ရတီ မဂ္ဂဇင်း၊ ဇန်န၀ါရီ၊ ၂၀၁၂ |
ထိုညနေခင်းတစ်ခုက အီလီဆေး-မွန့်မာထရီမှာ ကပွဲတစ်ခုရှိနေခဲ့ပါတယ်။ အဲဒါက မီကာရဲမဲပျော်ပွဲအခမ်းအနားပေါ့၊ လူတွေ စည်ကားလွန်းလိုက်တာ၊ ကပွဲကို စိတ်အားထက်သန်စွာ ရောက်လာကြတဲ့လူတွေဟာ မီးအလင်းဖျော့ဖျော့လေးသာရှိနေတဲ့ စင်္ကြလမ်းလေးတစ်လျှောက်ကနေ ကပွဲခမ်းမဆီ ဦးတည်တိုးဝှေ့နေကြပုံများ တူးမြောင်းထဲက ရေပေါက်ကနေလွှတ်လိုက်တဲ့ ရေတွေအရှိန်နဲ့ စီးဝင်လာကြသလိုတူနေသေးရဲ့၊ သံစုံတီးဝိုင်းကြီးရဲ့ဆူညံမြိုင်ဆိုင်လှတဲ့တေးသံတွေကလည်း မုန်တိုင်းတစ်ခုရဲ့ မြည်ဟည်းသံလိုပဲ၊ ခေါင်းမိုးတန်းတွေကို တသိမ့်သိမ့် လှုပ်ခါအောင်ရိုက်ခတ်တယ်။ အနီးအနားက အိမ်နီးချင်းတွေတစ်ပြုံလုံးလည်း လှုပ်ခါမှုနဲ့အတူ နိုးထနေကြရပြီ။ လမ်းတွေထဲမှာ၊ အိမ်တွေရဲ့ အတွင်းပိုင်းအနက်ရှိုင်းဆုံးမှာ တေးသံတွေထိုးဖေါက်ရောက်ခဲ့ပြီ၊ တခဏလေး ငိုက်မျည်းနေကြတဲ့ အနီးအနားက လူ၊ တိရစ္ဆာန်အားလုံးဟာ ငြင်းဆန်ခြင်းငှာ မစွမ်းသာတော့ဘူး၊ တေးသံတွေက ခုန်ပေါက်ကြဖို့၊ မြူးတူးကြဖို့ အနွေးဓါတ်ရဖို့ အားလုံးကို လှုပ်နိုးခဲ့ပါပြီ။