(ခင်မေသစ်)
ကြည့်စမ်း အသက်တွေက ကြီးလာပါပကော။ ကိုယ့်ကိုယ်ကိုယ် မာလှချည့် ထင်နေတာ ဗြုံးကနဲ ဒိုင်းကနဲ ဖြစ်လိုက်တော့ ကျော်မကောင်း ကြားမကောင်း ဆေးရုံတွေရောက် အရေးပေါ်တွေရောက် ဟိုလူမနေရ ဒီလူမနေရ ဆစ်ဒနီက လူမနေရ ဆားဘီးယားကလူလည်းမနေရ ရန်ကုန် မန္တလေး ပျဉ်းမနား မနေရ တော်တော်ကို အရုပ်ဆိုးလိုက်တာလေ။ နေကောင်းပြီဆိုတော့လည်း လူကသာ နေကောင်းတာ ဦးနှောက်က မကောင်းဘူး။ စိတ်ရှုပ်မခံနိုင်ဘူးလေ။
အရေးထဲ စုမီအောင့်ကဗျာတစ်ပုဒ်ကို သွားသတိရတယ်။