- နှောင်ကြိုးမယ့်ကိုနှင်
- ကျေးတမာသို့ ပန်ကြားလွှာ
- လူငယ်များသို့
- အပြန်လမ်း
- အနုပညာဟူသည် ကုန်ပစ္စည်းလော
- ပြည်သူ့လယ်ယာသမားများသို့
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Wednesday, September 09, 2015
ငွေသောင်ယံဦး နှင့် အခြားကဗျာများ (၅)
Posted by
PhyoPhyo
at
Wednesday, September 09, 2015
Labels:
ကဗျာ,
ငွေသောင်ယံဦး နှင့် အခြားကဗျာများ,
မေမေ့ရဲ့စာ
Tuesday, June 04, 2013
မြေကြီးတွေ ဘယ်ရောက်ကုန်လဲ
![]() |
Pastel on paper by artist Nenad Vuckovic |
Su Mie Aungမြေကြီးတွေဘယ်ရောက်ကုန်လဲတပြန့်တပြော စိမ်းစိုဝေဖြာနေတဲ့ မိသားစုဥယျာဉ်မြေမှာ
ငါ့ကို မွေးဖွားခဲ့တယ်။
အရာရာသင်ယူကျက်မှတ်ချိန်
ကလေးဘ၀ငါ့နှုတ်ဖျားက ဦးဆုံးပထမထွက်ကျလာတဲ့
စကားတစ်လုံးးက အများတကာ ကလေးတွေလို
`ဖေ´`မေ´`Dad´ `Mom´မဟုတ်
`အစိမ်း´ `green´ဆိုတဲ့စကားလုံးသာ။
မထူးဆန်းလိုက်ပါနဲ့၊ မအံ့သြလိုက်ကြပါနဲ့။
အမေ ငါ့ကိုချောမြှူချီပိုးထားတဲ့အချိန်ကာလပတ်လုံး
ပြတင်းဝကနေ ငါလှမ်းမြင်ဖူးတာ `အစိမ်း´ ပါ။
ငါတောက်တိတောက်တက် ပြေးလွှားတတ်ချိန်မှာ
အရင်ဆုံး တိုးဝင်ချဉ်းကပ် ရင်းနှီးကျွမ်းဝင်ရတာက
စိမ်းစိုလတ်ဆတ်တဲ့ အဖေ့ရဲ့ဥယျာဉ်မြေ။
အဖေ့ရဲ့ ချွေးတွေ၊ အချိန်တွေ၊ စိတ်ကူးတွေပေါ်မှာ
သူ့ရဲ့ ကြမ်းရှလှတဲ့လက်တွေနဲ့
ရောမွှေထုဆစ်လိုက်တဲ့အခါ အဲဒီဥယျာဉ်ဟာ
ကမ္ဘာမှာ တုနှိုင်းမမီတဲ့ ဥယျာဉ်ခြံမြေကြီးပေါ့။
ကမ္ဘာဦးအစ ဧဒင်ဥယျာဉ်ထက် သာတယ်လို့ ငါပြောရဲတယ်။
အဲဒီဥယျာဉ်မှာ အမေက အဖေ့ရဲ့ ချွေးတွေကို သုတ်ပေးခဲ့တယ်။
အဖေ့ရဲ့အချိန်တွေ တိုးပွားအောင် အမေက သူ့ဘ၀ကို ဖဲ့ချွေပေးတယ်။
အဖေ့ရဲ့စိတ်ကူးတွေ ကွန့်မြူးဆန်းကြယ်အောင်
အမေက သူ့လိုအင်ဆန္ဒတွေဝှက်သိုလို့ အဖေ့အနား ဖေးမ ကူတယ်။
မြေကြီးစော်နံနေတဲ့ အဖေ့ရဲ့ လက်တစ်စုံကို အမေက နေ့စဉ် တမက်တမောပွေ့ယူနမ်းရှိုက်နေခဲ့တာပေါ့။
