Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, November 17, 2015

စတိုင်များတဲ့ သူတို့တစ်တွေ

ပရိဘောဂစတိုင်တွေဟာ ဒီနေ့ခေတ်မှာ ကိုယ်နှစ်သက်တဲ့စတိုင်၊ ကိုယ်ရဲ့အခန်းအကျယ်အဝန်း၊ အသွေးအရောင်လေးတွေရောနှောပေါင်းစပ်ပြီး စတိုင်သစ်တွေထုတ်လာကြတယ်။ နည်းစနစ်ဟောင်းနဲ့ စတိုင်အမျိုးအစားနမူနာလေးတွေ တစ်ခုစီ သိထားနိုင်ရင်ဘာတွေရောနှောပေါင်းစပ်နိုင်မလဲ။ ဘယ်စတိုင်လေးတွေက လိုက်ဖက်ညီမလဲ ရွေးနှုတ်ကြည့်လို့ လွယ်ကူမှာပါ။ ကိုယ့်ရဲ့တစ်ကိုယ်ရေသုံးဧည့်ခန်းလေးထဲက ပရိဘောဂတွေကို ကိုယ်ပိုင်စတိုင်အတိုင်း ဖန်တီးကြည့်ရရင် စိတ်ဝင်စားဖို့ကောင်းနေမှာပဲနော်။ ဈေးကွက်ထဲမှာလည်း စတိုင်အမျိုးမျိုး ဝယ်ယူလို့ရနေပါတယ်။ ဒါပေမဲ့ အခေါ်အဝေါ်တွေက ခပ်များများဆိုတော့ဘာကိုဘယ်လိုခေါ်တယ်ဆိုတာ သိရဖို့ခက်နေတော့တာပေါ့။ ကိုယ်တကယ်နှစ်သက်တဲ့စတိုင်တစ်ခု ရရှိဖို့ ခေတ်အစားဆုံး၊ လူသုံးအများဆုံးစသဖြင့် ယှဉ်ပြီး ရွေးချယ်ကြည့်နိုင်အောင် အမျိုးအစားလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

Thursday, November 12, 2015

ရွှေမန္တလေးက သမိုင်းဝင်အကျော်အမော်နေရာများ


ဂီတသတင်းများ

ကျွန်းလေးပေါ်မှာ ဘီဘာနဲ့ ဂီတပရိသတ်များစွာ
Justin Biber ရဲ့ သြစတြေးလျဂီတဖြေဖျော်ပွဲကို Sydney Harbour က Cockatoo ကျွန်းမှာပြုလုပ်ခဲ့တော့ Biber ရဲ့ သြစတြေးလျပရိသတ် ဆယ်ကျော်သက်မလေးတွေအများစု ပရိသတ် ၁၂၀၀ခန့် သည်းသည်းလှုပ်လှုပ်ဟစ်အော်အားပေးခဲ့ကြတယ်။ Cockatoo ကျွန်းလေးကိုတောင် Biber ကျွန်းလို့ ခေါ်လိုက်ကြတယ်။ Biber ကျွန်းမှာ What do you mean သီချင်းနဲ့ စဖွင့်ခဲပါတယ်။

Tuesday, October 20, 2015

ခရီးသွားသတင်းများ

တိုက်တန်းနစ်သင်္ဘောပေါ်က နောက်ဆုံးနေ့လယ်စာ
ကြမ္မာဆိုးကြုံခဲ့ရတဲ့ တိုက်တန်းနစ်သင်္ဘောကြီးရဲ့ နောက်ဆုံး first-class နေ့လယ်စာစားသောက်ဖွယ်စာရင် မူရင်းကို အွန်လိုင်းလေလံတင်ပွဲတစ်ခုကနေ စုဆောင်းသူတစ်ဦးဆီ ဒေါ်လာ ၈၈၀၀၀ နဲ့ ရောင်းချခဲ့ပါတယ်။ အဲဒီစာရင်းစာရွက်ကို ပထမတန်းခရီးသည် Abraham Lincoln Salomon က သိမ်းဆည်းဖြစ်ခဲ့တာပါ။ သူဟာ တိုက်တန်းနစ်သင်္ဘော အတ္တလန်တစ်ရဲ့ ကျင်စက်အေးခဲနေတဲ့ရေခဲတွေပြည့်နေတဲ့ရေထဲ စတင်နစ်မြုပ်ခဲ့တော့ အသက်ကယ်လှေတစ်စင်းပေါ်နေရာယူခဲ့ကြတဲ့ သူဌေးသူကြွယ်ထဲက တစ်ဦးပါ။ အဲဒီအသက်ကယ်လှေကို "ငွေလှေ" "မီလျံနာတွေရဲ့လှေ"လို့တောင် ခေါ်ခဲ့ကြတယ်။

အသည်းနှလုံးနဲ့ ဖမ်းစားဖိတ်ခေါ်နေတဲ့

"ချင်း" တို့ရဲ့နေရာ


(မေမေ့ရဲ့စာ)

စစ်သူကြီးနပိုလီယံရဲ့လှို့ဝှက်ကျွန်းဆီ

လွန်ခဲ့တဲ့နှစ် ၂၀၀ နီးပါးခန့်မှာ ဗြိတိသျှစစ်သင်္ဘောတစ်စင်းဟာ ပြင်သစ်စစ်ဗိုလ်ချုပ်ကြီး နပိုလီယံဘိုနာပတ်ကို လွတ်မြောက်ဖို့လမ်းမမြင်နိုင်တဲ့ စိန့်ဟယ်လန်နာကျွန်းဆီ ပို့ဆောင်နယ်နှင်ဒဏ်ပေးခဲ့ပါတယ်။ ဒီနေ့ခေတ်လိုဆိုရင်တော့ တောင်အတ္တလန်တစ်အလယ်ပိုင်း အဲဒီခပ်သေးသေး မီးတောင်ကျွန်းလေးကနေ လွတ်မြောက်ဖို့လမ်းစ နယိုလီယံ ရှာတွေ့နိုင်မှာပါ။ စိန့်ဟယ်လန်နာကျွန်းဟာ အားကြီးတဲ့ဗြိတိသျှအင်ပါယာရဲ့ ပြန့်ကျဲသိမ်းပိုက်ထားခဲ့တဲ့ပိုင်ဆိုင်မှုတွေထဲကတစ်ခုပါ။ အာဖရိကနဲ့ တောင်အမေရိကကြားမှာတည်ရှိနေတဲ့ သီးခြားကျွန်းလေးပါ။ နပိုလီယံခေတ်ကတော့ ဥရောပကနေ စိန့်ဟယ်လန်နာကျွန်းဆီကို ရောက်ရှိဖို့ အချိန်အတော်ကြာခဲ့တယ်ဆိုတာ ချဲ့ကားပြောခဲ့ကြတာမဟုတ်ပါဘူး။ တချိန်က စိန့်ဟယ်လန်နာကျွန်းဟာ ဥရောပနဲ့ အာရှကြား အငူဝန်းကျင်လမ်းကြောင်းကနေ ခေါက်တုံ့ခေါက်ပြန်ရွက်လွှင့်ခဲ့ကြတဲ့ သင်္ဘောတွေရဲ့ ရပ်နားရာ အရေးကြီးဆိပ်ကမ်းတစ်ခုဖြစ်ခဲ့တယ်။ 

