Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, May 23, 2012

~ Swim against the stream ~

EUROVISION သီချင်းပြိုင်ပွဲ ပထမနေ့ ကြည့်ရင်း ဆွဇ် ညီအစ်ကိုနှစ်ဦး Sinplus ရဲ့ သီချင်း unbreakable သီချင်းကို နားထဲ၊ မျက်စိထဲစွဲသွားတယ်။
semifinal တောင် မကျော်လိုက်ပါဘူး။ မကျော်လည်း စွဲတာတော့စွဲသွားတာပဲ။ တတ်နိုင်ဘူးလေ :D
Swim against the stream
Following your wildest dream, your wildest dream ဒီနေရာလေးကို လိုက်ဆိုကြည့်နေရော၊ တစ်ချိန်လုံး
~ You can do everything you want
It doesn’t matter how hard it is
You can do it, you can do it

So please don’t mind, close your eyes
Take a trip outside your head
You can give me more

Swim against the stream
Following your wildest dream, your wildest dream
Swim against the stream
Following your wildest dream, your wildest dream ~

Thursday, May 17, 2012

ဒစ္စကို ဘုရင်မ ရဲ့ နောက်ဆုံးကကြိုး

The Queen of Disco လို့ တင်စားခဲ့ကြတဲ့ ဒေါ်နာဆန်းမား အသက် ၆၃ နှစ်အရွယ်မှာ ကင်ဆာရောဂါနဲ့ သေဆုံးသွားခဲ့ပါပြီတဲ့။
သတင်းတက်လာတာတွေ့ရင်း သီချင်းတွေလိုက်နားထောင်ရင်း။
တစ်ယောက်ယောက်ဆုံးပါးတိုင်း စိတ်မကောင်းဖြစ်ရတာပါပဲ။

I need you by me
Beside me, to guide me
To hold me, to scold me
'Cause when I'm bad
I'm so, so bad ................. တဲ့

R.I.P Donna Summer

Monday, May 14, 2012

ချက်သမ္မတ ဗာဆလာ့ဗ်ဟာဗဲလ် နဲ့ အမေးအဖြေ

(၂၀၀၉ခုနှစ် ဒီဇင်္ဘာလ ၉ရက်နေ့ က Foreign Policy Magazine မှ အယ်ဒီတာ “ဆူဆန် ဂလက်ဆာ”နှင့်စာရေးဆရာ လည်းဖြစ် သဘောထားကွဲလဲသူလည်းဖြစ်ခဲ့တဲ့  ချက်ကိုဇလိုဘက်ကီးယားသမ္မတ “ဗာဆလာ့ဗ် ဟာဗဲလ် “တို့  တွေ့ ဆုံ မေးမြန်းခန်း တခု ပြုလုပ်ခဲ့ပါတယ်။ )

“ကတ္တီပါတော်လှန်ရေး” အပြီး နှစ်၂၀နီးပါးရှိတဲ့ အခါ ပြီးခဲ့တဲ့  သီတင်းပတ်အနည်းငယ်က မှ သမ္မတကြီးနှင့် ခုလို တွေ့ ဆုံခဲ့ ကြတာပါ။ သမ္မတကြီးဟာ စာတွေရေးနေခဲ့တဲ့ နေ့ ရက်များက အဆင်တန်ဆာအမှတ်တံဆိပ် ဇင်စဂျက်ကက်အင်္ကျီကို ယခုတိုင်ဝတ်ဆင်ထားဆဲပါဘဲ။

မေး။
ဒီနှစ်ဟာ ဘာလင်တံတိုင်ကြီးြ့ပိုလဲသွားခဲ့တဲ့  နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။အဲဒီအချိန်က ချက်နိုင်ငံမှာ ဘယ်လိုပုံရိပ်မျိုးထင်ဟပ်ခဲ့သလဲ ။့ ကနေ့ အရှေ့ ဥရောပရဲ့  လူ့ အဖွဲ့ အစည်းကိုရော  ဘယ်လိုမြင်သလဲ။ 
 ဖြေ။
“အဲဒီအချိန်တုံးက အခြေခံကျကျ အကောင်းဆုံးနမူနာတခုကို မြင်နေရတယ်လို့  ကျွန်တော်ထင်ပါတယ်ဗျာ။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ၊ဒီမိုကရေစီဝါဒကို အခြေခံတဲ့ ပရိုဂရမ်တွေ ၊လွတ်လပ်တဲ့  စာနယ်ဇင်းတွေ အို…အများကြီးပါဘဲ ။ကျွန်တော်တို့ ဟာ လမ်းမကြီးတွေကို စွန့် လွှတ်မေ့ချန်မထားဘူး။သစ္စာလဲ မဖေါက်ဘူး။သို့ သော်လဲ အရာရာတိုင်းဟာ အဲဒီအချိန်တုံးက ကျွန်တော်တို့  တွေးထင်ထားတာထက် ပိုမို ခက်ခဲပါတယ်။ အချိန်တွေပိုမို ပေးခဲ့ရ့ပါတယ်။အဲဒီကာလကို ဖြတ်သန်းခဲ့ ရတာဟာ ဆူးခင်းလမ်းလို အန္တရယ်များလွန်းခဲ့ပါတယ်။

အချစ်မှာ စည်းရိုးမရှိ

photo from
အချစ်မှာ စည်းရို:ခြားနားမှုမရှိဘူးလို့ RDမဂ္ဂဇင်း အယ်ဒီတာ  Dora Cheok က အခိုင်အမာ ပြောဆိုလိုက်ပါတယ်။ ဒါဟာ အသစ်အဆန်းကိစ္စတော့လဲ မဟုတ်ပါဘူး။ရှေးရှေးမင်းဧကရာစ်များဟာ နှစ် ပြည့်တပြည် မိတ်ဖက်ပြု ရွှေလမ်း ငွေလမ်းဖေါက် တဲ့ အနေနဲ့  လက်ထပ်ထိမ်းမြားခဲ့ ကြတာ သမိုင်းတွေက အထင်အရှားဖေါ်ညွှန်းနေတယ် ။အများအားဖြင့် ဥရောပ တော်ဝင်မိသားစုတွေဟာ နှစ်ပြည်ထောင်ချစ်ကြည်ရေးကို ရှေ့ရူပြီး နယ်စည်းမခြားလက်ထပ်မင်္ဂလာပွဲအခန်းအနာတွေကို ကျင်းပခဲ့ကြတာပါ။ ဒီလို နယ်စပ်ဖြတ်ကျော် လက်ထပ်ပေါင်းစည်းခြင်းဟာ နိုင်ငံ့  အရေး ၊ စီးပွားရေး၊ သာသနာရေး တိုင်းရေးပြည်ရေး စသည် အဘက်ဘက်က ပြဿနာပေါင်းစုံကို ဖြေရှင်းနိုင်တဲ့ အကောင်းဆုံးနည်းပရိယါယ်တခုပါပဲ။ ဒါကိုလက်ခံရမှာဖြစ်ပါတယ်။ မဟာအလက်ဇန္ဒား ဘုရင် ဟာ (Alexander the great )  သူ့ မက်ဆီဒိုးနီးယဲန်စစ်သားတွေကို ပါရှန်အမျိုးသမီးတွေ သောင်းနဲ့ချီ သွေးနှောစေခဲ့တယ်လို့  သမိုင်းကဆိုတယ်။ ဒီလိုပါပဲ။ ၂၁ရာစုမှာ ပညာရှာမှီးလိုသူ၊ အလုပ်အကိုင်ရှာဖွေလိုသူများ ဟာ လေယာဉ်ခရီးစီးလို့  ပင်လယ်တွေဖြတ်သန်းသွားရောက်ကြတယ်။ ဒီတော့ ကမ္ဘာရွာဖြစ်တည်မှုမှာ မိုင်ပေါင်းကုဋေ ဝေးကွာပါစေ ချစ်သူတွေ ဖြစ်နီုင်ကြတာပဲမို့ လား တဲ့ ။

Thursday, May 10, 2012

လွတ်နေတဲ့ လူသတ်သမား

လူသတ်သမားတဦးကြောင့် ဖီးနစ်စ် မြို့ လေးဟာ ကျီးလန့်စာစား ဖြစ်နေရပြီ။
 တာဝန်ရှိသူတွေက သူ့ ကို မြေလှန်ရှာနေကြပြီ။ အို..ဘုရားသခင်... အဲဒီလူဟာ  ကျွန်တော့်မိတ်ဆွေ ဆန်မီ များ....လား..။

မွန်းကျပ်ပူလောင်နေတဲ့ ဇူလိုင်လရဲ့ ညနေခင်းတခုမှာ ရွန်းဟော်လ်တန်  ကတော့ သူကျက်စားနေကျ  ဖီးနစ်မြို့ လေးရဲ့  ဆင်ခြေဖုံး ရေကူးကန်တခုမှာ  သက်တောင့်သက်သာနဲ့ ပဲ ရှိနေတယ်။  အသက်က ၄၇နှစ် ၊ သားသုံးယောက်ဘခင် ၊ အလုပ်က  ဆောက်လုပ်ရေး ကြီးကြပ်သူ ။ အားလပ်ရက်ကလေးရရင် သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါး ဆိုင်ကယ်စီးထွက်တတ်တယ်။  သူ့ ၀န်းကျင် သူ့ အသိုင်းဝိုင်းမှာ စိတ်ထားဖြောင့်မတ်သူ ရင့်ကျက်သူ ခင်တွယ်တတ် စာနာတတ်သူ  အဖြစ် လူသိများတယ်။ ဖီးနစ်စ်မြို့အလယ်ခေါင်မှာရှိတဲ့  သူ့ အိမ်လေးကို  ၀င့်ဝါမှု မရှိ၊ ပလွှားမှု မရှိ၊ ရိုးရိုးရှင်းရှင်းလေးမွန်းမံထားတယ်။

တညမှာ  ဟော်လ်တန် နဲ့  သူ့ မိတ်ဆွေတွေ  ခါတိုင်းလိုပဲ  ဘားတခုမှာ ဆုံကြတယ်။ တယောက်က  .. “ ဟေ့ .. မင်းတို့  ကြားပြီး ပလား ၊လူတွေ တလှေကြီး ပစ်သတ်ခံရတဲ့   သတင်း ” လို့  အစချီလိုက်တယ်။  “ဟော်လ်တန်” က ပခုံးကို တွန့် လိုက်ရင်း မခိုးမခန့် ပြုံးလိုက်တယ် ။
“အဲတော့ ...ဘာဖြစ်သလဲဗျ ”
“ဘာဖြစ်ရမလဲဗျ  ..၊သေကုန်တာပေါ့ ။ အစုလိုက် အပြုံလိုက်ပဲ ။ ဘယ်ငကြောင်  သောင်းကြမ်းသွားသလဲ မသိဘူး။

Monday, May 07, 2012

ကြွေလွင့်ခဲ့သော အလင်းတစ်စ

(သို့မဟုတ်)
ချက်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတဟာဗဲလ်
Memorial gathering of Václav Havel in Wenceslas Square in Prague
on the day of his death on 18 December 2011
ချက်ကိုစလိုဗက်သမ္မတ အဲဒီထက်အတိအကျဆိုရရင် ချက်ကိုစလိုဗက်ကီးယားနိုင်ငံမှာ ပထမဦးဆုံး ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ခဲ့ကြတဲ့ ချက်သမ္မတ ဗာဆလာ့ဗ်ဟာဗဲလ် ရဲ့ ရုပ်အလောင်းကို မြို့တော်ပရတ် လမ်းတစ်လျှောက်ကနေဖြတ်သန်းကာ ပရတ်ရဲတိုက်ကြီးဆီသယ်ယူခဲ့ကြပါတယ်။ ဟာဗဲရဲ့ နိုင်ငံတော်ဈာပနအခမ်းအနားကို ကြည့်ရှုခဲ့ကြတဲ့ လမ်းဘေးတစ်လျှောက်ဝဲယာပြည်သူတွေ ငိုကြွေးနေကြတယ်။ မြို့တော်ပရတ်က ဒေးလီးသတင်းထောက် ကာတရီနာကရီစီဆိုဗာ က ဟာဗဲလ်အပေါ်သူမရဲ့ အမြင်ကို ရေးသားပေးပို့ခဲ့ပါတယ်။

