Myanmar Knowledge Society (MKS)နဲ့ ရေးဖြစ်တဲ့ စာတစ်အုပ်ပါ။ ကျမ ရေးဖြစ်တဲ့အပိုင်းက တာဝန်မယူတဲ့ “အာဏာယူခြင်း”
(တာဝန်ယူမှုမလိုအပ်တဲ့ အာဏာ) ပါ။
MKS ရဲ့ Facebook မှာတော့ ဒီစာအုပ်ကို ဒီလိုညွှန်းထားပါတယ်။
"ယခုစာအုပ်ပါအကြောင်းအရာများမှ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ခိုင်မာအောင်တည်ဆောက်ပေးခြင်းအားဖြင့် လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး၊ လူမျိုးစုနဲ့ ဘာသာရေးပဋိပက္ခ၊ ရာဇ၀တ်ပြစ်မှုနဲ့ အိုင်ဒီယိုလိုဂျီိဆိုင်ရာ ပြသနာတွေကို မပေါ်ပေါက်အောင် ထိန်းသိမ်းထားပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို အာမခံနိုင်မယ်ဆိုတဲ့အမြင်ရှုထောင့်က တင်ပြထားတာဖြစ်တယ်။"
စာအုပ်နောက်ကျောဖုံးမှာ ဒီလိုရေးထားပါတယ်။
(ယခု စာအုပ်ပါ အမြင်တွေမှာ အမျိုးသားနိုင်ငံတည်ဆောက်ခြင်း(၀ါ) အမျိုးသားရေး တည်ဆောက်ခြင်းဘက်ကနေ ကြည့်ရှုထားတာမဟုတ်ဘဲ နိုင်ငံတော်တည်ဆောက်ခြင်းState-building ဘက်ကနေ ကြည့်ထားခြင်းသာလျှင် ဖြစ်တယ်။အမျိုးသားရေးတည်ဆောက်ခြင်း(၀ါ)လူမျိုးစုပဋိပက္ခနဲ့ လူမျိုးစုတွေအပေါ် အားမျှခြေတည်ဆောက်ပေးခြင်းအားဖြင့် ခိုင်မာတဲ့နိုင်ငံတော်တစ်ရပ်တစ်ဆင့်ပြီး တစ်ဆင့် ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတဲ့ အမျိုးသားနိုင်ငံတည်ဆောက်ခြင်း nation-buildingသဘောထက် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ခိုင်မာအောင် တည်ဆောက်ပေးခြင်းအားဖြင့် လူမျိုးစု လက်နက်ကိုင်တော်လှန်ရေး လူမျိုးစုနဲ့ဘာသာရေးပဋိပက္ခ ရာဇ၀တ်ပြစ်မှုနဲ့ အိုင်ဒီယိုလိုဂျီဆိုင်ရာ အရေးတွေကို မပေါ်ပေါက် အောင် ထိန်းသိမ်းထားနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကိုလည်း အာမခံပေးနိုင်မယ်ဆိုတဲ့ အမြင်ကနေ ကြည့်ရှုထားတာ ဖြစ်တယ်။)