အိပ်စက်ခြင်းကပြောတဲ့ ကိုယ့်ရဲ့ကျန်းမာရေး


            ညတွေမှာ အိပ်ရာဝင်နောက်ကျတတ်လား။ နေ့တွေမှာရော တစ်မှေးမှေးရင်းက တစ်နေ့လုံးမှေးအိပ်လို့ မဝဖြစ်နေမလား။ ကိုယ့်ရဲ့အိပ်စက်အနားယူခြင်းကနေ ကျန်းမာရေးအကြောင်းဘာတွေပြောပြမလဲ သိချင်နေမှာပဲ။ တစ်ညကို ၇ နာရီကနေ ၉ နာရီကြား အိပ်လား။ ကျွမ်းကျင်သူတွေပြောတာကတော့ ကိုယ်တို့ရဲ့ စိတ် နိုးကြားတက်ကြွနေစေဖို့၊ ကိုယ်တို့ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ ညီညွတ်နေစေဖို့ အဲဒီပမာဏာက ပျှမ်းမျှလိုအပ်ပါတယ်တဲ့။ ဒါပေမဲ့ အများစုကတော့ ပျှမ်းမျှလိုအပ်သလောက် အလုံအလောက် အိပ်စက်ဖို့ပျက်ကွက်နေကြရတယ်။ ယူအက်စ်မှာ ဥပမာအားဖြင့် လူဦးရေတစ်ဝက်လောက်ဟာ ရက်သတ္တတစ်ပတ် အလုပ်ချိန်ငါးရက်တာမှာ အိပ်ချိန်ဟာ  ၇နာရီထက်နည်းကြတယ် လို့ 2013 International Bedroom Poll မှာဖော်ပြထားပါတယ်။ လိုအပ်နေတဲ့အိပ်ချိန်ပြန်ပြီး ဖြည့်တင်းဖို့  နေ့ခင်းဘက်တွေမှာ တစ်မှေးမှေးတာ ဒါမှမဟုတ် စနေ၊ တနင်္ဂနွေနားရက်တွေမှာ အနားယူတာတွေပြုလုပ်ကြတယ်။ အစားထိုးဖြည့်တင်းတာဟာ ကိုယ်တို့ပိုင်ဆိုင်တဲ့ခန္ဓာကိုယ်ကို အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုဖြည့်တင်းတာတွေ သိပ်ကိုများများလာရင် ငုပ်လျှိုးနေတတ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုရဲ့ လက္ခဏာတစ်ခုလိုတောင် ဖြစ်သွားနိုင်သေးတယ်။

Monday, October 19, 2015

အရှေ့က နေဝန်းထွန်းသည့်ပမာ တို့ခေတ်ကိုတော့ ရောက်ရမည်မလွဲပါ

(မေမေရေးတဲ့စာ)
နိုဝင်ဘာလ ဂရက် နေ့
ရွေးကောက်ပွဲ နီးလာပြီ။
ကျွန်မတို့  မဲပေးကြရတော့မယ် တဲ့။ 

ဘယ်သူ့ကို မဲပေးမလဲ။ ဘယ်ပုံးထဲကို ထည့်မလဲ။ အဲဒါ တကယ့်ပြဿ န
ကျွန်မငယ်ငယ်က ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက်ကထင်သည်။ မဲတစ်ခါပေးဖူးသည်။ ဆန္ဒခံယူပွဲလားမသိ။ ဒီနောက် နာဂစ်မှာ တစ်ခါ မဲပေးရသည်။ ကျွန်မပေးလိုက်သည့်မဲ ဘယ်ရောက်သွားသည်ကို ကျွန်မ ဘယ်လိုလုပ် သိနိုင်ပါမည်လဲ။ ဘယ်သူကော  အတိအကျ သိနိုင်ပါမည်လဲ။ ရွေးကောက်ပွဲတွေကို ကျွန်မ မယုံကြည်။ 
ရွေးကောက်ပွဲ ဘာကြေင့်လုပ်သနည်း.။ 
အပြောင်း အလဲကို လိုချင်ကြလို့  ။ 

Friday, October 02, 2015

ဂီတသတင်းများ

ဂျက်ပ်စန်က မတူလို့ မတုချင်ပါဘူးတဲ့
အသက် ၂၉ နှစ်အရွယ် ကနေဒီးယန်းအဆိုရှင်လေး Carly Rae Jepsen ဟာ Taylor Swift ကို ပြိုင်ဆိုင်ဖို့ မကြိုးစားပါဘူးလို့ ဆိုပါတယ်။ ဂျက်ပ်ဆန်ရဲ့ Emotion အယ်လ်ဘမ်အသစ်မှာ ၈၀ခုနှစ်က ပေါပ့်ဂီတပုံစံမျိုးပါဝင်နေတော့ တေလာဆွစ်ဖ်ရဲ့ 1989 အယ်လ်ဘမ်နဲ့ နှိုင်းယဉ်စရာတွေဖြစ်ခဲ့တာပေါ့။  1989 လို့ အယ်လ်ဘမ်နာမည်ပေးခဲ့တာက တေလာဆွစ်ဖ် ရဲ့ မွေးသက္ကရာဖ်ကို ယူပြီးပေးခဲ့တာပါ။ 1989 အယ်လ်ဘမ်ဟာလည်း ၈၀ခုနှစ်ဆီကခေတ်စားခဲ့တဲ့ ပေါ့ပ်သီချင်းအမျိုးအစားတွေပါ။ ဂျက်ပ်စန်ဟာ အသက် ၂၅ အရွယ် နာမည်ကျော်လေးတေလာရဲ့အမာခံပရိသတ်ဖြစ်နေပေမယ့် သူတို့ရဲ့ သီချင်းသံတွေ သိပ်တူလွန်းတယ်လို့ မထင်ခဲ့ပါဘူး။ "နှိုင်းယှဉ်စရာ လိုမယ်လို့ကို တကယ် မထင်ခဲ့ပါဘူး လို့ ရှင်းပြပါတယ်။ "တေလာက တကယ့်ကို ထူးခြားလွန်းတဲ့ အယ်လ်ဘမ်ထုတ်နိုင်ခဲ့တာပါ။ ဒါပေမဲ့ သူတို့ဟာ ကွဲပြားတဲ့သီချင်းအမျိုးအစားတွေဖြစ်ပြီး အကုန်လုံးအတွက် နေရာရှိတယ်လို့တော့ ကျွန်မထင်တာပဲ" လို့ ဂျက်ပ်ဆန်က ပြောပါတယ်။

ခရီးသွားသတင်းများ

ကမ္ဘာ့အရှည်ကြာဆုံး မရပ်မနား လေယာဉ်ခရီးသွား

Emirates လေကြောင်းလိုင်းရဲ့ နောက်ထပ် အသာလွန်ဆုံးခရီးစဉ်တစ်ခု ပုံကြမ်းစတင်ရေးဆွဲလိုက်ပါပြီ။ ဒူဘိုင်းအခြေစိုက်လေကြောင်းဟာ ကမ္ဘာ့အရှည်ကြာဆုံးလမ်းကြောင်းအဖြစ် မရပ်မနားတမ်းပျံသန်းမယ့် ပုံမှန်လေကြောင်းခရီးစတင်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ ၂၀၁၆ ဖေဖေါ်ဝါရီ ၁ ရက်နေ့က စတင်ပြီး ဒူဘိုင်းနဲ့ ပနားမားမြို့တော်ဆီပျံသန်းမှာပါ။ အဲဒီလေကြောင်းခရီးဟာ မကြုံစဖူးထူးကဲတဲ့ အနောက်ဘက်စူးစူးဆီ ၁၇ နာရီ၊ ၃၅ မိနစ် ကြာပျံသန်းမယ့် ခရီးစဉ်ဖြစ်တယ်လို့ လေကြောင်းက ပြောပါတယ်။ ခရီးအကွာအဝေးဟာ ခန့်မှန်းခြေ ၁၃၈၀၀ ကီလိုမီတာ(၈၅၈၀ မိုင်)ရှိတယ်လို့ webflyer.com မှာ ဖော်ပြထားတယ်။

ကျန်းမာလန်းဆန်း ဟင်းသီးဟင်းရွက်အစွမ်း

 ကိုယ့်ရဲ့ဈေးဝယ်ရမယ့် စာရင်းစာရွက်လေးရဲ့ ထိပ်ဆုံးတွေမှာ antidoxidant ကြွယ်ဝပေါများစွာထုတ်ပေးနိုင်တာလေးတွေနေရာပေးထားရမှာပေါ့။ ကိုယ်နေ့စဉ်မဝယ်မဖြစ်၊ မသုံးမဖြစ်သုံးနေရတဲ့ဟင်းသီးဟင်းရွက်တွေဟာ ကျန်းမာရေးအတွက် ဘာတွေအကူအညီပေးနေလဲ သိထားရတာလည်း စိတ်ဝင်စားစရာကောင်းလှတယ်။

ကြက်သွန်နီ (Onions)

အမေရိကနာမည်ကြီး စက်ရုံတွေဆီ ခရီးသွားခြင်း

(Living Fashion Magazine, October, 2015)
ကမ္ဘာ့စီးပွားရေးအပေါ် နရီတေးသွားအလိုက်မှီတွယ်နေတဲ့ ယူအက်စ်ကုန်ထုတ်လုပ်ရေးကလည်း ပြန်ခုန်တက်လာမလား ဒါမှမဟုတ် အခြေအနေဆိုးဆီကိုပဲ ရှောင်မလွှဲသာ ဦးတည်သွားလေမလား လို့ ဘရွတ်ကလင်းမှာရှိတဲ့ ဟိုလ်ဒန်းဆိုတဲ့ တက်တူးယှက်ဖွဲ့ ပုံဖော်သူတစ်ဦးက ခန့်မှန်းနေတယ်။ အမေရိကန်ကုန်ပစ္စည်းထုတ်လုပ်သူတချို့ဟာ လုပ်ငန်းတွေ လှုပ်ရှားသွက်လက်နေဖို့ ဆာလောင်နေကြတယ်ဆိုတာမငြင်းနိုင်တဲ့အချက်ပါ။ သူတို့စက်ရုံတွေရဲ့ ကန့်လန့်ကာတွေကို ပြန်ပြီးဆွဲတင်ချင်နေတယ်။ ဧည့်သည်တွေကိုစက်ရုံတွေရဲ့လှုပ်ရှားမှုတွေကို ပြသချင်လာကြတယ်။ နာမည်ကြီးထုထ်ကုန်တွေရဲ့ စက်ရုံတွေကို ခရီးစဉ်တစ်ခုအဖြစ်လေ့လာကြည့်ရှုရတာဟာ သမိုင်းကြောင်းဒဏ္ဍာရီတွေထဲနောက်ပြန်လှည့်ကြည့်ရတဲ့အရသာနဲ့ ကွဲပြားနေတယ်။ ဒီခေတ်စနစ်ထဲမှာပဲ လှုပ်ရှားလှည့်လည်ရင်းနဲ့ မှတ်သားစရာတွေသိမ်းဆည်းနိုင်တာ ဒီစက်ရုံခရီးသွားရဲ့ ထူးခြားချက်တစ်ခုပါ။ Made in U.S.A ကုန်ပစ္စည်းတွေထုတ်လုပ်တဲ့ခရီးစဉ်ဟာ စက်ယန္တရား၊ စိတ်အားထက်သန်စရာနဲ့ စိတ်လှုပ်ရှားပျော်ရွှင်စရာတွေရရှိမယ့် ခရီးတစ်ခုဖြစ်နေမှာပါ။ ၂၀၀၆ ခုနှစ်က ထုတ်ခဲ့တဲ့ Watch it Made in the U.S.A.: A Visitor's Guide to the Best Factory Tours and Company Museums စာအုပ်ကိုရေးသားခဲ့သူ ဘရုစ်ဘရုမ်ဘာ့ဂ် ရဲ့ ဇနီး ကာရန်အက်ဇယ်လ်ရော့ဒ် ရွေးချယ်ထားတဲ့ အမေရိကနာမည်ကြီးစက်ရုံတချို့ဆီ ခရီးတစ်ခုသွားကြည့်ရအောင်နော်။

Wednesday, September 09, 2015

ကျွန်မပခုံးပေါ်ကလျှောကျသွားတဲ့မောင်ရဲ့လက်တွေ(အက်ဆေး - ၉)

          မောင်... မှတ်မိဦးမလာပဲ...။
          ကျွန်မကတော့ ကောင်းကောင်းကြီးကို အမှတ်ရနေမိတယ်။
          ဗိုလ်ချုပ်လမ်းက national CDအရောင်းဆိုင်ကလေးမှာပေါ့။ မောင်နဲ့... အို မဟုတ်ဘူး၊ မောင့်ရဲ့ လက်တစ်စုံနဲ့ အရင်ဆုံးတွေ့ခဲ့ရတာ ဘယ်မေ့နိုင်ဦးမှာလဲ မောင်ရယ်။
          အဲဒီတုန်းက အခုလိုပဲ မိုးကလေးက အုံ့မှိုင်းနေသေးတော့... တကယ့်ကို လွမ်းစရာပဲပေါ့...။
          လွမ်းတယ် ...မောင်ရယ်... အလွမ်းကြီးလွမ်းတယ်...။ မောင့်ကို ဟင့်အင်း မဟုတ်ပါဘူးနော်... အနားမှာရှိနေတဲ့ မောင့်ကို ...ကျွန်မက ဘာကိစ္စ လွမ်းတ,ရမှာလဲ ကျွန်မလွမ်းနေတာလေ... မောင့်ရဲ့လက်တွေကိုပါရှင်ရယ်...။ ရှင်းရှင်းပြောရရင် ကျွန်မ ပခုံးပေါ်မှာ ရှိမနေတော့တဲ့ မောင့်ရဲ့ လက်တွေကိုပေါ့...။
          မောင်... မေ့နေလောက်ပါပြီ။ ကျွန်မ ပြန်ပြောပြရင်တော့ ခပ်ရေးရေး မောင်သတိရကောင်းရဲ့။ ဟောသည်  အြေငသညေူ ဃီ ဆိုင်ကလေးမှာလေ MP 3 Love Song CDချပ်ကလေးဆီ လက်အလှမ်း၊ စိတ်အကြံတူနေတဲ့ ကျွန်မနဲ့မောင် လက်ချင်း ခလုတ်တိုက်မိသွားတာ ဖြစ်လေ့ရှိတာမျိုးပါ။ ဒါပေမဲ့ ထူးဆန်းတာက သစ်ရွက်လှုပ်တာမြင်တိုင်း ရယ်မော ရင်ခုန်တတ်တဲ့ ဆယ်ကျော်သက်ကလေး တစ်ယောက်လို ကျွန်မရင်က လှိုက်ခနဲ ခုန်လှုပ်သွားလို့ပဲပေါ့။ ဒါဟာ ဘာကြောင့်များ...။ ကျွန်မယူမယ့် CDလေး သူတစ်ပါးလက်ထဲ အရင်ပါသွားမှာ စိုးရိမ်စိတ်နဲ့ ဒိတ်ခနဲ၊ ထိတ်ခနဲ ခုန်လှုပ်သွားမိတာမျိုးလို့ ဖြေသိမ့်တွေးချင်သေးပေမယ့် CDချပ်လေး လက်ထဲရောက် အိမ်ကို ပါလာတဲ့အထိ ဟောသည်ရင်ဘတ်ဆီက လှိုက်ဖိုလှိုက်ဖိုနဲ့ ကဲ ဒီ့ထက်သေချာရဦးမလား။ ကျွန်မရင်ခုန်တာ မောင်ရဲ့ လက်တွေ ကြောင့်ပါရှင်ရယ်။

