Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, November 26, 2016

ဟာဗားနားရဲ့ ညသန်းခေါင်ယံ

၂၀၁၃ က ရေးဖြစ်ခဲ့တဲ့ ဆောင်းပါးပါ။
၁၃ ဂဏန်းနဲ့ပတ်သက်ပြီး နိမိတ်ဖတ်ခဲ့ကြပေမဲ့ ကက်စရိုကတော့ ၂၀၁၆ ခုနှစ်အထိ အသက်ရှင်သန်နေထိုင်သွားနိုင်ခဲ့ပါတယ်။
စာတွေမရေးနိုင်ဖြစ်နေလို့ စာအဟောင်းပြန်ဖတ်ကြည့်ရင်း ကက်စထရိုသေဆုံးတဲ့နေ့အမှတ်တရ ပြန်တင်ထားလိုက်ချင်လို့။
Fidel Alejandro Castro Ruz (August 13, 1926 – November 25, 2016)
မက္ကဆီကိုကွေ့ထဲက ကျူးဘားနိုင်ငံရဲ့  အကြီးဆုံးမြို့တော် ဟာဗားနားမှာပေါ့။ Virgin of Regla နတ်ကွန်းရဲ့ အပြင်ဘက်နားလေးမှာ ရှေ့ဖြစ်ဟောပြောသူတစ်ဦးဟာ ဖြတ်သွားဖြတ်လာတွေဆီက ငွေကြေးအဖြစ်ပြောင်းလဲရရှိနိုင်မယ့် ကနုကမာခွံတွေ မြှောက်ကာပစ်ကာ လှုပ်လှုပ်ရှားရှားရှိနေပါတယ်။ သူ့ဆီမှာ လာမေးကြတဲ့သူတွေဆီက တူညီတဲ့မေးခွန်းတွေပဲ နေ့တိုင်းရနေတာပဲ။ “သူတို့ အချစ်မေတ္တာရှာတွေ့နိုင်ကြပါ့မလား” တဲ့။ “အိမ်တစ်လုံး ဝယ်ယူဖို့ သူတို့တတ်နိုင်ပါ့မလား” တဲ့။ “မဝေးတော့တဲ့အနာဂတ်မှာ အပမ်းဖြေခရီးထွက်ဖို့ သူတို့ တတ်နိုင်ပါ့မလား” တဲ့။ ဒီလိုမေးခွန်းတွေ သူတို့ မေးကြတယ်။ ပြီးတော့ သူတို့ အားလုံးက “ဘယ်တော့ ပြီးဆုံးမှာလဲ” ဆိုတဲ့မေးခွန်းတစ်ခုကိုလည်း အမြဲမေးကြတယ်။

Thursday, September 15, 2016

ဗိုလ်ချုပ်ပြတိုက်ရဲ့ အခင်းအကျင်း

သမိုင်းဝင်ဗိုလ်ချုပ်အောင်ဆန်ပြတိုက်ဟာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာတည်ရှိပါတယ်။ ပြတိုက်ဟာ ခေတ်မီမြန်မာနိုင်ငံကို တည်ထောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းကို ရည်စူးဂုဏ်ပြုဖွင့်လှစ်ထားတာပါ။ နှစ်ထပ်ရှိတဲ့အဆောက်အဦဖြစ်ပြီး ၁၉၆၂ မှာ ဗိုလ်ချုပ်ရဲ့ နေအိမ်ကို ပြတိုက်အဖြစ်ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင်၊ ဗိုလ်ချုပ်လုပ်ကြံသတ်ဖြတ်ခံရချိန် မတိုင်ခင်အထိ အဲဒီအိမ်မှာပဲ နေထိုင်သွားခဲ့ပါတယ်။ နေအိမ်ပုံစံကတော့ ကိုလိုနီခေတ်က အပမ်းဖြေအိမ်ပုံစံမျိုးပါ။ ၁၉၂၁ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ အဲဒီနေအိမ်မှာပဲ ဗိုလ်ချုပ်ရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ကြီးပြင်းခဲ့တာပါ။ ပြတိုက်အခင်းအကျင်းကိုတော့ ဗိုလ်ချုပ်အောင်ဆန်ရဲ့ လူကြီးဘဝသက်တမ်းခပ်တိုတိုကာလလေးကို အဓိကထားပြသထားတာပါ။ မကွေးတိုင်း၊ နတ်မောက်မြို့နယ်က ဗိုလ်ချုပ်အောင်ဆန်းမွေးဖွားခဲ့ရာနေအိမ် ပြတိုက်ကိုတော့ သူ့ရဲ့ ငယ်ဘဝနဲ့ မိသားစု အမှတ်တရပစ္စည်းလေးတွေစုဆောင်းပြီး ပြတိုက်၂ခုလုံးကို အသက်ထင်ရှားရှိစဉ်က ဘဝအနေအထားနဲ့ လိုက်ဖက်ညီအောင် အခင်းအကျင်းပြင်ဆင်ထားခဲ့ကြတယ်။

စိတ်ကြိုက်မီးဖိုခန်းလေး ပြင်ဆင်နိုင်ဖို့

ဗီရိုတွေထဲမှာ မီးဖိုးခန်းအတွက်ပြင်ဆင်တဲ့အခါ ဈေးအကြီးဆုံးကုန်ကျတတ်တာကြောင့် လိုအပ်တဲ့ပစ္စည်းတွေမဝယ်ခင်မှာ ဂရုတစိုက်စဉ်းစားရွေးချယ်ဖို့ လိုအပ်လှတယ်။ ကိုယ့်ရဲ့မီးဖိုခန်းလေးအတွက် ကိုယ့်အကြိုက်နဲ့ အလိုက်ဖက်ဆုံး မှန်ကန်တဲ့ဒီဇိုင်း၊ စတိုင် နဲ့ အရောင်အသွေးရောစပ်မှုတွေ စူးစမ်းရှာဖွေကြည့်ထားရင်တော့ ပိုပြီးအဆင်ပြေနိုင်မှာပါ။

Tuesday, August 30, 2016

Blog Day ဒါမှမဟုတ်

3l0g Day3108 (31st day of the 8th month)
အခုတော့ ဒီကာတွန်းလေးထဲကလို ပြောစရာမရှိလည်း ဘလောဂ့်ရေး ပြောစရာရှိလည်း ဘလောဂ့်ရေး အဲဒီလိုမဟုတ်ကြတော့ပါဘူး။ fb status လေးတွေမှာပဲ လှုပ်လှုပ်ရှားရှား အလုပ်များနေကြရတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အမှတ်တရတွေပါပဲ။

Thursday, August 25, 2016

အလှဆင်စရာ အဆင်အပြောက် အမွှမ်း ဒီဇိုင်းစုံနဲ့ နံရံကပ်စက္ကူလေးတွေ

နံရံကပ်စက္ကူ(wallpaper)လေးတွေဟာ အိမ်ခန်း၊ ရုံး၊ ကော်ဖီဆိုင်၊ အစိုးရအဆောက်အဦ၊ ပြတိုက်၊ စာတိုက် နဲ့ တခြားအဆောက်အဦတွေရဲ့ အတွင်းနံရံမှာ အလှဆင်ကပ်ထားကြတဲ့ ပစ္စည်းမျိုးပါ။ နံရံကပ်ကော်ပါတဲ့စက္ကူသားဖြစ်ပြီး ရောင်းချတဲ့အခါ အလိပ်လိုက်ရောင်းချကြတယ်။ နံရံကပ်စက္ကူတွေမှာ ဗြောင်နဲ့လည်းရောင်းချကြတယ်။ ဗြောင်သားဆိုတော့ ကိုယ်နှစ်သက်တဲ့အရောင်သုတ်နိုင်တယ်။ မညီညာလှတဲ့မျက်နှာပြင်နဲ့ အပြစ်အနာအဆာလေးတွေရှိနေတဲ့နံရံမျက်နှာပြင်တွေ ဖုံးကွယ်ချင်ရင် အသုံးပြုနိုင်ကြပါတယ်။ Anaglypta လို texture နံရံကပ်စက္ကူနဲ့ Lincrusta တို့လိုဖောင်းကြွထူထူပါတဲ့အသားတွေမှာ ပုံစံဆင်တူအကွက်အပြောက် ထပ်ကာထပ်ကာသုံးထားတဲ့ pattern ဒီဇိုင်းမျိုးနဲ့ ထပ်ကာမသုံးထားဘဲ ဒီဇိုင်းကြီးကြီးတစ်ခုတဲ့ နံရံအပြည့်သုံးတဲ့နံရံကပ်အသားတွေရှိကြတယ်။ နံရံကပ်စက္ကူတွေကို အလိပ်ရှည်ရှည်အနေအထားနဲ့ပြုလုပ်ပြီး နံရံမှာ ထောင်လိုက်ကပ်ကြတယ်။ pattern နံရံကပ်စက္ကူဒီဇိုင်းက အကွက်အပြောက်တွေဟာ ဆက်တိုက်ထပ်သုံးပို့ပုံစံဖော်ထားတာဆိုတော့ အလိပ်တစ်ခုထဲကပဲဖြတ်လိုက်တဲ့နေရာမှာ နောက်ထပ်ဖြတ်ထားတဲ့အစကို ဆက်ပြီးကပ်လိုက်လည်း အဆက်နေရာကို လွယ်လွယ်ကူကူမမြင်နိုင်တော့ပါဘူး။ အပိုင်းအဖြတ်များမယ့်နံရံကျဉ်းကျဉ်းတွေအတွက် pattern ဒီဇိုင်းလေးတွေက သင့်တော်လှပါတယ်။ ခပ်ရှုပ်ရှုပ်အဆင်ကြီးကြီးဒီဇိုင်းမျိုးဆိုရင်တော့ အပိုင်းအဖြတ် ဆက်ရမယ့်နေရာတွေအတွက် သတိထားရတော့မှာပါ။ 

ကင်ဆာရောဂါကို ကာကွယ်တိုက်ခိုက်နိုင်မယ့် ရိုးရှင်းတဲ့နေ့စဉ်အစားအစာလေးတွေ

ကင်ဆာဆဲလ်တွေဟာ ပုံမှန်ဆဲလ်တွေထက် ကြီးထွားနှုန်းပိုမြန်တယ်ဆိုပေမဲ့ ကင်ဆာဆဲလ်တွေက တစ်ညတာအတွင်း ကြီးထွားလာကြတာတော့မဟုတ်ပါဘူး။ ကင်ဆာတိုက်ခိုက်နိုင်တဲ့ အစားအစာတွေနဲ့ လူနေမှုစတိုင်က ကင်ဆာဆဲလ်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ကင်ဆာဖြစ်နိုင်ခြေနှုန်းကိုလည်း သိသိသာသာလျှော့ချပေးနိုင်တယ်။ အလေးထားစရာ/ လိုအပ်သမျှအားလုံးကိုတော့ ဆရာဝန်နဲ့ အမြဲတမ်းစစ်ဆေးသင့်ပါတယ်။ စားနေကျအစားအစာတွေထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတချို့ကို ပေါင်းထည့်ပေးပါ။ ကင်ဆာကို ကာကွယ်ဖို့ ကူညီပေးပြီး တခြားရောဝါတွေကိုလည်း ဟန့်တားထိန်းချုပ်ထားပါ။

ကားမလိုပါ ကြည်နူးစရာ ကမ္ဘာ့အံ့ဖွယ်နေရာလေးတွေမှာ

ကားတွေမရှိတဲ့ကမ္ဘာတစ်ခုကို စိတ်ကူးယဉ်ဖူးပါသလား။ စိတ်ကူးယဉ်ခဲ့ဖူးတယ်ဆိုရင် ဒီနေရာလေးတွေကို သေသေချာချာမှတ်ထားရတော့မှာပေါ့။ ဒါပေမဲ့ အဲဒီနေရာလေးတွေမှာတောင်မှ အဆောက်အဦတွေ တည်ဆောက်ပုံ ပြင်ဆင်ပြောင်းလဲတာနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းတာ၊ ဆူညံသံတွေနှောင့်ယှက်တာတွေ ဖြစ်ပွားနိုင်ပါသေးတယ်။ ကားအသွားအလာများလွန်းတာ၊ ကားရပ်နားဖို့နေရာ ခက်ခက်ခဲခဲရှာဖွေရတာတွေကြောင့် ဓာတ်ဆီဖြုန်းတီးရတာ စိတ်ညစ်လှတယ်ဆိုရင်တော့ ကမ္ဘာတစ်လွှားက ဒီနေရာလေး ၁၀ ခုဆီ ဦးတည်နိုင်ကြတယ်။ စက်ဘီးလေးတစ်စီးဆုပ်ကိုင်၊ ရှုးဖိနပ်ကြိုးလေးတင်းတင်းစီးလို့ ပျော်ပျော်ရွှင်ရွှင်ခရီးနှင်ကြည့်နိုင်ပါတယ်။

ရိုးရိုးကလေးသာ ကျွန်မ လွမ်းတတ်ခဲ့ပါပြီ

သည်နေ့ မိုးကလေးဖွဲဖွဲ စွေကာ ရွာနေသည်။ ဆာကူရာဆေးရုံ ၉ထပ်မှာ ခြောက်ကြိမ်မြောက် ကင်ဆာ ကုထုံး ခံယူနေသည့် လူနာ အစ်မကို ထိုင်စောင့်ပေးနေရင်း ပြတင်းမှန်ကို လာလာကပ်နေသည့် မိုးစက်မိုးမှုန် ကလေးတွေကို ငေးငေးကြည့်ကာ ကျွန်မစိတ်တွေ ယောက်ယက်ခတ်နေပါသည်။ မှန်ပြတင်းကနေ အောက် ဘက်သို့ နည်းနည်းငုံ့ကြည့်လိုက်လျှင် လူတွေ ခြေချင်းလိမ်လျက် အ၀င်အထွက်ပြုနေကြသည်ကို လှမ်းမြင်နေရ သည်။ ဘုရားသခင်…ဆေးရုံသည် လူဝင်လူထွက် များလှချည့်။ ဘုရားကျောင်းမှာ လူတစ်စတစ်စ နည်းလာပြီး ဆေးရုံတွေမှာ လူတွေဘာလို့များများလာပါလိမ့်။ ဒါကို အဖြေတစ်ခု တွက်ချက် ထုတ်ယူဖို့ ကျွန်မမှာ လုံလောက် သော စိတ်အင်အားမရှိပါ။ ကျွန်မနှလုံးအိမ်ထဲသို့ သောကအပူများ ဆင့်ဆင့်ကဲကဲ ထပ်မံ ၀င်မလာစေရန် အာရုံအလုံးစုံကို facebook နံရံတွေပေါ် စိတ်ပြေလက်ပျောက် ပစ်တင်လိုက်သည်။  နံရံတစ်ခုပေါ်မှာ ကျွန်မမျက်လုံးတွေ ဖြန့်လည်ကျက်စားမိသွားသည်။

Thanzawoo Sbo ။သည်နံရံပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနှင့် သီချင်း ဗီဒီယိုဖိုင်တစ်ခုကို ကျွန်မမြင်သည်။ ဇူလိုင် ၁၉ ကျော်လွန်ကာ သြဂုတ်လကုန်ခါနီး ဒီနေ့ကျမှ ဒီ ဗီဒီယိုကို တွေ့မြင်နားထောင်ဖြစ်ခြင်းမှာ ကျွန်မကို ပိုလို့ လွမ်းအောင်ဖန်နေရော့သလား.............။ Play သင်္ကေတလေးကို တို့ထိလိုက်သည်နှင့် ဆွေးမြမြဂစ်တာ သံက အလွမ်းတစ်စကို ဆောင်ကြဉ်းကာ ကျွန်မ အတွင်းသားထဲထိ လိမ့်ကာလိမ့်ကာ ထွင်းဖောက်တိုးဝင်လာသည်။..အဦးအစ ဂစ်တာသံက ကျွန်မ ရင်ခွင်မှာ အလွမ်းကို သိမ်မွေ့စွာ ပျိုးကြဲလိုက်ပြီ။  ပြတင်းပေါက်က တစ်ဆင့် နွေးမြမြလေပြည်နုကလေး တိုက်ခတ် တိုးဝင်လာသလို အဆိုသံဖွဖွကလေးက မလွမ်းဘဲ မနေနိုင်တော့အောင် ကျွန်မအား သွေးဆောင်ချည်ဖွဲ့လိုက်လေသလား..... သြဂုတ်လ ၂၂ရက်ထဲ ငုတ်တုတ်ထိုင်နေရာက ကျွန်မ တစ်ကိုယ်လုံး ရုတ်တရက်လေး စွေ့ ခနဲ မြောက်လွင့်တက်သွားသည်။

Sunday, August 21, 2016

ဂစ်တာတီးသော ဣတ္ထိယလက်ချောင်းများ



ဂျွန်ရဲ့ ဆောင်းပါးပါ။ သဘောကျလို့ ခွင့်တောင်းပြီးတင်ထားလိုက်တယ်။

_ဂျွန်_
(2016 သြဂုတ်လထုတ် Beauty Magazineမှာရေးဖြစ်ခဲ့ ခံစားမှုဂီတဆောင်းပါးလေးပါ')
"ဂစ်တာတီးသော ဣတ္ထိယလက်ချောင်းများ"
ဂီတသည် အရောင်စုံသော ပန်းပွင့်လေးများနှင့်တူသည်
မိုးရွာပြီးသည့် ညနေခင်းတစ်ခု၌ပွင့်သော 
သက်တံ့ရောင်စဉ်နှစ်ထပ်လည်း ဖြစ်သည် 
ဂီတသည် ဘာသာစကားကို ကျော်လွန်သော
ဖို၊မ ခွဲခြားဆက်ဆံမှုအလျဉ်း မရှိသော 
လူ့နှလုံးသား၏ အလယ်ဗဟိုတွင် တည်ရှိသော
နတ်ရေကန်တစ်ခုလည်း ဖြစ်တော့သည်။

ဂစ်တာ 
ဂစ်တာ 

Saturday, August 06, 2016

သွေးဆာတဲ့ဘုရင်ဒရက်ကူလာရဲ့ မြို့တော်ဆီ အပိုင်း (၃)

(၂၀၁၂ က သွားဖြစ်တဲ့ခရီး တစ်ပိုင်းကျန်နေတာ ခုမှပဲရေးဖြစ်တော့တယ်။ ကောင်းရော)
ရိုမေးနီးယားနိုင်ငံ (Romania) ဟာ ဥရောပအရှေ့တောင်ပိုင်းနဲ့ အလယ်ပိုင်းလမ်းဆုံမှာတည်ရှိတယ်၊ ဘော်လကန်ကျွမ်းဆွယ်မြောက်ပိုင်း၊ ဒူးနာ့ဘ်မြစ်ရဲ့အောက်ပိုင်းမှာရှိနေပါတယ်၊ ကာပါသီယန် တောင်ကုန်းဒေသတစ်ဝိုက်အတိုင်းနဲ့ အပြင်ဘက်မှာရှိပြီး ပင်လယ်နက်က ကာရံထားပါတယ်၊ အနောက်ဘက်မှာ ဆားဘီးယားနဲ့ ဟန်ဂေရီက နယ်နမိတ်ထိစပ်ပြီး အရှေ့မြောက်မှာ ယူကရိန်းနဲ့ မော်ဒိုဗါပြည်သူ့သမ္မတနိုင်ငံရှိပြီး တောင်ဘက်မှာဘူလ်ဂေးရီးယားနိုင်ငံတို့ရှိကြတယ်၊ ဧရိယာ ၂၃၈၃၉၁စတုရန်းကီလိုမီတာ ရှိပြီး ဥရောပယူနီယံမှာ ကိုးခုမြောက်အကြီးဆုံးနိုင်ငံပါ၊ လူဦးရေသန်း ၂၁.၅ သန်းနဲ့ အီးယူမှာ ခုနှစ်ခုမြောက်လူဦးရေများဆုံးနိုင်ငံဖြစ်ပါတယ်၊ မြို့တော် ဘူခါရက်စ်ဟာ လူဦးရေ ၂ သန်း ရှိပြီး အီးယူရဲ့ ခြောက်နိုင်ငံမြောက်အကြီးဆုံးမြို့တော်ပါ၊ ၂၀၀၇မှာ အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပါတယ်၊ ရှေးရောမလူမျိုးတွေကနေဆင်းသက်ခဲ့တယ်လို့ ရိုးမေးနီးယန်းတွေကဆိုကြတယ်၊ ၁၆ရာစုမှာ အီတလီခရီးသွားတွေဟာ ထရန်ဆဲလ်ဗေးနီးယား၊ မော်လ်ဒေးဗီးယားနဲ့ ၀ဲလ်လေးခီးယားတို့ကို စတင်လည်ပတ်ခဲ့ကြတယ်လို့ ဆိုတယ်။