ဒါကြောင့်ပဲ အဖေက လျှို့ဝှက်တဲ့စွမ်းအားတွေနဲ့ အလှဆုံးဥယျာဉ်ကို ဖန်တီးနိုင်တယ်။
အဖေဟာ တကယ့်ပါရမီရှင်ပေါ့။ ဧဒင်ကို ဖန်ဆင်းတဲ့ ဘုရားသခင်ထက် သာတယ် လို့ ငါပြောရဲတယ်။
အဖေ့ရဲ့ဥယျာဉ်စိမ်းစိမ်းမှာ တောက်တက်တောက်တက်ပြေးလွှားရင်း ငါကြီးပြင်းခဲ့တယ်။
အမေက နာမည်ပေးတော်တယ်။ ငါတို့ မောင်နှမတွေမှာ လှပတဲ့နာမည်တွေ ကိုယ်စီ ရှိသလို ငါတို့ခြံမှာ လှပတဲ့နာမည်ရှိတယ်။
ခရမ်းပြာ…တဲ့။
အဖေ့ရဲ့ စိမ်းမြမြဥယျာဉ်မှာ နေထိုင်ကြီးပြင်းခဲ့တဲ့ ငါတို့ဟာ အစိမ်းရောင်ကို ကောင်းကောင်းသိသလို သူ့အပေါ် ချစ်မက်ရကောင်းမှန်းလည်း ကောင်းကောင်းသိခဲ့ကြတယ်။
အခုဆို
ငါ့အသက် လေးဆယ်ကျော်၊ အဖေက ရှစ်ဆယ်ကျော်၊ အမေက ခုနစ်ဆယ်ကျော်။
ဘ၀တွေ ပြိုးပြိုးပြက်ပြက်ဆိုသလို ကျော်လွန်ခဲ့ပြီ။ မေမေက မြေကြီးပေါ် မဆင်းနိုင်တော့ဘူး၊ အချိန်ပြည့် အွန်လိုင်းပေါ်မှာ။ မြေကြီးတွေထိုးဆွလို့ သစ်တစ်ပင်စိုက်ပျိုးဖို့ကိုလည်း မေမေမေ့ခဲ့ပါပြီ။
မေ့ဆို မေမေ့မှာ ထိုးဆွစရာ၊ စိုက်ပျိုးစရာ မြေကြီးတွေမှ မရှိတော့တာ။
ညနေညနေတွေဆို ဖေဖေက ခါးကလေး ကိုင်းကိုင်းကိုင်းကိုင်းနဲ့ လှုပ်စိလှုပ်စိ ရွေ့ရွေ့သွားရင်း
ပြတင်းမှာရပ်လို့ ဝေေ၀သီသီ မှုန်မှုန်ရီရီ မျက်လုံးတွေနဲ့ အပြင်ကို ငေးငေးကြည့်တယ်။
ဖေဖေ့မြင်ကွင်းထဲ ပေါ်လာတာက ကားဂိုဒေါင်တစ်လုံး၊ ရေကူးကန်တစ်ကန်၊ သုံးထပ်တိုက်တစ်လုံး၊ ခြံဝင်းအနှံ့ နေရာလွတ်မကျန်အောင် ခြယ်လှယ်ထားတဲ့ တမံသလင်းအခင်းအကျင်းတွေ၊ ပြီးတော့ ရေလောင်းစရာမလိုတဲ့ ပလတ်စတစ်ပန်းပင်တချို့…၊
ဖေဖေ့စိတ်ထဲ တွေးးတွေးနေမှာ သေချာတယ်။
မြေကြီးတွေ ဘယ်ရောက်ကုန်ပါလိမ့်ပေါ့။
ခမ်းခမ်းနားနား မြင့်မြင့်မားမား နေရပေမဲ့ ငါ လန့်မိနေတတ်တယ်။
အထူးသဖြင့် ဟော့ဒီ ၀ရန်တာထက်ကနေ ငုံ့ငုံ့ကြည့်မိလေတိုင်းပေါ့။
ငါဟာ ဖေဖေ့မြေကြီးတွေကို ခိုးယူခဲ့သူလား …..။
ပြီးတော့ ငါ့သားသမီးတွေကို စိမ်းမြမြဥယျာဉ်တစ်လုံး ဖန်ဆင်းပေးနိုင်ပါဦးမလား။
ငါကသာ စိုးထိတ်နေတာပါ ။
