Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label နိုင်ငံတကာသတင်းဆောင်းပါးများ. Show all posts
Showing posts with label နိုင်ငံတကာသတင်းဆောင်းပါးများ. Show all posts

Thursday, December 07, 2017

သိထားရမယ့် အစ္စရေးနဲ့ ပါလက်စတိုင်းအရေးကိစ္စတွေ (၁)

သိထားချင်တဲ့ အစ္စရေး နဲ့ ပါလက်စတိုင်းအရေးကိစ္စတွေ

(အစ္စရေး နဲ့ ပါလက်စတိုင်းပဋိပက္ခတွေ ပြင်းထန်နေတဲ့အချိန်တုန်းက ကိုယ်တိုင်သိချင်တာနဲ့ ရေးဖြစ်တာပါ။ စာတွေကတော့ အများကြီးရယ်။ ဖတ်ရတာ စိတ်ညစ်စရာကောင်းနေမလားပဲ။)

အစ္စရေး နဲ့ ပါလက်စတိုင်းဆိုတာဘာလဲ။ ဘာကြောင့်သူတို့ တိုက်ခိုက်နေကြတာလဲ။
အစ္စရေးဟာ ကမ္ဘာ့တစ်ခုတည်းသော ဂျူးဝစ်ရှ်နိုင်ငံတော်ပါ။ မြေထဲပင်လယ်အရှေ့ဘက်လေးမှာပဲတည်ရှိတယ်။ ပါလက်စတိုင်းကတော့ အာရပ်လူဦးရေအစုအဝေးဖြစ်ပြီး အစ္စရေးက အခုထိန်းချုပ်ထားတဲ့ကုန်းမြေဟာ သူတို့ရဲ့ဇာတိမြေပါ။ အဲဒီနယ်မြေကို ပါလက်စတိုင်းလို့ပဲ ညွှန်းဆိုတယ်။ အဲဒီနယ်မြေရဲ့ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ်အားလုံးကို အဲဒီအမည်နဲ့ပဲ ပါလက်စတိုင်းနိုင်ငံတော်ထူထောင်လိုကြတယ်။ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခဟာ ဘယ်သူက ဘယ်မြေနေရာကိုရရှိမယ်။ ဘယ်လိုထိန်းချုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီးဖြစ်ပွားတာပါ။ ဂျူးတွေနဲ့ အာရပ်မူုစလင်တွေဟာ နယ်မြေပြန်လည်ရယူနိုင်ရေးနဲ့ပတ်သက်တဲ့ သူတို့ရဲ့အခွင့်အရေးအတွက်တောင်းဆိုနေကြတယ်။ နှစ်ဦးလုံးကပဲ နှစ်ပေါင်းနှစ်ထောင်ကျော်ခန့်ကတည်းက သူတို့ပိုင်ဆိုင်ခဲ့တဲ့နယ်မြေလို့ ဆိုကြတယ်။ လက်ရှိနိုင်ငံရေးပဋိပက္ခတွေကတော့ ၂၀ရာစုအစပိုင်းမှာစတင်ခဲ့ကြတာပါ။ ဂျူးတွေနှိပ်စက်ညဉ်းပန်းခံရပြီး ဥရောပထဲထွက်ပြေးကြရင်း ဗြိတိသျှအင်ပါယာထဲက အာရပ်နဲ့ မူစလင်အများစုရှိနေတဲ့နယ်မြေကို မွေးရပ်ဇာတိအဖြစ်တည်ထောင်ချင်ကြတယ်။ အာရပ်တွေက အဲဒီမြေဟာ တရားသဖြင့်သူတို့ပိုင်ဆိုင်တဲ့နယ်မြေအဖြစ် ခုခံကာကွယ်လိုတယ်။ အစောပိုင်း UN အစီအစဉ်မှာ ဆုံးရှုံးသွားတဲ့မြေရဲ့ အပိုင်းကို အုပ်စုတစ်ခုစီကို ပေးမယ်စီစဉ်ကြပါတယ်။ ပြီးတော့ အစ္စရေးနဲ့ ပတ်ဝန်းကျင် အာရပ်နိုင်ငံတွေဟာ အဲဒီနယ်မြေမှာစစ်ပွဲများစွာ ဆင်နွှဲခဲ့ကြတယ်။ ဒီနေ့အရေးကိစ္စတွေမှာ အဲဒီစစ်ပွဲတွေထဲက စစ်ပွဲနှစ်ပွဲကြောင့် ထိခိုက်မှုရလာဒ်တွေရရှိကြတယ်။ တစ်ခုက ၁၉၄၈ မှာ ဆင်နွှဲတဲ့စစ်ဖြစ်ပြီး တခြားစစ်ပွဲကတော့ ၁၉၆၇ စစ်ပွဲပါ။

Saturday, November 26, 2016

ဟာဗားနားရဲ့ ညသန်းခေါင်ယံ

၂၀၁၃ က ရေးဖြစ်ခဲ့တဲ့ ဆောင်းပါးပါ။
၁၃ ဂဏန်းနဲ့ပတ်သက်ပြီး နိမိတ်ဖတ်ခဲ့ကြပေမဲ့ ကက်စရိုကတော့ ၂၀၁၆ ခုနှစ်အထိ အသက်ရှင်သန်နေထိုင်သွားနိုင်ခဲ့ပါတယ်။
စာတွေမရေးနိုင်ဖြစ်နေလို့ စာအဟောင်းပြန်ဖတ်ကြည့်ရင်း ကက်စထရိုသေဆုံးတဲ့နေ့အမှတ်တရ ပြန်တင်ထားလိုက်ချင်လို့။
Fidel Alejandro Castro Ruz (August 13, 1926 – November 25, 2016)
မက္ကဆီကိုကွေ့ထဲက ကျူးဘားနိုင်ငံရဲ့  အကြီးဆုံးမြို့တော် ဟာဗားနားမှာပေါ့။ Virgin of Regla နတ်ကွန်းရဲ့ အပြင်ဘက်နားလေးမှာ ရှေ့ဖြစ်ဟောပြောသူတစ်ဦးဟာ ဖြတ်သွားဖြတ်လာတွေဆီက ငွေကြေးအဖြစ်ပြောင်းလဲရရှိနိုင်မယ့် ကနုကမာခွံတွေ မြှောက်ကာပစ်ကာ လှုပ်လှုပ်ရှားရှားရှိနေပါတယ်။ သူ့ဆီမှာ လာမေးကြတဲ့သူတွေဆီက တူညီတဲ့မေးခွန်းတွေပဲ နေ့တိုင်းရနေတာပဲ။ “သူတို့ အချစ်မေတ္တာရှာတွေ့နိုင်ကြပါ့မလား” တဲ့။ “အိမ်တစ်လုံး ဝယ်ယူဖို့ သူတို့တတ်နိုင်ပါ့မလား” တဲ့။ “မဝေးတော့တဲ့အနာဂတ်မှာ အပမ်းဖြေခရီးထွက်ဖို့ သူတို့ တတ်နိုင်ပါ့မလား” တဲ့။ ဒီလိုမေးခွန်းတွေ သူတို့ မေးကြတယ်။ ပြီးတော့ သူတို့ အားလုံးက “ဘယ်တော့ ပြီးဆုံးမှာလဲ” ဆိုတဲ့မေးခွန်းတစ်ခုကိုလည်း အမြဲမေးကြတယ်။

