Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, October 20, 2015

ခရီးသွားသတင်းများ

တိုက်တန်းနစ်သင်္ဘောပေါ်က နောက်ဆုံးနေ့လယ်စာ
ကြမ္မာဆိုးကြုံခဲ့ရတဲ့ တိုက်တန်းနစ်သင်္ဘောကြီးရဲ့ နောက်ဆုံး first-class နေ့လယ်စာစားသောက်ဖွယ်စာရင် မူရင်းကို အွန်လိုင်းလေလံတင်ပွဲတစ်ခုကနေ စုဆောင်းသူတစ်ဦးဆီ ဒေါ်လာ ၈၈၀၀၀ နဲ့ ရောင်းချခဲ့ပါတယ်။ အဲဒီစာရင်းစာရွက်ကို ပထမတန်းခရီးသည် Abraham Lincoln Salomon က သိမ်းဆည်းဖြစ်ခဲ့တာပါ။ သူဟာ တိုက်တန်းနစ်သင်္ဘော အတ္တလန်တစ်ရဲ့ ကျင်စက်အေးခဲနေတဲ့ရေခဲတွေပြည့်နေတဲ့ရေထဲ စတင်နစ်မြုပ်ခဲ့တော့ အသက်ကယ်လှေတစ်စင်းပေါ်နေရာယူခဲ့ကြတဲ့ သူဌေးသူကြွယ်ထဲက တစ်ဦးပါ။ အဲဒီအသက်ကယ်လှေကို "ငွေလှေ" "မီလျံနာတွေရဲ့လှေ"လို့တောင် ခေါ်ခဲ့ကြတယ်။

အသည်းနှလုံးနဲ့ ဖမ်းစားဖိတ်ခေါ်နေတဲ့

"ချင်း" တို့ရဲ့နေရာ


(မေမေ့ရဲ့စာ)

စစ်သူကြီးနပိုလီယံရဲ့လှို့ဝှက်ကျွန်းဆီ

လွန်ခဲ့တဲ့နှစ် ၂၀၀ နီးပါးခန့်မှာ ဗြိတိသျှစစ်သင်္ဘောတစ်စင်းဟာ ပြင်သစ်စစ်ဗိုလ်ချုပ်ကြီး နပိုလီယံဘိုနာပတ်ကို လွတ်မြောက်ဖို့လမ်းမမြင်နိုင်တဲ့ စိန့်ဟယ်လန်နာကျွန်းဆီ ပို့ဆောင်နယ်နှင်ဒဏ်ပေးခဲ့ပါတယ်။ ဒီနေ့ခေတ်လိုဆိုရင်တော့ တောင်အတ္တလန်တစ်အလယ်ပိုင်း အဲဒီခပ်သေးသေး မီးတောင်ကျွန်းလေးကနေ လွတ်မြောက်ဖို့လမ်းစ နယိုလီယံ ရှာတွေ့နိုင်မှာပါ။ စိန့်ဟယ်လန်နာကျွန်းဟာ အားကြီးတဲ့ဗြိတိသျှအင်ပါယာရဲ့ ပြန့်ကျဲသိမ်းပိုက်ထားခဲ့တဲ့ပိုင်ဆိုင်မှုတွေထဲကတစ်ခုပါ။ အာဖရိကနဲ့ တောင်အမေရိကကြားမှာတည်ရှိနေတဲ့ သီးခြားကျွန်းလေးပါ။ နပိုလီယံခေတ်ကတော့ ဥရောပကနေ စိန့်ဟယ်လန်နာကျွန်းဆီကို ရောက်ရှိဖို့ အချိန်အတော်ကြာခဲ့တယ်ဆိုတာ ချဲ့ကားပြောခဲ့ကြတာမဟုတ်ပါဘူး။ တချိန်က စိန့်ဟယ်လန်နာကျွန်းဟာ ဥရောပနဲ့ အာရှကြား အငူဝန်းကျင်လမ်းကြောင်းကနေ ခေါက်တုံ့ခေါက်ပြန်ရွက်လွှင့်ခဲ့ကြတဲ့ သင်္ဘောတွေရဲ့ ရပ်နားရာ အရေးကြီးဆိပ်ကမ်းတစ်ခုဖြစ်ခဲ့တယ်။ 

