Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, April 06, 2012

ဆစ်ဒနီက ဆွစ်(ဖ်)

အမေရိကန် ကန်းထရီးပေါပ့်အဆိုတော်မလေး တေလာဆွစ်ဖ်ရဲ့ ဒုတိယမြောက် Speak Now Tour ဖျော်ဖြေပွဲတွေကို အာရှ၊ ဥရောပ၊ မြောက်အမေရိက၊ သြစတြေးလျ၊ နယူးဇီလန် နဲ့ နယူးဂီနီကျွန်းတို့မှာ လှည့်လည်ဖျော်ဖြေမှာပါ။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဆွစ်(ဖ်)သီဆိုသွားပုံက အံ့မခန်း ထူးခြားပြောင်မြောက်လွန်းလှတယ်လို့ ဆစ်ဒနီပရိတ်သတ်တွေက ပြောပါတယ်။
ဆွစ်(ဖ်)သီဆိုတဲ့ ဟန်ပန်တွေက ဒီလို >>>

3 comments:

ဟန်ကြည် said...

တိုင်လာဆွစ်ဖ်ရဲ့ သီချင်းတွေကို ကြိုက်ပါရဲ့...ဒါပေမယ့် နားထဲမှာ Shania Twain ရဲ့ သီချင်းတွေကိုပဲ ပိုစွဲတယ်...ရှနိုင်းယားက အသံပါဝါ ပိုပြည့်တယ်၊ အသံ ပိုဆွဲဆောင်မှုရှိတယ်လို့ ခံစားရလို့...

ဆူးသစ် said...

သေချာတယ်။ ကျွန်တော်မဖြိုးဆီလာရင် မသိသေးတာတွေသိရတယ်။ ကျွန်တော်ကအမျိုးသမီးအဆိုတော်တွေနားထောင်ခဲတယ်။ ပြီးတော့နိုင်ငံခြားသီချင်းနားထောင်ခဲတယ်။ အဲဒီနှစ်ခုပေါင်းတော့ အခုမဖြိုးပြောတာတွေ အသစ်ဖြစ်နေတယ်။ လေ့လာသွားပါတယ်။

ရွှေပြည်သူ (ShwePyiThu) said...

တေလာဆွစ်ဖ်လေးကို အရည်အချင်းရှိတာရော တခြားအဆိုတော်တွေထက် ဝတ်တာစားတာ အိနြေ္ဒရှိတာရောကြောင့် အရမ်းချစ်ပါတယ်။ ဝေမျှပေးတာ ကျေးဇူးပါနော်း)