Sunday, July 17, 2016

ပြောင်းလဲခြင်းရဲ့ ခပ်ပြင်းပြင်း အတောင်ပံခတ်သံတွေ

(၂၀၁၃ ခုနှစ်က ဆောင်းပါးအဟောင်းပါ။)
တူရကီမှာ ပြီးခဲ့တဲ့လက ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပေမယ့် ၂၅ ဦးမြောက်၊ လက်ရှိဝန်ကြီးချုပ် ရီဆက်ပ် တာရစ်ပ် အာဒိုဂန်ကတော့ ဗြောင်ကျကျရန်တုံ့လိုဟန်ရှိနေဆဲပါ။ ဇွန်လ ၇ ရက်သောကြာနေ့က အီစတန်ဘူလ်ရဲ့မနက်ခင်းစောစောမှာပဲ စုရုံးနေကြတဲ့လူစုလူဝေးကြီးအတွက် ကြေညာချက်ထုတ်လိုက်တာက “အမိန့်စည်းကမ်းတွေကိုဆန့်ကျင်တာဟာ ဥပဒေချိုးဖောက်လုနီးပါး အနေအထားဖြစ်နေပြီ။ အဲဒီတော့ အဲဒါကို ချက်ချင်းအဆုံးသတ်ရမယ်” တဲ့။ မတိုင်ခင်တစ်ရက်ကလည်း သူ့ရဲ့ရည်ရွယ်ချက်အတိုင်းပဲ ရှေ့ဆက်တိုးမယ် လို့ အာဒိုဂန်ပြောခဲ့သေးတယ်။ အာဒိုဂန် ရဲ့ အစီအစဉ်က အီစတန်ဘူလ်မြို့တော်ကြီးမှာကျန်နေသေးတဲ့ မြေနေရာလပ်စိမ်းစိမ်းအနည်းငယ်ထဲကတစ်ခုဖြစ်တဲ့ တက်ခ်စင်မ်ဂစ်ဇီ(အပန်းဖြေ)ပန်းခြံကို တွယ်ရာမဲ့ဖြစ်အောင်ပြုလုပ်သွားမယ့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းပါ။ ၁၉၄၀ က ဖြိုဖျက်ခဲ့တဲ့ အော်တမန်အင်ပါယာ အထိမ်းအမှတ်စစ်တပ်ဆိုင်ရာအဆောက်အဦးပုံတူနဲ့ ဈေးဝယ်စင်တာတစ်ခု တည်ဆောက်ကြမယ့်စီမံကိန်ုးဟာ ပြည်သူတွေအပမ်းဖြေကြတဲ့နေရာကို ရှင်းလင်းပြစ်လိုက်မယ်ဆိုတော့ အီစတန်ဘူလ်သားတွေအတွက် မနှစ်မြို့စရာပါပဲ။

Monday, June 13, 2016

သေနတ်ထိန်းချုပ်ရေးနဲ့ ဂျပန်

သေနတ်ထိန်းချုပ်ရေး ဘယ်လိုဆောင်ရွက်လဲ - ဂျပန်ဟာ ကမ္ဘာမှာ အပြင်းထန်ဆုံး သေနတ်ထိန်းချုပ်ရေး ဥပဒေတွေနဲ့ သေနတ်ဝယ်ဖို့၊ ပိုင်ဆိုင်နိုင်ဖို့ သိပ်ပြီးခက်ခဲအောင်လုပ်ထားကြတယ်။ အဲဒီစနစ်ဟာ ခြစားနေတဲ့အစိုးရဌာနတွေမှာ ထဲထဲဝင်ဝင်ချိတ်ဆက်ထားနိုင်တဲ့ နာမည်ဆိုးရှိကြသူ/ ပြစ်မှုကျူးလွန်သူ ဂျပန်ယာကူဇာတွေတောင် အင်မတန်ကန့်သတ်ထားပါတယ် လို့ Vox ရဲ့သတင်းထောက် Zack Beauchamp က ရှင်းပြထားပါတယ်။ "လက်ရှိဥပဒေတွေအရ အငယ်တန်းယာကူဇာတစ်ဦးကို ကျည်ထိုးထားတဲ့သေနတ်နဲ့ ဖမ်းမိခဲ့ရင် သူဟာ သေနတ်ကိုင်ဆောင်မှုနဲ့ ပျှမ်းမျှ ၇နှစ်သက်တမ်း အကျဉ်းကျခံရနိုင်တယ်" လို့ ဂျပန်သတင်းထောက် Jake Adelstein က Japan Times သတင်းစာမှာရေးသားခဲ့ပါတယ်။

