို အလိပ်ရှည်ရှည်အနေအထားနဲ့ပြုလုပ်ပြီး နံရံမှာ ထောင်လိုက်ကပ်ကြတယ်။ pattern နံရံကပ်စက္ကူဒီဇိုင်းက အကွက်အပြောက်တွေဟာ ဆက်တိုက်ထပ်သုံးပို့ပုံစံဖော်ထားတာဆိုတော့ အလိပ်တစ်ခုထဲကပဲဖြတ်လိုက်တဲ့နေရာမှာ နောက်ထပ်ဖြတ်ထားတဲ့အစကို ဆက်ပြီးကပ်လိုက်လည်း အဆက်နေရာကို လွယ်လွယ်ကူကူမမြင်နိုင်တော့ပါဘူး။ အပိုင်းအဖြတ်များမယ့်နံရံကျဉ်းကျဉ်းတွေအတွက် pattern ဒီဇိုင်းလေးတွေက သင့်တော်လှပါတယ်။ ခပ်ရှုပ်ရှုပ်အဆင်ကြီးကြီးဒီဇိုင်းမျိုးဆိုရင်တော့ အပိုင်းအဖြတ် ဆက်ရမယ့်နေရာတွေအတွက် သတိထားရတော့မှာပါ။ 

ကင်ဆာရောဂါကို ကာကွယ်တိုက်ခိုက်နိုင်မယ့် ရိုးရှင်းတဲ့နေ့စဉ်အစားအစာလေးတွေ

ကင်ဆာဆဲလ်တွေဟာ ပုံမှန်ဆဲလ်တွေထက် ကြီးထွားနှုန်းပိုမြန်တယ်ဆိုပေမဲ့ ကင်ဆာဆဲလ်တွေက တစ်ညတာအတွင်း ကြီးထွားလာကြတာတော့မဟုတ်ပါဘူး။ ကင်ဆာတိုက်ခိုက်နိုင်တဲ့ အစားအစာတွေနဲ့ လူနေမှုစတိုင်က ကင်ဆာဆဲလ်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ကင်ဆာဖြစ်နိုင်ခြေနှုန်းကိုလည်း သိသိသာသာလျှော့ချပေးနိုင်တယ်။ အလေးထားစရာ/ လိုအပ်သမျှအားလုံးကိုတော့ ဆရာဝန်နဲ့ အမြဲတမ်းစစ်ဆေးသင့်ပါတယ်။ စားနေကျအစားအစာတွေထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတချို့ကို ပေါင်းထည့်ပေးပါ။ ကင်ဆာကို ကာကွယ်ဖို့ ကူညီပေးပြီး တခြားရောဝါတွေကိုလည်း ဟန့်တားထိန်းချုပ်ထားပါ။

ကားမလိုပါ ကြည်နူးစရာ ကမ္ဘာ့အံ့ဖွယ်နေရာလေးတွေမှာ

ကားတွေမရှိတဲ့ကမ္ဘာတစ်ခုကို စိတ်ကူးယဉ်ဖူးပါသလား။ စိတ်ကူးယဉ်ခဲ့ဖူးတယ်ဆိုရင် ဒီနေရာလေးတွေကို သေသေချာချာမှတ်ထားရတော့မှာပေါ့။ ဒါပေမဲ့ အဲဒီနေရာလေးတွေမှာတောင်မှ အဆောက်အဦတွေ တည်ဆောက်ပုံ ပြင်ဆင်ပြောင်းလဲတာနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းတာ၊ ဆူညံသံတွေနှောင့်ယှက်တာတွေ ဖြစ်ပွားနိုင်ပါသေးတယ်။ ကားအသွားအလာများလွန်းတာ၊ ကားရပ်နားဖို့နေရာ ခက်ခက်ခဲခဲရှာဖွေရတာတွေကြောင့် ဓာတ်ဆီဖြုန်းတီးရတာ စိတ်ညစ်လှတယ်ဆိုရင်တော့ ကမ္ဘာတစ်လွှားက ဒီနေရာလေး ၁၀ ခုဆီ ဦးတည်နိုင်ကြတယ်။ စက်ဘီးလေးတစ်စီးဆုပ်ကိုင်၊ ရှုးဖိနပ်ကြိုးလေးတင်းတင်းစီးလို့ ပျော်ပျော်ရွှင်ရွှင်ခရီးနှင်ကြည့်နိုင်ပါတယ်။