ကျွန်မရဲ့ ဒီဒီ(အက်ဆေး - ၈)


          ကျွန်မမှာ အရမ်းကို ချစ်စရာကောင်းတဲ့ ကြောင်ကလေးတစ်ကောင် ရှိပါတယ်။ သူ့ကို ဒီဒီလို့ နာမည်ပေးထားတယ်။ ဒီဒီဟာ ရုပ်သွင်အားဖြင့်တော့ အခြားကြောင်တွေလို သာမာန်ပါပဲ။ မြင်သူတိုင်း ချစ်ချင်စရာ အလှစားကြောင် ကလေးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မအနေနဲ့ ထူးထူးခြားခြား အချစ်ပိုကဲရတဲ့ ကြောင်ကလေးဖြစ်ရတာဟာ သူ့ရဲ့ ကောင်းမွန်တဲ့အကျင့် စရိုက်တွေကြောင့်ပါ။ ကျွန်မအစ်မတွေကို အတိုက်အခံလုပ်ပြီး အခက်အခဲများစွာထဲကနေ ကြိုးစားမွေးယူ ထားရတဲ့ ကြောင်ကလေးမို့ သနားပြီး အချစ်ပိုရတာလည်း ပါပါတယ်။ ပြောရမယ် ဆိုရင် ဒီဒီ့ကိုမွေးဖို့ ကျွန်မအိမ်သားတွေက လုံးဝသဘောမတူခဲ့ဘူး။ အိမ်ကကျဉ်းလို့ ချေးနံ့သေးနံ့တွေနဲ့ ရွံစရာကောင်းမှာပဲလို့ ပြောကြတယ်။ အလကား အပိုအလုပ်တွေ လို့လည်း ပြောကြတယ်။ သည်နေရာမှာ ကျွန်မကြားဖူးထားတဲ့ George Eliot ရဲ့ တိရစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ အဆိုအမိန့်တစ်ခုကို ပြောပြရဦးမယ်။

ချစ်တဲ့မောင်လေး(အက်ဆေး - ၇)

 ကျွန်မ ခုတလော သိပ်စိတ်ညစ်နေမိတယ်။ ဖေဖေနဲ့မေမေဟာ ဟောဒီ ကမ္ဘာမှာ ကျွန်မ တစ်ယောက်တည်းကိုပဲ အချစ်ဆုံးလို့ ထင်ခဲ့တာလေ။ ကျွန်မ အပေါ် အခုလိုရုတ်တရက်ကြီး သဘောထား ပြောင်းသွားလိမ့်မယ်လို့ ဘယ်တုန်း ကမှ မထင်ခဲ့ဘူး။ မောင်လေးလို့ ကျွန်မခေါ်ရမဲ့ လူသားပိစိကွေးလေး တစ်ယောက် အူဝဲအူဝဲနဲ့ အာခေါင်ခြစ်အော်ပြီး ရောက်လာကတည်းက အဲဒီဖေဖေနဲ့ မေမေပေါ့ ကျွန်မအပေါ် အချိုးတွေ ပြောင်းသွားလိုက်ကြတာ မပြောပါနဲ့တော့။
            အထူးသဖြင့် မေမေပေါ့။ ကျွန်မကို အရင်လို ပွေ့ချီနမ်းရှုံ့ဖို့ မဆိုထားနဲ့၊ လှည့်ကြည့်ဖော်ကလေးတောင်မှ မရတော့ဘူး။ တစ်ချိန်လုံး အဲဒီပိစိကွေးလေးရှိတဲ့ ဘက်ကိုပဲ မျက်နှာမူပြီး မမှိတ်မသုန် ကြည့်နေလိုက်တာ။ ပိစိကွေးကလေးကလည်း တစ်ချိန်လုံး မျက်စိစုံမှိတ် အိပ်နေလိုက်တာ။ သူ့အနားမှာ မိုမိုရေလို့ခေါ်ရင် 'ဝူး'လို့ ထူးမဲ့ ဆင်အကြီးစားကြီး တစ်ကောင်လာအော်နေရင်တောင်မှ နိုးမဲ့ပုံ မပေါ်ပါဘူး။ဒါနဲ့များတောင် မေမေက ကျွန်မဆီက အသံကလေး တစ်ချက်ထွက်လိုက်မိတာနဲ့ ''ဟဲ့...မောင်လေးနိုးသွားမယ်၊ တိတ်တိတ်နေ'' ဆိုပြီး ကျွန်မကို ဟောက်သံပြု သေးရဲ့။ အဲဒီပိစိကွေးလေး ရောက်လာကတည်းက ကျွန်မ ဘာတစ်ခုမှ လွတ်လွတ် လပ်လပ် လုပ်ပိုင်ခွင့်ကို မရှိတော့ဘူး။

မိတ်ဆွေကောင်း(အက်ဆေး - ၅)

သည်နေ့ စနေနေ့။ အချိန်က မွန်းလွဲ တစ်နာရီ။ နေ့တစ်ဝက်အလုပ်လုပ် ခဲ့ပြီး အိမ်ပြန်ရန် ပုဇွန်တောင် ဈေး ကားမှတ်တိုင်၌ ကျွန်တော်ကားစောင့်နေခဲ့သည်မှာ ကြာပြီ။ ကားသည်မလာ။ လာသော်လည်း တက်မရ။ မိုးသည် မနေ့ကလိုရွာဆဲ။ ကားများသည် မနေ့ကလို ကြပ်ဆဲ။ လူများသည် မနေ့ကလို ပြည့်နှက်ဆဲ။ ယနေ့ အချိန်အခါဝယ် စနေ့၊ တနင်္ဂနွေလို နေ့များမှာလည်း ကားချောင်သည်ဟု တွက်ဆ၍ မရတော့ပါ။ စနေနေ့ပင် ဖြစ်သော်လည်း ကားသည် မနေ့က သောကြာနေ့နှင့်မခြား ကျပ်ညပ်ဆဲ။ ယောင်ယောင်ကလေးမှပင် ချောင်မသွားခဲ့။ ကျွန်တော့်လို အလုပ်သွား နေရသူတွေချည်းပါပဲလားဟု တွေးရင်း ကားကို စောင့်သည်။ အလုပ်က နေ့တစ်ဝက်မို့ ကျွန်တော် ထမင်းချိုင့်ယူမလာပါ။ မနက်က စူပါကွေကာတစ်ခွက်နှင့် ပေါင်မုန့်အသား ညှပ် တစ်လုံးသာ စားခဲ့သည်မို့ ဝမ်းဗိုက်သည် အတော်ကြီးကို ဆာလောင်နေလေပြီ။ သည်ပုံနှင့် အိမ်ကို တော်တော် နှင့် မရောက်နိုင်သေးဟု တွေးမိတော့၊ စိတ်ကတွေ့ရာ ကားပေါ် တိုးဝှေ့တက်လိုက်ရန် အကြံပြုသဖြင့် ရှေ့သို့ရောက်လာသော ကားတစ်စီး ပေါ် ကျွန်တော် အပြေးအလွှားလုတက်လိုက်သည်။

