Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ဟိုသတင်း ဒီသတင်း. Show all posts
Showing posts with label ဟိုသတင်း ဒီသတင်း. Show all posts

Wednesday, June 01, 2016

အောင်မြင်ကျော်ကြားသူတို့ သတင်းများ

ယူအက်စ်သမ္မတရဲ့ သမီး မာလီယာ ဟားဗာဒ်တက္ကသိုလ်တက်မယ်
သမ္မတ ဘားရက်အိုဘားမားရဲ့ သမီးကြီး Malia ဟာ သူမရဲ့ ပညာရေး တစ်နှစ်ခန့်ရပ်နားထားလိုက်ပြီး လာမယ့် ၂၀၁၇ မှာ ဟားဗတ်ဒ်တက္ကသိုလ်ကိုတက်ရောက်မယ်လို့ အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ် Malia ဟာ ဟားဗတ်ဒ်ဥပဒေကျောင်းမှာ တက်ရောက်ခဲ့တဲ့ မိဘတွေရဲ့ခြေလှမ်းအတိုင်း ပညာရေးကိုဆက်လှမ်းပါလိမ့်မယ်။ အဲဒီသတင်းကို Michelle Obama က ထုတ်ပြန်ခဲ့ပြီး အထက်တန်းအောင်မြင်ပြီးအနားယူမယ့်တစ်နှစ်မှာ Malia ဘာတွေသင်ယူလေ့လာမလဲ အတိအကျတော့မပါဝင်ခဲ့ဘူး။ ၂၀၁၇ ဆောင်းဦးမှာ Malia ရဲ့ ဟားဗတ်ဒ်တက္ကသိုလ်နေ့ရက်တွေစတင်ပြီး ၂၀၁၂ မှာ ဘွဲ့ရရှိမှာပါ။

ခရီးသွားသတင်းများ

(မတင်ဖြစ်တာကြာတော့ သတင်းတွေက ဟောင်းကုန်ပြီ)

ဆေးမင်ကြောင်တွေ ရေစိမ်ချိုးခွင့်ပြတော့မလား


            ဂျပန်ကအများသုံးရေစိမ်ကန်(onsen)တွေမှာ ဆေးမင်ကြောင်ထိုးတားတဲ့နိုင်ငံခြားသားတွေ အဝတ်ဗလာကျင်းရေပူစိမ်ချိုးနေကြတဲ့မြင်ကွင်းမျိုးကိုမြင်တွေ့ရတာဟာ သိပ်မထူးခြားတော့တဲ့အခြေအနေမျိုးဖြစ်လာနိုင်ပါတယ်။ ဂျပန်နိုင်ငံက အဲဒီရေစိမ်ကန်တွေဆီ ကိုယ်ခန္ဓာဆေးမင်ကြောင်တွေထိုးထားသူဝင်ရောက်ခွင့် တားမြစ်ထားတဲ့စည်းမျဉ်းတွေ လျှော့ပေါ့ပေးဖို့ တိုက်တွန်းနေပါတယ်။ ဂျပန်ရိုးရာရေစိမ်ကန်တွေမှာ တရားဝင်ထုတ်ပြန်မထားပေမဲ့ ထုံးထမ်းစဉ်လာတစ်ခုနဲ့ ထိန်းချုပ်ထားခဲ့တာကြာပါပြီ။ အဲဒါတွေက ရေစိမ်မယ့်သူရဲ့ ကိုယ်ခန္ဓာဟာ ရေကန်ထဲမဝင်ခင် သတိထားပြီး ဆေးကြောသန့်စင်ထားရမယ်။ တွယ်ကပ်နေမယ့်အဝတ်မှန်သမျှ မျက်နှာသုတ်ပုဝါပါမကျန်ဖယ်ရှားပစ်ရပါမယ်။

