Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, February 15, 2016

သေနတ်ထိန်းချုပ်ရေးနဲ့ ယူကေ

သေနတ်ထိန်းချုပ်ရေး ဘယ်လိုဆောင်ရွက်လဲ - ယူကေမှာ တင်းကျပ်တဲ့သေနတ်ဥပဒေတွေထိန်းသိမ်းထားတယ်။ အဲဒါဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေကြား သေနတ်ပစ်သတ်မှုအနိမ့်ဆုံးအဆင့်တွေထဲက တချို့ဘာကြောင့်ရှိနေတယ်ဆိုတာ ရှင်းပြနိုင်တဲ့သဘောလောက်ပါပဲ။ တစ်ခုကတော့ handgun တွေကို ယေဘူယျအားဖြင့်တားမြစ်ထားတယ်။ ရဲအရာရှိတွေ၊ လက်နက်ကိုင်တပ်ဖွဲ့အဖွဲ့ဝင်တွေနဲ့ အိုးအိမ်လုံခြုံရေးအတွက် အထူးခွင့်ပြုချက်ရထားသူတွေသာ ခြွင်းချက်အနေအထားကိုင်ဆောင်နိုင်တာပါ။ စစ်သုံးစတိုင်လက်နက်တွေကိုလည်း တားမြစ်ထားတယ်။ 

သေနတ်ထိန်းချုပ်ရေးနဲ့ ကနေဒါ

သေနတ်ထိန်းချုပ်ရေး ဘယ်လိုဆောင်ရွက်လဲ - ကနေဒါနိုင်ငံမှာ သေနတ်တွေကို ထိန်းချုပ်ထားပြီး ယေဘူယျလူဦးရေ နည်းနည်းပဲ သုံးခွင့်ရစေတယ်။ ကွဲပြားတဲ့သေနတ်အမျိုးအစားအပေါ်မှာ ဘယ်သူက ဝယ်ယူနိုင်မလဲ။ ဘယ်လို ဝယ်ယူနိုင်မလဲ စသဖြင့် အဓိကထားတဲ့ကန့်သတ်ချက်တွေနဲ့ ထိန်းသိမ်းထားတယ်။ စနစ်က ယူအက်စ်ရဲ့ ပိုတင်းကျပ်တဲ့ပုံစံလိုပါပဲ။ တချို့သေနတ်အမျိုးအစားပိုင်ဆိုင်မှုတွေတော့ရှိနေဆဲပါ။ ဒါပေမဲ့ အင်မတန်လွယ်လွယ်ကူကူ ရနိုင်တာတော့မဟုတ်ပါဘူး။ 

Thursday, February 11, 2016

သေနတ်ထိန်းချုပ်ရေးနဲ့ အမေရိက

သမ္မတအိုဘားမားရဲ့ စီမံခန့်ခွဲရေးစီမံချက်တွေဟာ အမေရိကမှာ လုပ်ဆောင်နေတဲ့ သေနတ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်ကို တင်းကျပ်ပါလိမ့်မယ်လို့ ကြေညာလိုက်တယ်။ အဲဒီကြေညာချက်ဟာ ယူအက်စ်မှာ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေထက် သေနတ်အကြမ်းဖက်မှုတွေပိုပြီးများနေဆိုတဲ့ ဝေဖန်နေကြတဲ့ကိစ္စကို အကူအညီရစေမယ့်သဘောလို့ အိုဘားမားကပြောပါတယ်။ အမေရိကမှာ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေထက် သေနတ်အသုံးပြုသတ်ဖြတ်မှုတွေ ပိုပြီးများနေပါတယ်။ အဲဒီကွဲပြားချက်တွေအတွက် အကြောင်းပြချက်တစ်ခုက သေနတ်ဥပဒေတွေပါ။ ယူအက်စ်မှာ ကမ္ဘာ့တခြားနိုင်ငံထက် အလျှော့ပေါ့ဆုံး သေနတ်ဥပဒေတချို့ရှိနေပါတယ်။ အဲဒီဥပဒေတွေဟာ တိုင်းပြည်ထဲမှာ ဘာကြောင့် လူတွေများများသေနတ်ရယူနိုင်ကြသလဲ။ သေနတ်တွေပိုင်ဆိုင်ထားနိုင်သလဲဆိုတာ ရှင်းပြနေသလိုပါပဲ။ ၂၀၀၇ ဆန်းစစ်လေ့လာချက်အရ ယူအက်စ်ဟာ ကမ္ဘာမှာ အရပ်သားသေနတ်ပိုင်ဆိုင်မှုအရေအတွက်အများဆုံးနိုင်ငံအဖြစ်ဦးဆောင်နေပါတယ်။ ယူအက်စ်က လူ ၁၀၀ မှာ ၈၈.၈ ဦးက သေနတ်ပိုင်ဆိုင်တယ်။ ဒုတိယလိုက်တာက ရီမန်ပါ။ လူ ၁၀၀ မှာ ၅၄.၈ ဦးပိုင်ဆိုင်နေကြတယ်။ 

