Photo from |
တကယ်တော့ ကျွန်မဟာ သမုဒ္ဒရာကို ဖြတ်ကျော်မယ်လို့  ဆုံးဖြတ်ချက်ချပြီးကတည်းက မိုဟာဗီသဲကန္တာရမှာ ကီလိုမီတာ ၅၃၀၀ အထိ စက်ဘီးစီးကျင့်ခဲ့တယ်။ ကီလိုမီတာ အရှည် ၅၂၃ အထိ အလက်ဂီးနီးမြစ်ကြီးထဲမှာ ကူးခတ်ခဲ့ပြီးဖြစ်တယ်။ ကျယ်ပြောတဲ့ ပင်လယ်သမုဒ္ဒရာထဲမှာ တယောက်တည်းရက်ပေါင်း၇၀ လှေလှော်ထွက်ရမယ်ဆိုတာ ဘယ်လောက် ငြီးငွေ့ ဖို့  ကောင်းလိုက်မလဲ။ ဘယ်လောက် အထီးကျန် ဆန်လိုက်မလဲ။တချို့ က တွေးမိကြမယ်။ဘယ်လိုဘဲ ဖြစ်စေ …
၂၀၁၀ခုနှစ် ဇန်န၀ါရီလ ၃ရက်နေ့ မှာတော့ ဆီနီဂေါလ်ကမ်းခြေကနေ ကျွန်မ စထွက်ခဲ့တယ်။
အစစအရာရာလိုလေသေးမရှိ ပြင်ဆင်ထားပါတယ်။သီတင်းနှစ်ပတ်လောက်အထိ လူတော်တော်များများကကျွန်မကို စောင့်ကြည့်နေကြတယ်လေ။ သူတို့  ကျွန်မကို လိုအပ်ရင် ကယ်တင်ဖို့  ဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ ..ကျွန်မသွားဖို့ ရာထားတဲ့  ခရီးရဲ့  လေးပုံတစ်ပုံ လောက် ကို ရက် ၂၀အတွင်း အရောက် လှော်ခတ်နိုင်ခဲ့ ပြီ။
ဟုတ်ပါတယ် ။ အဲဒီ ရက် 20ပြည့်တဲ့ ဇန်န၀ါရီလ၂၂ ရက် နေ့ မှာဘဲ ကောင်းကင်ဟာ ညိုမှောင်လာတယ်။ကြည်ကြည်လင်လင်မရှိတော့ဘူး။တဖြည်းဖြည်း တိမ်တွေထူပြစ်လာတယ်။
ကျွန်မက သာမညမဟုတ်ဖူးလေ။ ဆယ်လီဘရီတီ ဘဲ။ ကျွန်မ ကိုယ့်ကို ကိုယ် အားပေးလိုက်တယ်။
အတ္တလန်တစ်သမုဒ္ဒရာကြီးထဲကို မကြောက်မရွံ့ ရိုင်းရိုင်းစိုင်းစိုင်း တိုးဝင်ခဲ့ ပြီးမှတော့ ကျွန်မ အလျော့ မပေးဘူး။ ဒါပေမဲ့  … တယောက်ထဲပါလားဆိုတဲ့  အသိက ကျွန်မကို ခြောက်လှန့်နေတယ်။ ကျွန်မကမ်းမမြင် လမ်းမမြင်ပင်လယ်ထဲမှာ သီတင်းနှစ်ပတ်ကျော်နေပါပြီ။ အချိန် ၁၀ မိနစ်လောက်ကို ဆယ်နာရီ ထင်မိတယ်။ နေ့တိုင်း နေ့တိုင်း ထပ်ခါ ထပ်ခါ ။ စားလိုက် ၊ လှော်လိုက် ၊ အိပ်လိုက် ကောင်းကင်ကြီးကို စောင့်ကြည့်လိုက် ၊ ရေပြင်ကြီးကိုငေးကြည့်လိုက်၊ ထပ်တလဲ လဲ ပါဘဲ ။
တူညီတဲ့ ခံစားချက်တွေနဲ့  ။ အလာ..လား၊ နေ၀င်ချိန် တစ်နေ့ မှာတော့ .. မိုးကုတ်စက်ဝိုင်းဆီကနေ တခုခု ရွေ့ ရွေ့ လာနေတာမြင်ရတယ် ။ တဒါဇင်လောက်မကတဲ့  ရေလွှာပြင်ကို ခွဲပြီး ထွက်လာတဲ့ ဆူးတောင်တွေ ကျွန်မလှေဆီ လာနေတယ်။ အလိုလေး..လေ ။အဲဒါ ငါးမန်းတွေများလား။
