Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ကမ္ဘောဒီးယားဘုရင့်နိုင်ငံတော်. Show all posts
Showing posts with label ကမ္ဘောဒီးယားဘုရင့်နိုင်ငံတော်. Show all posts

Tuesday, March 12, 2013

ကမ္ဘောဒီးယားဘုရင့်နိုင်ငံတော်

ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံ

Royal Arms
Flag
တည်နေရာ
အရှေ့တောင်အာရှအင်ဒိုချိုင်းနားကျွန်ဆွယ် တွင်တည်ရှိသည်။မြောက်ဘက်နှင့် အနောက်ဘက်တွင် ထိုင်းနိုင်ငံနှင့် မိုင်၅၀၀နီးပါး၊အရှေ့မြောက်ဘက်တွင် လာအိုနိုင်ငံနှင့်မိုင် ၃၀၀ကျော် အရှေ့နှင့် အရှေ့တောင် ဘက်တွင်  ဗီယက်နမ်နိုင်ငံနှင့် မိုင် ၇၀၀ကျော်နယ်မြေချင်းထိစပ်လျက် ရှိနေပြီး ထိုင်းပင်လယ်ကွေ့တလျှောက် ကမ်းရိုးတန်းချင်းမိုင် ၂၇၀ကျော်ထိစပ်သည်။

မြို့တော် - ဖနွမ်းပင်
(ဖနွမ်းပင်သည်ဘာဆက် ၊ မဲခေါင်နှင့် တုန်လီဆက် မြစ်သုံးစင်း ဆုံရာတွင်  တည်ရှိသည်။ တန်ချိန်၅၀၀၀မှ ၈၀၀၀ရှိ ကုန်သင်္ဘောများ ဆိုက်ကပ်ရပ်နားနိုင်သည့် တခုတည်းသော ဆိပ်ကမ်းဖြစ်သည်။) တုန်လီဆက်ရေအိုင်ကြီးမှ အနယ်အနှစ်ပို့ချမှုဖြင့်တည်ဆောက်ထားသော  လွင်ပြင်ကြီးသည် မိုင်တထောင်ပတ်လည်မှ မိုင်၉၅၀၀ ပတ်လည်ကျယ်ဝန်းသဖြင့် စိုစွတ်သော မိုးဥတုတွင် ဆန်စပါးစိုက်ပျိုးခြင်းဖြင့် နိုင်ငံကို များစွာအကျိုးသက်ရောက်စေသည်။

လူဦးရေ - ၁၄,၉၅၂ .၆၆၅( ၂၀၁၀ ခန့်မှန်း)
သုံးရာစု လေးရာစု နှင့် ငါးရာစုနှစ်များအတွင်းက အိန္ဒိယ အငွေ့အသက်လွှမ်းမိုးသော ဖူနန် နှင့် ချန်လာ နိုင်ငံများသည်ယနေ့တွေ့မြင်နေနိုင်သည့် ကမ္ဘောဒီးယားနှင့် အနောက်တောင်ဗီယက်နမ်တို့အဖြစ် ပေါင်းစည်းခဲ့ခြင်းဖြစ်သည်။၉ရာစု မှ၁၃ရာစုအတွင်း  ယင်းနိုင်ငံများသည် စည်ပင်တိုးတက်ခဲ့ပြီး ခမာနိုင်ငံတော်အဖြစ် ထွန်းတောက်လာသည်။

အန်ကောဝပ်မှာ အိန္ဒိယယဉ်ကျေးမှု မြစ်ဖျားခံရာ အဆောက်အဦအဖြစ် သိသာထင်ရှားပေသည်။အန်ကောဝပ်သည် ထိုင်းတို့၏ လုယက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး စွန့်ပယ်ခြင်းကို ခံရပြန်သည်။ ထိုင်းနှင့် ဗီယက်နမ်ဘုရင်များ စစ်ပွဲ အတွင်း တလှည့်စီ လက်အောက်ခံ နိုင်ငံ ဖြစ်ခဲ့ရသည်။နောင်တွင်အစာရေစာရှားပါးသော အန်ကောဒေသကို စွန့်ခွာ၍ မြို့တော်လိုဗက်သို့ပြောင်းရွှေ့ခဲ့သည်။

