Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, April 01, 2013

မန္တလေးကို လိုက်ခဲ့မလား

မန္တလေးကို လိုက်ကြမလား တဲ့ ။ လေဘာတီ မမြရင်က  ဖိတ်ခေါ်လို့နေတယ်။ 
မန္တလေးတောင်က မြွေကြီး နှစ်ကောင် ကိုလည်း ..သွားလို့ ကြည့်မတဲ့။
ရွှေမန်းတောင်တော်အရိပ်ကို ခိုရင် အသက်ရှည်ကျန်းမာတယ် လို့ ရှေးလူကြီးများ အဆိုရှိပါတယ်..။

စိမ်းရောင် ..စို ..တောင် ညိုက..  မှိုင်း…××ရီ  
တိုင်းရတနာပုံ ..နေပြည်..တဘေါင် စာအညီ××
 အောင်ဇေယျာ အတည်.ခေါင်ကမ္ဘားယံဆီ  
အသက်ကလေးရယ်  ရှည် စေလို..မြနန္ဒာ ရေညိုသန်းတဲ့.
.ပြည်တော်ရွှေမန်း..ရွှေမန်းတောင်ရိပ် ခို .
ဖခါင်းလောင်းသံ ချိုချို..ရွှေပဟိုရ် စည်သံ ဟိန်း …. .တယ်..
ဘေးရန်က ငြိမ်း….။
မန္တလေးကို  ..လိုက်ကြမလား အစ်ကို …တဘေါင်စကားနဲ့  အောင်ရမယ် ..ဆို ဆို 
ရန်ဘယာမသန်းသကို ..စံရာ ရွှေမန်း..ဗဟို..ဟိုရှေးက စာဆို..
ရွှေမန်းတောင်တော် ရိပ်ခို..တောင်ရိပ်ခို….မြစမ်းရေညို…စိမ်းရောင် ..စို  ..။
မန္တလေးမြို့ဟာ မြန်မာပြည် အလယ်ပိုင်းဒေသ ခြောက်သွေ့တဲ့ အပူပိုင်းဇုံအတွင်း ဧရာဝတီမြစ် နဘေး မှာ တည်ရှိပါတယ်။ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တယ်။  ပူအိုက်စွတ်စိုတဲ့ ရာသီဥတုရှိတယ်။ နွေမှာ အလွန်ပူပြင်းပြီးဆောင်းမှာ အချမ်းလွန်ကဲလေ့ရှိတယ်။ မြောက်၂၁.၉၈ဒီကရီ၊အရှေ့၆၄၉၆.၀၈ဒီကရီ မှာတည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် ထက် မီတာ၆၄ (၂၁၀ပေ)မှာ တည်ရှိနေတာပါ။ ဒါ့အပြင် အနာဂါတ်အတွက် အလွန်စိုးရိမ်ရတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောတလျှောက် တည်ရှိနေပြန်ပါသေးတယ်။တက်တိုနစ် ပလိပ်ပြားနယ်နိမိတ်အကန့်နှင့် ဆန်တာပလိပ်ပြားတို့အကြား  ထိစပ်နေခြင်းဖြစ်တယ်။ (၁၉၅၆ခုနှစ်က စစ်ကိုင်းမြို့အနီး ၇ မက်ဂနီကျူ့ဒ် အင်အားရှိတဲ့ မြေငလျင် တခုလှုပ်ခတ်ပြီးတော့ တိုက်တာအိမ်ခြေများစွာ ဖျက်ဆီးပြစ်ခဲ့တာ မှတ်မိကြပါလိမ့်မယ်။ )
Mandalay metropolitan area seen from satellite
မန္တလေးတောင်
မန္တလေးတောင်ဟာ ဘာသာရေးအရ ထူးခြားမြင့်မြတ်တဲ့ တောင်တော်ဖြစ်ပါတယ်။ရှေးရိုးစဉ်လာအရ မှတ်သားမိတာက မြတ်ဘုရားရှင်ဟာ မန္တလေးတောင်နေရာမှာ ခြေချရင်း  နောင်အခါ ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရာ အရပ်ဒေသဖြစ်လာမယ် ဆိုတဲ့အကြောင်း ကြိုတင်ဗျာဒိတ်ပေးခဲ့ဖူးလို့ပါပဲ။စေတီပုထိုး ဘုရားကျောင်းကန်များနှင့် ဘုန်းကြီးကျောင်းများလည်း တောင်ထိပ်မှာ ရှိပါတယ်။နိုင်ငံခြားသားခရီးသွားများဟာ ညခင်းနေ၀င်ချိန်ကလေးကို တန်ဘိုးထားပြီး အချိန်ယူစောင့်ကြည့်တတ်ကြတယ်။