ရိုးရိုးကလေးသာ ကျွန်မ လွမ်းတတ်ခဲ့ပါပြီ

သည်နေ့ မိုးကလေးဖွဲဖွဲ စွေကာ ရွာနေသည်။ ဆာကူရာဆေးရုံ ၉ထပ်မှာ ခြောက်ကြိမ်မြောက် ကင်ဆာ ကုထုံး ခံယူနေသည့် လူနာ အစ်မကို ထိုင်စောင့်ပေးနေရင်း ပြတင်းမှန်ကို လာလာကပ်နေသည့် မိုးစက်မိုးမှုန် ကလေးတွေကို ငေးငေးကြည့်ကာ ကျွန်မစိတ်တွေ ယောက်ယက်ခတ်နေပါသည်။ မှန်ပြတင်းကနေ အောက် ဘက်သို့ နည်းနည်းငုံ့ကြည့်လိုက်လျှင် လူတွေ ခြေချင်းလိမ်လျက် အ၀င်အထွက်ပြုနေကြသည်ကို လှမ်းမြင်နေရ သည်။ ဘုရားသခင်…ဆေးရုံသည် လူဝင်လူထွက် များလှချည့်။ ဘုရားကျောင်းမှာ လူတစ်စတစ်စ နည်းလာပြီး ဆေးရုံတွေမှာ လူတွေဘာလို့များများလာပါလိမ့်။ ဒါကို အဖြေတစ်ခု တွက်ချက် ထုတ်ယူဖို့ ကျွန်မမှာ လုံလောက် သော စိတ်အင်အားမရှိပါ။ ကျွန်မနှလုံးအိမ်ထဲသို့ သောကအပူများ ဆင့်ဆင့်ကဲကဲ ထပ်မံ ၀င်မလာစေရန် အာရုံအလုံးစုံကို facebook နံရံတွေပေါ် စိတ်ပြေလက်ပျောက် ပစ်တင်လိုက်သည်။  နံရံတစ်ခုပေါ်မှာ ကျွန်မမျက်လုံးတွေ ဖြန့်လည်ကျက်စားမိသွားသည်။

Thanzawoo Sbo ။သည်နံရံပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနှင့် သီချင်း ဗီဒီယိုဖိုင်တစ်ခုကို ကျွန်မမြင်သည်။ ဇူလိုင် ၁၉ ကျော်လွန်ကာ သြဂုတ်လကုန်ခါနီး ဒီနေ့ကျမှ ဒီ ဗီဒီယိုကို တွေ့မြင်နားထောင်ဖြစ်ခြင်းမှာ ကျွန်မကို ပိုလို့ လွမ်းအောင်ဖန်နေရော့သလား.............။ Play သင်္ကေတလေးကို တို့ထိလိုက်သည်နှင့် ဆွေးမြမြဂစ်တာ သံက အလွမ်းတစ်စကို ဆောင်ကြဉ်းကာ ကျွန်မ အတွင်းသားထဲထိ လိမ့်ကာလိမ့်ကာ ထွင်းဖောက်တိုးဝင်လာသည်။..အဦးအစ ဂစ်တာသံက ကျွန်မ ရင်ခွင်မှာ အလွမ်းကို သိမ်မွေ့စွာ ပျိုးကြဲလိုက်ပြီ။  ပြတင်းပေါက်က တစ်ဆင့် နွေးမြမြလေပြည်နုကလေး တိုက်ခတ် တိုးဝင်လာသလို အဆိုသံဖွဖွကလေးက မလွမ်းဘဲ မနေနိုင်တော့အောင် ကျွန်မအား သွေးဆောင်ချည်ဖွဲ့လိုက်လေသလား..... သြဂုတ်လ ၂၂ရက်ထဲ ငုတ်တုတ်ထိုင်နေရာက ကျွန်မ တစ်ကိုယ်လုံး ရုတ်တရက်လေး စွေ့ ခနဲ မြောက်လွင့်တက်သွားသည်။

Sunday, August 21, 2016

ဂစ်တာတီးသော ဣတ္ထိယလက်ချောင်းများ



ဂျွန်ရဲ့ ဆောင်းပါးပါ။ သဘောကျလို့ ခွင့်တောင်းပြီးတင်ထားလိုက်တယ်။

_ဂျွန်_
(2016 သြဂုတ်လထုတ် Beauty Magazineမှာရေးဖြစ်ခဲ့ ခံစားမှုဂီတဆောင်းပါးလေးပါ')
"ဂစ်တာတီးသော ဣတ္ထိယလက်ချောင်းများ"
ဂီတသည် အရောင်စုံသော ပန်းပွင့်လေးများနှင့်တူသည်
မိုးရွာပြီးသည့် ညနေခင်းတစ်ခု၌ပွင့်သော 
သက်တံ့ရောင်စဉ်နှစ်ထပ်လည်း ဖြစ်သည် 
ဂီတသည် ဘာသာစကားကို ကျော်လွန်သော
ဖို၊မ ခွဲခြားဆက်ဆံမှုအလျဉ်း မရှိသော 
လူ့နှလုံးသား၏ အလယ်ဗဟိုတွင် တည်ရှိသော
နတ်ရေကန်တစ်ခုလည်း ဖြစ်တော့သည်။