Saturday, April 30, 2016

အောင်မြင်ကျော်ကြားသူတို့ သတင်းများ

ကတ်ကိုဘိန်းအသုံးပြုခဲ့တဲ့ သေနတ်တစ်လက်တဲ့
ရော့ခ်ဂီတသမိုင်းထဲက ဝမ်းနည်းဖွယ်ရာစာမျက်နှာပေါ်မှာရှိခဲ့ဖူးတဲ့ အဓိကသက်သေအထောက်အထားတစ်ခုကို အာဏာပိုင်တွေက ထုတ်ပြလိုက်ပါတယ်။ အဲဒါက ကတ်ကိုဘိန်းသေဆုံးမှုအကြောင်းနဲ့ ပတ်သက်ပြီး လှို့ဝှက်ပူးပေါင်းကြံစည်မှုလို့ယူဆနေကြတာတွေကို ဖြေဖျောက်စေဖို့ ကြိုးပမ်းမှုနောက်တစ်ခုလို့ပဲ ပြောရမှာပါ။ ကိုဘိန်းကို အသက် ၂၇ နှစ်အရွယ်၊ ၁၉၉၄ ခုနှစ် ဧပြီ ၈ ရက်နေ့က Seattle နေအိမ်မှာသေဆုံးနေတာတွေ့ရှိခဲ့ကြတယ်။ သူ့ရဲ့သေဆုံးမှုကို သေကြောင်းကြံစည်မှုလို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လလယ်လောက်တုန်းက စုံထောက်တစ်ဦး ထင်ထင်ရှားရှားကိုင်ဆောင်ပြထားတဲ့ (သေကြောင်းကြံစည်ရာမှာ အသုံးပြုခဲ့တဲ့) Remington shotgun တစ်လက်ပါ ဓာတ်ပုံ ၅ ပုံကို Seattle ရဲက ပြသခဲ့ပါတယ်။

Thursday, March 03, 2016

ခရီးသွားသတင်းများ

ခရီးသွားသက်ရှိအရုပ်လေးများ
ဒီအချိန်က လေယာဉ်ပေါ်တက်ရတော့မယ်အချိန်ပါ။ ကိုယ်က လေယာဉ်ပေါ်မှာ ကလေးတစ်ယောက်ထိုင်တဲ့ ခုံဘေးမထိုင်ရဖို့ ဆုတောင်းနေတတ်သူလား။ ကံမကောင်းခဲ့လို့များ ကိုယ့်ဘေးမှာကလေးတစ်ယောက်နေရာဖြစ်နေခဲ့ရင်၊ ပြီးတော့ ဒီကလေးက ရိုးရိုးသာမန်ကလေးတစ်ယောက်မဟုတ်ဘူးဆိုပါစို့။ ကလေးမလေးက မငိုဘူး။ ပြေးပြေးလွှားလွှားဆော့ကစားကာ ထိုင်ခုံကိုကန်ကျောက်နေမှာလည်းမဟုတ်ပါဘူး။ သူမဟာ Luk Thep ဆိုတဲ့ သဘာဝလွန် ကလေးနတ်သမီးအရုပ်လေး ဖြစ်နေပါလိမ့်မယ်။

Wednesday, February 03, 2016

ကျော်ကြားသူတို့သတင်းများ

ဂျဲနက်ဂျက်ဆန်ပြောတဲ့စကား ယုံလိုက်ပါ
Janet Damita Jo Jackson ဟာ Joe နဲ့ Katherine Jackson တို့ရဲ့ အငယ်ဆုံးသမီးလေးပါ။ ပေါ့ပ်စတား Janet ဟာ အကနည်းပြ Rene Elizondo နဲ့ တိတ်တိတ်လေးလက်မထပ်ခင်တုန်းက အဆိုတော် James DeBarge နဲ့ လက်ထပ်ခဲ့ဖူးတယ်။ သားသမီးမရှိခဲ့ပါဘူး။ Janet တို့ စုံတွဲ ၂၀၀၀ မှာ ကွာရှင်းခဲ့ကြပါတယ်။ အဲဒီနောက် ၂၀၁၂ မှာ စီးပွားရေးသမား Wissam Al Mana နဲ့ လက်ထပ်ခဲ့ပါသေးတယ်။ Janet ဟာ ကျန်းမာရေးကြောင့် ဂီတဖြေဖျော်ပွဲတွေကို ဖျက်သိမ်းလိုက်တဲ့ကြေညာခဲ့ပြီးနောက်ပိုင်း Janet မှာ ကင်ဆာရှိနေတယ်ဆိုတဲ့ သတင်းတွေ လတ်တလော အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့ပါတယ်။ Janet ကတော့ "ကောလဟာလတွေပါ အမှန်မဟုတ်ဘူး။ ကျွန်မမှာ ကင်ဆာမရှိပါဘူး။ ကျွန်မ နေပြန်ကောင်းနေပါပြီ" လို့ Twitter မှာတင်လိုက်တဲ့ video ထဲမှာပြောထားပါတယ်။ From my lips လို့ ခေါင်းစဉ်တင်ထားပြီး သူမရဲ့ The Great Forever ဆိုတဲ့ သီချင်းကိုလည်းတင်ထားလိုက်တယ်။