မြန်မာနိုင်ငံတလွှားက ဘုရားဖူးများဟာ မိုးရာသီ ကုန်ဆုံးချိန်မှာ နှစ်စဉ် မန္တလေးတောင်နှင့် အခြားမန္တလေးရဲ့ အမှတ်အသားနေရာဒေသ တွေကို သွားရောက် လေ့ရှိပါတယ်။နိုင်ငံခြားခရီးသွားဧည့်သည်များလည်း ၀င်လာမစဲ တသဲသဲ ပါပဲ။ မန္တလေးတောင်တော်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၃၀ မြင့်ပါတယ်။တောင်ပေါ်ကနေ ဘေးပတ်ဝန်းကျင် လည့်ပတ်ရှုကြည့်လိုက်ရင် ရေမြေတောတောင်ဟာ သာယာလွန်းလှတယ်။စိမ်းရောင်စို ..တောင်ညိုကမှိုင်း ဆိုတဲ့စာသားနဲ့ လိုက်ဖက်လွန်းနေတယ်။ မော်တော်ကားလမ်းဖေါက်လုပ်ထားပြီဖြစ်တဲ့အတွက်လည်း အခက်အခဲမရှိ အစစအဆင်ပြေချောမွေ့ပါတယ်။တကယ်လို့ ခြေလျင်တက်မယ်ဆိုရင်တော့ တော်တော်လေးခက်ခဲမှာပါ။ ပစ်ကပ်ကားလေးတွေ ခွဲဝေငှားရမ်းသွားရင် စရိတ်လည်းသက်သာ လွယ်လည်း လွယ်ကူမှာပါ။သုံးဘီးကားများ လန်ချားများ  လွယ်ကူစွာ ရရှိနိုင်ပါတယ်။

မန္တလေးနန်းတော်
ဒုတိယကမ္ဘာစစ်ရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ဘယ်နေရာ ဘယ်အရာမှ မတည်မြဲခဲ့ဘူး။မန္တလေးနန်းတော်ကြီးဟာ လောင်စာ အတိပြီးခဲ့ရတယ်။ဘာပဲဖြစ်ဖြစ်ခုအချိန်မှာတော့ “မြနန်းစံကျော် ရွှေနန်းတော်" အမည်နှင့် ပြန်လည် တည်ဆောက်ပြုပြင်ထားပါတယ်။ ရှေးမူမပျက် ထိမ်းသိမ်းထားတာမို့ ယာယီမြေစိုက်တဲနန်းအသွင်ပီပြင်စွာ  မြင်တွေ့ရနိုင်တယ်။ နန်မြင့်ဆောင်နှင့်ယဉ်ကျေးမှု ပြတိုက်ကိုလည်း  နန်းတွင်းမှာ လေ့လာကြည့်ရှုနိုင်ပါတယ်။
King Mindon is the founder of Mandalay royal capital
ရွှေနန်းတော်ဘုန်းကြီးကျောင်း
အသေးစိတ်ထုဆစ်ထားတဲ့ သစ်သား ပန်းပုလက်ရာများနှင့်နာမည်ကျော်ကြားခဲ့တဲ့ ရွှေနန်းတော်ကျောင်းကြီးဟာ အကျိုးအပဲ့ အပျက်အစီးအပိုင်းအစတွေနှင့် ကျန်ရစ်ပါတယ်။၁၈၈၀ခုနှစ်မှာ သီပေါဘုရင်က နန်းတော်ဟောင်းရဲ့ အစိတ်အပိုင်းတခုအနေနှင့် နန်းတော်ဝင်းအတွင်း ရွှေ့ပြောင်း ခဲ့တာဖြစ်တယ်။

