Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, December 07, 2017

သိထားရမယ့် အစ္စရေးနဲ့ ပါလက်စတိုင်းအရေးကိစ္စတွေ (၁)

သိထားချင်တဲ့ အစ္စရေး နဲ့ ပါလက်စတိုင်းအရေးကိစ္စတွေ

(အစ္စရေး နဲ့ ပါလက်စတိုင်းပဋိပက္ခတွေ ပြင်းထန်နေတဲ့အချိန်တုန်းက ကိုယ်တိုင်သိချင်တာနဲ့ ရေးဖြစ်တာပါ။ စာတွေကတော့ အများကြီးရယ်။ ဖတ်ရတာ စိတ်ညစ်စရာကောင်းနေမလားပဲ။)

အစ္စရေး နဲ့ ပါလက်စတိုင်းဆိုတာဘာလဲ။ ဘာကြောင့်သူတို့ တိုက်ခိုက်နေကြတာလဲ။
အစ္စရေးဟာ ကမ္ဘာ့တစ်ခုတည်းသော ဂျူးဝစ်ရှ်နိုင်ငံတော်ပါ။ မြေထဲပင်လယ်အရှေ့ဘက်လေးမှာပဲတည်ရှိတယ်။ ပါလက်စတိုင်းကတော့ အာရပ်လူဦးရေအစုအဝေးဖြစ်ပြီး အစ္စရေးက အခုထိန်းချုပ်ထားတဲ့ကုန်းမြေဟာ သူတို့ရဲ့ဇာတိမြေပါ။ အဲဒီနယ်မြေကို ပါလက်စတိုင်းလို့ပဲ ညွှန်းဆိုတယ်။ အဲဒီနယ်မြေရဲ့ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ်အားလုံးကို အဲဒီအမည်နဲ့ပဲ ပါလက်စတိုင်းနိုင်ငံတော်ထူထောင်လိုကြတယ်။ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခဟာ ဘယ်သူက ဘယ်မြေနေရာကိုရရှိမယ်။ ဘယ်လိုထိန်းချုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီးဖြစ်ပွားတာပါ။ ဂျူးတွေနဲ့ အာရပ်မူုစလင်တွေဟာ နယ်မြေပြန်လည်ရယူနိုင်ရေးနဲ့ပတ်သက်တဲ့ သူတို့ရဲ့အခွင့်အရေးအတွက်တောင်းဆိုနေကြတယ်။ နှစ်ဦးလုံးကပဲ နှစ်ပေါင်းနှစ်ထောင်ကျော်ခန့်ကတည်းက သူတို့ပိုင်ဆိုင်ခဲ့တဲ့နယ်မြေလို့ ဆိုကြတယ်။ လက်ရှိနိုင်ငံရေးပဋိပက္ခတွေကတော့ ၂၀ရာစုအစပိုင်းမှာစတင်ခဲ့ကြတာပါ။ ဂျူးတွေနှိပ်စက်ညဉ်းပန်းခံရပြီး ဥရောပထဲထွက်ပြေးကြရင်း ဗြိတိသျှအင်ပါယာထဲက အာရပ်နဲ့ မူစလင်အများစုရှိနေတဲ့နယ်မြေကို မွေးရပ်ဇာတိအဖြစ်တည်ထောင်ချင်ကြတယ်။ အာရပ်တွေက အဲဒီမြေဟာ တရားသဖြင့်သူတို့ပိုင်ဆိုင်တဲ့နယ်မြေအဖြစ် ခုခံကာကွယ်လိုတယ်။ အစောပိုင်း UN အစီအစဉ်မှာ ဆုံးရှုံးသွားတဲ့မြေရဲ့ အပိုင်းကို အုပ်စုတစ်ခုစီကို ပေးမယ်စီစဉ်ကြပါတယ်။ ပြီးတော့ အစ္စရေးနဲ့ ပတ်ဝန်းကျင် အာရပ်နိုင်ငံတွေဟာ အဲဒီနယ်မြေမှာစစ်ပွဲများစွာ ဆင်နွှဲခဲ့ကြတယ်။ ဒီနေ့အရေးကိစ္စတွေမှာ အဲဒီစစ်ပွဲတွေထဲက စစ်ပွဲနှစ်ပွဲကြောင့် ထိခိုက်မှုရလာဒ်တွေရရှိကြတယ်။ တစ်ခုက ၁၉၄၈ မှာ ဆင်နွှဲတဲ့စစ်ဖြစ်ပြီး တခြားစစ်ပွဲကတော့ ၁၉၆၇ စစ်ပွဲပါ။