Wednesday, August 03, 2016

ဘယ်ဆီဘယ်ဝယ် ခေါ်တယ် မသိဘဲ


ကျွန်မခေါင်းအုံးနဘေးက စပယ်ပန်းကုံးလေးတွေကို ရေတွက် ကြည့်လိုက်တယ်။တကုံး..နှစ်ကုံး သုံးကုံး..အော် ..သုံးကုံးတောင် ရှိနေမှကိုး။ ကျွန်မဒီကို ရောက်တာ သုံးရက် ရှိနေမှပဲ။ မနက် မနက် လာနေကျ ပန်းသည်မလေးဆီက ဘုရားလှူဖို့  ရည်မှန်းပြီး တနေ့  တကုံး ၀ယ်ယူခဲ့တာပါ။ ခြောက်သွားတာတောင် ရနံ့ လေးက သင်းပျံ့ နေဆဲ ပေါ့.။ စံပယ် တဲ့. စံပယ်က ကျွန်မအတွက်  အရေးပါတဲ့ ပန်းကလေး ဖြစ်လာလိမ့်မယ် လို့  တခါမှ မတွေးခဲ့ ဘူး။ အို ..မဟုတ်သေးပါဘူး။ဖြူဖွေး သန့်စင်တဲ့  စံပ် လေးတွေအပေါ် ကျွန်မ အပြစ် လွဲမချသင့်ဘူး ထင်တယ်။ တကယ်တော့ အရိုင်းစပယ် ကသာ။ ဟုတ်ပါတယ် ။ အောင်လင်းရဲ့  အရိုင်းစံပယ်…။

Friday, July 29, 2016

မျက်လှည့်ဆန်တဲ့ ဗီယင်နာသမိုင်း Time Travel ခရီးစဉ်လေး

(၂၀၁၃ ခုနှစ် သြဂုတ်လက သွားဖြစ်တဲ့ခရီးကို ခုမှပဲရေးဖြစ်တော့တယ်။ အချိန်သိပ်မကွာပါဘူး။ )
သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ သယ်ယူပို့ဆောင်ရေးသိပ်ကောင်းပါတယ်။ ဘတ်စ်ကား၊ ရထား၊ ဓာတ်ရတား (tram) နဲ့ မြေအောက်ရထားလိုင်းတွေကလည်း ကိုယ်သွားချင်တဲ့နေရာ အချိန်တိတိကျကျရောက်အောင် ရွေးချယ်စီးနိင်ကြတယ်။ Wiener Linien ဗီယင်နာအများပြည်သူသယ်ယူပို့ဆောင်ရေးကနေ မြေအောက်လိုင်း ၅ လိုင်းရှိပြီး ဓာတ်ရထား၂၉ လိုင်း၊ ဘတ်စ်က ၉၀ လိုင်းရှိကြတယ်။ အဲဒီထဲက ၂၄ လိုင်းဟာ ညပဲ ပြေးဆွဲပါတယ်။ ကျွန်မတို့ ဗီယင်နာရောက်ရောက်ချင်းပဲ ကမ္ဘာလှည့်ခရီးသည်အများစုဝယ်ကြသလို ဗီယင်နာကတ်ဝယ်လိုက်ကြတယ်။ ဗီယင်နာကတ်က၂ ရက် အတွက် ၂၁ ယူရိုခန့် နဲ့ ၃ ရက်စာကတ်ဆိုရင် ၂၄ ယူရိုခန့်ပေးရပါတယ်။ အဲဒီ ၂ ရက်/ ၃ ရက်အတွင်း ကြိုက်တဲ့ရထားစီးလို့ရပါတယ်။ 

ပေါင်းမိုးတံတားလေးတွေနဲ့ ပေါင်းကူးဖွဲ့ယှက်ထားတဲ့မြို့ငယ်လေး

နယ်သာလန်စ်နိုင်ငံက Giethoorn မြို့လေးဟာ သိပ်လှတဲ့သဘာဝတရား၊ ရှေးကျအိုဟောင်းပေမဲ့ လှလွန်းတဲ့အဆောက်အဦပုံစံ၊ တူးမြောင်းတွေထဲမှာ လှေစီးနိုင်ပြီး ချစ်စရာပေါင်းမိုးသစ်သားတံတားလေးတွေမှာ လမ်းလျှောက်ရင်း အရောင်စုံဖူးပွင့်နေတဲ့ပန်းလှလှလေးတွေ ငေးမောကြည့်ရှုနိုင်ပါတယ်။ သိပ်ကိုရိုးရှင်းလှတယ်။ အနားယူအပမ်းဖြေဖို့အကောင်းဆုံး ခရီးပန်းတိုင်နေရာလေးမှာ ကားတွေရဲ့ ဆူညံသံတွေကင်းစင်နေမယ်။ ဘာကြောင့်လဲဆိုတော့ ခြေကျင်လမ်းသွားလမ်းလာများသာ သီးသန့်သတ်မှတ်ထားတဲ့ ရပ်ဝန်းလေးဖြစ်နေတာကြောင့်ပါ။ မြို့လေးကျော်ကြားလာခဲ့တာက ၁၉၅၈ နောက်ပိုင်းမှာပါ။ အထူးသဖြင့် ဒတ်ခ်ျရုပ်ရှင်ဒါရိုက်တာ Bert Haanstra  ရိုက်ကူးခဲ့တဲ့သူ့ရဲ့ ကျော်ကြားခဲ့တဲ့ ရယ်ရွှင်ဖွယ်ဇာတ်မြူးရုပ်ရှင် Fanfare ကြောင့်ပါ။ Fanfare ကို Giethoorn မှာ ရိုက်ကူးခဲ့ပါတယ်။

အံ့သြဖွယ်ရာ ထပ်ခိုးလှလှလေးတွေ

Loft ထပ်ခိုး ဆိုတဲ့အသုံးအနှုန်းဟာ အပေါ်ထပ် ဒါမှမဟုတ် အမိုးအောက်ကနေရာလေးကိုဖော်ပြဖို့ ယေဘူယျအသုံးပြုကြတယ်။ တခြားစကားလုံးနဲ့တော့ အမိုးအောက်ကနေရာလို့ တိုက်ရိုက်ခေါ်ဆိုနိုင်တာပေါ့။ ထပ်ခိုးပါတိုက်ခန်းဆိုရင် ပြောင်းလွယ်ပြင်လွယ်၊ နေရာလွတ် ကျယ်ကျယ်ပါတဲ့ တိုက်ခန်းမျိုးကို ရည်ညွှန်းတာပါ။ စက်ရုံအလုပ်ခန်း ဒါမှမဟုတ် တခြားနေရာလွတ်တွေကို လူနေပုံစံအသုံးပြုနိုင်အောင် ပြုပြင်ပြောင်းလဲပြီး ထပ်ခိုးလှလှလေးတွေနဲ့ ဖန်တီးတည်ဆောက်လိုက်ကြတယ်။ ဒီလို လွတ်လပ်တဲ့ဒီဇိုင်းအမြင်နဲ့ လိုက်လျောညီထွေဖြစ်အောင်ပြုပြင်တည်ဆောက်လိုက်တဲ့အခါ တချို့သိပ်လှတဲ့အံ့သြဖွယ်ရာ ထပ်ခိုးဒီဇိုင်းလေးတွေဖြစ်လာကြတယ်။ အထင်ကြီးလောက်စရာ ဒီဇိုင်းအမြင်နဲ့ ဖန်တီဆန်းသစ်မှုရှိလှတဲ့ ထပ်ခိုးပုံစံလေးတွေဖော်ပြလိုက်ပါတယ်။

Sunday, July 17, 2016

ပြောင်းလဲခြင်းရဲ့ ခပ်ပြင်းပြင်း အတောင်ပံခတ်သံတွေ

(၂၀၁၃ ခုနှစ်က ဆောင်းပါးအဟောင်းပါ။)
တူရကီမှာ ပြီးခဲ့တဲ့လက ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပေမယ့် ၂၅ ဦးမြောက်၊ လက်ရှိဝန်ကြီးချုပ် ရီဆက်ပ် တာရစ်ပ် အာဒိုဂန်ကတော့ ဗြောင်ကျကျရန်တုံ့လိုဟန်ရှိနေဆဲပါ။ ဇွန်လ ၇ ရက်သောကြာနေ့က အီစတန်ဘူလ်ရဲ့မနက်ခင်းစောစောမှာပဲ စုရုံးနေကြတဲ့လူစုလူဝေးကြီးအတွက် ကြေညာချက်ထုတ်လိုက်တာက “အမိန့်စည်းကမ်းတွေကိုဆန့်ကျင်တာဟာ ဥပဒေချိုးဖောက်လုနီးပါး အနေအထားဖြစ်နေပြီ။ အဲဒီတော့ အဲဒါကို ချက်ချင်းအဆုံးသတ်ရမယ်” တဲ့။ မတိုင်ခင်တစ်ရက်ကလည်း သူ့ရဲ့ရည်ရွယ်ချက်အတိုင်းပဲ ရှေ့ဆက်တိုးမယ် လို့ အာဒိုဂန်ပြောခဲ့သေးတယ်။ အာဒိုဂန် ရဲ့ အစီအစဉ်က အီစတန်ဘူလ်မြို့တော်ကြီးမှာကျန်နေသေးတဲ့ မြေနေရာလပ်စိမ်းစိမ်းအနည်းငယ်ထဲကတစ်ခုဖြစ်တဲ့ တက်ခ်စင်မ်ဂစ်ဇီ(အပန်းဖြေ)ပန်းခြံကို တွယ်ရာမဲ့ဖြစ်အောင်ပြုလုပ်သွားမယ့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းပါ။ ၁၉၄၀ က ဖြိုဖျက်ခဲ့တဲ့ အော်တမန်အင်ပါယာ အထိမ်းအမှတ်စစ်တပ်ဆိုင်ရာအဆောက်အဦးပုံတူနဲ့ ဈေးဝယ်စင်တာတစ်ခု တည်ဆောက်ကြမယ့်စီမံကိန်ုးဟာ ပြည်သူတွေအပမ်းဖြေကြတဲ့နေရာကို ရှင်းလင်းပြစ်လိုက်မယ်ဆိုတော့ အီစတန်ဘူလ်သားတွေအတွက် မနှစ်မြို့စရာပါပဲ။

Friday, July 08, 2016

Candy kisses and a sunny day !!!

မအိပ်ခင် ဒီသီချင်းလေး ၂ ခါ ၃ ခါလောက်နားထောင်၊ စာသားကြည့်လိုက်ဆိုကြည့်ပြီး အိပ်တော့မယ်။
On the merry-go-round of lovers and white turtle doves
Leprechauns floating by, this is your lullaby
Sugarplum fingertips kissing your honey lips
Close your eyes sleepy head, is it time for your bed
Never forget what I said, hang on you're already there
နားထောင်တိုင်း ချစ်ဖို့ကောင်းတယ်။ နားထောင်ရင်းအိပ်ငိုက်လာပြီ .....

My name is no, my sign is no, my number is no

Meghan Trainor ကို All about that Bass သီချင်းကနေ သတိထားနားထောင်မိသွားတာ။
စစချင်းနားထောင်တော့ မကြိုက်သလိုလို ကြိုက်သလိုလိုနဲ့။
အခုတော့ သူ့သီချင်းလေးတွေ နားထောင်မိတိုင်း/ ကြည့်မိတိုင်း မျက်စိမလွှဲနိုင်ဘူး။
ကြိုက်တုန်းပဲ
me too လည်းသဘောကျသေးတာပဲ။

ရှားရှားပါးပါးပန်းကလေးများ

(မေမေ့ရဲ့စာ)
Jade Vine
လူသိနည်း ရှားပါး ပန်း(၁၀)မျိုးကို ဖေါ်ပြ ပေးလိုက်ပါတယ်။

Friday, July 01, 2016

မြက်ခင်းစိမ်းစိမ်းအောက်က ချစ်စရာ Hobbitအိမ်လေးတွေ

hobbit တစ်ဦးလိုမြေအောက်တွင်းချိုင့်ထဲမှာနေပေမယ့် မနှစ်မြို့ဖွယ်မဟုတ်၊ ညစ်ပတ်မနေသလို စိုစွတ်မနေပါဘူး။ တီကောင်တွေတွန့်တွန့်လိမ်လိမ် ဟိုကဒီကထွက်ပြူလာစရာမရှိ၊ ရွှံ့ညွန်အနံ့လှိုင်နေမှာလည်းမဟုတ်ပါဘူး။ အဲဒီလိုဆိုတော့ ခြောက်သွေ့ပြီး ဗလာကျင်းနေတဲ့ သဲအပြည့်တွင်းချိုင့်လေးမှာ ထိုင်စရာမရှိ၊ စားသောက်စရာဗလာနတ္တိဖြစ်နေမလား။ အဲဒီအတွေ့အကြုံမျိုးတွေ ရလာနိုင်စရာမရှိတဲ့ hobbit hole ဆိုတာဟာ သက်တောင့်သက်သာရှိပြီး သိပ်လှတဲ့မြက်ခင်းစိမ်းစိမ်းလေးတွေအောက်က တွင်းအိမ်လေးတွေပါ။ J.R.R. Toiken ရေးသားခဲ့တဲ့Hobbit and Lord of the Rings ထဲကလို ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အစိမ်းရောင်အမိုးအကာရှိနေတဲ့မြေကြီးအောက်က hobbit အိမ်လေးတွေကို ဖော်ပြလိုက်ရပါတယ်။

ရေအောက်ကမ္ဘာက ထူးခြားတဲ့နေရာလေးများ

ကမ္ဘာကြီးရဲ့ သုံးပုံနှစ်ပုံလောက်ဟာရေတွေနဲ့ ဖုံးလွှမ်းနေတယ်ဆိုတော့ ရေအောက်ကမ္ဘာလေးတွေထဲ စူးစမ်းရှာဖွေတဲ့ခရီးမသွားဖူးသေးဘူးဆိုရင် အတွေ့အကြုံပြည့်ဝတဲ့ကမ္ဘာလှည့်ခရီးသည်တစ်ဦးလို့ ပြောနိုင်မှာမဟုတ်ဘူးပေါ့။ ရေအောက်ထဲမှာဘာတွေရှိနိုင်မလဲ။ သန္တာကျောက်တန်းဖွဲ့စည်းပုံတွေ၊ ရေအောက်ပြတိုက်တွေ၊ နစ်မြုပ်နေခဲ့တဲ့သင်္ဘောပျက်ကြီးနဲ့ အံ့သြဖွယ်ရာထူးခြားလှတဲ့ ရေအောက်ဟိုတယ်တွေရှိနေနိုင်တယ်။ ကမ္ဘာ့ထိပ်တန်း ရေအောက်ကမ္ဘာက ထူးခြားတဲ့နေရာလေးတွေကို လိုက်ကြည့်ရအောင်နော်။

Wednesday, June 29, 2016

မမြင်မတွေ့နိုင်တော့တဲ့ ထူးခြားအံ့သြဖွယ်ရာတွေ

နယူးဇီလန်သားတစ်ဦးကို ၁၈၈၆ ဇွန်လ ၁၀ရက်နေ့တုန်းက ဘာတွေဖြစ်ပျက်ခဲ့သလဲလို့ မေးမြန်းကြည့်ရရင် သူတို့ပြောပြပါလိမ့်မယ်။ ဂြိုဟ်ကမ္ဘာကြီးမှာ အံ့သြဖွယ်ရာ ၈ ခုတောင် ပျောက်ဆုံးသွားခဲ့တယ်လို့ပေါ့။ နယူးဇီလန်နိုင်ငံမြောက်ပိုင်း Rotomahana ရေကန်မှာရှိနေခဲ့တဲ့ ပန်းရောင်နဲ့ အဖြူရောင်လှေကားထစ်တွေဟာ ၁၈၈၆ ဇွန်လ ၁၀ ရက်နေ့ Tarawera မီးတောင်မပေါက်ကွဲခင်တုန်းက ကမ္ဘာ့အကြီးဆုံး ဆီလီကွန်ဒြပ်ပေါင်းမျှော်စင်အထပ်အလွှာတွေဖြစ်ပြီး တောင်ပစိဖိတ်နဲ့ အကြီးမားဆုံး ၁၉ ရာစုဆွဲဆောင်မှုအရှိဆုံးနေရာဖြစ်ခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုမှာပဲ ကမ္ဘာ့အံ့သြဖွယ်ရာအသစ်တစ်ခုလည်း ပေါ်ပေါက်ခဲ့သေးတယ်။ ဝိုင်မန်ဂူရေပူစမ်းဟာ အနက်ရောင်ရွံ့နဲ့ သဲတွေရောပါနေပြီး ကောင်းကင်ဆီ ပေပေါင်း ၁၅၀၀ ခန့်(၄၆၀မီတာ)အထိ တိုးထွက်ခဲ့တော့ ကမ္ဘာကြီးကမြင်ခဲ့ဖူးသမျှ စွမ်းအားကြီးလှတဲ့ရေပူစမ်းတွေထဲမှာ စွမ်းအားအကြီးဆုံးတစ်ခုဖြစ်သွားခဲ့တယ်။

Thursday, June 16, 2016

အသွင်ပြောင်းခေါက်ဆွဲ


အသွင်ပြောင်း ထိုင်း ခေါက်ဆွဲ 
(Khao soi)

ဟင်းချက်နည်းစာအုပ်တွေမှာ ထိုင်းခေါက်ဆွဲ(khao soi) ဟာ မြန်မာအုန်းနို့ခေါက်ဆွဲကို အသွင်ပြောင်းဖန်တီးထားတဲ့အစားအစာလို့ ဖော်ပြရေးသားနေကြပါတယ်။ ထိုင်းမူကွဲခေါက်ဆွဲမှာတော့ ဟင်းခတ်အမွှေးအကြိုင် မြိုင်မြိုင်ဆိုင်ဆိုင်လေးရောမွှေပြင်ဆင်ထားတယ်။

အဲဒီမြန်မာခေါက်ဆွဲနဲ့ အဆက်အစပ်ရှိနေတာ သံသယဖြစ်စရာမလိုလောက်အောင်ပါပဲ။ နောက်တစ်ခုပြစရာရှိသေးတာက ရှမ်းပြည်ကအစားအစားတစ်ခုဖြစ်တဲ့ ရှမ်းခေါက်ဆွဲကို ညွှန်းရဦးမှာပါ။ စေးစေးကပ်ကပ်ဆန်ခေါက်ဆွဲနဲ့ ခရမ်းချဉ်၊ ဆီသတ်ထားတဲ့ဟင်းအနှစ်နဲ့ ရောမွှေစားရတဲ့ရှမ်းခေါက်ဆွဲဟာ ချင်းမိုင်ရဲ့ ခေါက်ဆွဲနဲ့တော့ ဘယ်လိုမှမတူတော့ပါဘူး။ ဒါပေမဲ့ တချို့ရှေးလူတွေကတော့ ထိုင်းတွေချက်ပြုတ်နေကြ ကြက်ဥခေါက်ဆွဲမတိုင်ခင်တုန်းက မူရင်းပုံစံဟင်းလျာမျိုးပဲလို့ ဆိုကြတယ်။ ပြီးတော့ ငရုတ်သီးဖတ်လေးတွေ ဟင်းအနှစ်၊ အုန်းနို့ပေါင်းထည့်လိုက်ကြသတဲ့။

Wednesday, June 15, 2016

အမေရိကမှာ အန္တရာယ်အရှိဆုံးသေနတ်တွေ

စွမ်းအားမြင့်တိုက်ခိုက်နိုင်တဲ့ရိုင်ဖယ်တွေပိုင်ဆိုင်ဖို့ အခွင့်အရေးရလိုကြတဲ့သူတွေကတော့ သေနတ်အားလုံးအတူတူပဲလို့ ကွဲပြားတဲ့အမြင်တွေရှိနေကြမှာပါပဲ။ ဒါပေမဲ့ သေနတ်အားလုံးဟာ အတူတူ ဖန်တီးထားကြတာမဟုတ်ပါဘူး။ အလွတ်တကူရရှိနိုင်မှု၊  ပေါ့ပါ့းဝန်ကျဉ်းမှုနဲ့ ပြစ်မှုကျုးလွန်ရာမှာအသုံးပြုမှုတွေပေါ်မှာ မူတည်ပြီး ဒီသေနတ် ၅ မျိုးကတော့ အမေရိကရဲ့ အန္တရာယ်အကြီးဆုံးသေနတ်တွေဖြစ်နေကြတယ်။ ATF (Bureau of Alcohol, Tobacco, Firearms and Explosives) နဲ့ FBI ရဲ့ လူသတ်မှုမှတ်တမ်းတွေက လက်နက်သဲလွန်စအချက်အလက်တွေကို အသုံးပြုပြီး ပြစ်မှုဖြစ်ပွားတဲ့နေရာတွေမှာ အများဆုံးတွေ့ရှိရတဲ့ သေနတ်အမျိုးအစားနဲ့ လူသတ်သမားတွေအသုံးများတဲ့သေနတ်တွေကြည့်ပြီး ဒီသေနတ်တွေကို ဆုံးဖြတ်ရွေးချယ်လိုက်တာပါ။ အရေအတွက်တွေက သိသာထင်ရှားလှတယ်။ FBI ရဲ့ ၂၀၁၂ ယူအက်စ်ပြစ်မှုမှတ်တမ်းမှာ လူသတ်မှုအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းဟာ သေနတ်နဲ့ပစ်ခတ်မှုတွေဖြစ်တယ်လို့ဖော်ပြထားပြီး၊ သေနတ်ပစ်ခတ်မှုတွေအားလုံးရဲ့ ၇၂ ရာခိုင်နှုန်းမှာတော့ handgun အသုံးပြုထားတယ်လို့ပါဝင်တယ်။

Monday, June 13, 2016

သေနတ်ထိန်းချုပ်ရေးနဲ့ ဂျပန်

သေနတ်ထိန်းချုပ်ရေး ဘယ်လိုဆောင်ရွက်လဲ - ဂျပန်ဟာ ကမ္ဘာမှာ အပြင်းထန်ဆုံး သေနတ်ထိန်းချုပ်ရေး ဥပဒေတွေနဲ့ သေနတ်ဝယ်ဖို့၊ ပိုင်ဆိုင်နိုင်ဖို့ သိပ်ပြီးခက်ခဲအောင်လုပ်ထားကြတယ်။ အဲဒီစနစ်ဟာ ခြစားနေတဲ့အစိုးရဌာနတွေမှာ ထဲထဲဝင်ဝင်ချိတ်ဆက်ထားနိုင်တဲ့ နာမည်ဆိုးရှိကြသူ/ ပြစ်မှုကျူးလွန်သူ ဂျပန်ယာကူဇာတွေတောင် အင်မတန်ကန့်သတ်ထားပါတယ် လို့ Vox ရဲ့သတင်းထောက် Zack Beauchamp က ရှင်းပြထားပါတယ်။ "လက်ရှိဥပဒေတွေအရ အငယ်တန်းယာကူဇာတစ်ဦးကို ကျည်ထိုးထားတဲ့သေနတ်နဲ့ ဖမ်းမိခဲ့ရင် သူဟာ သေနတ်ကိုင်ဆောင်မှုနဲ့ ပျှမ်းမျှ ၇နှစ်သက်တမ်း အကျဉ်းကျခံရနိုင်တယ်" လို့ ဂျပန်သတင်းထောက် Jake Adelstein က Japan Times သတင်းစာမှာရေးသားခဲ့ပါတယ်။

သေနတ်ထိန်းချုပ်ရေးနဲ့ ဆွစ်ဇာလန်

သေနတ်ထိန်းချုပ်ရေး ဘယ်လိုဆောင်ရွက်လဲ -  ဆွစ်ဇာလန်နိုင်ငံဟာ ဥရောပနိုင်ငံတွေမှာတော့ သေနတ်တွေနဲ့ ပိုပြီးနေသားတကျရှိနေတဲ့နိုင်ငံတွေထဲက တစ်ခုပါ။ ဥပဒေတွေမှာ နိုင်ငံထဲက စစ်မှုထမ်းအမျိုးသားတွေဟာ သူတို့အတွက် ထုတ်ပေးထားတဲ့လက်နက်တွေကို သူတို့အိမ်မှာ ထိန်းသိမ်းထားနိုင်ပါတယ်။ (အဲဒီမှာ စစ်မှုထမ်းဖို့ငြင်းဆန်သူမှအပ ကျန်းမာသန်စွမ်းသူအမျိုးသားမှန်သမျှ စစ်မှုထမ်းဖို့လိုအပ်ပါတယ်။) အတည်ပြုထားတဲ့ဆွစ်ဥပဒေတွေနဲ့ ဓလေ့ထုံးစံတွေဟာ စစ်မှုထမ်းတွေရဲ့အခွင့်အရေးကို လေးစားလိုက်နာကြတယ်။ ဒါပေမဲ့ နိုင်ငံရဲ့ကန့်သတ်ချက်တွေမှာ ယူအက်စ်ထက်တော့ တော်တော်လေးပိုပြီးတင်းကျပ်နေပါသေးတယ်။

Wednesday, June 01, 2016

အောင်မြင်ကျော်ကြားသူတို့ သတင်းများ

ယူအက်စ်သမ္မတရဲ့ သမီး မာလီယာ ဟားဗာဒ်တက္ကသိုလ်တက်မယ်
သမ္မတ ဘားရက်အိုဘားမားရဲ့ သမီးကြီး Malia ဟာ သူမရဲ့ ပညာရေး တစ်နှစ်ခန့်ရပ်နားထားလိုက်ပြီး လာမယ့် ၂၀၁၇ မှာ ဟားဗတ်ဒ်တက္ကသိုလ်ကိုတက်ရောက်မယ်လို့ အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ် Malia ဟာ ဟားဗတ်ဒ်ဥပဒေကျောင်းမှာ တက်ရောက်ခဲ့တဲ့ မိဘတွေရဲ့ခြေလှမ်းအတိုင်း ပညာရေးကိုဆက်လှမ်းပါလိမ့်မယ်။ အဲဒီသတင်းကို Michelle Obama က ထုတ်ပြန်ခဲ့ပြီး အထက်တန်းအောင်မြင်ပြီးအနားယူမယ့်တစ်နှစ်မှာ Malia ဘာတွေသင်ယူလေ့လာမလဲ အတိအကျတော့မပါဝင်ခဲ့ဘူး။ ၂၀၁၇ ဆောင်းဦးမှာ Malia ရဲ့ ဟားဗတ်ဒ်တက္ကသိုလ်နေ့ရက်တွေစတင်ပြီး ၂၀၁၂ မှာ ဘွဲ့ရရှိမှာပါ။

ခရီးသွားသတင်းများ

(မတင်ဖြစ်တာကြာတော့ သတင်းတွေက ဟောင်းကုန်ပြီ)

ဆေးမင်ကြောင်တွေ ရေစိမ်ချိုးခွင့်ပြတော့မလား


            ဂျပန်ကအများသုံးရေစိမ်ကန်(onsen)တွေမှာ ဆေးမင်ကြောင်ထိုးတားတဲ့နိုင်ငံခြားသားတွေ အဝတ်ဗလာကျင်းရေပူစိမ်ချိုးနေကြတဲ့မြင်ကွင်းမျိုးကိုမြင်တွေ့ရတာဟာ သိပ်မထူးခြားတော့တဲ့အခြေအနေမျိုးဖြစ်လာနိုင်ပါတယ်။ ဂျပန်နိုင်ငံက အဲဒီရေစိမ်ကန်တွေဆီ ကိုယ်ခန္ဓာဆေးမင်ကြောင်တွေထိုးထားသူဝင်ရောက်ခွင့် တားမြစ်ထားတဲ့စည်းမျဉ်းတွေ လျှော့ပေါ့ပေးဖို့ တိုက်တွန်းနေပါတယ်။ ဂျပန်ရိုးရာရေစိမ်ကန်တွေမှာ တရားဝင်ထုတ်ပြန်မထားပေမဲ့ ထုံးထမ်းစဉ်လာတစ်ခုနဲ့ ထိန်းချုပ်ထားခဲ့တာကြာပါပြီ။ အဲဒါတွေက ရေစိမ်မယ့်သူရဲ့ ကိုယ်ခန္ဓာဟာ ရေကန်ထဲမဝင်ခင် သတိထားပြီး ဆေးကြောသန့်စင်ထားရမယ်။ တွယ်ကပ်နေမယ့်အဝတ်မှန်သမျှ မျက်နှာသုတ်ပုဝါပါမကျန်ဖယ်ရှားပစ်ရပါမယ်။

Sunday, May 01, 2016

Happy Birthday David!

ဒေးဗစ်မွေးနေ့ရောက်တော့ 
ဟိုး အရင်က Spring နာမည်နဲ့ Perfect မဂ္ဂဇင်းမှာ ဘောလုံးစတားတွေအကြောင်း
ရေးဖြစ်တဲ့အချိန်တွေ ပြန်သတိရသွားရော၊
ရေးဖြစ်ခဲ့တဲ့ဘောလုံးစတားစာတွေကိုပါ လွမ်းသွားတယ်။
ဘောလုံးကစားနည်းကိုကြိုက်တော့ ဘောလုံးစတားတွေအကြောင်းရေးခဲ့ရတာ
စိတ်ပါလက်ပါ ပျော်ရွှင်ခဲ့ဖူးတယ်။


Happy Birthday David!
Wishing you all the best!

Saturday, April 30, 2016

အောင်မြင်ကျော်ကြားသူတို့ သတင်းများ

ကတ်ကိုဘိန်းအသုံးပြုခဲ့တဲ့ သေနတ်တစ်လက်တဲ့
ရော့ခ်ဂီတသမိုင်းထဲက ဝမ်းနည်းဖွယ်ရာစာမျက်နှာပေါ်မှာရှိခဲ့ဖူးတဲ့ အဓိကသက်သေအထောက်အထားတစ်ခုကို အာဏာပိုင်တွေက ထုတ်ပြလိုက်ပါတယ်။ အဲဒါက ကတ်ကိုဘိန်းသေဆုံးမှုအကြောင်းနဲ့ ပတ်သက်ပြီး လှို့ဝှက်ပူးပေါင်းကြံစည်မှုလို့ယူဆနေကြတာတွေကို ဖြေဖျောက်စေဖို့ ကြိုးပမ်းမှုနောက်တစ်ခုလို့ပဲ ပြောရမှာပါ။ ကိုဘိန်းကို အသက် ၂၇ နှစ်အရွယ်၊ ၁၉၉၄ ခုနှစ် ဧပြီ ၈ ရက်နေ့က Seattle နေအိမ်မှာသေဆုံးနေတာတွေ့ရှိခဲ့ကြတယ်။ သူ့ရဲ့သေဆုံးမှုကို သေကြောင်းကြံစည်မှုလို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လလယ်လောက်တုန်းက စုံထောက်တစ်ဦး ထင်ထင်ရှားရှားကိုင်ဆောင်ပြထားတဲ့ (သေကြောင်းကြံစည်ရာမှာ အသုံးပြုခဲ့တဲ့) Remington shotgun တစ်လက်ပါ ဓာတ်ပုံ ၅ ပုံကို Seattle ရဲက ပြသခဲ့ပါတယ်။

Thursday, March 31, 2016

ကမ္ဘာ့အလှဆုံးပါလီမန်အဆောက်အဦတွေ

မော်ဒန် နိုင်ငံရေးနဲ့ သမိုင်းမှာ ပါလီမန်အဆောက်အဦတစ်ခုဟာ အစိုးရတစ်ရပ်ရဲ့ ဥပဒေပြုရေးနဲ့ ရွေးချယ်တင်မြောက်လိုက်တဲ့ အစုအဖွဲ့တွေတာဝန်ထမ်းဆောင်ကြတယ်။ ယေဘူယျအားဖြင့်တော့ မော်ဒန်ပါလီမန်တစ်ခုမှာ လုပ်ငန်းတာဝန် ၃ ရပ်ရှိကြပါတယ်။ ရွေးကောက်ပွဲကတင်မြှောက်လိုက်ကြတဲ့ ကိုယ်စားလှယ်တွေတာဝန်ခန့်အပ်တာ၊ ဥပဒေတွေပြဌာန်းတာနဲ့ အစိုးရကိုထိန်းချုပ်တာ (ကြားနာခြင်းနဲ့ စုံစမ်းစစ်ဆေးခြင်း)စတဲ့လုပ်ငန်းတွေ လုပ်ဆောင်ကြတယ်။ ပါလီမန်အဆောက်အဦတွေဟာ အင်မတန်ကြီးကျယ်ခမ်းနားကြတယ်။ ရင်သပ်ရှုမောဖွယ်ရာကောင်းလှတဲ့ ပါလီမန်အဆောက်အဦတွေဟာ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နေတဲ့နေရာတွေလည်းဖြစ်ကြတယ်။ ကမ္ဘာမှာ တည်ရှိနေကြတဲ့ ထူးခြားခမ်းနားလှတဲ့ ပါလီမန်အဆောက်အဦတွေအများကြီးထဲက အလှပဆုံး ကမ္ဘာ့ထိပ်တန်းပါလီမန်အဆောက်အဦ ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်။

ကမ္ဘာ့မြောက်ဖျားပိုင်းက တက္ကသိုလ်မှာ ပညာသင်မယ် စူးစမ်းလေ့လာမယ်

အာတိတ်ဒေသ ကမ္ဘာ့မြောက်ဘက်အစွန်းဆုံးအပိုင်းက တက္ကသိုလ်ဟာ လူသိများလာတဲ့ တက္ကသိုလ်တစ်ခုဖြစ်နေပါတယ်။ ညလယ်နေမင်းအလင်းနဲ့ မြောင်ပိုင်းအလင်းတန်းတွေရှိနေကြတဲ့ နယ်မြေ၊ ဒီဂြိုဟ်ကမ္ဘာကြီးမှာ ဂေဟစနစ်ကြံ့ခိုင်မှုမရှိဆုံးနေရာမှာ ကမ္ဘာ့မြောက်ဘက်ဆုံးပိုင်းကတက္ကသိုလ်တစ်ခုကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ နော်ဝေးနိုင်ငံနဲ့ မြောက်ဝင်ရိုးစွန်းကြား လမ်းတစ်ဝက်၊ အာတိတ်ပင်လယ်ထဲ မြောက်ပိုင်းလတ္တီတွဒ် ၇၈ ဒီဂရီမှာတည်ရှိနေတဲ့ ကျွန်းစု Svalbard လို အံ့ဘနန်းဝေးကွာလှတဲ့နေရာမျိုးမှာ ဖွင့်လှစ်ထားတဲ့ University Centre in Svalbard (UNIS) တက္ကသိုလ် ဆီကို ကမ္ဘာတစ်ဝှမ်းက ကျောင်းသားတွေ စုဝေးရောက်ရှိလာနေကြတယ်။ သူတို့ရဲ့တည်ရှိနေမှုဟာ ဝေးလံခေါင်သီလှပြီး ကြမ်းတမ်းပြင်းထန်တဲ့ရာသီဥတုမျိုးရှိနေတဲ့နေရာတစ်နေရာဆီ နိုင်ငံတကာခရီးသွားတွေ ဘယ်လောက်အရေအတွက်များများရောက်တိုးပွားလာနေတယ်ဆိုတာ ပြသနေတာပါပဲ။ အဲဒါဟာ အာတိတ်ဒေသကို ခရီးသွားလုပ်ငန်းထဲဆွဲသွင်းနိုင်ဖို့ အပြောင်းအလဲဖြစ်လာနိုင်ပါမယ်။ တက္ကသိုလ်စတင်ဖွင့်လှစ်ခဲ့တဲ့ ၁၉၉၃ ခုနှစ်ကနေစတင်ပြီး ကျောင်းဖွင့်ချိန် အကြိမ်၃၀ ရှိခဲ့ပြီး အခုဆိုရင် ကျောင်းသား ၆၀၀ နဲ့ ဝန်ထမ်း ၇၅ ဦးရှိလာခဲ့ပါပြီ။ UNIS ဟာ နော်ဝေးဒေသခံ ၂၀၀၀ ခန့်နေထိုင်ကြတဲ့ စစ်မဲ့ဇုန် Svalbard ကျွန်းစုက Longyearbyen ရွာလေးမှာ တည်ဆောက်ထားတယ်။ နော်ဝေးလူမျိုးတွေပြီးရင် ရုရှားဟာ အဲဒီဒေသလေးမှာ အမြဲတမ်းအခြေချနေထိုင်ခွင့်ရှိတဲ့ တစ်ခုတည်းသောနိုင်ငံပါ။ 

Monday, March 07, 2016

အဆင်ပြေပါစေ နိုဝင်ဘာ ၈

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲရက် အတိအကျသတ်မှတ်လိုက်ပြီဆိုတဲ့ အဲဒီနေ့က ကျွန်မ Facebook မှာ သတင်းတွေဖတ်ရင်း တွေ့လိုက်ရတယ်။ နိုဝင်ဘာ ၈ ရက်ဆိုတဲ့ ရက်စွဲတစ်ခုတော့ မေ့တတ်လွန်းတဲ့ကျွန်မ မှတ်ဥာဏ်တဲ့ အတင်း တိုးဝင်နေရာယူသွားလိုက်ရော။ မှတ်မှတ်သားသားဖြစ်သွားခဲ့တယ်ပေါ့။ ကျွန်မက မြန်မာနိုင်ငံနဲ့ အဝေးကြီး၊ လူသူသိပ်မသိလှတဲ့ အရှေ့တောင်ဥရောပဘက်က ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့မှာ ခင်ပွန်းသည်နဲ့ နေထိုင်ပါတယ်။ ကျွန်မခင်ပွန်းက ဆားဘီးယားနိုင်ငံသားပါ။ ကျွန်မနေထိုင်တာ ၅ နှစ်ကျော်ခဲ့ပြီ ဆားဘီးယားနိုင်ငံသားလျှောက်မယ်ဆို ခပ်စောစောကတည်းက လျှောက်လို့ရနေခဲ့ပြီ။ ဒါပေမဲ့ နိုင်ငံသားလျှောက်ဖို့ စဉ်းစားလိုက်တိုင်း အားတက်သရော မရှိလှတာကြောင့် ကျွန်မခင်ပွန်းကလည်း အတင်းကာရော မတိုက်တွန်းခဲ့ပါဘူး။

