Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, February 08, 2014

ဟိုသတင်း ဒီသတင်း

Beyonce အောင်မြင်မှုကို ဘီယွန့်စ်ကိုယ်တိုင် အံ့သြမှင်သက်ခဲ့ရ

 ဘီယွန့်စ်ရဲ့ “Beyonce(Bey-ons)” လို့အမည်ပေးထားတဲ့ ပဉ္စမမြောက်အယ်လ်ဘမ်သစ်ဟာ UK Charts မှာ ထိပ်ဆုံးကရှိနေခဲ့တဲ့ အမ်မီနမ်ထက်တောင် တရှိန်ထိုးကျော်တက်လို့သွားပါတယ်။ ဘယ်သူမှ မျှော်လင့်မထားတဲ့အချိန် iTunes မှာ တင်လိုက်တဲ့အခါ ပရိသတ်တွေ အလွန်အမင်းစိတ်လှုပ်သွားခဲ့ကြပါတယ်တဲ့။ iTunes မှာ တင်ပြီးနောက် သုံးရက်အတွင်းလောက်မှာပဲ ကော်ပီပေါင်း ၈၂၈၇၇၃ ခန့်ရောင်းချခဲ့ရတာပါ။ ၂၀၀၆ က B’day အယ်လ်ဘမ်ထွက်ရှိခဲ့တုန်းက ၇ ရက်အတွင်း ကော်ပီ ၅၄၁၀၀၀ ရောင်းချခဲ့ရတဲ့ စံချိန်မှတ်တမ်းကိုတောင် ကျော်လွန်သွားခဲ့တယ်။ အခွေအသစ်တစ်ခုမထွက်ခင် ပြုလုပ်နေကြ မဂ္ဂဇင်းအမေးအဖြေမျိုး၊ ရေဒီယိုရှိုးမျိုး တစ်ခုတစ်လေမှကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ ခြေလုံလက်လုံထွက်ရှိလိုက်တဲ့အခွေပါ။ သီချင်း ၃၁ ပုဒ်ပါဝင်ပြီး သီချင်းအသစ် ၁၄ ပုဒ်နဲ့အတူ ဘီယွန့်စ်ရဲ့ ခင်ပွန်း ဂျေဇီနဲ့ တစ်နှစ်သမီးလေး ဘလူးအိုင်ဗီပါ ပါဝင်သီဆိုထားပါသေးတယ်။ ဒရိတ်ခ် နဲ့ ဖရန်ခ့်အိုရှန်းတို့လည်းပါဝင်ထားကြတယ်။ Destiny’s Child အဖွဲ့ဝင်ဟောင်း ဘီယွန့်စ်ဟာ အယ်လ်ဘမ်သစ်ကို ၂၀၁၄ မှာထွက်ရှိဖို့ မူလကစီစဉ်ထားခဲ့ပေမဲ့ ပရိသတ်တွေအတွက် ခရစ်စမတ်လက်ဆောင်အဖြစ် ပိုစောပြီးထုတ်ခဲ့တယ်လို့ဆိုတယ်။ Yonce သီချင်းကို ဗီဒီယိုရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ ရစ်ကီဆိုက်ဇ်က “အဲဒါလုံးဝ အံ့အားသင့်စရာပါပဲ။ ပြောရရင် ကျွန်တော်အိပ်ရာထဲရောက်နေတဲ့အချိန် အယ်လ်ဘမ် live ထွက်ရှိပြီဆိုတဲ့ မေးလ်တစ်စောင်ရလိုက်တာပါ” လို့ဆိုတယ်။ အယ်လ်ဘမ်အတွက် ဝေဖန်ချက်တွေမှာ အားရစရာအကောင်းမြင်တဲ့ဝေဖန်ချက်တွေ များများစားစားရနေတယ်။ Billboard Magazine ကလည်း ချီးကျူးပါတယ် “စတားရဲ့ ရဲရဲတင်းတင်းတီထွင်ဖန်တီးမှု” တဲ့။ ဘီယွန့်စ်ရဲ့အယ်လ်ဘမ်သစ်ဟာ R&B အနာဂတ် ဘယ်ကို ဦးတည်နေသလဲ ဆိုတာ ညွှန်ပြနေတာပါလို့လည်းဆိုတယ်။ ဒီအယ်လ်ဘမ်အသစ်မှာ ထူးခြားတာတွေလည်းရှိနေပါတယ်။ အဲဒါတွေက ဘီယွန့်စ်အရင် အယ်လ်ဘမ် ၄ ခုလုံးကို အင်္ဂါနေ့ တွေမှာ ထွက်ရှိခဲ့ပြီး Beyonce ကိုတော့ သောကြာနေ့ ညလယ်မှာထွက်ရှိခဲ့တာပါ။ ဒီအယ်လ်ဘမ်မှာ ဗီဒီယိုတွေပါပေါင်းစပ်ရိုက်ကူးထားတယ်။ Grown Women သီချင်းမှာဆို ဘီယွန့်စ်ရဲ့ မိခင် တီနာနိုးလ်စ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ Blue, Drunk in Love, Yoncé, XO, Ghost, Grown Woman, Haunted, Jealous, Heaven, Mine, No Angel, Partition, Pretty Hurts, Flawless, Rocket, Superpower, Blow သီချင်းတွေပါဝင်ကြပြီး သီချင်းရေးတဲ့သူတွေ ခပ်များများပါဝင်ရေးသားထားကြတယ်။

ချစ်သူတိုင်းအတွက် “ချစ်သူများနေ့” တကယ်ဖြစ်ရဲ့လား

ချစ်သူများနေ့လို့ သတ်မှတ်ထားကြတဲ့ ဗယ်လင်တိုင်းနေ့ (Valentine’s Day) ကို ကြည်နူးပျော်ရွှင်စွာဆင်နွှဲလိုသူတွေရှိတယ်။ မုန်းတီးတွေသူလည်း ရှိကြသတဲ့။ ခါးခါးသီးသီးမဟုတ်တောင် တိတ်တဆိတ်လေး မုန်းတီးမိတဲ့သူတွေကတော့ အထူးသဖြင့် ချစ်သူရည်းစားမရှိကြသူ (တစ်ယောက်တည်းအထီးကျန်သူ)တွေလို့ ယူဆနိုင်မှာပါ။ ဒါပေမဲ့ ချစ်သူရည်းစားစုံတွဲလေးတွေရော၊ တစ်ကိုယ်တည်း အထီးကျန်ဆန်ဆန်နေတတ်သူတွေပါ သိပ်ပြီးတော့ အမြင်မကြည်နိုင်ဖြစ်မှုတွေ ပိုပိုတိုးလို့ လာနေပါသတဲ့။ ဘာကြောင့်လည်းဆိုတော့ သူတို့ပြောလာကြတာက တစ်ကိုယ်တည်း အဖော်စုံတွဲမရှိသူလေးတွေအတွက်တော့ အဲဒီနေ့မှာ ကိုယ့်ရဲ့ချစ်သူရည်းစားလေးဆီက ချစ်မေတ္တာနှုတ်ခွန်းဆက်စကား၊ ဖုန်းခေါ်သံလေး၊ ချစ်စရာ Valentine ကတ်လေး၊ လှလှပပထုပ်ပိုးထားတဲ့ ချိုမြမြ အသည်းပုံချောကလက်လေးတွေနဲ့ မွှေးပျံ့လှပတဲ့ ရဲရဲနီ နှင်းဆီပန်းစည်းလေးတွေ၊  အလှပဆုံးလက်ဝတ်ရတနာ လက်ဆောင်ပစ္စည်းလေးတွေ မျှော်မှန်းလို့မရနိုင်တော့ဘူးပေါ့ တဲ့။ အဲဒီနေ့မှာ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ချစ်စနိုး စနောက် ရယ်ကာမောကာ လှောင်ပြောင်ကြတာကိုလည်း ရင်ဆိုင်ရမယ်ဆိုတော့ အထီးကျန်သူလေးတွေက မုန်းမိကြတယ်။ ချစ်သူရည်းစား ပိုင်ပိုင်နိုင်နိုင်ရှိထားကြသူလေးတွေမှာလည်း ကြည့်ပါဦး။ ဗယ်လင်တိုင်းနေ့မရောက်ခင်ကတည်းက ကြိုတင်ပြင်ဆင်ပြီး ကိုယ့်ချစ်သူလေးကို ပေးရမယ့်လက်ဆောင်ပစ္စည်း၊ သူအကြိုက်တွေ့နိုင်မယ့် ပစ္စည်းလေးတွေ ရှာဖွေဝယ်ယူထားရတယ်။ အဖိုးတန်လှလှပပလက်ဆောင်ပစ္စည်းလေး လက်ဆောင်မပေးနိုင်ခဲ့ရင် ချစ်သူလေးက မျက်နှာညိုနိုင်တယ်။ တခြားမိတ်ဆွေတွေကြားထဲမှာ သူ မျက်နှာငယ်နိုင်ပါသတဲ့။ မိတ်ဆွေတွေအကြားမှာ ဝါကြွားလိုစိတ်လေးတွေ ကိုယ်စီရှိနေကြတားကိုး။ လက်ဆောင်ပစ္စည်းပေးရုံနဲ့ မလုံလောက်နိုင်သေးပါဘူး။ အဲဒီနေ့ကို ကိုယ့်ချစ်သူလေးအတွက် အချိန်များများပေးထားနိုင်ဖို့ အလုပ်ကိစ္စတွေကိုလည်း ကြိုတင်ရှင်းလင်းထားရတယ်။ ငွေကြေးနဲ့ အချိန်ကိုပါ ပြင်ဆင်ထားကြရတာလေ။ အဲဒီနေ့အတွက် အချိန်တော်တော်များများကိုလည်း ချစ်သူလေးက အပိုင်လိုချင်ကြပြန်တယ်။ ကိုယ်က အလုပ်တွေများနေခဲ့တဲ့အခါ မိန်ကလေးဖြစ်ဖြစ်၊ ယောက်ျားလေးပဲ ဖြစ်ဖြစ်ပေါ့။ သူက ကိုယ့်ကို အရင်ကလောက် မချစ်နိုင်တော့ဘူး။ ဂရုမစိုက်နိုင်တော့ပါဘူးဆိုပြီး ဝမ်းနည်းအားငယ်စိတ်လေးတွေကနေ စိတ်အခန့်မသင့် ကတောက်ကဆဖြစ်မှုလေးတွေဖြစ်လာကြရတယ်။ ဒီလို ချစ်သူများနေ့လေးတစ်ရက်ကိုတောင် ကိုယ့်ချစ်သူလေးရဲ့ အချိန်တွေကို ကိုယ်မပိုင်ဆိုင်လိုက်နိုင်ဘူး။ ကိုယ့်အတွက် သူ အဆင်သင့်ဖြစ်မနေခဲ့ဘူး။ သူ့အနားမှာ ကိုယ်ရှိခွင့်မရလိုက်ဘူး။ တစ်ဘဝလုံးစာအတွက်ဆို ကိုယ် မတွေးရဲဘူး။ အဲဒီလိုပေါ့။ ညစ်ညူးတဲ့အတွေးဆိုးလေးတွေ ကိုယ်စီ ဝင်လာတတ်ကြပြန်တယ်။