Friday, January 01, 2016

ခရီးသွားသတင်းများ

နယ်သာလန်က ကမ္ဘာ့ပထမဆုံး သဲနန်းတော်ဟိုတယ်တွေ

ကမ်းခြေတစ်ခုက ဘဝမျိုး နေထိုင်တည်းခိုနိုင်မယ့် စိတ်ကူးပါ။ Netherlands မှာ သဲတွေနဲ့ တည်ဆောက်ထားတဲ့ ဟိုတယ် နှစ်ခုတည်ဆောက်ဖွင့်လှစ်ခဲ့ပါတယ်။ Sneek, Friesland နဲ့ Oss, Brabant မြို့တွေမှာ နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့ သဲပန်းပုပွဲတော်တွေရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်တည်ဆောက်ခဲ့တာပါ။ အဗတွင်းဘက်မှာ ပုန်းကွယ်ထုလုပ်ထားတဲ့ ၈မီတာမြင့်မားတဲ့ သဲပန်းပုတွေလည်း ရှိနေကြတယ်။ တစ်ခုက Flintstones ကာတွန်းanimation ရုပ်ရှင်ထဲက ပုံသဏ္ဍန်မျိုးနဲ့ တခြား နဂါးရုပ်တွေ၊ တရုတ်နိုင်ငံက Great Wall နဲ့ Terracotta Army ပုံသဏ္ဍန်တွေ ထုလုပ်ထားတာပါ။ ငယ်ငယ်က ကမ်းခြေတွေမှာ ဆော့ကစားပြီးတည်ဆောက်ခဲ့ဖူးတဲ့ သဲနန်းတော်တွေနဲ့ မတူတာကတော့ နယ်သာလန်က သဲနန်းတော်တွေမှာ အမှန်တကယ် အဝင်အထွက်ပြုလုပ်နိုင်တဲ့ တံခါးပေါက်တွေ၊ လျှစ်စစ်မီး၊ ရေ နဲ့ Wi-Fi အသုံးပြုကြတယ်။

ဂီတသတင်းများ

အဒဲလ်ရဲ့ဆုတွေသိမ်းတဲ့နေရာ ရေချိုးခန်းထဲမှာ
Adele ဟာ သူမ ခက်ခက်ခဲခဲရရှိထားခဲ့တဲ့ဆုတွေကို ရေချိုးခန်းထဲမှာ သိမ်းထားသတဲ့။ ရေချိုးခန်းထဲမှာ အသံလေ့ကျင့်သီဆိုခဲ့ရတဲ့ အဆိုတော်ဝါသနာရှင်မလေးရဲ့ သည်းသည်းထန်ထန်ကြိုးစားအားထုတ်ခဲ့ရပုံကို ပြန်သတိပေးချင်တာကြောင့်လို့ဆိုပါတယ်။ Hello သီချင်းရဲ့ စတား Adele ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ဂီတပရိသတ်တွေရဲ့ ချီးကျူးဂုဏ်ပြုသံတွေ အများကြီးပဲ စုဆောင်းသိမ်းဆည်းနိုင်ခဲ့ပြီးပါပြီ။ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ် 19 ရဲ့ အောင်မြင်မှုရယ်၊ ၂၀၁၁ က အယ်လ်ဘမ် 21 အပေါ် ဝေဖန်သံညံညံ/ ချီးကျူးသံလှိုင်လှိုင်ရရှိခဲ့တာတေအတွက် ဂီတပရိသတ်ကို အဓိကချီးကျူးစရာပါလို့ Adele ကဆိုတယ်။ Adele စုဆောင်းထားတဲ့ဆုတွေမှာ Grammy Award တွေ၊ Brit Award တွေနဲ့ Ivor Novello gong ဆုတစ်ဆု နဲ့ bond ရုပ်ရှင် Skyfall သီချင်းအတွက် ၂၀၁၃ ခုနှစ်က ရရှိခဲ့တဲ့ Oscar ဆုတွေရယ်ပါဝင်ကြတယ်။