ငွေသောင်ယံဦး နှင့် အခြားကဗျာများ (၅)


  • နှောင်ကြိုးမယ့်ကိုနှင်
  • ကျေးတမာသို့ ပန်ကြားလွှာ
  • လူငယ်များသို့ 
  • အပြန်လမ်း
  • အနုပညာဟူသည် ကုန်ပစ္စည်းလော
  • ပြည်သူ့လယ်ယာသမားများသို့

Monday, August 31, 2015

ကယားပြည်နယ်မြို့တော် လွိုင်ကော်ကိုသွားရအောင်

(မေမေ့ရဲ့စာ)

အဝေးကပင် မြင်နိုင်ပါရဲ့

ကျူးလစ်(ပ်)ပန်းအလှတွေ
(မေမေ့ရဲ့စာ)

ဂီတသတင်းများ

Nirvana ရဲ့ ပထမဆုံး ဂီတဖြေဖျော်ပွဲရဲ့ ဓာတ်ပုံတွေ
            ရောခ့်ပရိသတ်တွေကို သြဇာညောင်းခဲ့တဲ့ အမေရိကန်ရောခ့်ဂီတအဖွဲ့ နီဗားနားရဲ့ ခေါင်းဆောင်အဆို/ ဂစ်တာသမား ကတ်ကိုဘိန်းဟာ သူ့ရဲ့ Seattle က အိမ်မှာ ၁၉၉၄ ဧပြီ ၅ ရက်နေ့က ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့သူပါ။ သူ့ဘဝမှတ်တမ်းရုပ်ရှင်ကား "Kurt Cobain: Montage of Heck" ကို ၂၀၁၅ နှစ် နှစ်ဆန်းပိုင်းလောက်က ထုတ်လွှင့်ပြသခဲ့တော့ ပရိသတ်တွေဆီက ဝေဖန်ပြစ်တင်သံတွေ ကြားခဲ့ရသေးတယ်။ ၁၉ နှစ်အရွယ်မိန်းကလေး Maggie Poukkula ဟာ သူမဖခင်ရဲ့ ဓာတ်ပုံစက္ကူဟောင်းတွေရှာတွေ့ရင်း အဲဒီဓာတ်ပုံတွေကြည့်လိုက်တော့ ဖခင်အနားမှာ ရောခ့်အကျော်အမော် ကတ်ကိုဘိန်းကိုလည်းတွေ့လိုက်ရတယ်။ အဲဒီတော့ Poukkula လည်း တခြားဆယ်ကျော်သက်လေးတွေလိုပဲ Twitter ကို ဓာတ်ပုံတွေတင်လိုက်တာပေါ့။

ဘ၀မှာ နေပျော်အောင်နေတတ်ဖို့

(မေမေ့ရဲ့စာ)
ပုပ်ရဟန်းမင်းကြီးရဲ့  အကြံပြုချက် ၁၀ချက်
Vermont Middlebury Colldge က စာရေးဆရာ ကဗျာဆရာ Jay Parini ဟာ “Jesus: The Human Face of God “ အမည်ပေးထားတဲ့ သခင်ယေရှူ အထုပ္ပတ္တိကို ရေးသားခဲ့တယ်။ twitter@Jayprini  မှာ ကြည့် နိုင်ပါတယ်။ ဒါဟာ စာရေးသူရဲ့  ထင်မြင်ချက် အယူအဆတွေ ပေါ်လွင် ထင်ဟပ်စေတဲ့ အရေးအသားများ ပါဝင်ပါတယ်။ သူက ဖွင့် ဟ ၀န်ခံထားတာကတော့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ငြိမ်းချမ်းမှုကို ကိုယ်တိုင် ရှာဖွေတီထွင်သင့်ကြောင်း ကျွန်တော်တို့ ကို တိုက်တွန်း လှုံ ဆော် နေတယ် လို့  ပြောပါတယ်။ အောက်ပါ အချက် ၁၀ချက် ဟာ ပုပ် ရဟန်းမင်းကြီးနဲ့ သူ့ရဲ့  အင်တာဗျူးထဲက  ပုပ်ရဟန်းမင်းကြီး အကြံပေး တိုက်တွန်းထားတဲ့ ခေါင်းစဉ်ငယ်  Live and Let live မှ အချက် (၁၀) ကို ဖေါ်ပြ ပေးလိုက်ပါတယ်။
ဘ၀မှာ နေပျော်အောင် နေတတ်ဖို့ 

Friday, August 28, 2015

ဟန်းနီးမွန်းခရီးထွက်စရာ

ဟန်းနီးမွန်းခရီးထွက်စရာ ပြည်တွင်းမှာ

            ပျားရည်ဆမ်းခရီးစဉ်အတွက် ပြည်တွင်းမှာဆိုရင် ငပလီဟာ စိတ်ဝင်စားမှုအများဆုံးနေရာပါ။ ငပလီခရီးစဉ်လေးအကြောင်း အမှတ်တရပြောပြကြတဲ့ မင်္ဂလာစုံတွဲလေးတွေရှိတယ်။ သူတို့ပြောကြတာက ……
            ငပလီသွားရင် ကားလမ်းခရီးမှာ လမ်းကြမ်းမယ်၊ ကားတွေကလည်း သိပ်မကောင်းလှဘူးလို့ ထင်ခဲ့ပေမယ့် လမ်းလည်းကောင်းတယ်။ ကားလမ်းခရီးမှာ ပြေးဆွဲနေကြတဲ့ tour တွေက ကားတွေလည်း ကောင်းကြတယ်တဲ့။ အသွားခရီးမှာ ဇလွန်ပြည်တော်ပြန်ဘုရားမှာ ဆရာတော်ကို ဝင်ဖူးသွားကြသူတွေလည်းရှိတယ်။ မဒေးတောင်ဘက်ကိုလည်း သွားနိုင်ကြသေးတယ်။ သံတွဲမှာ ဘုရားသုံးဆူဖူးတွေ့နိုင်ပြီး တခြားရှေးဟောင်းဘုရားတွေလည်း ဖူးနိုင်ကြတယ်။ မြတ်စွာဘုရားရပ်တော်မူခဲ့တဲ့ တောင်လည်းအဲဒီမှာ ရှိနေပါတယ်။