Sunday, February 07, 2016

သေနတ်ဥပဒေတွေ ဘာကြောင့်အသက်မဝင်နိုင်ဖြစ်နေရလဲ

CNN က စီစဉ်ပြုလုပ်ခဲ့တဲ့ သမ္မတ ဘားရက်အိုးဘားမားရဲ့ သေနတ်အကြောင်း town hall တွေ့ဆုံဆွေးနွေးပွဲ Gun in America မှာ သဘောကွဲလွဲမှုတွေအများကြီးပဲ ရှိခဲ့ကြပေမဲ့ သူနဲ့ ဝေဖန်ရေးသမားတွေအကြားမှာ အချက်တစ်ချက်တော့ သဘောတူညီမှုရရှိခဲ့ကြတယ်။ စာအုပ်တွေထဲမှာ ရှိထားပြီးသား ဥပဒေတွေဟာ သက်ရောက်မှုပိုင်းမှာ မလုံလောက်နိုင်ကြသေးဘူးဆိုတာပါ။ ဘာကြောင့် အဲဒီလိုဖြစ်ရလဲအတူတကွ ဆွေးနွေးကြပါတယ်။ အတားအဆီးတွေ ရင်ဆိုင်ရလည်း ဥပဒေတွေကိုပြန်မရေးဘဲ ရှိပြီးသားဥပဒေတွေကိုပဲစီမံခန့်ခွဲဖို့ စီမံချက်တွေ ရေးသားဆောင်ရွက်ရင် ကြီးမားတဲ့သက်ရောက်မှု ရှိလာနိုင်မယ်။ ဒီရက်သတ္တပတ်အတွင်းမှာပဲ အကျိုးသက်ရောက်မှုများများရှိလာလိမ့်မယ်လို့ အိုဘားမားက ကြေညာခဲ့ပါတယ်။  သမ္မတက အဲဒီဆွေးနွေးပွဲမှာပဲ မချင့်မရဲဖြစ်ရတဲ့အကြောင်းကိုလည်း ဖော်ပြပြောဆိုခဲ့တယ်။ သူ့ရဲ့ပြိုင်ဘက်တွေက ဥပဒေတွေ သက်ရောက်စေဖို့ ပြောဆိုကြတယ်။ အဲဒီပြိုင်ဘက်တွေကပဲ ဥပဒေတွေ လျော့ပါးလှိုက်စားအောင် ကြိုးစားနေကြတယ် လို့ ပြောခဲ့တယ်။ "စိတ်အပျက်ရဆုံးကိစ္စတွေထဲက တစ်ခုက အဲဒီဥပဒေတွေကို ဆန့်ကျင်နေသူတွေဆီကပြောတာကို ကြားရတယ်။ "စာအုပ်တွေထဲရှိထားပြီးသား ဥပဒေတွေကို ဘာကြောင့် အသက်ဝင်ဖို့မလုပ်တာလဲ သမ္မတကြီးခင်ဗျား" တဲ့။ ပြီးတော့ အဲဒီလိုပြောကြတဲ့ ကွန်ဂရက်လွှတ်တော် အမတ်တွေကပဲ ဥပဒေကိုအကျိုးသက်ရောက်ဖို့ အတားအဆီးဖြစ်သွားနိုင်တဲ့ (အရက်၊ ဆေးရွက်ကြီး၊ သေနတ် နဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းအဖွဲ့အစည်း - Bureau of Alcohol, Tobacco, Firearms and Explosives- ATF) အတွက်အသုံးစရိတ် တွေကို ဖြတ်တောက်လိုက်တယ်" လို့ ပြောပါတယ်။

