Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

မေမေ့ရဲ့ကဗျာများ

(သတ္တ၀ါတွေထဲမှာ မင်းတစ်ယောက် အထူးဆန်းဆုံးပါဘဲ )
The Strangest of Creatures- (Nazim Hikmet)

 
အကို မင်းက ကင်းမြီးကောက်နှင့်တူတယ်။တကယ့်ကို ကင်းမြီးကောက်နှ့င့် တူတာပါ။ညည ဆိုရင် သူက တော်တော် ဒုက္ခပေးတယ် လေ။

အကို မင်းက စာကလေးတကောင်လိုဘဲ တူနေတယ်။တကယ့်ကို စာကလေးနှင့်တူတာပါ။စာကလေးက သေးနုတ်ပြီး အရေးလုပ်စရာ မဟုတ်ဘူးဆိုပေမဲ့  ကဏှာမငြိမ်ဘူး။ တလှုပ်လှုပ် တရွရွနှင့်။

အကို မင်းက ယောက်သွားတခုနဲ့လဲ တူနေပြန်တယ်။
တကယ်ဘဲ ပင်လယ်ထဲက ယောက်သွားနှင့် တူနေတာပါ။
အကို  ယောက်သွားဆိုတာ တိတ်တိတ်ဆိတ်ဆိတ်ကလေး တခါးပိတ်  အခန်းအောင်း နေတတ်ကြတယ်လေ။
တကယ့်ကို ကြောက်စရာကြီးပါဘဲ။

အကို မင်းက မီးငြိမ်းသွားတဲ့ မီးတောင်ထိပ်ဝတခုလိုလဲ တူနေတယ်။
တခုမဟုတ်ဘူး။
အလိုလေး....ငါးခုလဲ မကဘူး။
သန်းနှင့်ချီပြီးတော့ လို့  ပြောရလိမ့်မယ်။

အကို.. မင်းဟာ သိုးငယ်နှင့်လည်းတူနေပြန်တယ်။ သားသတ်သမားက သိုးငယ်လေးရဲ့  အမွှေးတွေနှင့် အ၀တ်တန်ဆာဆင်တဲ့အခါ.. သားသတ်သမားက သူ့ ရဲ့  လက်ကိုင်တုတ်ကြီးပင့်မြှောက်လိုက်တဲ့ အခါ..သိုးငယ်က အုပ်စုထဲကနေ အမြန် ထွက်ပြေးတတ်တယ်။ပြီးတော့ သားသတ်ရုံထဲ ၀င်ပြေး နေသလို မင်းဟာ အထူးဆန်းဆုံးလူ ဖြစ်နေတယ်။

ပြောရရင် ပင်လယ်ထဲမှာနေပြိး  ပင်လယ်အကြောင်း ဘာမှ နားမလည် တဲ့  ငါးတကောင်လိုပါဘဲ ။
ကမ္ဘာပေါ်မှာ ဒီလောက် ဒုက္ခရောက်စရာတွေ နှင့်ပြွမ်းတီး ပြည့်လျှံနေတယ်ဆိုရင် အကိုရေ..အဲဒါ စဉ်းစားတွေးခေါ်စရာတွေပါဘဲ။

အကယ်၍ ငတ်မွတ်ခေါင်းပါးခြင်း။အ၀တ်အထည်ရှားပါးခြင်း။ တို့ ကြောင့် သွေးချောင်းစီးလာသည့်တိုင် အရေဆုတ်ခံကြရမှာက  ကျွန်တော်တို့ ရဲ့ ၀ိုင်ခွက်တွေထဲမှာ စပျစ်ခိုင်တွေ အရည်ညှစ် ထည့်ချလိုက်သလို ..တူနေပြန်ရော။ဒါတွေဟာ အကို့  အပြစ်လား ဆိုတော့  မဟုတ်ပါဘူး။ ဒါပေမဲ့  အကိုရယ် အဲဒါမျိုးတွေက ဒီစကြာဝဋ္ဌာမှာ အနန္ဒပါဘဲ။

=====================================================
 (နှုတ်ဆက်ခဲ့တယ် .. သူငယ်ချင်းတို့ ရယ် )
Farewell