ဗာဆလာ့ဗ်ဟာဗဲလ် အမှတ်တရတွေမှာ
ဗာဆလာ့ဗ်ဟာဗဲလ်ဟာ လူလတ်တန်းစားမိသားစုနောက်ခံရှိတဲ့သူပါ။ အဲဒီအချိန်ကတော့ လူလတ်တန်းစားတွေကို “ဘူဇွာ”လို့ ရည်ညွှန်းခေါ်ဆိုကြတယ်။ ချက်နိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံရေးတွေ၊ ယဉ်ကျေးမှု၊ လူအဖွဲ့အစည်း အဲဒီအကြောင်းတွေ မကြာခဏဆိုသလို ဖောဖောသီသီကြီး ငြင်းခုံဆွေးနွေးနေကြတဲ့ နေရာမှာ ဟာဗဲလ်ဟာမိသားစုနဲ့အတူကြီးပြင်းလာခဲ့ပါတယ်။ ဟာဗဲလ်က အကြောင်းအရာတော်တော်များများကို စိတ်ဝင်စားတယ်။ ဥာဏ်ကောင်းတဲ့ ရှင်းရှင်းလင်းလင်းသိမြင်တတ်တဲ့ဥာဏ်ရှိတဲ့ လူငယ်တစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာ သူ့ရဲ့လုပ်ဆောင်ချက်တွေမှာ တွေ့မြင်နိုင်ခဲ့ကြပါတယ်။ မိသားစုနဲ့ ပတ်ဝန်းကျင်မှာ ဟာဗဲလ်ဟာ ကိုယ်ကျင့်တရားကောင်းမွန်သူ၊ ယဉ်ကျေးတဲ့အပြုအမူရှိသူ၊ ရိုးသားတဲ့သူအဖြစ် နမူနာယူစရာဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ကွန်မြူနစ်တွေကတော့ အဲဒီလိုလူမျိုးတွေကို အလိုမရှိကြပါဘူး။ ကွန်မြူနစ်တွေဟာ အဲဒီလိုလူငယ်တွေကိုကြောက်လန့်ကြတယ်။ အဲဒီလိုလူငယ်တွေတည်ရှိမှုကိုတောင် သူတို့က စိတ်အနှောင့်အယှက်ဖြစ်နေတတ်ကြတယ်။

Friday, May 04, 2012

ပစိဖိတ် ဆိုင်ကလုံးမုန်တိုင်း


                     ပထမ အကြိမ်  ရွက်လွှင့်စဉ်က  ကယ်လီဖိုးနီးယား ကမ်းခြေအထက် ဆန်ဒီယာဂို မှနေ လောင်းဘိခ်ျ  အထိ ၄ယောက်အစုအဖွဲ့  ဖွဲ့ ပြီး သွားရောက်ခဲ့ကြဖူးပါပြီ။ “ကျွန်တော့်ဘ၀မှာ  အဦးဆုံး သဲထိတ်ရင်ဖို ဖြစ်ခဲ့ရတဲ့ အတွေ့အကြုံ ပါဘဲ” လို့  ..ဒါနာက ပြောပါတယ်။
သူတိုနှစ်ဦးဟာ တကယ်တော့ ပင်လယ်ပျော်တွေပါ။ ရေမိုင် ၂၀၀၀၀ မက ရွက်လွှင့် စွန့်စားခဲ့ဖူးသူများဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ သူတို့ဟာ ခုအချိန်မှာ ရေကြောင်းကျွမ်းကျင်သူများအဖြစ် ရင့်ကျက်ခဲ့ကြပြီးဖြစ်လို့ မိုးလေ၀သ သတင်းကို သိပ်အမှုမထားခဲ့ ကြဖူး။
                ပင်လယ်ရေ ဟာ ၁၈ ပေအထိ မြင့်တက်လာရာမှာတော့  သူတို့  တုန်လှုပ်ခဲ့ကြပြီ။  Destiny  ရေယာဉ်ဟာ ပုခက်လွှဲသလို  ဟိုဘက် ဒီဘက် လှုပ်ခတ်ယိမ်းခါနေခဲ့ပြီ။

နံပါတ် ၂၃ ရဲ့ စံအိမ်

အမြဲတမ်းအတွက် ကမ္ဘာ့အကောင်းဆုံးဘတ်စကက်ဘောကစားသမားလို့ တစ်ခဲနက်သြဘာပေးခြင်းခံထားရတဲ့ NBA အမေရိကန်ဘတ်စကက်ဘောကစားသမား “မိုက်ကယ်ဂျော်ဒန်” ရဲ့ စံအိမ်ကြီးကို ရောင်းချဖို့ ဒေါ်လာ၂၉သန်းနဲ့  ဈေးခေါ်ထားလိုက်ပါပြီ။ ချီကာဂိုမြောက်ပိုင်း အိလိနွိုက်ပြည်နယ် Highland Park မှာရှိ ဂျော်ဒန်ရဲ့ စံအိမ်ဟာ ချီကာဂိုတစ်ဝိုက်မှာ ဈေးအကြီးဆုံးပဲလို့ပြောနေကြပါတယ်။ အဲဒီဒေသမှာ ဈေးအကြီးဆုံးမှတ်တမ်းဝင်ခဲ့တဲ ၂၀၀၇ခုနှစ်က ရောင်းချခဲ့တဲ့ Lake Bluff စံအိမ်တောင် ဒေါ်လာ၁၆သန်းပဲရှိခဲ့တာပေါ့။ ဂျော်ဒန်ရဲ့ ကြီးမားကျယ်ပြန့်လှတဲ့အိမ်ကြီး က ၅၆၀၀၀ စတုရန်းပေကျယ်ဝန်းတယ်။ အိပ်ခန်း၉ခန်းပါပြီး ရေချိုးခန်းကျယ် ၁၅ခန်းနဲ့ အခန်းငယ် ၄ ခန်းပါရှိတယ်။ အိပ်ခန်း၃ခန်းပါ ဧည့်သည်ဆောင်လည်းရှိနေတယ်။

၇ဧကကျော်ရှိတဲ့စံအိမ်မှာ ကားဂိုဒေါင်တွေ၊ ရေကူးကန်နဲ့ တင်းနစ်ကစားကွင်း၊ ဂေါက်သီးကစားနိုင်တဲ့မြက်ခင်းကျယ်၊ ရေနက်နက်နဲ့ ရေကန်လည်းရှိသေးတယ်။ ဘတ်စကက်ဘောကစားသမားဆိုတော့ ဘတ်စကတ်ဘောကစားကွင်းတစ်ခု ရှိကိုရှိနေမှာကတော့ အံ့သြစရာတော့မဟုတ်ပါဘူး။ အိမ်မကြီးနဲ့ တွဲလျက်မှာ ဘတ်စကက်ဘောကစားနည်းစည်းမျဉ်းတွေနဲ့ ကိုက်ညီတဲ့ကစားကွင်းရှိပါတယ်။ ပြိုင်ပွဲအဆင့်မီ အလင်းနဲ့အသံစနစ်တွေကိုပါ ဂရုစိုက်ပြီး ပြင်ဆင်ထားတယ်တဲ့။ ကစားကွင်းရဲ့ကိုယ်ပိုင်ကားထားတဲ့နေရာကို အိမ်မကြီးအ၀င်နဲ့ သီးခြားထားရှိပါတယ်။ ဂျော်ဒန်က ဖလော်ရီဒါမှာ အိမ်အသစ်ရှိနေပြီး Highland Park စံအိမ်ကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဖလော်ရီဒါက အိမ်ဟာ ၂၈၀၀၀ စတုရန်းပေ ကျယ်တယ်။ ဒေါ်လာ ၁၂သန်းအထက်အကုန်အကျခံကာ ဆောက်လုပ်ခဲ့တယ်လို့ဆိုတယ်။