Wednesday, February 03, 2016

ကမ္ဘာလှည့်ခရီးသွားတွေကိုဆွဲဆောင်ဖို့ ဂရိကို ပြန်လည်ကယ်တင်တဲ့အခါ

သိထားသင့်တဲ့ ဂရိကြွေးမြီအကြောင်း
ဂရိနိုင်ငံရဲ့ တအုံနွေးနွေးဖြစ်နေခဲ့တဲ့ စီးပွားရေးအကျပ်အတည်းဟာ နောက်ဆုံးတော့ ပွက်ပွက်ဆူသွားခဲ့ပြီ။ နိုင်ငံရေးရော ဘဏ္ဍာရေးပါ အတွေ့အကြုံများများစားစားရလိုက်ပါပြီ။ ATM စက်ကနေ ငွေသားထုတ်ယူနိုင်ဖို့ ဂရိနိုင်ငံသားတွေ အခက်ကြုံခဲ့ရတယ်။ အီးယူအဖွဲ့ဝင်နိုင်ငံတွေမှာတင်ရှိနေတဲ့ ဂရိရဲ့ ကြွေးမြီတွေရှင်းလင်းပေးဖို့ ပျက်ကွက်မှုဟာ နိုင်ငံတွင်းမှာလွှမ်းမိုးမှုတွေဖြစ်လာတော့တယ်။ ဂရိနိုင်ငံရဲ့ ထူးကဲလာတဲ့ဖြစ်စဉ်တွေဟာ ဥရောပရဲ့ အလွန်ခိုင်မာအားကောင်းပုံရနေတဲ့ တစ်ခုတည်းသောယူရိုငွေကြေးကို စွန့်ခွာလိုက်ဖို့ အတင်းအကျပ်တွန်းအားပေးသလိုဖြစ်နေပါပြီ။ အလွမ်းဇာတ်အားလုံးမှာကြည့်လိုက်ရတာက ဂရိဟာ တော်တော်သေးနုပ်နေပြီး စီးပွားရေးအရလည်း အရေးမပါလှတဲ့နိုင်ငံလိုဖြစ်နေတော့တယ်။ ဂရိအကျပ်အတည်းနဲ့ပတ်သက်ပြီး ထင်မြင်ချက်တွေအများကြီးထဲမှာ ဂရိနိုင်ငံအကြောင်း တကယ့်ကိုသိချင်တယ်ဆိုရင် ဒီအချက်တွေကို သိထားဖို့လိုအပ်ပါတယ်။

အပမ်းဖြေကမ္ဘာငယ်လေးတွေထဲမှာ

Movie Theater (Cinema) တွေဆိုတာ ဖြေဖျော်ရေးအတွက် ရုပ်ရှင်တွေကို ပရိသတ်ကြည့်ရှုနိုင်မယ့် နေရာပါဝင်တဲ့အဆောက်အဦတစ်ခုပါပဲ။ ရုပ်ရှင်ရုံတွေအားလုံးကတော့ စီးပွားဖြစ်လက်မှတ်ရောင်းချပြီး ပြသကြတာမျိုး မဟုတ်ပါဘူး။ တချို့ရုပ်ရှင်ရုံတွေဟ အကျိုးအမြတ်မပါတဲ့ အဖွဲ့အစည်းတွေ ဒါမှမဟုတ် အသင်းအဖွဲ့တွေထဲက အဖွဲ့ဝင်တွေ အဖွဲ့ဝင်ကြေးပေးပြီး ရုပ်ရှင်တွေကို ကြည့်ရှုနိုင်ကြဖို့ ပြင်ဆင်ထားကြတယ်။ ရုပ်ရှင်ပြစက်(movie projector) ကိုသုံးပြီး ရုပ်ရှင်ပိတ်ကား (projection screen) မှာ အရုပ်တွေထင်စေတယ်။ နံရံတွေမှာ မြှုပ်ထားတဲ့ စပီကာတွေကနေအသံကနေ စကားပြော၊ လှုပ်ရှားမှုတွေရဲ့အသံနဲ့ ဂီတတေးသံတွေဖြတ်ထွက်လာစေတယ်။ ၁၉၇၀ ခုနှစ်တွေကတည်းက subwoofer တွေအသုံးပြုနေခဲ့ကြပါပြီ။ 

ကျော်ကြားသူတို့သတင်းများ

ဂျဲနက်ဂျက်ဆန်ပြောတဲ့စကား ယုံလိုက်ပါ
Janet Damita Jo Jackson ဟာ Joe နဲ့ Katherine Jackson တို့ရဲ့ အငယ်ဆုံးသမီးလေးပါ။ ပေါ့ပ်စတား Janet ဟာ အကနည်းပြ Rene Elizondo နဲ့ တိတ်တိတ်လေးလက်မထပ်ခင်တုန်းက အဆိုတော် James DeBarge နဲ့ လက်ထပ်ခဲ့ဖူးတယ်။ သားသမီးမရှိခဲ့ပါဘူး။ Janet တို့ စုံတွဲ ၂၀၀၀ မှာ ကွာရှင်းခဲ့ကြပါတယ်။ အဲဒီနောက် ၂၀၁၂ မှာ စီးပွားရေးသမား Wissam Al Mana နဲ့ လက်ထပ်ခဲ့ပါသေးတယ်။ Janet ဟာ ကျန်းမာရေးကြောင့် ဂီတဖြေဖျော်ပွဲတွေကို ဖျက်သိမ်းလိုက်တဲ့ကြေညာခဲ့ပြီးနောက်ပိုင်း Janet မှာ ကင်ဆာရှိနေတယ်ဆိုတဲ့ သတင်းတွေ လတ်တလော အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့ပါတယ်။ Janet ကတော့ "ကောလဟာလတွေပါ အမှန်မဟုတ်ဘူး။ ကျွန်မမှာ ကင်ဆာမရှိပါဘူး။ ကျွန်မ နေပြန်ကောင်းနေပါပြီ" လို့ Twitter မှာတင်လိုက်တဲ့ video ထဲမှာပြောထားပါတယ်။ From my lips လို့ ခေါင်းစဉ်တင်ထားပြီး သူမရဲ့ The Great Forever ဆိုတဲ့ သီချင်းကိုလည်းတင်ထားလိုက်တယ်။