Thursday, September 07, 2017

ကောင်းကင်မှာထိန်ထိန်သာနေတဲ့ ငွေလမင်း

(ခင်မေသစ်)
ကြည့်စမ်း  အသက်တွေက ကြီးလာပါပကော။ ကိုယ့်ကိုယ်ကိုယ် မာလှချည့် ထင်နေတာ ဗြုံးကနဲ ဒိုင်းကနဲ ဖြစ်လိုက်တော့ ကျော်မကောင်း ကြားမကောင်း ဆေးရုံတွေရောက် အရေးပေါ်တွေရောက် ဟိုလူမနေရ ဒီလူမနေရ ဆစ်ဒနီက လူမနေရ ဆားဘီးယားကလူလည်းမနေရ ရန်ကုန် မန္တလေး ပျဉ်းမနား မနေရ  တော်တော်ကို အရုပ်ဆိုးလိုက်တာလေ။ နေကောင်းပြီဆိုတော့လည်း လူကသာ နေကောင်းတာ ဦးနှောက်က မကောင်းဘူး။ စိတ်ရှုပ်မခံနိုင်ဘူးလေ။
အရေးထဲ   စုမီအောင့်ကဗျာတစ်ပုဒ်ကို သွားသတိရတယ်။ 

Wednesday, July 05, 2017

ကတ္တီပါသားတော်လှန်ရေးအောင်မြေ ပရတ်ဂ်မြို့ဆီ (အပိုင်း ၁)

ဒီနှစ်နွေရာသီအပမ်းဖြေခရီးအတွက် သွားလည်ချင်တဲ့နေရာရွေးကြတဲ့အခါ ချမ်းအေးလှတဲ့ဆောင်းကာလကတည်းက စိတ်ကူးထားမိတဲ့ Czech Republic နိုင်ငံ Prague ပရတ်ဂ်မြို့ကိုပဲ Tour နဲ့ သွားကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ tour တွေလိုက်ကြည့်ကြတော့ ဈေးနှုန်းရယ် ကိုယ်သွားချင်တဲ့ရက်တွေလိုက်ကြည့်ပြီး tour ကိုရွေးလိုက်ကြပါတယ်။ ခရီးစဉ်ထဲ boat trip ၊ Spa နဲ့ နောက်ထပ် ဂျာမနီနိုင်ငံထဲက မြို့လေးဆီသွားကြမယ့်ခရီးစဉ်တွေအတွက် လိုက်ချင်တဲ့သူတွေက ကျသင့်တဲ့ဈေးနှုန်းထပ်ပြီးပေးရမှာပါ။

Monday, June 05, 2017

Love conquers fear ❤ Love conquers hate

သီချင်းတွေနားထောင်ရတာကြိုက်လို့ လိုက်ရှာနားထောင်ဖြစ်ရင်း၊
One Love Manchester ဂီတပွဲက သီချင်းတွေနားထောင်ရင်း သူတို့နဲ့အတူ မျက်ရည်ကျရပြန်ရော
သီချင်းတွေအမှတ်တရ ဒီမှာသိမ်းထားဦးမယ်။
London bridge attack အကြောင်း မေမေ့ကို ပြောပြတော့ မေမေကပြောတယ်။ အမုန်းကို အမုန်းနဲ့ချေဖျက်လို့မရဘူးတဲ့။ ဒီပွဲမှာ သူတို့ပြောသွားသလိုမျိုးပဲပေါ့။

Wednesday, May 03, 2017

Kikinda မြို့လေးဆီသွားခဲ့ကြတယ်

(22nd April, 2017 Kikinda Trip)
ဆောင်းကာလကုန်ဆုံးသွားခဲ့တော့ သစ်ပင်သစ်ကိုင်း၊ မြေသား၊ မြစ်ပြင် ဟိုမှာဒီမှာတိုးဝင်နေရာယူထားကြတဲ့ ဆီးနှင်းဖြူဖြူတွေလွင့်ပါးပျောက်ကွယ်သွားခဲ့ပြီ။ နေရောင်နွေးနွေးကျဲပက်ဖြာကျနေတတ်တဲ့ နွေဦးနဲ့အတူ ၃လလုံးလုံးငုပ်လျှိုးပုန်းအောင်းနေခဲ့ရတဲ့ သစ်ရွက်စိမ်းစိမ်းလေးတွေနဲ့ အရောင်စုံပန်းပွင့်လေးတွေလည်း အလုအယက်တိုးထွက်လာခဲ့ကြပြီ။ ဘာထူးသေးလဲ အေးစက်တုန်ခိုက်နေခဲ့တဲ့ဆောင်းမှာ အိမ်တွင်းပုန်းနေခဲ့ကြတဲ့ ကျွန်မတို့တတွေလည်း ဟိုဟိုဒီဒီ ခရီးသွားလာချင်ကြပြီပေါ့။ နွေဦးမှာ စိုက်ပျိုးရမယ့်အပင်လေးတွေအတွက် လိုအပ်တာတွေပြင်ဆင်နေကြရပြီ။ တစ်နေ့ ကျွန်မအမျိုးသားမိတ်ဆွေ တောင်တက်သမား ဒရာဂန်နဲ့ သူငယ်ချင်း တာမာရာတို့ ကျွန်မတို့အိမ်ကိုအလည်ရောက်လာကြတယ်။ ဒရာဂန်က သူ တစ်ရက်ခရီးစီစဉ်နေတယ်လို့ သတင်းပေးပါတယ်။ သူ ခရီးစီစဉ်ရင် ကျွန်မတို့လိုက်နေကြဖြစ်တော့ ကျွန်မတို့နှစ်ဦးအတွက် စာရင်းတို့ထားပြီးသားပေါ့။ Kikinda မြို့ကိုသွားကြမယ်တဲ့။ Kikinda မှာ အမျိုးသားပြတိုက်ရှိမယ်။ ရေအားနဲ့မဟုတ်ဘဲ မြင်းကိုအသုံးပြုပြီး ဒလက်ကြီးလှည့်ကာ ဂျုံကြိတ်ကြတဲ့ horse powered dry mill ဆူဗာချာ(Suvača)ကိုသွားမယ်။ ပြီးရင် ရွှံ့စေးမြေနီထည်ပန်းပုရုပ်တွေအများကြီးပဲ  ဖြန့်ကျဲချထားတဲ့ ခြံဝန်းကြီးတစ်ခုဆီ သွားကြမယ်လို့ ပြောပါတယ်။

Sunday, April 30, 2017

Florist ရဲ့ဒိုင်ယာရီ

နာဂစ်အကြို ဧပြီလ ၃၀ရက်

မိုးရွာထားလို့  အေးမြနေတယ်၊ မေလ တလလုံးမုန်တိုင်းရှိနေမယ်ဆိုပဲ။ မုန်တိုင်းကြောင့် မို၇ွာမယ်ဆို၇င် အဲဒါ ပျော်စရာကြီး။ ဖြိုးဖြိုးရုံးအဆင်း အင်ဖေါ်မေးရှင်း တခု ယူလာ ။ကြောက်စရာကြီးတဲ့။ ပခုံးတွန့်ပြီး ပြုံးစိစိပြောသေး။ ထူးခြားတဲ့ သတင်းလို့လည်း ဆိုတယ်။ ဘာပါလိမ့်၊ စုစုနဲ့ အတူ ဒီသတင်းကို ဖတ်တယ်။ “Severe Cyclonic storm Nargis in forecast to strike Myanmar at about 18;00GMT on 2 May တဲ့။

Tropical Storm Risk (TSR)  က တပ်လှန့်ထား။ ဆိုင်ကလုံးအဆင့် နှစ် နာဂစ်မုန်တိုင်းဟာ ဘင်္ဂလားပင်လယ်ပြင်မှာ ဗဟိုပြု အားဖြည့်ပြီး အဆင့် သုံး ဖြင့် တနာရီ မိုင် ၁၂၇ ကျော် အရှိန်အဟုန်ပြင်းစွာမြန်မာနိုင်ငံ တောင်ဘက်စွန်း ဒေသတွေဆီ ဦးတည်လာနေပြီ ဆိုပဲ။

Sunday, January 01, 2017

ပါကင်ဆန်ရောဂါဆိုတာ

(၂၀၁၇ ပထမဆုံးနေ့မှာ စာအသစ်တင်ဖြစ်အောင်လို့ပါ။
သူငယ်ချင်းတစ်ယောက် သိချင်တယ်ဆိုလို့ ဖတ်ဖြစ်/ ရေးဖြစ်တာ လောလောဆယ် ပါကင်ဆန်ပဲရှိတယ်။ ဒီစာပဲတင်ထားလိုက်တော့မယ်နော်။
သိချင်တဲ့ရှိရင်လည်းဖတ်ရတာပေါ့။
ဘလောဂ့်မှာ ပုံတွေလည်းတင်မရဘူး။ ဘာတွေဖြစ်နေလည်းမသိ။ နှစ်သစ်မှာချစ်တဲ့သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေအားလုံးစိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရည်မှန်းချက်တွေပြည့်စုံကာ အားလုံးအတွက်ပိုကောင်းတဲ့နှစ်သစ်ဖြစ်ကြပါစေ။)
ပါကင်ဆန်ရောဂါဆိုဘာလဲ။
    ပါကင်ဆန်ရောဂါဟာ အသက်ကြီးတဲ့လူတွေမှာ အဖြစ်များတတ်ပေမဲ့ လူလတ်ပိုင်းတွေမှာလည်းဖြစ်တတ်တယ်။ ရောဂါလက္ခဏာတွေမှာ ကိုယ်ခန္ဓာလှုပ်ရှားမှုကိုထိန်းချုပ်ပေးတဲ့ ဦးနှောက်အလယ် အပိုင်းက အာရုံကြောတွေတဖြည်းဖြည်းဆုတ်ယုတ်ယိုယွင်းလာတဲ့အကျိုးဆက်ပါ။ ပထမဆုံးလက္ခဏာတွေမှာ မသိသာလှဘူး။ အားနည်းတဲ့ခံစားမှု ဒါမှမဟုတ် ခြေထောက်တစ်ဘက်မှာ တောင့်တင်းသလိုဖြစ်တာ၊ ဒါမှမဟုတ် အနားယူနေတဲ့အချိန်မှာ လက်တစ်ဘက်သိသိသာသာလှုပ်ခါနေတာမျိုးတွေပါ။ နောက်ဆုံးမှာ တုန်တုန်ယင်ယင်လှုပ်ခါမှုက ပိုဆိုးလာပြီး ပျံ့နှံ့လာပါတယ်။ ကြွက်သားတွေတောင့်လာပြီး လှုပ်ရှားမှုမှာ နှေးကွေးလာမယ်။ ဟန်ချက်ညီလှုပ်ရှားမှုတွေ ယိုယွင်းလာပါတယ်။ ရောဂါအခြေအနေဆိုးလာတာနဲ့ စိတ်ဓာတ်ကျဆင်းတာ၊ သိမှတ်နိုင်မှုနဲ့ တခြား စိတ်ရောဂါနဲ့ စိတ်ခံစားမှုနဲ့ဆိုင်တဲ့ ပြဿနာတွေက ဖြစ်ရိုးဖြစ်စဉ်လိုပါ။ ပါကင်ဆန်ရောဂါဟာ အသက် ၅၀ နဲ့ ၆၅ အတွင်းစတင်ဖြစ်တတ်ကြပြီး အဲဒီအသက်အရွယ်အုပ်စုတဲ့က ၁ ရာခိုင်နှုန်းခန့်က ရောဂါဖြစ်နိုင်ကြတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာပိုပြီး အဖြစ်များတတ်ကြပါတယ်။ ဆေးဝါးသောက်သုံးပြီး ရောဂါလက္ခဏာတွေကို ကုသနိုင်တယ်။ မသန်မစွမ်းဖြစ်တာကို လျော့နည်းစေပါတယ်။