Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, November 26, 2016

ဟာဗားနားရဲ့ ညသန်းခေါင်ယံ

၂၀၁၃ က ရေးဖြစ်ခဲ့တဲ့ ဆောင်းပါးပါ။
၁၃ ဂဏန်းနဲ့ပတ်သက်ပြီး နိမိတ်ဖတ်ခဲ့ကြပေမဲ့ ကက်စရိုကတော့ ၂၀၁၆ ခုနှစ်အထိ အသက်ရှင်သန်နေထိုင်သွားနိုင်ခဲ့ပါတယ်။
စာတွေမရေးနိုင်ဖြစ်နေလို့ စာအဟောင်းပြန်ဖတ်ကြည့်ရင်း ကက်စထရိုသေဆုံးတဲ့နေ့အမှတ်တရ ပြန်တင်ထားလိုက်ချင်လို့။
Fidel Alejandro Castro Ruz (August 13, 1926 – November 25, 2016)
မက္ကဆီကိုကွေ့ထဲက ကျူးဘားနိုင်ငံရဲ့  အကြီးဆုံးမြို့တော် ဟာဗားနားမှာပေါ့။ Virgin of Regla နတ်ကွန်းရဲ့ အပြင်ဘက်နားလေးမှာ ရှေ့ဖြစ်ဟောပြောသူတစ်ဦးဟာ ဖြတ်သွားဖြတ်လာတွေဆီက ငွေကြေးအဖြစ်ပြောင်းလဲရရှိနိုင်မယ့် ကနုကမာခွံတွေ မြှောက်ကာပစ်ကာ လှုပ်လှုပ်ရှားရှားရှိနေပါတယ်။ သူ့ဆီမှာ လာမေးကြတဲ့သူတွေဆီက တူညီတဲ့မေးခွန်းတွေပဲ နေ့တိုင်းရနေတာပဲ။ “သူတို့ အချစ်မေတ္တာရှာတွေ့နိုင်ကြပါ့မလား” တဲ့။ “အိမ်တစ်လုံး ဝယ်ယူဖို့ သူတို့တတ်နိုင်ပါ့မလား” တဲ့။ “မဝေးတော့တဲ့အနာဂတ်မှာ အပမ်းဖြေခရီးထွက်ဖို့ သူတို့ တတ်နိုင်ပါ့မလား” တဲ့။ ဒီလိုမေးခွန်းတွေ သူတို့ မေးကြတယ်။ ပြီးတော့ သူတို့ အားလုံးက “ဘယ်တော့ ပြီးဆုံးမှာလဲ” ဆိုတဲ့မေးခွန်းတစ်ခုကိုလည်း အမြဲမေးကြတယ်။