Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ခွေးလေးအမည် ဂျက်ကီ. Show all posts
Showing posts with label ခွေးလေးအမည် ဂျက်ကီ. Show all posts

Tuesday, October 29, 2013

That's the way Jeckie listen !!!

ဂျက်ကီလေးအိမ်ကိုရောက်လာတာ ဒီနှစ်ဆောင်းဆို ၃ နှစ်ရှိတော့မယ်။
ပြီးခဲ့တဲ့ ၃ နှစ် နှင်းချပ်လေးတွေ ခပ်သည်းသည်း ပိတ်လို့ ကျတဲ့နေ့တုန်းကပေါ့။
ဘတ်စ်ကားဂိတ် လူတွေကြားထဲမှာ မျက်လုံးလေးမှိတ်ချည်ဖွင့်ချည်နဲ့ ဟိုရှောင်ဒီပုန်းနဲ့ ခွေးသေးသေးလေး။ ပါလာတဲ့မုန့်တွေချကျွေးပြီး အေးစက်နေတဲ့နှင်းတွေကြားထဲမထားခဲ့ချင်လို့ အိမ်ကိုပွေ့ချီလာခဲ့တယ်။ အေးလွန်းလို့ တုန်နေရှာတယ်။
ဒီနှစ် နှင်းတွေကျတဲ့နေ့ ဂျက်ကီအကြောင်း စာတစ်ပုဒ်လောက်တော့ ရေးချင်မိသေးတယ်။
ရောက်ခါစက ပိစိကွေးလေး၊
နှုတ်သီးမဲလေးနဲ့ ရုပ်ဆိုးလေး၊ 
ဒီပုံမှာတော့ ခန့်လာပြီ
သည်းခံရှာတယ်၊ ဘာလုပ်လုပ် ငြိမ်ခံတယ် :D
အကြည့်ကိုက
heater ပေါ်ခေါင်းတင်၊ အအေးကြောက်တတ်လိုက်တာ
သူ့ သူငယ်ချင်းနာမည်တစ်ခုစီ ရွတ်ပြလို့ စိတ်ဝင်တစား နားစွင့်
ဘာရယ်မဟုတ် ဂျက်ကီ video ဖိုင်ပြန်ကြည့်မိရင်း ဒီမှာ လာတင်ထားပြန်ပြီ။