သေနတ်ထိန်းချုပ်ရေးနဲ့ ဆွစ်ဇာလန်

သေနတ်ထိန်းချုပ်ရေး ဘယ်လိုဆောင်ရွက်လဲ -  ဆွစ်ဇာလန်နိုင်ငံဟာ ဥရောပနိုင်ငံတွေမှာတော့ သေနတ်တွေနဲ့ ပိုပြီးနေသားတကျရှိနေတဲ့နိုင်ငံတွေထဲက တစ်ခုပါ။ ဥပဒေတွေမှာ နိုင်ငံထဲက စစ်မှုထမ်းအမျိုးသားတွေဟာ သူတို့အတွက် ထုတ်ပေးထားတဲ့လက်နက်တွေကို သူတို့အိမ်မှာ ထိန်းသိမ်းထားနိုင်ပါတယ်။ (အဲဒီမှာ စစ်မှုထမ်းဖို့ငြင်းဆန်သူမှအပ ကျန်းမာသန်စွမ်းသူအမျိုးသားမှန်သမျှ စစ်မှုထမ်းဖို့လိုအပ်ပါတယ်။) အတည်ပြုထားတဲ့ဆွစ်ဥပဒေတွေနဲ့ ဓလေ့ထုံးစံတွေဟာ စစ်မှုထမ်းတွေရဲ့အခွင့်အရေးကို လေးစားလိုက်နာကြတယ်။ ဒါပေမဲ့ နိုင်ငံရဲ့ကန့်သတ်ချက်တွေမှာ ယူအက်စ်ထက်တော့ တော်တော်လေးပိုပြီးတင်းကျပ်နေပါသေးတယ်။

Monday, February 15, 2016

သေနတ်ထိန်းချုပ်ရေးနဲ့ ယူကေ

သေနတ်ထိန်းချုပ်ရေး ဘယ်လိုဆောင်ရွက်လဲ - ယူကေမှာ တင်းကျပ်တဲ့သေနတ်ဥပဒေတွေထိန်းသိမ်းထားတယ်။ အဲဒါဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေကြား သေနတ်ပစ်သတ်မှုအနိမ့်ဆုံးအဆင့်တွေထဲက တချို့ဘာကြောင့်ရှိနေတယ်ဆိုတာ ရှင်းပြနိုင်တဲ့သဘောလောက်ပါပဲ။ တစ်ခုကတော့ handgun တွေကို ယေဘူယျအားဖြင့်တားမြစ်ထားတယ်။ ရဲအရာရှိတွေ၊ လက်နက်ကိုင်တပ်ဖွဲ့အဖွဲ့ဝင်တွေနဲ့ အိုးအိမ်လုံခြုံရေးအတွက် အထူးခွင့်ပြုချက်ရထားသူတွေသာ ခြွင်းချက်အနေအထားကိုင်ဆောင်နိုင်တာပါ။ စစ်သုံးစတိုင်လက်နက်တွေကိုလည်း တားမြစ်ထားတယ်။ 

သေနတ်ထိန်းချုပ်ရေးနဲ့ ကနေဒါ

သေနတ်ထိန်းချုပ်ရေး ဘယ်လိုဆောင်ရွက်လဲ - ကနေဒါနိုင်ငံမှာ သေနတ်တွေကို ထိန်းချုပ်ထားပြီး ယေဘူယျလူဦးရေ နည်းနည်းပဲ သုံးခွင့်ရစေတယ်။ ကွဲပြားတဲ့သေနတ်အမျိုးအစားအပေါ်မှာ ဘယ်သူက ဝယ်ယူနိုင်မလဲ။ ဘယ်လို ဝယ်ယူနိုင်မလဲ စသဖြင့် အဓိကထားတဲ့ကန့်သတ်ချက်တွေနဲ့ ထိန်းသိမ်းထားတယ်။ စနစ်က ယူအက်စ်ရဲ့ ပိုတင်းကျပ်တဲ့ပုံစံလိုပါပဲ။ တချို့သေနတ်အမျိုးအစားပိုင်ဆိုင်မှုတွေတော့ရှိနေဆဲပါ။ ဒါပေမဲ့ အင်မတန်လွယ်လွယ်ကူကူ ရနိုင်တာတော့မဟုတ်ပါဘူး။ 

Thursday, February 11, 2016

သေနတ်ထိန်းချုပ်ရေးနဲ့ အမေရိက

သမ္မတအိုဘားမားရဲ့ စီမံခန့်ခွဲရေးစီမံချက်တွေဟာ အမေရိကမှာ လုပ်ဆောင်နေတဲ့ သေနတ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်ကို တင်းကျပ်ပါလိမ့်မယ်လို့ ကြေညာလိုက်တယ်။ အဲဒီကြေညာချက်ဟာ ယူအက်စ်မှာ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေထက် သေနတ်အကြမ်းဖက်မှုတွေပိုပြီးများနေဆိုတဲ့ ဝေဖန်နေကြတဲ့ကိစ္စကို အကူအညီရစေမယ့်သဘောလို့ အိုဘားမားကပြောပါတယ်။ အမေရိကမှာ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေထက် သေနတ်အသုံးပြုသတ်ဖြတ်မှုတွေ ပိုပြီးများနေပါတယ်။ အဲဒီကွဲပြားချက်တွေအတွက် အကြောင်းပြချက်တစ်ခုက သေနတ်ဥပဒေတွေပါ။ ယူအက်စ်မှာ ကမ္ဘာ့တခြားနိုင်ငံထက် အလျှော့ပေါ့ဆုံး သေနတ်ဥပဒေတချို့ရှိနေပါတယ်။ အဲဒီဥပဒေတွေဟာ တိုင်းပြည်ထဲမှာ ဘာကြောင့် လူတွေများများသေနတ်ရယူနိုင်ကြသလဲ။ သေနတ်တွေပိုင်ဆိုင်ထားနိုင်သလဲဆိုတာ ရှင်းပြနေသလိုပါပဲ။ ၂၀၀၇ ဆန်းစစ်လေ့လာချက်အရ ယူအက်စ်ဟာ ကမ္ဘာမှာ အရပ်သားသေနတ်ပိုင်ဆိုင်မှုအရေအတွက်အများဆုံးနိုင်ငံအဖြစ်ဦးဆောင်နေပါတယ်။ ယူအက်စ်က လူ ၁၀၀ မှာ ၈၈.၈ ဦးက သေနတ်ပိုင်ဆိုင်တယ်။ ဒုတိယလိုက်တာက ရီမန်ပါ။ လူ ၁၀၀ မှာ ၅၄.၈ ဦးပိုင်ဆိုင်နေကြတယ်။ 

Sunday, February 07, 2016

သေနတ်ဥပဒေတွေ ဘာကြောင့်အသက်မဝင်နိုင်ဖြစ်နေရလဲ

CNN က စီစဉ်ပြုလုပ်ခဲ့တဲ့ သမ္မတ ဘားရက်အိုးဘားမားရဲ့ သေနတ်အကြောင်း town hall တွေ့ဆုံဆွေးနွေးပွဲ Gun in America မှာ သဘောကွဲလွဲမှုတွေအများကြီးပဲ ရှိခဲ့ကြပေမဲ့ သူနဲ့ ဝေဖန်ရေးသမားတွေအကြားမှာ အချက်တစ်ချက်တော့ သဘောတူညီမှုရရှိခဲ့ကြတယ်။ စာအုပ်တွေထဲမှာ ရှိထားပြီးသား ဥပဒေတွေဟာ သက်ရောက်မှုပိုင်းမှာ မလုံလောက်နိုင်ကြသေးဘူးဆိုတာပါ။ ဘာကြောင့် အဲဒီလိုဖြစ်ရလဲအတူတကွ ဆွေးနွေးကြပါတယ်။ အတားအဆီးတွေ ရင်ဆိုင်ရလည်း ဥပဒေတွေကိုပြန်မရေးဘဲ ရှိပြီးသားဥပဒေတွေကိုပဲစီမံခန့်ခွဲဖို့ စီမံချက်တွေ ရေးသားဆောင်ရွက်ရင် ကြီးမားတဲ့သက်ရောက်မှု ရှိလာနိုင်မယ်။ ဒီရက်သတ္တပတ်အတွင်းမှာပဲ အကျိုးသက်ရောက်မှုများများရှိလာလိမ့်မယ်လို့ အိုဘားမားက ကြေညာခဲ့ပါတယ်။  သမ္မတက အဲဒီဆွေးနွေးပွဲမှာပဲ မချင့်မရဲဖြစ်ရတဲ့အကြောင်းကိုလည်း ဖော်ပြပြောဆိုခဲ့တယ်။ သူ့ရဲ့ပြိုင်ဘက်တွေက ဥပဒေတွေ သက်ရောက်စေဖို့ ပြောဆိုကြတယ်။ အဲဒီပြိုင်ဘက်တွေကပဲ ဥပဒေတွေ လျော့ပါးလှိုက်စားအောင် ကြိုးစားနေကြတယ် လို့ ပြောခဲ့တယ်။ "စိတ်အပျက်ရဆုံးကိစ္စတွေထဲက တစ်ခုက အဲဒီဥပဒေတွေကို ဆန့်ကျင်နေသူတွေဆီကပြောတာကို ကြားရတယ်။ "စာအုပ်တွေထဲရှိထားပြီးသား ဥပဒေတွေကို ဘာကြောင့် အသက်ဝင်ဖို့မလုပ်တာလဲ သမ္မတကြီးခင်ဗျား" တဲ့။ ပြီးတော့ အဲဒီလိုပြောကြတဲ့ ကွန်ဂရက်လွှတ်တော် အမတ်တွေကပဲ ဥပဒေကိုအကျိုးသက်ရောက်ဖို့ အတားအဆီးဖြစ်သွားနိုင်တဲ့ (အရက်၊ ဆေးရွက်ကြီး၊ သေနတ် နဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းအဖွဲ့အစည်း - Bureau of Alcohol, Tobacco, Firearms and Explosives- ATF) အတွက်အသုံးစရိတ် တွေကို ဖြတ်တောက်လိုက်တယ်" လို့ ပြောပါတယ်။

Wednesday, February 03, 2016

ကမ္ဘာလှည့်ခရီးသွားတွေကိုဆွဲဆောင်ဖို့ ဂရိကို ပြန်လည်ကယ်တင်တဲ့အခါ

သိထားသင့်တဲ့ ဂရိကြွေးမြီအကြောင်း
ဂရိနိုင်ငံရဲ့ တအုံနွေးနွေးဖြစ်နေခဲ့တဲ့ စီးပွားရေးအကျပ်အတည်းဟာ နောက်ဆုံးတော့ ပွက်ပွက်ဆူသွားခဲ့ပြီ။ နိုင်ငံရေးရော ဘဏ္ဍာရေးပါ အတွေ့အကြုံများများစားစားရလိုက်ပါပြီ။ ATM စက်ကနေ ငွေသားထုတ်ယူနိုင်ဖို့ ဂရိနိုင်ငံသားတွေ အခက်ကြုံခဲ့ရတယ်။ အီးယူအဖွဲ့ဝင်နိုင်ငံတွေမှာတင်ရှိနေတဲ့ ဂရိရဲ့ ကြွေးမြီတွေရှင်းလင်းပေးဖို့ ပျက်ကွက်မှုဟာ နိုင်ငံတွင်းမှာလွှမ်းမိုးမှုတွေဖြစ်လာတော့တယ်။ ဂရိနိုင်ငံရဲ့ ထူးကဲလာတဲ့ဖြစ်စဉ်တွေဟာ ဥရောပရဲ့ အလွန်ခိုင်မာအားကောင်းပုံရနေတဲ့ တစ်ခုတည်းသောယူရိုငွေကြေးကို စွန့်ခွာလိုက်ဖို့ အတင်းအကျပ်တွန်းအားပေးသလိုဖြစ်နေပါပြီ။ အလွမ်းဇာတ်အားလုံးမှာကြည့်လိုက်ရတာက ဂရိဟာ တော်တော်သေးနုပ်နေပြီး စီးပွားရေးအရလည်း အရေးမပါလှတဲ့နိုင်ငံလိုဖြစ်နေတော့တယ်။ ဂရိအကျပ်အတည်းနဲ့ပတ်သက်ပြီး ထင်မြင်ချက်တွေအများကြီးထဲမှာ ဂရိနိုင်ငံအကြောင်း တကယ့်ကိုသိချင်တယ်ဆိုရင် ဒီအချက်တွေကို သိထားဖို့လိုအပ်ပါတယ်။