Friday, March 04, 2016

ကမ္ဘာ့အလှဆုံးစာကြည့်တိုက်တွေ

စာကြည့်တိုက်တစ်ခုဟာ သတင်းအချက်အလက်တွေ၊ ကိုးကားစရာမှတ်တမ်းတွေ လေ့လာဖတ်ရှု၊ ငှားရမ်းနိုင်တဲ့နေရာပါ။ စာကြည့်တိုက်ရဲ့ လက်ရွေးစင်စုဆောင်းထားတဲ့ ပစ္စည်းတွေထဲမှာ စာအုပ်တွေ၊ စာစောင်/ မဂ္ဂဇင်းတွေ၊ သတင်းစာ၊ လက်ရေးစာမူတွေ၊ ရုပ်ရှင်၊ မြေပုံ၊ ပုံနှိပ်စာလုံးတွေ၊ အချက်အလက်မှတ်တမ်း၊ စီဒီ၊ ကက်ဆက်ခွေ၊ ဗီဒီယိုတိတ်ပ်၊ ဒီဗီဒီ၊ Blue-ray၊ e-book, အသံထွက်စာအုပ်၊ database နဲ့ တခြား format တွေပါ စုံစုံလင်လင်ရှိကြတယ်။ ကမ္ဘာ့ပထမဆုံးစာကြည့်တိုက်တွေမှာဆိုရင် ရှေးအကျဆုံးစာရေနည်းတစ်မျိုးဖြစ်တဲ့ ရွှံ့မြေစေးအချပ်ပြားမှာရေးသားထားတဲ့ ရှေးခေတ်ပါရှား၊ အဆီးရီးယားတို့မှာရေးသားခဲ့ကြတဲ့ Cuneiformm စာတွေသိမ်းဆည်းပြသထားကြတယ်။

Thursday, March 03, 2016

ခရီးသွားသတင်းများ

ခရီးသွားသက်ရှိအရုပ်လေးများ
ဒီအချိန်က လေယာဉ်ပေါ်တက်ရတော့မယ်အချိန်ပါ။ ကိုယ်က လေယာဉ်ပေါ်မှာ ကလေးတစ်ယောက်ထိုင်တဲ့ ခုံဘေးမထိုင်ရဖို့ ဆုတောင်းနေတတ်သူလား။ ကံမကောင်းခဲ့လို့များ ကိုယ့်ဘေးမှာကလေးတစ်ယောက်နေရာဖြစ်နေခဲ့ရင်၊ ပြီးတော့ ဒီကလေးက ရိုးရိုးသာမန်ကလေးတစ်ယောက်မဟုတ်ဘူးဆိုပါစို့။ ကလေးမလေးက မငိုဘူး။ ပြေးပြေးလွှားလွှားဆော့ကစားကာ ထိုင်ခုံကိုကန်ကျောက်နေမှာလည်းမဟုတ်ပါဘူး။ သူမဟာ Luk Thep ဆိုတဲ့ သဘာဝလွန် ကလေးနတ်သမီးအရုပ်လေး ဖြစ်နေပါလိမ့်မယ်။

Monday, February 15, 2016

သေနတ်ထိန်းချုပ်ရေးနဲ့ ယူကေ

သေနတ်ထိန်းချုပ်ရေး ဘယ်လိုဆောင်ရွက်လဲ - ယူကေမှာ တင်းကျပ်တဲ့သေနတ်ဥပဒေတွေထိန်းသိမ်းထားတယ်။ အဲဒါဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေကြား သေနတ်ပစ်သတ်မှုအနိမ့်ဆုံးအဆင့်တွေထဲက တချို့ဘာကြောင့်ရှိနေတယ်ဆိုတာ ရှင်းပြနိုင်တဲ့သဘောလောက်ပါပဲ။ တစ်ခုကတော့ handgun တွေကို ယေဘူယျအားဖြင့်တားမြစ်ထားတယ်။ ရဲအရာရှိတွေ၊ လက်နက်ကိုင်တပ်ဖွဲ့အဖွဲ့ဝင်တွေနဲ့ အိုးအိမ်လုံခြုံရေးအတွက် အထူးခွင့်ပြုချက်ရထားသူတွေသာ ခြွင်းချက်အနေအထားကိုင်ဆောင်နိုင်တာပါ။ စစ်သုံးစတိုင်လက်နက်တွေကိုလည်း တားမြစ်ထားတယ်။ 

သေနတ်ထိန်းချုပ်ရေးနဲ့ ကနေဒါ

သေနတ်ထိန်းချုပ်ရေး ဘယ်လိုဆောင်ရွက်လဲ - ကနေဒါနိုင်ငံမှာ သေနတ်တွေကို ထိန်းချုပ်ထားပြီး ယေဘူယျလူဦးရေ နည်းနည်းပဲ သုံးခွင့်ရစေတယ်။ ကွဲပြားတဲ့သေနတ်အမျိုးအစားအပေါ်မှာ ဘယ်သူက ဝယ်ယူနိုင်မလဲ။ ဘယ်လို ဝယ်ယူနိုင်မလဲ စသဖြင့် အဓိကထားတဲ့ကန့်သတ်ချက်တွေနဲ့ ထိန်းသိမ်းထားတယ်။ စနစ်က ယူအက်စ်ရဲ့ ပိုတင်းကျပ်တဲ့ပုံစံလိုပါပဲ။ တချို့သေနတ်အမျိုးအစားပိုင်ဆိုင်မှုတွေတော့ရှိနေဆဲပါ။ ဒါပေမဲ့ အင်မတန်လွယ်လွယ်ကူကူ ရနိုင်တာတော့မဟုတ်ပါဘူး။ 

Thursday, February 11, 2016

သေနတ်ထိန်းချုပ်ရေးနဲ့ အမေရိက

သမ္မတအိုဘားမားရဲ့ စီမံခန့်ခွဲရေးစီမံချက်တွေဟာ အမေရိကမှာ လုပ်ဆောင်နေတဲ့ သေနတ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်ကို တင်းကျပ်ပါလိမ့်မယ်လို့ ကြေညာလိုက်တယ်။ အဲဒီကြေညာချက်ဟာ ယူအက်စ်မှာ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေထက် သေနတ်အကြမ်းဖက်မှုတွေပိုပြီးများနေဆိုတဲ့ ဝေဖန်နေကြတဲ့ကိစ္စကို အကူအညီရစေမယ့်သဘောလို့ အိုဘားမားကပြောပါတယ်။ အမေရိကမှာ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေထက် သေနတ်အသုံးပြုသတ်ဖြတ်မှုတွေ ပိုပြီးများနေပါတယ်။ အဲဒီကွဲပြားချက်တွေအတွက် အကြောင်းပြချက်တစ်ခုက သေနတ်ဥပဒေတွေပါ။ ယူအက်စ်မှာ ကမ္ဘာ့တခြားနိုင်ငံထက် အလျှော့ပေါ့ဆုံး သေနတ်ဥပဒေတချို့ရှိနေပါတယ်။ အဲဒီဥပဒေတွေဟာ တိုင်းပြည်ထဲမှာ ဘာကြောင့် လူတွေများများသေနတ်ရယူနိုင်ကြသလဲ။ သေနတ်တွေပိုင်ဆိုင်ထားနိုင်သလဲဆိုတာ ရှင်းပြနေသလိုပါပဲ။ ၂၀၀၇ ဆန်းစစ်လေ့လာချက်အရ ယူအက်စ်ဟာ ကမ္ဘာမှာ အရပ်သားသေနတ်ပိုင်ဆိုင်မှုအရေအတွက်အများဆုံးနိုင်ငံအဖြစ်ဦးဆောင်နေပါတယ်။ ယူအက်စ်က လူ ၁၀၀ မှာ ၈၈.၈ ဦးက သေနတ်ပိုင်ဆိုင်တယ်။ ဒုတိယလိုက်တာက ရီမန်ပါ။ လူ ၁၀၀ မှာ ၅၄.၈ ဦးပိုင်ဆိုင်နေကြတယ်။ 

Sunday, February 07, 2016

သေနတ်ဥပဒေတွေ ဘာကြောင့်အသက်မဝင်နိုင်ဖြစ်နေရလဲ

CNN က စီစဉ်ပြုလုပ်ခဲ့တဲ့ သမ္မတ ဘားရက်အိုးဘားမားရဲ့ သေနတ်အကြောင်း town hall တွေ့ဆုံဆွေးနွေးပွဲ Gun in America မှာ သဘောကွဲလွဲမှုတွေအများကြီးပဲ ရှိခဲ့ကြပေမဲ့ သူနဲ့ ဝေဖန်ရေးသမားတွေအကြားမှာ အချက်တစ်ချက်တော့ သဘောတူညီမှုရရှိခဲ့ကြတယ်။ စာအုပ်တွေထဲမှာ ရှိထားပြီးသား ဥပဒေတွေဟာ သက်ရောက်မှုပိုင်းမှာ မလုံလောက်နိုင်ကြသေးဘူးဆိုတာပါ။ ဘာကြောင့် အဲဒီလိုဖြစ်ရလဲအတူတကွ ဆွေးနွေးကြပါတယ်။ အတားအဆီးတွေ ရင်ဆိုင်ရလည်း ဥပဒေတွေကိုပြန်မရေးဘဲ ရှိပြီးသားဥပဒေတွေကိုပဲစီမံခန့်ခွဲဖို့ စီမံချက်တွေ ရေးသားဆောင်ရွက်ရင် ကြီးမားတဲ့သက်ရောက်မှု ရှိလာနိုင်မယ်။ ဒီရက်သတ္တပတ်အတွင်းမှာပဲ အကျိုးသက်ရောက်မှုများများရှိလာလိမ့်မယ်လို့ အိုဘားမားက ကြေညာခဲ့ပါတယ်။  သမ္မတက အဲဒီဆွေးနွေးပွဲမှာပဲ မချင့်မရဲဖြစ်ရတဲ့အကြောင်းကိုလည်း ဖော်ပြပြောဆိုခဲ့တယ်။ သူ့ရဲ့ပြိုင်ဘက်တွေက ဥပဒေတွေ သက်ရောက်စေဖို့ ပြောဆိုကြတယ်။ အဲဒီပြိုင်ဘက်တွေကပဲ ဥပဒေတွေ လျော့ပါးလှိုက်စားအောင် ကြိုးစားနေကြတယ် လို့ ပြောခဲ့တယ်။ "စိတ်အပျက်ရဆုံးကိစ္စတွေထဲက တစ်ခုက အဲဒီဥပဒေတွေကို ဆန့်ကျင်နေသူတွေဆီကပြောတာကို ကြားရတယ်။ "စာအုပ်တွေထဲရှိထားပြီးသား ဥပဒေတွေကို ဘာကြောင့် အသက်ဝင်ဖို့မလုပ်တာလဲ သမ္မတကြီးခင်ဗျား" တဲ့။ ပြီးတော့ အဲဒီလိုပြောကြတဲ့ ကွန်ဂရက်လွှတ်တော် အမတ်တွေကပဲ ဥပဒေကိုအကျိုးသက်ရောက်ဖို့ အတားအဆီးဖြစ်သွားနိုင်တဲ့ (အရက်၊ ဆေးရွက်ကြီး၊ သေနတ် နဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းအဖွဲ့အစည်း - Bureau of Alcohol, Tobacco, Firearms and Explosives- ATF) အတွက်အသုံးစရိတ် တွေကို ဖြတ်တောက်လိုက်တယ်" လို့ ပြောပါတယ်။

