Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, September 30, 2012

မီးလျှံတွေထဲက သံတမန်များနှင့်

၂၁ရာစုအမေရိကန် နိုင်ငံရပ်ခြား သံခင်းတမန်ခင်းဆက်ဆံရေးများနှင့် ပတ်သက်၍ရှင်းလင်းထားသော America’s Other Army စာအုပ်သစ်မှ ကောက်နှုတ်ဖေါ်ပြချက်။ တစ်စောင်တည်းသာ ဖေါ်ပြခွင့်ရရှိသော စာအုပ်ပါ သံတမန်များနှင့် တွေ့ဆုံ ဆွေးနွေးချက်များ ဝေဘန်ရှင်းလင်း ပြောဆိုချက်များကို “နီကိုလပ်စ်ခရာလော့ဗ်”က ၂၀၁၂ခု စက်တင်ဘာလထုတ် Foreign Policy မဂ္ဂဇင်းတွင် ဖေါ်ပြခဲ့သည်။

ဘဲလ်ဂရိတ်မြို့က အမေရိကန်သံရုံး  သံအမတ်ကြီး ကမ်မရွန် မမ်န်တာ မှတ်မိနေသည်။ ၂၀၀၈ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက ဆာဗီးယားပြည်နယ်တခုဖြစ်တဲ့ ကိုဆိုဗို ခွဲထွက်လွတ်မြောက်ခွင့်ရတဲ့ ကိစ္စနှင့် ပတ်သက်ပြီး ၀ါရှင်တန်က ပြစ်ဒါဏ်ချမှတ်ခဲ့ခြင်းအပေါ် ဆူပူလိုသူ လူတစုဟာ ဘောလုံးကွင်းမှာ လူသူစုရုံးပြီး “ဘဲလ်ဂိတ် “ရှိ အမေရိကန်သံရုံးမှာ ဆန္ဒပြခဲ့ကြပုံကိုပါ။ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေကို သူက တောင်းပန်ခဲ့တယ်။လူအုပ်ကြီး သံရုံးရှေ့ ရောက်မလာမီ မှာပဲ ရဲတွေ တဖြည်းဖြည်းလျော့နည်းပျောက်ကွယ်သွားတယ်။ ရဲတွေဟာ ဘတ်စ်ကားတွေနှင့် မောင်းနှင်ထွက်ခွာသွားကြတာပါ။ လူအုပ်ကြီးလဲ ရောက်လာရော အဲဒီမှာ တယောက်မှ မရှိတော့ဘူး။ သံရုံးအစိတ်အပိုင်းတခုကတော့  မီးလောင်ခဲ့တယ်။ ဆန္ဒပြသမားတွေဟာ မူးရူးနေပုံပါ သူတို့ ထဲက တယောက်ဟာ သူ့ကိုယ်သူ မီးရှို့ခဲ့တယ်။ သံအမတ်ကြီး က ပြန်ပြောပါတယ်။ တော်တော်များများက  ခြံစည်းရိုးကို ကျော်တက်ကြတယ်တဲ့။  အမေရိကန် မရိန်းတပ်သားတွေလည်း ခြံဝိုင်းကို စောင့်ရှောက်ကြရတဲ့အခါ သူတို့  တရားမျှတအောင် ဘာတွေလုပ်ရမယ် သို့ မဟုတ် ဘယ်လို ကာကွယ် ရမယ်ဆိုတာ သိရှိနားလည်ကြတဲ့အတွက် ကျွန်တော် အားရ ကျေနပ်မိတယ် တဲ့။ သံအမတ်ကြီးဟာ ၁၉၈၅ခုနှစ်ကတည်းက ပါကစ္စတန်မှာ သံအမတ်အဖြစ် ထမ်းဆောင်ခဲ့တယ်လို့  များမကြာမီက ၂၀၁၂ခုအစောပိုင်း အဇ္ဇလာမာဘတ်မြို့ မှာ အင်တာဗျူး လုပ်ခဲ့စဉ်က ပြောပြခဲ့တယ်။

ပင်လယ်နက်ကို ရှာဖွေခြင်း

ပင်လယ်နက်ရဲ့ နေ၀င်ချိန်ကလေး
အရောင်တွေနှင့် ခွဲခြားသတ်မှတ်တဲ့ ပင်လယ်တွေထဲမှာ ပင်လယ်နက်လည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ Black Sea ဆိုတဲ့အမည်ဟာ အင်္ဂလိပ်တွေရဲ့ အခေါ်အဝေါ်ပါ။ ပင်လယ်နက်ကို ဂရိ၊ ဘယ်လ်ဂျီယန်၊ ဂျော်ဂျီယန်၊ ရိုမေနီယန်၊ ရုရှား၊ တူရကီ၊ ယူကရိန်း စသည်တို့ကလည်း မိမိတို့ ဘာသာစကားအရ တစ်မျိုးစီ ခေါ်ဝေါ်ကြပါတယ်။


ပင်လယ်နက်ကို အစောပိုင်းကာလတွေမှာ နွေးထွေးပျူငှာမှုကင်းမဲ့သူ ( Inhospitable)ရယ်လို့ ခေါ်ခဲ့ကြတာပါ။ ဂရိတို့ ကိုလိုနီ မပြုမီ ခေတ်မှာ ရေကြောင်းသွားလာမှု ခက်ခဲလွန်းတာမို့ တကြောင်း၊ ဒီဒေသမှာ မှီတင်းနေထိုင်ကြသူ လူမျိုးစုတွေကလည်း ရက်စက် ရိုင်းပျ လွန်းတာကြောင့်၎င်း ဂရိ-ရောမတွေက အလင်းကင်းမဲ့သူ (unlit) ခေါ်ရာမှ Black Sea ရယ်လို့  ဖြစ်သွားတာပါ။

ရှည်မျောတဲ့ ဘူလ်ဂေးရီးယားကမ်းခြေဒေသမှာဆိုရင် အနယ်အနှစ်တွေ သဲ နုံး ရွှံ့စတာတွေရေစီးနှင့်မျောပါပြီး ကြာလာတဲ့အခါ ရေပြင်မှာ ထိုးထွက်လာတဲ့ ကုန်းတန်းလေးတွေ သောင်ခုံလေးတွေ ဖွဲ့စည်းမိရက်သားဖြစ်တတ်တယ်။ တဲ့။

ဘူမိဗေဒဆိုင်ရာ အရင်းအမြစ်ကို ခြေရာခံ ပြန်ကြည့်ရင် အဆင့်ဆင့်ပြောင်းလဲ ဖြစ်ပေါ်တတ်တဲ့ သဘာဝ ဖြစ်စဉ်များအရ မူလက အဲဒီမြစ်ဝှမ်းတ၀ိုက်မှာ တက်တိုးနစ် (Tectonic) ပလိတ်ပြားများရဲ့ ဖိနှိပ် တွန်းထိုးမှုကြောင့် မြေသားအက်ကွဲခြင်း မြေကျွံခြင်း မြေသားဟိုသည်ပြန့်ထွက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး နှစ်ခြမ်းခွဲ ကွေ့ဝိုက်ဖြာထွက်စီးဆင်းတာမျိုးရှိနိုင်တယ်လို့ ဘူမိဗေဒပညာရှင်တစုက သုံးသပ်ကြတယ်။ ပလိပ်ပြားများ အချင်းချင်းဝင်ဆောင့်ရာမှာလည်း ကော့ကေးဆပ်စ်၊ ပွန်တိုက်ထ်၊ ကရိုင်းမီးယား၊ ဘော်လ်ကန် စတဲ့ တောင်တန်းများကိုလည်း ဖြစ်ပေါ်စေခဲ့တာပါ။ ဆက်လက်ပြီး Eurasian နှင့် Africian platesများအကြားဝင်ဆောင့်အပြီး အနောက်ဘက်ဒေသဆီ လွတ်ထွက်သွားရာမှမြောက် အနာတိုလီယဲန်မြေလွှာ ပြတ်ရွေ့ကြော (North Anatolian Fault) နှင့် အရှေ့ အနာတိုလီယဲန်မြေလွှာ ပြတ်ရွေ့ကြော တလျှောက် ပိတ်ဆို့လျှက် တက်တိုးနစ် ပလိတ် ရေစီးကြောင်းအတိုင်း တည်ရှိနေတယ်။ ဒါဟာ ပင်လယ်နက်ဒေသမှာ လည်း မြေသားကျွံကျခြင်းကို ဖြစ်ပေါ်စေပြီး အနတိုလီဒေသကိုပါ ထူးခြားတဲ့ တောင်လှုပ်ရှာမှုမျိုး ဖြစ်ပေါ်စေတယ်။

ကာလကြာမြင့်တဲ့အခါ ဘူမိဗေဒတည်ဆောက်မှု သဘောတရားအရ ကမ္ဘာ့သမုဒ္ဒရာကြီးများ အစဉ်အလာက ခွဲထွက်ပြီးတော့အကြောင်းအားလျော်စွာ ပင်လယ်နက်ဟာ သီးခြား တည်ရှိနေခြင်းဖြစ်တယ်။ ယနေ့ မြင်တွေ့နိုင်တဲ့ မြစ်ဝှမ်းအနေအထားကတော့ ကရိုင်းမီးယဲန်ဒေသကျွန်းဆွယ်မှ တောင်ဘက် တိုးပြီး The Danube discharge into the Black Sea ဒူးနာ့ဘ်မြစ်စီးဝင်တဲ့ ပင်လယ်နက်(ဒူးနာ့မြစ်ရဲ့ ရေထွက်ပေါက်ဟာ ပင်လယ်နက်ဖြစ်တယ်။ပင်လယ်နက်ဟာ ကမ္ဘာ့အကြီးဆုံး Meromictic အမျိုးအစားမြစ်ဝရှိတဲ့ ပင်လယ်ပါ။ ရေနက်ပိုင်းရေဟာ လေထုထဲက အောက်ဆီဂျင်ကို လက်ခံရယူသိမ်းဆည်းတဲ့ အပေါ်ယံအလွှာအထပ်တွေနှင့် ရောနှောခြင်းမရှိဘူး။ အဖြေကတော့ ပိုနက်တဲ့ ပင်လယ်ရေထုထည်ပမာဏ ၉၀%ကျော်ကျော်က အင်နိုးစစ်ရေ (anoxic water) ဖြစ်နေခြင်းပါဘဲ။ မြစ်ဝှမ်းတည်ရှိမှု ပထ၀ီအနေအထားအရ မြစ်ရေ စီးဝင်မှု က မြစ်ကြောင်းထိန်းသိမ်းရာမှာ အဓိက ကျတယ်။ ဖြည့်ဆီးဝင်ရောက်လာတဲ့ ရေက အားကောင်းတဲ့အလွှာအထပ်ထပ် ကို ဖြစ်စေပြီး တိကျတဲ့ ရေပမာဏကို ညီမျှစေတယ်။ အများအားဖြင့် အပေါ်ယံရေလွှာများက အေးမြပြီး အခိုးအငွေ့များစုပုံထူထပ်ခြင်းနှင့် ဆားပါဝင်ခြင်းကို လျော့နည်းစေတယ်။ မြစ်ကြောင်းဖြစ်ထွန်းမှုကို တိုးချဲ့တဲ့ သဘောပါဘဲ။ စင်စစ် ရေနက်ထဲက မူလရေနွေးများဟာ မက်ဒီတာရေးနီးယဲန်က (မြေထဲပင်လယ်)ဆားပျော်ဝင်ရေများပါဘဲ။ ဒီလို မြေထဲပင်လယ်ထဲက စုပုံစီးဝင်လာတဲ့ ရေဟာ လတ်ဆတ်တဲ့ ပင်လယ်နက်ထဲက စီးထွက်သွားတဲ့ ရေနှင့်ညီမျှပါတယ်။ နောက်ပြီး သူက မာမရာ(Marmara sea ) ပင်လယ်ထဲကို ဆက်လက်စီးဝင်သွားခဲ့တယ်။ သူ့အလွှာနှင့်သူ ဆားပါဝင်လည်း အညီအမျှပါ။

နာဆာက ပေးပို့ထားတဲ့ ပုံတွေအရ ပင်လယ်နက်မှာ နှစ်စဉ် ရေကြီးလေ့ရှိကြောင်း သိရတယ်။ ရှေးခေတ်ရေကြောင်းခရီးသွားလာသူများဟာ လှေ သင်္ဘောများ ပျက်စီးဆုံးရှးမှု နှစ်စဉ်ကြုံတွေ့နေရတာပါ။

စစ်အေးတိုက်ပွဲအပြီးမှာ ကမ္ဘာတ၀ှမ်းက ခရီးသွားဧည့်သည်များ ထောင်သောင်းချီလာရောက်ကြတယ်။ အားလပ်ရက်တွေမှာ အပန်းဖြေစခန်းများနှင့် ရေပူစမ်းတွေ ရှိရာ သွားရောက်နိုင်လို့ပါ။ လူသိများထင်ရှားတဲ့  အပန်းဖြေစခန်းတွေကတော့… 2 Mai (ရိုမေးနီးယား), Agigea (ရိုမေးနီးယား),. Ahtopol (ဘူဂေးရီးယား), Anaklia(ဂျော်ဂျီယာ ) တို့ပါဘဲ။

၁၉၃၆ ခုနှစ် Montreux သဘောတူညီချက်အရ နိုင်ငံ့ခေါင်းဆောင်များက မြေထဲပင်လယ်နှင့် ပင်လယ်နက်အကြား သင်္ဘောများသွားလာခုတ်မောင်းမှုကို ခွင့်ပြုခဲ့တယ်။ ပင်လယ်အတွင်း ကြောင်းထိန်းသိမ်းစောင့်ရှောက်ဖို့ကိုလည်း ဘလက်ဆီးယူကရိန်းရေတပ်အုပ်စုက တာဝန်ယူပေးဖို့ ရုရှားကပဲ သဘောတူညီခဲ့တယ်။ ပင်လယ်နက်ဟာ Dardanelles ရေလက်ကြားနှင့် Bosphorus ရေလက်ကြားတို့ကို မှီပြီး သမုဒ္ဒရာနှင့် ပေါင်းကူးချိတ်ဆက်ပါတယ်။ Dardanelles ရေလက်ကြားဟာ 55m ( 180.45ft )နက်ပြီးတော့ Bosphorus ရေလက်ကြားကတော့ 36m (118.11ft) သာ ရှိတဲ့အတွက် ရေတိမ်ပါတယ်။


ဒေသဆိုင်ရာ အဖွဲ့အစည်းများ
1992ခုနှစ်က အဓိက ပင်လယ်နက်ဒေသ နိုင်ငံများဖြစ်တဲ့ ဘူလ်ဂေးရီးယား၊ ရိုမေနီးယား၊ ဂျော်ဂျီယာ၊ရပ်ရှင်းဖယ်ဒရေးရှင်း။ ယူကရိန်း၊တူရကီ တို့ဟာ ပင်လယ်နက် ညစ်ညမ်းမှုကို တားဆီး ကာကွယ်ဖို့ မြစ်ကြောင်း စောင့်ရှောက်ထိန်းသိမ်းဖို့ကော်မရှင်တရပ်ဖွဲ့စည်းပြီး (The Commission on the Protecti0n of the Black Sea Against Pollution) သဘောတူ စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးအတည်ပြုခဲ့ကြတယ်။ မဟာဗျူဟာ စီမကိန်းတခုကို ချမှတ်ဖေါ်ဆောင်ခဲ့ကြတာပါ။ အလယ်ခေတ်က ပင်လယ်နက် ရှေးခေတ် ပင်လယ်နက် ရေတပ်အုပ်စု တခုကရီးမီးယဲန် စစ်ပွဲ မတိုင်မီရှေးအခါက ပင်လယ်နက်တခွင် ဟစ်တိုက်စ်၊ ဂရိစ်၊ ပါရှဲန်၊ ရိုမဲန်၊ ဂေါ့သ်၊ ဟန်စ်၊ ဆလပ်ဗ်စ်၊ ခရူဆိတ်တာ၊ လစ်သူးနီးယဲန်၊ ဂျော်ဂျီယဲန်၊ ပိုးလ်၊ တာတာ ၊အော့တိုမဲန် စတဲ့ လူမျိုးစုများ ကုန်ရောင်းကုန်ဝယ်ရွက်လွှင့်သွားလာခဲ့ကြဖူးတဲ့ ကမ္ဗည်းကျောက်စာများရှိကြောင်း သုတေသနပညာရှင်တို့က ဆိုပါတယ်။ ပင်လယ်နက်ဟာ အရှေ့ အနောက် တောင်မြောက် အရပ်ဒေသအားလုးကို ရွက်လွှင့်ထွက်ခွာနိုင်တဲ့ ခရီးလမ်းဆုံတခုလည်းဖြစ်တယ်။ ရှေးအခါက တည်းက ဘော်လ်ကန်မှ အနောက်ဘက် Eurasia မှ တောင်ဘက်၊ ကော့ကေးဆပ်နှင့်အလယ်အာရှမှ အရှေ့ဘက်.အာရှမိုင်းနား နှင့်မက်ဆိုပိုတေးမီးယားမှ တောင်ဘက်၊ ဂရိမှ အနောက်တောင်ဘက် စတဲ့ အရပ်ဒေသတို့ကို ရွက်လွှင့် သွားလာခဲ့ကြတယ်။

ဘလက်ခ်ဆီးရေလမ်းကြောင်းဟာ ရှေးကပင် အလွန်အသုံးများတဲ့လမ်းဆုံ တခုဖြစ်ခဲ့တာပါ။ ပထမကမ္ဘာစစ်မှာရော ဒုတိယကမ္ဘာစစ်မှာပါ အလွန်အရေးပါတဲ့ ရေကြောင်းလမ်း တခုဖြစ်ပါတယ်။ ရှေးခေတ်ဆိပ်ကမ်းမြို့ကြီးတွေဟာ ပင်လယ်နက်ကမ်းရိုးတန်းတွေမှာ အများဆုံးတည်ရှိနေတာပါ။ စစ်အေးတိုက်ပွဲ ပြီးဆုံးချိန်ကာလမှာ နီင်ငံရပ်ခြားခရီးသွားဧည့်သည်များ တဖွဲဖွဲလာရောက်ခဲ့ကြတယ်။ ရိုမေးနီးယားက 2 Mai နှင့် Agigea အပန်းဖြေ စခန်းနှစ်ခုဟာ နာမည်အကြီးဆုံးပါ။ ဘူလ်ဂေးရီးယား၊ တူရကီ နှင့် ဂျော်ဂျီယာတို့က အပန်းဖြေစခန်းများဟာလည်း အလားတူ နာမည်ကြီးတွေပါဘဲ။
Source : wikipedia
Living Fashion Magazine, October, 2012

Florist

Saturday, September 29, 2012

လင်းလင်းလက်လက် မှန်သားစံအိမ်ထဲက လူ

အမေရိကန်ရုပ်ရှင်မင်းသား အာ့ရှ်တန်ကာ့ထ်ချာဟာ ဟောလိဝုဒ်ဟေးလ်စ်က ၉၃၈၅ စတုရန်းပေ ကျယ်ဝန်းတဲ့ မှန်သားအိမ်ကို ဒေါ်လာ၁၀.၈သန်းနဲ့ ၀ယ်ယူခဲ့ပါတယ်။ အဲဒီအိမ်ကို မူလက တစ်လကို ဒေါ်လာ၅၀၀၀၀ နဲ့ ငှားရမ်းနေထိုင်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ဂျပ်စတင်ဘီဘာက ၀ယ်ယူဖို့ စုံစမ်းခဲ့သေးတယ်လို့ သတင်းတွေမှာရေးကြတယ်။ မှန်သားတွေပြည့်နေတဲ့ လင်းလက်တဲ့တောင်ကုန်းမြင့်မြင့်ပေါ်က အဲဒီအိမ်မှာ အိပ်ခန်း ၅ ခန်းနဲ့ ရေချိုးခန်း ၈ခန်းပါဝင်ပါတယ်။ ၂၀၀၆ ခုနှစ်ကဆောက်လုပ်ခဲ့တဲ့ ခေတ်ဆန်ဆန်အဆောက်အဦးဖြစ်ပါတယ်။ ကြမ်းပြင်တွေဟာ အ၀င်တံခါးတွေနဲ့ တစ်ပြေးညီအဖွင့်စတိုင်လ်ပါ။ မျက်နှာကြက်တွေကမြင့်မားတယ်။ နံရံတွေက မှန်သားများများနဲ့ဖြစ်ပြီး တစ်အိမ်လုံးပြည့်လုနီးပါး ရေကူးကန်ပါရှိတယ်။ ကိုယ်ပိုင်အားကစားခန်းမလည်းရှိနေပါတယ်။
လက်ရှိအချိန်မှာ ထုတ်လုပ်သူ၊ မိုဒယ်၊ တီဗီအစီအစဉ်တင်ဆက်သူ၊ ရုပ်ရှင်ကားများစွာရိုက်ကူးနေရတဲ့ မင်းသားတစ်ဦးအဖြစ် ကြွယ်ဝတဲ့သူတစ်ဦးဖြစ်နေခဲ့ပါပြီ။ သန်းပေါင်းများစွာတန်ကြေးရှိတဲ့ စံအိမ်မျိုးလည်း ပိုင်ဆိုင်နေခဲ့ပါပြီ။ အလုပ်တွေမနားတမ်းဆက်တိုက်လုပ်နေခဲ့တဲ့ ကာ့ထ်ချာ ပြောခဲ့ဖူးတာက “ကျွန်တော်အိမ်ကိုမပြန်ချင်ပါဘူး။ အိမ်ပြန်ရောက်ရင် ကျွန်တော့်အမွှာအစ်ကိုရဲ့ သတင်းဆိုးတွေရှာမတွေ့ချင်ဘူး။ အဲဒီတော့ ကျွန်တော့်ကိုယ်ကျွန်တော် အလုပ်ထဲမှာ နှစ်မြှုပ်ထားလိုက်တယ်။ ကျွန်တော့်ကိုယ်ကျွန်တော် စိတ်ထိခိုက်စေဖို့ ခွင့်မပြုနိုင်ဘူး” တဲ့။ ကာ့ထ်ချာရဲ့ အမွှာအစ်ကိုမိုက်ကယ်လ်ဟာ နှလုံးအစားထိုးထားရသူတစ်ဦးပါ။ မွေးရာပါဦးနှောက်ပိုင်းဆိုင်ရာချို့ယွင်းတဲ့ရောဂါရှိသူလည်းဖြစ်နေခဲ့ပါတယ်။ ချက် ဘိုဟီးရန်းဖခင်နဲ့ အိုင်းရစ်ဂျာမန်စပ် ဘိုဟီးမီးရန်းမျိုးရိုး၊ ရိုမန်ကက်သလစ်မိသားစုကမွေးဖွားခဲ့ပါတယ်။ မိသားစုပြဿနာတွေနဲ့ စိတ်ထိခိုက်ခဲ့ရတဲ့ ကာ့ထ်ချာဟာ ဆယ်ကျော်သက်အရွယ်မှာ သေကြောင်းကြံစည်ဖို့တောင် ကြံစည်ခဲ့သေးတယ်။ ၁၃နှစ်အရွယ်မှာ Cedar Rapids ဆေးရုံလေသာဆောင်ကနေ ခုန်ချဖို့ ကြိုးစားစဉ်ခဲ့တုန်းက ဖခင်ကရုတ်တရက်ဝင်ရောက်တားဆီးနိုင်ခဲ့တာပါ။ အစ်ကိုအတွက်ဆေးကုဖို့ မိသားစုအတွက်ငွေကြေးကို သူ အပူတပြင်းကြိုးစားရှာခဲ့ရတယ်။ ငွေကြေးအတွက် သွေးရောင်းခဲ့ရတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။

နောက်ပိုင်း International Modelling and Talent Association(IMTA) မှာ မော်ဒယ်အဖြစ်ယှဉ်ပြိုင်ခဲ့တယ်။ နယူးယောက်မှာ IMTA မဟုတ်တဲ့ တခြား မော်ဒယ်အေဂျင်စီတစ်ခုမှာ လက်မှတ်ထိုးလိုက်ပါတယ်။ ကာ့ထ်ချာကို ကယ်လ်ဗင်ကလိုင်းကြော်ငြာမှာ မော်ဒယ်အဖြစ်မြင်တွေ့ခဲ့ကြပြီး ပဲရစ် နဲ့ မီလန်မှာ မော်ဒယ်အဖြစ်အလုပ်တွေကြိုးစားခဲ့ပါတော့တယ်။ မိသားစုအတွက်လိုအပ်တဲ့ငွေကြေးနဲ့ လွတ်လပ်ငြိမ်းချမ်းတဲ့အိမ်တစ်လုံးပိုင်ဆိုင်နိုင်ဖို့ အပြင်းအထန်ကြိုးစားခဲ့တယ်။ အောင်မြင်မှုရလာခဲ့တဲ့တစ်နေ့မှာတော့ အလင်းရောင်များများရနိုင်တဲ့ ဟောလိဝုဒ်ဟေးလ်စ်ပေါ်က အိမ်ကြီးကို ၀ယ်ယူလိုက်ပါတယ်။ မင်းသမီး ဒီမီမိုးနဲ့ ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၁ မှာ လမ်းခွဲခဲ့ကြတယ်။ ဟောလိဝုဒ်ဟေးလ်စ်စံအိမ်ဟာ ဒီမီမိုးနဲ့ လမ်းခွဲပြီးမှ ၀ယ်ယူခဲ့တာလို့ ဆိုကြတယ်။ သူရဲ့ တစ်ယောက်တည်းဖြစ်သွားတဲ့ဘ၀ကို အဲဒီအိမ်မှာ စတင်လိမ့်မယ်လို့ ပြောနေကြပါတယ်။
စီးပွားရေးအမြင်လည်း ရှိသူ ကာ့ထ်ချာရဲ့ မိုဒယ်၊ သရုပ်ဆောင်၊ ထုတ်လုပ်သူလုပ်ငန်းတွေအပြင် နည်းပညာလုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံပါတယ်။ Skype, Foursquare, Airbnb, Path နဲ့ Fab.com တို့မှာ ကာ့ထ်ချာရဲ့ငွေကြေးရင်းနှီးမြှပ်နှံမှုတွေ  အမြောက်အများရှိတယ်။ အီတလီစတိုင်လ်စားသောက်ဆိုင်တွေ၊ နယူးယောက်စီးတီး၊ လောစ့်အိန်ဂျယ်လိစ်နဲ့ အက်တလန်တာတို့မှာ ရှိတဲ့ ဂျပန်စားသောက်ဆိုင်တွေမှာလည်း ပိုင်ဆိုင်ထားသူပါ။
ထူးထူးခြားခြားလှပတဲ့မြင်ကွင်းမျိုးရှိတဲ့ ကာ့ထ်ချာရဲ့ အိမ်ဟာ သဘာဝသစ်သားတွေရယ်၊ ကျောက်တုံးလေးတွေမြှုပ်ပြီး ဖန်တီးထားတဲ့နံရံတွေကြောင့် ပိုမိုလင်းလက်ကာ ခေတ်ဆန်ဆန်ကြော့ကြော့မော့မော့ရှိလှတဲ့အသွင် ပီပြင်စေပါတယ်။
အတွင်းကနေ အပြင်ဘက်ကို အဟန့်အတားမရှိငေးမောကြည့်နိုင်တာရယ်၊ တောင်ကုန်းပေါ်က အိမ်တည်ဆောက်ပုံရယ်ကြောင့် အဆီးအတားမဲ့တိုးဝင်နေတဲ့၊ သန့်ရှင်းလတ်ဆတ်လှတဲ့လေညှင်းအရသာ အပြည့်အ၀ခံစားနိုင်မယ့် စံအိမ်ပါပဲ။ ကာ့ထ်ချာရဲ့ မှန်သားလင်းလင်းလက်လက်စံအိမ်ကနေ ဟောလိဝုဒ်ရေလှောင်တမံ(Lake Hollyhood)ကိုလည်း မြင်တွေ့နိုင်ပါသေးတယ်။
ငယ်ငယ်တုန်းကလို ကာ့ထ်ချာမပြန်ချင်တဲ့အိမ်မျိုး  မဖြစ်နိုင်တော့ဘူးလို့တော့ ကာ့ထ်ချာကို ချစ်ခင်နှစ်သက်တဲ့ပရိသတ်တွေက ခန့်မှန်းပြောနေကြပါတယ်။ ၂၀၁၂ ဧပြီလကလည်း Virgin Galactic ရဲ့ SpaceShipTwo နဲ့ အာကာသကိုခရီးသွားမယ့်အစီအစဉ်မှာလိုက်ပါဖို့ ငွေပေးသွင်းခဲ့ပြီး အယောက် ၅၀၀ယောက် ခရီးသွားဖြစ်လာခဲ့ပါပြီ။ Apple ကုမ္ပဏီရဲ့ တွဲဖက်စတင်တည်ထောင်သူ စတိဗ်ဂျော့ဘ်စ်အဖြစ်လည်း လတ်တလော သရုပ်ဆောင်နေပြီး အလုပ်တွေအများကြီး ဆက်တိုက်လုပ်နေတဲ့သူဖြစ်နေခဲ့ပါပြီ။        ။
Living Fashion Magazine, October, 2012

Friday, September 28, 2012

ဟိုသတင်း ဒီသတင်း

၁. နတ်သမီးပုံပြင်ဖန်တီးရှင်ရဲ့ အထူးခြားဆုံး နတ်သမီးသစ်လုံးအိမ်လေးတွေ
ဟယ်ရီပေါ်တာ နတ်သမီးပုံပြင်ဇာတ်လမ်းတွဲတွေကို ဖန်တီးခဲ့တဲ့ အင်္ဂလိပ်စာရေးဆရာမ ဂျေ ကေ ရိုးလင်း ဟာ သူမရဲ့ ကလေးငယ်လေးတွေအတွက် အံ့သြစရာအကောင်းဆုံး မှော်ဆန်ဆန်သစ်သားအိမ်လေးတွေ တည်ဆောက်ဖို့ စတင်ပြင်ဆင်နေပါပြီ။ ဟယ်ရီပေါ်တာဇာတ်လမ်းထဲကလိုပဲ ဟောဂ့်ဝါ့ထ်ရဲတိုက်ပုံစံ အဆင့်မြင့် နှစ်ထပ်ဆောင် နှစ်ဆောင်ပါဝင်တဲ့ သစ်လုံးအိမ်လေးတွေကို သူမရဲ့ ပန်းခြံထဲမှာ ဆောက်လုပ်ဖို့လျှောက်ထားခဲ့ပေမယ့် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြတာတွေရှိခဲ့ပါတယ်။ အီဒင်ဘာဂ်မြို့တောင်ကောင်စီ ဒေသခံတွေက သစ်လုံးအိမ်ရဲ့ အရွယ်အစားပမာဏကြီးမားမြင့်မားလှတာကြောင့် လမ်းမကနေမြင်ကွင်းမှာ အနှောင့်အယှက်ဖြစ်နိုင်တယ်ဆိုပြီး ကန့်ကွက်မှုတွေပေးပို့ကြတာပါ။ အခုတော့ ဆောက်လုပ်ခွင့် ကျလာခဲ့ပြီမို့ တည်ဆောက်တော့မယ်လို့ဆိုတယ်။ ပေ ၄၀ မြင့်မားပြီး ပေါင် ၂၅၀၀၀၀ ခန့်မှန်းခြေ ကုန်ကျနိုင်ပါတယ်။ သစ်လုံးအိမ်လေးတွေကို သူမရဲ့ ၉နှစ်အရွယ်သား နဲ့ ၇နှစ်အရွယ်သမီးလေးအတွက်ဆောက်လုပ်မှာပါ။ လှို့ဝှက်ဥမင်လိုဏ်ခေါင်းတွေ၊ ကြိုးတံတားတွေ နဲ့ ပြာသာဒ်ချွန်ချွန်နဲ့ ခေါင်မိုးလေးတွေနဲ့ အံ့အားသင့်စရာကောင်းလောက်အောင် ဖန်တီးပါလိမ့်မယ်။ သစ်လုံးအိမ်တွေမှာ လှို့ဝှက်တံခါးပေါက်တွေလည်း ပါရှိပြီး ကြောင်လိမ်လှေကားတွေနဲ့ အပြင်ကိုလျှင်လျှင်မြန်မြန်ထွက်နိုင်တဲ့ လှို့ဝှက်တံခါးပေါက်လေးပါထည့်ထားဦးမှာပါ။ ပုံစံငယ်မှာ ဇီးကွက်တစ်ကောင်အတွက်အိပ်တန်းအဆောင်ငယ်ကိုလည်း သစ်ကတိုးသားအုပ်ကြွပ်မိုး အဆောင်လေးအဖြစ်မြင်တွေ့ရပါသေးတယ်။ အင်္ဂလန်အရှေ့တောင်ပိုင်း ကန့်ထ်ဒေသ၊ တန်ဘရစ်ချစ်ဝဲလ်စ်မြို့ က နာမည်ကြီး သစ်လုံးအိမ်ဆောက်လုပ်ရေး Blue Forrest က တာဝန်ယူတည်ဆောက်မှာပါ။ ရိုးလင်းဟာ ပြီးခဲ့တဲ့ ၂ နှစ်ခွဲလောက်က ပေါင်နှစ်သန်းကျော်လောက် တန်ကြေးရှိတဲ့ ၁၇ ရာစုခေတ်ကဒီဇိုင်းစံအိမ်မျိုး ၀ယ်ယူခဲ့ပါတယ်။

၂. တန်ဖိုးကြီးလက်ဆောင်တွေနဲ့ ဂီတဆုပေးပွဲ

၁၉၈၄ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ ဂီတဆုပေးပွဲ(MTV Video Music Award- VMA)ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၂ VMA ဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူက အမေရိကန်သရုပ်ဆောင် ကီဗင်ဟာထ့်ပါ။ လူငယ်တွေအတွက် အော်စကာဆုလို့ တင်စားကြတဲ့ VMA ၂၀၁၂ ပွဲမှာတော့ One direction ရဲ့ What Makes You Beautiful က အကောင်းဆုံးပေါ့ပ်ဗီဒီယိုဆု၊ အကောင်းဆုံးမျက်နှာသစ်အဆို ဆု၊ Chris Brown ရဲ့ Turn Up the Music က အကောင်းဆုံးအမျိုးသားဗီဒီယိုဆု၊ Niicki Minaj ရဲ့ Starships က အကောင်းဆုံးအမျိုးသမီးဗီဒီယိုဆု၊ Rhihanna ရဲ့ We Found Love က ဒီနှစ်အတွက်အကောင်းဆုံးဗီဒီယိုဆုတွေ ရကြပါတယ်။ ဒီဆုပေးပွဲမှာ ကိန်းဝက်စ်၊ ဂျပ်စ်တင်ဘီဘာ နဲ့ ဂျေ-ဇီ တို့ကတော့ ဘာဆုတံဆိပ်မှ မရပဲ VMA ကနေထွက်ခွာခဲ့ကြရတယ်။ ဒါပေမဲ့ စကာတင်စာရင်းဝင်သူ၊ အစီအစဉ်တင်ဆက်သူ နဲ့ ပါဝင်ဖျော်ဖြေတင်ဆက်ကြသူ အားလုံးအတွက် VMA ကပေးတဲ့ လက်ဆောင်အိတ်တွေမှာ အဖိုးတန်ပစ္စည်းတွေဖြည့်ထားကြတယ်ဆိုပါတယ်။ နာမည်ကြီးအမှတ်တံဆိပ်တွေဖြစ်တဲ့ Covergirl နဲ့ Calvin Klein ကနေ Apple နဲ့ Monster လိုပစ္စည်းတွေအထိ လက်ဆောင်အိတ်ထဲမှာ မြင်တွေ့ခဲ့ကြတယ်တဲ့။ ဆုမရခဲ့ရင်တောင် သီချင်းနားထောင်ရတဲ့ နားကြပ်တွေ၊ iPod နဲ့ တန်ဖိုးကြီးလက်ဆောင်တွေကို အိမ်ကို သယ်သွားနိုင်ခဲ့ကြတဲ့ ဂီတဆုပေးပွဲပါပဲ။

၃.  ခြိမ်းခြောက်မှုတွေကြားက ဘီတဲလ်စ်တွေရဲ့ ပန်းချီကား
ဘီတဲလ်စ်တွေရဲ့ ပန်းချီကားတစ်ချပ်ကို နယူးယောက်မှာလေလံတင်ရောင်းချနေပါပြီ။ ဘီတဲလ်စ်တွေဟာ ၁၉၆၆ ခုနှစ်တုန်းက ဂျပန်ကိုရောက်ရှိခဲ့တဲ့အချိန် လုံခြုံရေးအရ အပြင်ကိုထွက်ခွင့်မရပဲ တည်းခိုနေတဲ့ တိုကျိုဟီလ်တန်ဟိုတယ်မှာပဲ နာရီအတိအကျဆိုရရင် နာရီ ၁၀၀ နေခဲ့ကြရတယ်။ ငြီးငွေ့ဖွယ်ကောင်းလွန်းလှတဲ့အချိန်တွေမှာ ပန်းချီကားတစ်ချပ်ဆွဲနေဖို့ သူတို့ ဆုံးဖြတ်လိုက်ကြတယ်။ ဘီတဲလ်စ်အဖွဲ့မန်နေဂျာ ဘရိုင်ယန်အက်ပ်စတိန်း က ကင်းဗတ်စတစ်ခုပေးပြီး ပန်းချီကားတစ်ခုခုဆွဲဖို့ အကြံပေးပါတယ်။ ဘီတဲလ်စ် တွေ ပန်းချီကားပြီးသွားတဲ့အခါ ဂျပန်က ဘီတဲလ်fan club ရဲ့ ဥက္ကဌ  တက်စုစာဘူရို ရှီမိုယာမာကို လက်ဆောင်ပေးခဲ့ကြတယ်။ ပန်းချီကားဟာ ၃၀ x ၄၀ ပေရှိပြီး ပန်းချီကားရဲ့ အလယ်မှာ မီးတိုင်ကိုချပြီး ထောင့်လေးဘက်လေးတန်မှာ ဘီတဲလ်စ်တွေတစ်ဦးစီက ကိုယ်ပိုင်းစိတ်ကူးနဲ့ပဲ ရေဆေး၊ ဆီဆေးခြယ်မှုန်းခဲ့ကြတာပါ။ နောက်ဆုံး မီးအိမ်ကိုဖယ်ရှားလိုက်ပြီးတဲ့အခါ မီးအိမ်နေရာ ကွက်လပ်မှာတော့ ဘီတဲလ်စ်တွေ လေးဦးရဲ့ လက်မှတ်တွေရေးထိုးလိုက်ကြပါတယ်။ ပန်းချီကားကို “အမျိုးသမီးတစ်ဦးရဲ့ ပုံရိပ်-image of a woman”လို့ နာမည်ပေးခဲ့ကြတယ်။ ဘီတဲလ်စ်တွေဖန်တီးတဲ့ အဲဒီအမျိုးသမီးတစ်ဦးရဲ့ ပုံရိပ် ပန်းချီကားကို လေလံပွဲမှာ ဒေါ်လာ ၈၀၀၀၀ နဲ့ ဒေါ်လာ၁၂၀ ၀၀၀ ကြားရောင်းချနိုင်လိမ့်မယ်လို့ Philip Weiss Auctions က မျှော်မှန်းထားကြပါတယ်။

၎. ပုံစံတူ ပန်ခ့် အသွင်အပြင်နဲ့ သူတို့တွေ
 မိုင်လီဆိုင်းရပ်စ်ရဲ့ ဆံပင်ပုံစံအသစ် ဟာ ပေါပ့်စတား ပင့်ခ် ရဲ့ ဆံပင်ပုံစံသစ်နဲ့ အတူတူပဲဖြစ်နေခဲ့ပါတယ်။ VMA ဂီတဆုပေးပွဲရဲ့ ကောဇောနီပေါ်ကို ရောက်လာခဲ့ကြတဲ့ ဂီတစတားနှစ်ဦးဟာ ထပ်တူနီးပါးပုံစံတူဖြစ်နေကြတာကို မိုင်လီက ပင့်ခ်ရဲ့ ဖျော်ဖြေမှုအတွက် မိတ်ဆက်ပေးလိုက်တဲ့အခါမှာ ပရိတ်သတ်တွေက ပိုပြီး သတိထားမိသွားကြတယ်။ ပင့်ခ် အတွက်ကတော့ တိုတိုကပ်ကပ်ဆံပင်ပုံစံမျိုးက အမြဲရွေးချယ်နေကြမို့ အထူးအဆန်းမဟုတ်လှပါဘူး။ မိုင်လီရဲ့ ပရိတ်သတ်တွေကတော့ ဆံပင်ပုံစံအသစ်မှာ တော်တော်လေး တုန်လှုပ်သွားကြတယ်လို့တောင်ဆိုကြပါတယ်။ မိုင်လီကတော့ သူမရဲ့ ဆံပင်ပုံစံအသစ်ကို မုန်းတီးတဲ့သူတွေကို ဂရုမစိုက်ပါဘူး။ သူမရဲ့ ပုံစံသစ်မှာ မိနစ်တိုင်းကို ပျော်ရွှင်ကျေနပ်ပါတယ်။ ကျွန်မရဲ့ ဂီတအသစ်၊ သီချင်းအသစ်တွေ ဒီနှစ်ထဲမှာ ပရိတ်သတ်တွေ ကြားရပါလိမ့်မယ်။ ခံစားမှုအသစ်တွေကို ခံယူရတာ သိပ်ကောင်းပါတယ် လို့ ပြောပါတယ်။ Twitter မှာတော့ ဆိုးဆိုးဝါးဝါးဝေဘန်ကြသူတွေကို မိုင်လီကပြောပါတယ်။ “ရှင်တို့မှာ ပြောစရာစကားလုံးအကောင်းစားတွေမရှိတော့ရင် ဘာကိုမှမပြောပါနဲ့၊ ကျွန်မ ဆံပင်က ကျွန်မအရေပြားနဲ့ တွယ်ကပ်နေတာပါ။ တခြားဘယ်သူဆီမှာမှ မဟုတ်ဘူး။ ကျွန်မအဖေ အမြဲပြောနေခဲ့သလိုပဲ တစ်ယောက်ကတော့ ကျွန်မဆံပင်ကို ချစ်မှာပဲ၊ ပျော်ရွှင်စရာကောင်းတယ်။ ချစ်စရာကောင်းတယ်။ လွတ်လပ်တယ်လို့ ထင်မှာပါပဲ”။

