Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, May 19, 2011

% တွေ ...


10 % luck
20 % skill
15 % concentrated power of will
5 % pleasure
50 % pain
100 % reason to remember the name

 % တွေဘယ်လိုပဲ ဖြစ်ဖြစ် ...
 % တွေအားလုံးကို လက်ခံရတာပါပဲ။
 % တွေ အားလုံးကိုလည်း ကြိုက်ပြစ်လိုက်ရတာပါပဲ။

Friday, May 13, 2011

စကားလုံးတွေထဲက နင်ဟာ ... ငါ့ရဲ့စိမ်းလန်းတဲ့ကမ္ဘာ

“သဇင်၊ ငါ ပရောဂျက်တစ်ခု လျှောက်ထားတာ သူတို့လက်ခံလိုက်တယ်ဟ၊ ပျော်စရာကြီး၊ နင် ဒီတစ်ခါလည်း ကူညီမယ် မဟုတ်လား”

သဇင့်မျက်ခုံးကွေးကွေးနှစ်ဖက် အပေါ်ကို မြောက်ကနဲ တက်သွားတော့တယ်။

“ဘာလဲ ညီညီ၊ နင့်ရဲ့ ပရောဂျက်က၊ ငါ့ကို အရင်ပြောပြပါဦး၊ နင့်ရဲ့ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး၊ အပင်၊ ပလတ်စတစ်ဗူးတွေ၊ အင်စတော်လေးရှင်းတွေ၊ အီကိုအာထ့်(Ecoart) တွေ၊ အဲဒါတွေထဲက တစ်ခုခုနဲ့ ငြိနေတဲ့ ပရောဂျက်ပဲလား”

Saturday, May 07, 2011

မေမေရေးတဲ့ “အမေ့အကြောင်း”

အမေ့ကိုလဲ လွမ်းပါတယ်...

ကျမ အဖေ့ကို လွမ်းလိုက်တာ လို့ ပြောမိတော့ အမေ့ကို မလွမ်းရာကျနေ မစိုးလို့ ခုပဲ လွမ်းလိုက်ပါတော့မယ်..။ တကယ်လဲ အမေ့ကိုလွမ်းထိုက်ပါတယ်။

အမေက ကျမတို့ မောင်နှမ ၃ ယောက်စလုံးကို စာပေ၀ါသနာအထုံပါအောင် မျိုးစေ့ချပေးခဲ့တာမို့လား။
ဟုတ်ပါတယ်။မေမေက အလွန်စာဖတ်ဝါသနာကြီးးသူဖြစ်ပီးတော့ ..ဖတ်လိုက်ရင်လဲ ပေါ့ပေါ့တန်တန် ထဲက မဟုတ်ပဲ ..ဇတ်နိပါတ် ဒီပနီ စတဲ့  ဘာသာရေး စာအုပ်တွေဆိုတော့ ကျမတို့  မောင်နှမ ၃ယောက်ကလဲ ငယ်ငယ်ကတည်းက စာကြီး ပေကြီး တွေနဲ့  ရင်းနှီးနေတာပေါ့ ။ အမေ က ပရိတ်ကြီး ၁၁ သုတ်၊ ပဋ္ဌာန်းတရားတော် နဲ့  ဘုရားရှိခိုးအမျိုးမျိုးကို အာဂုံ ဆောင်နီုင်သူဖြစ်ပါတယ် ။ပရိတ် တမျိုးစီရဲ့  ဖြစ်စဉ်ကိုပါ ပုံပြင်သဖွယ် စုံစုံလင်လင် ပြောပြတတ်ပါတယ်။ ဥပမာ ..၀ဋ်ဋသုတ် ဆိုရင် အတောင်မပေါက်သေးတဲ့  ဘုရားလောင်း ငုံးမင်း မိခင်ဘခင်တွေနဲ့  ကွဲကွာသွားရာမှာ သစ္စာတန်ခိုးကြောင့် တောမီးကပင် ရှောင်ကွင်းသွားရပုံကို နားထောင်ချင့်စဖွယ် တခန်းတနား ပြောပြတတ်တာပါ။ ကျမဖြင့် ငုံးကလေးကို သနားလွန်းလို့  မျက် ရည်တွေ ဝေ့၀ဲကျလာတော့တာပဲ။ အင်္ဂုလိမာလသုတ်ဆိုရင်လဲ လူဆိုးကြီး သူ့ အမေနောက် အပြေးလိုက်ပုံသရုပ်ဖေါ်ပြောပြတာကိုက ကျမတို့  မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင် လာတော့တာလေ။