အိပ်စက်ခြင်းကပြောတဲ့ ကိုယ့်ရဲ့ကျန်းမာရေး


            ညတွေမှာ အိပ်ရာဝင်နောက်ကျတတ်လား။ နေ့တွေမှာရော တစ်မှေးမှေးရင်းက တစ်နေ့လုံးမှေးအိပ်လို့ မဝဖြစ်နေမလား။ ကိုယ့်ရဲ့အိပ်စက်အနားယူခြင်းကနေ ကျန်းမာရေးအကြောင်းဘာတွေပြောပြမလဲ သိချင်နေမှာပဲ။ တစ်ညကို ၇ နာရီကနေ ၉ နာရီကြား အိပ်လား။ ကျွမ်းကျင်သူတွေပြောတာကတော့ ကိုယ်တို့ရဲ့ စိတ် နိုးကြားတက်ကြွနေစေဖို့၊ ကိုယ်တို့ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ ညီညွတ်နေစေဖို့ အဲဒီပမာဏာက ပျှမ်းမျှလိုအပ်ပါတယ်တဲ့။ ဒါပေမဲ့ အများစုကတော့ ပျှမ်းမျှလိုအပ်သလောက် အလုံအလောက် အိပ်စက်ဖို့ပျက်ကွက်နေကြရတယ်။ ယူအက်စ်မှာ ဥပမာအားဖြင့် လူဦးရေတစ်ဝက်လောက်ဟာ ရက်သတ္တတစ်ပတ် အလုပ်ချိန်ငါးရက်တာမှာ အိပ်ချိန်ဟာ  ၇နာရီထက်နည်းကြတယ် လို့ 2013 International Bedroom Poll မှာဖော်ပြထားပါတယ်။ လိုအပ်နေတဲ့အိပ်ချိန်ပြန်ပြီး ဖြည့်တင်းဖို့  နေ့ခင်းဘက်တွေမှာ တစ်မှေးမှေးတာ ဒါမှမဟုတ် စနေ၊ တနင်္ဂနွေနားရက်တွေမှာ အနားယူတာတွေပြုလုပ်ကြတယ်။ အစားထိုးဖြည့်တင်းတာဟာ ကိုယ်တို့ပိုင်ဆိုင်တဲ့ခန္ဓာကိုယ်ကို အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုဖြည့်တင်းတာတွေ သိပ်ကိုများများလာရင် ငုပ်လျှိုးနေတတ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုရဲ့ လက္ခဏာတစ်ခုလိုတောင် ဖြစ်သွားနိုင်သေးတယ်။

Monday, October 19, 2015

အရှေ့က နေဝန်းထွန်းသည့်ပမာ တို့ခေတ်ကိုတော့ ရောက်ရမည်မလွဲပါ

(မေမေရေးတဲ့စာ)
နိုဝင်ဘာလ ဂရက် နေ့
ရွေးကောက်ပွဲ နီးလာပြီ။
ကျွန်မတို့  မဲပေးကြရတော့မယ် တဲ့။ 

ဘယ်သူ့ကို မဲပေးမလဲ။ ဘယ်ပုံးထဲကို ထည့်မလဲ။ အဲဒါ တကယ့်ပြဿ န
ကျွန်မငယ်ငယ်က ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက်ကထင်သည်။ မဲတစ်ခါပေးဖူးသည်။ ဆန္ဒခံယူပွဲလားမသိ။ ဒီနောက် နာဂစ်မှာ တစ်ခါ မဲပေးရသည်။ ကျွန်မပေးလိုက်သည့်မဲ ဘယ်ရောက်သွားသည်ကို ကျွန်မ ဘယ်လိုလုပ် သိနိုင်ပါမည်လဲ။ ဘယ်သူကော  အတိအကျ သိနိုင်ပါမည်လဲ။ ရွေးကောက်ပွဲတွေကို ကျွန်မ မယုံကြည်။ 
ရွေးကောက်ပွဲ ဘာကြေင့်လုပ်သနည်း.။ 
အပြောင်း အလဲကို လိုချင်ကြလို့  ။ 