ချစ်သူငယ်ချင်းများတို့  ..နှုတ်ဆက်ခဲ့ပါရစေ.။
ငါ ရင်ထဲမှာ လှိုက်လှုက်လှဲလှဲ ခံစားလို့  နေရတယ်။
ငါ့ရင်ထဲက နှလုံးသည်းပွတ်တခုလုံး အုံးအုံးကျွက်ကျွက် ဆူညံခံစားနေရတာတကယ်ပါ။
ငါ့ဦးနှောက်ထဲက ဖြစ်ပေါ်လာတဲ့  အုံကြွပုန်ကန်မှုတွေနှင့်အတူ။
ချစ်သူငယ်ချင်းတို့ ရေ…နှုတ်ဆက်ခဲ့ပါတယ်။
သင်္ဘောဆိပ်မှာ တန်းစီလို့  လက်ကိုင်ပုဝါကလေးတွေ ဝှေ့ ရမ်းလို့  ငါ့ကို လွမ်းအောင် လက်ပြမနေကြပါနှင့်။
ဒါဟာ လုံးဝကို မလိုအပ်ပါဘူးကွယ်။
မင်းတို့ ရဲ့  မျက်စိထဲမှာ ငါ့ရုပ်ကိုရောင်ပြန်ဟပ်လို့  အမြဲ မြင်နေကြမယ်ဆိုရင် ဘဲ လုံလောက်နေပါပြီ။
အို..ချစ်သူငယ်ချင်းတို့ ..လက်နက်ကိုင် ရဲဘော်ရဲဘက်တို့  အလုပ်သမားများတို့ .ငါ့ရဲ့  ဒီ နှုတ်ဆက်စကားတွေဟာ ထူးဆန်းတဲ့ စကားတော့မဟုတ်ပါဘူး။

ည ရောက်ရင် ငါ့နောက်က တံခါးတွေ မင်းတုံးချ မထားဘူး။
နှစ်တွေ ရှည်ကြာလာလို့ ငါ့အိမ်က ..တံခါးတွေပေါ်မှာ။ပင့်ကူအိမ်တွေ မြှေးယှက် ဖုံးအုပ်သွားလိမ့်မယ်။

ငါ့ရဲ့  ..ရဲဝံ့စွန့် စားတဲ့ တိုက်ပွဲ ခေါ်သံ အော်သံ တွေ ပြီးတော့   ထောင်သီချင်းတွေ စစ်ပွဲရဲ့  အထိမ်းအမှတ် စစ်ချီ စစ်တက် စစ်ခရာသံတွေ..ကျူးရင့် နေစဉ်မှာ..

အို သူငယ်ချင်းတို့ နှင့် တဖန် ပြန်လည်  ဆုံတွေ့ ကောင်းဆုံတွေ့ နှိင်ပါလိမ့်မယ်။
လှပပြီး မြင်သာ ထင်သာရှိတဲ့ နေရောင်ခြည်တောက်တောက်အောက်မှာ ..အပြုံးကိုယ်စီနှင့် တဖန်ပြန်လည်ဆုံဆီးချင်ပါသေးတယ်။
ဟိုရှေးတုံးက ငါတို့  အတူ တွဲ ဆင်နွဲ ခဲ့တဲ့  တိုက်ပွဲ တွေလဲ တခါမက ရှိခဲ့ကြပီ။
အို .ရဲဘော် ရဲဘက် အပေါင်းတို့  ..နှုတ်ဆက်ခဲ့ပါတယ်
နှုတ်ဆက်ခဲ့ပါတယ် မိတ်ဆွေ တို့ ။
=================================================
(ပြိုကွဲ ခြင်း)
For Rent
(Haydar Ergulen)