ငါ့ကလေးတွေက ကိန်းခန်းကြီးကြီးနဲ့ အ၀ါရောင်ပျော်ရွှင်မှုတွေကြားမှာ ငါချစ်ဖူးတဲ့ အစိမ်းရောင်ကို အမေ့ကြီးမေ့လို့……..။
1:45 am, 02-06-2013
Sunday, April 28, 2013
Thursday, January 24, 2013
Sunday, January 06, 2013
Saturday, December 29, 2012
လွှတ်ချလိုက်
မရွေးကောက်ဘဲ ဖြိုးမောက်လာတဲ့ အနာဂတ်တွေ လွှတ်ချလိုက်
မဆွတ်ရဘဲ ညွှတ်ကျနေတဲ့ ကုလားထိုင်အိုတွေ လွှတ်ချလိုက်
အာသီးမပါဘဲ ညာဖြီးဆိုတဲ့ ဒီမိုသီချင်းတွေ လွှတ်ချလိုက်
အိပ်မပျော်ဘဲ မက်ရရှာတဲ့ အိပ်မက်ဗလာတွေ လွှတ်ချလိုက်
မတွက်ချက်ဘဲ ရုပ်ဖျက်ဟောတဲ့ နိမိတ်ဆိုးတွေ လွှတ်ချလိုက်
တံခါးမခေါက်ဘဲ ဗြောက်သောက်လာတဲ့ ဧည့်သည်မျောက်တွေ လွှတ်ချလိုက်
တံဆိပ်မကပ်ဘဲ ဖြတ်ဝင်လာတဲ့ စလယ်ဝင်အိုးတွေ လွှတ်ချလိုက်
မဖိတ်စဉ်ဘဲ ရွှဲစိုနေတဲ့ ကြမ္မာအငြိုးတွေ လွှတ်ချလိုက်
အလွတ်မရဘဲ ဇွတ်ကနေတဲ့ ဒရာမာအသိုးတွေ လွှတ်ချလိုက်
လိုက်သူမရှိဘဲ ထွက်ပြေးနေတဲ့ စိတ်ဆင်ရိုင်းတွေ လွှတ်ချလိုက်
အသံမရှိဘဲ ဟန်မိနေတဲ့ လက်ခုပ်လက်ဝါးတွေ လွှတ်ချလိုက်
စိတ်မရှိဘဲ အရိပ်ငြိနေတဲ့ ခြောက်ပီတိတွေ လွှတ်ချလိုက်
မစိုက်ပျိုးဘဲ ရိတ်သိမ်းနေတဲ့ အတိတ်သမိုင်းတွေ လွှတ်ချလိုက်
ကုလားမနိုင်ဘဲ ရခိုင်မဲနေတဲ့ အနိုင်ဖဲတွေ လွှတ်ချလိုက်
အမေးမရှိဘဲ အဖြေကြိုထုတ်တဲ့ သရုပ်သကန်တွေ လွှတ်ချလိုက်
လွှတ်ချလိုက် လွှတ်ချလိုက် အားလုံးကို လွှတ်ချလိုက်
ဒီကဗျာကို ဖတ်ပြီးရင် ခင်ဗျားမျက်စိထဲက လွှတ်ချလိုက်
နောက်ဆုံး
ခင်ဗျားကိုယ်ခင်ဗျား
လွှတ်ချလိုက်
စုမီအောင်

Wednesday, December 19, 2012
ငွေသောင်ယံဦး နှင့် အခြားကဗျာများ ( ၁ )
Posted by
PhyoPhyo
at
Wednesday, December 19, 2012
Labels:
ကဗျာ,
ငွေသောင်ယံဦး နှင့် အခြားကဗျာများ,
မေမေ့ရဲ့စာ
မေမေ့ကဗျာလေးတွေ တိုတာလေးတွေဆို ၅ ပုဒ် စီလောက် တင်ပေးသွားပါမယ်။
အားလုံးပြီးမှပဲ pdf ဖိုင် တင်ထားပေးလိုက်မယ်နော်။
ချစ်ခင်လေးစားစွာ
Happy Christmas for All!