မဟာမြတ်မုနိရုပ်ရှင်တော်မြတ်
မြတ်ဘုရားရှင် နုစဉ်ကာလနွားကျောင်းသားဘ၀မှာ  ရခိုင်ဘုရင်  စန္ဒာသူရိယမင်းအလောင်းအလျာနှင့်အလွန်ချစ်တဲ့ သူငယ်ချင်းများဖြစ်ခဲ့ကြဖူးသတဲ့။သူတို့နှစ်ဦးဟာ တဦးက အဝေးသွားရင် ကိုယ်စားအရုပ်ထားပြီး သွားလေ့ရှိတော့ဘုရားဖြစ်တော်မူလာတဲ့အခါမှာလည်း ဘုရားရှင် အရပ်တပါးသွားတဲ့အခါ သူ့အနားအမြဲ ထင်ရှား ရှိစေလိုတဲ့အတွက် ဘုရားကိုယ်စား ရွှေရုပ်သွန်းထုပြုလုပ်ရန်ခယ၀တ်တွား တောင်းဆိုခဲ့တာမို့  ခွင့်ပြုခဲ့တာပါ။ ရင်ငွေ့တော်ကိုလည်း ၇ကြိမ်ပွေ့ပြီး လှုံစေခဲ့တာပါ။ ဒါ့ကြောင့် သက်ရှိရုပ်ရှင်တော်မြတ်တဆူအနေနဲ့ ကိုးကွယ် ဆည်းကပ်ကြခြင်းဖြစ်ပါတယ်။ မျက်နှာတော်ကို  ရဟန်းသံဃာများက နေ့စဉ်သစ်ပေးရပါတယ်။ နောင်အခါ ဘိုးတော်ဘုရားက  ၁၇၈၄ခုနှစ်မှာ စစ်ကိုင်းကို ပင့်ဆောင်စေခဲ့တာလို့ ဆိုပါတယ်။ဘုရားရဲ့အမြင့်ဟာပလ္လင်တော်မှာ ထိုင်လျက် ၁၂ပေ ၇လက်မ မြင့်ပါတယ်။ နိုင်ငံခြားသားများဟာ စာရွက်စာတမ်းမပြည့်စုံရင် မဟာမုနိရုပ်ရှင်တော်မြတ်ကို ဖူးမျှော်ခွင့်မရပါဖူးတဲ့။

ကုသိုလ်တော်ဘုရား
၁၈၅၇ခုနှစ်မှာ မင်းတုန်းမင်းကြီးတည်ထားကိုးကွယ်ခဲ့တာပါ။ ညောင်ဦးမြိုံ့ရွှေစည်းခုံဘုရားမှာ တည်ရှိပါတယ်။ ကမ္ဘာအကြီးဆုံးစာအုပ် (The World’s Biggest Book)လို့ အမည်ရခဲ့တယ်။ကျောက်ချပ်လွှာပေါင်း၇၂၉ခုကိုကမ္ဗည်းရေးထိုး စိုက်ထူခဲ့တာပါ။ မင်းတုန်းဘုရင်ဟာ သံဃာတော်များပင့်ဖိတ်စည်းဝေးစေပြီး ပဉ္စမသင်္ဂါယနာကို တင်တော်မူခဲ့ပါတယ်။

ကျောက်တော်ကြီးဘုရား
၁၈၅၃ခုနှစ်မှသည် ၁၈၆၅ခုနှစ်အထိ မန္တလေးတောင်အနီး တောင်ဘက်အရပ်မှာ ကျောက်တော်ကြီးဘုရားကို တည်တော်မူခဲ့ရတယ်။မာဘယ်စကျင်ကျောက်များနှင့် ထွင်းထုထားတဲ့ ဗုဒ္ဓ နောက်လိုက် ရဟန်းသံဃာရုပ်တု၈၀ ဖြင့်ဝန်းရံစေတယ်။

စွယ်တော်ဘုရား
အမရပူရမြို့နယ် မဟာဓမ္မရံသီ တောင် ပေါ်မှာလည်း  ဗုဒ္ဓရဲ့ ရုပ်ကြွင်း ဓါတ်တော်အမွေအနှစ် စွယ်တော်တဆူကို ဌာပနာပြီး တည်ထားကိုးကွယ်ခဲ့တယ်။ စစ်အစိုးရလက်ထက် မြန်မာပြည်အရပ်ရပ်မှဘုရားဖူးလာရောက်ကြတဲ့  ပြည်သူတို့ရဲ့ ကုသိုလ်တော် အလှူငွေများ ပေါင်းစည်းကာ တည်ထားခြင်းဖြစ်တယ်။ စိန်ဖူးတော် ထီးတော် ငှက်မြတ်နား စသည် စိန်စစ်များဖြင့် မြှုပ်နှံသွန်းထုထားတယ်။ ၁၉၉၆ ဒီဇင်ဘာလက အပြီးသတ်နိုင်ခဲ့တယ်။