Thursday, November 12, 2015

ဂီတသတင်းများ

ကျွန်းလေးပေါ်မှာ ဘီဘာနဲ့ ဂီတပရိသတ်များစွာ
Justin Biber ရဲ့ သြစတြေးလျဂီတဖြေဖျော်ပွဲကို Sydney Harbour က Cockatoo ကျွန်းမှာပြုလုပ်ခဲ့တော့ Biber ရဲ့ သြစတြေးလျပရိသတ် ဆယ်ကျော်သက်မလေးတွေအများစု ပရိသတ် ၁၂၀၀ခန့် သည်းသည်းလှုပ်လှုပ်ဟစ်အော်အားပေးခဲ့ကြတယ်။ Cockatoo ကျွန်းလေးကိုတောင် Biber ကျွန်းလို့ ခေါ်လိုက်ကြတယ်။ Biber ကျွန်းမှာ What do you mean သီချင်းနဲ့ စဖွင့်ခဲပါတယ်။

Tuesday, October 20, 2015

ခရီးသွားသတင်းများ

တိုက်တန်းနစ်သင်္ဘောပေါ်က နောက်ဆုံးနေ့လယ်စာ
ကြမ္မာဆိုးကြုံခဲ့ရတဲ့ တိုက်တန်းနစ်သင်္ဘောကြီးရဲ့ နောက်ဆုံး first-class နေ့လယ်စာစားသောက်ဖွယ်စာရင် မူရင်းကို အွန်လိုင်းလေလံတင်ပွဲတစ်ခုကနေ စုဆောင်းသူတစ်ဦးဆီ ဒေါ်လာ ၈၈၀၀၀ နဲ့ ရောင်းချခဲ့ပါတယ်။ အဲဒီစာရင်းစာရွက်ကို ပထမတန်းခရီးသည် Abraham Lincoln Salomon က သိမ်းဆည်းဖြစ်ခဲ့တာပါ။ သူဟာ တိုက်တန်းနစ်သင်္ဘော အတ္တလန်တစ်ရဲ့ ကျင်စက်အေးခဲနေတဲ့ရေခဲတွေပြည့်နေတဲ့ရေထဲ စတင်နစ်မြုပ်ခဲ့တော့ အသက်ကယ်လှေတစ်စင်းပေါ်နေရာယူခဲ့ကြတဲ့ သူဌေးသူကြွယ်ထဲက တစ်ဦးပါ။ အဲဒီအသက်ကယ်လှေကို "ငွေလှေ" "မီလျံနာတွေရဲ့လှေ"လို့တောင် ခေါ်ခဲ့ကြတယ်။