Photo from |
သူတို့  ကွန်မလှေဆီ ချဉ်းကပ်လာတယ်။ လေချွန်သံလို တိုးတိုးညှင်းညှင်းအသံ ပေးနေတာကိုလဲ ကျွန်မကြားရတယ်။
အော် … ငါးမန်းတွေ မဟုတ်ဘူး။ အဲဒါ .. လင်းပိုင်တွေ ။
သူတို့  ကျွန်မလှေကို ၀ိုင်းပြီး…ရှေ့ ကို တိုးတိုးလာတယ်။ သူတို့  ပျော်ပွဲသဘင် ကျင်းပနေတာ။ကျွန်မကို သက်သက် ကူညီနေတာ ဖြစ်မယ်။ ကျွန်မ အားရှိ ပါးရှိ လှေကို မိနစ် ၂၀ လောက် အပြင်းလှော်ခတ်လိုက်တယ်။ လင်းပိုင်တွေ ၀ိုင်းပတ်ခြံရံပြီးတော့ပေါ့။ သူတို့ကို ကြည့်ရတာ ပေါ့ပေါ့ပါးပါးနဲ့  ။ မျောက်ပန်းလှန်နေသလိုဘဲ ။သူတို့ ခန္ဒာကိုယ်တွေ မြောက်တက်နေတယ်။
ကျွန်မနဘေးကနေ ရေပေါ်ကို ခုန် ခုန်နေကြတာ ။ ရေတွေ ဖွေးကနဲ ဖွေးကနဲ ဖွာဖွာ ထွက်သွားတယ်။ အော် သူတို့  ကျွန်မလှေနဲ့  ကစားနေကြတာကိုး။
အဲဒီအချိန်မှာတော့ ကျွန်မရဲ့ လှေက လမ်းကြောင်းပျောက် ပျောက် သွားတာပေါ့။ ဒါပေမဲ့  ကိစ္စမရှိဘူး၊ ဒီလောက်ကတော့ ကျွန်မ အခက်အခဲ မရှိ ပြန်ရှာနိုင်ပါတယ်။
အိုကေပါဘဲ။
ဒီလိုနဲ့  ကျွန်မ ၄၅၃၃ ကီလိုမီတာကို ရောက်ခဲ့ ပါတယ်။မတ်လ ၁၄.. ရက်ပေါင်း၇၀ ပြည့်အပြီး ၅နာရီ အကြာမှာဘဲ တောင်အမေရိကတိုက် ဂူယာနာ ကမ်းခြေကို ထိတွေ့ မိရပါပြီ။ ကျွန်မရဲ့  ခရီးစဉ်ဟာ ကမ္ဘတ၀ှမ်းက သောက်သုံးရေ ပြတ်လပ်မှုကို ဒေါ်လာ၇၀၀၀၀ ထောက်ပံ့နိုင်ရန် Blue Planet Run Foundation အတွက် ရံပုံငွေ ကောက်ခံ ပေးခြင်းဖြစ်ပါတယ်။ ကျွန်မရဲ့  ခရီးစဉ်ဟာ ပြီးပြည့်စုံခဲ့ပါတယ်။ အားကစားသမားများရဲ့ စွမ်းရည်ဟာ သည်းခံနိုင်ခြင်းပါဘဲ။ ကျွန်မအတွက်တော့ ဒီအဖြစ်အပျက်ရဲ့  လျို့ ဝှက်ချက်ကို မီးမောင်းထိုးပြနေသလိုပါဘဲ ။ အတွေ့ အကြုံ တွေက ထိတ်လန့်ကြောက်ရွံ့ မှုကို ဖြစ်စေနိုင်ပေမဲ့ နေရယ် လှိုင်းရယ် ရာသီဥတုရယ် အားလုံးကို ကြံ့ ကြံ့ ခံ နေနိုင်ခဲ့တယ်မဟုတ်ပါလား။ လင်းပိုင်လေးတွေကတော့ ကျွန်မ ဘ၀အတွက် ကျွန်မရဲ့  နေ့ တွေအတွက် အားဆေးဖြစ်တယ်ဆိုတာ အထူးပြောဖို့ မလိုပါဘူး။ ။
