Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, January 06, 2013

ဘူတန်သတို့သမီး

ပြီးခဲ့တဲ့ နှစ်က မင်းသားဝီလျှံ နဲ့ ကိတ်၊ မိုနာကိုရဲ့ အဲလ်ဘတ်မင်းသားနဲ့ တောင်အာဖရိကရေကူးချန်ပီယံ ချာလီနီ စသည်တို့ရဲ့ လက်ထပ်ပွဲအခမ်းအနားသတင်းတွေကဖြင့် မီဒီယာအကြိုက် သဲသဲလှုပ်ရေပန်းအစားဆုံးပါပဲ။ 

ဒါပေမဲ့ ဘူတန်နိုင်ငံက သတို့သမီးကလေးရဲ့ မင်္ဂလာ လက်ထပ်ပွဲအခမ်းအနားကိုတော့ ဒီလို မျိုးဝေေ၀ဆာဆာပေါ်ပေါ်လွင်လွင် ဖေါ်ပြတာမျိုး မရှိခဲ့ဘူး။  Florist အနေနဲ့  ဒီဗုဒ္ဓဘာသာနိုင်ငံတခုဖြစ်တဲ့ ဘူတန်ကို စိတ်ဝင်တစားရှိခဲ့ပေမယ့် ရေးဖို့အကြောင်းမတိုက်ဆိုင်ခဲ့ပါဘူး။ ခုမှပဲ ရေးဖြစ်တော့တာပါ။ သတို့သမီးကလေးရဲ့ မင်္ဂလာပွဲဝင် ၀တ်စုံကလေးက ထူးဆန်းလွန်းနေတယ်မဟုတ်ပါလား။ နှစ်ဦးစလုံးရဲ့ ၀တ်စုံဟာ အခြားအခြားသော သတို့သား သတို့သမီးတို့နဲ့မတူ  ဆန်းပြား ကွဲလွဲလှပါတယ်။
စာရေးဆရာ “ဗစ်ကီ ရီအို" ကတော့ အာရှရဲ့ နတ်သမီးပုံပြင်ကလေးတစ်ပုဒ်ပါဘဲ လို့ RD မဂ္ဂဇင်းကနေ အမွှန်းတင်လိုက်ပါပြီ။ အမွှန်းတင်မယ်ဆိုရင် တင်လောက်ပါတယ်။ သတို့သားက ဘူတန်ဘုရင် ဂျစ်မီဂ်ီဆာ နမ်ဂျီယယ်လ် ၀မ်ချောက်(Jigme Khesar Namgyel Wangchuck) ကိုယ်တိုင်ပါ။ ဘုရင်က သူငယ်ငယ်က ကတိရှိခဲ့တဲ့အတိုင်း သာမန်အရပ်သူကလေး ဂျက်ဆန်ပဲမာ(Jetsun Pema) ကို အားကစားရုံကြီးထဲက အခမ်းအနားတခုမှာ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