ဖြိုးဖြိုး
စာဖတ်သူသို့..
စမ်းချောင်းကလေးများ၏ တီးတိုးရွတ်ဆိုမှုကို သင်ကြားဖူးပါလိမ့်မည်။
ဥသြငှက်ငယ်ကလေးများ၏ ဆွတ်ပျံ့တိမ်းမူးဖွယ် တေးသီကျူးရင့်မှုကိုလည်း သင်ကြားဖူးမည်ဖြစ်ပါသည်။
ထို့နည်းတူ ခင်မေသစ်၏ တေးကဗျာများသည်လည်း….။
သင်ခံစားဖတ်ကြည့်နိုင်ရန် စုစည်းတင်ပြပေးထားပါသည်။
ဆရာကြီး မင်းသုဝဏ် နှင့် တိုင်းရင်းမေဂျာနယ် ကဗျာ့ဥယျာဉ်မှူးကြီး ဦးသော်ဇင် တို့အား ဤစာအုပ်ဖြင့် ကန်တော့ပါ၏။ ။
မိဘနှစ်ပါးနှင့် အကိုကြီး စာရေးဆရာ မောင်ကြည်ရှင် (မြန်မာ့အသံ လက်ထောက်စီစဉ်ရေးမှူး ဦးချင်းစိန်) ၊အကိုငယ် စာရေးဆရာ ဒါရိုက်တာ သန်းစိန်သစ်တို့အားလည်း အလားတူ အထူး ဦးခိုက်ကန်တော့လိုက်ပါကြောင်း။
ကျေးဇူးတင်စွာဖြင့်။
ခင်မေသစ် (သလ္လာ)
၁၉၉၇ခုနှစ် နိုဝင်ဘာလ (၈)ရက် နေ့
***************************
စာပေ၀တ္ထု ၊ ရတုကဗျာ၊
သာသည်သီချင်း၊အဲစောင်းညှင်း၍ ၊
မကင်းမပြတ်၊ ရွတ်ဖတ်လျက်သာ၊
နေကောင်းစွာ…၊
(၀န်ကြီး ပဒေသရာဇာ)
To Poem
Remember near,
Remember far,
For ever remember me,
Aye, still beyond the grave .
Remember that I have,
Well loved thee.
(Carl Bayon)
***************************
Thursday, December 13, 2012
ငွေသောင်ယံဦးနှင့် အခြားကဗျာများ
Posted by
PhyoPhyo
at
Thursday, December 13, 2012
Labels:
ကဗျာ,
ငွေသောင်ယံဦး နှင့် အခြားကဗျာများ,
မေမေ့ရဲ့စာ
မေမေ့ရဲ့ "ငွေသောင်ယံဦးနှင့် အခြားကဗျာများ" စာအုပ်က ကဗျာလေးတွေ အားလုံး တင်ပေးသွားပါမယ်။ အခုရက်တွေတော့ မအားသေးတာနဲ့ မေမေပို့ပေးတဲ့ ကောက်နှုတ်ဖော်ပြချက်လေးပဲ အရင်တင်လိုက်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။
ငွေသောင်ယံဦးနှင့် အခြားကဗျာများစာအုပ်မှ ကောက်နှုတ်ဖေါ်ပြချက်
စိမ်း
(အင်းလေးတိုက်တေးအသွား)
ရွှေဧည့်သည်လာမလားလို့ ၊
စာတွေများ တစောင် နှစ်စောင် ၊
ရေးဖွဲ့မှာတောင် ။
မလာပေါင် ၊
ရှောင်သူက ရှောင်ပုန်း၊
မြဆေးမင် ကိုယ်မှာလိမ်းလို့ရယ် ၊
စိမ်းလိုက်ပါအုံး။ ။
Wednesday, June 30, 2010
အရင်ကကြိုက်ခဲ့ဖူးတာတွေ အခု ငါမကြိုက်တော့ဘူး
အရင်ကကြိုက်ခဲ့ဖူးတာတွေ
အခု ငါ မကြိုက်တော့ဘူး။
ကဲ…ဘယ်သူဘာပြောဦးမလဲ
လင်းကင်းပတ်ခ်က “ချက်စတာ”ကို မကြိုက်တော့ဘူး။
နိမ်း(မ်)က “စောစော”ကို မကြိုက်တော့ဘူး။
ဘောလုံးမင်းသား“ဒေးဗစ်ဘက်ခမ်း”ကို မကြိုက်တော့ဘူး။
အိနြာကျော်ဇင်က“ဘရက်ပစ်”မကြိုက်တော့ဘဲ
“ဒေးဗစ်ဘက်ခမ်း”ကြိုက်နေတယ်လို့ လူသိရှင်ကြားဝန်ခံချိန်မှာ
ငါက“ဒေးဗစ်ဘက်ခမ်း”မကြိုက်တော့ဘဲ
“ဘရက်ပစ်”ကိုကြိုက်နေမိတာ ရယ်စရာ။
တစ်ယောက်တစ်ပြန် အကြိုက်တွေ ရွေ့နေတဲ့ကြားက
ငါ့ကိုယ်ငါကြိုက်မိချိန် တစ်ခါလေးမှ မရှိဖူးခဲ့တာ ရင်နာစရာ။
ဒီနေရာမှာ
မှားတာကို မှားကြောင်းအပြစ်ဖွဲ့ဖို့ မှန်ကြည့်တာလား။
အားလုံးပဲ အားတိုင်း မှန်ထထကြည့်နေကြလို့
မှန်တွေလည်း ဘယ်တော့မှ မအားရရှာကြ။
ကြောက်ခမန်းလိလိ အမှန်တွေနဲ့
တစ်သက်စာ ဖူလုံပါးနပ်နေတဲ့ ဒီအခန်းထဲမှာ
တစ်ယောက်တည်း မှန်မကြည့်ဘဲ
မှားပြီးရင်းမှားပြန်တာ ငါ။
ဒီနေရာမှာ
တစ်ခါတစ်ခါ နားကလောရင်း
တစ်ခါတစ်ခါ နားဝင်ချိုရင်း
ငါ့နေ့စွဲတွေ ပြိုခဲ့ရ။
တစ်ခါတစ်ခါ ဟန်ဆောင်ကြီးထွားရင်း
တစ်ခါတစ်ခါ မှန်ကန်သေးကျုံ့ရင်း
ငါ့နေ့စွဲတွေ မွဲခဲ့ရ။
ဒီနေရာမှာ
ကိုရီးယား ဂျင်ဆင်းပဲသောက်သောက်
နေဗီယာလိုးရှင်းပဲလူးလူး
ဘာများထူးပြီး ပျိုမျစ်လာမှာမို့လို့လဲ။
အပန်းဖြေစရာ ရီခရေးရှင်းစင်တာမှ မရှိတာ။
သီချင်းသံအစား ငါ့နားထဲဝင်လာတာက
သေမင်းရဲ့ခေါင်းလောင်းသံ။
ဒီနေရာ ဒီဘ၀မှာ ငါမဟန်တော့တာ သေချာပြီ။
နောက်ဘ၀မှာ ဟန်ကျဖို့
အခု ငါ ဘာချန်ရရင်ကောင်းမလဲ။
အဖန်တစ်ရာမက ကြံစည်သမျှတွေကတော့
တောမီးမလောင်ဘဲ ပြာကျခဲ့ကြပြီ။
အရင်က နားကလောဖူးတဲ့
ကိုကျားပေါက်အသံက
ခုတော့လည်း ငါ့နားထဲ ထူးထူးဆန်းဆန်းချိုလို့။
ကဲ…ဘယ်သူဘာပြောဦးမလဲ။
အရင်က ကြိုက်ခဲ့ဖူးတာတွေ အခု ငါမကြိုက်တော့ဘူးလေ။ ။
အမရဲ့ကဗျာ
ဒီကဗျာကို ပြန်ဖတ်မိတိုင်းသဘောကျလို့
http://www.mysuboo.com/index.php?option=com_blog&name=Mr.Point&task=view&pid=195&Itemid=

Thursday, March 25, 2010
ခရစ်ယာန်တစ်ယောက်လို့ပြောတဲ့အခါ
ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
“ငါဟာ လုံခြုံနေပါပြီလို့”အော်ဟစ်ကြုံးဝါးမနေပါဘူး
တိုးတိုးလေးသာဆိုပါရစေ “ငါဟာ အရှုံးကိုမြတ်နိုးခဲ့သူပါ”
ဒါကြောင့်ပဲ ဒီလမ်းကိုရွေးချယ်ပါတယ်။
ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
မာနထောင်လွှားဝံ့ကြွားလိုစိတ်နဲ့မပြောပါဘူး
ငါဟာချွတ်ချော်မှားယွင်းမှုကို ဝန်ခံလိုစိတ်ရှိနေပါတယ်
ငါ့အတွက်လမ်းပြပေးမယ့်သူ တစ်ဦးဦးကိုလဲ အလိုရှိပါတယ်။
ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
ငါဟာ သန်မာကြံ့ခိုင်သူဖြစ်ဖို့ကြိုးစားနေမှာမဟုတ်ဘူး
ငါ့ရဲ့အားနည်းမှုကို ကိုယ့်ဘာသာသင်ကြားလေ့လာနေမယ်၊
ပြီးတော့ဆုတောင်းပါတယ်၊ ခွန်အားတွေနဲ့ရှေ့ဆက်ဖို့အတွက်ပေါ့။
ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
အောင်မြင်မှုကို ကြွားဝါမနေပါဘူး
ငါဟာရှုံးနိမ့်တာကို လက်ခံနေမှာပါ
ငါဟာ အပြစ်အကြွေးတွေအမြဲပေးမနေနိုင်ပါဘူး၊
ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
ငါ့ကိုယ်ကိုပြည့်စုံနေဖို့ တောင်းဆိုမနေပါဘူး
ငါ့ရဲ့အပြစ်အနာအဆာတွေက အထင်းသားနဲ့
ဒါပေမဲ့ ဘုရားသခင်ကယုံကြည်ပါတယ် ငါဟာဘုရားသခင်နဲ့ ထိုက်တန်တဲ့သူဖြစ်တယ်ဆိုတာကိုပေါ့၊
ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
နာကျင်မှုတွေက စူးစူးရှရှရှိနေဆဲပဲ
ငါ့နှလုံးသားကကိုက်ခဲနာကျင်မှုတွေ ဝေငှပြောပြဖို့ရှိနေသေးတယ်
ဒါကြောင့် ငါ သူ့(ဘုရားသခင်)နာမည်ကိုပြောပြတာပေါ့၊
ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
ငါတရားစီရင်လိုစိတ် အလျဉ်းမရှိပါဘူး
ငါ့မှာ ဒီလိုအခွင့်အာဏာမရှိပါဘူး
ငါက ချစ်ခင်ဖို့ပဲ သိတာပါ။ ။
by Carol S.Wimmer
ref: http://www.promiseofgod.com/iamachristian/

Subscribe to:
Posts (Atom)