ကမ္ဘောဒီးယားကို ယခင်က (ကမ်ပူးချား) ဟုခေါ်ဝေါ်ခဲ့ပြီး မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင်တည်ရှိသော ရှေးဟောင်းခမာနိုင်ငံတော်ကြီး၏အကြွင်းအကျန်နယ်မြေအစိတ်အပိုင်းတခုဖြစ်သည်။ လာအို ဗီယက်နမ်တို့နှင့်အတူရှေးအခေါ်  အင်ဒိုချိုင်နားကျွန်းဆွယ်တွင်တည်ရှိ၍  ၁၈၆၀ခုနှစ်မှ ၁၉၅၃ခုနှစ်အထိပြင်သစ်အစောင့်အရှောက်ခံနိုင်ငံ အဖြစ်တည်ရှိခဲ့သည်။ ဗီယက်နမ်အရေးအခင်းတွင် ဘက်မလိုက် ကြားနေခြင်းဖြင့်  ခပ်ကင်းကင်းနေခဲ့သော်လည်း ၁၉၇၀ခုနှစ်တွင် မိမိကိုယ်တိုင် စစ်ခင်း စစ်တလင်းဖြစ်ခဲ့ရသည်။ အမေရိကန်ထောက်ပံ့သော အစိုးရ ပြုတ်ကျသွားသောအခါ ကွန်မြူနစ် ခမာနီတို့က ၁၉၇၅ခုနှစ်တွင် ဖနွမ်းပင် မြို့တော်နှင့်တကွ တပြည်လုံးကို အကြွင်းမဲ့သိမ်းယူခဲ့ကြသည်။ ကမ္ဘောဒီးယားအကြောင်းပြောလျှင် နိုရိုဒွန်သီဟာနုကို ချန်ထား၍မရပေ။

သီဟာနုကို ၁၉၂၂ခု အောက်တိုဘာ၂၂ရက်တွင် မင်းသား နိုရိုဒွန်ဆူရာမရစ်နှင့် ကမ္ဘောဒီးယားဘုရင် ဆီဆိုဝသ်မိုနိုဗေါင်၏သမီးတော် ဆီဆိုဝသ်ကော့ဆာမက် တို့မှ ဖွားမြင်သည်။ကမ္ဘောဒီးယားသည် ထိုစဉ်က ပြင်သစ်တို့လက်အောက်ရောက်နေသဖြင့် ဘုရင်နတ်ရွာစံချိန်တွင် ပြင်သစ်တို့ကသားတော်များကို ကျော်ကာ  မိမိတို့ အလိုကျ ချယ်လှယ်နိုင်မည့် ၁၈နှစ်သား မြေးတော်သီဟာနုကို ထီးနန်းလွှဲအပ်ခဲ့သည်။သို့သော် ပြင်သစ်တို့ ထင်သလိုမဟုတ်ခဲ့။သီဟာနုသည် ပြင်သစ်တို့ထံမှ လွတ်လပ်ရေးရအောင် နည်းပေါင်းစုံဖြင့် ကြိုးပမ်းခဲ့သည်။၁၉၅၃ခုနှစ်တွင်မှ လုံးဝလွတ်လပ်ရေးရရှိခဲ့သည်။

နိမ့်တုံ မြင့်တုံ ဖြင့် ဘ၀ကို စုန်ချီ ဆန်ချီ ကူးချီ သန်းချီ လူးလွန်ခဲ့ရသူမှာ သီဟာနုဖြစ်သည်။ထီးနန်းနှစ်ကြိမ်စွန့်လွှတ်ခဲ့ရာတွင် တကြိမ်မှာ မိမိဘခင်အတွက် ဖြစ်ပြီး ကျန်အချိန်မှာ မင်းသားကြီး ဘ၀ဖြင့် နိုင်ငံရေးလောကမှာကျင်လည်ခဲ့သည်။  သီဟာနု၏သားတော်ငါးပါး အပါအ၀င်လူနှစ်သန်းကျော်မှာ  ရက်စက်ကြမ်းကြုတ်သော ခမာနီတို့ကြောင့် အသတ်ခံခဲ့ကြရသည်။ သီဟာနုအား တိုင်းပြည်က ရိုသေလေးစား ချစ်မြတ်နိုးကြသလို ပြည်ပနိုင်ငံများကလည်း ချစ်ခင်ကြသည်။