Florist
Source : Readers Digest Feb 2011 : The day I stopped being lonely by Katie spotz
11 comments:
လေးစား အားကျဖွယ်ကောင်းလိုက်ပါဘိ။ ယောက်ျားဖောင်စီး မိန်းမ မီးနေကိုပဲ ထပ်တိုးရင် ကောင်းမလား ပြင်ရင် ကောင်းမလားပဲ။
ယောက်ျားဖောင်စီး မိန်းမ လှေလှော်။
မိန်းမ မီးနေ ၊ အမျိုးသမီး လှေလှော်။
ရည်ရွယ်ချက်ကလည်း မြင့်မြတ်လိုက်တာ...အများအကျိုးအတွက် ဖြစ်နေပါပကောလား။
အမောင်မိုးယံ အသင်သည်ကား မိန်းမသားလောက် လောကကောင်းကျိုး မသယ်ပိုးလေ သည်လား၊
အားကစားသမားရဲ့ စွမ်းရည်ဟာ သည်းခံနိုင်ခြင်းပါပဲ..
=)
thanks for sharing, sis!
ဇွဲ၊လုံ့လ၊ ၀ိရိယ ရှိပြီး သတ္တိကောင်း ယုံမျှ မကပဲ မြင့်မြတ်တဲ့ စေတနာရှင် ဖြစ်ပြီး ရုပ်ကလဲ ချောသေး။
ဖတ်ရင်းနဲ့ ကြက်သီးတောင်ထမိတယ်
မိန်းမသားပေမဲ့ နုနွဲ့အားငယ်မနေဘဲ ရဲရင့်လွန်းတဲ့ စိတ်ဓာတ် ဇွဲကောင်းမှု တို့ကို တကယ်ချီးကျူးလေးစားမိတယ်။ ကိုယ်သာဆို သူ့လိုသတ္တိရှိမယ် မထင်ဘူး။
ဟင်း... ညံ့ချက်
တော်လိုက်တာ။ အားကျသွားပါတယ်။ ရှာဖွေတင်ပြပေးတဲ့ ဖြိုးကိုလည် အရမ်းကျေးဇူးတင်ပါတယ်။
ခင်မင်လေးစားလျက်
အဲဒီအကြောင်းလေးကို သတင်းအနေနဲ့ ဖတ်ခဲ့ဖူးတယ်။ အခုလို ပြည့်ပြည့်စုံစုံလေး ဝေမျှပေးတာ ကျေးဇူးပါ ညီမရေ... အဲဒီလိုစိတ်ဓါတ်မျိုး အားကျလိုက်ပါဘိ.. ကိုယ်တွေဆို ခြေဖျားတောင်မမှီ ညံ့ချက်များကတော့ .. :))
ဝေမျှပေးတာ ကျေးဇူး ...
အားကျဖွယ်ပါဘဲ ကျေးဇူး ဖြိုးဖြိုး ရေ
ဘဝခရီးလမ်းမှာလည်း ကြံ့ခိုင်တဲ့စိတ်နဲ့ လက်ပစ်ကူးကျော်ဖြတ်နေတာတွေ
တွေ့တိုင်း ကျေနပ်အားရမိပါတယ် :)
ဘဝခရီးလမ်းမှာလည်း ကြံ့ခိုင်တဲ့စိတ်နဲ့ လက်ပစ်ကူးကျော်ဖြတ်နေတာတွေ
တွေ့တိုင်း ကျေနပ်အားရမိပါတယ် :)
တော်လိုက်တာနော် 'တို့များလည်း အားကျပါရဲ့ မင်းလိုပုံနှယ်' ဆိုသလိုပေါ့ကွယ်။ အသက်ငယ်ငယ်လေးနဲ့ စွန့်စားခန်းလေး ရင်ခုံစရာပဲ။
မျှဝေခံစားခွင့်ရလို့ ကျေးဇူးပါဖြိုးဖြိုးရေ။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment