Orthodox ခရစ်ယာန်တွေအများဆုံးရှိကြတဲ့ ဆားဘီးယားမှာ ခရစ်စမတ်နေ့ကို ဇန်နဝါရီ ၇ ရက်နေ့မှာ ကျင်းပကြတယ်။ ရုံးပိတ်ရက်ပါ။ ခရစ်ယာန်ကျမ်းစာအလိုအရ Jesus Christ မွေးဖွားတဲ့ရက်အထိမ်းအမှတ်ပြုလုပ်ကြတာပါပဲ။ ဒါပေမဲ့ အော်သိုဒေါစ့်ခရစ်ယာန်တွေက 45 BC က Julius Caesar ဖန်တီးထားခဲ့တဲ့ ရှေးကျတဲ့ Julian Calendar ကိုအသုံးပြုထားတော့ ဇန်နဝါရီ ၇ ရက်ကို ခရစ်စမတ်နေ့အဖြစ်တွက်ထားကြတယ်။ အနောက်နိုင်ငံအများစုက ခရစ်ယာန်တွေအတွက်ကတော့ Pope Gregory ၁၅၈၂ ခုနှစ်က မူလ မိတ်ဆက်ခဲ့တဲ့ Gregorian Calendar အရ ဒီဇင်ဘာ ၂၅ ရက်နေ့ဟာ ခရစ်စမတ်နေ့ပေါ့။
Showing posts with label အထွေထွေမှတ်စု. Show all posts
Showing posts with label အထွေထွေမှတ်စု. Show all posts
Saturday, January 06, 2018
Thursday, September 15, 2016
ဗိုလ်ချုပ်ပြတိုက်ရဲ့ အခင်းအကျင်း
သမိုင်းဝင်ဗိုလ်ချုပ်အောင်ဆန်ပြတိုက်ဟာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာတည်ရှိပါတယ်။ ပြတိုက်ဟာ ခေတ်မီမြန်မာနိုင်ငံကို တည်ထောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းကို ရည်စူးဂုဏ်ပြုဖွင့်လှစ်ထားတာပါ။ နှစ်ထပ်ရှိတဲ့အဆောက်အဦဖြစ်ပြီး ၁၉၆၂ မှာ ဗိုလ်ချုပ်ရဲ့ နေအိမ်ကို ပြတိုက်အဖြစ်ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင်၊ ဗိုလ်ချုပ်လုပ်ကြံသတ်ဖြတ်ခံရချိန် မတိုင်ခင်အထိ အဲဒီအိမ်မှာပဲ နေထိုင်သွားခဲ့ပါတယ်။ နေအိမ်ပုံစံကတော့ ကိုလိုနီခေတ်က အပမ်းဖြေအိမ်ပုံစံမျိုးပါ။ ၁၉၂၁ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ အဲဒီနေအိမ်မှာပဲ ဗိုလ်ချုပ်ရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ကြီးပြင်းခဲ့တာပါ။ ပြတိုက်အခင်းအကျင်းကိုတော့ ဗိုလ်ချုပ်အောင်ဆန်ရဲ့ လူကြီးဘဝသက်တမ်းခပ်တိုတိုကာလလေးကို အဓိကထားပြသထားတာပါ။ မကွေးတိုင်း၊ နတ်မောက်မြို့နယ်က ဗိုလ်ချုပ်အောင်ဆန်းမွေးဖွားခဲ့ရာနေအိမ် ပြတိုက်ကိုတော့ သူ့ရဲ့ ငယ်ဘဝနဲ့ မိသားစု အမှတ်တရပစ္စည်းလေးတွေစုဆောင်းပြီး ပြတိုက်၂ခုလုံးကို အသက်ထင်ရှားရှိစဉ်က ဘဝအနေအထားနဲ့ လိုက်ဖက်ညီအောင် အခင်းအကျင်းပြင်ဆင်ထားခဲ့ကြတယ်။
Thursday, October 02, 2014
Where there is love there is life !
![]() |
Mohandas Karamchand Gandhi (2 October 1869 – 30 January 1948) |
နိုင်ငံတကာ အကြမ်းမဖက်ရေးနေ့ (International Day of Non-violence)
အောက်တိုဘာ ၂ ရက်နေ့ဟာ မဟတ္တမ ဂန္ဓီ (Mahatma Gandhi) ရဲ့ မွေးနေ့ပါ။ အိန္ဒိယမှာတော့ Gandhi Jayanti လို့ ခေါ်ကြတယ်။ ၂၀၀၄ ဇန်နဝါရီမှာ နိုဘယ်လ်ဆုရ အီရန်စာဆိုတော် Shirin Ebadi ဟာ World Social Forum အတွက် ဘုံဘေကိုရောက်ရှိနေစဉ် ပါရီမှာ နိုင်ငံတကာကျောင်းသားတွေကို သင်ကြားပေးနေတဲ့ ဟိန္ဒူဆရာတစ်ဦးဆီက နိုင်ငံတာအကြမ်းမဖက်ရေးနေ့အတွက် အကြံပြုစာကိုရရှိခဲ့တယ်။ အဲဒီအကြံပြုချက်ကို အိန္ဒိယ ကွန်ကရက်ပါတီ ခေါင်းဆောင်တွေကလည်း တဖြည်းဖြည်းနဲ့ စိတ်ဝင်စားလာခဲ့ကြတယ်။ ၂၀၀၇ ဇန်နဝါရီလ၊ နယူးဒေလီမှာ ပြုလုပ်ခဲ့တဲ့ Satyagraha ညီလာခံမှာ ဆိုနီယာဂန္ဓိ နဲ့ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး တို့ဟာ UN ကို အဲဒီအကြံပြုချက်ကို အတည်ပြုသတ်မှတ်ဖို့ နှိုးဆော်ပါတယ်။ ၂၀၀၇ ဇွန် ၁၅ ရက်နေ့မှာ အောက်တိုဘာ ၂ ရက်နေ့ကို International Day of Non-violence အဖြစ် သတ်မှတ်ဖို့ ယူအန် အဖွဲ့ဝင်နိုင်ငံတွေ မဲပေးခဲ့ကြတယ်။ UN ဟာ ဇွန် ၂၅ မှာပဲ ဂန္ဓီရဲ့ မွေးနေ့ အောက်တိုဘာ ၂ ရက်နေ့ကို International Day of Non-violence အဖြစ် သတ်မှတ်လိုက်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။
Thursday, September 25, 2014
စစ်ပွဲတွေကို ရပ်ပြစ်
(ပိုစ့်အဟောင်းပါ။ မေမေက ပြန်တင်စေချင်တာနဲ့)
Stop the Wars
Stop the Wars
ယနေ့ ကမ္ဘာကြီးဟာစစ်ပွဲတွေနဲ့ပဲ ထုံမွှန်းနေပြီ။ ပြည်တွင်းက ကချင်ဒေသ ထိုးစစ်ဟာ အနီးကပ်ဆုံးပြနိုင်တဲ့ သာဓကတစ်ခုဖြစ်ပြီး ကမ္ဘာအရပ်ရပ်က ဘယ်နေရာ ဘယ်ဒေသမှာမဆို စစ်ပွဲတွေက ကြောက်ခမန်းလိလိ တိုးပွားလာနေတာမို့ လူ့အသက်ဟာ ဖက်ရွက်လောက်ပင် တန်ဘိုးမရှိတော့ဘူးလားလို့ မေးချင်မိတယ်။
စစ်ဘာ့ကြောင့်ဖြစ်
စစ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို ရှာကြည့်ရင်
အမုန်းကြောင့်။ အချစ်ကြောင့်။ ဘာသာအယူဝါဒကြောင့်။
ရေကြောင့်။ မြေကြောင့်။ ရေနံကြောင့်။
နယ်မြေလုယက်မှု သူပိုင် ငါပိုင်ငြင်းခုံမှု ကြောင့်။
လူမျိုးရေးကြောင့် စသည် ခေါင်းစဉ်တွေ တသီကြီး ပေးရလောက်အောင် အမယ်က စုံနေတယ်။
အမှန်တော့ အတ္တကြောင့်ပါဘဲ။
ပုထုဇဉ်လူသားတိုင်းဟာ သူရော ကိုယ်ရော အတ္တအကျိုးကို ရှေ့တန်းတင်တတ်ကြသူချည်းပါဘဲ။
ဒါပေမဲ့ မိမိကိုယ်ကို ဘာသာရေးနဲ့ ထိန်းကွပ်နိုင်ရမယ်။
တခါက ကျွန်မဖတ်ခဲ့ဖူးတယ်။
"ဘာသာရေးက ကမ္ဘာ့ငြိမ်းချမ်းရေးကို ဘာတွေများဆောင်ရွက်ပေးနိုင်မလဲ"တဲ့။
ပညာရှင်တစ်ဦးကလဲ “ကမ္ဘာ့ ငြိမ်းချမ်းရေးဟာ ဘာသာရေးထက် ပိုအရေးကြီးတယ်” တဲ့။
"ဘာသာရေးက ကမ္ဘာ့ငြိမ်းချမ်းရေးကို ဘာတွေများဆောင်ရွက်ပေးနိုင်မလဲ"တဲ့။
ပညာရှင်တစ်ဦးကလဲ “ကမ္ဘာ့ ငြိမ်းချမ်းရေးဟာ ဘာသာရေးထက် ပိုအရေးကြီးတယ်” တဲ့။
ကျွန်မကတော့ ဒီလို မထင်ဘူး။ ကမ္ဘာ့ငြိမ်းချမ်းရေးဟာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ ခေါင်းးစဉ်အောက်မှာ ရှိရပါမယ်။ ထေရ၀ါဒဟာ စစ်ပွဲ တွေကို မီးထိုးမပေးဘူး။ ငြိမ်းအေးစေတယ်ဆိုတာ ဇာတ်တော်တွေထဲမှာ သာဓက မြောက်များစွာ ရှိတယ်။ ဗုဒ္ဓရဲ့အဆုံးအမ သြ၀ါဒတွေကို တိကျစွာ လိုက်နာနိုင်မယ်ဆိုရင် စစ်ပွဲ ဆိုတာ ဘယ်နေရာမှာမှ မဖြစ်နိုင်ဘုး။ ငြိမ်းချမ်းရေးဆိုတာဟာလဲ အထူးတလည် ရှာဖို့ မလိုဘဲ မိမိတို့ရဲ့ လက်တစ်ကမ်းမှာသာရှိတယ်လို့ အခိုင်အမာ ပြောလိုက်ပါရစေ။ ဘာသာတရားကသာ ငြိမ်းချမ်းရေးကိုဦးဆောင်နိုင်ပါတယ်။ ဘယ်ဘာသာကမှ လူ့အသက်တွေကို ဒီလောက်ချွေစေဖို့ အားပေးလိမ့်မယ် မဟုတ်ဘူး။ သီတဂူဆရာတော်ဟောသလို လူတဦးချင်းစီရဲ့ သီလဆောက်တည် ထိန်းချုပ်မှုကနေ ဆင့်ပွားလို့ ကျယ်ပြန့်စွာ ဆောက်တည်လာနိုင်မဲ့နေ့ဟာ အမှန်တကယ် ကမ္ဘာကြီးငြိမ်းချမ်းမယ့်နေ့ဆိုတာ မလွဲတော့ဘူး။ အင်မတန် မွန်မြတ်တြဲ့ဗဟ္မာဇိုရ်တရားလေးပါး (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာ) တရားကိုသာကျင့်သုံးနိုင်ခဲ့ရင် ပဋိပက္ခဆိုတာ မရှိတော့ဘူး။ ပဋိပက္ခမရှိရင် စစ်ပွဲဆိုတာ ဘယ်မှာ ရှိတော့မလဲ။
စစ်ပွဲတွေကို နိုးဆွနေတဲ့ အကြောင်းရင်းက အမုန်းတရားတွေ သူတပါးကို မိမိနှင့်ထပ်တူ စာနာခြင်းကင်းမဲ့မှုတွေ သည်းခံ ခွင့်လွှတ်မှု ကင်းမဲ့ခြင်း မျှမျှတတမရှိခြင်းတွေ။ ဒါဟာ စစ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းတွေဘဲ။ လူဟာ လူပဲမို့ အကောင်းနဲ့ အဆိုး ရောပြွမ်းနေတယ်။ ကောင်းတာကို ရွေးချယ်ပြီး အဆိုးတွေကို ထုတ်ဖယ်လိုက်ရင် လူတိုင်းလူတိုင်း စိတ်ကျန်းမာ ကိုယ်ချမ်းသာပြီး လန်းဆန်းသစ်လွင်လို့ ကမ္ဘာကြီး တခုလုံးအေးငြိမ်းသွားနိုင်ပါတယ်။
ငါစွဲကို ဖြုတ်ရမှာဖြစ်တယ်။
ငါ့မြေ ငါ့ရေ ဆိုပြီး ဆယ်စုနှစ်ပေါင်းများစွာ နယ်မြေလုနေတဲ့ အစ္စရေးလ် ပါလက်စတိုင်း၊
တောင်တရုပ်ပင်လယ်မှာ လောလောဆယ် ရေနယ်နိမိတ်အငြင်းပွားနေတဲ့ တရုပ် ဂျပန်၊
နျူကလီးယားလက်နက်တွေနဲ့ ကမ္ဘာကို အသားလွတ်ခြိမ်းခြောက်နေတဲ့ အီရန်နဲ့  မြောက်ကိုးရီးယား၊
သူတကာ ပေါင်းစီးရေးဆွေးနွေးနေစဉ် တောင်မြောက်ကွဲသွားတဲ့ ဆူဒန်နိုင်ငံ၊
အမြဲတမ်း တစ်ခု မဟုတ် တစ်ခု အကြောင်းပြချက်နဲ့ ၀ုန်းဒိုင်းကြဲနေတဲ့ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊
အမြဲတမ်း တစ်ခု မဟုတ် တစ်ခု အကြောင်းပြချက်နဲ့ ၀ုန်းဒိုင်းကြဲနေတဲ့ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊
နွေဦးတော်လှန်ရေးတွေကြား ခုထိ မပြီးပြတ်သေးတဲ့ ဆီးရီးယား၊ ပြီးသလိုလိုနဲ့ ဆူပူမှုတွေ အတောမသတ်နိုင်သေးတဲ့ အီဂျစ် စသည် စသည် တို့ဟာ မိမိကိုယ်ကို သိပ်ရှေ့တန်းမထားဘဲ ပေကပ်မနေဘဲ မျှမျှတတ စဉ်းစားကြဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ခလေးသူငယ်များနဲ့ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို စာနာထောက်ထားပြီး မိမိတို့သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုကြစဉ်က ကတိစကားတွေကိုပြန်လည်အောက်မေ့ဆင်ချင်ပြီး လက်နက်တွေကိုအမြန်ဆုံး ပြစ်ချသင့်တယ်။
လက်နက်ဆိုတာ ကာကွယ်ဖို့သာ ဖြစ်တယ်။ ထိုးစစ်ဆင်ဖို့ မဟုတ်ဘူး။ ပြည်ပကိုသာ ရည်ညွှန်းပြောဆိုနေသည် မဟုတ်ပါ။ ပြည်တွင်းက လက်နက်ကိုင်သူ အားလုံးကို ရည်ညွှန်းပြောဆိုခြင်းဖြစ်ပါတယ်။ စစ်ဆိုတာ သမ္မတကြီးပြောသလို မိမိတို့ကိုယ်ကိုလည်း ခုခံကာကွယ်ဖို့ လိုအပ်တာမို့ ပြစ်ခတ်ရတာလို့ အကြောင်းပြမနေဘဲ မိမိတို့ကစတင်ပြီး လူကြီးပီပီ လက်နက်တွေကို စွန့်လွှတ်စေချင်တယ်။ ပြည်နယ်ငြိမ်းချမ်းသာယာရေးကို မျှော်ကိုးကာ ငြိမ်းချမ်းရေးစားပွဲ မှာသာအားလုံးစုံစုံညီညီ ဆွေးနွေးကြဖို့သင့်ကြောင်း လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကိုပါ မေတ္တာရပ်ခံချင်ပါတယ်။
၁၉၅၆ ၅၇ခုနှစ်က ကျွန်မဟာ ကချင်ပြည်နယ် ချီဗွေ မြို့က ဗိုလ်တဲကလေးမှာ မကြာခဏ တည်းခိုခဲ့ဖူးတယ်။ ဒီတုံးက ၀ိုင်းမော်၊ ၀ါးရှောင်၊ ချီဖွေ၊ လောခေါင်းဒေသဟာ လှပစွာ အလွန်အေးဆေးတည်ငြိမ်နေခဲ့တာပါ။ ကျွန်မတို့ဟာ ကာဘိုင်ပစ္စတို စသည်တောင် လွတ်လွတ်လပ်လပ်ကိုင်ခွင့်ရခဲ့တယ် (နောင်အခါ လက်နက်များကို အစိုးရထံ အပ်နှံခဲ့ရတယ်)။ သိပ်လှတဲ့ ဗိုလ်တဲကလေးပါ။ ပြာလဲ့လဲ့ မေခမြစ်ကလေးက သူ့အောက်မှာ ၀ပ်စင်းလဲလျောင်းလို့ အေးဆေးတည်ငြိမ်စွာ စီးဆင်းနေတယ်။ ပြာလဲ့လဲ့မြစ်ရေ နဲ့ ဗိုလ်တဲ ဖြူဖြူ ကလေးရဲ့အလှ ညိုညို့မှိုင်းနေတဲ့ တောရိပ်တောင်တန်းအလှ ဒီပန်းချီကားချပ်ကလေးဟာ ကျွန်မရင်ထဲမှာ မသိမ်းဆည်းပဲ တည်မြဲစွာ ရှိနေခဲ့တာ။
ကျွန်မမျက်စိထဲမှာ ဘယ်တော့မှ မေ့ဖျောက်မရနိုင်ဘူး။
ဒါပေမဲ့ ၁၉၆၂ ခုလောက်ထင်တာပဲ။ ကချင်လက်နက်ကိုင်အဖွဲ့အစည်းတခုကမီးရှို့ ဖျက်ဆီးခဲ့တယ်။ ကျွန်မ အလွန်ကြေကွဲ ၀မ်းနည်းခဲ့ရတယ်။ နှမြောမိတယ်။
ကျွန်မရင်ထဲမှာ ကိန်းအောင်းနေတဲ့ ပန်းချီကားချပ်ကလေးဟာ ဘာ့ကြောင့် မရေမရာနဲ့ ဗိုလ်တဲတနေရာစာ လစ်လပ်သွားခဲ့ရသလဲ။ ဘာ့ကြောင့် များ ကမ္ဘာလောကကြီးကို အကျည်းတန်အရုပ်ဆိုးစေသလဲ။ ဘာ့ကြောင့်များ အလှအပတွေကို ဖျက်ဆီးချင်ကြသလဲ။ ကျွန်မ နားမလည်ခဲ့ဘူး။
စစ်ပွဲဆိုတာ နိုင်သူမရှိပါဘူး။ နိုင်သူလဲ ရှုံးတာပါဘဲ။ ရှုံးသူလဲ ရှုံးတာပါဘဲ။ အရှုံးအနိုင်ဆိုတာ ပညတ်ချက်သက်သက်ပါ။အမှန်တော့ ထိုးစစ်ဆင်သူဘက်ကလဲ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်။ ခုခံသူဘက်ကလဲ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်။ ဒီတော့ အမှန်နဲ့ အမှန်ကြားက ပဋိပက္ခလို့ ဆိုရလိမ့်မယ်။
စစ်တိုက်ချင်သူ ဘယ်သူရှိမလဲ။သွေးဆာနေလို့ စစ်တိုက်ချင်တယ် ဆိုရင်တောင် သူတို့က ရာဇပလ္လင်ပေါ်မှာပါ။ ယဉ်ကျေးပါတယ်ဆိုတဲ့ ခေါင်းဆောင်ကြီးများ နက်တိုင်လည်မှာစီးပြီး ပလ္လင်အထက်က ညွှန်ကြားနေခြင်းဖြစ်တယ်။ တကယ်တမ်း တေ့တေ့ဆိုင်ဆိုင် တိုက်ကြစို့ ဆိုတော့ သေကြရသူများက စစ်မြေပြင်က စစ်သားကလေးများပေါ့။ စစ်မြေပြင်ကို အပို့ခံရတဲ့ စစ်သားကလေးတွေရဲ့ ပုံရိပ်ကို ဖေါ်ကျူးဖွဲ့နွဲ့ထားတဲ့ မိုးဟိန်း(ဂျာနယ်ကျော်)ရဲ့ ကဗျာလေးတပုဒ်တင်ပြရင်း စစ်ပွဲတွေကို ရပ်ပြစ်ကြပါ လို့ တောင်းဆိုချင်ပါတယ်။
You know me not
တို့ကို မင်းမသိ
And I don’t know you
မင်းကိုလည်းငါမသိ
O’ better not to know
အို ကိစ္စမရှိ မသိတာ ပိုကောင်းတာပေါ့
But do what to do
လုပ်စရာရှိတာ လုပ်ကြရမှာ
For this for that
ဟိုအတွက် ဒီအတွက်နဲ့
We face each another
တို့တတွေ ရင်ဆိုင်ခဲ့ရပြီ
Who is right or wrong
ဘယ်သူမှန် ဘယ်သူမှား အသာထား
Is another matter
အဲဒါ တကိစ္စဘဲ
In the name if duty
တာဝန်ဆိုတဲ့ ခေါင်းစဉ်အရ
Our lives are at stake
တို့အသက်တွေ ထုတ်တိုင်မှာ အချည်ခံလိုက်ရပြီ
In the name of history
ရာဇ၀င်ဆိုတဲ့ ကမ္ဗည်းအောက်မှာ
Pawns, we are made
အရွှေ့ခံ နယ်ရုပ်ကလေးတွေ ဖြစ်ခဲ့ပြီ
History is just paper
ရာဇ၀င်ဆိုတာ စက္ကူပါ
Words of one will
တစ်ဦးရဲ့ အလိုဆန္ဒအရ
But on the battle field
စစ်မြေပြင်မှာ
Our blood shall spill
မင်းနဲ့ ငါတို့ရဲ့ သွေးတွေ လျှံကျလာတော့မှာ
So pull your trigger
ကိုင်းဟေ့..မင့်ခလုတ်ကို ဆွဲလိုက်တော့
And curtained will I
စိတ်ချ ငါလည်းပဲ ဆွဲမှာပေါ့
One or both of us
တစ်ယောက် သို့မဟုတ် နှစ်ယောက်စလုံး
In the end must die
အဆုံးမှာ သေဖို့ပဲ
If your wife a widow
အကယ်၍ မင်းရဲ့ ဇနီးက မုဆိုးမ ဖြစ်ခဲ့ရင်
And my son a fatherless
ငါ့သားကများ အဖမဲ့ဖြစ်သွားရင်
Will be than inherit they
သူတို့ခမြာ ငါတို့ရွေးချယ်ခဲ့တဲ့ကြမ္မာဆိုးကို
Our chosen tragedy.
အမွေအဖြစ် သိမ်းပိုက်ဆက်ခံကြရလိမ့်မယ်။
မိုးဟိန်း (သားဂျာနယ်ကျော်)
ခင်မေသစ်
Tuesday, June 17, 2014
ကမ္ဘာ့ဖလား အဆောင်ရုပ်လေးများ
Saturday, February 08, 2014
ချစ်သူတိုင်းအတွက် “ချစ်သူများနေ့” တကယ်ဖြစ်ရဲ့လား
ချစ်သူများနေ့လို့ သတ်မှတ်ထားကြတဲ့ ဗယ်လင်တိုင်းနေ့ (Valentine’s Day) ကို ကြည်နူးပျော်ရွှင်စွာဆင်နွှဲလိုသူတွေရှိတယ်။ မုန်းတီးတွေသူလည်း ရှိကြသတဲ့။ ခါးခါးသီးသီးမဟုတ်တောင် တိတ်တဆိတ်လေး မုန်းတီးမိတဲ့သူတွေကတော့ အထူးသဖြင့် ချစ်သူရည်းစားမရှိကြသူ (တစ်ယောက်တည်းအထီးကျန်သူ)တွေလို့ ယူဆနိုင်မှာပါ။ ဒါပေမဲ့ ချစ်သူရည်းစားစုံတွဲလေးတွေရော၊ တစ်ကိုယ်တည်း အထီးကျန်ဆန်ဆန်နေတတ်သူတွေပါ သိပ်ပြီးတော့ အမြင်မကြည်နိုင်ဖြစ်မှုတွေ ပိုပိုတိုးလို့ လာနေပါသတဲ့။ ဘာကြောင့်လည်းဆိုတော့ သူတို့ပြောလာကြတာက တစ်ကိုယ်တည်း အဖော်စုံတွဲမရှိသူလေးတွေအတွက်တော့ အဲဒီနေ့မှာ ကိုယ့်ရဲ့ချစ်သူရည်းစားလေးဆီက ချစ်မေတ္တာနှုတ်ခွန်းဆက်စကား၊ ဖုန်းခေါ်သံလေး၊ ချစ်စရာ Valentine ကတ်လေး၊ လှလှပပထုပ်ပိုးထားတဲ့ ချိုမြမြ အသည်းပုံချောကလက်လေးတွေနဲ့ မွှေးပျံ့လှပတဲ့ ရဲရဲနီ နှင်းဆီပန်းစည်းလေးတွေ၊ အလှပဆုံးလက်ဝတ်ရတနာ လက်ဆောင်ပစ္စည်းလေးတွေ မျှော်မှန်းလို့မရနိုင်တော့ဘူးပေါ့ တဲ့။ အဲဒီနေ့မှာ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ချစ်စနိုး စနောက် ရယ်ကာမောကာ လှောင်ပြောင်ကြတာကိုလည်း ရင်ဆိုင်ရမယ်ဆိုတော့ အထီးကျန်သူလေးတွေက မုန်းမိကြတယ်။ ချစ်သူရည်းစား ပိုင်ပိုင်နိုင်နိုင်ရှိထားကြသူလေးတွေမှာလည်း ကြည့်ပါဦး။ ဗယ်လင်တိုင်းနေ့မရောက်ခင်ကတည်းက ကြိုတင်ပြင်ဆင်ပြီး ကိုယ့်ချစ်သူလေးကို ပေးရမယ့်လက်ဆောင်ပစ္စည်း၊ သူအကြိုက်တွေ့နိုင်မယ့် ပစ္စည်းလေးတွေ ရှာဖွေဝယ်ယူထားရတယ်။ အဖိုးတန်လှလှပပလက်ဆောင်ပစ္စည်းလေး လက်ဆောင်မပေးနိုင်ခဲ့ရင် ချစ်သူလေးက မျက်နှာညိုနိုင်တယ်။ တခြားမိတ်ဆွေတွေကြားထဲမှာ သူ မျက်နှာငယ်နိုင်ပါသတဲ့။ မိတ်ဆွေတွေအကြားမှာ ဝါကြွားလိုစိတ်လေးတွေ ကိုယ်စီရှိနေကြတားကိုး။ လက်ဆောင်ပစ္စည်းပေးရုံနဲ့ မလုံလောက်နိုင်သေးပါဘူး။ အဲဒီနေ့ကို ကိုယ့်ချစ်သူလေးအတွက် အချိန်များများပေးထားနိုင်ဖို့ အလုပ်ကိစ္စတွေကိုလည်း ကြိုတင်ရှင်းလင်းထားရတယ်။ ငွေကြေးနဲ့ အချိန်ကိုပါ ပြင်ဆင်ထားကြရတာလေ။ အဲဒီနေ့အတွက် အချိန်တော်တော်များများကိုလည်း ချစ်သူလေးက အပိုင်လိုချင်ကြပြန်တယ်။ ကိုယ်က အလုပ်တွေများနေခဲ့တဲ့အခါ မိန်ကလေးဖြစ်ဖြစ်၊ ယောက်ျားလေးပဲ ဖြစ်ဖြစ်ပေါ့။ သူက ကိုယ့်ကို အရင်ကလောက် မချစ်နိုင်တော့ဘူး။ ဂရုမစိုက်နိုင်တော့ပါဘူးဆိုပြီး ဝမ်းနည်းအားငယ်စိတ်လေးတွေကနေ စိတ်အခန့်မသင့် ကတောက်ကဆဖြစ်မှုလေးတွေဖြစ်လာကြရတယ်။ ဒီလို ချစ်သူများနေ့လေးတစ်ရက်ကိုတောင် ကိုယ့်ချစ်သူလေးရဲ့ အချိန်တွေကို ကိုယ်မပိုင်ဆိုင်လိုက်နိုင်ဘူး။ ကိုယ့်အတွက် သူ အဆင်သင့်ဖြစ်မနေခဲ့ဘူး။ သူ့အနားမှာ ကိုယ်ရှိခွင့်မရလိုက်ဘူး။ တစ်ဘဝလုံးစာအတွက်ဆို ကိုယ် မတွေးရဲဘူး။ အဲဒီလိုပေါ့။ ညစ်ညူးတဲ့အတွေးဆိုးလေးတွေ ကိုယ်စီ ဝင်လာတတ်ကြပြန်တယ်။
Monday, December 23, 2013
သိသလို မသိသလို ... ခရစ်စမတ် ရိုးရာအစဉ်အလာလေးတွေ
Posted by
PhyoPhyo
at
Monday, December 23, 2013
Labels:
သိသလို မသိသလို ... ခရစ်စမတ် ရိုးရာအစဉ်အလာတွေ,
အထွေထွေမှတ်စု
ကြုံတွေ့ရတဲ့ ဘ၀အတွေ့အကြုံတွေက လူတိုင်းအတွက် မရိုးနိုင်အောင် အမြဲလှုပ်ရှားပြောင်းလဲနေသလိုပါပဲ။
အချိန်တွေပြောင်း၊ ရက်၊ လ၊ နှစ်တွေလည်း မပျက်မကွက် ပြောင်းကြတယ်။
ဒီလိုနဲ့ နှစ်တစ်နှစ်လည်း ပြောင်းလဲဦးတော့မယ်။
နှစ်တနှစ်ရဲ့ နောက်ဆုံး ဒီဇင်ဘာလမှာ ခရစ်စမတ်ပွဲတော်ကို ဘာသာရေးအထွတ်အမြတ်ပွဲတော်အဖြစ် ကိုယ်နေထိုင်ရာ တိုင်းပြည်ရိုးရာအစဉ်အလာအရ လေးလေးနက်နက် ကျင်းပကြသလို၊ ကိုယ့်ပတ်ဝန်းကျင်လေးမှာရှိတဲ့ သူငယ်ချင်းတွေနဲ့လည်း ပျော်စရာရွှင်စရာပွဲတော်လေးအဖြစ်လူမျိုးစုံ ပါဝင်ဆင်နွဲတတ်ကြပါတယ်။
ပျော်ရွှင်ကြတယ်။
ခရစ်စမတ်သစ်ပင်လေးတွေအလှဆင်ကြတယ်။
ခရစ်စမတ်လက်ဆောင်လေးတွေအပြန်အလှန်ပေးကြတယ်။
ဂျီးဆပ်မွေးဖွားခြင်း .. ရှင်သန်ထမြောက်ခြင်း .. သူတော်စင်စိန့်နီကိုလာစ့်
ခြေအိတ်ရောင်စုံလေးတွေ ...
နှုတ်သီးနီနဲ့သမင်ဒရယ်လေးရဲ့ စွတ်ဖားထဲက လက်ဆောင်တွေနဲ့စန်တာကလောစ့် ...
ခရစ်စမတ် အိုင်ဗီပန်း ...
သူတို့တွေရဲ့ခရစ်စမတ်ဒဏ္ဍာရီ ၁၃ချက် စပ်စုကြည့်ရအောင်နော် ...
သူငယ်ချင်းတို့ရော ...
ခရစ်စမတ်ကာလမှာ ဘာတွေလုပ်ကြလဲ?
ပျော် ?
မပျော် ?
ပုံမှန် ?
------------------
phyophyo said :
ဘာမှမလုပ် လက်ဆောင်လေးလဲကြရုံသာ၊
မပျော် :(
source : http://www.rd.com/your-america-inspiring-people-and-stories/13-things-you-didnt-know-about-christmas-traditions/article187296.html
အချိန်တွေပြောင်း၊ ရက်၊ လ၊ နှစ်တွေလည်း မပျက်မကွက် ပြောင်းကြတယ်။
ဒီလိုနဲ့ နှစ်တစ်နှစ်လည်း ပြောင်းလဲဦးတော့မယ်။
နှစ်တနှစ်ရဲ့ နောက်ဆုံး ဒီဇင်ဘာလမှာ ခရစ်စမတ်ပွဲတော်ကို ဘာသာရေးအထွတ်အမြတ်ပွဲတော်အဖြစ် ကိုယ်နေထိုင်ရာ တိုင်းပြည်ရိုးရာအစဉ်အလာအရ လေးလေးနက်နက် ကျင်းပကြသလို၊ ကိုယ့်ပတ်ဝန်းကျင်လေးမှာရှိတဲ့ သူငယ်ချင်းတွေနဲ့လည်း ပျော်စရာရွှင်စရာပွဲတော်လေးအဖြစ်လူမျိုးစုံ ပါဝင်ဆင်နွဲတတ်ကြပါတယ်။
ပျော်ရွှင်ကြတယ်။
ခရစ်စမတ်သစ်ပင်လေးတွေအလှဆင်ကြတယ်။
ခရစ်စမတ်လက်ဆောင်လေးတွေအပြန်အလှန်ပေးကြတယ်။
ဂျီးဆပ်မွေးဖွားခြင်း .. ရှင်သန်ထမြောက်ခြင်း .. သူတော်စင်စိန့်နီကိုလာစ့်
ခြေအိတ်ရောင်စုံလေးတွေ ...
နှုတ်သီးနီနဲ့သမင်ဒရယ်လေးရဲ့ စွတ်ဖားထဲက လက်ဆောင်တွေနဲ့စန်တာကလောစ့် ...
ခရစ်စမတ် အိုင်ဗီပန်း ...
သူတို့တွေရဲ့ခရစ်စမတ်ဒဏ္ဍာရီ ၁၃ချက် စပ်စုကြည့်ရအောင်နော် ...