ဟိုငယ်ငယ် ဂျက်ဆန် (၇)နှစ်သမီးတုံးကပေါ့။ (၁၇)နှစ်အရွယ် မင်းသားလေးကို  စိတ်ဝင်စားခဲ့ပုံရတယ်။ သူမကစတင်ပြီး “ကျွန်မကို ခေါ်သွားပါရှင်" လို့ အရေးဆိုခဲ့တာပါ။ မင်းသားက ချင့်ချိန်တွက်ဆတတ်တဲ့အရွယ်ဆိုတော့ “မင်း ကြီးလာတဲ့အခါ ငါတို့ထပ်မံ ဆုံတွေ့ခဲ့ကြရင် အဲဒီအခါမှာ မင့်မယ် လက်ထပ်မယ့်သူ မရှိသေးရင် ငါလဲ ကြီးလာလို့ ငါ့မယ် လက်ထပ်မယ့်သူမရှိသေးရင်  ငါတို့  လက်ထပ်ကြတာပေါ့“ လို့ ချော့ထားခဲ့တာပါ။
နောက် (၁၄)နှစ် ကြာလာတဲ့အခါ  မိန်းခလေးက ပုံပြင်ထဲက နတ်သမီးကလေးတပါးလို သူမတူအောင် ချောလွန်း လှလွန်းတဲ့ မိန်းခလေးဘ၀ရောက်လာတယ်။ ဒါတင်ဘဲလား။ မကသေးပါဘူး။  ဂျစ်မီ ကိုယ်တိုင်ကလဲ ချောမောလှပတဲ့ ဘုရင်ကလေးတပါးဖြစ်လာပါပြီ။ သူတို့နှစ်ဦးရဲ့ ပြီးပြည့်စုံတဲ့ ဘ၀နှစ်ခုကို တသားတည်း ပေါင်းစပ် လိုက်ဖို့ အခြေအနေပေးလိုက်ပါတယ်။ ၂၀၁၁ အောက်တိုဘာလ ၁၃ရက်နေ့မှာ သူတို့နှစ်ဦးရဲ့ လက်ထပ်ပွဲ အခမ်းအနားကို ပူနာခဒီဇုံ နန်းတော်ကြီးထဲမှာ ခမ်းနားသိုက်မြိုက်စွာ ကျင်းပလိုက်ပါတယ်။ ဒီနန်းတော်ကြီးဟာ ပိးုချူနဲ့ မိုးချူ မြစ်နှစ်သွယ် ဆုံရာမှာတည်ဆောက်ထားတာပါ။ ဆောင်းရာသီများမှာ ဗုဒ္ဓဘာသာဝင် ရဟန်းတော်များနေထိုင်ရာ မြင့်မြတ်တဲ့ အဆောက်အဦ ဖြစ်ပါတယ်။ တော်ဝင်ရိုးရာ လက်ထပ်မင်္ဂလာအခမ်းအနားများ ရွှေနန်းတက်ပွဲ အမ်းအနားများ ကျင်းပရာနေရာလဲဖြစ်ပါတယ်။
အခမ်းအနားကျင်းပမယ့်နေရာကို ဘုရင်ကလေးဟာ  ရွှေဝါရောင် ခြုံထည်ကြီးတထည် ခန့်ခန့်ညားညား ရစ်သိုင်းခြုံလွှမ်းပြီး ရောက်လာခဲ့တယ်။ ရောင်စုံပြေးနေတဲ့ လည်ရှည်ဖိနပ်ကိုလဲ လှလှပပ စီးထားတယ်။ မိနစ်အနည်းငယ်အကြာမှာတော့ သတို့သမီးကလေးဟာလည်း  ရံရွှေတော်များနှင့်အတူ ဆင်မယဉ်သာ ခြေလှမ်းကလေးနှင့်  မင်္ဂလာဧည့်ခံပွဲအတွင်း သိမ်သိမ်မွေ့မွေ့ ဆိုက်ရောက်လာပါပြီ။

ဘုရင်ရဲ့ ခမည်းတော်က သူတို့ကိုကောင်းချီးပေးတဲ့အနေနဲ့  အရောင်ငါးမျိုးပါရှိတဲ့  လည်စီးပုဝါများကို ကြိုတင် စီစဉ်ထားတဲ့အတိုင်း ချည်နှောင်ပေးအပ်လိုက်ပါတယ်။ နောက် သူမဟာ  ထီးနန်းအရိုက်အရာစိုက်ထူရမယ့် ရွှေပလ္လင်အနီး ချဉ်းကပ်ကာ တော်ဝင်ပုဂ္ဂ္ဂိလ်များနဲ့ အတူအရသာအရှိဆုံး  နတ်သုဓ္ဓါများကို ရွှေခွက်မှာထည့် ညနေစာ သုံးဆောင်ကြတယ်။