Friday, October 02, 2015

ဂီတသတင်းများ

ဂျက်ပ်စန်က မတူလို့ မတုချင်ပါဘူးတဲ့
အသက် ၂၉ နှစ်အရွယ် ကနေဒီးယန်းအဆိုရှင်လေး Carly Rae Jepsen ဟာ Taylor Swift ကို ပြိုင်ဆိုင်ဖို့ မကြိုးစားပါဘူးလို့ ဆိုပါတယ်။ ဂျက်ပ်ဆန်ရဲ့ Emotion အယ်လ်ဘမ်အသစ်မှာ ၈၀ခုနှစ်က ပေါပ့်ဂီတပုံစံမျိုးပါဝင်နေတော့ တေလာဆွစ်ဖ်ရဲ့ 1989 အယ်လ်ဘမ်နဲ့ နှိုင်းယဉ်စရာတွေဖြစ်ခဲ့တာပေါ့။  1989 လို့ အယ်လ်ဘမ်နာမည်ပေးခဲ့တာက တေလာဆွစ်ဖ် ရဲ့ မွေးသက္ကရာဖ်ကို ယူပြီးပေးခဲ့တာပါ။ 1989 အယ်လ်ဘမ်ဟာလည်း ၈၀ခုနှစ်ဆီကခေတ်စားခဲ့တဲ့ ပေါ့ပ်သီချင်းအမျိုးအစားတွေပါ။ ဂျက်ပ်စန်ဟာ အသက် ၂၅ အရွယ် နာမည်ကျော်လေးတေလာရဲ့အမာခံပရိသတ်ဖြစ်နေပေမယ့် သူတို့ရဲ့ သီချင်းသံတွေ သိပ်တူလွန်းတယ်လို့ မထင်ခဲ့ပါဘူး။ "နှိုင်းယှဉ်စရာ လိုမယ်လို့ကို တကယ် မထင်ခဲ့ပါဘူး လို့ ရှင်းပြပါတယ်။ "တေလာက တကယ့်ကို ထူးခြားလွန်းတဲ့ အယ်လ်ဘမ်ထုတ်နိုင်ခဲ့တာပါ။ ဒါပေမဲ့ သူတို့ဟာ ကွဲပြားတဲ့သီချင်းအမျိုးအစားတွေဖြစ်ပြီး အကုန်လုံးအတွက် နေရာရှိတယ်လို့တော့ ကျွန်မထင်တာပဲ" လို့ ဂျက်ပ်ဆန်က ပြောပါတယ်။

ခရီးသွားသတင်းများ

ကမ္ဘာ့အရှည်ကြာဆုံး မရပ်မနား လေယာဉ်ခရီးသွား

Emirates လေကြောင်းလိုင်းရဲ့ နောက်ထပ် အသာလွန်ဆုံးခရီးစဉ်တစ်ခု ပုံကြမ်းစတင်ရေးဆွဲလိုက်ပါပြီ။ ဒူဘိုင်းအခြေစိုက်လေကြောင်းဟာ ကမ္ဘာ့အရှည်ကြာဆုံးလမ်းကြောင်းအဖြစ် မရပ်မနားတမ်းပျံသန်းမယ့် ပုံမှန်လေကြောင်းခရီးစတင်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ ၂၀၁၆ ဖေဖေါ်ဝါရီ ၁ ရက်နေ့က စတင်ပြီး ဒူဘိုင်းနဲ့ ပနားမားမြို့တော်ဆီပျံသန်းမှာပါ။ အဲဒီလေကြောင်းခရီးဟာ မကြုံစဖူးထူးကဲတဲ့ အနောက်ဘက်စူးစူးဆီ ၁၇ နာရီ၊ ၃၅ မိနစ် ကြာပျံသန်းမယ့် ခရီးစဉ်ဖြစ်တယ်လို့ လေကြောင်းက ပြောပါတယ်။ ခရီးအကွာအဝေးဟာ ခန့်မှန်းခြေ ၁၃၈၀၀ ကီလိုမီတာ(၈၅၈၀ မိုင်)ရှိတယ်လို့ webflyer.com မှာ ဖော်ပြထားတယ်။

Monday, August 31, 2015

ဂီတသတင်းများ

Nirvana ရဲ့ ပထမဆုံး ဂီတဖြေဖျော်ပွဲရဲ့ ဓာတ်ပုံတွေ
            ရောခ့်ပရိသတ်တွေကို သြဇာညောင်းခဲ့တဲ့ အမေရိကန်ရောခ့်ဂီတအဖွဲ့ နီဗားနားရဲ့ ခေါင်းဆောင်အဆို/ ဂစ်တာသမား ကတ်ကိုဘိန်းဟာ သူ့ရဲ့ Seattle က အိမ်မှာ ၁၉၉၄ ဧပြီ ၅ ရက်နေ့က ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့သူပါ။ သူ့ဘဝမှတ်တမ်းရုပ်ရှင်ကား "Kurt Cobain: Montage of Heck" ကို ၂၀၁၅ နှစ် နှစ်ဆန်းပိုင်းလောက်က ထုတ်လွှင့်ပြသခဲ့တော့ ပရိသတ်တွေဆီက ဝေဖန်ပြစ်တင်သံတွေ ကြားခဲ့ရသေးတယ်။ ၁၉ နှစ်အရွယ်မိန်းကလေး Maggie Poukkula ဟာ သူမဖခင်ရဲ့ ဓာတ်ပုံစက္ကူဟောင်းတွေရှာတွေ့ရင်း အဲဒီဓာတ်ပုံတွေကြည့်လိုက်တော့ ဖခင်အနားမှာ ရောခ့်အကျော်အမော် ကတ်ကိုဘိန်းကိုလည်းတွေ့လိုက်ရတယ်။ အဲဒီတော့ Poukkula လည်း တခြားဆယ်ကျော်သက်လေးတွေလိုပဲ Twitter ကို ဓာတ်ပုံတွေတင်လိုက်တာပေါ့။

Wednesday, August 19, 2015

ခရီးသွားသတင်းများ

Airbnb ကုမ္ပဏီရဲ့ ကျူးဘားခရီးသွားဆွဲဆောင်မှု
တချို့ကံကောင်းတဲ့ ဇူလိုင်လအတွင်းက Airbnb ခရီးသွားတွေဟာ တည်းခိုစရာနေရာအခမဲ့ဝန်ဆောင်မှုရရှိခဲ့ကြတယ်။ ယူအက်စ်နဲ့ ကျူးဘားသံရုံးတွေပြန်ပြီးဖွင့်ကြတဲ့ အထိမ်းအမှတ်နဲ့ ပြုလုပ်ခဲ့တာပါ။ ဇူလိုင် ၂၀ မတိုင်ခင် ကြိုတင်လက်မှတ်ပေးသွင်းခဲ့ကြရပြီး သူတို့ရဲ့ ခရီးစဉ်က ဇူလိုင် ၁၉ ကနေ ဇူလိုင် ၂၆ ရက်နေ့အထိ တည်းခိုစရာ ကျူးဘန်းစတိုင်လ် အိမ်လှလှလေးတွေဝန်ဆောင်မှုပေးခဲ့ပါတယ်။ ကုမ္ပဏီက အံ့အားသင့်စရာကြော်ငြာအစီအစဉ်ကို အချိန်နီးကပ်မှ ရုတ်တရက်ကြေညာလိုက်တာကြောင့် မူလကတည်းက Airbnb နဲ့ ခရီးသွားဖို့ ကြိုတင်လက်မှတ်ယူထားသူတွေသာ အဲဒီဝန်ဆောင်မှုကို ရယူနိုင်ခဲ့ကြတာပါ။

Friday, August 07, 2015

ဂီတသတင်းများ

သီချင်းဆိုတာရပ်နားထားရမယ့် ပေါ့ပ်အဆိုတော်မလေး Meghan Trainor
            ပေါ့ပ်ဂီတတစ်မျိုးဖြစ်တဲ့ Bubblegum pop, blue-eyed soul နဲ့ အာဖရိကန်-အမေရိကန်တွေကြားခေတ်စားလှတဲ့ doo-wop ဂီတစတိုင်လ်သီချင်းလေးတွေသီဆိုသူ အမေရိကန်အဆိုတော်မလေး Meghan Trainor ဟာ အသံကြိုးမှာ သွေးယိုစီးတဲ့ ကျန်းမာရေးပြဿနာကြုံရတာကြောင့် ဆေးကုသမှုခံယူခဲ့ပါတယ်။

Thursday, July 30, 2015

ခရီးသွားသတင်းများ

ရေထဲက ဟန်ချက်ညီ နံရံဆေးရေးပန်းချီကားတွေ
ဟာဝိုင်ရီဖွား ပန်းချီဆရာ၊ Street artist တစ်ဦးဖြစ်တဲ့ Sean Yoro (Hula) ဟာ ရင်သပ်ရှုမောဖွယ်ရာ Street art နံရံဆေးရေးပန်းချီတွေကို ရေထဲက မြုပ်တစ်ဝက်ပေါ်တစ်ဝက် ကွန်ကရစ် နံရံအိုတွေပေါ်မှာ ရေးဆွဲခဲ့ပါတယ်။ ရေထဲ ရေလွှာလျှောစီး surfboard ပေါ်မှာ ဟန်ချက်ညီညီရပ်တည်နိုင်ဖို့လေ့ကျင့်ခဲ့ပြီး သူ့ရဲ့ ပန်းချီအတွက် အကောင်းဆုံးနေရာရောက်ရှိရေးဆွဲနိုင်အောင်လည်း အများကြီးပြင်ဆင်ခဲ့ရတာပါ။

Tuesday, July 07, 2015

ဂီတသတင်းများ

ကေတီပယ်ရီ၊ မိုင်လီဆိုင်းရပ်စ် နဲ့ မက်ဒေါနား
မက်ဒေါနားရဲ့ ဂီတဗီဒီယိုအသစ်မှာ ကေတီပယ်ရီ နဲ့ မိုင်လီဆိုင်းရပ်စ်တို့ ပါဝင်ကြလိမ့်မယ်လို့ မက်ဒေါနားက ကြေညာလိုက်ပါတယ်။ အသက် ၅၆ နှစ်အရွယ် မက်ဒေါ်နားရဲ့ စင်ဂဲလ်အသစ် 'B***h I'm Madonna' မှာ အံ့အားသင့်ရမယ့် ဧည့်သည်အဆိုတွေဖြစ်တဲ့ နီကီမီနာ့ခ်ျ၊ ရီတာအိုရာ နဲ့ ဒီပလိုတို့လည်း ရက်ပ်နေရာ ပါဝင်သီဆိုကြလိမ့်မယ်။ မက်ဒေါနားက သူမရဲ့ Instagram ဓာတ်ပုံမှာ ရီတာနဲ့အတူ ပါဝင်သူတွေကို tag ပြီးတင်ထားခဲ့တော့ လူငယ်ပရိတ်သတ်တွေအတွက်ပါ စိတ်လှုပ်ရှားစရာ ကြေညာချက်တစ်ခုဖြစ်လို့သွားတယ်။ ကြေညာချက်ထုတ်အပြီး ရက်သတ္တသုံးပတ်အကြာလောက်မှာ ရီတာလည်း မက်ဒေါနားနဲ့ ရိုက်ကွင်းမှာ အတူရှိနေခဲ့ကြပြီ။

Monday, June 08, 2015

ဂီတသတင်းများ


Baltimore က ဒဏ်ရာတွေကုစားပေးချင်တဲ့ Prince


အမေရိကန်လူမည်းအဆိုတော် Prince ဟာ Baltimore မှာ မေလ ၁၀ရက်နေ့က ဂီတဖြေဖျော်ပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဧပြီလက ရဲတွေရိုက်နှက်မှုကြောင့် သေဆုံးခဲ့တဲ့ Freddie Gray ကို ဂုဏ်ပြုသီဆိုခဲ့တာလို့ ဆိုပါတယ်။ ပရင်စ့်ရဲ့ အဖွဲ့ 3RDEYEGIRL နဲ့အတူဖြေဖျော်ခဲ့တာပါ။ ဖရက်ဒီဂရေးသေဆုံးပြီးနောက်ပိုင်း ဘယ်လ်တီမိုးမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်ရပ်တွေဟာ ကမ္ဘာကို ချောက်ချားစေခဲ့တယ်။ မကျက်သေးတဲ့အနာတွေကို ပျောက်ကင်းအောင်ကုသဖို့ ကြိုးပမ်းမှုတစ်ခုလို့ ပရင့်စ်ကဆိုတယ်။ "ပျောက်ကင်းအောင်ကုသလို့တဲ့စိတ်နဲ့ ပြုလုပ်ခဲ့တဲ့ ဒီလှုပ်ရှားမှုဟာ ဘယ်လ်တီမိုးနဲ့ ယူအက်စ်ဒေသ အနှံ့အပြားမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်စေဖို့ အထောက်အကူတစ်ခုအဖြစ်ရည်ရွယ်ထားပါတယ်" လို့ သတင်းတွေမှာ ဖော်ပြခဲ့တယ်။

Saturday, May 09, 2015

ခရီးသွားသတင်းများ

အီဂျစ်မြို့တော်သစ်တည်ဆောက်မယ်
အီဂျစ်နိုင်ငံ၊ မြို့တော်ကိုင်ရိုဟာ လူဦးရေထူထပ်များပြားလာတာကြောင့် မြို့တော်အသစ်တည်ဆောက်မယ့်အစီအစဉ်တွေကို အီဂျစ်အစိုးရပိုင်းက ကြေညာခဲ့ပါတယ်။ အီဂျစ်သမိုင်းထဲက ဒဏ္ဍာရီတွေပြည့်နှက်နေဆဲ ပိရမစ်တွေ၊ တာဟီယာရင်ပြင် နဲ့ နိုင်းလ်မြစ်တွေကို မေ့ထားလိုက်ပြီး တောက်ပသွက်လက်တဲ့ ခေတ်မီမြို့တော်တစ်သစ်တစ်ခုတည်ဆောက်တော့မယ်လို့ ကြေညာလိုက်တယ်။ အခုဆို အီဂျစ်ဟာ စိတ်ပျက်ဖွယ်ရာ လေထုညစ်ညမ်းမှု၊ ရွေ့လို့မရအောင်ကိုပိတ်သွားတတ်တဲ့ ယဉ်အသွားအလာမျိုးနဲ့ လမ်းတွေ၊ ပြည့်လျှံလာတဲ့လူဦးရေအတိုင်း တစ်ဟုန်ထိုးခုန်တက်လာတဲ့ အိမ်ငှားခတွေနဲ့ တကျွိကျွိတကျွတ်ကျွတ်မြည်နေတဲ့ အဆောက်အဦးတွေ ပိုလို့များလာနေတယ်။

ဂီတသတင်းများ

ရီဟားနားနဲ့ သီချင်းအတူဆိုချင်တဲ့ ဂျေလို
ဂျနီဖာလိုပက်ဇ်ဟာ ရီဟားနားနဲ့ တကယ်ပဲ နှစ်ယောက်တွဲသီချင်းဆိုချင်ပါတယ်တဲ့။ "We Found Love" hit သီချင်းပိုင်ရှင်လေး ရီဟားနားနဲ့ Dreamworks Animation က ထုတ်လုပ်မယ့် 3D computer animated ဇာတ်မြူးရုပ်ရှင် Home မှာတော့ အတူတကွ အသံသရုပ်ဆောင်ထားကြတယ်။ Home မှာ ရီဟားနားက တစ်ပ် ဆိုတဲ့ကလေးမလေး၊ ဂျေလိုကတော့ တစ်ပ် ရဲ့ မိခင် လူစီတူစီအဖြစ် အသံသရုပ်ဆောင်ထားကြတာပါ။ အသံအတူတကွသရုပ်ဆောင်တော့ duet သီချင်းမဆိုချင်ဘူးလားလို့ သတင်းထောက်က မေးခဲ့တဲ့အခါ ဂေလိုက "အသေအချာပေါ့၊ ဘယ်သူက မဆိုချင်ဘဲရှိပါ့မလဲ" လို့ဖြေပါတယ်။

Thursday, March 26, 2015

ဟိုသတင်း ဒီသတင်း

ဂီတသတင်းများ

ဘီစကစ်ကြိုက်တဲ့ ကန်းထရီးအဆိုတော်မလေး
  တက္ကဆက်ပြည်နယ်ဖွား Nashville က အမေရိကန် ကန်းထရီးအဆိုတော်မလေး Kacey Musgraves ဟာ ကန်းထရီးသီချင်းနှစ်သက်သူတွေရဲ့ စိတ်ကြိုက်အဆိုတော်တွေထဲက တစ်ဦးပါ။ ဂရမ်မီဆု နှစ်ကြိမ်ရရှိထားခဲ့ဖူးတဲ့ မာ့စ်ဂရေ့ဗ်စ်ဟာ အယ်လ်ဘမ်အသစ်အတွက် ပထမဆုံးစင်ဂယ်လ်နဲ့ ၂၀၁၅ ကို နှုတ်ဆက်ပါတယ်။ Biscuits လို့ နာမည်ပေးထားတဲ့သီချင်းကို ကမ်းထရီးရေဒီယိုကနေ မတ်လ် ၁၆ ရက်နေ့က စတင်ထုတ်လွှင့်ခဲ့တယ်။