ဟေး..လိုက်ဟ ..လိုက်ဟ...ဒိန်း ..ဒိန်း ဒိန်း..ဒိန်း..လိုက်ဟ..လိုက်ဟ .ဒိန်း..ဒိန်း.. လို့ အသံထည့်ပြောလိုက်ရင်ပဲ တခါထဲ ကျမတို့ မောင်နှမတတွေ ထပြေးရမလို ။ တကယ်ပဲ ယောင်မှားကုန်ကြရတယ်။ သိဝိဘုရင် ဥမ္မာဒန္ဒီကိုမြင်ပီး ရူးသွတ်သွားပုံကိုလဲ
သရုပ်ဖေါ်ကောင်းလိုက်တာု မပြောပါနဲ့ တော့  ။ ကျမတို့ အားလုံး ရူးချင်လာတော့တာပဲ ။

မေမေရေးတဲ့ “အဖေ့အကြောင်း”

အဖေ့ကိုလွမ်းလိုက်တာ ....
မေမေ ငယ်ငယ်တုံးက
ဟုတ်တယ်၊ အဖေ့ကို သိပ်လွမ်းတာပဲ။ အထူးသဖြင့် ခုလို လပြည့်ညများမှာဆို ..ကျမ အဖေ့ကို သိပ်လွမ်းခဲ့ ရပါတယ်။ မှတိမိသေးတော့တယ်။ ကျမရဲ့  မွေးရ့ပ်မြေ ..
အညာမြို့ လေးတမြို့ ကိုပေါ့။ “ဘုတလင်” တဲ့ ။ ( သိန်းဖေမြင့်ရဲ့  ဇာတိဆိုလဲ မမှားပါဘူး။ သူ့  “အညာပြန် “ ဆောင်းပါးမှာ ကျမတို့ သားအဖ သူတည်းခိုရာအိမ်ကို လာရောက်တွေ့ ဆုံ နှုတ်ဆက်တဲ့ အကြောင်း ထည့်သွင်းဖေါ်ပြခဲ့ ပေမဲ့  ကျမတို့  မိဘများဆီ လာရောက်တွေ့ ဆုံနှုတ်ဆက်တာကိုတော့ ဖေါ်ပြထားခြင်းမရှိပါဘူး။
ကျမက ငယ်သေးလို့  သိပ်မသိပေမဲ့  ရယ်လိုက်ရင် “အဟက် ..အဟက်..” နဲ့  အသံထွက်တတ်တဲ့  “သိန်းဖေမြင့်” ကို ကောင်းကောင်း မှတိမိနေပါတယ်။ အဲ ..စကားကလဲ ... ပြောရင်း ဘယ်ရောက်သွားပါလိမ့် ။ အော်...ဘုတလင် ။

ဘုတလင်မြို့ မှာ “ရန်အောင်မြင် “ဘုရားဆိုတာရှိပါတယ်။ သင်္ကြန်ကျရင် “ရန်အောင်မြင်”ဘုရားထဲ သိကြားမင်းခေါင်းပြတ်ကြီး ကျလာတယ် ပြောကြလို့  ကြောက်ကြောက်နဲ့  ပြေးပြေးကြည့်ရတာ အမောပါ။ မတွေ့ မှ ခရေပန်းတွေ တဆုပ်ကြီးကောက်ပြီး ပြန်ခဲ့ ရတယ်။ အရပ်ထဲက ခလေးတွေအချင်းချင်း ပြောတြတာပါ။

ချစ်ရတဲ့ မေမေ နှင့် အမေများ အားလုံး သို့ ရည်စူးလျှက်

ကျွန်မရေးတဲ့ “မေမေ့အကြောင်း”

အမေများနေ့ သူငယ်ချင်းတွေရေးထားတဲ့ အမေအကြောင်းလေးတွေဖတ်ရတော့ မေမေ့ကို ပိုသတိရမိတယ်၊
အမြဲတမ်း အချိန်တိုင်း သတိရနေတတ်ပေမဲ့ ဒီနေ့တော့ မေမေ့စာလေးတွေပြန်ရှာဖတ်ပြီး လွမ်းမိတယ်။
ကျွန်မ စာတွေ ရေးချင်တာတွေ့ကရာလျှောက်ရေးနေဖြစ်ပေမဲ့ ကျွန်မဖေဖေနဲ့ မေမေ အကြောင်းတော့ခုထိ မရေးဖြစ်ခဲ့သေးဘူး။ မေမေ ရေးထားတဲ့ မေမေ့ အဖေ၊ အမေ အကြောင်းလေးတွေ ဖတ်ဖြစ်တိုင်း ငယ်ငယ်က မေမေ့ပုံစံလေးကို မြင်မိတယ်။ မေမေက မိသားစုဘ၀နဲ့ သားသမီးတွေကို သိပ်ချစ်ခဲ့ပေမဲ့ မေမေ့ရဲ့ ဘ၀ကိုတော့ စိတ်တိုင်းမကျခဲ့ဖူးထင်တယ်။ မေမေဖြစ်ချင်တာက တက္ကသိုလ်ကဆရာမကြီးလို၊ အမျိုးသမီးသံတမန်တွေလို။ အန်တီစု အမေ ဒေါ်ခင်ကြည်ကိုလည်း သိပ်သဘောကျပြီး ချစ်ရှာတယ်။ “မေမေတို့ ခေတ်တုံးကလေ Girl Guide ဌက်ပြာမယ်ဆိုတာရှိတယ်၊ ဗိုလ်ချုပ်ကတော်က ဥက္ကဌပေါ့လို့” အစချီပြီး ခဏခဏပြောပြလေ့ရှိတယ်၊