Friday, October 02, 2015

ဂီတသတင်းများ

ဂျက်ပ်စန်က မတူလို့ မတုချင်ပါဘူးတဲ့
အသက် ၂၉ နှစ်အရွယ် ကနေဒီးယန်းအဆိုရှင်လေး Carly Rae Jepsen ဟာ Taylor Swift ကို ပြိုင်ဆိုင်ဖို့ မကြိုးစားပါဘူးလို့ ဆိုပါတယ်။ ဂျက်ပ်ဆန်ရဲ့ Emotion အယ်လ်ဘမ်အသစ်မှာ ၈၀ခုနှစ်က ပေါပ့်ဂီတပုံစံမျိုးပါဝင်နေတော့ တေလာဆွစ်ဖ်ရဲ့ 1989 အယ်လ်ဘမ်နဲ့ နှိုင်းယဉ်စရာတွေဖြစ်ခဲ့တာပေါ့။  1989 လို့ အယ်လ်ဘမ်နာမည်ပေးခဲ့တာက တေလာဆွစ်ဖ် ရဲ့ မွေးသက္ကရာဖ်ကို ယူပြီးပေးခဲ့တာပါ။ 1989 အယ်လ်ဘမ်ဟာလည်း ၈၀ခုနှစ်ဆီကခေတ်စားခဲ့တဲ့ ပေါ့ပ်သီချင်းအမျိုးအစားတွေပါ။ ဂျက်ပ်စန်ဟာ အသက် ၂၅ အရွယ် နာမည်ကျော်လေးတေလာရဲ့အမာခံပရိသတ်ဖြစ်နေပေမယ့် သူတို့ရဲ့ သီချင်းသံတွေ သိပ်တူလွန်းတယ်လို့ မထင်ခဲ့ပါဘူး။ "နှိုင်းယှဉ်စရာ လိုမယ်လို့ကို တကယ် မထင်ခဲ့ပါဘူး လို့ ရှင်းပြပါတယ်။ "တေလာက တကယ့်ကို ထူးခြားလွန်းတဲ့ အယ်လ်ဘမ်ထုတ်နိုင်ခဲ့တာပါ။ ဒါပေမဲ့ သူတို့ဟာ ကွဲပြားတဲ့သီချင်းအမျိုးအစားတွေဖြစ်ပြီး အကုန်လုံးအတွက် နေရာရှိတယ်လို့တော့ ကျွန်မထင်တာပဲ" လို့ ဂျက်ပ်ဆန်က ပြောပါတယ်။

ခရီးသွားသတင်းများ

ကမ္ဘာ့အရှည်ကြာဆုံး မရပ်မနား လေယာဉ်ခရီးသွား

Emirates လေကြောင်းလိုင်းရဲ့ နောက်ထပ် အသာလွန်ဆုံးခရီးစဉ်တစ်ခု ပုံကြမ်းစတင်ရေးဆွဲလိုက်ပါပြီ။ ဒူဘိုင်းအခြေစိုက်လေကြောင်းဟာ ကမ္ဘာ့အရှည်ကြာဆုံးလမ်းကြောင်းအဖြစ် မရပ်မနားတမ်းပျံသန်းမယ့် ပုံမှန်လေကြောင်းခရီးစတင်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ ၂၀၁၆ ဖေဖေါ်ဝါရီ ၁ ရက်နေ့က စတင်ပြီး ဒူဘိုင်းနဲ့ ပနားမားမြို့တော်ဆီပျံသန်းမှာပါ။ အဲဒီလေကြောင်းခရီးဟာ မကြုံစဖူးထူးကဲတဲ့ အနောက်ဘက်စူးစူးဆီ ၁၇ နာရီ၊ ၃၅ မိနစ် ကြာပျံသန်းမယ့် ခရီးစဉ်ဖြစ်တယ်လို့ လေကြောင်းက ပြောပါတယ်။ ခရီးအကွာအဝေးဟာ ခန့်မှန်းခြေ ၁၃၈၀၀ ကီလိုမီတာ(၈၅၈၀ မိုင်)ရှိတယ်လို့ webflyer.com မှာ ဖော်ပြထားတယ်။

ကျန်းမာလန်းဆန်း ဟင်းသီးဟင်းရွက်အစွမ်း

 ကိုယ့်ရဲ့ဈေးဝယ်ရမယ့် စာရင်းစာရွက်လေးရဲ့ ထိပ်ဆုံးတွေမှာ antidoxidant ကြွယ်ဝပေါများစွာထုတ်ပေးနိုင်တာလေးတွေနေရာပေးထားရမှာပေါ့။ ကိုယ်နေ့စဉ်မဝယ်မဖြစ်၊ မသုံးမဖြစ်သုံးနေရတဲ့ဟင်းသီးဟင်းရွက်တွေဟာ ကျန်းမာရေးအတွက် ဘာတွေအကူအညီပေးနေလဲ သိထားရတာလည်း စိတ်ဝင်စားစရာကောင်းလှတယ်။

ကြက်သွန်နီ (Onions)

အမေရိကနာမည်ကြီး စက်ရုံတွေဆီ ခရီးသွားခြင်း

(Living Fashion Magazine, October, 2015)
ကမ္ဘာ့စီးပွားရေးအပေါ် နရီတေးသွားအလိုက်မှီတွယ်နေတဲ့ ယူအက်စ်ကုန်ထုတ်လုပ်ရေးကလည်း ပြန်ခုန်တက်လာမလား ဒါမှမဟုတ် အခြေအနေဆိုးဆီကိုပဲ ရှောင်မလွှဲသာ ဦးတည်သွားလေမလား လို့ ဘရွတ်ကလင်းမှာရှိတဲ့ ဟိုလ်ဒန်းဆိုတဲ့ တက်တူးယှက်ဖွဲ့ ပုံဖော်သူတစ်ဦးက ခန့်မှန်းနေတယ်။ အမေရိကန်ကုန်ပစ္စည်းထုတ်လုပ်သူတချို့ဟာ လုပ်ငန်းတွေ လှုပ်ရှားသွက်လက်နေဖို့ ဆာလောင်နေကြတယ်ဆိုတာမငြင်းနိုင်တဲ့အချက်ပါ။ သူတို့စက်ရုံတွေရဲ့ ကန့်လန့်ကာတွေကို ပြန်ပြီးဆွဲတင်ချင်နေတယ်။ ဧည့်သည်တွေကိုစက်ရုံတွေရဲ့လှုပ်ရှားမှုတွေကို ပြသချင်လာကြတယ်။ နာမည်ကြီးထုထ်ကုန်တွေရဲ့ စက်ရုံတွေကို ခရီးစဉ်တစ်ခုအဖြစ်လေ့လာကြည့်ရှုရတာဟာ သမိုင်းကြောင်းဒဏ္ဍာရီတွေထဲနောက်ပြန်လှည့်ကြည့်ရတဲ့အရသာနဲ့ ကွဲပြားနေတယ်။ ဒီခေတ်စနစ်ထဲမှာပဲ လှုပ်ရှားလှည့်လည်ရင်းနဲ့ မှတ်သားစရာတွေသိမ်းဆည်းနိုင်တာ ဒီစက်ရုံခရီးသွားရဲ့ ထူးခြားချက်တစ်ခုပါ။ Made in U.S.A ကုန်ပစ္စည်းတွေထုတ်လုပ်တဲ့ခရီးစဉ်ဟာ စက်ယန္တရား၊ စိတ်အားထက်သန်စရာနဲ့ စိတ်လှုပ်ရှားပျော်ရွှင်စရာတွေရရှိမယ့် ခရီးတစ်ခုဖြစ်နေမှာပါ။ ၂၀၀၆ ခုနှစ်က ထုတ်ခဲ့တဲ့ Watch it Made in the U.S.A.: A Visitor's Guide to the Best Factory Tours and Company Museums စာအုပ်ကိုရေးသားခဲ့သူ ဘရုစ်ဘရုမ်ဘာ့ဂ် ရဲ့ ဇနီး ကာရန်အက်ဇယ်လ်ရော့ဒ် ရွေးချယ်ထားတဲ့ အမေရိကနာမည်ကြီးစက်ရုံတချို့ဆီ ခရီးတစ်ခုသွားကြည့်ရအောင်နော်။