အတိတ်ကောင်း နိမိတ်ကောင်းယူလေ့ရှိတဲ့ ဘုရင့်လက်စွဲတော် ပုရောဟိတ်ကြီးများက သင့်မြတ်တဲ့ အခါတော်ကို ကျရောက်ပါပြီလို့ လျှောက်ထားကြေငြာလိုက်တဲ့အခါ ဘုရင်ကလေးဟာ ရွှေသားအတိပြီးတဲ့ ပလ္လင်မှနေ ဆင်းသက်ပြီး  ကြီးမားတဲ့ ဗုဒ္ဓဆင်းတုတော်ကြီးရှေ့မှောက်မှာ ပိုးသားဘရိုကိတ် သရဖူကို သတို့သမီးကလေးရဲ့ မဲနက်တဲ့ ဆံကေသာပေါ် ယုယကြင်နာစွာ ဆင်မြန်းပေးလိုက်တယ်။
(အပြုံးချင်းဖလှယ်နေတဲ့ သူတို့နှစ်ဦးရဲ့ ရုပ်ပုံလွှာတွေကို ကမ္ဘာတ၀ှမ်းက စိတ်ဝင်စားသူများ တွေ့မြင်ကြပါလိမ့်မယ်။)
ဒီအခါမှာ ၀ဲယာရှိရဟန်းတော်များက သံပြိုင် ကောင်းချီးထောပနာပြုကြ တယ်။ သူတို့ရဲ့ ဘုရင်မအသစ်ကလေးကို ကြိုဆိုနှုတ်ဆက်ဖို့ ၄နာရီကြာ စောင့်စားခဲ့ကြရတဲ့ ခလေးတွေက ဘူတန်အလံလေးတွေ ဝှေ့ရမ်းနေကြတယ်။

သတို့သမီးကလေးဟာလည်းပလ္လင်ပေါ်က ဘုရင်ကလေးရဲ့ အနီးမှာ အတူယှဉ်တွဲလို့ ခပ်ရို့ရို့ စံမြန်းနေပြီဖြစ်ပါတယ်။ လက်ထပ်ပွဲ အခမ်းအနားအပြီး ဘယ်လိုခံစားရပါသလဲ ဆိုတဲ့ မီဒိယာတွေရဲ့ အမေးကို “သိပ်ပျော်တာပေါ့ဗျာ ကျုပ်တသက်မှာ  အကြီးကျယ် အမြင့်မြတ်ဆုံးပွဲ ကြီးလမ်းကြီးတခုအဖြစ် မှတ်တမ်းတင်ပါတယ်"လို့ ဘုရင်ကလေးက ဖြေဆိုသွားပါတယ်။
"ကျုပ်တို့တတွေဟာ နတ်သမီးပုံပြင်ကလေးတွေနဲ့ ကြီးပြင်းလာခဲ့ကြတာပါ။ ကျုပ်တို့ အရွ့ယ်ရောက်လာတယ်။ ချစ်သူတွေ့ကြတယ်။ လက်ထပ်ကြတယ်။ ဒါဟာ သိပ်ဆန်းကြယ်လှတာ မဟုတ်ပေမယ့် တကယ့်လူ့ဘ၀မှာကိုယ်တိုင် ကြုံတွေ့ရတဲ့အခါ  နတ်သမီး ပုံပြင်ကလေးတွေထဲ တငြိမ့်ငြိမ့် ကိုယ်တိုင်ပါဝင်လှုပ်ရှား စီးမျောနေရသလို ခံစားရပါတယ်" တဲ့။

Florist
RD Feb, 2011

6 comments:

Hyper Top Computer Centre said...

နောက်လည်းဒီနိုင်ငံအကြောင်းများ တင်ပေးပါနော်။ စိတ်ဝင်စားလွန်းလို့ပါ။

Hyper Top Computer Centre said...

နောက်လည်းဒီနိုင်ငံအကြောင်းများတင်ပေးပါ။ စိတ်ဝင်စားလို့ပါ။ ကျေးဇူးတင်ပါတယ်

Hyper Top Computer Centre said...

နောက်လည်းဒီနိုင်ငံအကြောင်းများ တင်ပေးပါနော်။ စိတ်ဝင်စားလွန်းလို့ပါ။

Hyper Top Computer Centre said...

နောက်လည်းဒီနိုင်ငံအကြောင်းများ တင်ပေးပါနော်။ စိတ်ဝင်စားလွန်းလို့ပါ။

Hyper Top Computer Centre said...

နောက်လည်းဒီနိုင်ငံအကြောင်းများ တင်ပေးပါနော်။ စိတ်ဝင်စားလွန်းလို့ပါ။

Hyper Top Computer Centre said...

နောက်လည်းဒီနိုင်ငံအကြောင်းများ တင်ပေးပါနော်။ စိတ်ဝင်စားလွန်းလို့ပါ။