Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, June 11, 2019

ယောဂအလေ့အကျင့်ကောင်းလေးစလိုက်ရအောင်

မယ်ရူပ

ကိုယ့်တို့ကိုယ်၊ စိတ်ခန္ဓာ ကျန်းမာကြော့ရှင်းလှပသွားမယ့်ယောဂလေ့ကျင့်ခန်း/ ကျင့်စဉ်/ ဒဿနဆိုတာ ဘယ်လိုမျိုးလဲ။ ယောဂလေ့ကျင့်ခန်း အလေ့အကျင့်ကောင်းလေးစမကြည့်ရသေးသူလေးတွေအတွက် စူးစမ်းချင်စရာပဲပေါ့။ ယောဂရဲ့ ပြိုင်ဘက်ကင်းထူးခြားလှတဲ့အစွမ်းက စိတ်ကိုတည်ငြိမ်အောင်ထိန်းသိမ်းတာရယ်၊ ခန္ဓာကိုယ်အတွင်းအပြင်၊ အစိတ်အပိုင်းတစ်ခုစီထိရောက်တဲ့လေ့ကျင့်ခန်းနဲ့ထိန်းသိမ်းတာရယ်၊ အတိအကျပြောရရင် body/ mind/ spirit သုံးပါးလုံးထိန်းသိမ်းပေးနိုင်တဲ့ကျင့်စဉ်မျိုးဆိုတော့ တကယ့်ကိုစိတ်ဝင်စားစရာပါ။ အဲဒီထဲက ခန္ဓာကိုယ်အစိတ်အပိုင်းတွေပြေလျော့ကျန်းမာနေအောင် ကိုယ်နဲ့အလိုက်ဖက်ဆုံး ဘယ်လိုလေ့ကျင့်ခန်း စယူရင်ကောင်းမလဲ။ ဘယ်လိုအနေအထားမျိုးက ကိုယ့်အတွက်အကောင်းဆုံးဖြစ်မလဲ ကိုယ်တို့ဘယ်လိုသိနိုင်မှာလဲ။ ဒီအချက်အလက်လေးတွေကတော့ ကိုယ်ခန္ဓာကြော့ရှင်းသွက်လက်နေနိုင်တဲ့ လေ့ကျင့်ခန်းမျိုးလေးတွေပါ။ ကိုယ့်အတွက် အသင့်တော်ဆုံးယောဂလေ့ကျင့်ခန်းလေးတွေ ရှာဖွေဖို့ အကူအညီပေးပါလိမ့်မယ်။ 

လေ့ကျင့်ခန်းယူကြတဲ့အခါမှာ ပထမဆုံးတော့ သွေးပူလေ့ကျင့်ခန်းအဖြစ် ကိုယ်ခန္ဓာအစိတ်အပိုင်းတွေလှုပ်ရှားပေးဖို့ အင်မတန်အရေးကြီးလှတယ်။ ကျောရိုးကို အရပ်လေးမျက်နှာလှုပ်ရှားပေးပါလို့ဆိုတယ်။ သင့်တင့်တဲ့သွေးပူလေ့ကျင့်ခန်းနဲ့ မစခဲ့ဘူးဆိုရင် နေ့တစ်နေ့ရဲ့ အစောပိုင်းနာရီတွေမှာ ကျောဘက်ပိုင်းထိခိုက်ဒဏ်ရာရတယ်လို့ဆိုတယ်။ တစ်ညလုံး သက်ငြိမ်အနေအထားနဲ့ကျောရိုးကို အနားပေးထားတယ်။ ကိုယ်တို့ တစ်ညလုံး ငြိမ်သက် အိပ်စက်အနားယူကြတယ်မဟုတ်လား။ မနက်ခင်းမှာ ယောဂလေ့ကျင့်ခန်းစတော့မယ်ဆိုရင် ကျောရိုးလှုပ်ရှားမှုကို အထောက်အပံ့ပေးတဲ့လှုပ်ရှားမှုမျိုးဖြစ်တဲ့ ကျောရိုးဆန့်ထုတ်တာ၊ လိမ်ကျစ်လှည့်လည်ပေးတာမျိုးနဲ့ ကျောရိုးကိုထောက်ပံ့ထားတဲ့ကြွက်သားတွေ ပျော့ပြောင်းသွက်လက်စေတယ်။ အဲဒီသွေးပူလေ့ကျင့်ခန်းမျိုးကို အချိန်ပေးပြုလုပ်မှ နောက်ကျောပိုင်းအပြင်းအထန်နာကျင်မှု၊ ထိခိုက်ဒဏ်ရာရမှုတွေကို ကာကွယ်ပေးနိုင်မှာပါ။ 

ပြီးတော့ သိမ်မွေ့ညံ့သက်လှတဲ့ ကိုယ်တို့ရဲ့ကိုယ်ခန္ဓာကို နိုးထအောင်နှိုးရဦးမယ်။ ဒီအဆင့်မှာတော့ပိုပြီးတော့နက်နဲတယ်လို့ဆိုနိုင်တယ်။ လူ့ကိုယ်ခန္ဓာမှာ နာမ်ဝိညာဉ်ဆိုင်ရာအစွမ်းတည်မှီရာ အဓိကနေရာ (Chakra) ၇ ခု ရှိကြတယ်။ အဲဒီ Chkakra ၇ခုလုံးကို လှုပ်ရှားစေမယ့် လေ့ကျင့်ခန်းလုပ်ပေးပြီး ကိုယ်ခန္ဓာအတွင်းမှာ တန့်ဝပ်နေတဲ့စွမ်းအင်ကို အရှိအတိုင်းသွားလာလှုပ်ရှားနိုင်ဖို့ အတားအဆီးတွေဖယ်ရှားပေးလိုက်တယ်။ အဲဒါဟာ ရုပ်ပိုင်းရော၊ စိတ်ခံစားမှုပိုင်းနှစ်ခုလုံးကို မြူးသွက်တက်ကြွစေဖို့ အကူအညီပေးနိုင်ပါတယ်။ ကိုယ့်တို့ဆုပ်ကိုင်ထားတဲ့ မလိုအပ်လှတဲ့စိတ်ခံစားမှုတွေကိုလည်း အသေအချာထွက်ခွာသွားပါစေ။ စိတ်ခံစားမှုတွေပေါ့ပါးပါစေပေါ့။

Sthira နဲ့ Sukha ကတော့ Steadiness နဲ့ ease လို့ အတိအကျဘာသာပြန်နိုင်တယ်။ မှန်မှန်နဲ့ သက်သက်သာသာ သဘောမျိုးပါ။ ဘဝဆိုတာ ချိန်သားကိုက်ဖို့လိုအပ်လှတယ်။ ကိုယ်တို့ ကိုယ်ခန္ဓာနဲ့ ယောဂလေ့ကျင့်ခန်း ချိန်သားတကျ လှုပ်ရှားကြသလို၊ အဆုတ်နဲ့ နှလုံးဟန်ချက်ညီညီ အပေးအယူမျှကြရသလို၊ ဒီရေ အတက်နဲ့ အကျ အချိန်အဆမျှတကြသလိုမျိုးပေါ့။ လေ့ကျင့်ခန်းလုပ်ကြတဲ့အခါ ဘယ်လိုကိုယ်နေဟန်ထားနဲ့ လေ့ကျင့်သင့်တယ်ဆိုတာ ကိုယ့်တို့တစ်ဦးချင်းစီပေါ်မှာလည်း အရေးကြီးတယ်ဆိုတဲ့ယူဆချက်မျိုးပါ။ သိပ်ကိုပျော့ပြောင်းပေါ့ပါးနေတဲ့သူမျိုးက ပေါ့ပါ့းသွက်လက်စေတဲ့အနေအထားလေ့ကျင့်ခန်းပဲ ပိုပြီးတော့ ဆက်တိုက်လုပ်နေမယ်ဆိုရင် ဒဏ်ရာအနာတရဖြစ်ဖို့အခွင့်အရေးများလှတယ်။ ကိုယ်က လှလှပပသန်မာနေမယ်၊ ကြွက်သားတွေလည်းရှိနေပြီးသားဆိုရင် အဲဒီလိုကိုယ်ခန္ဓာပိုင်ဆိုင်ထားသူက ပျော့ပြောင်းသွယ်လျစေမယ့် အနေအထားလေ့ကျင်ခန်းမျိုးယူတာက အကောင်းဆုံးရွေးချယ်မှုပါ။ ကိုယ်က ပျော့ပျော့ပြောင်းပြောင်းသွယ်လျနေသူလေးဆိုရင်တော့ ကြွက်သားတွေသန်မာလာစေဖို့ တောင်တင်းခိုင်မာလာစေမယ့်အနေအထားမျိုး ရွေးချယ်လေ့ကျင့်ပေးရမှာပေါ့။ အဲဒီသဘောမျိုးနဲ့ Sthira နဲ့ Sukha ကိုတွဲပြထားတယ်။ 

ယောဂဆိုတာ asana (ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်း)တစ်ခုတည်းမဟုတ်ပါဘူးတဲ့။ တကယ်တော့ ယောဂမှာ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းက အင်မတန်သေးငယ်တဲ့အစိတ်အပိုင်းတစ်ခုပါ။ ယောဂ အကိုင်းအခက် ၈ မျိုးထဲက တတိယမြောက် အကိုင်းပေါ့။ ၁ နဲ့ ၂ က Yama နဲ့ Niyama လို့ ခေါ်တဲ့ လူ့ကျင့်ဝတ်နဲ့ဆိုင်တဲ့စည်းမျဉ်းစည်းကမ်း စောင့်စည်းလိုက်နာရမယ့်အချက်အလက်တွေပါ။ ၄ ခုမြောက်က Pranayama လို့ခေါ်တဲ့ အသက်ရှုလေ့ကျင့်ခန်းမျိုးပါ။ အဲဒီလေ့ကျင့်ခန်းမျိုးဟာ ဝမ်းဗိုက်ပိုင်းအတွက် သန်စွမ်းကျန်းမာစေတဲ့လေ့ကျင့်ခန်းဖြစ်ပြီး ကျန်တဲ့ ယောဂ ၄ မျိုးကတော့ တရားထိုင်တာ စိတ်ကိုတည်ငြိမ်အောင်ထိန်းသိမ်းတာစတဲ့ စိတ်နဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းတွေဖြစ်နေပါတယ်။

အဲဒီလိုဆိုတော့ ဘယ်လိုယောဂလေ့ကျင့်ခန်း၊ ကိုယ်နေဟန်ထားက ကိုယ်နဲ့ အသင့်တော်ဆုံးကိုယ့်ရဲ့ကိုယ်ခန္ဓာအလှဆုံးအနေအထားဖြစ်အောင် ထိန်းကျောင်းပေးနိုင်မလဲဆိုတာ ရွေးကြည့်ရအောင်ပါ။
1. Warm ups and sun salutations
2. Standing Poses
3. Balancing Poses
4. Backbends
5. Twists
6. Hip Openers
7. Forward Folds  အနေအထားလေးတွေ ရွေးချယ်ကြည့်နိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။ 

1. Warm ups and sun salutations














2. Standing Poses





3. Balancing Poses










4. Backbends












5. Twists








6. Hip Openers








7. Forward Folds









မယ်ရူပ
Source : What Makes a Well-Rounded Yoga Practice? 
Images credit : www.yogajournal.com

No comments: