Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, March 26, 2015

မြန်မာပြည်မှ ရေလယ်ဘုရားများ


ညလယ်ဝိုင် ရဲ့ အိပ်မက်အိမ်

ဟိုသတင်း ဒီသတင်း

ဂီတသတင်းများ

ဘီစကစ်ကြိုက်တဲ့ ကန်းထရီးအဆိုတော်မလေး
  တက္ကဆက်ပြည်နယ်ဖွား Nashville က အမေရိကန် ကန်းထရီးအဆိုတော်မလေး Kacey Musgraves ဟာ ကန်းထရီးသီချင်းနှစ်သက်သူတွေရဲ့ စိတ်ကြိုက်အဆိုတော်တွေထဲက တစ်ဦးပါ။ ဂရမ်မီဆု နှစ်ကြိမ်ရရှိထားခဲ့ဖူးတဲ့ မာ့စ်ဂရေ့ဗ်စ်ဟာ အယ်လ်ဘမ်အသစ်အတွက် ပထမဆုံးစင်ဂယ်လ်နဲ့ ၂၀၁၅ ကို နှုတ်ဆက်ပါတယ်။ Biscuits လို့ နာမည်ပေးထားတဲ့သီချင်းကို ကမ်းထရီးရေဒီယိုကနေ မတ်လ် ၁၆ ရက်နေ့က စတင်ထုတ်လွှင့်ခဲ့တယ်။

Wednesday, March 25, 2015

ဟိုသတင်း ဒီသတင်း

ခရီးသွားသတင်းများ

ကြယ်တာရာစစ်ပွဲဖယောင်းရုပ်တုတွေ
            ဒါရိုက်တာ ဂျော့လူးကပ်စ်ရဲ့ Star Wars ရုပ်ရှင်ထဲက ပုံရိပ်တွေကို ပုံဖော်ထုလုပ်ပြသထားမယ့် သိပ္ပံခေတ်အနုပညာပြတိုက်ကို ချီကာဂိုမှာ ဒေါ်လာ သန်း ၃၀၀ ခန့် အကုန်အကျခံတည်ဆောက်မှာပါ။ အဲဒီပြတိုက်ကိုတော့ ၂၀၁၈ မှာ ဖွင့်လှစ်ပါလိမ့်မယ်။ ဂျပန်နိုင်ငံ၊ ဆက်ပိုရိုနှင်းပန်းပုပွဲတော်ကို နှစ်စဉ် ဖေဖော်ဝါရီလမှာ ၇ ရက်ကြာကျင်းပလေ့ရှိကြတယ်။ အဲဒီနှင်းပန်းပုပွဲတော်မှာလည်း Star Wars နှင်းပန်းပုရုပ်တွေထုလုပ်ပြသခဲ့ကြတယ်။ နောက်ထပ်ဇာတ်လမ်းအသစ်ကိုလည်း ၂၀၁၆ မှာ ပြသတော့မှာပါ။

Monday, March 09, 2015

ဟိုသတင်း ဒီသတင်း

ဂီတသတင်းများ
အပြင်းစားမဟုတ်တဲ့ ရီဟားနားနဲ့ လီယိုနာဒိုတို့ရဲ့ အချစ်
Umbrella သီချင်းနဲ့ပိုပြီးကျော်ကြားခဲ့တဲ့ ရီဟားနားရဲ့ single သီချင်း Four Five Seconds ထွက်ရှိခဲ့ပါတယ်။ follower ၃၉ ဦးရှိနေတဲ့ သူမရဲ့ Twitter account ကနေ သီချင်းအသစ်အကြောင်းကြေညာခဲ့တာပါ။ Four Five Seconds မှာ ဘီတဲလ်စ်စတား မက်ကာထ်နေးက အတီးပိုင်း၊ ကိန်းဝက်စ်က featuring ပိုင်းသီဆိုထားပါတယ်။၂၀၁၂ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Unapologetic အယ်လ်ဘမ်နောက်ပိုင်း ရီဟားနားရဲ့ ပထမဆုံးဂီတသစ် သီချင်းတစ်ပုဒ်ဖြစ်နေတော့ စိတ်ဝင်စားမှုပိုစရာပါ။ Unapologetic အယ်လ်ဘမ်မှာပါဝင်တဲ့ We Found Love နဲ့ Where Have You Been သီချင်းတွေက ရီဟားနားပရိတ်သတ်အကြိုက်သီချင်းတွေဖြစ်ခဲ့ကြတယ်။

ဟိုသတင်း ဒီသတင်း

နေရောင်ခြည်သုံးလေယာဉ် မြန်မာနိုင်ငံမှာလည်း ဆင်းသက်မယ်
ပထမဆုံး နေရောင်ခြည်သုံးလေယာဉ် Solar Impulse 2 ကမ္ဘာလှည့်ခရီးစဉ်လှည့်ဖို့ အချိန်နီးကပ်လာပါပြီ။ Solar Impulse 2 ဟာ သူတို့ရဲ့ သမိုင်းတွင်မယ့်စွန့်စားခန်းခရီးအတွက် United Arab Emirates ကနေ ဖေဖေါ်ဝါရီနောက်ဆုံးရက်သတ္တပတ် ဒါမှမဟုတ် မတ်လအစောပိုင်းမှာ စတင်ထွက်ခွာကြမှာပါ။ ဆင်းသက်ရပ်နားမယ့် မှတ်တိုင်စုစုပေါင်း ၁၂ ခု စီစဉ်ထားကြတယ်လို့ ဆွစ်လေယာဉ်မှူး ဘားထရန်ဒ်ပစ်ကာ့ဒ် နဲ့ အန်ဒရီဘော့ရှ်ဘာ့ဂ် တို့က ကြေညာခဲ့ပါတယ်။

တပေါင်းသာခေါင် လများနောင်

တပေါင်းသာခေါင် လများနောင် 
တပေါင်းရယ်တဲ့ ချိန်ခါမှီ ၊
ရွက်ဟောင်း ကို လေနှင်လို့ ၊
ပန်းတော်ဝင် ရွှေအင်ကြင်းရယ်၊သင်းပျံ့ ခဲ့ ပြီ။
နီတျာတျာ သန္တာနှစ်လိုပ ၊
စီအမြွှာညှာပရစ်ကယ်တို့  ၊
ဝနာသစ် ပြောင်းခါမှီ၊
ဆောင်းရာသီရယ်တဲ့ လောင်ကျွမ်း။
ဘရဂုဏ္ဏီမှာ တူအညီ သော်တာပြည့်ပါလို့ ၊
မျှော်ကြည့်သူ ကြည်ကြည်သာလို့ ၊
သည်အခါ ငွေသောင်ဦးမှာ၊
သဲပုံဆို စေတီထူးကို 
 ဖူးမျှော်ကြစမ်း။    ။ 
(အမည်မသိ)