ဒီမနက် ကြည့်လိုက်တော့ ပင်လယ်ပြင်ကြီးက အပေါက်အပြဲတွေနှင့်။
ပြာပြာလွင်လွင်အရာခပ်သိမ်းကို သတိရစရာပါဘဲ။
နေ့ မွန်းတည့်မှာလည်း နေမင်းက ပေါက်ကွဲနေတယ်။
မင်းနှင့် ငါတို့ အကြားမှာလည်း  အေးစက်တင်းမာနေကြပြီ။
ညနေခင်းလည်း တဖြည်းဖြည်းပြိုပျက်လာနေပြီ။
ငြိမ်းချမ်းတဲ့ အရိပ်အာဝါသအောက်မှာ မင်းရဲ့ ကြောင်တကောင်အဖြစ် ငါ ရှိနေချင်ပါရဲ့ ။
ဒီညနေ နှင်းဆီဥယျာဉ်ကလေး က ထိုးဖေါက်ပြစ်ခြင်းခံရပြီ။
ငါတို့ လက်ထဲက ခရမ်းရောင်ပန်းတွေ စပယ်ပန်းတွေ ကတော့ ဖွံထွားရှင်သန်လို့  ..။
ငါ့အိမ်မက်စိတ်ကူးထဲမှာတော့ မင်းရဲ့ မျက်ဝန်းတွေဆီ မလွဲတန်း  စူးစိုက်ဖိတ်ခေါ်နေမိတယ်။
ဒါပေမဲ့  မင်းရဲ့  အကြင်နာကင်းမှုတွေက ငါ့ကို  နည်းနည်းကလေးမှ အိပ်မရတဲ့ညတွေ ဖြစ်စေတယ်။
နွေဦးရာသီရဲ့  တက်ကြွ နိုးထမှုတွေ ခန္ဒာကိုယ် ကြန့် ခိုင်မှုတွေ ဆုတ်ယုတ်နေခဲ့ပြီ။
ဖုန်တက်နေတဲ့ စာအုပ်တွေထဲက ငါရခဲ့တဲ့ စကားလုံးတွေကြောင့်..။
ပထ၀ီသင်ခန်းစာတွေထဲမှာ..။
လာစမ်းပါဦး။ရေလွှာ မြေလွှာတွေကို ထိုးဖေါက်  ဖြိုခွဲ ကြရအောင်။
ငါတို့  လျှောက်နိုင်သရွေ ဝေးဝေး လျှောက်ကြမယ်။ပေါင်မုံ့ တွေနှင့် ။
မိတ်ဆွေအဖြစ်က ရပ်စဲ မပြစ်လိုက်ပါနှင့်။
အသဲလွှာပင်လယ်ပြင်မှာလေပြေလေညှင်း ခေါ်ဆောင်ရာ  ရွက်လွှင့်ခဲ့တဲ့  ရွက်လှေကလေး  ကို ဒီအချိန်မှာ ဖျက်းဆီးချင်လဲ ဖျက်ဆီးပြစ်ပါ။
နွေခေါင်ခေါင် လမ်းတွေကို ဖြိုပြစ်။တံခါးတွေကို အားလုံးဖွင့်။
ငါ့ကို အခန်းတွေထဲမှာ တယောက်ထီးထီး ပြစ်ထားချင် ပြစ်ထားခဲ့။
ဒီကဗျာလေးကိုတော့ ဖျက်ဆီးမပြစ်ပါနှင့်ကွယ်။ငါဟာ မင်းရဲ့  ကဗျာဆရာအဖြစ် တည်ရှိနေချင်ပါတယ်။
=================================================
Creation (ဖန်တီးမှု )   

 နားထောင်စမ်းပါ။ပီးတော့ ကြည့်လိုက်။
တောင်တန်းကြီးတွေ ကုန်းထ မို့ မောက်လာတယ်။
 မြေ့ အောက်က မြစ်ကြောတွေမှာလည်း ရှုံ့ တွလာပီ။
ရဲရဲနီတဲ့သွေးတွေက  ဖြေးဖြေးညင်သာ စီးဆင်းလို့ ။
ပြာလဲ့လဲ့ သွေးပြန်ကြောတွေမှာတော့ အနုမြူပြာမှုံတွေ လိမ်းကျံနေတယ်။
ကမ္ဘာကြီး ဘာဖြစ်နေတယ်ဆိုတာ လေနတ်သားက သိကောင်းသိမှာပါ။

======================================================
The sleep of the World has fled (အိပ်နေတဲ့ ကမ္ဘာကြီး ထွက်ပြေးပြီ)