ဂစ်တာ 
ဂစ်တာ 

Saturday, August 06, 2016

သွေးဆာတဲ့ဘုရင်ဒရက်ကူလာရဲ့ မြို့တော်ဆီ အပိုင်း (၃)

(၂၀၁၂ က သွားဖြစ်တဲ့ခရီး တစ်ပိုင်းကျန်နေတာ ခုမှပဲရေးဖြစ်တော့တယ်။ ကောင်းရော)
ရိုမေးနီးယားနိုင်ငံ (Romania) ဟာ ဥရောပအရှေ့တောင်ပိုင်းနဲ့ အလယ်ပိုင်းလမ်းဆုံမှာတည်ရှိတယ်၊ ဘော်လကန်ကျွမ်းဆွယ်မြောက်ပိုင်း၊ ဒူးနာ့ဘ်မြစ်ရဲ့အောက်ပိုင်းမှာရှိနေပါတယ်၊ ကာပါသီယန် တောင်ကုန်းဒေသတစ်ဝိုက်အတိုင်းနဲ့ အပြင်ဘက်မှာရှိပြီး ပင်လယ်နက်က ကာရံထားပါတယ်၊ အနောက်ဘက်မှာ ဆားဘီးယားနဲ့ ဟန်ဂေရီက နယ်နမိတ်ထိစပ်ပြီး အရှေ့မြောက်မှာ ယူကရိန်းနဲ့ မော်ဒိုဗါပြည်သူ့သမ္မတနိုင်ငံရှိပြီး တောင်ဘက်မှာဘူလ်ဂေးရီးယားနိုင်ငံတို့ရှိကြတယ်၊ ဧရိယာ ၂၃၈၃၉၁စတုရန်းကီလိုမီတာ ရှိပြီး ဥရောပယူနီယံမှာ ကိုးခုမြောက်အကြီးဆုံးနိုင်ငံပါ၊ လူဦးရေသန်း ၂၁.၅ သန်းနဲ့ အီးယူမှာ ခုနှစ်ခုမြောက်လူဦးရေများဆုံးနိုင်ငံဖြစ်ပါတယ်၊ မြို့တော် ဘူခါရက်စ်ဟာ လူဦးရေ ၂ သန်း ရှိပြီး အီးယူရဲ့ ခြောက်နိုင်ငံမြောက်အကြီးဆုံးမြို့တော်ပါ၊ ၂၀၀၇မှာ အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပါတယ်၊ ရှေးရောမလူမျိုးတွေကနေဆင်းသက်ခဲ့တယ်လို့ ရိုးမေးနီးယန်းတွေကဆိုကြတယ်၊ ၁၆ရာစုမှာ အီတလီခရီးသွားတွေဟာ ထရန်ဆဲလ်ဗေးနီးယား၊ မော်လ်ဒေးဗီးယားနဲ့ ၀ဲလ်လေးခီးယားတို့ကို စတင်လည်ပတ်ခဲ့ကြတယ်လို့ ဆိုတယ်။

Wednesday, August 03, 2016

ဘယ်ဆီဘယ်ဝယ် ခေါ်တယ် မသိဘဲ


ကျွန်မခေါင်းအုံးနဘေးက စပယ်ပန်းကုံးလေးတွေကို ရေတွက် ကြည့်လိုက်တယ်။တကုံး..နှစ်ကုံး သုံးကုံး..အော် ..သုံးကုံးတောင် ရှိနေမှကိုး။ ကျွန်မဒီကို ရောက်တာ သုံးရက် ရှိနေမှပဲ။ မနက် မနက် လာနေကျ ပန်းသည်မလေးဆီက ဘုရားလှူဖို့  ရည်မှန်းပြီး တနေ့  တကုံး ၀ယ်ယူခဲ့တာပါ။ ခြောက်သွားတာတောင် ရနံ့ လေးက သင်းပျံ့ နေဆဲ ပေါ့.။ စံပယ် တဲ့. စံပယ်က ကျွန်မအတွက်  အရေးပါတဲ့ ပန်းကလေး ဖြစ်လာလိမ့်မယ် လို့  တခါမှ မတွေးခဲ့ ဘူး။ အို ..မဟုတ်သေးပါဘူး။ဖြူဖွေး သန့်စင်တဲ့  စံပ် လေးတွေအပေါ် ကျွန်မ အပြစ် လွဲမချသင့်ဘူး ထင်တယ်။ တကယ်တော့ အရိုင်းစပယ် ကသာ။ ဟုတ်ပါတယ် ။ အောင်လင်းရဲ့  အရိုင်းစံပယ်…။