၁၉၇၈ခုတွင် ဗီယက်နမ်က သိမ်းပိုက်ခဲ့သည်။ ၁၉၈၉ခုတွင် ဗီယက်နမ်များတပ်ပြန်လည်ရုတ်သိမ်းခဲ့သည်။ ၁၉၅၃ခုနှစ်တွင် ပြင်သစ်တို့လက်မှ လွတ်မြောက်ခဲ့သည်။ဘုရင်ကို ပြန်လည်နန်းတင်သည်။ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်လာသည်။ စည်းမျဉ်းခံဘုရင်စံနစ် ကျင့်သုံးခြင်းဖြင့် ပါလီမန်ဒီမိုကရေစ်ီစံနစ် ထူထောင်သည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ သဘောတူညီမှုအရ ငြိမ်းချမ်းရေးတပ် ၁၆၀၀၀ ပေးပို့၍ ရွေးကောက်ပွဲ ပြုလုပ်ခဲ့သည်။ခမာနီတို့က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော်လည်း ၉၀ရာခိုင်နှုံး အောင်မြင်ခဲ့သည်။     ခမာနီခေါင်းဆောင် ပိုလ်ပေါ့ အကျဉ်းထောင်တွင် ကွယ်လွန်ခဲ့ပြီးနောက် ခမာနီတို့ ဇတ်သိမ်းခဲ့သည်။

အစိုးရ အဖွဲ့အစည်း
ဘုရင်အမှူးပြုသော ပါလီမာန်အုပ်ချုပ်ရေးစံနစ်ထားရှိသည်။ အထက်လွှတ်တော် အေက်လွှတ်တော်၂ရပ်ဖြင့်ဖွဲ့စည်းတည်ထောင်ထားသည်။

ဘုရင် - နိုရိုဒွန်သီဟမုနိ
ဝန်ကြီးချုပ် -  ဟွန်ဆန် (အရှေ့တောင်အာရှတွင်၂၅နှစ်ကျော် ရှည်ကြာစွာ ကမ္ဘောဒီးယားနိုင်ငံအား အုပ်ချုပ်လာသူ) 
ရုံးသုံးဘာသာစကား - ခမာ
နယ်မြေအကျယ်အ၀န်း - ၆၉, ၈၉၈စတုရန်းမိုင်

အပူပိုင်းမုတ်သုန်ရာသီဥတုရှိသည်။
တမျိုးသားလုံးထုတ်ကုန်တန်ဘိုး စုစုပေါင်း (GDP)မှာ အမေရိကန်ဒေါ်လာ ၃၆.၀၁၀ဘီလျှံဖြစ်၍ တဦးချင်းဝင်ငွေမှာ အမေရိကန်ဒေါ်လာ၂,၃၆၁  ရှိသည်။ နိုရိုဒွန်သီဟာနုသည် ပြင်သစ်တို့လက်အောက်မှ လွတ်မြောက်ရန်ဦးဆောင်လှုပ်ရှားခဲ့ပြီး ဘခင်အားဦးစားပေးလိုသဖြင့် ဘုရင်အဖြစ်ကိုလည်း စွန့်လွှတ်ခဲ့သူဖြစ်သည်။ ၄င်းကမူ ရွေးကောက်ပွဲခံ ၀န်ကြီးချုပ်ဖြစ်လာသည်။ ၁၉၆၀ ခုနှစ် ဘခင်ကွယ်လွန်သောအခါ မင်းသားကြီးဘွဲ့ခံယူပြီး နိုင်ငံတော်အကြီးအကဲ ဖြစ်လာသည်။ သို့သော် ၄င်းပြည်ပခရီးထွက်နေစဉ် ဗိုလ်ချုပ်ကြီး လုံနိုးလ် နှင့်  ညီအကိုဝမ်းကွဲ တော်စပ်သူ မင်းသား ဆီသိုဝပ်သ် ဆီရစ်မာတက် တို့ ဦးဆောင်သော စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။ ပြည်ပမှာပင်(တရုတ်နိုင်ငံ) ခိုလှုံခဲ့ရသည်။ အမေရိကန်ကျောထောက်နောက်ခံဖြငိ့ လုံနိုးလ်အစိုးရက်ု ဖြုတ်ချရန် ကွန်မြူနစ်သူပုန်တို့ထံမှ (ခမာနီ)အကူအညီရယူခဲ့သည်။