Tuesday, April 28, 2015

သိထားရမယ့် အီရန် နျူကလီးယားသဘောတူညီချက်အကြောင်း

တွေ့ဆုံဆွေးနွေးပွဲတွေ ဘယ်အချိန်၊ ဘယ်လိုပုံစံမျိုးနဲ့ စတင်ခဲ့တာလဲ။
အခက်အခဲကျော်လွှားနိုင်မှုလို့ ပြောနိုင်မယ့် ကြားဖြတ်သဘောတူညီချက်တွေကို လက်ခံခဲ့ကြတဲ့ ဆွေးနွေးပွဲတွေ ၂၀၁၃ နိုဝင်ဘာမှာပြုလုပ်နိုင်ခဲ့တယ်။ ဂျနီဖာသဘောတူညီချက် နဲ့ ပူးတွဲစီမံလှုပ်ရှားမှု လို့ သိခဲ့ကြတဲ့ဆွေးနွေးပွဲတွေ အဲဒီနှစ် ဖေဖော်ဝါရီလက စတင်ခဲ့ကြတာပါ။ အဲဒီထက်အစောပိုင်း ၂၀၀၂ ကတည်းက အီရန်နဲ့ သဘောတူညီမှုရနိုင်ဖို့ စေ့စပ်ဆွေးနွေးမှုပြုလုပ်ဖို့ အကြိမ်များစွာကြိုးပမ်းခဲ့ကြတယ်။ မအောင်မြင်ခဲ့ပါဘူး။

Sunday, October 19, 2014

သိထားရမယ့် အစ္စရေးနဲ့ ပါလက်စတိုင်းအရေးကိစ္စတွေ (၅)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မြင်ရင် ဘာဖြစ်မလဲ။
နိုင်ငံရေးကန့်သတ်ပိုင်းခြားမှုတွေထူထောင်ဖို့ သဘောတူညီမှုမရရှိကြသလို အစ္စရေး၊ West Bank နဲ့ ဂါဇာ တောင်မှ one state ဖြစ်လာနိုင်တယ်။ အဲဒီအဓိပ္ပါယ်က နှစ်ခုထဲက တစ်ခုမှာ ဆိုရင် အစ္စရေးဟာ ဂျူးနိုင်ငံတော်အဖြစ် တည်ရှိနိုင်ဖို့ ကြိုးစားမှုရပ်စဲလိုက်တာ ဒါမှမဟုတ် ပါလက်စတိုင်းတွေဟာ အစ္စရေးမှာ အမြဲတမ်းဒုတိယဆင့် နိုင်ငံသားတွေဖြစ်လာမယ်။ (West Bank နဲ့ ဂါဇာအပါအဝင်ပါ။) ဧပြီ ၂၇ မှာ ပထမဆုံးသတင်းပို့ခဲ့တဲ့ အတွင်းရေးမှူး ဂျွန်ကယ်ရီရဲ့ ပြောကြားခဲ့တဲ့အသံဖမ်းမှတ်တမ်းတစ်ခုက ညွှန်းဆိုခဲ့သလို ဒုတိယတစ်ခုဖြစ်နိုင်ခြေကတော့ apartheid state လူမျိုးရေးခွဲခြားကန့်သတ်ထားတဲ့နိုင်ငံတစ်ခုအဖြစ်ပါ။

သိထားရမယ့် အစ္စရေးနဲ့ ပါလက်စတိုင်းအရေးကိစ္စတွေ (၄)

လက်ရှိ အစ္စရေးနဲ့ ပါလက်စတိုင်းအစိုးရတွေ ပဋိပက္ခကို ဘယ်လိုချဉ်းကပ်လဲ။
သတိကြီးကြီးထားနေကြတယ်။ အခြေခံအကြောင်းပြချက်တွေအတွက် အလုပ်ဖြစ်မယ့် သဘောတူညီမှု/ အပေးအယူစစ်စစ် နှစ်ဖက်လုံးက မစဉ်းစားနိုင်ကြဘူး။ ယူအက်စ်အစိုးရက ဘယ်လောက်အထိ အစိုးရတွေရဲ့ စိတ်ကိုညွတ်နူးပြောင်းလဲစေမလဲ အတိအကျမသိနိုင်ပါဘူး။

ပါလက်စတိုင်းသမ္မတ မာမွတ်ဒ် အက်ဘာ့စ်ဟာ လက်ရှိဦးဆောင်နေတဲ့ လက်ယာမဟာမိတ် အစ္စရေးသမ္မတကို တကယ်မယုံကြည်ပါဘူး။ အခြေချနေထိုင်မှုတိုးချဲ့တဲ့အခြေအနေဟာ အဓိကအကြောင်းပြချက်တွေထဲကတစ်ခုပါ။ အဲဒီဆောက်လုပ်ရေးတွေဟာ အစ္စရေးဝန်ကြီး ဘန်ဂျမင် နက်တန်ယာဟုအစိုးရလက်အောက်မှာ ၇ နှစ်လောက်ဆက်တိုက်မြင့်တက်နေခဲ့တယ်။ အက်ဘာ့စ်သိမြင်နေတဲ့ ဒီနေ့ထိ မြန်မြန်ဆန်ဆန်တိုးချဲ့နေမှုဟာ ခိုင်မာတဲ့သက်သေပါပဲ။ အဲဒါဟာ အစ္စရေးက ပါလက်စတိုင်းနိုင်ငံတော်တည်ဆောက်ဖို့ မဖြစ်နိုင်အောင် ကြိုးပမ်းနေတာပါ။ တိုးချဲ့မှုတွေကို နက်တန်ယာဟုရပ်တန့်ထားစဉ်မှာ ဂျေရုဆလင်မှာတော့ ၂၀၀၉ နိုဝင်ဘာမှာစတင်ပြီး ၁၀ လ ခန့် ဆက်တိုက်ရှိနေခဲ့တယ်။ ပါလက်စတိုင်းတွေလိုချင်တာက အကြွင်းမဲ့ရပ်တန့်စေချင်တာပါ။ ၉ လကြာ ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် အဲဒီညှိနှိုင်းဆွေးနွေးမှုတွေဟာ လက်တွေ့မှာ ခရီးမရောက်ခဲ့ကြဘူး။ နက်တန်ယာဟုဟာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဝေဖန်အပြစ်တင်တဲ့သူအဖြစ် ပါလက်စတိုင်းတွေက အခိုင်အမာယုံကြည်နေကြတယ်။ သူဟာ အစ္စရေး အဓိကလက်ယာပါတီဖြစ်တဲ့ လီကွတ်ပါတီရဲ့ ပထမဆုံးခေါင်းဆောင်ပါ။ သူ အာဏာရှိနေတဲ့အချိန်two-state ဖြေရှင်းနည်းကို ထောက်ခံဖို့လုပ်ခဲ့တယ်။ အဲဒီ ၂၀၀၉ နှစ်မှာ အမေရိကန်ဖိအားသိပ်ပြီးပြင်းထန်နေတဲ့အချိန်မှာ လုပ်ဆောင်ခဲ့တာပါ။

သိထားရမယ့် အစ္စရေးနဲ့ ပါလက်စတိုင်းအရေးကိစ္စတွေ (၃)

Intifada တွေက ဘာတွေလဲ။
Intifada တွေဟာ အစ္စရေးကိုဆန့်ကျင်တဲ့ ပါလက်စတိုင်းဆူပူအုံကြွမှုတွေပါ။ (Intifada ဆိုတာ အာရေဗျဘာသာနဲ့ ဆူပူအုံကြွမှုလို့ ခေါ်ကြတယ်။) ပထမအကြိမ်ကတော့ ၁၉၈၀ နောက်ပိုင်းမှာဖြစ်ပွားခဲ့ပြီး ဒုတိယတစ်ကြိမ်ကတော့ ၂၀၀၀ ခုနှစ်မှာပါ။ တချို့လေ့လာစူးစမ်းသူတွေကတော့ အိုဘားမားအစိုးရအဖွဲ့ရဲ့လက်ရှိ ငြိမ်းချမ်းရေးချဉ်းကပ်မှုတွေ ပြိုကွဲပျက်သုဉ်းရင် တတိယအကြိမ်ဆူပူအုံကြွမှုဖြစ်မယ်လို့ ယုံကြည်ကြတယ်။ 

ပထမဆူပူအုံကြွမှုဟာ ကောက်ကာငင်ကာ ဆက်တိုက်ဖြစ်လာခဲ့တဲ့ ပါလက်စတိုင်းဆန္ဒပြပွဲတွေ၊ အကြမ်းမဖက်တဲ့လှုပ်ရှားမှုတွေ၊ လူတွေအစုလိုက်အပြုံလိုက်သပိတ်မှောက်မှုတွေ၊ အစ္စရေးမှာ ပါလက်စတိုင်းတွေ အလုပ်လုပ်ဖို့ ငြင်းဆန်ကြတာ နဲ့ အစ္စရေးတွေကို တိုက်ခိုက်မှုတွေ(ကျောက်ခဲ၊ မီးလောင်ဗုံးနဲ့ တစ်ခါတစ်ရံ ပစ္စတိုသေနတ်တွေ အသုံးပြုပြီး)ဖြစ်ခဲ့ကြတယ်။ ဆန္ဒပြပွဲတွေကို အစ္စရေးစစ်တပ်က ပြင်းပြင်းထန်ထန်တုံပြန်နှိမ်နင်းတော့ ပါလက်စတိုင်းတွေရဲ့ သေဆုံးမှုဟာ အစ္စရေးတွေထက် ပိုပြီးကျော်လွန်များပြားခဲ့ပါတယ်။

သိထားရမယ့် အစ္စရေးနဲ့ ပါလက်စတိုင်းအရေးကိစ္စတွေ (၂)

ဂျေရုဆလင်ဆိုတာ ဘာလဲ။
ဂျေရုဆလင်ဟာ အစ္စရေးနဲ့ West Bank အကြား နယ်နိမိတ်မျဉ်းပေါ်မှာခွလျက်အနေအထားရှိနေပါတယ်။ ဂျူးဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်နှစ်ဦးလုံးရဲ့ အထွတ်အမြတ်ထားရာနေရာတွေတည်ရှိနေကြပြီး နှစ်ဦးလုံးက သူတို့ရဲ့ မြို့တော်ပြုလုပ်လိုကြတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းတွေပိုင်းခြားတဲ့အခါ အခြေခံကျတဲ့ကိစ္စတွေထဲကတစ်ခုမှာ ကုန်းမြေကို မျှမျှတတဘယ်လိုခွဲဝေမလဲဆိုတဲ့ကိစ္စကျန်ရှိနေသေးတာပါ။ 

အစ္စရေးတည်ရှိတဲ့ ပထမ နှစ်၂၀ မှာ ဂျေရုဆလင်ဟာ စိတ်ပိုင်း ဝေမျှခဲ့ပြီးပါပြီ။ အစ္စရေးဟာ မြေပုံထဲက အနီရောင်အစက်ချမျဉ်းအတွင်းရှိ ဆင်ခြေဖုံးဒေသနဲ့ ဂျေရုဆလင်အစိတ်အပိုင်းတချို့ထိန်းချုပ်ထားခဲ့တယ်။ ဂျော်ဒန်ကတော့ အဲဒီအပြင်ဘက်က အားလုံးဂျော်ဒန်ထိန်းချုပ်ပါတယ်။ (အပြာရောင်အစက်ချမျဉ်းဟာ ဂျေရုဆလင်ဒေသကို ဆင်ခြေဖုံးဒေသကနေခွဲခြားထားတာပါ။

Friday, July 25, 2014

ဂါဇာမှ နောက်ဆုတ်လှည့်ပြေးသွားခဲ့တဲ့ ဒီမိုကရက်တစ်ငြိမ်းချမ်းရေး

ဒီမိုကရက်တွေဟာ နောက်ဆုံးတော့ အစ္စရေးဆီကနေနောက်ဆုတ်လှည့်ပြေးရပြီတဲ့။ ဒီတစ်ကြိမ်ဟာ သူတို့စွမ်းဆောင်ခဲ့သမျှရဲ့ အပြင်းထန်ဆုံးအချိန်ပါ။ အစ္စရေး-ပါလက်စတိုင်းစေ့စပ်ဆွေးနွေးရေး ယူအက်စ် အထူးသံတမန် မာတင် အင်ဒိုက်ခ် ဟာ နှုတ်ထွက်ရပြီ၊ သူ့ရဲ့ think-tank အဖွဲ့အစည်းဆီ အိပ်တန်းပြန်ဖို့ အဖွဲ့ချုပ် Brookings Institutions အရှေ့အလယ်ပိုင်းစောင့်ကြည့်လေ့လာသူတွေကလည်း သဘောတူလက်ခံလိုက်ကြတယ်။ အာရပ်-အစ္စရေးငြိမ်းချမ်းမှာ တက်တက်ကြွကြွရှိနေခဲ့တဲ့ အမေရိကန်ပါဝင်ပတ်သက်မှုဟာ အဆုံးသတ်သွားရပါပြီ။  ယူနိုက်တက်စတိတ်အတွင်းရေးမှူး ဂျွန်ကယ်ရီရဲ့ အတိအလင်းထုတ်ပြန်တဲ့ကြေညာချက်တွေမှာ "ယူနိုက်တက်စတိတ်ဟာ ပါတီတွေက လေးလေးနက်နက် စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းပြန်ရှာတွေ့ပြီဆိုရင် လုပ်ငန်းစဉ်ကို ပြန်စတင်ဖို့ ဆုံးဖြတ်ထားဆဲပါ" လို့ ပါရှိနေပေမဲ့ နောက်ဘာဖြစ်လာမလဲ ဘယ်သူမှ မမှန်းဆနိုင်ကြဘူး။ အဲဒီရည်ညွှန်းချက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပဲ ဦးတည်တာမဟုတ်ဘဲ ယူနိုက်တက်စတိတ်နဲ့ အစ္စရေးကြားက ကာလရှည်အနှောင်အဖွဲ့ဆက်ဆံရေးကိုပါ ပြောချင်တာပါ။ 

Saturday, May 24, 2014

ကမ္ဘာ့အန္တရာယ်အကြီးဆုံး ရေတိုက်ပွဲ

ဗီယက်နမ်နိုင်ငံ နဲ့ တရုတ်နိုင်ငံတို့ဟာ ရေနံအတွက်နဲ့  မာန်ဟုန်ပြင်းပြင်း အငြင်းပွားလာကြပြီ။ အဲဒီအငြင်းပွားမှုဟာ အာရှ နိုင်ငံရေးအခြေအနေထဲမှာ အန္တရာယ်ကြီးတဲ့မီပွားတစ်စအဖြစ် ပြန့်ကျဲသွားလေမလားပဲ။ တရုတ်ရဲ့ အားကြိုးမာန်တက်လုံ့လစိုက်မှုတွေထဲကတစ်ခုမှာ တောင်တရုတ်ပင်လယ်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်ထားနိုင်ဖို့ပါ။ အဲဒါဟာ တချိန်လုံးရင်ဆိုင်နေရတဲ့ပဋိပက္ခဖြစ်ခဲ့ပါတယ်။ တကယ့်ကိုပဲ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့လို အိမ်နီးချင်းနိုင်ငံတွေဟာ ဘေဂျင်းကိုဆန့်ကျင်ကြမယ့်ဆုံးဖြတ်ချက်တွေ ပိုလို့ခိုင်မာလာကြတယ်။ တရုတ်နဲ့ ဗီယက်နမ် ရေပိုင်နက်အငြင်းပွားမှုရှိနေတဲ့ နေရာမှာ ဘေဂျင်းကရေနံတူးစင်တစ်ခုချထားပြီး ရက်အနည်းငယ်အကြာ အဲဒီဧရိယာမှာပဲ တရုတ်ရေယာဉ်တွေဟာ ဗီယက်နမ်ကင်းလှည့်ရေယာဉ် အနည်းဆုံးတစ်စီးနဲ့ တိုးဝင်တိုက်ခိုက်ခဲ့ကြတယ်။ အဲဒီရေယာဉ်မှာ ပျက်စီးမှုတွေခဲ့ပါတယ်။ ဗီယက်နမ်သင်္ဘောသားတွေ ဒဏ်ရာရမှုရှိခဲ့ကြတယ်။ ဒါပေမဲ့ ပစ်ခတ်မှုတော့မရှိခဲ့ပါဘူး။ ဗီယက်နမ်မီဒီယာက ကြေညာခဲ့တယ်၊
တရုတ်သင်္ဘောတွေဟာ ရေနံတူးစင်တစ်ဝိုက် ၃ မိုင် မဖြတ်သန်းရဇုံအတွင်းမှာ ရေပိုက်ကြီးတွေသုံးပြီး အင်အားနဲ့ဖြိုခွဲခဲ့တယ် တဲ့။

Monday, December 02, 2013

ကရင်မလင် vs အတိုက်အခံ ... စိတ်ဝိညာဉ်တိုက်ပွဲ

အမျိုးသားရေးဝါဒီတွေ စိတ်အားထက်သန်မှုပိုပြီးအရှိန်မြင့်လာခဲ့သလို ဗလာဒီမာပူတင်ရဲ့ အတိုက်အခံ ပြိုင်ဘက်တွေလည်း ခက်ခဲတဲ့ရွေးချယ်မှုတွေရင်ဆိုင်လာရတာပါပဲ။ ဒီစက်တင်ဘာလဆန်းပိုင်းမှာ ရုရှားအတိုက်အခံလှုပ်ရှားမှုဟာ သတိထားမိနိုင်လောက်တဲ့ကာလအဖြစ် အခမ်းအနားဆင်နွှဲနိုင်ခဲ့ကြတယ်။ အကျင့်ပျက်ခြစားမှုကိုဆန့်ကျင်သူ ဘလောဂ့်ဂါ အလက်ခ်ဆေးနာဗဲလ်နီ ဟာ ရုရှားကအရေးအပါဆုံးမြို့တော်ရဲ့ သြဇာအာဏာခံတပ်ကြီး “ကရင်မလင်”မှာ နေရာတစ်နေရာရလိုက်တယ်။ နာဗဲလ်နီအောင်မြင်ခဲ့တာကို စောင့်ကြည့်လေ့လာသူတွေက “နှလုံးရည်အောင်ပွဲ” တစ်ခုလို့ ညွှန်းဆိုခဲ့ကြပါတယ်။ ၂၀၁၂ The Wall Street Journal မှာ နာဗဲလ်နီဟာ “ဗလာဒီမာပူတင်အကြောက်ရဆုံးလူ” လို့တောင် ရေးသားဖော်ပြခဲ့တယ်။

Sunday, December 01, 2013

အမေရိကန်အင်ပါယာ ကျဆုံးခြင်း

Nweni Magazine, December, 2013
ယူအက်စ်သမတကြီး ဘားရက်ခ် အိုဘားမားတယောက် ကုလစင်မြင့်ကနေ ကမ္ဘာ့ခေါင်းဆောင်ကြီးများ ရှေ့မှောက်မှာ ပြောကြားသွားတဲ့ ပုံရိပ်ကို ကြည့်လိုက်ရင် တွန့်ဆုတ် နေဟန်ရှိနေတာ အထင်းသား မြင်နေရတယ်။
အီရန်နဲ့ နျူကလီးယားကိစ္စ ရင်ဆိုင်ဖို့လည်း အသင့်ရှိနေတယ်။ ရန်သူရှိရာ ပြစ်မှတ်ထား ပို့လွှတ်လိုက်တဲ့ ဒရုန်း တွေနဲ့ တိုက်ခိုက်မှုကြောင့် လူတွေ သေကြေကြရတာတွေလည်း ရှိနေတယ်။ ဒါပေမဲ့ ဆီးရီးယားကိုတော့ စစ်ဆင်ရေးမစ်ရှင်အဖွဲ့ စေလွှတ်ဖို့ ပြင်ဆင်ခြင်းမရှိသေးပါဘူး။ သူက ကမ္ဘာကြီးအတွက် စိုးရိမ်ပူပန် နေမိကြောင်းကိုသာ  နိမိတ်ပြ ပြောဆိုခဲ့တယ်။

Saturday, September 21, 2013

ရွှေဝါရောင်လွှမ်းခြုံခဲ့တဲ့ စက်တင်ဘာမိုးလမ်းမများ

Photo :
အနှစ်နှစ်ဆယ်အတွင်း မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်တွေကိုဆန့်ကျင်တဲ့ လမ်းမပေါ်က အကြီးဆုံးဆန္ဒပြပွဲတွေဟာ ၂၀၀၇ စက်တင်ဘာလ ၂၃၊ တနင်္ဂနွေနေ့မှာတော့ အရှိန်အဟုန်ရလာခဲ့တော့တယ်။ လမ်းမတွေရဲ့ တစ်ဘက်ဆီက စောင့်ကြည့်နေကြသူတွေရဲ့ အားပေးကြွေးကြော်သံများ ညံလာခဲ့ကြတယ်။ စက်တင်ဘာမိုးစက်တွေဖြန့်ကျဲနေတဲ့ လမ်းမထက်က ခြေဖဝါးဗလာကျင်း ဗုဒ္ဓဘာသာရဟန်းတော်တွေဟာ တည်ကြည်ငြိမ်သက်တဲ့မျက်နှာအမူအရာနဲ့အတူ လျှောက်လမ်းနေခဲ့ပါတယ်။ ကြည့်ရှုသူတွေရဲ့ ရင်ထဲမှာ စစ်အာဏာရှင်အစိုးရရဲ့ဖိနှိပ်မှုတွေ တစ်ခုချင်းဆီမှတ်မိသိရှိရင်းကပဲ နေအိမ်အကျယ်ချုပ်ချခံထားတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ပံ့အားပေးတဲ့အသံတွေနဲ့ ကြွေးကြော်ခဲ့ကြတာပါ။ ၆ ရက်လောက် မိုး အဆက်မပြတ်ရွာသွန်းခဲ့တော့ လမ်းမတွေမှာ စက်တင်ဘာမိုးရေစက်တွေဟာ ပြည့်လျှံလို့နေတယ်။ ဆန္ဒပြပွဲတွေမှာ ရန်ကုန်မြို့က သံဃာ ၁၀၀၀၀ ခန့် အထိ အင်အားများများပါဝင်လာခဲ့ကြတယ်။ မျက်မြင်သက်သေတွေ ပုန်းလျှိုးကွယ်လျှိုးရိုက်ကူး၊ ပြီးတော့ မှတ်တမ်းဗီဒီယိုတွေကို သတင်းဌာနတွေအထိ ရောက်ရှိသွားနိုင်အောင်ပေးပို့နိုင်ခဲ့ကြတယ်။ အဲဒီတော့ ဟိုးအရင်နှစ်တွေမှာ သီးခြားရပ်တည်နေခဲ့တဲ့နိုင်ငံတစ်ခုအတွင်းကအဖြစ်အပျက်တွေကို ကမ္ဘာကကြည့်ရှုသွားနိုင်ခဲ့ကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်တံခါးဝဆီကို ရာပေါင်းများစွာသော သံဃာတော်တွေသွားရောက်နှုတ်ဆက်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမနေအိမ်ပြင်ပက အဖြစ်အပျက်တွေကို ကိုယ်တိုင်ပဲမျက်ဝါးထင်ထင်တွေ့မြင်လိုက်ရတော့တယ်။ အိမ်တံခါးဝမှာ သူမကို မြင်တွေ့လိုက်ရတာဟာ ၄ နှစ်ကျော်ကာလမှာ အဲဒီတစ်ကြိမ်က ပထမဆုံးပါပဲ။ နိုင်ငံတစ်နိုင်ငံရဲ့ ဒီမိုကရေစီထောက်ခံအားပေးတဲ့ ခေါင်းဆောင်တစ်ဦးနဲ့ ဗုဒ္ဒဘာသာဝင်ဘုန်းတော်ကြီးတွေရဲ့ ဆက်သွယ်မှုဟာ ပြည်သူလူထုပမာဏများများကို ချီတက်လမ်းလျှောက်မှုတွေထဲ ပါဝင်လာနိုင်အောင် အစပျိုးခဲ့တာပါပဲ။