မွေ့ရာတစ်ခုရဲ့ ရာဇဝင်

ပင်ပန်းနွမ်းနယ်လာတဲ့အခါ ကိုယ်ခန္ဓာကို ခပ်ကြီးကြီးအချပ်အပြားတစ်ခုပေါ်လှဲချလိုက်ပြီး အမောတွေပြေလျော့စေကြတယ်။ အဲဒီအချပ်အပြားက အခုခေတ်မှာခေါ်ဝေါ်ကြတဲ့ မွေ့ရာ(Mattress)ပဲပေါ့။ မွေ့ရာတွေမှာ ဂွမ်းတွေပါမယ်။ လေးလံတဲ့အဝတ်စ၊ ကောက်ရိုး၊ ချည်မျှင်တွေ၊ ရာဘာရေမြှုပ်တွေ၊ သတ္ထုစပရင်ဘောင်ထဲမှာ ထည့်သိပ်ထားမယ်။ ဖောင်းကြွနေအောင် ပြင်ဆင်ကြတယ်။ အဲဒါ ခေတ်အဆက်ဆက်ဖန်တီးခဲ့ကြတဲ့ မွေ့ရာတွေပါ။ mattress ဆိုတဲ့စကားလုံးဟာ အာရဗီဘာသာစကား matrah ကနေ ဆင်းသက်လာတယ်။ "တစ်ခုခုပစ်ချတဲ့နေရာ" လို့ ဆိုတယ်။ ခရူးဆိတ်ဘာသာရေးစစ်ပွဲအတွင်း ဥရောပသားတွေဟာ ကြမ်းပြင်ပေါ်ကူရှင်ချပြီးအိပ်လေ့ရှိကြတဲ့ အာရပ်တို့ရဲ့နည်းလမ်းအတိုင်း အိပ်စက်လာကြသတဲ့။ 

Wednesday, August 19, 2015

ခရီးသွားသတင်းများ

Airbnb ကုမ္ပဏီရဲ့ ကျူးဘားခရီးသွားဆွဲဆောင်မှု
တချို့ကံကောင်းတဲ့ ဇူလိုင်လအတွင်းက Airbnb ခရီးသွားတွေဟာ တည်းခိုစရာနေရာအခမဲ့ဝန်ဆောင်မှုရရှိခဲ့ကြတယ်။ ယူအက်စ်နဲ့ ကျူးဘားသံရုံးတွေပြန်ပြီးဖွင့်ကြတဲ့ အထိမ်းအမှတ်နဲ့ ပြုလုပ်ခဲ့တာပါ။ ဇူလိုင် ၂၀ မတိုင်ခင် ကြိုတင်လက်မှတ်ပေးသွင်းခဲ့ကြရပြီး သူတို့ရဲ့ ခရီးစဉ်က ဇူလိုင် ၁၉ ကနေ ဇူလိုင် ၂၆ ရက်နေ့အထိ တည်းခိုစရာ ကျူးဘန်းစတိုင်လ် အိမ်လှလှလေးတွေဝန်ဆောင်မှုပေးခဲ့ပါတယ်။ ကုမ္ပဏီက အံ့အားသင့်စရာကြော်ငြာအစီအစဉ်ကို အချိန်နီးကပ်မှ ရုတ်တရက်ကြေညာလိုက်တာကြောင့် မူလကတည်းက Airbnb နဲ့ ခရီးသွားဖို့ ကြိုတင်လက်မှတ်ယူထားသူတွေသာ အဲဒီဝန်ဆောင်မှုကို ရယူနိုင်ခဲ့ကြတာပါ။

Friday, August 07, 2015

ဂီတသတင်းများ

သီချင်းဆိုတာရပ်နားထားရမယ့် ပေါ့ပ်အဆိုတော်မလေး Meghan Trainor
            ပေါ့ပ်ဂီတတစ်မျိုးဖြစ်တဲ့ Bubblegum pop, blue-eyed soul နဲ့ အာဖရိကန်-အမေရိကန်တွေကြားခေတ်စားလှတဲ့ doo-wop ဂီတစတိုင်လ်သီချင်းလေးတွေသီဆိုသူ အမေရိကန်အဆိုတော်မလေး Meghan Trainor ဟာ အသံကြိုးမှာ သွေးယိုစီးတဲ့ ကျန်းမာရေးပြဿနာကြုံရတာကြောင့် ဆေးကုသမှုခံယူခဲ့ပါတယ်။

Thursday, July 30, 2015

ခရီးသွားသတင်းများ

ရေထဲက ဟန်ချက်ညီ နံရံဆေးရေးပန်းချီကားတွေ
ဟာဝိုင်ရီဖွား ပန်းချီဆရာ၊ Street artist တစ်ဦးဖြစ်တဲ့ Sean Yoro (Hula) ဟာ ရင်သပ်ရှုမောဖွယ်ရာ Street art နံရံဆေးရေးပန်းချီတွေကို ရေထဲက မြုပ်တစ်ဝက်ပေါ်တစ်ဝက် ကွန်ကရစ် နံရံအိုတွေပေါ်မှာ ရေးဆွဲခဲ့ပါတယ်။ ရေထဲ ရေလွှာလျှောစီး surfboard ပေါ်မှာ ဟန်ချက်ညီညီရပ်တည်နိုင်ဖို့လေ့ကျင့်ခဲ့ပြီး သူ့ရဲ့ ပန်းချီအတွက် အကောင်းဆုံးနေရာရောက်ရှိရေးဆွဲနိုင်အောင်လည်း အများကြီးပြင်ဆင်ခဲ့ရတာပါ။

Tuesday, July 21, 2015

သံလွင်ဆီ ထူးထူးခြားခြားအသုံးပြုပုံလေးများ

ကိုယ့်ရဲ့ မီးဖိုခန်းထဲမှာ ရှိနေတဲ့သံလွင်ဆီတစ်ပုလင်း ဆွဲထုတ်ယူလာခဲ့ပြီး တခြား အံ့သြဖွယ်အသုံးပြုနိုင်တာလေးတွေကို ရှာဖွေကြည့်ရအောင်ပါ။ ကိုယ်တို့ရဲ့ အသားအရေ၊ ပရိဘောဂတွေနဲ့ တခြားနေရာတွေမှာ ထူးထူးခြားခြားအသုံးပြုနိုင်တာလေးတွေ ရှိနေသေးသတဲ့။

သွားလို့လည်စရာ ကမ္ဘာ့အပျော်ရွှင်ဆုံးတိုင်းပြည်တွေမှာ

Switzerland
ဒီမြေကမ္ဘာပေါ်က အပျော်ရွှင်ဆုံးနေရာတွေဆိုတာ အဲဒီနေရာတွေက အစားအစာတွေ၊ အဖျော်ယမကာတွေထဲမှာ ပြောင်နောက်နောက်မှင်စာလေးတွေ ခုန်ပေါက်ဆော့ကစားနေကြလို့လား။ ဒါမှမဟုတ် အဲဒီအပျော်ရွှင်ဆုံးတိုင်းပြည်တွေမှာ အေးစိမ့်စိမ့်ရှင်းသန့်လတ်ဆတ်တဲ့လေထုရှိနေလို့လား။ မတ်လ ၂၀ ရက် International Day of Happiness နေ့ UN က ကြေညာခဲ့တဲ့ မှတ်တမ်းမှာ အပျော်ရွှင်ဆုံး နိုင်ငံ ၁၀ နိုင်ငံကို ဖော်ပြခဲ့ကြတယ်။ တကယ်တော့ ကမ္ဘာတလွှားရှင်သန်နေထိုင်ကြတဲ့ လူသားတွေရဲ့ universal ပန်းတိုင်၊ ရည်မှန်းချက်တွေနဲ့ ကိုက်ညီအောင်၊ ဘယ်လောက်အကောင်အထည်ဖော်နေထိုင်နိုင်ကြသလဲဆိုတဲ့ အချက်အလက်တွေနဲ့ ဆက်စပ်ပြီး သတ်မှတ်ခဲ့ကြတာပါ။