အလယ်ခေတ်(ခရစ်နှစ်၅၀၀ ကနေ ၁၄၀၀အထိ)မှာ အာဒံနဲ့ ဧ၀တို့ရဲ့ ဒဏ္ဍာရီထဲကပန်းသီး သစ်ပင်တို့ကို ရည်ညွှန်းပြီး ခရစ်စမတ်သစ်ပင်လေးကို စတင်ပုံဖော်လာကြတယ်၊ အာဒံရဲ့ ပန်းဥယျာဉ်ထဲက သစ်ပင်တွေအတိုင်းပဲ ဒဏ္ဍာရီကို အမှတ်တရအသက်သွင်းကြတဲ့အခါ ပန်းသီးလေးတွေ ကွတ်ကီးမုန့်လေးတွေနဲ့ အလှဆင်ခဲ့ကြတယ်။
ဒရယ်တွေကို နှင်စီးစွတ်ဖားလှည်းတွေဆွဲရန်၊ ဒရယ်နို့အသုံးပြုရန် မွေးမြူလေ့ရှိတယ်၊ အလာစ့်ကာပြည်နယ်၊ ဝေလမြို့လေးတွေမှာ စာဖြန့်ဝေဖို့အတွက် ဒရယ်စွတ်ဖားလှည်းလေးတွေကိုသုံးကြတယ်၊ ပုံပြင်ထဲက ရူးဒေါ့လို့ခေါ်တဲ့ဒရယ်လေးကတော့ တလက်လက်တောက်ပနေတဲ့နှုတ်သီးနီလေးရှိတယ်၊ စန်တာကလော့စ်ကို အကူအညီပေးသူ ကိုးကောင်မြောက်ဒရယ်လေးပါ၊ ရော့ဘတ်လူးဝစ်မေက ၁၉၃၉ခုနှစ်မှာ ရူးဒေါ့နှုတ်သီးနီဒရယ်ဇာတ်ကောင်လေးကိုဖန်တီးရေးသားခဲ့တယ်၊ ဘဲရုပ်ဆိုးပုံပြင်လေးကိုလည်း တစ်စိတ်တစ်ပိုင်းအခြေခံတယ်လို့လည်း ဆိုတယ်။
၃. ခရစ်စမတ်မှာ ဖယောင်းတိုင်လေးတွေကလည်း အရေးပါတာပဲ
ဟော်လန်နိုင်ငံတောင်ပိုင်းပြည်နယ်၊ ခေါက်ဒါ(Gouda)မြို့တော်မှာ ခရစ်စမတ်ပွဲတော်အခမ်းအနား ကျင်းပတဲ့အခါ ရောင်စုံဖယောင်းတိုင်တွေချည်းပဲ အများကြီးထွန်းညှိကြတယ်၊ ခေါက်ဒါမြို့တော်ဟာ ဒတ်ခ်ျ့ ဖယောင်းတိုင်ထုတ်လုပ်ငန်းရဲ့ အချက်အခြာဒေသဖြစ်တယ်၊ ခရစ်စမတ်ပွဲတော်တွေမှာဆိုရင် ခေါက်ဒါမြိ့တော်ရင်ပြင်မှာ မြို့တော်ဝန်က ယေရှုခရစ်တော်ဖွားမြင်ခြင်းအကြောင်းကို ရွတ်ဖတ်နေတဲ့ အချိန်မှာ လျှပ်စစ်မီးတွေအားလုံးပိတ်ထားကြပြီး ဖယောင်းတိုင်းမီးအလင်းတွေနဲ့ပဲ ပွဲတော်ကိုကျင်းပလေ့ ရှိခဲ့ကြရာက ခရစ်စမတ်မှာ ဖယောင်းတိုင်လေးတွေက ဒီနေ့ထိ အရေးပါလာခဲ့တယ်။
၎. ဥရောပတိုင်းပြည်တွေမှာတော့ ကလေးတွေအတွက်လက်ဆောင်ယူလာပေးသူက စိန့်နီကိုလာစ့်ပါ
ဒီဇင်ဘာ ၆ရက်နေ့မှာ နီကိုလာစ့်ဟာ သူရဲ့တပည့်ကျော် လူရှုပ်လူနောက်ဘလက်ခ်ပီတာနဲ့အတူ ကလေးတွေအတွက် လက်ဆောင်တွေတပွေ့တပိုက်ကြီး သယ်ဆောင်ပြီးပေါ်ထွက်လာလေ့ရှိတယ်၊ လိမ္မာတဲ့ ကလေးငယ်တွေကို သကြားလုံးတွေနဲ့ လက်ဆောင်တွေပေးတယ်၊ ဆိုးတဲ့ကလေးငယ်တွေကိုတော့ ဘလက်ခ်ပီတာက တွယ်ကပ်ခြောက်လှန့်လိမ့်မယ်လို့ ဆိုကြတယ်။
၅. အိုင်ဗီပင်က ရာစုနှစ်အတော်များများကတည်းက ခရစ်စမတ်အလှဆင်တဲ့ အပင်အဖြစ် ထင်ရှားကျော်ကြားလှတယ်
ခရစ်တော်မပေါ်မီခေတ်ဦးပိုင်းကာလတွေထဲက အိမ်တွေမှာ အိုင်ဗီပင်တွေနဲ့အလှဆင်ကြတယ်၊ ထာဝရစွမ်းအားနဲ့ဆက်စပ်မှုအဖြစ်ယုံကြည်ကြတယ်၊ အိုင်ဗီပင်ဟာ အေးမြတဲ့ ဆောင်းရာသီကာလတွေ အတိုင်း ဘ၀တွေတလျှောက်လုံး အေးချမ်းမှုအတွက် ကိုယ်စားပြုတယ်လို့ ဆိုတယ်။
၆. မစ်ဆဲလ်တိုး(Mistletoe) လို့ခေါ်တဲ့ ပင်ကပ်ပန်းပင်နဲ့ ခရစ်စမတ်အလေ့အထ
ခရစ်တော်မပေါ်ခင်ကာလနေဘုရား၊ လဘုရား၊ မီးဘုရား၊နတ်ဘုရားတွေအများကြီး ကိုးကွယ်ကြတဲ့အချိန် ဘုန်းကြီးတွေဟာ သူတို့ရဲ့မှော်စွမ်းအားတိုးပွားအောင်ကုစားဖို့ မစ်ဆဲလ်တိုးပန်းပင်ကိုအသုံးပြုခဲ့ကြတယ်၊ ခရစ်စမတ်ကာလမှာ မစ်ဆဲလ်တိုးပင်အောက် နမ်းကြတဲ့ ရိုးရာဓလေ့ထုံးစံရှိခဲ့ကြတယ်၊ ၁၉ရာစုခေတ်အင်္ဂလန်မှာ အနိမ့်ဆုံးအဆင့် လူတန်းစားတွေအကြားထင်ရှားတဲ့ ဓလေ့ဖြစ်ခဲ့ပါတယ်၊ နောက်ပိုင်း လူလတ်တန်းစားတွေကလည်း အဲဒီဓလေ့ကိုလက်ခံလာကြတယ်၊ အခုအခါ တခြားတိုင်းပြည်တွေမှာပါ ပြန်နှံ့ခေတ်စားတဲ့ ခရစ်စမတ်ရိုးရာဓလေ့တစ်ခုဖြစ်နေပါပြီ။
အေဒီ၁၀၅ခုနှစ်ဝန်းကျင် တရုတ်နိုင်ငံကနေ စက္ကူစတင်ထီတွင်ခဲ့တဲ့အချိန်ကတည်းက ခရစ်စမတ်လက်ဆောင်တွေကို ထုတ်ပိုးခဲ့ကြတယ်၊ ၁၉၁၇ခရစ်စမတ်နောက်ပိုင်းမှာ အမေရိကတိုက် နီဘရာစကားပြည်နယ် ဟောလ်ဘရားသား စတိုးဆိုင်ကနေပြီး လက်ဆောင်ထုတ်ပိုးနိုင်တဲ့ တစ်သျှူးစလေးတွေစတင်ရောင်းချခဲ့တယ်။ အလှဆင် ပြင်သစ်စာအိတ်စက္ကူသားလေးတွေလည်း အစားထိုးရောင်းချခဲ့သေးတယ်။
၈. အခုဆိုရင်ခရစ်စမတ်လက်ဆောင်ထုတ်ပိုးမှုဟာ တော်တော်ခေတ်စားနေပြီ
၁၉ရာစုမှာ ထုတ်ပိုးမထားတဲ့ လက်ဆောင်လေးတွေကို ခရစ်စမတ်သစ်ပင်အောင်မှာထားကြတယ်၊ သစ်ကိုင်းလေးတွေမှာ ချိတ်ဆွဲကြတယ်၊ ဘယ်လိုလက်ဆောင်လေးတွေဖြစ်မလည်း သိချင်စိတ်နဲ့ လိုက်ရှာကြတဲ့ စိတ်လှုပ်ရှားမှုခံစားစေချင်ကြတဲ့အတွက် တစ်ခါတစ်ရံ လက်ဆောင်လေးတွေကို ဖွက်ထားတတ်ကြတယ်။
၉. ဘာဘူရှ်ကား(ရုရှားအခေါ် အဖွား)
လက်ဆောင်သယ်ဆောင်ပေးဝေသူအဖွားအိုဟာ ယေရှုခရစ်တော်လေးဖွားမြင်မှာကို နမိတ်ပေးခဲ့တဲ့ ပုရောဖက်သုံးဦးနဲ့အတူ ခရစ်တော်ရှိရာကို မသွားပဲ တစ်ကိုယ်တည်း ကလေးငယ်ဂျီးဆပ်လေးကို လိုက်ရှာခဲ့တယ်၊ နောက်တော့မှ ပုရောဖက်တွေနဲ့အတူသွားသင့်တာကို သဘောပေါက်နားလည်ခဲ့တယ်တဲ့။ အဲဒီအချိန်ထဲက ဘာဘူရှ်ကားအဖွားအိုဟာ ကလေးတွေကို ရှာဖွေနေဆဲပဲလို့ဆိုတယ်၊ ဇန်န၀ါရီလ၅ ရက်နေ့မှာ အိပ်မောကျနေတဲ့ ကလေးငယ်တွေဆီကို သွားလည်လေ့ရှိပြီး ကလေးတွေအတွက် လက်ဆောင်ချန်ထားရစ်တယ်၊ ဘာဘူရှ်ကားအဖွားအိုအရုပ်လေးကို ရုရှားနိုင်ငံရဲ့အမှတ်တရ လက်ဆောင်အဖြစ် ရောင်းချလေ့ရှိတယ်၊ အရုပ်လေးရဲ့ဦးခေါင်းပိုင်းလေးကို ဖွင့်လိုက်ရင်အထဲမှာ နောက်ထပ်ဘာဘူရှ်ကားလေးတစ်ရုပ်ရှိနေပြီး အရုပ်လေးတွေဦးခေါင်းအဖုံးလေးကို ဖွင့်လိုက်တိုင်း အထဲမှာအရုပ်လေးတွေ အဆင့်ဆင့်ရှိနေကြတယ်။
၁၀. အီတလီနိုင်ငံကဒေသတွေမှာ ခရစ်စမတ်နဲ့ ငါးဟင်းလျာခုနှစ်မျိုးက ရိုးရာဓလေ့တဲ့
ခရစ်စမတ်ငါးဟင်းလျာ ခုနှစ်မျိုးဟာ ဘာသာရေးအခမ်းအနား ၇မျိုးကိုအထိမ်းအမှတ်ပြုတယ်လို့ဆိုတယ်၊ ငါးကို ဂျုံ၊ မုန့်ညက်၊ ဆလတ်၊ အသီးအနှံ၊ ပေါင်မုန့်၊ အီတလီဝိုင်တို့နဲ့ တွဲဖက်စားသုံးကြတယ်၊ မုန့်အချိုပွဲတွေမှာ ဆလတ်၊ ဂျုံသစ်သီးကိတ်၊ အမွှေးအကြိုင်မွှန်းထားတဲ့ကွတ်ကီးတွေ၊ နူးဂတ်(အစေ့အဆံမြှုပ်ထားတဲ့သကြားလုံး)၊ အခွံမာသီးလေးတွေပါဝင်ပါတယ်။
၁၁. စုန်းမကြီးရဲ့ ကိတ်မုန့်အိမ်လေး(Gingerbread house)
နူးညံ့လှတဲ့အိမ်ပုံကိတ်မုန့်လေးတွေကို စုန်းမအိမ်လို့ ဂျာမန်တွေကခေါ်ကြတယ်၊ ဂျာမန်စာရေးဆရာ ဂရင်းမ်ရဲ့ကျော်ကြားလှတဲ့ “ဟန်ဆဲလ်နဲ့ ဂရဲ့တဲလ်” ပုံပြင်ထဲက ကိတ်မုန့်အိမ်လေးတွေကို ခရစ်စမတ်မှာပြုလုပ်လေ့ရှိတယ်။
ပူတင်းမဖုတ်ခင်အရောအနှောထဲမှာ လက်စွပ်၊ ကြယ်သီး၊ အပ်ချုပ်လက်စွပ်နဲ့ ရွှေပြားပိုက်ဆံအကြွေစေ့လေးတွေမြှပ်ထားပြီး ပူတင်းဖုတ်ကြတယ်၊ ကံကောင်းသူ/ ကံမကောင်းသူ တစ်ဦးဦးက အဲဒီပစ္စည်းလေးတွေတစ်ခုခုကို ရခဲ့ရင် ပစ္စည်းလေးတွေရဲ့ ညွှန်းဆိုတဲ့ အဓိပ္ပါယ်အတိုင်း လက်ထပ်ခြင်း၊ အပျိုကြီး၊ လူပျိုကြီး၊ ချမ်းသာကြွယ်ဝခြင်းတွေ အဲဒီနှစ်အတောအတွင်း ဖြစ်လာလိမ့်မယ်လို့ဆိုတယ်။
၁၃. ရူးရဲသစ်လုံးပုံမုန့်အချိုပွဲ (Yule Log)ဟာ တိုင်းပြည်အတော်များများ ပေါ်ပြူလာဖြစ်တဲ့ မုန့်အချိုပွဲဖြစ်နေပါပြီ
အစပြုခဲ့တာက ခရစ်စမတ်မှာမီးပုံပွဲလုပ်ရင်း သစ်လုံးကိုမီးလောင်ကျွမ်းစေကြတယ်၊ သစ်လုံးကရလာတဲ့ ပြာမှုန့်တွေဟာ ထူးခြားဆန်းပြားတဲ့စွမ်းအားတွေရှိတယ်လို့ ယုံကြည်ကြတယ်၊ ဒီရိုးရာဓလေ့ကို ဂျာမနီနိုင်ငံမှာ ၁၁၈၄ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုတယ်။
သူငယ်ချင်းတို့ရော ...
ခရစ်စမတ်ကာလမှာ ဘာတွေလုပ်ကြလဲ?
ပျော် ?
မပျော် ?
ပုံမှန် ?
------------------
phyophyo said :
ဘာမှမလုပ် လက်ဆောင်လေးလဲကြရုံသာ၊
မပျော် :(
source : http://www.rd.com/your-america-inspiring-people-and-stories/13-things-you-didnt-know-about-christmas-traditions/article187296.html
![]() |
Living Fashion Magazine, December, 2012 |
ထူးထူးထွေထွေ နှစ်သစ်ကူးပွဲတော်တွေ
နှစ်သစ် တစ်နှစ်ကိုရောက်လာတော့မယ်။
နှစ်သစ်ကူးပွဲတော်တွေအကြောင်း ၂၀၁၃ ကရေးထားတာပြန်တင်ထားလိုက်ပါတယ်။ ဖတ်ချင်တဲ့သူအလွယ်တကူရှာတွေ့အောင်ပါ။ကျန်နေသေးတဲ့နိုင်ငံတွေရဲ့ နှစ်သစ်ကူးရိုးရာဓလေ့တွေရေးနိုင်ဖို့ ကြိုးစားပါဦးမယ်။
Merry Christmas !
မိတ်ဆွေ သူငယ်ချင်းတွေကို ချစ်ခင်လေးစားစွာဖြင့်
နှစ်သစ်ကူးပွဲတော်တွေဟာ ကမ္ဘာတဝှမ်းမှာ လူမှုရေး၊ ယဉ်ကျေးမှု နဲ့ ဘာသာတရားအစဉ်အလာ လေးစားလိုက်နာမှုတွေနဲ့ ကျင်းပကြတဲ့ ပွဲတွေပါ။ နှစ်သစ်ရဲ့အစမှာပြုလုပ်ကြပါတယ်။ ရှေးအကျဆုံး၊ သက်တမ်းအရင့်ဆုံးပျော်ပွဲရွှင်ပွဲတွေဖြစ်ပြီး တစ်ကမ္ဘာလုံးက စောင့်ကြည့်ကြတယ်။ ကိုယ်တိုင် ပါဝင်ဆင်နွှဲကြပါတယ်။ အစောဆုံး နှစ်သစ်ကူးပွဲတော်ကို မက်ဆိုပိုတေးမီးယား(အာရှအနောက်တောင်ပိုင်းရှေးကျတဲ့ဒေသ၊ ဒီနေ့ခေတ်မှာတော့ အီရတ်နိုင်ငံပေါ့) အဲဒီမှာ 2000 BCE ခန့်က စတင်ကျင်းပခဲ့ကြတယ်လို့ဆိုတယ်။ အဲဒီနေရာမှာ “ဘေဘီလုံတွေရဲ့ နှစ်သစ်” Akitu ပွဲတော်ကို နွေဦးအလွန်(မတ်လလယ်) လဆန်းပိုင်းတွေကျင်းပကြတယ်။ တီးဂရစ်မြစ်အထက်ပိုင်းဒေသ အဆီးရီးယားမှာတော့ ဆောင်းဦးကာလ (စက်တင်ဘာလလယ်)လောက်မှာ ကျင်းပကြပြန်တယ်။ အီဂျစ်တွေ၊ ဖိုးနီးရှန်း နဲ့ ပါရှန်းတွေက စက်တင်ဘာ ၂၁ ရက်(ဆောင်းဦး)၊ ခေတ်ဦး ဂရိတွေကတော့ ဆောင်းကာလ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ နှစ်သစ်ကူးပွဲတော်တွေကို အစောဆုံးကျင်းပဆင်နွှဲခဲ့ကြတာပါ။ အလယ်ခေတ် ခေတ်ဦးပိုင်းမှာတော့ ဥရောပတစ်လျှောက် ခရစ်ယာန်ဘာသာဝင်တွေဟာ မတ်လ ၂၅မှာ နှစ်သစ်ကူးအဖြစ် စားသောက်ပွဲကြီးကိုကြေညာကျင်းပခဲ့ကြတယ်။ ရိုမန်ကက်သစ်ဘုရားကျောင်းက ၁၅၈၂ မှာ အသုံးပြခဲု့ကြတဲ့ ဂရီဂိုရီရန် ပြက္ခဒိန်အရ နှစ်သစ်ကူးနေ့ကို ဇန်နဝါရီ ၁ ရက် နေ့မှာ သတ်မှတ်ကျင်းပလိုက်ကြတယ်။ နောက်ပိုင်း တဖြည်းဖြည်းချင်း ဥရောပတိုင်းပြည်အများစုလည်း အဲဒီ ဇန်နဝါရီ ၁ ရက်နေ့ ကိုပဲ နှစ်သစ်ကူးနေ့အဖြစ် လိုက်နာကျင်းပလာခဲ့ကြပါတယ်။ စကော့တလန်က ၁၆၆၀၊ ဂျာမနီနဲ့ ဒိန်းမတ်က ၁၇၀၀၊ အင်္ဂလန်က ၁၇၅၂ နဲ့ ရုရှားက ၁၉၁၈ ခုနှစ်တွေမှာ နှစ်သစ်ကူးနေ့ ကို ဇန်နဝါရီ ၁ ရက် နေ့မှာ ပွဲလမ်းသဘင်အခမ်းအနားတွေနဲ့ ဆင်နွှဲလာကြတာပါ။
Saturday, November 16, 2013
ဆေးပေါင်းခတဲ့ လပြည့်ည
Posted by
PhyoPhyo
at
Saturday, November 16, 2013
Labels:
ဖြိုးဖြိုးဖတ်ဖို့,
အထွေထွေမှတ်စု,
မေမေ့ရဲ့စာ
ကျွန်မတို့ နေပြည်တော်ပျဉ်းမနားမှာ ယခင်နှစ်များက အကန့်အသတ်နဲ့ သာ ကျင်းပခဲ့ရတဲ့ နှစ်ကျိပ်ရှစ်ဆူ ဘာသာရေးပွဲတော်ကြီးဟာ အသွင်ကူးပြောင်းရေးကာလမှာ အေးချမ်းပျော်ရွှင်စွာ စည်းစည်ကားကား ခမ်းခမ်းနားနား ညလုံးပေါက် အောင်အောင်မြင်မြင် ကျင်းပ ပြီးစီးခဲ့တာ ၀မ်းမြောက်စရာပါပဲ။
ဝတ်ဖြူတော်အသင်းအဖွဲ့အားလုံးနှင့် ဋ္ဌာနဆိုင်ရာ အားလုံး ဟာလဲ စည်းကမ်းရှိရှိ တက်ညီ လက်ညီ ပူးပေါင်းလက်တွဲလို့ ပွဲတော်ကြီးမှာ ပါဝင်ဆင်နွဲသွားကြတာ အားရစရာ မြင်တွေ့ခဲ့ရပါတယ်။ လူငယ်တွေကလဲ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ အဆိုတော်ကားများကို အားပေးခဲ့ကြတယ်။
“သီတင်းကျွတ်ပွဲတော်ကြီး ..ပြီးတော့..တန်ဆောင်မုန်း တန်ဆောင်တိုင် .. ဆီမီးကမြိုင်.. မသိုးအလှ မြတ်သင်္ကန်း ကပ်ဖို့ …ရွှေတိဂုံ .. ကုန်းတော် ကြိုင်ကာလှိုင် .. ယက္ကန်းခတ်သံ ကလေးက .. အလွန်ပဲ.. မြိုင် .. မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် ..ကထိန်ပွဲကျင်း..ပါတဲ့ .. လတန်ဆောင်တိုင်..” တဲ့။
တန်ဆောင်တိုင် မီးထွန်းပွဲတော်ကြီး ကျင်းပကြဖို့ အချိန်ရောက်လာပြန်လာပါပြီ။
မြောက်ပြန်လေ သွင်းပါလို့ ငွေနှင်းရယ်စိုစို ၊
မြင်တိုင်းငယ် ပြိုသည် ရွှေကျီးညိုတာရာနှင့်၊
ကြတ္တိကာ ထွန်းတဲ့လကိုလေး။
တန်ဆောင်ငယ်မာသ၊ဆယ့်နှစ်လတွင် ၊
ချမ်းမြဧယင်၊ဗြိစ္ဆာခွင်သို့ ၊ရက်ငင်ပြောင်းခွာ၊
ခ၀ဲညှာလဲ၊ ခိုင်လွှာဝတ်မုံ၊ရနံ့ထုံတယ်၊
ဘုန်းဂုဏ်ကြော့သမ္ဘိန်၊မှာ၊
လှူကထိန် သဘင်ခင်းပါလို့၊
ကျင်းကြတယ်လေး။ ။
တကယ်တော့ တန်ဆောင်မုန်းလဟာ လတကာတို့တွင် အမြတ်ဆုံးလို့လဲ သတ်မှတ်ခံထားရတာပါ။ကြတ္တိကာနက္ခတ်နဲ့ ကျီးတာရာနက္ခတ်တို့ဟာ စန်းလနဲ့ယှဉ်ပြိုင်ထွန်းလင်းတဲ့အချိန်လို့ဆိုပါတယ်။ ခ၀ဲညွန့်ခ၀ဲပန်းရနံ့ တို့ကလဲ လေယူရာ သင်းထုံပျံ့ နှံ့ လို့ နေပါတယ် တဲ့။ ရာသီပန်းက ခ၀ဲပေါ့။
လှူကထိန်သင်္ကန်းနဲ့ မဂ်လမ်းကိုတဲ့ ဆုပန်ရွယ် ဆိုတဲ့အတိုင်း ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ့ ကျင်းပကြတာဟာ ဒီတန်ဆောင်မုန်းလပါပဲ။ တောင်ထိပ်မီးပွဲသဘင်လ၊ လည်း ဖြစ်ပါတယ်။ သင်္ကန်းနဲ့တကွ ရဟန်းတော်များအတွက် လိုအပ်မဲ့ အသုံးအဆောင်ပစ္စည်းမျိုးစုံ လှူဒါန်းကြပါတယ်။ဆွမ်းတော်ကြီးပွဲတင်ခြင်း စသည် ပြုလုပ်ကြတယ်။ တချို့မြို့နယ်တွေမှာ နိဗ္ဗာန်ဈေးတို့ စတုဒီဿာတို့ ဖွင့်လှစ် ခြင်း ကျွေးမွေးခြင်းဖြင့် ကုသိုလ်ယူကြတယ်။
တချို့ကလဲ မြန်မာနိုင်ငံရဲ့ တန်ဆောင်မုန်းလပြည့်နေ့ဟာ ဘုရားပွင့်တော်မူရာ အိန္ဒိယနိုင်ငံရဲ့ သီတင်းကျွတ်လပြည်နေ့နဲ့ထပ်တူဖြစ်နေတဲ့အတွက် ဒုတိယအကြိမ်မြတ်ဘုရားအား ဆီမီးပူဇော်ခြင်းဖြစ်တယ်လို့လည်း ယူဆကြပါတယ်။ တန်ဆောင်မုန်းလပြည့်ညဟာ နက္ခတ်တာရာ အစုံလင်ဆုံးညမို့ ဆေးပေါင်းခတယ်လို့ အယူရှိပါတယ်။ အထူးသဖြင့်မဲဇလီပင်မှာ ဆေးပေါင်းခတယ်လို့ ရှေးလူကြီးများက ယူဆကြပါတယ်။
လ ဟာလဲ မိုးသားကင်းစင်ပြီး အ၀န်းအ၀ိုင်းပိုကြီးမားပါတယ်။ ပိုပြီးထိန်ထိန်ညီးနေတတ်ပါတယ်။ အဲဒီ ထိန်ညီးနေတဲ့ လရောင်အောက်က ကွပ်ပြစ်ပေါ်မှာ ကျွန်မတို့ ငယ်ငယ်က လက္ဘက်ရည်ကြမ်းနဲ့ မဲဇလီဖူးသုတ်ကို နှမ်းမြေပဲ နိုင်နိုင် ကြက်သွန်ကြော်ဆီကျက် နိုင်နိုင်ဆမ်း အချဉ်ကလေးညှစ်ပြီး အမေက ကျွေးလို့ တ၀ကြီး စားခဲ့ရတယ်။
(ဖြိုးဖြိုးကိုတော့ ..လျှပ်စစ်မီးတွေ ထိန်ညီးနေတဲ့ ရန်ကုန် တိုက်ခန်းထဲမှာ မဲဇလီဖူးသုပ်ကျွေးခဲ့ဖူးပါတယ်။)
(ဖြိုးဖြိုးကိုတော့ ..လျှပ်စစ်မီးတွေ ထိန်ညီးနေတဲ့ ရန်ကုန် တိုက်ခန်းထဲမှာ မဲဇလီဖူးသုပ်ကျွေးခဲ့ဖူးပါတယ်။)
အထူးသဖြင့် တန်ဆောင်မုန်းလမှာ မသိုးသင်္ကန်းယက်လုပ်ပူဇော်ကြတဲ့ အစဉ်အလာရှိပါတယ်။မသိုးသင်္ကန်းရဲ့ အဓိပ္ပါယ်ကတော့ နေ့မကူး လမကူး တနေ့တည်း အပြီး ဗိုင်းငင် ၀ါဖတ် ဆေးဆိုး ယက်လုပ် ချုပ်ကြရပါတယ်။ မနက်မိုးလင်းလင်းချင်း ရွှေတိဂုံဘုရားမှာ မသိုးသင်္ကန်းကပ်လှူကြတာ တွေ့ဖူးကြမှာပါ။ ယက္ကန်းစင်တော် တွေကို သုဇာတာ၊ သုမာလာ၊ သုနန္ဒာ စသည်အမည်ပေးပြီး နှစ်ယောက်တတွဲ ယက်လုပ်ပြိုင်ပွဲဝင်ကြရတယ်။ အင်းလေးဒေသမှာတော့ ကြာသင်္ကန်းဆိုတာ ယက်လုပ် ပူဇော်ကြတယ်။ တကယ့် ကြာပန်းအရိုးတွေက အမှေးပါးလေးတွေကို ခွာယူ အမျှင်ပြု ယက်လုပ်ထားခြင်းဖြစ်တယ်။
သီတင်းကျွတ်မှာ မီးထွန်းတဲ့အဓိပ္ပါယ်က ဘုရားရှင်ကို ရည်မှန်းပြီး ပူဇော်ခဲ့ကြတာဖြစ်ပြီး တန်ဆောင်တိုင် မီးထွန်းတာက အမှန်အတိုင်းဆိုရင် ရှေးရှေးမင်းများအုပ်ချုပ်စဉ်အခါသမယက တောင်ထိပ်နက္ခတ်ပွဲသဘင် ဆင်ယင်ကျင်းပရာမှာ ကြတ္တိကာ လို့ အမည်ရတဲ့ ဖျောက်ဆိတ်ကြယ်ကို ရည်မှန်းပြီး နက္ခတ်ဆရာတွေက မီးနတ်ာသားကို ပူဇော်တဲ့အနေနဲ့ မီးထွန်းညှိတာဖြစ်ပါတယ် တဲ့။ အဲဒါကြောင့် တောင်ထိပ်မီးပွဲ သဘင်လလို့ ခေါ်ပါတယ်။ ရှေးအခါက ဒီလို တန်ဆောင်တိုင်ညမျိုးဟာ မိုးသားတိမ်လိပ်တွေ ကင်းစင်ပြီး ရာသီဥတု သာယာလွန်းတာကြောင့် တောင်ထိပ်ပေါ်မှာ ပျော်ရွှင်မြူးထူးစွာ နက္ခတ်ပွဲသဘင် ဆင်ယင်နေတဲ့ စတုမဟာရစ်ဘုံက နတ်ဒေ၀တာတွေကိုတောင် လူတွေ က မြင်နိုင်ပါသတဲ့။
ဦးပုညရဲ့ ရေသည်ပြဇာတ်မှာတောင် ရေသည်ယောက်ျားမြောက်မြို့ရိုးကြား ပြေးပြေးယူရတဲ့ အသပြာပဲနိဝက်ဟာ အဲဒီ နက္ခတ်ပွဲသဘင်မျိုးမှာ သုံးဖြုံးပါဝင်ဆင်နွဲနိုင်ဖို့ပါပဲ။ ပြီးတော့သီဝိဘုရင်ကြီးကို ပန်းတွေနဲ့ ကြဲပေါက်ခဲ့တဲ့အလှထိပ်ခေါင်တင်ဥမ္မာဒန္တီကို တဒဂ်ကလေး မြင်ရရုံနဲ့ ဆင်ထက်ကကျလို့ သွက်သွက်ခါ အောင် ရူးသွားရတာလဲ ဒီလို တန်ဆောင်တိုင်ညရဲ့ နက္ခတ်ပွဲသဘင်မျိုး မှာပါပဲ။ လူငယ်တွေကတော့ကျီးမနိုးပွဲ နဲ့ ပျော်ကြ ပါးကြတယ်။ ပစ္စည်းတွေ ဟိုရွှေ့ ဒီရွှေ့ လုပ်တာ ခိုးတာဝှက်တာ အချင်းချင်း ကျီစားကြတာမျိုးလဲလုပ်ကြတယ်။
ဘခင်ကိုပြစ်မှားမိတဲ့ အဇာတသတ်မှာတော့ဒီလို သာတောင့်သာယာထွန်းလင်းတောက်ပနေတဲ့ လရောင်အောက်မှာ မအေးမြနိုင်ဘဲ သူ့တကိုယ်လုံး မီးလို ပူနေသတဲ့။ အမတ်ကြီးတချို့ရဲ့ တိုက်တွန်းချက်နဲ့ အသိတရားဝင်ပြီး မြတ်စွာဘုရားကျောင်းတော်ကို တခမ်းတနားထွက်ကြွခဲ့တာလဲ ဒီတန်ဆောင်မုန်းလပြည့်ညပါပဲ။ အဇာတသတ်မင်း အေးရိပ်ရှာတဲ့ည ဟာ ဒီတန်ဆောင်မုန်းလပြည့်ည ဖြစ်ပါတယ်။
ရာသီက စိုစွတ်ဟန်ရှိပေမဲ့ များသောအားဖြင့် ခြောက်သွေ့ပြီး ပြာလွင် ထိန်တောက်နေတဲ့ ကောင်းကင်အောက်မှာ လက်ဝဲလက်ယာ မီးရှူးမီးတိုင်တွေ ထွန်းညှိပူဇော်လို့ ဆင်မြင်းရထားဗိုလ်ပါ မောင်းမမိဿံ အစုံအလင်နဲ့ အမှားကိုပြင်ဆင်ဖို့ တခန်းတနားကြွချီလာတဲ့ အဇာတသတ်မင်းဟာ ဘုရားကျောင်းတော်နဲ့နီးလာလေလေ စိတ်ကြည်နူးချမ်းမြေ့လာလောလေ ဖြစ်လာပါရော။ ဘုရားရှင်ကလည်း သာမညဖလသုတ္တန်ကို ဟောကြားဆုံးမတော်မူဖို့ အသင့်စောင့်ဆိုင်းနေတာပါ။ ဒီလိုညမျိုးမှာ အဇာတသတ်ဟာ လမ်းမှန်ရောက်ပြီး သောတာပန်ဝင်ခဲ့ပါတယ် တဲ့။
လူသားအားလုံးဟာလဲ မိမိတို့မှာ အပြစ်ရှိတယ်လို့ ခံယူမိရင် ပြန်လည်ပြင်ဆင်ဖို့ အချိန်မနှောင်းသေးပါဘူး။ မိမိတို့ ယုံကြည်သလို မိမိတို့ဘ၀ကို အလှဆုံးဖြစ်အောင် တန်ဘိုးရှိစွာ ဖန်တီးရယူနိုင်ဖို့ လိုပါတယ်။ ဒါဟာ ဗုဒ္မဘာသာဝင်ကောင်းတွေရဲ့ အမူအကျင့်တွေပါဘဲ။
သတိရလို့ ပြောချင်သေးရဲ့။ ဖြိုးဖြိုးတို့ ငယ်ငယ်က တပ်တွင်းဓမ္မာရုံရှေ့မှာ အယူလွဲတဲ့ သစ္စက ပရဗိုဇ်ကို ဘီလူးက တင်းပုတ်ထု ဆုံးမတဲ့ပုံ စက်ခလုတ်တွေနဲ့ဆင် ပြသပါတယ်။ အရုပ်တွေက တလှုပ်လှုပ်နဲ့ ဘီလူးက ထုလိုက် ရသေ့က ရှောင်လိုက် ဖြိုးဖြိုးတို့ မောင်နှမ သိပ်သဘောကျကြတာလေ။ ကြည့်လို့ မ၀ကြဘူး။ မပြန်ချင်ကြဘူး။ခု ဖြိုးဖြိုးကို မှတ်မိလားမေးတော့ လှုပ်လှုပ်တွေပဲ မှတ်မိသတဲ့။
အရေးကြီးတာကလေးတစ်ခု ပြောဖို့ မေ့တော့မလို့။ ဒီတန်ဆောင်မုန်းလဆုတ်(၈)ရက်နေ့ဟာ ပါတော်မူနေ့ဖြစ်ပါတယ်။၁၂၄၇ခုနှစ် တန်ဆောင်းလဆုတ်(ဂ)ရက်နေ့ဟာ ပါတော်မူနေ့ပါ။ အင်္ဂလိပ်ခေတ်က တားမြစ်ခဲ့တာကြောင့် ပါတော်မူနေ့ရယ်လို့ ကျင်းပခွင့် မရခဲ့ပေမဲ့ တေးရေးဆရာ ရွှေတိုင်ညွန့်ကတော့ ဒီလို ရေးဖွဲ့ခဲ့တယ်။
”ထောင့်နှစ်ရာ လေးဆယ့် ခွန်နှခု နှစ်မှာ.. အတည် ..တန်ဆောင်မုန်း.. လဆုတ်.. (ဂ)ရက် နေ့ကိုတော့… မမေ့နိုင်ပါ သည်။ ယနေ့တိုင်တာရှည်… ရေမြေ့ရှင်ကို….ယူငင်ကာ သွား××တော့…လူရှင်တကာ အများ..တို့ …ကြေကွဲကြလို့ ..ရေနဲငါးပုံညီ….အော် …သီပေါရာဇာ..ပါတော်မူရှာပြီ..။ ကိုယ့် ဘုရင် ..ကိုယ့်..သခင်ကို မျှော်မှန်းရည် ..ယနေ့တိုင်..မမေ့နိုင်ပါတော့....သည်..”
ဒီသီချင်းကို စိန်ပါတီက သီဆိုထားပြီးတော့ မာမာအေးက ပြန်လည်သီကြူးခဲ့ရာမှာ လူတွေ မျက်ရည်ပေါက်ပေါက်ကျအောင် ဖမ်းစားနိုင်ခဲ့တယ်။ ဘုရင်စံနစ်ကို တမ်းတနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်မင်း ကိုယ့်ချင်းဘ၀ကနေ ကျွန်သပေါက်ဖြစ်ခဲ့ရတဲ့နေ့ကို မမေ့ကြဖို့ပါ။ ဒီတန်ဆောင်မုန်းလ ထဲမှာ သီပေါမင်းတရားကို ကုလားဖြူတွေ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာမျိုးချစ်တစ်စုက “အမျိုးသားနေ့”ရယ်လို့ သတ်မှတ်ခဲ့ကြတာလည်း ဒီတန်ဆောင်မုန်းလဆုတ် (၁၀)ရက်နေ့မှာပဲ ဖြစ်ပါတယ်။ အမျိုးသားနေ့ကိုတော့ ယခုတိုင် နှစ်စဉ် ကျင်းပခဲ့ကြတယ်။
ကြည်နူး .ပြီ…ရည်စူး..သည် ..ရှီဦး×.ချီ..ခြောက်ပါး..ရောင်ခြည်…ပရမေ အရှင်.မှန်း×× ပါလို့ ..ရွှေသင်္ကန်း..ကိုတဲ့ ..လှူဒါန်း…ကြပါ တဲ့ လရာသီ××…။ ဝေစီစီ..ရီ××ဝေေ၀..မြူခြေ တိမ်ခိုး…ရောင်စုံ ဖျြိုး×××..မိုးဝဿန် အချိန်..ဆုံး..တန် ဆောင်မုန်း ရယ်တဲ့ြေိစ္ဆာ..ကြတ္တိကာ ကြယ်မင်း..ပုလဲဆင့် ..ခ၀ဲပွင့် .. မြမာလာလို … ဒီချိန်ခါ .မွှေးထုံပျံ့သင်း××….
.ဗမာတိုင်းပြည်..ကျွန်မတို့ ဗမာတိုင်းပြည်. လတန်ဆောင်တွင် ဘုရားကို သာ ပင်.. ရွှေသင်္ကန်းနဲ့ ..လှူဒါန်းကြဖို့ စိတ်ကမှန်းရည်..လှူဒါန်းမည်…မသိုးသင်္ကန်းနဲ့ ..လှူဒါန်း..မည်..စေတနာ ..စိတ်ထားကောင်း နဲ့ အတည်..။ကုသိုလ်တရား…ယခုလိုပွား…ထင်ရှား လှတဲ့ ရှေးရေစက်အညီ…
စိန်ပါတီရဲ့ ..ထူးတဲ့ မေတ္တာရည်....လှူဒါန်းမည်..မြတ်နိဗ္ဗာန် သို့ရည် ..စေတနာ.စိတ်ထားကောင်းတော့သည်…
ဒီသီချင်းကို ရွှေတိုင်ညွန့်က ရေးပြီး စိန်ပါတီ က သီဆိုထားပါတယ်။ သီချင်းအမည်က "ကထိန်သင်္ကန်း" ပါတဲ့။
ခင်မေသစ်
Thursday, October 10, 2013
ဝါလကင်းလွတ် သီတင်းကျွတ်
Posted by
PhyoPhyo
at
Thursday, October 10, 2013
Labels:
ဖြိုးဖြိုးဖတ်ဖို့,
အထွေထွေမှတ်စု,
မေမေ့ရဲ့စာ
ရှေးမြန်မာ လူမျိုး တွေဟာ ၁၂လရာသီ ပွဲတော်များနဲ့ ရင်းနှီးကျွမ်းဝင်ပြီး ဗုဒ္ဓဘာသာ ပီပီသသ ဗုဒ္ဓဘုရား၏ အဆုံးအမ အောက်မှာ ငြိမ်ဝပ်ပိပြားစွာ အေးအေးချမ်းချမ်း ရိုးရိုးသားသား ရောင့်ရဲတင်းတိမ် နေထိုင်ခဲ့ကြတယ်။ သီတင်းကျွတ်လဟာ ဗုဒ္ဒဘာသာ ၀င် ရဟန်းတော်များ ၃လတိုင်တိုင် ကျောင်းတွင်းမှာပဲ ၀ါဆိုနေထိုင်ခဲ့ကြရာက ကင်းလွှတ်ခဲ့တာကို ရည်ညွှန်းဖေါ်ပြနေတာပါ။ ရာသီက တူရာသီ ၊ အာသာဝတီကြယ်နဲ့ စန်းယှဉ်မွန်းတည့်တယ်လို့ အဆိုရှိတယ်။ရာသီပန်းကတော့ Nymphaea Lotus ခေါ်တဲ့ ကြာဖြူပန်းပါ။ ဗုဒ္ဓဘုရားရှင်ဟာ တာသတိံသာ နတ်ပြည်မှာ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုသီတနတ်သားကို အမှူးပြုပြီး အဘိဓမ္မာတရားကို ၀ါတွင်း သုံးလတိုင်တိုင် ဟောကြားခဲ့တာဖြစ်တယ်။တနည်းအားဖြင့် သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့လို့ ခေါ်ဆိုနိုင်တယ်။
သီတင်းကျွတ်လပြည့်နေ့မှာ လူနတ်ဗြဟ္မာတို့ စီချယ် ပြုလုပ်အပ်တဲ့ ရွှေစောင်းတန်း ၊ငွေစောင်းတန်း စသည်တို့ဖြင့် နတ်ဗြဟ္မာတို့က ခြံရံပြီး အလယ် ပတ္တမြားစောင်းတန်းမှ သင်္ကဿနဂိုလ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့မှာ ဆင်းသက်ခဲ့တာဖြစ်လို့ မြတ်ဘုရား ဆင်းသက်ကြွမြန်းရာ လမ်းတလျှောက် လူတို့က ရောင်စုံ မီးများထွန်းညှိ ပူဇော်ခဲ့ကြတာပါ။
ထိုမှသည် နှစ်စဉ် ကျင်းပခဲ့ကြတာမို့ သီတင်းကျွတ် ဆီမီးပူဇော်ပွဲ ဟာ မြန်မာတို့ရဲ့ ၁၂လရာသီ ပွဲတော်ကြီး ဖြစ်လာခဲ့တာပေါ့။တာဝတိံသာ နတ်ပြည်မှာ ရှိတဲ့ စူဠာမဏိ စေတီတော်ကိုလည်း ရည်စူးပြီး မီးရှူး မီးပန်းများပြစ်လွှတ် ပူဇော်ကြသေးတာပါ။ဗုဒ္ဒမြတ်စွာရဲ့ အဆုံးအမအောက်မှာ ကျိုးနွံ နေထိုင်ကြတဲ့ မြန်မာများဟာ သီတင်းဝါလ ကင်းလွှတ်ခဲ့တဲ့ သီတင်းကျွတ်လမှာ မိဘ ဖိုးဖွား သက်ဝါကြီးသူများကို မင်္ဂလာ တရားတော်နှင့်အညီ မန်မာနလျော့ချလို့ ကံတော့ခဲ့ကြတာဟာလည်း ချစ်စရာ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့တခုအဖြစ် တွေ့မြင်နိုင်ပါတယ်။
ဒါဟာ တဦးကို တဦး လေးစား ချစ်ခင်ခြင်း၊မေတ္တာဖြင့် သနားစာနာခြင်း ။ကူညီ ရိုင်းပင်းခြင်း ဖြစ်တဲ့အတွက် ဗုဒ္ဒဘာသာဝင် အမျိုးကောင်းသားသမီးတို့ရဲ့ ထူးမြတ်တဲ့ စိတ်နေစရိုက်ကိုလည်း ဖေါ်ပြရာ ရောက်ပါတယ်။ တမျိုးပြောရရင် အမျိုးဂုဏ်ကို မြှင့်တင်ရာရောက်ပါတယ်။ရဟန်းတော်များအချင်းချင်းလည်း ပ၀ါယဏာ ပွဲ ပြုလုပ် ကာ အပြစ်ရှိက ဖြေလျော့ပေးပါရန် ပန်ကြားရ တာမို့ ဗုဒ္ဒဒဿန အယူအဆဟာ အလွန်သိမ်မွေ့ ထူးခြားလှပါတယ်။
ဘုရားရှင် ဟောကြားခဲ့တဲ့ အဘိဓမ္မာ တရားတော်ဟာ ခုနှစ်ကျမ်းရှိတယ်။
၁။ဓမ္မသင်္ဂဏီကျမ်း ၂။ဝိဘင်းကျမ်း။၃။ဓါတုကဓါကျမ်း။၎။ပုဂ္ဂလပညတ်ကျမ်း၊၅။ကထာဝတ္ထုကျမ်း၊၆။ယမိုက်ကျမ်းနဲ့ ၇။ ပဌာန်းကျမ်း တို့ ဖြစ်တယ်။
ဒီတရားကို သုံးလတိုင်တိုင် ဟောကြားခဲ့ရတာဖြစ်လို့ လူသားစစ်စစ်ဖြစ်တော်မူတဲ့ ဘုရားရှင်ဟာ လူသားတို့ ဘာသာဘ၀ ဆွမ်းစားခြင်း ရေချိုးခြင်း ကိုယ်လက်သန့်စင်ခြင်းတို့ကို ဟိမ၀န္တာတောင်က စန္ဒကူးတောမှာ ပြုလုပ်ခဲ့ရတာပါ။တရားဟော မပျက်အောင်လည်း နိမိတ္တ ရုပ်ပွားတော် ဘုရားတဆူ အဓိဌာန်နဲ့ ဖန်ဆင်းထားခဲ့ရတာပါ။
ဗုဒ္ဓဘာသာ ရဟန်းသံဃာများအနေဖြင့်သော်၎င်း ဗုဒ္ဒဘာသာဝင် မြန်မာ လူမျိုးတို့ အနေဖြင့် သော်၎င်း မိမိတို့ ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရင်း ငြိမ်းအေးချမ်းသာစွာ လိုက်နာ ကျင့်သုံးနိုင်ကြပါစေ အရာရာ သည်းခံ ခွင့်လွှတ်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
လှိုင်လှိုင်သာ သင်းတော့တယ် ကန်မင်းငယ့်နန္ဒာ၊
လျှံဝင်းလဲ့ထိန်ထိန်ဖြာတယ်၊ပွင့်ကြာဖြူမြိုင်မြိုင်နဲ့
ကြိုင်ကြိုင်သင်းတဲ့ လကိုလေး။
တူရာသီငယ်၊ အာဿဝဏီ ကြယ်မြတ်
ရောင်ရှိန်လျှပ်လို့ သုဒသ်ကယ့်နန်းလို၊
မီးမြင့်မိုရ်နှင့်၊ ၀ါဆိုကင်းလွတ်၊ သီတင်းကျွတ်မို့ ၊
ဘုံထွတ်ကယ် ဥကင်၊ ပွင့်စပယ် ရွှင်သောခါ၊
တိုင်းခွင်ပြည့် အောင်ချာမှာ၊ ဆီမီးဝါ ထိန်ထိန်လင်းပါလို့
(ကွယ်) ၀င်းလှတယ်လေး။
(အမည်မသိ ရှေးစာဆို)
မေမေ ခင်မေသစ်
Friday, August 02, 2013
သေသပ်ကျန ကြံ့ခိုင်တဲ့ခန္ဓာကိုယ် ဖြစ်ချင်တယ်ဆို
ခန္ဓာကိုယ်အလေးချိန်ပိုကဲလာတာဟာ အိပ်စက်တဲ့အခါ တခေါခေါအသံတွေပြုပြီး ကျယ်ကျယ်လောင်လောင် ဟောက်တတ်သလို၊ အိပ်နေရင်း တခဏလေး အသက်ရှုရပ်တန့်တာမျိုးတွေ ဖြစ်တတ်ပါတယ်တဲ့။ ဝဖြိုးခြင်းဟာ အထွေထွေကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်စွာနေထိုင်ရှင်သန်ရေးမှာ အဓိကလွှမ်းမိုးနေတတ်တယ်။ အလွန်အမင်းဝဖြိုးသူ ၅၀-၆၀ ရာခိုင်နှုန်းလောက်ဟာ အဲဒီလို အိပ်စက်ရင်းအသက်ရှုရပ်တန့်တာတွေဖြစ်ပွားနေကြတယ်။ တကယ်ဆို သင့်တင်တဲ့ အစားအသောက် နဲ့ လေ့ကျင့်ခန်းလေးတွေ နေ့စဉ်ပြုလုပ်သွားပေးရုံနဲ့ သွက်လက်ကျန်းမာတဲ့ဘဝနေထိုင်မှုရရှိနိုင်မှာပါ။ ကိုယ့်ရဲ့ တစ်နေ့တာအစားအသာက်နဲ့ လှုပ်ရှားမှုလေးတွေကို ဟန်ချက်ညီအောင် မပျက်မကွက် ထိန်းပေးသွားတာကအကောင်းဆုံးပါပဲ။ အစားအသောက် အလွန်အမင်းချိုးခြံဖို့ မလိုသလို၊ လေ့ကျင့်ခန်းတွေလည်းအလွန်အကျွံမပြုလုပ်သင့်ပါဘူး။ ဒါပေမဲ့ အစားအသောက်ထိန်းညှိတာရယ်၊ သင့်တင့်တဲ့လေ့ကျင့်ခန်းလေးတွေတော့ နေ့စဉ် မပျက်မကွက်ပြုလုပ်ဖို့လိုအပ်ပါတယ်။ နာမည်ကျော်တွေဟာ သူတို့ရဲ့ ကျစ်လစ်သေသပ်တဲ့ခန္ဓာကိုယ်ကို ပွဲနေပွဲထိုင်အခမ်းအနားတွေမှာ၊ ကမ်းခြေတွေမှာ လှလှပပ ပြသကြဖို့ အမြဲအသင့်ရှိနေကြတယ်။ သူတို့ရဲ့ အဆီပိုမရှိ သေသပ်လှပတဲ့ခန္ဓာကိုယ်တွေအတွက် အမြဲ ဝံ့ဝံ့ကြွားကြွားရှိနေတတ်ကြမြဲပေါ့။ သူတို့ရဲ့ ဝံ့ကြွားမှုနောက်ကွယ်က အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှု၊ အားကစားလေ့ကျင့်ခန်းအတွက် ဘယ်လိုအားထုတ်မှုတွေရှိနေလဲ သူတို့ပြောတာကတော့
Wednesday, July 17, 2013
ဆယ့်ကိုး ဂျူလိုင် မမေ့နိုင်
ဇူလိုင်လ ၁၉ရက် စနေနေ့သို့ ရောက်ခဲ့ပြန်ပြီ။အနှစ် ၆၆ ပင် တိုင်ခဲ့သော်လည်း ပြည်သူတို့ကား မမေ့။
ယင်းနေ့ကို အာဇာနည်နေ့ဟု ခေါ်တွင်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ထိပ်တန်း ခေါင်းဆောင်ကြီးများ မသမာသူတို့၏ လက်ချက်ဖြင့် သွေးမြေကျသည့်နေ့ဟုဆိုက မမှားပေ။
အချိန်က နံနက်၁၀နာရီ ၃၇မိနစ်။ မိုးက တစိမ့်စိမ့်ရွာနေသည်။
မှုံမှိုင်းသော ကောင်းကင်ကြီးအောက်ဝယ် လောကသည် ထုံထိုင်းနေဟန်။
ထိုနေ့က ဗိုလ်ချုပ်သည် ထူးထူးခြားခြား သနပ်ခါးရောင် ဘန်ကောက်လုံခြည်နှင့် မန္တလေး ပိုးတိုက်ပုံအင်္ကျီကို စမတ်ကျကျ ၀တ်ဆင်ကာ ဆံပင်ကိုလည်း သေသပ်ကျနစွာ ဖီးသင်ခဲ့သည်ဟု ဆိုသည်။
ပြုံးပြုံးရွှင်ရွှင်နှင့် သမီးထွေးလေး “မမစု" ကိုယုယစွာ နမ်းရှုပ်နှုတ်ဆက်ပြီး အိမ်မှထွက်လာခဲ့သည်ဟု သူ၏ အပါးတော်မြဲ ဗိုလ်ထွန်းလှ (စာရေးဆရာ တက္ကသိုလ်နေ၀င်း ) က မှတ်တမ်းတင်ခဲ့သည်။
ဗိုလ်ချုပ်ကို စည်းဝေးခန်းမရှိ သဘာပတိ ထိုင်ခုံတွင် နေရာချထားပြီးမှ သူ့ရုံးခန်းသို့ ပြန်သွားခဲ့သည်ဟု ဗိုလ်ထွန်းလှက ဆို၏။
ထိုအစည်းအဝေးတွင် ဘရင်းဂန်းအလက် ၂၀၀ ပျောက်ဆုံးသည့်ကိစ္စကို ဆွေးနွေးရန်ရှိသည် ဆို၏။
သို့သော်လည်း ရန်သူက လက်ဦးသွားခဲ့ပြီတည်း။
ဗိုလ်ချုပ်နှင့် ၀န်ကြီးများ အတွင်းဝန်ရုံးတွင် စည်းဝေးစတင်နေပြီ။
ရုံးရှေ့ကို ဂျစ်ကားတစင်း တည်ငြိမ်စွာ ထိုးဆိုက်လာ၏။ ကားပေါ်မှ စစ်ဝတ်စုံနှင့် လက်နက်ကိုင် တစု အိနြေ္ဒရရ ဆင်းလာသည်။
ဝန်ကြီးများစည်းဝေးထိုင်ရာ ရုံးခန်းအတွင်းသို့ ပြောင်ပြောင်တင်းတင်း ၀င်ရောက်သွားကြပြီ။ မကြာမီ ..
ဒိန်း…ဒိန်း….ဒိန်း….ဒက်..ဒက်..ဒက်…ဒိုင်း ..ဒိုင်း ဒိုင်း ..ဟူ၍ သေနတ်သံများ ပေါက်ကွဲ ဆူညံစွာ ဆက်တိုက်ထွက်ပေါ်လာ၏။
စည်းဝေး ခန်းမကြီး တခုလုံး ယမ်းနံ့ ဖြင့် မွန်းကြပ်ကာ ယမ်းငွေ့ မျာဖြင့် ပိန်းပိတ် ရီမှောင်သွားခဲ့။
မတ်တတ်ရပ် လက်ကာပြရင်း တခုခု ပြောလိုက်သော ဗိုလ်ချုပ်ကိုယ်ခန္ဓာပေါ်သို့ သေနတ်ကျည်ဆန်အတောင့် (၁၃တောင့်) က တဆက်တည်း စုပြုံဝိုင်းအုံ ထွင်းဖေါက် ၀င်ရောက်သွားသည်။ ဗိုလ်ချုပ်ကို အဓိက ပြစ်မှတ်ထား တိုက်ခိုက်ခြင်း။
ဗိုလ်ချုပ်ကိုယ်မှ ထွက်ကျလာသည့် ရဲရဲနီစွေးသော သွေးတို့သည် ခန်းမကြမ်းပြင်သို့ ချောင်းသဖွယ် ယိုစီးရင်း ဗိုလ်ချုပ်ခန္ဓာကိုယ်က အလဲလဲ အပြိုပြို နှင့် ပက်လက်လန်ကျသွားတော့သည်။ လျှပ်တပြက် အသက်ဝိညာဉ် ကင်းမဲ့သွားသည့် ဗိုလ်ချုပ်ခန္ဓာကိုယ်သည်ကား မလှုပ်မယှက်။
သွေးအိုင်တွင်းဝယ် ထာဝရ အိပ်စက်ခြင်းဖြင့် အနားယူ သွားခဲ့ရော့ထင့်။
တတိုင်းတပြည်လုံး အုံးအုံးကြွက်ကြွက်၊ အထက်ဘ၀ဂ်မှ အောက်နရက်တိုင် ငရဲပွက်သို့ ရဟန်းရှင်လူ သူသူငါငါ တုန်လှုပ် ခြောက်ခြားကြကုန်၏။ ဤမျှ ရက်စက် နိုင်လွန်းသည့် ဖြစ်ရပ်ကို မည်သူတွေ ကျူးလွန်ဝံ့သနည်း။ (အဖြေက ရှိပြီးဖြစ်ပါသည်။)
“ဘယ်ရှေးကံငယ် ဖန်နိုင်အားရက်တယ် …နတ်မင်းတို့ နေနိုင်တယ်” ဟုသာ ငိုချင်းချရပေတော့မည်။
ဗိုလ်ချုပ်နှင့်အတူ ဦးဘ၀င်း၊ မန်းဘခိုင်၊ စပ်စံထွန်း၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးရာဇတ်၊ ဦးအုံးမောင်၊ မောင်ထွေးတို့သည်လည်း အတုံးအရုံး ကျဆုံးခဲ့ကြသည်။
နှစ်လနာရီ ..ချိန်ရာသီ ရွေ့ပေမဲ့ ..အာဇာနည်နေ့ကိုတော့ …မမေ့သင့်ပါသလေ..
ယနေ့ဖြင့် ..အသိတရား ရဖို့ အခြေ … .တွေးရှုကာပဲ အလေးပြု ပါတယ်လေ..။
(အလေးပြုနေရုံဖြင့် မပြီးသေးပါ။ တဲ့။ နောင်လာနောက်သားများအတွက် အာဇာနည်စိတ်ဓါတ် ပွားများလာစေရန် တိုင်းပြည်အတွက် စွန့်လွှတ် အနစ်နာခံယူချင်စိတ် ပေါ်ထွန်းစေရန် အမှတ်တရ ကျောက်တိုင်များစိုက်ထူပေးဖို့အာဇာနည်ကုန်းကို ယခုထက် ခမ်းနားစွာ ပြုပြင်မွမ်းမံပေးဖို့ အများကြီး လိုအပ်နေပါသေးသည်။)
ခင်မေသစ်
ဝါဆိုလပြည့် ဓမ္မစကြာနေ့
ပြုဗ္ဗသာန်ကြယ်ထွန်းလို့ ၊ လ၀န်းတဲ့သော်တာ၊
သည်ချိန်ကို ယုဂန်ဖျားက နှစ်ပါးရောင်ခြည်စိုက် ၊
လင်းခိုက်မို့သာ။
ရနံ့ငယ်ဖြာ၊ ညှာတံက ငုံဖူး၊
ပုန်းညက်ညို ပင်မင်းက ၊
သင်းပျံ့လိုကြူး။
စသည် ရှေးစာဆိုတို့က တင်စားဖွဲ့နွဲ့ခဲ့သည်။
“ရေလျှံတဲ့ လ၀ါဆိုမှာ ၊ပုန်းညက်ညိုမာလာမင်းက သင်းလှတယ်လေး။”
ဟူ၍တသွယ် “မာလာပုန်းညက် ပွင့်မှန်ကူတယ် ၊ မမူ့တမူ ခိုင်အနွဲ့၊ မကြူ့တကြူ ကြိုင်အလှဲ့နှင့် ၊ ဂနိုင်ပိုင်ချဲ့ ဘုရင်စံ။”
ဟူ၍တမျိုး ၀ါဆိုမိုးနှင့် ရာသီပန်းကို ဖွဲ့နွဲ့ကြသည်။
ဗုဒ္ဓမြတ်စွာ သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီး ဦးစွာ မိဂဒါဝုန်တောသို့ ကြွချီတော်မူသည်။ ဘုရားရှင်သည် မိဂဒါဝုန်တောရှိ အဇ္ဇပါလညောင်ပင်ရင်းဝယ် ထိုင်တော်မူကာ ၀ါဆိုလပြည့် စနေနေ့တွင် ပဉ္စ၀ဂ္ဂီငါးဦးတို့အား တရားဦးဟောခဲ့သည်။ထို့ကြောင့် ၀ါဆိုလပြည့်သည် ထူးခြားသော နေ့တနေ့ ဖြစ်သည်။
အချိန်က ယုဂန်ဖျားတွင် နေနှင့်လ နှစ်ပါး စုံညီ လင်းရောင်ဖြာလွင်ဆဲ။ နေမင်းက နှုတ်ဆက်ထွက်ခွာရန် အပြင် လမင်းက လည်း လပြည့်ညမို့ စောစီးစွာ ထွက်ပြူဝင်းပ လာနေစဉ်။
ဒွေမေဘိက္ခဝေ။ အန္တာ ပဗ္ဗဇိတေန နသေ၀ိတဗ္ဗာ၊
ကတမေဒွေ ယောစာယံ ကာမေသု ကာမ သုခလိကာ၊
နုယောဂေါ၊ ဂါမ္မော၊ ပေါထုဇ္ဇနိကော၊အနရိယော၊
အနတ္တသံဟိတော၊
ယောစာယံအတ္တကိလမထာ နုယောဂေါ၊ ဒုက္ခော အနရိယော၊
အနတ္တသံဟိတော။
အစချီကာပီသ ကြည်မြသော အသံတော်ဖြင့် ဓမ္မစကြာ တရားတော်မြတ်ကို လူသားငါးဦးသာ ပါရှိသည့် နတ်ဗြဟ္မာတို့အား တရားရေအေး တိုက်ကြွေး ဟောကြားတော်မူခဲ့သည်။အယုတ်တရားနှစ်ပါး ဖြစ်သည့် ဆင်းရဲပင်ပန်းခြင်းသာ ဖြစ်စေသော အစွန်းရောက် အတ္တကိလမထာ နုယောဂ နှင့်ကာမသုခလ္လိကာ နုယောဂ တို့ကို ပယ်သတ်ရန်။အလယ်အလတ် မဉ္ဇိမပဋိပဒါ လမ်းစဉ်ကိုလိုက်ရန် ညွှန်ကြားတော်မူခဲ့သည်။ ထိုမှ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ဖြစ်သော..
ကောင်းသောအယူယူခြင်း။
ကောင်းသောအကြံအစည်ရှိခြင်း။
ကောင်းသောစကားကိုဆိုခြင်း။
ကောင်းသောအလုပ်လုပ်ခြင်း။
ကောင်းသော အသက်မွေးခြင်း။
ကောင်းစွာအားထုတ်ခြင်း။
ကောင်းသော သတိရှိခြင်း။
ကောင်းစွာတည်ကြည်ခြင်း စသည်တို့ကို ဆုံးမတော်မူပြီး ဒုက္ခသစ္စာ။ သမုဒယသစ္စာ။ နိရောဓသစ္စာ။မဂ္ဂသစ္စာတည်းဟူသော သစ္စာလေးပါးကို ညွှန်ပြတော်မူခဲ့သည်။
ကောင်းသောအကြံအစည်ရှိခြင်း။
ကောင်းသောစကားကိုဆိုခြင်း။
ကောင်းသောအလုပ်လုပ်ခြင်း။
ကောင်းသော အသက်မွေးခြင်း။
ကောင်းစွာအားထုတ်ခြင်း။
ကောင်းသော သတိရှိခြင်း။
ကောင်းစွာတည်ကြည်ခြင်း စသည်တို့ကို ဆုံးမတော်မူပြီး ဒုက္ခသစ္စာ။ သမုဒယသစ္စာ။ နိရောဓသစ္စာ။မဂ္ဂသစ္စာတည်းဟူသော သစ္စာလေးပါးကို ညွှန်ပြတော်မူခဲ့သည်။
ဒုက္ခသစ္စာ ဆိုသည်မှာ မလိုလားအပ်သော ဆင်းရဲခြင်းမျိုးစုံ ကြုံဆုံရခြင်း။
သမုဒယသစ္စာ ဆိုသည်မှာ တွယ်တာနှောင်ဖွဲ့သဖြင့် သောကဗျာပါဒဖြင့် ဆင်းရဲပင်ပန်းခြင်း။
နိရောဓသစ္စာဆိုသည်မှာ ထိုဒုက္ခအပေါင်းမှ ချုပ်ငြိမ်းခြင်း။ ကင်းပျောက်ခြင်း။
မဂ္ဂသစ္စာဆိုသည်မှာ. ဆင်းရဲခြင်းအကြောင်းရင်းအမှန်ကို ထိုးထွင်းရှုမြင် နိုင်ခြင်း တို့ဖြစ်သည်။ ထိုမှ အသဝေါတရားကုန်ခမ်းကာ နိဗ္ဗာန်မဂ်ဖိုလ်ကို ဆိုက်ရောက်နိုင်ပါသည် တဲ့။
ကျွန်မတို့တတွေ ဘုရားပေးသည့်နည်းကို မသိ မဟုတ် သိကြပါသည်။ တကယ်လိုက်နာကျင့်သုံးဖို့က အဝေးကြီး။ ဒါန ကုသိုလ်နှင့်သာ သူသူငါငါ လူ့ဘ၀ကို စွန်ခွာ ထွက်သွားနေကြသည်။ခေါင်းအမျိုးမျိုးပြောင်း၍ ဘ၀အထိုထို ကျင်လည်ကြရာတွင် အကယ်၍ လူပြန်မဖြစ်ခဲ့သည်ရှိသော်..ကျွန်မတို့ သာသနာနှင့် ကမ္ဘာ အသင်္ချေ ဝေးကြရတော့မည်။ လူ့ခေါင်း လူ့ဦးနှောက်ကို မပိုင်ဆိုင်သည့် ဘုံဘ၀တခုခုတွင် ရောက်ရှိသွားသည်ရှိသော် ယခုလို တရားတော်မြတ်ကို ဘယ်သို့ ဖြောင့်စွာ နာယူကြပါမည်နည်း။
“ခွင့်သာတုန်းမှ မရုန်းချင်လျှင် ၊အရှုံး နင့်ပြင် ရှိသေးရှာလိမ့်လား။” “ခွင့်သာဆဲမှ ၊ မခဲပါလျှင်၊ အလွှဲနင့်ပြင် ရှိသေးလေလိမ့်လား။" “ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား" ဟူ၍ လယ်တီဆရာတော်ဘုရားသက်ရှိစဉ်က မေးတော်မူခဲ့သည်။
ကျွန်မတို့ ဘယ်လို အဖြေမျိုးကို ပေးနိုင်မလဲ။
ခင်မေသစ်
Sunday, June 30, 2013
“ငွေ” ဆန့်ကျင်ဘက်တို့ တွန်းတိုက်ထိခိုက်ကြတဲ့အခါ
ကိုယ်တို့တွေ့ဆုံဆက်နွယ်မှု ပျော်ရွှင်ကြည်နှုးစရာတွေနဲ့ စတင်လာပြီးတဲ့အခါ နှစ်ယောက်တစ်ဘဝလေးကို ပုံဖော်ဖန်တီးကြမှာပါပဲ။ ဘာတွေကများ ကိုယ်တွေးထင်တာတွေနဲ့ အလွဲလွဲအချော်ချော်ဖြစ်နေနိုင်မှာလဲ။ ငွေကြေးပိုပိုပြီး စုဆောင်းမိလာတာဟာ ပျော်ရွှင်မှုတွေပိုပိုပြီး စုဆောင်းမိလာတယ်လို့တော့ ညီမျှခြင်းချလို့မရနိုင်ပါဘူး။ အနာဂတ်ကို ပန်းချီကားတစ်ချပ်နဲ့ ပုံဖော်မယ်ဆိုပါစို့။ ကျယ်ဝန်းတဲ့ဘောင်ကျယ်ကျယ်ခတ်ရမယ်။ အများကြီးပဲ ကြိုတင်တွေးထားရတော့မယ်။ ကိုယ့်ရဲ့အနာဝတ်ပန်းချီကား အလှပဆုံးဖြစ်နိုင်ဖို့က အတွင်းမှာ အသွေးအရောင်စိုစို၊ ဟိုမှာသည်မှာကွက်လပ်တွေ မရှိနိုင်အောင်လည်းအစစအရာရာ ဖြည့်တင်းရဦးမယ်။ အဲဒီအတွက် ကိုယ့်ရဲ့ ဘတ်ဂျက်ငွေကြေးအတွက် တာဝန်ယူနိုင်ရမှာပေါ့။ ငွေ ငွေကြေးစုဆောင်းထားနိုင်ဖို့လည်း လိုသေးတယ်။ ငွေ အမြဲလည်ပတ်စီးဆင်းအောင်တတ်ကျွမ်းနေမယ်ဆိုရင် ပိုကောင်းနိုင်ဦးမယ်။ ဒါမှလည်း “သူနဲ့ ကိုယ့်မှာ ပျော်ရွှင်ကြည်နူးစရာ ဆက်နွယ်မှုရရှိနိုင်မယ်” လို့ပဲ သူသူငါငါ တွေးထင်ထားကြမှာပါ။ တကယ်တမ်းတော့ အဲဒါဟာ အဓိကပြဿနာတော့မဟုတ်ပါဘူး။
ငွေကြေးရိုက်ခတ်မှုအပေါ်ကိုယ့်မြင်ထားတဲ့အမြင်မျိုးနဲ့ စုံတွဲလေးတွေအတွက် မှတ်ချက်တွေပေးမိမလား။ ကြီးကျယ်တဲ့ပစ္စည်း အိမ်လိုမျိုး၊ ပြီးတော့ ကားအမျိုးစား၊ ကိုယ်သောက်တဲ့ကော်ဖီ နဲ့ အမြဲတမ်းစီးတတ်တဲ့ အမျိုးအစားကောင်းကောင်းရှုးဖိနပ်တွေပေါ်မှာမူတည်ပြီး ပျော်ရွှင်မှု၊ ခိုင်မြဲတဲ့ဆက်ဆံရေးအပြောင်းအလဲတွေကို စဉ်းစားနေမိမှာလား။ အဲဒီအရာတွေက ကိုယ်တို့ရဲ့ ဆက်နွယ်မှုချစ်ခြင်းမေတ္တာကို ဘယ်လိုသက်ရောက်မှုရှိနေလဲ။ ဒီမှာ ဥပမာလေးတစ်ခုကြည့်ပါဦး။ အိမ်ထောင်ရှင်ခင်ပွန်းတစ်ဦးက ဇနီးကို “ငွေနာဇီမ” လို့ ခေါ်လိုက်တယ်။ ဘာကြောင့်များလဲ။ သူတံခါးကိုဖြတ်ပြီး လျှောက်လမ်းလာတဲ့အချိန်လေး သူတို့ အပြန်အလှန်ပြောဖြစ်ကြတဲ့ စကားတွေက ဒီလိုပါ။
ဇနီး - ရှင် နေ့လည်စာ ဘယ်မှာစားခဲ့လဲ။
ခင်ပွန်း - ငါတို့ ဒီနေ့ အီတလီအစားအစာသွားစားကြတယ်။
ဇနီး - ရှင် ဘာစားခဲ့လဲ။
ခင်ပွန်း - ကြက်ကရင်မ်ဆလတ်စားတယ်။
ဇနီး - ဘယ်လောက်ကုန်လဲရှင့်။
ခင်ပွန်း - ငါ မသိဘူးကွာ၊ ၁၃ ဒေါ်လာလောက်ဖြစ်မှာပေါ့။
ဇနီး - ဟင် ကြက်သား၊ ပေါင်မုန့်ကင်ပါတဲ့ ကရင်မ်ဆလတ်တစ်ပွဲအတွက် ၁၃ ဒေါ်လာလောက် ? ဘုရားရေ၊ ရှင် ရူးများနေသလား။
ဒီလိုအငြင်းအခုန်မျိုး ရင်းနှီးနေတယ်ဆိုရင်၊ ကိုယ်တစ်ယောက်တည်းဖြစ်တတ်တာတော့လည်း မဟုတ်ပါဘူး။ romantic ဆန်တဲ့ သံယောဇဉ်အနှောင်အဖွဲ့လေး ခိုင်မြဲချင်တယ်ဆိုရင် ဒီ အချက်လေးတွေက ပြဿာနာကောင်လေးတွေမို့ ရှောင်သင့်ပါတယ်။
၁. သင့်ရဲ့ ငွေကြိုက်တဲ့ဗီဇ
ငွေမှာတော့ ဗီဇမျိုးရိုးမရှိဘူး၊ ဒါပေမဲ့ အဲဒီငွေကိုပဲ ကျွန်မတို့ ကြည့်မြင် ခံစားမှုမှာတော့ ငယ်စဉ်ဘဝကတည်းက ဘယ်လောက်များ အရိုးစွဲလာလိုက်သလဲဆိုရင် ကျွန်မတို့ရဲ့ မျက်လုံးတွေရဲ့ အရောင်အသွေးအမျိုးမျိုးအဖုံဖုံဖြစ်အောင် ပြောင်းလဲပစ်နိုင်လောက်တဲ့အထိပါပဲ။ ငွေ နဲ့ပဲ မွေးဖွားလာသလိုမျိုးပဲ။ အဲဒါကိုအလွယ်ဆုံးသက်သေပြရရင် ကျွန်မတို့ ကလေးဘဝထဲက ဘယ်လိုကြီးပြင်းခဲ့သလဲကြည့်ပါ။ ကလေးနှစ်ယောက် ကိုးလ် နဲ့ ကိတ်ဒ် ဆိုပါစို့။ သားလေးနှစ်ယောက်မှာ ကိုးလ်က ငွေကို စုဆောင်းသူ၊ ကိတ်ဒ်ကတော့ သုံးဖြုန်းသူပါ။ ကိတ်ဒ်က သူ့ရဲ့ ပိုက်ဆံအိတ်ထဲမှာ တစ်ဒေါ်လာဆိုတဲ့ငွေကိုတောင် သိမ်းဆည်းမထားနိုင်ဘူး။ ကိုးလ်ကတော့ ကျွန်မတို့ တွန်းတွန်းတိုက်တိုက် အားပေးရင်တောင်မှ အဲဒီ တစ်ဒေါ်လာလေးကို မသုံးရက်ဘူး။ အဲဒီနည်းလမ်းဟာ လူကြီးတွေမှာလည်း အတူတူပါပဲ။ လူကြီးတွေမှာလည်း ငွေနဲ့ ပတ်သက်တဲ့ ဗီဇတွေရှိနေကြတယ်။ လူတိုင်းလူတိုင်းက ကိုယ့်ရဲ့ အထုံဝါသနာကပဲ အကောင်းဆုံးလို့ ယုံကြည်နေကြသေးတယ်။ ငွေ နဲ့ ပတ်သတ်တဲ့ အကျင့်လေးတွေကိုယ့်မှာဘယ်လိုရှိမလဲ နားလည်လွယ်အောင် ခွဲခြားကြည့်ရအောင်ပါ။ ငွေစုဆောင်းသူ၊ ငွေသုံးစွဲသူ၊ စွန့်စားရင်းနှီးလိုသူ၊ လုံခြုံစိတ်ချရတဲ့နည်းနဲ့ပဲရှာဖွေလိုသူ၊ ငွေကို တုံ့ဆိုင်းမနေဘဲ လွှင့်ပြစ်သုံးစွဲနေသူ ဆိုပြီး အဲဒီလို ဗီဇရှိသူတွေတွေ့ကြရမှာပါ။ အဲဒီအထဲမှာမှ တစ်ဦးစီဟာ ပထမ နဲ့ ဒုတိယ အမျိုးအစားပါပဲ။ ကိုယ့်ရဲ့ ခင်ပွန်း၊ ဇနီး၊ ချစ်ခင်သူနဲ့ ကိုယ်ကိုယ်တိုင် ဘယ်လိုဗီဇရှိနေမလဲ ကွဲပြားချက်တွေ ခွဲခြားသိရှိထားဖို့ပါ။ သိရှိပြီးပြီဆိုရင် ကိုယ့်ရဲ့ ငွေနဲ့ပတ်သက်တဲ့ ဗီဇအကျင့်လေးတွေကို အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ကြရမှာပါ။
၂. သင့်ရဲ့ မှန်ဘီလူး
ကျွန်မတို့ဟာ မှန်ဘီလူးတစ်ခုနဲ့ ကြည့်ပြီး ငွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေပြုလုပ်နေကြတယ်။ ဆွယ်တာဒီဇိုင်းအသစ်လေးတစ်ထည် ဆိုင်ပေါ်ရောက်ပြီဆိုပါစို့။ အဲဒီလို အသစ်အဆန်းလေးတွေဟာ ကျွန်မတို့ရဲ့စုဆောင်းထားတဲ့ငွေကြေး ၃၀ ရာခိုင်းနှုန်းလောက်ကို ဆွဲယူသွားစေဖို့ တွန်းအားပါပဲ။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဝိုင်းဖွဲ့စားသောက်ကြဖို့လည်းဆုံးဖြတ်တယ်။ ငွေဟာ ကျွန်မတို့ ပြုလုပ်သမျှဆုံးဖြတ်ချက်တွေမှာ အမြဲယှဉ်တွဲပါနေတတ်တာပါ။ ငွေကြေးနဲ့ပတ်သက်တဲ့ဗီဇကပဲ ကျွန်မတို့ဘဝအပေါ်မြင်တဲ့ ရှုထောင့်ကို ပုံဖော်ဘောင်ခတ်ပေးတယ်။ ဥပမာတချို့ဆိုရင်တော့ ငွေသုံးစွဲသူတွေဟာ လှူဒါန်းပေးကမ်းဖို့ ဝါသနာပါသူပါ။ စုဆောင်းသူတွေဟာ အကောင်းဆုံးအပေးအယူကို ရှာဖွေပါတယ်။ စွန့်စားရင်းနှီးလိုသူတွေက “အဲဒါကို စမ်းကြည့်မယ်”လို့ ဆုံးဖြတ်မှာပဲ။ လုံခြုံစိတ်ချရမယ့်နည်းရှာဖွေသူတွေကတော့ ကြိုတင်စီစဉ်မှုတွေလုပ်နေမယ်။ ငွေကို လွှင့်ပြစ်သလိုသုံးစွဲတတ်သူကတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေချဖို့ ဘယ်တော့မှ နှောင့်နှေးနေမှာမဟုတ်ဘူး။
၃. သင့်ရဲ့ ဆန့်ကျင်ဘက် (money opposite)
“ကူညီပါ၊ ကိုယ်တော့ တကယ့်ဆန့်ကျင်ဘက်၊ ဗီဇမတူသူနဲ့ လက်ထပ်ခဲ့ပါပြီ” ကျွန်မတို့ ခရီးတွေသွားတယ်။ နိုင်ငံအနှံ့အပြားက လူတွေနဲ့ စကားတွေပြောဖြစ်ကြတယ်။ များလှတဲ့စုံတွဲတွေမှာ ဝမ်းနည်းနာကျင်မှုတွေ၊ ချောက်ချားထိတ်လန့်မှုတွေဖြစ်ကြတဲ့ အကြောင်းရင်းတစ်ခုရှိနေပါတယ်။ စုံတွဲ ၇၅ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ ဆန့်ကျင်ဘက် ငွေဗီဇမတူသူတွေနဲ့ လက်ထပ်ထားကြတယ်။ အံ့သြစရာတော့မရှိပါဘူးတဲ့။ ကွာရှင်းခဲ့ကြတဲ့ ၇၀ ရာခိုင်နှုန်းအားလုံးဟာ ငွေ ကြောင့်ပါပဲ။ ငွေဟာ သူတို့ ကွဲကွာရခြင်းရဲ့အကြောင်းရင်းတစ်ရပ်ဖြစ်နေကြတယ်။ ဒါပေမဲ့ ငွေကြေးသုံးစွဲမှုမှာ ဗီဇခြင်းမတူတဲ့(money opposite) တွေလက်ထပ်ထားရင်တော့ ကွာရှင်းပြတ်စဲတာမျိုးတွေမရှိနိုင်ပါဘူးတဲ့။ တဘက်မှာ ငွေစုဆောင်းသူနဲ့ လုံခြုံစိတ်ချရတဲ့နည်းနဲ့ပဲရှာဖွေလိုသူတွေရှိမယ်။ တခြားဘက်မှာ သုံးစွဲသူတွေ၊ စွန့်စားမှုရယူလိုသူ၊ ငွေကို လေအနှင်နဲ့အတူသုံးစွဲသူတွေရှိကြတယ်။ ကျွန်မတို့ နာမည်ပေးထားသလို “ဆန့်ကျင့်ဘက်အပြင်းစားဗီဇ” ရှိနေကြမလား။
အဲဒီလိုအပြင်းစား ကွာခြားချက်တွေဟာ သံယောဇဉ်တွေပြတ်တောက်စေမယ့် အကြောင်းအရာတွေဖြစ်နေပါတယ်။ တစ်ယောက်က သုံးစွဲသူဆို ကိုယ်က စုဆောင်းသူဖြစ်အောင် ကြိုးစားပြင်ဆင်နိုင်မယ်ဆိုရင်တော့ ခိုင်မြဲတဲ့အိမ်ထောင်တစ်ခုစီ ဦးတည်ရှေ့ဆက်နိုင်ကြမှာပါ။ ။
ဖြိုးဖြိုး
![]() |
Yati Magazine, July, 2013 |
Thursday, June 27, 2013
လွယ်ကူကျန်းမာ နေ့တစ်နေ့မှာ
![]() |
Photo from |
ကျန်းမာသွက်လက်နေဖို့ တစ်နေ့စာ လွယ်လွယ်ကူကူပြုလုပ်နိုင်တဲ့ နည်းလမ်းလေးတွေရှိနေပါတယ်။ ဒီလိုနည်းလမ်းတွေဟာ ပြုလုပ်ရမခက်ခဲလှပေမဲ့ ရရှိနိုင်မယ့် အကျိုးကျေးဇူးက ခပ်များများပါပဲ။ တစ်နေ့တာအတွက်၊ နေ့တိုင်းအတွက်၊ ကိုယ့်ရဲ့ဘဝတစ်သက်တာ ကျန်းမာရေးအတွက် အထောက်အကူပြုနေမှာပါ။
ပထမဆုံးအိပ်ရာကနိုးထလိုက်တာနဲ့ ကိုယ့်ရဲ့ကြောင်လေးလှုပ်ရှားသလို အညောင်းဆန့်ပေးတဲ့လေ့ကျင့်ခန်းလေးပုံတူကူးချလှုပ်ရှားကြည့်လိုက်ပါ။ သွေးလည်ပတ်မှုနဲ့ အစာခြေစနစ်ရဲ့ စွမ်းရည်ကို မြှင့်တင်ပေးမှာပါ။ ကျောနာတာကိုလည်း သက်သာလျော့ပါးစေတယ်။ ပျောက်ကင်းစေပါတယ်။
ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ချေဖျက်ဖို့ သံလွင်ဆီတစ်ဇွန်းကို ခံတွင်းမှာငုံပြီး ပလုတ်ကျင်းပေးပါ။ သံလွင်ဆီဟာ အပူပေးပြီးထုတ်လုပ်ထားတာမဟုတ်ဘဲ အအေးခံပေါင်းတင်(cold-pressed) ထုတ်ထားတာဆို အကောင်းဆုံးပါပဲ။ ၁၅ မိနစ်ခန့် ခံတွင်းထဲမှာငုံပြီး gargle လုပ်နေရပါမယ်။ ပြီးရင် ထွေးထုတ်ပြစ်ပါ။ သံလွင်ဆီဟာ ငုံထားခါစမှာ အနည်းငယ်ခါးသက်သက်ဖြစ်နေနိုင်ပါတယ်။ ဆီတစ်မျိုးဆိုတော့ ငုံထားရမှာ မဝံ့မရဲဖြစ်နေတတ်သေးတယ်။ gargle လုပ်တဲ့အခါ မရပ်မနားခပ်ပြင်းပြင်းမလုပ်ပါနဲ့။ အဲဒီလို လုပ်ခဲ့ရင် အာခံတွင်းမှာ အချိန်ခဏလေးနဲ့ ညောင်းညာပြီး ၁၅ မိနစ်ခန့်အထိ ထိန်းထားနိုင်မှာမဟုတ်ပါဘူး။ ခပ်ဖြည်းဖြည်းနဲ့ပဲ gargle လုပ်ပေးနေရပါမယ်။ ငါးမိနစ်လောက်ကြာလာတာနဲ့ ဆီအရသာလို ကျိချွဲတာပျောက်လာတာကို သတိထားမိလာပါလိမ့်မယ်။ ဆီကိုတော့ မျိုမချမိအောင် သတိထားရမှာပေါ့။ ထွေးထုတ်လိုက်တဲ့အခါမှာ အာခံတွင်းမှာရှိနေတဲ့ ချွဲသလိပ်၊ အကျိအချွဲတွေပါထွက်လာတာ သိလိုက်ပါလိမ့်မယ်။ ခံတွင်းမှာရှင်းလင်းသန့်စင်သွားတဲ့ခံစားမှုကို လက်ငင်းရသလို နေ့တိုင်းတစ်နေ့တစ်ခါပြုလုပ်ပေးခဲ့ရင် ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေကတော့ ခေါင်းကိုက်၊ သွားကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်မှု၊ အိပ်မပျော်နိုင်ခြင်း၊ ပန်းနာရင်ကျပ်၊ အဆုတ်ရောဂါ၊ လေးဘက်နာ၊ အူနဲ့ အစာအိမ်ရောဂါ၊ ကျောက်ကပ်၊ အသည်း နဲ့ နှလုံး၊ နဲ့ အမျိုးသမီးတွေဖျားနာမှုမျိုးတွေ သက်သာပျောက်ကင်းစေနိုင်တယ်။
မနက်စာကို ဘယ်တော့မှာ လက်လွှတ်မခံပါနဲ့။ လတ်ဆတ်တဲ့သစ်သီး၊ သစ်သီးဖျော်ရည်၊ အမျှင်ဓာတ်ပါ cereal မနက်စာမျိုးစားပါ။ ဒိန်ချဉ် ဒါမှမဟုတ် low-fat နွားနို့သောက်နိုင်ပါတယ်။ ပေါင်မုန့်မီးကင် နဲ့ ကြက်ဥပြုတ်တစ်လုံးစားနိုင်ပါတယ်။
Hygiene နည်းစနစ်မှန်မှန်နဲ့ သွားတိုက်ရမှာပါ။
ဦးနှောက်ကို စွမ်းအင်ပြည့်ဝတက်ကြွစေဖို့ အလုပ်ပေးပါ။ ဥပမာ သွားတိုက်နေရင်းနဲ့ ကျန်တဲ့လက်တစ်ဘက်ကနေ အကျီအဝတ်အစားရွေးနေတာဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ သက်ပြင်းချနေမိတာထက် လက်နှစ်ဘက်၊ ဘယ်ညာနှစ်ဘက်လုံးအလုပ်ပေးထားတာဟာ လက်ငင်းအချိန်လေးမှာ ဘယ်လောက်မှ သတိမထားမိနိုင်တဲ့အမူအကျင့်လေးဖြစ်ပေမယ့် အယ်လ်ဇိုင်းမားလိုမှတ်ဥာဏ်ချို့ယွင်းလာတတ်တဲ့ သက်ကြီးရောဂါတွေမဖြစ်အောင်တားဆီးနိုင်ပါတယ်။
နောက်တစ်ခုက ကိုယ်ပေးနိုင်မယ့်အရာကို စဉ်းစားပါတဲ့။
ဆုတောင်းတာ၊ တရားမှတ်တာဟာ အဲဒီလိုမလုပ်တဲ့သူတွေထက် စိတ်ထိခိုက်စရာအဖြစ်အပျက်မျိုးကြုံလာခဲ့ရင်တောင် မြန်မြန်ဆန်ဆန် ကျော်လွှားနိုင်ကြတယ်။
အနံ့တွေရှုရှိုက်စားသုံးပါတဲ့။ မွှေးရနံ့တစ်မျိုးမျိုးသုံးစွဲဖို့ဆိုလိုတာတော့မဟုတ်ပါဘူး။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နွေဦးကြက်သွန်နီ နဲ့ ကြက်သွန်မြိတ်လိုအစားအသောက်တွေအကုန်လုံးက သင်နဲ့ သင့်တော်ပါတယ်။ ကြက်သွန်ဖြူအစိမ်းစားသုံးတာဟာ ကလေးငယ်ဘဝမှာဖြစ်တတ်တဲ့ ပြင်းထန်တဲ့ရောဂါကူးစက်မှုတွေတောင်တိုက်ခိုက်နိုင်ကြတယ်။ ချက်ပြုတ်လိုက်ရင် အဲဒီဂုဏ်သတ္တိတွေလျော့သွားတတ်တာကြောင့် အစိမ်းစားတာပိုပြီးအကူအညီပေးတယ်။ အဲဒီအနံ့မျိုးတွေကို ဇီဇာကြောင်တတ်သူဖြစ်နေမယ်ဆိုရင် သစ်သီးဖျော်ရည်နဲ့ ဆေးချလိုက်ပြီး စားသုံးနိုင်ပါတယ်တဲ့။
ဝိုင်နီတခွက်သောက်ပေးပါ။ လဘက်ရည်ကြမ်းတခွက်မှာပါတဲ့ antioxidant ၊ ဝိုင်နီ နဲ့ သံလွင်ဆီတွေဟာ ရင်သားကင်ဆာကို ကာကွယ်နိုင်တယ်။ ဆေးရွက်ကြီးဆေးလိပ်အငွေ့ကရနိုင်တဲ့ ကာဆီနိုဂျင်(ကင်ဆာဖြစ်စေတတ်တဲ့အရာ)ကို ကာကွယ်ပေးထားနိုင်တယ်။
အရိုးတွေကိုသန်စွမ်းအားကောင်းစေဖို့ ကယ်လ်စီယမ်ဓာတ်ကိုလည်း နေ့စဉ်မြှင့်တင်ပေးနေရမှာပါ။ နွားနို့၊ ဒိန်ချဉ်တခွက်ကို တကျိုက်တည်းတုံ့ဆိုင်းမနေဘဲ သောက်သုံးသင့်ပါတယ်။ အသက် ၃၀ ကျော်လာတာတဲ့ သင့်ရဲ့ အရိုးတွေဟာ စွမ်းအင်လျော့ကျလာတာကို မမေ့ပါနဲ့။ တစ်နေ့မှာ ၂၀၀ မီလီဂရမ်လိုအပ်ပါတယ်။
ပူစပ်တဲ့၊ ငရုတ်သီး၊ ငရုတ်ကောင်း ဟင်းမွှေးမဆလာများများပါတဲ့ အစားအစာမျိုးကလည်း ဟော်မုန်းဓာတ်အားကောင်းစေပါတယ်။
ခရမ်းချဉ်သီးစားပါ။ စွမ်းအားကြီး ကင်ဆာတိုက်ခိုက်သူပါလို့ ဆိုတယ်။ ဗီတာမင် စီ လည်း ပေါများကြွယ်ဝစွာပါရှိတယ်။ ကောင်းတဲ့သတင်းပြောရရင် ခရမ်းချဉ်သီးကတော့ ချက်ပြုတ်လိုက်တာတောင်မှ မူလအစွမ်းသတ္တိတွေ ပျောက်ပျက်လျော့ပါးမသွားနိုင်ပါဘူး တဲ့။ ခရမ်းချဉ်သီး နဲ့ ပန်းသီးဟာ ပန်းနာရင်ကျပ် နဲ့ နာတာရှည်အဆုတ်ရောဂါတွေကို လျော့ပါးစေတယ်။
Folic acid ဖြည့်တင်းတာဟာ မိုက်မဲမှုမဟုတ်ပါဘူး။ နေ့စဉ်မှန်မှန် ဖြည့်တင်းရပါတယ်။ ကိုယ်ခံစွမ်းအားနည်းပါးတဲ့သူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်အားလုံးအတွက် နေ့စဉ်လိုအပ်ပါတယ်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ အသည်း၊ အသီးအနှံ နဲ့ ဖွဲနုတွေကနေ Folic acid ဓာတ်ရနိုင်တယ်။ ဖြည့်စွက်ဆေးပြားလည်းသောက်နိုင်တယ်။
ရေများများသောက်ပါ။ သင့်ဆီကနေ အခိုးအငွေ့ထုတ်လွှတ်တာမျိုးကို ရပ်တန့်ပါ။ ပြောချင်တာကတော့ ဆေးလိပ်မသောက်ဖို့ပါပဲ။ နှာစေးတတ်သူ၊ မကြာခဏနှာချေတတ်သူဖြစ်ရင် အဲဒါကို ရပ်တန့်နိုင်အောင်ကြိုးစားပါ။
နေလောင်ဒဏ်ခံနိုင် sunscreen တွေဟာ တကယ်တမ်းအကျိုးပြုစေတာထက် အရေပြားကင်ဆာဖြစ်နိုင်ခြေတွေရှိကြတယ်။ ဘာကြောင့်လည်းဆိုတော့ sunscreen သုံးစွဲသူအများစုဟာ သုံးစွဲပုံ၊ ပမာဏတွေ မမှန်လို့ပါ။ အဲဒီ sunscreen တွေအသုံးပြုထားပြီး နေရောင်အောက်မှာ အင်မတန်ကြာရှည်နေတတ်ကြတယ်။ sunscreen တွေဟာ မကြာခဏဖယ်ရှား ပြန်လိမ်းသင့်ပါတယ်။ အထူးသဖြင့် ရေထဲမှာ ဆော့ကစားကြသူတွေပါ။
ငိုလည်းငို၊ ရယ်လည်းရယ်ပါ။ စိတ်ပါလက်ပါရှိုက်ငိုလိုက်တာဟာလည်း ရယ်မောလိုက်သလိုပဲ ကောင်းမွန်ပါတယ်တဲ့။
အဲဒီလိုနဲ့ ညတစ်ညရောက်ရှိလာခဲ့ပြီ။ အိပ်စက်ရတော့မယ်ဆိုရင်တော့ “ကောင်းသောညပါ၊ ကိုယ့်ရဲ့အသည်းလေး”လို့ ကိုယ့်ရဲ့ ကိုယ်ခန္ဓာကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လိုက်ပါ။ ဆုတောင်းကြည့်ပါ။ စိတ်အာရုံကို ငြိမ်းချမ်းကြည်လင်အောင်ထားပြီး နောက်တစ်နေ့အတွက် ဆက်ပြီး အစဉ်အတိုင်းပဲ လှုပ်ရှားသွားဖို့ပါပဲ။ သိပ်ပြီးတော့ ခေါင်းခဲစရာမဟုတ်တဲ့ ဒီလိုနည်းလမ်းလေးတွေနဲ့ ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေ ရရှိနိုင်ကြမှာပါ။ ။
(မှတ်ချက်- သံလွင်ဆီ gargle က ကိုယ်တွေ့လုပ်ဖြစ်တဲ့အတိုင်းရေးထား/ ခံတွင်းထဲ ၁၅ မိနစ်ခန့် gargle နေ့တိုင်းလုပ်ဖြစ်/ သွားနာ၊ သွားကိုက်တာ သိသိသာသာကောင်းသွား)
Ref : 45 best health tips ever (www.health24.com)
ဖြိုးဖြိုး
(Living Fashion, July, 2013)
(Living Fashion, July, 2013)
Wednesday, June 26, 2013
ကိုယ့်ရဲ့ ကားကို လွယ်ကူတဲ့နည်းလမ်းနဲ့ မြန်မြန်ဆေးကြောချင်ရင်
Tuesday, February 12, 2013
ဖေဖော်ဝါရီ တစ်ဆယ့်သုံး၊ မွေးနေ့အမြတ်ဆုံး
အောင်ဆန်း
မြန်ပြည်အတွင်း၊ ကြိုင်ကြိုင်သင်း ၊
ငယ်မည် မောင်ထိန်လင်း။
ဦးဖါဇနီး ဒေါ်စုမှာ ၊
ဖြစ်တည်ကိန်းအောင်းလာ။
ဖေဖော်ဝါရီ တစ်ဆယ့်သုံး၊
မွေးနေ့အမြတ်ဆုံး။
စည်းလုံးကြဖို့ ၊ သူနိုးဆော်၊
အရွယ်ရောက်ပြန်သော်၊
နိုင်ငံတော် လွတ်လပ်ရေး။
အသက်ပေးလို့ ရယူပေး။
အဲဒါအောင်ဆန်းလေး။
မိခင်ဒေါ်စုသွေး။ ။
ဗိုလ်ချုပ် မွေးနေ့နဲ့ ပတ်သက်လို့ကတော့ ဒီမျှပါပဲ။ အများလည်းသိရှိနေကြပါပြီ။ ။ လူသိနည်းမယ်ထင်တာလေးပြောပြချင်လို့။ ဒီစာရေးတဲ့အချိန်မှာ ကရင်နှစ်သစ်ကူးနေ့နှင့်လည်း တိုက်ဆိုင်နေလို့ပါ။
ဒီလိုပါ။
ကရင်နှစ်သစ်ကူးပွဲကို ရန်ကုန်မှာ ကျင်းပခဲ့ကြကြောင်းဇန်န၀ါရီ ၁၂ရက်နေ့စွဲနဲ့ ဂျာနယ်တွေမှာ ဖေါ်ပြကြတယ်။ ၇၅ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲနေ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဗဒို မန်းငြိမ်းမောင်က ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ဘယ်တော့မှ မခွဲဘူး နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်တွေကိုလည်း လေးစားလိုက်နာမှာဖြစ်တယ်လို့ ပြောလိုက်တယ်ဆိုတော့ ကြည်နူးစရာပါပဲ။ နွယ်နီ မဂ္ဇဇင်းဟောင်းထဲက ဆောင်းပါးလေးတစ်ပုဒ် ဖတ်ခဲ့ရဖူးတာလေး ပြေးသတိရမိတယ်။ နည်းနည်း ကောက်နှုတ်ဖေါ်ပြပေးပါရစေ။ စာရေးသူက ဗိုလ်ချုပ်ရဲ့ အပါးတော်မြဲ စာရေးဆရာ တက္ကသိုလ်နေ၀င်းပါပဲ။
၁၉၄၄ခုနှစ် စစ်အတွင်းမှာဘဲပေါ့။ ဗိုလ်ချုပ်တို့ လွတ်လပ်ရေးရရှိဖို့အပြင်းအထန် ကြိုးစားနေကြချိန် တောင်တန်းပြည်မ မခွဲခြား တိုင်းရင်းသားစည်းလုံးရေး အပတ်တကုတ်အားထုတ်နေကြချိန်။ ဗိုလ်ချုပ်ဟာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို အလွန်ကြိုးပမ်းလုပ်ဆောင်ခဲ့သူဖြစ်တယ်တဲ့။ ရန်သူကို မိတ်ဆွေပြုရာမှာလဲ ဗိုလ်ချုပ်က လိမ္မာကျွမ်းကျင်တယ်လို့ဆိုတယ်။ ကရင် တပ်ဖွဲ့မှူး စောစံဖိုးသင်ဟာ မြစ်ဝကျွန်းပေါ် အရေးအခင်းမှာ ကရင်ဘက်က တိုက်ခိုက်ခဲ့တဲ့ ခေါင်းဆောင်ပါ။ နောင်အခါ ဗိုလ်ချုပ်ရဲ့ စွမ်းရည်သတ္တိကို လေးစာားချစ်ခင်သွားခဲ့တယ်။ ဒါ့ကြောင့်လဲ သူတို့ရဲ့ နှစ်သစ်ကူးပွဲတော်နေ့ မီးပုံပွဲ နှင့် မိတ်ဆုံစားပွဲ ကို ကြွရောက်ဖို့အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့တယ်။
ဗိုလ်ချုပ်ကလည်း ပျော်ပွဲရွှင်ပွဲတွေ အလေ့အကျင့်မရှိသော်လည်း ကရင်ဗမာ အဓွန့်ရှည်ကြာ ချစ်ကြည်ရေးကိုမျှော်တွေးပြီး ဇနီးဒေါ်ခင်ကြည်နဲ့အတူ နှစ်သစ်ကူးပွဲတော်နေ့ကို ကြွရောက် ဂုဏ်ပြုချီးမြှင့်ခဲ့တယ်။ စောစံဖိုးသင်နဲ့ကရင်ရဲဘော်လေးတွေကလည်း ဗိုလ်ချုပ်ကိုယ်တိုင်သာမက ဗိုလ်ချုပ်ကတော်ပါ် ကြွရောက်အားပေးတာကို အလွန်ကြည်နူးပျော်ရွှင်ခဲ့ကြတယ်။ဝမ်းမြောက်ဂုဏ်ယူကြတယ်။ လိုလေသေးမရှိ ကျွေးမွေးဧည့်ခံကြတယ်။ ကရင်တွေဟာ ခရစ်ယာန်ကိုးကွယ်သူ ဖြစ်တဲ့အလျှောက် ရိုးရာတေးဂီတအပြင် Lead,Rhythm,Bass, Spanish Guitar စသည်တို့နှင့်ပါ မြိုင်မြိုင်ဆိုင်ဆိုင်တီးခတ်ဖျော်ဖြေခဲ့ကြတယ်။ ဒါတင်မကပါဘူး။ ကရင်ရဲဘော်လေးတွေ စုပြီး နန်းတော်ရှေ့ဆရာတင် ရေးသားသီကုံးပြီး မကြည်အောင် သီဆိုထားတဲ့ “ရာသီတော်ဦး“ သီချင်းစာသားအလိုက် “ဆရာမ" သီချင်းကို ချက်ခြင်းသီကုံးဖွဲနွဲ့ပြီး သီဆိုဖျော်ဖြေခဲ့ပါသတဲ့။
ရိုးရိုး နဲ့ ..မှန်တာကို ပြောမည်။
တကယ် စိတ်ချ အတည်။
ဘယ်မိန်းမမှ..ကျွန်တော် မချစ်ခဲ့သည်..
သဒ္ဓါက ပိုသည်..
ဆရာမကိုဘဲ ..အသည်းစွဲ အမြဲ ..
ချစ်မိ..ပြီ..။
ကရင် ရဲဘော်ကလေးက “ဆရာမကိုပဲ အသည်းစွဲ ချစ်မိပြီ" လို့ ဆိုရော ဗိုလ်ချုပ်က ဒေါ်ခင်ကြည့်ကို လှည့်လှည့်ကြည့်နေတော့ ဒေါ်ခင်ကြည်ခမြာ ရှက်ပြုံးကလေးပြုံးရင်း ခေါင်းငုံ့ ငုံ့ သွားပါသတဲ့။ ဒေါ်ခင်ကြည်က ဗိုလ်ချုပ်နဲ့မတွေ့ခင်ကတည်းက သူနာပြုဆရာမကြီးပါ။ အဲဒီ ၁၉၄၄ခုနှစ်က ကရင် နှစ်သစ်ကူးပွဲနေ့ဟာ သမိုင်းတွင်ခဲ့ပြီး ရင်းနှီးနွေးထွေးခဲ့တယ်။ ကရင် ဗမာချစ်ကြည်ရေးကို ခိုင်မြဲစေခဲ့တယ် လို့ ဆိုပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကိုလည်း များစွာအထောက်အကူပေးခဲ့တယ်လို့ စာရေးသူ က ဆိုပါတယ်။
“ဆရာမ" သီချင်းကို နောင်အခါ ဘိုဘိုဟန်က သီဆိုခဲ့တယ်။ ကျွန်တော်က “ဟေ့ တိုနီ ဒီသီချင်းဘယ်လိုဖြစ်ပေါ်လာသလဲ မင်းသိလား မေးတော့ သူက ခေါင်းခါပြလို့ ပြောပြလိုက်ရသေးတယ်" လို့ စာရေးသူ တက္ကသိုလ်နေဝင်း က ဖြည့်စွက် ဖေါ်ပြထားကြောင်း တင်ပြလိုက်ပါတယ်။ ။
ခင်မေသစ်
(“အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်း” စာအုပ်မှာလည်း “ဗိုလ်ချုပ်နှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး” ခေါင်းစဉ်နဲ့ စာရေးသူ တက္ကသိုလ်နေဝင်း က ဆောင်းပါး ထပ်မံဖေါ်ပြထားပါတယ်။)
ကျွန်မသိတဲ့ အောင်ဆန်း
ဗိုလ်ချုပ်အောင်ဆန်းကို သိတဲ့အချိန်မှာကျွန်မ အသက် ရနှစ်သမီးလောက် ရှိပြီ ထင်တာပဲ။ ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့ မိုးကလေးတဖွဲဖွဲ စွေသွန်းနေတဲ့ အချိန်မှာပေါ့။ အဲဒီအချိန်မှာ ကျွန်မ စသိခဲ့တာ။
ဗိုလ်ချုပ်တို့  အသတ်ခံရသတဲ့..
ဗိုလ်ချုပ်တို့ လုပ်ကြံ ခံလိုက်ရသတဲ့ ...
ဝန်ကြီးတွေလဲ အများကြီး။ သေကုန်သတဲ့။ နိုင်ငံတော်လုပ်ကြံမှုကြီး တဲ့။ ဘုရားရေ..။ နိုင်ငံတော်က ဘယ်လို လုပ်ကြံတာပါလိမ့်။
အသံတွေ လှိုင်နေတယ်။ အိမ်မှာလဲ ဒီစကား ကျောင်းမှာလဲ ဒီစကား ဗိုလ်ချုပ်က အစောင့်မှ မထားဘဲ သူ့လူတွေ သူ သိပ်ယုံတာကိုး တဲ့။ ရေတိမ်နစ်ပြီတဲ့။ အော် ခက်ပြီ။ တိမ်နေတဲ့ ရေ က နစ်ရသေးသတဲ့။
လုပ်ကြံတဲ့သူက ဂဠုန်ဦးစော တဲ့။ အလို ဆန်းလှချီလား။ ဦးစောမှာတောင် ဂဠုန်က ပါသေး။ အကောင်လား လူလား။ ဘယ်လိုလဲပေါ့။ ကျွန်မအရွယ်နဲ့ ကျွန်မစဉ်းစားတာ။ အတုံးအရုံးကျဆုံးခဲ့ရတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေအတွက် နှမြောတသယူကြုံးမရပဲ တတိုင်းတပြည်လုံး ပူဆွေး ၀မ်းနည်းကြေကွဲခဲ့ကြတာကိုတော့ ကျွန်မ ကောင်းကောင်းမှတ်မိနေတယ်။ လူတိုင်းလိုလို ဒါကိုပဲ ပြောနေကြတယ်လေ။
ဒီ့အရင်ကတော့ ဗိုလ်ချုပ် ဗိုလ်ချုပ်နဲ့ ဝေ့ကာ ၀ိုက်ကာ သီကာရီကာကြားနေရပေမဲ့ စိတ်ဝင်စားမှုမရှိခဲ့ပါဘူး။ ခုမှ .. အစုလိုက် အပြုံလိုက်ကြီး သေကုန်ကြတယ်ဆိုတော့ ..။ ဘာဖြစ်လို့ပါလိမ့်.. ပေါ့။ သေတယ်ဆိုတော့ သနားစိတ်ဝင်တာပေါ့။ လူကြီးတွေက ဗိုလ်ချုပ်ကို ဘယ်လို လူပဲ။ ဘာတွေလုပ်နေတယ် ဘယ်ကိုသွားတယ်။ ခလေးက ဘယ်နှယောက် ရှိတယ် သားအငယ်လေး အောင်ဆန်းလင်းလေးဆိုတာ သေသွားသတဲ့။ ဗိုလ်ချုပ်ကတော်က ဘာတွေ လုပ်နေသတဲ့ စသဖြင့် စသဖြင့် ပြောပြောနေတာ ကြား ကြားနေရတော့ တစတစ နဲ့ ဗိုလ်ချုပ်ဘယ်သူ ဘယ်လိုလူဆိုတာ သိလာတယ်။ ဒီ့အရင်ကတော့ နားစွန်နားဖျားကြားတာပေါ့။ စက္ကူဖြူစာတမ်းတို့ ဆာပေါ်ထွန်းတို့။ ကျွန်မနားမလည်သည့် အခေါ်အဝေါ် နာမည်တွေ။ ပြီးတော့ ပြောကြပြန်တယ်။
ဗိုလ်ချုပ်တို့ ဖ.ဆ.ပ.လ အဖွဲ့ ကြီး ဖွဲ့လိုက်ပတဲ့။
ဗိုလ်ချုပ်တို့ ပင်လုံညီလာခံကြီး အောင်မြင်သွားပတဲ့ ဆိုလည်း ပျော်မိတာဘဲ။
ဗိုလ်ချုပ်ကတော်က ကင်းထောက်ချုပ် မင်းကြီးတဲ့ ဆိုတော့လဲ ဘာပါလိမ့်ပေါ့။ သိချင်လာပြီ။
နောက်တော့ ကုလားဖြူတွေ နှိမ်နင်းဖို့ ဗိုလ်မိုးကြိုးက မော့လွတ်လပ်ရေးတပ်မတော်ကြီးကို ဦးဆောင် ချီတက်လာပြီတဲ့။ ဆိုတော့ လူတိုင်းပါးစပ်ဖျားမှာ ခင်မောင်ရင့် သီချင်းက ရေပန်းစားခဲ့တယ်။
အင်းကို ..ဟင်္သာဆင်းမည်..၊
ဆင်းရင် လေးနဲ့ ခွင်းမည် ..၊ ထိုမုဆိုးကို ..ထီးရိုးရိုက်လိမ့်မည်..၊ ထီးရိုးကို မိုးကြိုး ပစ်မတဲ့…စာရှိပါသည်..။ ထောင့်သုံးရာ တခုကစ၍…ရတနာဆိုတာ …လိုရာ..ရနိုင်မည်… တဲ့။
(လွတ်လပ်ရေးကြိုးပမ်းမှု အထောက်အကူပြု တေးသီချင်းတပုဒ်ပါ။ မြန်မာ့သမိုင်းမှာ မော်ကွန်းတင်ရလောက်အောင် ပေါ်လွင်ထင်ရှားခဲ့တယ်။)
ဒီတုံးက အသံသာလို့ သီချင်းကို ကြိုက်ခဲ့ပေမဲ့  အဓိပ္ပါယ်ကို မသိပါဘူး။ ကြီးမှ သိလာရတာက အင်းဆိုတာ အင်းဝနေပြည်တော်။ အင်းဝကို ဟင်္သာ တံဆိပ်ရှိတဲ့ မွန်တို့ဖျက်ဆီးပြစ်တယ်။ ဟင်္သာတို့ကို မုဆိုးအဖွဲ့ က လေးနဲ့ ခွင်းပြစ်မယ်။ မုဆိုးဆိုတာက ဦးအောင်ဇေယျ။ အဲဒီလို တိတ်နိမိတ်ကောက်ကြပါတယ်။ မုဆိုးကို ထီးရိုးရိုက်မည် ဆိုတာက ဦးအောင်ဇေယျ မုဆိုးဆက်ကို (ကုန်းဘောင်ဆက်ကို) ထီးရိုးဆိုတဲ့ စနေနံ အင်္ဂလိပ်တို့က မင်းဆက်ဖြုတ်လိမ့်မယ်။ ထီးရိုးကိုမှ နောက်ဆုံး မိုးကြိုး လက်နက်က ခွင်းပြစ်လိမ့်မယ် တဲ့။
အတိတ်တဘောင်ပေါ်တာကို သီချင်းရေးဆရာက တေးဂီတ ရေးဖွဲ့ပြီး ခင်မောင်ရင်ကို သီဆိုစေတာပါ သီချင်းနာမည်က “စကြာသိုက်" တဲ့။ မိုးကြိုးပစ်လိမ့်မယ်ဆိုတာ ရှင်းနေတယ်။ ဗိုလ်မိုးကြိုးပါ။ ဗိုလ်မိုးကြိုးဆိုတာ ဘယ်သူပါလိမ့်၊ စကြာမင်းကလေးလား။ မြင်ကွန်းမြင်းခုံတိုင် အဆက်အနွယ်လား။ လူတွေက ကယ်တင်ရှင်မင်းလောင်းကို မျှော်ကြတယ်။ အမှန်ကတော့ ရဲဘော်သုံးကျိပ်ကို စစ်သင်တန်းတွေ ပေးခဲ့တဲ့ ဂျပန်ဗိုလ်မှူးကြီး ဇူဇကီး ဖြစ်ပါတယ်။
ကျွန်မအလယ်တန်းကျောင်းသူကြီးဖြစ်လာတော့ ဗိုလ်ချုပ်အကြောင်း ကောင်းကောင်း သိလာပါပြီ။ နှစ်စဉ် ဇူလိုင် ၁၉ရက် နေ့ ဆိုရင် စာစီစာကုံးအမြဲ ရေးကြရတယ်။ လည်ပင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံလေးကို ရွှေကြီုးနဲ့ တွဲ ဆွဲတတ်လာပြီ။ နိုင်ငံ့ခေါင်းဆောင်ကြီးတယောက်အနေနဲ့ လေးစားမြတ်နိုးရကောင်းမှန်းသိလာပါပြီ။ နိုင်ငံတော်အလံကို ၀မ်းနည်းခြင်း အထိမ်းအမှတ် တိုင်ထိပ်ကနေ ထက်ဝက် လျောချလွှင့်ထူကြတယ်။ ကျောင်းတွေ ရုံးတွေ ပိတ်တယ်။ ကျဘမ်းစကားပြောပွဲတွေမှာ စကားရည်လုပွဲတွေကျင်းပကြတယ်။ ဗိုလ်ချုပ်နဲ့အာဇာနည် ခေါင်းဆောင်ကြီးတွေ အကြောင်း ဟောပြောကြတယ်။ ဗိုလ်ချုပ်ပြောနေကျ နိုင်ငံရေးစကားတွေ ပြောတတ်လာတယ်။ များသောအားဖြင့် အထက်တန်းကျောင်းသားကြီးတွေက ပြောတတ်လာတယ်။ မကြာပါဘူး။ ဗိုလ်ချုပ်ထူထောင်ခဲ့တဲ့ ဖဆပလ အစိုးရအဖွဲ့ တည်မြဲ သန့်ရှင်း ဆိုပြီး နှစ်ခြမ်းကွဲခဲ့တယ်။ အချင်းချင်းညီညွှတ်မှုမရှိကြလို့ နိုင်ငံတော်အာဏာကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်နေ၀င်းလက် လွဲအပ်လိုက်တယ်။ အစိုးရ ဖွဲ့ပေးပေမယ့် တည်ငြိမ်ခြင်းမရှိလို့ စစ်တပ်က အာဏာသိမ်းလိုက်တယ်။ စစ်အုပ်ချုပ်ရေးအောက်မှာ ဗိုလ်ချုပ်အမည် ပျောက်ဆုံးသွားခဲ့တယ်။
ကျွန်မရဲ့ ရွှေဆွဲကြိုးက ဗိုလ်ချုပ်ဓါတ်ပုံလေးကို ဖြုတ်သိမ်းလိုက်ရတယ်။ လူမြင် သူမြင်မှ မဆွဲရဲတော့တာ။ နာရီလက်တံ ရွေ့ရှားသည်နဲ့အမျှ အချိန်ရာသီကုန်ဆုံးသည်နဲ့အမျှ ကျွန်မတို့ မြန်မာနိုင်ငံကြီးဟာ ခေတ်စံနစ် အမျိုးမျိုးကြားထဲ လူးလှိမ့် နေရဆဲပါ။ ကုန်းရုံးထနေရဆဲပါ။ ဘယ်တော့များမှ မတ်မတ်ရပ်တည်နိုင်မယ် ဆိုတာကတော့…။
ခင်မေသစ်
Subscribe to:
Posts (Atom)