၅. ရင်ထဲက တိုးထွက်လာတဲ့ စန္ဒရားလက်သံ
ဂန္တ၀င်စန္ဒရားလက်သံတွေကိုမှ သဘောကျနှစ်ခြိုက်လွန်းလှတဲ့ လူငယ်လေးဟာ ဒီနေ့မှာတော့ ကမ္ဘာမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး နဲ့ ထူးခြားကွဲပြားလှတဲ့စန္ဒရားပညာရှင်တွေထဲက တစ်ဦးဖြစ်နေခဲ့ပါပြီ။ အဲဒီလူငယ်လေးက အသက် ၂၀ ပဲ ရှိသေးတဲ့ ဘင်ဂျမင် ဂရောစ့်ဗ်နော(Benjamin Grosvenor)ပါ။ အောက်တိုဘာလမှာ ကျင်းပမယ့် Classis Birt Awards  အတွက် စကာတင်ရွေးချယ်တဲ့စာရင်းမှာ ဆုနှစ်ဆုစာအတွက် ရာထားခြင်းခံရပါတယ်။ မိသားစုမှာ ညီအစ်ကိုငါးယောက်ထဲက အငယ်ဆုံးလူငယ်လေးရဲ့ ဖခင်က ကျောင်းဆရာဖြစ်ပြီး မိခင်က စန္ဒရားတီး သင်ကြားပေးတဲ့သူ၊ ဂရောစ့်ဗ်နော ရဲ့ ပထမဆုံးစန္ဒရားဆရာပါ။ ဂရောစ့်ဗ်နော အသက် ၁၀နှစ်မှာပဲ The Southend Young Musician of the Year, The Essex Young Musician of the Year, The Emanuel Trophy နဲ့ The EPTA Trophy ပြိုင်ပွဲလေးခုစာ အောင်မြင်ထားတဲ့ အသက်အငယ်ဆုံးအောင်နိုင်သူလေးဖြစ်နေခဲ့ပါပြီ။ ဂရောစ့်ဗ်နော အနှစ်သက်ဆုံး ဂန္တ၀င်ဂီတတွေက မိုးဇက်၊ ဂရေ့ဂ်၊ ရာဗဲလ်၊ ဘရစ်တန်း နဲ့ ချော့ပ်ပင် ပြီးတော့ စကာလက်တီ၊ ရှုးမန် နဲ့ တာကာမစ်ဆူ တို့ရဲ့ သီချင်းတွေလည်း အမြဲ တီးခတ်လေ့ရှိပါတယ်။ ၂၀၁၁မှာ Decca Record Lable နဲ့ စာချုပ်ချုပ်ခဲ့ပြီး ဒုတိယအယ်လ်ဘမ်ထုတ်ဝေခဲ့ပြီးပါပြီ။ “စန္ဒရားကို ပြဿနာတွေဖန်တီးဖြေရှင်းတဲ့စိတ်မျိုးနဲ့ မတီးပါနဲ့၊ ရင်ထဲက တငြိမ့်ငြိမ့် တိုးထွက်လာတဲ့ခံစားချက်ကို နားထောင်ပြီးမှ စန္ဒရားခလုတ်တွေပေါ် သင့်ရဲ့ လက်ချောင်းတွေပြေးလွှားလိုက်ပါ”  လို့ ဂရောစ့်ဗ်နော က ဆိုတယ်။

၆.  ကလေးတွေ မလိုချင်တဲ့ ကစားစရာတွေ
ကလေးတွေ စွန့်ပစ်ထားခဲ့တဲ့၊ မလိုချင်တော့တဲ့ ကစားစရာအရုပ်တွေကို စုဆောင်းပြီး အင်စတော်လေးရှင်းဖန်တီးမှုကို ဂျပန်အင်စတော်လေးရှင်း Artist  ဟီရိုရှီ ဖူဂျီက Art Centre Melbourne မှာ ပြုလုပ်ခဲ့ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Recycles Art Project လို့ နာမည်ပေးထားတယ်။  Artist ဖူးဂျီဟာ ကလေးတွေ မလိုချင်တော့တဲ့ ကစားစရာလေးတွေကို ပြန်လည်အသုံးပြုပြီး ဒိုင်နိုဆောပုံစံတူ ဖန်တီးခဲ့ပါတယ်။ စွန့်ပစ်ထားတဲ့ ကစားစရာပစ္စည်းတွေကို ဂျပန်နိုင်ငံတစ်ဝှမ်း ၁၃ နှစ်ကျော်ကြာစုဆောင်းခဲ့ပြီး တစ်ကိုယ်တော်ပြပွဲအဖြစ် ဖွင့်လှစ်ပြသခဲ့တာပါ။ ပြပွဲကို ၂၀၁၂၊ စက်တင်ဘာ၆ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ Toy Saurus၊ Toy Stick လို့ နာမည်ပေးထားတဲ့ အင်စတော်လေးရှင်းပြကွက်တွေကို ပြသထားပါတယ်။

၇. သရုပ်ဆောင်ကို ကူညီတဲ့ ဒါရိုက်တာ
 ဒါရိုက်တာအလုပ်ဟာ သရုပ်ဆောင်ပညာကို တိုးတက်စေဖို့ ကူညီတယ် လို့  အမေရိကန်သရုပ်ဆောင်၊ ဒါရိုက်တာ၊ စာရေးဆရာ၊ ထုတ်လုပ်သူ ဘန်အက်ဖ်လက်ခ်က ပြောပါတယ်။ သရုပ်ဆောင်ကနေ ဒါရိုက်တာတစ်ဦးအဖြစ်ပြောင်းလဲလာတဲ့သူအတွက် ကင်မရာရဲ့ အရှေ့ရော အနောက်မှာပါ အလုပ်လုပ်ရတော့မှာပါ။ The Town နဲ့ Argo ရုပ်ရှင်ကားတွေမှာ ဒါရိုက်တာဖြစ်တဲ့ ဘန်အက်ဖ်လက်ဟာ စကရင်ပေါ်မှာမြင်လာရမယ့် အပြစ်အနာအဆာ ချို့ယွင်းချက်၊ အားနည်းချက်တွေကို ပိုပြီးရှောင်တိမ်းနိုင်လာတယ်လို့ဆိုတယ်။ “တစ်စုံတစ်ဦးကများ သရုပ်ဆောင်အမှန်တကယ်ဖြစ်ချင်တယ်လို့ ဆိုလာရင်တော့  အကောင်းဆုံးသင်တန်းကျောင်းက တချို့အခန်းတွေမှာ ကိုယ်တိုင်ရိုက်ကူးကြည့်ဖို့ပါ။ ဘာကြောင့်လဲ ဆိုတော့ မြင်ကွင်းတဆုံးမြင်ရလို့ပါ” တဲ့။ ထိတ်လန့်သည်းဖိုဇာတ်ကား Argo ကို ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ “ဘာကြောင့်လည်းဆိုတော့ ဇာတ်ညွှန်းကို ဖတ်ကြည့်လိုက်တာနဲ့ အလွန်အမင်း ချစ်ခင်နှစ်သက်သွားလို့ပါ။ အဲဒီရုပ်ရှင်ကားမှာ အီရန်နိုင်ငံကိုနောက်ခံထားပါတယ်။ အီရန်နိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးဝိုင်းရံထားမှုမှာ ပြည်နယ်ရုံးခွဲက အလုပ်သမားခြောက်ဦးကို လွတ်မြောက်အောင်ကူညီကြတဲ့ ဇာတ်အိမ်မျိုးပါ။ ဇာတ်ညွှန်းမှာပါတဲ့ စကားလုံးတွေ သဘောကျရုံပါပဲ၊ နိုင်ငံရေးအယူအဆသဘောထားတွေ မပါပါဘူး။ ကျွန်တော့်သူငယ်ချင်းတွေမှာ ရီပက်ပလစ်ကန်တွေ၊ ဒီမိုကရက်တွေရှိနေပါတယ်”လို့ ဆိုတယ်။

၈. ကင်ဆာအတွက် ရပ်တည်ကြမယ့် နာမည်ကျော်တွေ
 Entertainment Industry Foundation ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Stand Up to Cancer(SU2C) အဖွဲ့အစည်းကပြုလုပ်တဲ့ ဖျော်ဖြေပွဲက ရရှိတဲ့ ငွေကြေးတွေကို ကင်ဆာရောဂါရှင်တွေအတွက် လှူဒါန်းမှာပါ။ ဖျော်ဖြေပွဲမှာ နာမည်ကျော် ရုပ်ရှင်၊ ဂီတ ပညာရှင်တွေ အများအပြားအထောက်အပံ့ပေးခဲ့ကြပါတယ်။
တေလာဆွစ်ဖ်က အနီရောင်ဝတ်စုံဝတ်ဆင်ထားတယ်။ ရွှေဝါရောင်ဆံပင်တွေကို ပိုနီတေးလ်စတိုင်လ်စည်းနှောင်ထားပြီး “Ronan” ဆိုတဲ့သီချင်းလေးကို ငြိမ်ငြိမ်သက်သက်လေးဆိုပါတယ်။ နာဗ့်ကြောစနစ်ကင်ဆာကြောင့် ပြီးခဲ့တဲ့နှစ်က သေဆုံးခဲ့တဲ့ ၃ နှစ်အရွယ် ကလေးငယ် ရိုနန်ကို ရည်စူးပြီး ဆွစ်ဖ်ကိုယ်တိုင် စပ်ဆိုခဲ့တဲ့သီချင်းပါ။ “ငါ့ကိုကြည့်လိုက်တဲ့ မင်းရဲ့မျက်လုံးပြာလေးတွေကို သတိရလိုက်တာ”  လို့ ဆွစ်ဖ်က ဆိုသွားပါတယ်။ သီချင်းဆုံးတော့ ရိုနန်ရဲ့ ဓါတ်ပုံလေးတွေကို ပိတ်သားပြင်ပေါ်မှာ ပြသွားခဲ့တယ်။ ဂွင်းနက်ပက်ထရိုရဲ့ ဖခင်ဟာ ကင်ဆာနဲ့ သေဆုံးသွားခဲ့တယ်။ မက်ဒေမွန်၊ မိုက်ကယ်ဒေါက်ဂလပ် တို့ဟာလည်း လည်ချောင်းကင်ဆာကို တိုက်ခိုက်နေရသူတွေဖြစ်နေကြပါတယ်။ တခြား SU2C ကို အထောက်အပံ့ပေးကြတဲ့ နာမည်ကျော်တွေက တွမ်ဟန့်စ်၊ ဆိုဖီယာဗာဂါရာ၊ ဂျူလီယာရောဘတ်စ်၊ ဆမ်မျူရယ် အယ်လ် ဂျက်ဆန်၊ ဂျဲရဲမီရန်းနား၊ အဲမာစတုန်း၊ ဂျပ်စ်တင် တင်ဘားလိပ်ခ် နဲ့ ဂျက်ဆီကာဘီဘဲလ် တို့လည်းပါဝင်ကြတယ်။ အဲလီစီယာကီးစ် နဲ့ ကိုးလ်ပလေး တွေကိုလည်း ဖျော်ဖြေသူတွေကြားထဲ တွေ့လိုက်ရပါသေးတယ်။ SU2C ကို အထောက်အပံ့ပေးကြတဲ့ နာမည်ကျော် အနုပညာရှင်ပေါင်း ၁၁၆ ဦးရှိပါပြီ။

၉. ကြည့်ပါ .. သရဲတစ္စေဆိုတာ မရှိပါ
လူထောင်ပေါင်းများစွာဟာ ယူကေ၊ ဘရစ်စတိုလ်က နယ်လ်ဆန်လမ်းတစ်လျှောက်က လေဟာပြင်ပါတီပွဲတစ်ခုကို တက်ရောက်ခဲ့ကြပါတယ်။ အဲဒီလမ်းတစ်လျှောက်မှာ See No Evil ဆိုတဲ့ နံရံဆေးရေးပန်းချီ(Graffiti Art)တွေကို public art အဖြစ် အပြင်မှာပဲ ပြသထားတာပါ။ graffiti တွေဟာ အရွယ်အစားအမျိုးမျိုးရှိနိုင်ပါတယ်။ တချို့ကို မျှော်စင်အဆောက်အဦးမှာရေးဆွဲကြတယ်။ အထပ်၁၀ ထပ်ပါ အဆောက်အဦးအပါအ၀င် ခြယ်မှုန်းပါတယ်။ ၂၀၁၁ ကနေ See No Evil နံရံဆေးရေးပန်းချီပြပွဲကို ပြုလုပ်ခဲ့ကြပြီး၊ ယူကေရဲ့ နာမည်ကြီး graffiti artist တွေ ၇၅ ဦးအထက်ပါဝင်ခဲ့ကြတဲ့ ယူကေက အကြီးမားဆုံး street art ပြပွဲတစ်ခုပါ။ ပြီးခဲ့တဲ့နှစ်က သြစတြေးလျ၊ ပြင်သစ်၊ ချီလီ၊ အီတလီ၊ ဘာစီလိုနာ၊ အမ်စတာဒမ်၊ လောစ့်အင်ဂျလိစ်၊ နယူးယောက်၊ ပဲရစ် က graffiti artist အများအပြား ပူးပေါင်းပါဝင်ခြယ်မှုန်းခဲ့ကြပါတယ်။ See No Evil t အဓိပ္ပါယ်ကတော့ ဥာဏ်အမြော်အမြင်ကြီး၊ ပညာရှိတဲ့ မျောက်သုံးကောင်ဟာ သရဲတစ္စေကိုမမြင်နိုင်ဘူး၊ မကြားနိုင်ဘူး၊ စကားမပြောနိုင်ဘူးဆိုတဲ့ ဆောင်ပုဒ်ကနေ လာတယ်လို့ ဘရစ်စတိုမြို့တောင်ကောင်စီက မိုက်ခ်ဘန်းနက်ထ်က ပြောပါတယ်။

၁၀. ဒိုင်ယာရီမှတ်တမ်းထဲက သွေးစုတ်ဖုတ်ကောင်တွေ
The Vampire Diaries တီဗီဇာတ်လမ်းတွဲတွေမှာ ပါဝင်တဲ့သရုပ်ဆောင်တွေ ရဲ့  Dawson’s Creek နဲ့ One Tree Hill ပွဲအတွက် အ၀တ်အစားဖန်တီးရှင် လေးလာဗရာထ့်က ပြင်ဆင်နေပါပြီ။ အောက်တိုဘာ ၁၁ ရက်နေ့မှာ ပြုလုပ်မယ့် ရုပ်ရှင်အစမ်းပြပွဲတွေမှာ လာဗရာထ့်က ပွဲကိုတက်ရောက်လာသူတိုင်းအတွက်ထူးခြားတဲ့ ၀တ်စုံတွေဖန်တီးပါလိမ့်မယ်။ လူတိုင်းအတွက်စုံးမ၊ သွေးစုတ်ဖုတ်ကောင်နဲ့ ၀ံပုလွေသဏ္ဍာန် ၀တ်စုံတွေ ပြုလုပ်မှာဖြစ်ပြီး သွေးစက်တွေနဲ့ ကြောက်လန့်စရာအသွင်ပိုမိုပီပြင်အောင် ပြုလုပ်မယ်လို့ဆိုတယ်။ သူ စဉ်းစားတာက ကပွဲအမျိုးမျိုးအတွက် လိုက်ဖက်တဲ့ဝတ်စုံတွေပါ။ ၀တ်စုံအမျိုးအစား ခြောက်မျိုးကနေ ရှစ်မျိုးအထိအပေါ်ကနေ ၀တ်ဆင်ထားနိုင်တဲ့ ၀တ်စုံမျိုးဖြစ်ပြီး တခဏအတွင်း နေရာနဲ့လိုက်အောင် လဲလှယ်နိုင်ဖို့ ပြင်ဆင်နေတာပါ။ စင်ဒရဲလားခေတ်က ၀တ်စုံမျိုးတွေနဲ့ ဖန်တီးမယ်လို့ ဆိုပါတယ်။          ။


Living Fashion Magazine, October, 2012