အတုမရှိကျောင်းတော်
မူရင်းအစစ်က ဒုတိယကမ္ဘာစစ်အတွင်း  မီးလောင်ကျွမ်းခဲ့ပေမဲ့ ၁၈၉၀ခုနှစ်မှာ ပန်းရံဆရာကြီးတွေ လက်စွမ်းပြ တည်ဆောက်ထားတဲ့အတွက် မူရင်းအတိုင်း တွေ့ရှိနိုင်မှာ ဖြစ်တယ်။ ယနေ့ထက်တိုင် ကျော်ကြားဆဲ ကျောင်းတော်ကြီးပါ။ ၁၉၉၅ခုနှစ်မေလ၂ရက်နေ့မှာ  စစ်အစိုးရက  ပနက်ချ စတင်တည်ဆောက်စေပြီး ၁၉၉၆ ဇွန်လမှာလုံးဝ ပြီးဆုံးခဲ့ပါတယ်။

ရွှေကျီးမြင်ဘုရား
ပထမရာစုနှစ်လောက်က မင်းရှင်စော တည်တော်မူခဲ့တာဖြစ်တယ်။

ရတနာပုံ တိရိစ္ဆာန်ဥယျာဉ် 
မန္တလေးတောင်နဲ့ မန္တလေးနန်းတော်အကြား မှာ  တိရိစ္ဆာန်ရုံအငယ်စား တခုလည်းဖွင့်လှစ်ထားတယ်။မျိုးစိတ်ပေါင်း၃၀၀ကျော်ရှိပါတယ်။

လေဆိပ်
နိုင်ငံတကာမန္တလေးလေဆိပ်ဟာ မြန်မာနိုင်ငံရဲ့  အကြီးဆုံးနှင့် ခေတ်အမှီဆုံးလေဆိပ်ကြီးဖြစ်ပါတယ်။၂၀၀၀ခုနှစ်က ယူအက်စ်ဒေါ်လာ သန်း၁၅၀အကုန်အကျခံ တည်ဆောက်ထားတာပါ။   မြိုံနှင့် ၄၅ကီလိုမီတာကွာလှမ်းတဲ့အတွက် ဆူညံခြင်းကင်းဝေးတိတ်ဆိတ်ပါတယ်။ ဘန်ကောက်ကနေ သီတင်းပတ်တိုင်း  တပတ်လျင် လေးကြိမ် အာရှလေကြောင်းလိုင်း တိုက်ရိုက်ပျံသန်းပါတယ်။

ဧရာဝတီမြစ်
ဧရာဝတီဟာ မြန်မာတနိုင်ငံလုံးအတွက် အသက်သွေးကြောတခုပါ။ ကူးသန်းရောင်းဝယ်ရေးအတွက် အထူးအရေးပါပါတယ်။လယ်ယာထွက်ပစ္စည်းများ ဆီ ၊ဆန် ပ၊ဲ ပြောင်း၊ အိုး၊  ၀ါး၊ကျွန်းသစ် တင်ပို့ ရာ မှာ များစွာ အသုံးဝင်တဲ့ မြစ်ဖြစ်ပါတယ်။

မီးရထားလမ်း
များသောအားဖြင့် ရန်ကုန်ကနေ နေ့စဉ် ထွက်ခွာနေတဲ့ မီးရထားလမ်းခွဲများမြောက်များစွာရှိပါတယ်။ပြင်ဦးလွင် လားရှိုးမှသည်ပခုက္ကူ ကလေး ဂန့်ဂေါ မြောက်ဘက် မိုးကောင်း မြစ်ကြီးနား စသည်အထိ နေရာအနှံ့ စီးသွားလို့ ရပါတယ်။မြေအောက်ရထားစံနစ်စသည်တော့ မရှိပါဘူး။

လမ်းများ
မြန်မာပြည် အရပ်ရပ်သို့ ချိတ်ဆက်ထားသော လမ်းများ အားလုံးရှိတယ် ။အထက်မြန်မာပြည်မှ  တရုပ်ပြည်အထိ။မန္တလေး တကောင်း ဗန်းမော် မြစ်ကြီးနား။ မန္တလေး လားရှိုး သီပေါ ပြင်ဦးလွင်  ။ မူဆယ်  အနောက်ဘက်တွင် အိန္ဒိယ စစ်ကိုင်း မုံရွာ.ကလေးဝ  တမူးလမ်းများ ရှိတယ်။ရန်ကုန်ကနေ ညထွက်တဲ့ရထားများနာရီစဉ်အလိုက် (စဉ်တိုက်ထွက်တဲ့ ရထားများ)တနာရီ တစင်းထွက်ပါတယ်။များသောအားဖြင့် ဈေးသက်သာပြီး သက်တောင့်သက်သာ စီးနင်းနိုင်ပါတယ်။အင်းလေးကန် ကို သွားရောက်နိုင်တဲ့ ဘပ်စ်ကားများလည်းရှိတယ်။တက္ကစီနဲ့ ပစ်ကပ်ကားများလည်း ငှားရမ်းနိုင်တယ်။မန္တလေးမြို့ပေါ်မှာတော့ ဆိုင်ကယ်  ထရီရှော သုံးဘီးကားလေးများ ပေါနေပါတယ်။

ရေတံခွန်တောင်
မန္တလေးအရှေ့ဘက်မှာ ရှိပါတယ်။ အားကစားသမားများ ကျောက်တောင်တွေကို တက်ရောက်လေ့ကျင့်ကြတယ်။ ဂူတွေကို လေ့လာကြတယ်။ မြို့နဲ့လည်းမဝေးလှပါဘူး။

အမရပူရက ဦးပိန်တံတား
မန္တလေးရောက်ရင် မဖြစ်မနေ သွားသင့်တဲ့နေရာက ဦးပိန်တံတားပါ။ အရှည် ၁.၂ကီလိုမီတာရှိပြီး ကျွန်းသစ်တွေနှင့် သံမပါ ၀က်အူ မူလီမပါ။ သစ် သစ်ချင်း၊ စရွေးကိုက် ဆောက်လုပ်ထားတာပါ။ဦးပိန်တံတားရဲ့ နေ၀င်ချိန်ကလေးကိုလည်း လူအများက ကြည်နူးနှစ်ခြိုက်ကြပါတယ်။

ကျန်းမာရေးစင်တာများ
 မန္တလေးမြို့ရဲ့ လူဦးရေ (၂၀၀၅အရ) ၇.၆သန်းမှာ ဆရာဝန် ၁၀၀၀ သူနာပြု ၂၀၀၀သာရှိပြီး ဆေးရုံ ၄၄ရုံ ကျန်းမာရေး ဆေးခန်း၄၄ခန်းသာရှိတယ်လို့ ဆိုတယ်။ကုတင်တရာ ဆေးရုံဟာ ၃၀ကျော်သာရှိတယ်လို့ ဖေါ်ပြထားတယ်။စစ်အစိုးရလက်ထက်က နိုင်ငံရဲ့ ၀င်ငွေ GDP ၀.၅% ကနေ3% အထိသာ သုံးစွဲ နိုင်တဲ့အတွက်  ယခုအခါမှာတော့ ကုတင်၅၀၀ နှင့် ကုတင် ၁၀၀၀ ဆေးရုံမျာလည်းပေါ်ပေါက်လာနေပြီမို့ ဆရာဝန်ဆရာမများလည်း ထပ်မံ တိးုမြင့် ခန့်အပ်နေပါပြီ။ငွေကြေးတတ်နိုင်သူများက ဘန်ကောက်စင်ကာပူ တို့ကို သွားရောက်ဆေးကုသကြသော်လည်း ဆေးပညာတိုးတက်ဖွံ့ဖြိုးမှု အရ အဆင့်မြင့် ဆေးရုံများလည်းမန္တလေးမှာ  ပေါ်ပေါက်လာပြီဖြစ်တယ်။ 

ရိုးရာ စားသောက်ဆိုင် ၈၁လမ်း ၈၂လမ်း၈၃လမ်းတို့မှာ  ဗမာ့ရိုးရာ စားသောက်ဆိုင် တွေ ရှိပါတယ်။ 
Smile All စားသောက်ဆိုင် 
Mann စားသောက်ဆိုင် 
Too Too Myanmar Cuisine 
Htou moun စားသောက်ဆိုင် 
V Café ၈၀နှင့်၂၅လမ်းကြား (ရွိင်ရယ် ဧည့်ဂေဟာအနီး)
Shwe Gokai  ၆၈နှင့် ၆၇လမ်းကြား
Golden Cofe Shop, 88နှင့်  89 လမ်းကြား စသည်တို့ဟာ ဈေးမကြီးပါဘူး။ သင့်တော်တဲ့ဆိုင်တွေဖြစ်တယ်။
ပြီးရင် ငွေကြေးတတ်နိုင်မယ်ဆိုရင် အကောင်းဆုံး ဟိုတယ်ကြီးတွေ spa တွေ သွားနိုင်ပါသေးတယ်။ 

ကဲ မန္တလေးက ဘာလိုသေးလဲ။                   
ယနေ့ မန္တလေးဟာ လားရှိုးလမ်းမကြီးပေါ်ကနေ အေးအေးကလေး တရုတ်  အိန္ဒိယ တို့နှင့် ကူသန်းရောင်းဝယ် ဖေါက်ကားနေပါတယ်။ ချောမွေ့တဲ့ ဆက်ဆံရေးကို ဖေါ်ဆောင်နေပါတယ်။ မန္တလးကြောင့် နိုင်ငံဟာ တဖြေးဖြေး ချမ်းသာကြွယ်ဝလာတယ်။ မင်းနေမြို့တော် မဟုတ်ပေမယ့် အထက်မြန်မာပြည်မှာတော့ မန္တလေးဟာ အားကောင်းတဲ့ စီးးပွားရေးမြို့တော်အဖြစ် ဖွံ့ဖြိုးတိုးတက်နေဆဲဖြစ်ပါတယ်။ အဲဒါ ဘယ်သူမှ ငြင်းမရတဲ့အချက်ပါပဲ။
မြန်မာ့ယဉ်ကျေးမှုဟာ မန္တလေးပါဆိုတာ ဂုဏ်ယူဝင့်ကြွားစွာ ကျွန်မတို့ မြတ်မြတ်နိုးနိုး ပြခဲ့ကြပါတယ်။ဟုတ်ပါတယ် အက အလှ နဲ့ ၀တ်စားဆင်ယင်မှုတွေမှာ မန္တလေးသူတွေ ယဉ်ကျေးသိမ်မွေ့လှတယ်။
ဘာပဲ ပြောပြော ကျွန်မကတော့ …မမြရင် သီချင်းကလေးကို အမြဲ ကြားယောင်နေမိတယ်။

အော်..တကယ်လို့များ..ကိုယ်ပိုင်ကား..နဲ့ ဘုရားကိုလည်  လိုက်ကြမလားကွယ်   (လိုက်မယ် လိုက်မယ် )
မောင် ..လိုက်ကြမလားကွယ် .(လိုက်မယ်  ..လိုက်မယ်).မောင်နဲ့  ရင်ရင်နဲ့ အတူတူသွားမယ် ..ဆို…ဆို 
ရွှေမန်းတောင်တော်ရိပ်ခို ..တောင်ရိပ် ခို..မြစန်းရေညို..စိမ်းရောင် စို….။

Source(photo included) : wiki 

ခင်မေသစ်
Living Fashion Magazine, April, 2013
မေမေ့ဆီကစာ

တပိုတွဲ လပြည့်ည ပါ နောက်တပုံက တပေါင်းလပြည့်ည
လိပ်ပုလေး စိတ်ကြည်လင်အေးမြစေဖို့ စာတွေ အများကြီးရေးနိုင်ဖို့ ပုံတွေ ပို့ပေးလိုက်တယ် ဒုတိယပုံက တပေါင်းလပြည့်ညနော်။

3 comments:

kay said...

အဲ့ဒီ သီချင်းလေးကို အလွန်နှစ်သက်တာ။

အမ်တီအန် said...

မန်းလေးကို သွားချင်လာပြီ ဖြိုးရေ...
ဖြိုးမေမေရဲ့ စာလေးတွေ ပြန်တင်ပေးနေတာ ဖတ်ရတာသဘောကျတာမို့ ကျေးဇူးတင်ပါတယ် ဖြိုးရယ်..

PAUK said...

လိုက်မယ်


လိုက်မယ်.....