အချိုးအကွေ့ တွေ ပြွမ်းတီး တိတ်ဆိတ်နေတဲ့  တောင်းကြားဒေသထဲမှာ   သူက ငါ့ကို ငိုချင်တဲ့အကြောင်း ပြောတယ်။့ ငါကတော့  ငိုဖို့  မေ့နေလိမ့်မယ်။ ငါ့အရိပ်တွေနှင့် ကဖို့ ကိုတောင် မေ့နေလိမ့်မယ်။

အနက်ရောင် ဗယ်ရီသီးပင်နားဖြတ်သွားမိရင် သူ့ ဆူးတွေက ညင်ညင်သာသာ တို့ ထိမိမယ်။
မနေခဲ့ပါရစေနှင့် တဲ့ သူကပြောတယ်။
ငါက စောင့်နေရပီ။
ရေမရှိတဲ့  မာဘယ်ကျောက်လှေခွက်ကြီးပေါ်   ငါ မှီနေရတယ်။
ကျောက်တုံးနံရံကြီးဆီ အကြည့်စူးစူးနှင့် စူးစမ်းမိ။ခွာမရ။
ငါ့ကိုထားခဲ့ပါ။လို့  ငါက ပြောလိုက်တယ်။

ငါတို့  ရေအိုင်လေးဆီ သွားကြတယ်။ကျောက်ခဲတွေက ငါတို့ ခြေတွေကို ပွန်းရှစေတယ်။
ဒါပေမဲ့ ငါတို့  ရေကူးကြတယ်။

နောက်ဆုံး မင်းရဲ့ ကြယ်တာရာတွေဆီက မျှော်မှန်းချက်ကြီးကြီးမားမားတွေ…ရခဲ့ရင်။
ဒါပေမဲ့ အခုကတော့  အချစ်အတွက်ဆိုရင်  မျှော်လင့်ချက် မရှိပါဘူး။

ရေကန်ထဲဝင်လိုက်။တံတိုင်းနံရံကြီးက  ဖြည်းဖြည်းချင်း အလင်းရောင် ပျောက်နေပြီ။မကောင်းမှု ဒုစရိုက်တွေ သင်ခန်းစာယူ။
ပြီးရင် ဒါကို မေ့ပြစ်လိုက်။
ငါတို့  ရှာရမှာက  တောထဲက ဘလက်ခ် ဗယ်ရီဆူးရိုင်းပင်တွေ ..
အာရုံဦး နေထွက်ချိန် နေရောင်ခြည်တွေ။
ဟော..အိပ်နေတဲ့ ကမ္ဘာကြီး ထွက်ပြေးသွားပြီ။

===========================================
(စိတ်ကူးယဉ်အိပ်မက် )
Let Them Believe You Are Day-Dreaming - (Mustafa Koz)

စိတ်ကူးယဉ်အိပ်မက်ဆိုတာ အရောင်တွေ ကို သည်ဆောင်လာတယ်။ အမျိုးမျိုးဘဲ။မင်းကြိုက်နှစ်သက်သလို ပေါ့။မင်း ဘယ်လို အရာမျိုးကိုမှ ခြေရာခံ ကြည့်ဖို့  အနံ့ ခံ ကြည့်ဖို့  မလိုဘူး။

မီးသင့်လောင်ကျွမ်းနေတဲ့ သင့် လယ်ကွင်းပြင် ။
မပြုမပြင်ထားတဲ့ပျက်စီးယိုယွင်းနေတဲ့  မြို့ထဲက သင့် မြက်ခင်းပြင် ။
မြက်တမျိုးတည်းအတွက် တောင် ချန်မထားဘူး။
နေ့ ခင်းကြောင်တောင် အိပ်မက်တွေ ..မှာ..။

ပြိုင်ဘက်ကင်းတဲ့စစ်ပွဲ တွေက ဖျက်ဆီးပြစ်လိုက် တာ။
မင်းရဲ့  နိုင်ငံ ။မင်းရဲ့  မြို့ ပြ။မင်းမြို့ က ဆက်သွယ်ရေး တံတားတွေ။
ဒါ ဘယ်သူ့ ရဲ့  အကြင်နာကင်းမဲ့တဲ့ လုပ်ရပ်တွေတဲ့လဲ။