ခမာနီများအင်အားကောင်းလာပြီး ၁၉၇၅ခုနှစ်တွင် ပိုလ်ပေါ့အာဏာရလာသည်။ ပိုလ်ပေါ့သည် ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ် အုပ်ချုပ်ခဲ့သဖြင့် အဆိုးဖက်တွင် နာမည်ကျော်သည်။ ထို့နောက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ သဘောတူညီမှုအရ ငြိမ်းချမ်းရေးတပ် ၁၆၀၀၀ ပေးပို့၍ ရွေးကောက်ပွဲ ပြုလုပ်ခဲ့သည်။ခမာနီတို့က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော်လည်း ၉၀ရာခိုင်နှုံး အောင်မြင်ခဲ့သည်။     ခမာနီခေါင်းဆောင် ပိုလ်ပေါ့ အကျဉ်းထောင်တွင် ကွယ်လွန်ခဲ့ပြီးနောက် ခမာနီတို့ ဇာတ်သိမ်းခဲ့သည်။
လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်
ကမ္ဘောဒီးယာတွင် ထေရ၀ါဒ သာသနာ ပြန့်ပွားသည်။ ကွန်မြူနစ် ပိုလ်ပေါ့အုပ်ချုပ်မှုအောက်တွင် ရဟန်းတော်၇၀၀၀၀ လူဝတ်လဲစေခြင်း အချို့ သတ်ဖြတ်ပြစ်ခြင်းကျောင်းကန်  ဘုရားစေတီများ ဖြိုချဖျက်ဆီးခြင်း ရှိခဲ့သည်။ ၁၉၇၉ခုနှစ်နောက်ပိုင်းတွင်မှ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရသည်။ ပိုလ်ပေါ့တို့၏ ရက်စက်ကြမ်းကြုပ်ခြင်းကို The Killing Fields ရုပ်ရှင်ကားဖြင့် ဟောလီဝုဒ်က မှတ်တမ်းတင်ခဲ့သည်။ ၁၅၁၁ခုနှစ်တွင် ပေါ်တူ၈ီနှင့် စပိန်ခရီးသွားများ ကမ်ပူချားသို့ စတင်ဝင်ရောက်ခဲ့သည်။ CPPပါတီမှ ဟွန်ဆန်နှင့်မင်းသားနိုရိုဒွန်ရာနာရစ်တို့သည် ကြားဖြတ်အစိုးရ၏  ပူးတွဲ ၀န်ကြီးချုပ်အဖြစ် အာဏာခွဲဝေအုပ်ချုပ်ရာမှ ဟွန်ဆန်နှင့် သူ၏တပ်ဖွဲ့များကအကြမ်းဖက်  အာဏာသိမ်းယူလိုက်သည်။ပြိုင်ဘက်  နိုရိုဒွန်ရာနာရစ်၏ တပ်ဖွဲ့များက ရှုံးနိမ့်ခဲ့ရသည်။မင်းသားရာနာရစ်သည် ပြင်သစ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အချို့သည် သတ်ဖြတ်ခံကြရသည်.အချို့သည် ညှင်းဆဲ နှိပ်စက်ခံကြရသည်။
အန်ကောဝပ်ကျောင်းတော်နှင့် ထေရ၀ါဒ ရဟန်းတော်များ
နိုင်ငံတော်ဘာသာအဖြစ် ထေရ၀ါဒဗုဒ္ဓဘာသာကို သတ်မှတ်သည်။ တိုင်းပြည်၏ ၉၅ရာခိုင်နှုံးသည်ေုဒ္ဓဘာသာဝင်များဖြစ်သည်။အန်ကောဝပ်ကျောင်းတော်သည်  ဟိန္ဒူဘာသာဝင်တို့၏ အထွတ်အမြတ်ထားရှိရာ ကျောင်းတော်မဟာဖြစ်သည်။ အန်ကောဝပ်ကျောင်းတော်ကို ကြည့်ခြင်းဖြင့် အန်ကောရီးယဲန်ခေတ် ခမာပိသုကာအတတ်ပညာ မည်မျှဖွံ့ဖြိုးတိုးတက်သည်ကိုသိရှိနိုင်သည်။
၁၉ရာစုနှစ် ရေကြောင်းခရီး 
ဘွန်းအွမ်တပ်ခ် ခေါ် ကမ္ဘောဒီးယား လှေပြိုင်ပွဲသည် အထူးနာမည်ကျော်သည်။ရိုးရာပွဲသဘင်လည်းဖြစ်သည်။ မိုးရာသီအကုန် မဲခေါင်မြစ်ရေ အဆုတ် တုန်လီဆတ်ရေအိုင်ပြောင်းပြန်စီးဆင်းစဉ်တွင် လကို ကျေးဇူးစကားဆို ရင်းလကြည့်ရင်း မီးရှူးမီးပန်းလွှတ်တင်ရင်း လှေပွဲသဘင် ဆင်ယင်ကျင်းပကြသည်။