Wednesday, February 03, 2016

ကမ္ဘာလှည့်ခရီးသွားတွေကိုဆွဲဆောင်ဖို့ ဂရိကို ပြန်လည်ကယ်တင်တဲ့အခါ

သိထားသင့်တဲ့ ဂရိကြွေးမြီအကြောင်း
ဂရိနိုင်ငံရဲ့ တအုံနွေးနွေးဖြစ်နေခဲ့တဲ့ စီးပွားရေးအကျပ်အတည်းဟာ နောက်ဆုံးတော့ ပွက်ပွက်ဆူသွားခဲ့ပြီ။ နိုင်ငံရေးရော ဘဏ္ဍာရေးပါ အတွေ့အကြုံများများစားစားရလိုက်ပါပြီ။ ATM စက်ကနေ ငွေသားထုတ်ယူနိုင်ဖို့ ဂရိနိုင်ငံသားတွေ အခက်ကြုံခဲ့ရတယ်။ အီးယူအဖွဲ့ဝင်နိုင်ငံတွေမှာတင်ရှိနေတဲ့ ဂရိရဲ့ ကြွေးမြီတွေရှင်းလင်းပေးဖို့ ပျက်ကွက်မှုဟာ နိုင်ငံတွင်းမှာလွှမ်းမိုးမှုတွေဖြစ်လာတော့တယ်။ ဂရိနိုင်ငံရဲ့ ထူးကဲလာတဲ့ဖြစ်စဉ်တွေဟာ ဥရောပရဲ့ အလွန်ခိုင်မာအားကောင်းပုံရနေတဲ့ တစ်ခုတည်းသောယူရိုငွေကြေးကို စွန့်ခွာလိုက်ဖို့ အတင်းအကျပ်တွန်းအားပေးသလိုဖြစ်နေပါပြီ။ အလွမ်းဇာတ်အားလုံးမှာကြည့်လိုက်ရတာက ဂရိဟာ တော်တော်သေးနုပ်နေပြီး စီးပွားရေးအရလည်း အရေးမပါလှတဲ့နိုင်ငံလိုဖြစ်နေတော့တယ်။ ဂရိအကျပ်အတည်းနဲ့ပတ်သက်ပြီး ထင်မြင်ချက်တွေအများကြီးထဲမှာ ဂရိနိုင်ငံအကြောင်း တကယ့်ကိုသိချင်တယ်ဆိုရင် ဒီအချက်တွေကို သိထားဖို့လိုအပ်ပါတယ်။

အပမ်းဖြေကမ္ဘာငယ်လေးတွေထဲမှာ

Movie Theater (Cinema) တွေဆိုတာ ဖြေဖျော်ရေးအတွက် ရုပ်ရှင်တွေကို ပရိသတ်ကြည့်ရှုနိုင်မယ့် နေရာပါဝင်တဲ့အဆောက်အဦတစ်ခုပါပဲ။ ရုပ်ရှင်ရုံတွေအားလုံးကတော့ စီးပွားဖြစ်လက်မှတ်ရောင်းချပြီး ပြသကြတာမျိုး မဟုတ်ပါဘူး။ တချို့ရုပ်ရှင်ရုံတွေဟ အကျိုးအမြတ်မပါတဲ့ အဖွဲ့အစည်းတွေ ဒါမှမဟုတ် အသင်းအဖွဲ့တွေထဲက အဖွဲ့ဝင်တွေ အဖွဲ့ဝင်ကြေးပေးပြီး ရုပ်ရှင်တွေကို ကြည့်ရှုနိုင်ကြဖို့ ပြင်ဆင်ထားကြတယ်။ ရုပ်ရှင်ပြစက်(movie projector) ကိုသုံးပြီး ရုပ်ရှင်ပိတ်ကား (projection screen) မှာ အရုပ်တွေထင်စေတယ်။ နံရံတွေမှာ မြှုပ်ထားတဲ့ စပီကာတွေကနေအသံကနေ စကားပြော၊ လှုပ်ရှားမှုတွေရဲ့အသံနဲ့ ဂီတတေးသံတွေဖြတ်ထွက်လာစေတယ်။ ၁၉၇၀ ခုနှစ်တွေကတည်းက subwoofer တွေအသုံးပြုနေခဲ့ကြပါပြီ။ 

ကျော်ကြားသူတို့သတင်းများ

ဂျဲနက်ဂျက်ဆန်ပြောတဲ့စကား ယုံလိုက်ပါ
Janet Damita Jo Jackson ဟာ Joe နဲ့ Katherine Jackson တို့ရဲ့ အငယ်ဆုံးသမီးလေးပါ။ ပေါ့ပ်စတား Janet ဟာ အကနည်းပြ Rene Elizondo နဲ့ တိတ်တိတ်လေးလက်မထပ်ခင်တုန်းက အဆိုတော် James DeBarge နဲ့ လက်ထပ်ခဲ့ဖူးတယ်။ သားသမီးမရှိခဲ့ပါဘူး။ Janet တို့ စုံတွဲ ၂၀၀၀ မှာ ကွာရှင်းခဲ့ကြပါတယ်။ အဲဒီနောက် ၂၀၁၂ မှာ စီးပွားရေးသမား Wissam Al Mana နဲ့ လက်ထပ်ခဲ့ပါသေးတယ်။ Janet ဟာ ကျန်းမာရေးကြောင့် ဂီတဖြေဖျော်ပွဲတွေကို ဖျက်သိမ်းလိုက်တဲ့ကြေညာခဲ့ပြီးနောက်ပိုင်း Janet မှာ ကင်ဆာရှိနေတယ်ဆိုတဲ့ သတင်းတွေ လတ်တလော အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့ပါတယ်။ Janet ကတော့ "ကောလဟာလတွေပါ အမှန်မဟုတ်ဘူး။ ကျွန်မမှာ ကင်ဆာမရှိပါဘူး။ ကျွန်မ နေပြန်ကောင်းနေပါပြီ" လို့ Twitter မှာတင်လိုက်တဲ့ video ထဲမှာပြောထားပါတယ်။ From my lips လို့ ခေါင်းစဉ်တင်ထားပြီး သူမရဲ့ The Great Forever ဆိုတဲ့ သီချင်းကိုလည်းတင်ထားလိုက်တယ်။

Friday, January 01, 2016

နှစ်ကုန် အထူးလျှော့ဈေးပွဲတော်တွေမှာ သွက်လက်စွာ


နှစ်တစ်နှစ်ကုန်ဆုံးကာနီးအချိန်ဆိုရင် ဈေးဝယ်ထွက်တာဝါသနာကြီးကြတဲ့ လူကြီးလူငယ်တွေဟာ Black Friday ဆိုတဲ့ လျှော့ဈေးပွဲတော်ချိန်ကို ရင်တဖိုဖိုစောင့်မျှော်တတ်ကြတယ်။ လာမယ့် ၂၀၁၅ Black Friday လျှော့ဈေးပွဲတော်ကတော့ ဘယ်တော့ရောက်မလဲ။ ဒီနှစ်အတွက် ဘယ်ဆိုင်တွေ၊ ဘယ်လိုကုန်ပစ္စည်းတွေ ဒီလျှော့ဈေးပွဲတော်မှာ ပါဝင်လာကြမလဲ ဆိုတာ သိထားချင်ကြမှာပါ။ Black Friday လျှော့ဈေးပွဲတော်ဟာ ယူအက်စ်ကနေစတင်လာတဲ့ ပွဲတော်မျိုးဖြစ်နေပေမယ့် အခုအခါ နိုင်ငံတွေအတော်များများ Black Friday လျှော့ဈေးပွဲတော်ပြုလုပ်လာကြတယ်။ ယူအက်စ်၊ ယူကေ၊ ကနေဒါ၊ မက္ကဆီကို၊ ဘရာဇီး၊ အိန္ဒိယ၊ ပနားမား၊ ကိုစတာရီကာ၊ ရိုမေးနီးယား၊ ဒိန်းမတ်၊ ဆွီဒင်၊ တောင်အာဖရိက၊ ပြင်သစ်၊ နော်ဝေး၊ ဟန်ဂေရီနဲ့ စပိန်နိုင်ငံတွေမှာ အထူးသဖြင့်ပြုလုပ်ကြပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ နှစ်ကုန်လျှော့ဈေးရောင်းချကြတာတွေတော့ အမြဲရှိနေကြပါတယ်။ ပုံမှန်ဈေးလျှော့ရောင်းချတာတွေထက် ဈေးဝယ်ဝါသနာကြီးကြသူတွေကတော့ Black Friday ကို ပိုပြီးစိတ်ဝင်တစားရှိတတ်ကြတယ်။