ပန်းသွေးရောင်လှလှ အချစ်အိမ်လေးထဲမှာ

နီပြာပြာခရမ်းရောင်နဲ့ အနီရောင်ကြားကရောင်စဉ်တွေကို ပန်းရောင်လို့ခေါ်လိုက်ကြတယ်။ ပန်းရောင်လေးတွေကိုအသုံးများကြတာက ချစ်သူများနေ့နဲ့ Easter နေ့ တွေမှာပေါ့။ ပန်းရောင်ကို အချစ်ရဲ့ အရောင်လို့တင်စားကြထားကြတယ်လေ။ ဟိုးအရင်ခေတ် ၁၈၆၈ခုနှစ်တွေဆီနောက်ပြန်ဆုတ်ကြည့်ရရင် “Little Women” ၀တ္ထုနဲ့ နာမည်ကျော်ခဲ့တဲ့  အမေရိကန်စာရေးဆရာမ လူဝီဆာမေအားလ်ကော့ထ်(Louisa May Alcott) ဟာ သူ့ရဲ့ဝတ္ထုမှာရေးထားပါတယ်။ ဇာတ်ကောင်ညီအစ်မသုံးဦးရဲ့အိမ်နီးချင်း လော်ရီက ကလေးအမွှာလေးတွေကို မြင်လိုက်တဲ့အခန်းမှာ “ဘယ်သူကဘာလေးလဲကွယ်”လို့ မေးလိုက်ပါတယ်။ အငယ်ဆုံးမလေး အေမီက ပန်းရောင်ဖဲကြိုးလေးကို မိန်ကလေးမှာချည်နှောင်ပေးလိုက်ပြီး၊ ဖဲကြိုးပြာလေးကိုတော့ ယောက်ျားလေးမှာချည်ပြီး လော်ရီရဲ့အမေးကိုဖြေလိုက်ပါတယ်တဲ့။ အဲဒီသတ်မှတ်ချက်လေးက ၁၈ရာစုကစလို့ပြင်သစ်နိုင်ငံမှာ တွင်ကျယ်ခဲ့ကြတယ်။ ပန်းရောင်က နူးညံ့တဲ့မိန်းကလေးတွေကို ကိုယ်စားပြုတဲ့ ချစ်စရာကောင်းတဲ့အရောင်လေးအဖြစ်နဲ့ပေါ့။ ရင်သားကင်ဆာ သတိပေးအပြည်ပြည်ဆိုင်ရာသင်္ကေတတစ်ခုလည်း ဖြစ်နေပါသေးတယ်။

အာဂျင်တီးနားနိုင်ငံရဲ့ အကြီးဆုံးမြို့တော် ဘွီနိုစ်အဲရီးစ်မှာရှိနေတဲ့ The Pink House ဟာ baby pink အရောင်ရှိပြီး သိပ်ကိုလှပါတယ်။ အမျိုးသားသမိုင်းဆိုင်ရာအထိမ်းအမှတ် အဆောက်အဦးအဖြစ်သတ်မှတ်ထားသတဲ့။ ၁၈၈၂ ခုနှစ်ထဲကစတင်ဆောက်လုပ်ခဲ့ပြီး အခုဆို ၁၂၉နှစ်သက်တမ်းရှိတဲ့အဆောက်အဦးကြီးပါ။ ပြတိုက်အဖြစ်လည်း ဖွင့်လှစ်ပြသထားပါတယ်။ လှပနူးညံ့တဲ့ ပန်းရောင်ကို ကလေးငယ်လေးတွေနဲ့ အမျိုးသမီးတွေမှာ မြင်တွေ့နိုင်ရုံသာမကပဲ အဲဒီလို သမိုင်းဝင်အဆောက်အဦးတွေမှာလည်းတွေ့မြင်နိုင်သေးတာပဲနော်။