နေ့ ခင်းကြောင်တောင် အိမ်မက်ထဲမှာ..သူတို့ က မင့် အကိုကို သတ်ပြစ်လိုက်တယ်။
လမ်းပေါ်က  ကျည်တောင့်တတောင့်  ဒါမှမဟုတ် ထိုးဆေးရည်တပုလင်း။
ရာသီဥတုက ဒီမျှ ဆိုးဝါးမယ် မထင်မိဘူး။

တကယ်လို့  မင့် အရိုးတွေ ကျိုးကြေနေပြီလို့  မင်းရဲ့  နေ့လည်အိပ်မက်မှာ မက်ခဲ့ရင်..။
စက်ရုံနှင့်ဆင်တူတဲ့ အစိတ်အပိုင်းတွေ နားက ဖြတ်သွားမိရင်  မင်း သိမ်မွေ့  ညင်သာ နေနိုင်ပါမည်လား။

သူတို့ က မေးမြန်းစုံစမ်းလာရင် မင်းဘာတတ်နိုင်မလဲ။မင်းဘာလုပ်လို့  ရမလဲ။
မင်းကိုယ်တိုင်ကတော့ ပြုံးပြီး ငြိမ်နေပါလိမ့်မယ်။
ဒါပေမဲ့  ကျောက်တုံးတတုံးလို့ မာမာတောင့်တောင့်ကြီး.. ရွေ့ ရွေ့ ပြီးတော့..။
 သူတို့ ကိုတော့ မင်းဟာ နေ့ခင်းကြောင်တောင် အိမ်မက်တခုကို မက် နေတယ်လို့  ယုံကြည်နေကြပါစေ ။
==================================================

အားလုံးရဲ့  သီချင်း

လူတွေ..လူတွေ ..အားလုံး..၊
ရုတ်တရက် တေးချင်းသီကြူးလို့ ၊
မြူးထူးဟစ်အော် ပျော်လိုက်ကြတာကွယ်၊
ငါလဲ ပဲ သူတို့  အပျော်ထဲ မှာ စီးမျောသွားတယ်။      ။
အကျဉ်းကျ ငှက်ကလေးများ  လွတ်မြောက်မှုနဲ့  အတူ ၊
အတောင်ပန် ဖြန့် ကျက် ၊တဟုန်ထိုး ပြေးထွက်လို့  ၊
သစ်သီးခြံတွေ စိမ်းမှောင်နေတဲ့  လယ်ကွင်းတွေ  ပေါ်မှာ...ပေါ်မှာ....ကျော်ဖြတ်လျ
က်၊
တဖြေးဖြေး မြင်ကွင်းကနေ ပျောက်ပျက်သွားတယ်။      ။
လူတွေ လူတွေ  အားလုံး ၊
တေးချင်းသံ အရှိန်အဟုန်မြင့်တက်လို့  ၊
ထွက်ပြူစ ရှင်နေမင်းက တစ တစ နေသားကျ ကျလာသလိုပဲ၊
ငါ့အသဲကိုပါ သိမ်းကြုံး ရိုက်ခတ်၊ မျက်ရည်ယိုစီးမတတ်ပေါ့..၊
စိုးရွံ့  ထိတ်လန့် မှုများ အဝေးသို့  စုပြုံမျောပါသွား၊
အို..ဒါပေမဲ့ လဲ  အားလုံးဟာ ငှက်တကောင် တေးသီသလို..မပီဝိုးဝါးနဲ့ ၊
ဘယ်မှာအလင်္ကာမြောက်မတဲ့ လဲကွယ်   ။         ။             
- Hide quoted text -
florist  မြန်မာပြန်သည်။
မူရင်းကဗျာ
Every one sang

Everyone suddenly burst out singing;
And i was filled with such delight
As prisoned  birds must find in freedom
Winging wildly across the white
Orchards and dark-green fields;on ; on ; and out of sight.

Everyone's voice was suddenly lifted,
And heart was shaken with tears; and horror
Drifted away ...O but everyone
Was a bird; and the song was wordless;
The singing will never be done.

Siegfried Sassoon

No comments: