Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, February 24, 2019

Feeling 92 အမှတ်တရ

Feeling 92 အမှတ်တရ ဓာတ်ပုံလေးတွေပါ။
ဟိုးတုန်းက ဘလောဂ့်မှာ စာတွေရေးတင် ဘလောဂ့်အိမ်လည်ကြတာ အမှတ်ရမိတယ်။
စာတွေရေးဖြစ်ရင် ပျော်ပါတယ်။
စာမရေးဖြစ်ရင် မပျော်ပါဘူး။
ဒီစာလေးရေးဖြစ်တော့ ပျော်ပါတယ်။
ဒီစာအုပ်လေးထွက်လာတော့လည်း ပျော်ပါတယ်။
စာအုပ်လေးထုတ်ဖို့ စိတ်ကူးတာကအစ စာအုပ်လေးအကောင်အထည်ဖြစ်လာတဲ့အထိ ကြိုးစားခဲ့တဲ့ အန်တီတင့် (http://auntytint.blogspot.com) နဲ့အတူ ပါဝင်ရေးသားခဲ့ကြတဲ့ မိတ်ဆွေ ဘလောဂ့်ဂါအားလုံးကို (အားလုံးမမြင်ဖူးသေးပေမဲ့) ချစ်ခင်မိပါတယ်။ 
စာအုပ်ထဲမှာ သရုပ်ဖော်ပုံလေးဆွဲပေးထားတဲ့ ရိုစ့် (http://rose-sharon.blogspot.com) ကိုလည်း ကျေးဇူးတင်ပါတယ်။

စာမူလေး အန်တီတင့်ဆီပို့တော့ blogging ကြတဲ့အချိန်တွေ blog မှာရေးခဲ့ကြတဲ့အတိုင်းပေါ့ပေါ့ပါးပါးရေးလိုက်ပြီး အခုဘလောဂ့်မှာတင်ထားတဲ့စာအတိုင်းပို့လိုက်တော့တာ။ "Feeling 92" စာအုပ်လေးထဲမှာတော့ အယ်ဒီတာက အဆုံးမှာ ခန့်ခန့်ထည်ထည်လေးပဲ တည်းဖြတ်ထည့်ထားပေးလိုက်တယ်။ ဝန်ခံချက်တွေ ဟိဟိ တွေဖြုတ်လိုက်တာပေါ့။ ဟုတ်တာပဲနော်။ 
ဒီမှာတော့ ရေးဖြစ်တုန်းကအတိုင်းပဲ တင်ထားလိုက်မယ်။ အမှတ်တရပေါ့။
ဖတ်မိကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေလည်း ဘလော့်ဂါတွေရဲ့ ရသစုံအရေးအသားလေးတွေကို ဖတ်ချင်တယ်ဆို စာအုပ်ဆိုင်တွေမှာ ဝယ်ယူလို့ရနေပါပြီတဲ့။        ။
ဒီစာအုပ်ထဲ ကျွန်မရေးဖြစ်တဲ့ "နွေရယ် မိုး၊ ... ဆောင်းလတို့ ပြောင်းစေကွယ် ..... " ကို ဖတ်ချင်တယ်ဆိုရင် ဒီမှာ သွားဖတ်လို့ရပါတယ်။


 











2 comments:

Aunty Tint said...

ဆုံဆည်းပွဲလေးမှာဖြိုးကိုရှိစေချင်တာ တီတင့်ရင်ထဲကအလွမ်း♥

PhyoPhyo said...

တီတင့်ရေ တချိန်လုံးကြည့်နေခဲ့တာ live videoတွေရောပဲ
ပျော်လည်းပျော် သတိလည်းရ လွမ်းလှပါတယ်
အားလုံးကိုချစ်မိတာ