Tuesday, July 07, 2015

နွေနေပူလည်းလေ အေးမြစေ

နွေရာသီရဲ့ ပူပြင်းလှတဲ့ နေ့ရက်တွေဟာ နေ့တာရှည်ရှည် ညဟာ တစ်ခဏလေးပဲပြီးဆုံးသွားတယ်။ ကိုယ်မှာချွေးတစိုစိုအချိန်မျိုး လေအေးအေးလေး တသုတ်လောက်တိုက်လိုက်ရင် ပန်ကာ၊ လေအေးပေးစက်တွေကရလာတဲ့အေးမြမှုထက် ပိုပြီးနှစ်သက်စရာပါ။ ချွေးအလွန်အမင်းထွက်မယ်၊ အပူချိန်မထိန်းညှိနိုင်ဘဲ ပတ်ဝန်းကျင်မှာ သိပ်ကိုပူပြင်းနေမယ်၊ ရေကိုလည်း အလုံအလောက်သောက်မပေးရင်တော့ ရေဓာတ်ဆုံးရှုံးတာ၊ အားအင်ကုန်ခမ်းတာကနေ မစားချင် မသောက်ချင်သလိုတွေခံစားရပြီး ကျန်းမာပျော်ရွှင်မှုတွေဝေးလွင့်ကုန်မှာပါ။

Game of Thrones ရုပ်ရှင်ထဲက သဘာဝရှုခင်းများ


အမေရိကန် fantasy တီဗီဇာတ်လမ်းတွဲ Game of Thrones ထဲက အထူးခြားဆုံးဇာတ်ဝင်ခန်းရှုခင်းတွေဟာ အံ့သြမင်သက်စရာတွေပါ။ အားလုံးစုစည်းပြီးကြည့်လိုက်ရတော့ အဲဒီနေရာတွေကို တစ်ခုစီတစ်နေရာစီ သွားကြည့်ချင်တဲ့စိတ်တွေ ပြင်းပြင်းပြပြပေါ်ပေါက်လာတော့တာပေါ့။ စွမ်းအားတွေသုံးပြီး ခပ်ကြမ်းကြမ်းတိုက်ခိုက်မှုတွေအပြည့်ဖန်တီးရိုက်ကူး/ အဓိကဇာတ်လမ်းဆင်ထားတဲ့ ဒီရုပ်ရှင်ထဲက ဥရောပတလွှားမြင်ကွင်းရှုခင်းတွေဟာ အင်မတန်စိတ်လှုပ်ရှားစရာကောင်းလှတယ်။ မြောက်ပိုင်း အိုင်ယာလန်၊ ခရိုအေးရှား၊ အိုက်စ်လန်၊၊ မော်ရိုကို၊ မော်လ်တာ၊ စပိန်၊ စကော့တလန် နဲ့ ယူအက်စ်မှာရှိတဲ့ ရှုခင်းတွေပါဝင်ရိုက်ကူးထားတာပါ။ ၂၀၁၁ ထဲက စတင်ပြသခဲ့တဲ့ Game of Thrones ဟာ ဒီနှစ်ထဲမှာတော့ အပိုင်း ၅ ထိရောက်ရှိခဲ့ပါပြီ။ အပိုင်း ၅ မှာ The Wars to come| The House of Black and White| High Sparrow| Sons of the Harpy| Kill the Boy| Unbowed, Unbent, Unbroken| The Gift| Hardhome| The Dance of Dragons စတဲ့ အခန်းတွေပါဝင်ကြတယ်။ အဲဒီနေရာတွေအများစုဟာ ခရီးသွားလုပ်ငန်းမှာ နာမည်ကြီးလှတဲ့နေရာဒေသတွေဖြစ်နေတော့ သွားရောက်လေ့လာချင်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေအတွက် ဟိုတယ်နေရာရယူဖို့ Game of Thrones ထဲကလို တိုက်ပွဲတွေမဆင်နွဲရလေအောင် ကြိုတင်စာရင်းပေးထားတာအကောင်းဆုံးပါပဲ။

စမတ်ကျကျ ခရီးသွားကြမယ်ဆိုရင်


နောက်ဆုံးပေါ်ဒစ်ဂျစ်တယ်နည်းပညာနဲ့ ကိုယ့်ရဲ့ခရီးဆောင်အိတ် ပေါင်းစပ်လိုက်မယ်ဆိုရင် ဘာကိုအလိုချင်ဆုံးဖြစ်မလဲ။ Smart luggage ပဲပေါ့။ ပုံမှန်ခရီးဆောင်အိတ်တွေမလုပ်နိုင်တဲ့ ဘယ်လိုအရာတွေ အဲဒီ စမတ်အိတ်တွေက လုပ်ဆောင်ပေးနိုင်လဲ။ အမိုက်စား အဲဒီခရီးဆောင်အိတ်တွေကို Travel Goods Showcase က စာရင်းပြုစုပေးလိုက်ပါတယ်။ စမတ်အိတ်တွေဟာ ဖုန်း application အသုံးပြုပြီး ကိုယ့်ရဲ့ မိုဘိုင်းလ်ဖုန်း ကတဆင့် ချိတ်ဆက်အလုပ်လုပ်နိုင်တယ်။ ဥပမာ ဖုန်းကနေ ကိုယ့်ရဲ့ အိတ်ကို လှမ်းပြီး ဖွင့်လိုက်တာ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ အိတ်က ဘယ်လောက်ပဲ ဝေးနေပါစေ အိတ်ဘယ်နေရာမှာရှိနေလဲ ကိုယ်က ခြေရာခံသိရှိနေနိုင်တာ စတာတွေပါ။ တခြားလုပ်ဆောင်နိုင်တာတွေမှာဆိုရင် အိတ်မှာ အဆင့်မြင့်နည်းပညာတပ်ဆင်ထားပေးလိုက်တာပါ။ ဥပမာ- ခရီးဆောင်အိတ်ကို ကိုယ့်ရဲ့မိုးဘိုင်းလ်ပစ္စည်းတွေ အားပြန်သွင်းနိုင်တာ ဒါမှမဟုတ် CD player တစ်ခုလို အသွင်ပြောင်းအသုံးပြုနိုင်တာတွေလည်းပါဝင်လာကြတယ်။ အဲဒီ အသုံးဝင်ပုံတွေကြည့်လိုက်ရတော့ ဆန်းသစ်တီထွင်မှုတွေပြည့်နေတဲ့ ခရီးသွားအသုံးအဆောင်တွေဟာ တစ်ခုထဲနဲ့ စုံစုံလင်လင် အသုံးပြုနိုင်တာကို တွေ့ကြရမှာပါ။

ဂီတသတင်းများ

ကေတီပယ်ရီ၊ မိုင်လီဆိုင်းရပ်စ် နဲ့ မက်ဒေါနား
မက်ဒေါနားရဲ့ ဂီတဗီဒီယိုအသစ်မှာ ကေတီပယ်ရီ နဲ့ မိုင်လီဆိုင်းရပ်စ်တို့ ပါဝင်ကြလိမ့်မယ်လို့ မက်ဒေါနားက ကြေညာလိုက်ပါတယ်။ အသက် ၅၆ နှစ်အရွယ် မက်ဒေါ်နားရဲ့ စင်ဂဲလ်အသစ် 'B***h I'm Madonna' မှာ အံ့အားသင့်ရမယ့် ဧည့်သည်အဆိုတွေဖြစ်တဲ့ နီကီမီနာ့ခ်ျ၊ ရီတာအိုရာ နဲ့ ဒီပလိုတို့လည်း ရက်ပ်နေရာ ပါဝင်သီဆိုကြလိမ့်မယ်။ မက်ဒေါနားက သူမရဲ့ Instagram ဓာတ်ပုံမှာ ရီတာနဲ့အတူ ပါဝင်သူတွေကို tag ပြီးတင်ထားခဲ့တော့ လူငယ်ပရိတ်သတ်တွေအတွက်ပါ စိတ်လှုပ်ရှားစရာ ကြေညာချက်တစ်ခုဖြစ်လို့သွားတယ်။ ကြေညာချက်ထုတ်အပြီး ရက်သတ္တသုံးပတ်အကြာလောက်မှာ ရီတာလည်း မက်ဒေါနားနဲ့ ရိုက်ကွင်းမှာ အတူရှိနေခဲ့ကြပြီ။

Monday, June 08, 2015

ဂီတသတင်းများ


Baltimore က ဒဏ်ရာတွေကုစားပေးချင်တဲ့ Prince


အမေရိကန်လူမည်းအဆိုတော် Prince ဟာ Baltimore မှာ မေလ ၁၀ရက်နေ့က ဂီတဖြေဖျော်ပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဧပြီလက ရဲတွေရိုက်နှက်မှုကြောင့် သေဆုံးခဲ့တဲ့ Freddie Gray ကို ဂုဏ်ပြုသီဆိုခဲ့တာလို့ ဆိုပါတယ်။ ပရင်စ့်ရဲ့ အဖွဲ့ 3RDEYEGIRL နဲ့အတူဖြေဖျော်ခဲ့တာပါ။ ဖရက်ဒီဂရေးသေဆုံးပြီးနောက်ပိုင်း ဘယ်လ်တီမိုးမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်ရပ်တွေဟာ ကမ္ဘာကို ချောက်ချားစေခဲ့တယ်။ မကျက်သေးတဲ့အနာတွေကို ပျောက်ကင်းအောင်ကုသဖို့ ကြိုးပမ်းမှုတစ်ခုလို့ ပရင့်စ်ကဆိုတယ်။ "ပျောက်ကင်းအောင်ကုသလို့တဲ့စိတ်နဲ့ ပြုလုပ်ခဲ့တဲ့ ဒီလှုပ်ရှားမှုဟာ ဘယ်လ်တီမိုးနဲ့ ယူအက်စ်ဒေသ အနှံ့အပြားမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်စေဖို့ အထောက်အကူတစ်ခုအဖြစ်ရည်ရွယ်ထားပါတယ်" လို့ သတင်းတွေမှာ ဖော်ပြခဲ့တယ်။

Saturday, May 09, 2015

ခရီးသွားသတင်းများ

အီဂျစ်မြို့တော်သစ်တည်ဆောက်မယ်
အီဂျစ်နိုင်ငံ၊ မြို့တော်ကိုင်ရိုဟာ လူဦးရေထူထပ်များပြားလာတာကြောင့် မြို့တော်အသစ်တည်ဆောက်မယ့်အစီအစဉ်တွေကို အီဂျစ်အစိုးရပိုင်းက ကြေညာခဲ့ပါတယ်။ အီဂျစ်သမိုင်းထဲက ဒဏ္ဍာရီတွေပြည့်နှက်နေဆဲ ပိရမစ်တွေ၊ တာဟီယာရင်ပြင် နဲ့ နိုင်းလ်မြစ်တွေကို မေ့ထားလိုက်ပြီး တောက်ပသွက်လက်တဲ့ ခေတ်မီမြို့တော်တစ်သစ်တစ်ခုတည်ဆောက်တော့မယ်လို့ ကြေညာလိုက်တယ်။ အခုဆို အီဂျစ်ဟာ စိတ်ပျက်ဖွယ်ရာ လေထုညစ်ညမ်းမှု၊ ရွေ့လို့မရအောင်ကိုပိတ်သွားတတ်တဲ့ ယဉ်အသွားအလာမျိုးနဲ့ လမ်းတွေ၊ ပြည့်လျှံလာတဲ့လူဦးရေအတိုင်း တစ်ဟုန်ထိုးခုန်တက်လာတဲ့ အိမ်ငှားခတွေနဲ့ တကျွိကျွိတကျွတ်ကျွတ်မြည်နေတဲ့ အဆောက်အဦးတွေ ပိုလို့များလာနေတယ်။

ဂီတသတင်းများ

ရီဟားနားနဲ့ သီချင်းအတူဆိုချင်တဲ့ ဂျေလို
ဂျနီဖာလိုပက်ဇ်ဟာ ရီဟားနားနဲ့ တကယ်ပဲ နှစ်ယောက်တွဲသီချင်းဆိုချင်ပါတယ်တဲ့။ "We Found Love" hit သီချင်းပိုင်ရှင်လေး ရီဟားနားနဲ့ Dreamworks Animation က ထုတ်လုပ်မယ့် 3D computer animated ဇာတ်မြူးရုပ်ရှင် Home မှာတော့ အတူတကွ အသံသရုပ်ဆောင်ထားကြတယ်။ Home မှာ ရီဟားနားက တစ်ပ် ဆိုတဲ့ကလေးမလေး၊ ဂျေလိုကတော့ တစ်ပ် ရဲ့ မိခင် လူစီတူစီအဖြစ် အသံသရုပ်ဆောင်ထားကြတာပါ။ အသံအတူတကွသရုပ်ဆောင်တော့ duet သီချင်းမဆိုချင်ဘူးလားလို့ သတင်းထောက်က မေးခဲ့တဲ့အခါ ဂေလိုက "အသေအချာပေါ့၊ ဘယ်သူက မဆိုချင်ဘဲရှိပါ့မလဲ" လို့ဖြေပါတယ်။

Tuesday, April 28, 2015

သိထားရမယ့် အီရန် နျူကလီးယားသဘောတူညီချက်အကြောင်း

တွေ့ဆုံဆွေးနွေးပွဲတွေ ဘယ်အချိန်၊ ဘယ်လိုပုံစံမျိုးနဲ့ စတင်ခဲ့တာလဲ။
အခက်အခဲကျော်လွှားနိုင်မှုလို့ ပြောနိုင်မယ့် ကြားဖြတ်သဘောတူညီချက်တွေကို လက်ခံခဲ့ကြတဲ့ ဆွေးနွေးပွဲတွေ ၂၀၁၃ နိုဝင်ဘာမှာပြုလုပ်နိုင်ခဲ့တယ်။ ဂျနီဖာသဘောတူညီချက် နဲ့ ပူးတွဲစီမံလှုပ်ရှားမှု လို့ သိခဲ့ကြတဲ့ဆွေးနွေးပွဲတွေ အဲဒီနှစ် ဖေဖော်ဝါရီလက စတင်ခဲ့ကြတာပါ။ အဲဒီထက်အစောပိုင်း ၂၀၀၂ ကတည်းက အီရန်နဲ့ သဘောတူညီမှုရနိုင်ဖို့ စေ့စပ်ဆွေးနွေးမှုပြုလုပ်ဖို့ အကြိမ်များစွာကြိုးပမ်းခဲ့ကြတယ်။ မအောင်မြင်ခဲ့ပါဘူး။