Thursday, May 05, 2011

ဘင်လာဒင်မရှိတော့တဲ့ ကမ္ဘာထဲမှာ သူတို့က ဒီလို .... ပြောကြတယ်

Shown here is a view of Usama bin Laden's compound in Abbottabad, Pakistan, on May 3.
Photo from Fox news
အယ်လ်ကေးဒါးခေါင်းဆောင် အိုစမာဘင်လာဒင်ကို ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းက အဘော့တာဘက်ဒ်မြို့တော်မှာရှိတဲ့ ခြံဝန်းတစ်ခုမှာ အမေရိကန်အထူးတပ်ဖွဲ့က စီးနင်းသတ်ဖြတ်ခဲ့ပါပြီ။ အဘော့တာဘက်ဒ်မြို့တော်ဟာ အော်ရှပ်တောင်ကြားမှာရှိပြီး သစ်ပင်တွေပေါများတယ်၊ ရာသီဥတုကောင်းမွန်တယ်၊ အဆင့်မြင့်ပညာရေးအခြေစိုက်အဖွဲ့အစည်းတွေနဲ့ စစ်တပ်အဖွဲ့အစည်းတွေ ရှိတယ်၊ ပါကစ္စတန်နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့နေရာတစ်နေရာဖြစ်တယ်လို့ ဆိုတယ်။ မေလ ၁ ရက်နေ့ ညနက်ပိုင်းမှာ အမေရိကန်အထူးတပ်ဖွဲ့ရဲ့ ရဟတ်ယာဉ်တွေ ဟာ ခြံစည်းရိုးမြင့်မြင့်ကာရံထားတဲ့ ဘင်လာဒင်ရှိနေတဲ့ ခြံဝန်းနဲ့ နီးနိုင်သမျှ နီးအောင် နိမ့်နိမ့်လေး ပျံသန်းပြီး ပစ်ခတ်ခဲ့ကြပါတယ်။ ခြံဝန်းအတွင်းဝင်ရောက်ပြီး ဘင်လာဒင်ရဲ့ ဦးခေါင်းကို ပစ်သတ်နိုင်ခဲ့ကြတယ်။ အေးချမ်းလှပတဲ့ တောင်ကြားလမ်းတွေနဲ့ အဘော့တာဘက်ဒ်မြို့တော်ထဲက ငိုက်မြည်းနေတဲ့ ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုမှာ ... အဲဒီညက သေနတ်သံတွေနဲ့ တုန်လှုပ်ခြောက်ခြားစွာလန့်နိုးခဲ့ကြပါပြီ။

Monday, May 02, 2011

စာရေးခြင်းအလုပ်

“စာရေးခြင်း အလုပ်ဆိုတာ ခဏ တစ်ဖြုတ် လမ်းကြုံလို့ ၀င်လုပ်ရမယ့် အလုပ်မျိုး မဟုတ်ဘူး။ အပျင်းပြေ ၀င် လုပ်ရမယ့် အလုပ်မျိုး မဟုတ်ဘူး၊ အားအားယားယား ရှိလို့ ၀င်လုပ်ရမယ့် အလုပ်မျိုး မဟုတ်ဘူး။ တကယ့်ကို စွဲစွဲမြဲမြဲ လုပ်ရမယ့် အလုပ်၊ အချိန်မရွေး လုပ်ရမယ့် အလုပ်၊ တစ်သက်လုံး လုပ်နေရမယ့် အလုပ်” လို့ ဆရာမြသန်းတင့်က ပြောခဲ့တယ်တဲ့၊ မေလထုတ် ရွှေအမြုတေမဂ္ဂဇင်းက ဆရာမင်းချမ်းမွန်ရဲ့ “စာရေးဆရာတဲ့လား” စာမူလေးကိုဖတ်ကြည့်ပြီး သဘောကျလို့၊
ပျင်းနေတတ်တဲ့ ကိုယ့်ဘာသာသတိပေးချင်လို့ပါ။

မှတ်ချက် - စာရေးတာကိုကြိုက်တယ်။