ခမာအစားအစာများ
၁၂ရာစုအလွန်တွင် တိုဒေသသည်ခမာယဉ်ကျေးမှုတခုအဖြစ်ပြောင်းလဲ ဖြစ်တည်ခဲ့သည။် ဧကရာဇ် ဖန်ရှီမန်း နှင့် ဂျာယာဗာမင်မျိုးဆက်က  ခမာအင်ပါယာကို ထူထောင်ခဲ့ပြီး အရှေ့အာရှတွင် အင်အားအကြီးဆုံးနိုင်ငံတော်ကြီးအဖြစ် တည်ရှိခဲ့သည်။(ပထမ ဂျာယာဗာမင်က မိမိကိုယ်ကို မိမိ ဒေ၀ရာဇာဘွဲ့ခံကာခမာ အင်ပါယာကို၁၃ရာစုတွင်  ထူထောင်ခဲ့သည်။)

၁၃ရာစုနှစ်လောက်တွင် သီရိလင်္ကာမှ ထေရ ၀ါဒ ရဟန်းတော်များ အရှေ့တောင်အာရှသို့ ရောက်လာ၍  ဗုဒ္ဓဘာသာကို မျိုးစေ့ချ ပျိုးထောင်ခဲ့သည်။ ဟိန္ဒူအယူဝါဒနှင့် မဟာယနဂိုဏ်းဝင်တို့ရောနှောဆက်စပ်လျက် အန်ကောဝပ် ကျောင်းတော်ကြီးကို တည်ဆောက်ခဲ့ကြသည်ဟု ပညာရှင်တို့က ခံယူထားသည်။၁၅ရာစုနှစ်တွင် အန်ကောဝပ်သည် အယုဒ္ဓယလက်အောက်သို့ ကျရောက်ခဲ့ရသည်။၁၉ရာစု နှစ်လည်အထိ ထိုင်းနှင့် ဗီယက်နမ်တို့အကြား ညှ့ပ်နေခဲ့ရပြီး၁၉၅၃ခုနှစ်မှစ၍ ပြင်သစ်တို့ထံမှ လုံးဝ လွတ်လပ်ခွင့်ရသည်။
အန်ကောဝပ်၏ ထူးခြားသောလက်ရာကိုကြည့်ခြင်းအားဖြင့် ထိုခေတ်ခမာယဉ်ကျေးမှု မည်မျှ ထွန်းကားခဲ့သည်ကို မှန်းဆသိရှိနိုင်သည်။ နောက်ပိုင်း တွင် နဂိုရှိရင်းစွဲ ဟိန္ဒူနှင့် မဟာယနု တို့မှေးမှိန်လာကာ ထေရ၀ါဒဗုဒ္ဓဘာသာက အင်အားကြီးစွာ လွှမ်းမိုးသွားခဲ့သည်။

ကမ္ဘောဒီးယားသည် ၁၉၅၅ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)၏ ဒဿမမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံ  ပရာဆတ်ဘေယွန်ရှိ ဗောဓိသတ္တ အ၀လောကီတေသရ ဘုရား မျက်နှာများ
နံပါတ် ၄ အဝေးပြေးလမ်းမကြီး 

ခမာ ကချေသည်လေးများ
ခေတ်ပေါ်ဂီတအဖွဲ့
စဥ့်မြေအိုး
လမ်းပမ်းဆက်သွယ်ရေး လေဆိပ် 
ဆီယင်ရိ(ပ်) နိုင်ငံတကာလေဆိပ်
မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ တို့တွင် ဗုဒ္ဓသာသနာထွန်းကားလျက်ရှိခဲ့ပြီး အာရှနိုင်ငံ အချို့တို့တွင် မဟာယန ဂိုဏ်ကွဲဝါဒများ လွှမ်းမိုးခြင်း ဟိန္ဒူဘာသာရောနှောပါဝင်လာခြင်းများ နတ်ကိုးကွယ်ခြင်းဓလေ့များ ထွန်းကားလာသည်။ ယခုအခါတွင်ထေရ၀ါဒဗုဒ္ဓဘာသာက လွှမ်းမိုးထားသည်။
ထိုင်းနှင့်ဗီယက်နမ်တို့၏ တလှည့်စီ သိမ်းပိုက်အုပ်ချုပ်မှုကို ခံယူနေရသော ကမ္ဘောဒီးယားသည် ၁၈၄၅ခုနှစ် ထိုင်းဗီယက်နမ်စစ်ပွဲအပြီး ပြင်သစ်တို့နှင် ထိုင်းဘုရင် တို့  စာချုပ်ချုပ်ဆို သဘောတူညီမှု နားလည်မှု ရယူ လက်မှတ်ရေးထိုးအပြီးတွင် အဆုံးသတ်ခဲ့သည်။ သို့သော် ၁၉၅၃ခုနှစ်နိုဝင်ဘာလ ၉ရက်နေ့ရောက်မှသာလျှင်   ပြင်သစ်တို့ထံမှ  လွတ်လပ်ရေးကို အပြီးအပိုင် ရရှိခဲ့သည်။
ရုရှားသမ္မတ ဒီမီထရီ မက် ဗွီဒက်ဗ် နှင့်
(အဝေးကြီးပဲ :D)
ရုရှားသမ္မတ ဒီမီထရီ မက် ဗွီဒက်ဗ် နှင့်
ရုရှား၊ သြစတြေးလျ၊ အမေရိကန်တို့ထံမှ နည်းပညာများရရှိသည်။ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)မှ နည်းပညာအထောက်အကူအတွက် ချေးငွေ ဒေါ်လာသန်း၈၅၀ ပေးအပ်ခဲ့သည်။

ကမ္ဘောဒီးယားက ဝက်ဝံလေး နဲ့ ကြိုးကြာငှက်လေး

ကွန်မြူနစ် ခမာနီအလံ 
၁၉၇၀ခုနှစ်
၁၉၇၅ခုနှစ် များနှင့် ၁၉၈၀ခုနှစ်မျးတွင် ရက်စက်ကြမ်းကြုတ်မှုများနှင့် ခေတ်ပျက်ကြုံခဲ့ရသော ကမ္ဘောဒီးယားသည် ယခုအခါ တည်ငြိမ်အေးဆေးနေပြီဖြစ်သည်။
သီဟာနု
ဘုရင် နိုရိုဒွန်သီဟာနု ကွယ်လွန်အနိစ္စရောက်ချိန်တွင် တတိုင်းတပြည်လုံးက ပြည်သူပြည်သားများ ၀မ်းနည်းပူဆွေးကာ ဂါရ၀ပြု ငိုယို ကန်တော့ခဲ့ကြသည်။ 

နောက်ဆုံးသတင်းမှာဆိုရင်တော့
ပြည်ပရောက် ကမ္ဘောဒီးယားအမျိုးသားလွတ်မြောက်ရေးပါတီ ခေါင်းဆောင် Mr Sam Rainsy သည် မတ်လ၉ရက် စနေနေ့က ရန်ကုန်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအရေး လာရောက်ဆွေးနွေးသွားသည်။ NLDညီလာခံကိုလည်းတက်ရောက်လေ့လာခဲ့သည်ဟု AFP သတင်းအရ သိရှိရသည်။ Mr Sam Rainsy သည် လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်၏ဲ အဓိက ပြိုင်ဘက် အတိုက်အခံ ခေါင်းဆောင်ဖြစ်ပြီး ရာဇ၀တ်ပြစ်မှုဖြင့် စွဲချက်တင်ထားသဖြင့် ပြင်သစ်တွင် တိမ်းရှောင်နေရသည်။ နိုင်ငံရေးလုပ်ကြံမှုသာဖြစ်ကြောင်း လေ့လာဆန်းစစ်သူတို့က ဆိုသည်။ကမ္ဘောဒီးယားသည် တည်ငြိမ်ဟန်ရှိသော်လည်းဒီမိုကရေစီအခွင့်အရေးများပြည်ဝစွာ မရရှိသေးပေ။ဟွန်ဆန်၏ အုပ်ချုပ်မှုအောက်မှ ရုန်းမထွက်နိုင်သေး။

Florist
Ref : Wiki