Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ရေးဆွဲဖြစ်တဲ့ပုံတွေ. Show all posts
Showing posts with label ရေးဆွဲဖြစ်တဲ့ပုံတွေ. Show all posts

Thursday, April 12, 2012

Saturday, May 29, 2010

ဟိုတုန်းကပေါ့


ဟိုတုန်းက ညမအိပ်ပဲ ပုံတွေဆွဲဖူးတယ်၊

graphic software တွေ သုံးတတ်ခါစ Illustrator ဆို အရမ်းသဘောကျခဲ့တယ်၊ help ဖိုင်တွေရှာဖတ် မတတ်ပဲ စမ်းရင်းစမ်းရင်း မျက်လုံးထဲ ၀င်လာတဲ့ ၀င်နေတဲ့ ပုံရိပ်တွေ ဆွဲကြည့်ဖူးတယ်၊

မေမေနဲ့ဖေဖေပုံဆွဲတယ်၊
Twin Tower ကြည့်ပြိုကျပျက်စီးသွားတဲ့အချိန် ဂျာနယ်တွေမှာ ပလူပျံအောင်ပါလာတဲ့ပုံတွေကြည့်ပြီး ဆွဲတယ်၊
ပျဉ်းမနားက အိမ်ရှေ့ခုံတန်းလေးမှာ ထိုင်နေတဲ့မေမေ့ပုံ(ကလေး ကိုးယောက်လုံးမွေးပြီးတာတောင် ၀မသွားဘူး၊ မေမေလဲသိပ်ကြိုက်တဲ့ပုံလေး၊ အဲဒီပုံလဲ ဆွဲကြည့်သေးတယ်၊ အကိုတွေရဲ့ပုံတွေကိုလဲ ဆွဲဖူးတယ်၊ အကိုအငယ်ရဲ့ ပုံမှာ၊ ကိုအာလားဝက်ဝံလေးပွေ့ထားတဲ့ပုံကြိုက်လို့ ဆွဲကြည့်ပါတယ်၊ ကိုအာလားပုံကို သားမွှေးလေးတွေတူအောင်မဆွဲတတ်ဘူး၊ အဲဒီတော့ ဖြတ်ပြီးထည့်ကြည့်တယ်၊ software တွေလဲစမ်းရင်းစမ်းရင်း(စာကျေတာပေါ့ :D)၊ အစက Corel draw နဲ့စဆွဲကြည့်တယ်၊ Illustrator သုံးကြည့်တော့ Illustrator ပဲကြိုက်သွားတော့တယ်၊ Ilustrator မှာ ဆွဲ၊ photoshop မှာ နှာခေါင်းလေးတွေ ပါးစပ်လေးတွေ ချောချောမွတ်မွတ်ဖြစ်အောင် လက်ပုံစံလေး(smudge tool) နဲ့ဖိပြီးဆွဲကြည့်၊ photoshop ကိုလဲ စမ်းပြီးသုံးကြည့်တဲ့အချိန်၊ tool အသစ်သုံးတတ်ရင် သိပ်ပျော်ခဲ့တယ်၊ အဲဒီအချိန် သမ္မတဘုရှ် စစ်တပြင်ပြင် တိုက်ပွဲတွေဆင်တဲ့အချိန်၊ ဂျာနယ်တွေမှာ သမ္မတဘုရှ်ပုံတွေ အများကြီး၊ အဲဒါလဲ ဆွဲကြည့်သေးတယ်၊ မေမေက သတင်းဂျာနယ်တွေဆို မလွတ်တမ်းဝယ်တယ်၊ ကျွန်မက မလွတ်တမ်းဆွဲတယ်၊
သမ္မတဘုရှ်က သူ့ရဲ့စစ်ဆင်ရေးကို Operation Infinite Justice လို့ အမည်ပေးခဲ့တယ်၊ we want Osama Binladen "Dead or Alive" လို့ ကြေညာပြီး စစ်ဆင်ရေးတွေအာဖဂန်မှာစခဲ့ကြတယ်၊ ကျွန်မလဲ ပြိုကျသွားတဲ့ Twin Tower ကိုကြည့် စိတ်မကောင်းတွေဖြစ်ရင်း ပုံဆွဲကြည့်တယ်၊ မပြိုခင်ကပုံပါဆွဲကြည့်ဖူးတယ်၊ gif animation လေးတွေစပြီးစမ်းကြည့်တဲ့အချိန်၊ လေယာဉ်ပုံလေးဆွဲပြီးတိုက်ကြည့်ဖူးတယ်၊ မီးတောက်လေးပါ ဆွဲကြည့်တယ်၊ tool တစ်ခု မသုံးတတ်ရင်ပဲ ကိုယ့်မှာ အပြစ်ကြီးတစ်ခုလို၊ မရရအောင် help ဖိုင်တွေဖတ်ပြီး ဆွဲကြည့်တယ်၊ Illustrator စာအုပ်က၀ယ်လို့မရသေးဘူး၊ တကယ်က ပိုက်ဆံလဲ အကုန်မခံနိုင်လို့၊
ကမ္ဘာ့ဖလား ၂၀၀၂ မှာ အင်္ဂလန်နဲ့ အာဂျင်တီးနား ၁ ဂိုးရှိမရှိ နိုင်ခဲ့တုန်းက ဒေးဗစ်ဘက်ခမ်း ဂိုးသွင်းပြီး လက်နှစ်ဘက်ကိုဆန့်လို့ပြေးထွက်လာတဲ့ပုံ၊ အဲဒါကိုလဲ ဆွဲကြည့်တာပဲ၊ အဲဒီအချိန်က အင်တာနက်ကို မသုံးနိုင်သေးပါဘူး၊ မေမေ ၀ယ်လာတဲ့ဂျာနယ်တွေဖွ ကြိုက်တဲ့ပုံတွေ့ရင် သေချာခေါက်ပြီး မော်နီတာဘေးမှာထောင်၊ ဆွဲကြည့်တော့တာပဲ၊ ပုံတစ်ပုံရုပ်လုံးပေါ်လာရင် မေမေ့ကို ကြည့်ပါဦး ကြည့်ပါဦး ခေါ်ပြရတာအမော၊ မေမေက တူတယ်ပြောရင် သဘောတွေကျလို့ ပြုံးစိပြုံးစိနဲ့ အူမြူးခဲ့တယ်၊ မေမေက ဘယ်နေရာက နဲနဲလိုတယ်ဆိုရင်လဲ ပြင်လိုက်မေးလိုက်၊ မေမေက ကြည့်တတ်တယ်၊ ဝေဘန်ပေးတတ်တယ်၊ အကိုအငယ်ရဲ့ ကလေးတုန်းကပုံလေးက ဆွဲဖြစ်ခဲ့သမျှပုံတွေထဲမှာ နောက်ဆုံးပဲ၊ လှုပ်တုတ်လှုပ်တုတ် မြင်းရုပ်လေးစီးနေတဲ့ပုံလေး၊ မေမေပြောပြတာက အဲဒီတုန်းက အကိုက ဘယ်ပေါ်ကပြုတ်ကျလဲ မသ၊ိ အပေါ်နှုတ်ခမ်းလေးယောင်နေတယ်တဲ့၊ အဲဒီပုံလေးဆွဲတုန်းကဆို အကျီက အကွက်လေးတွေကအစ မောက်စ်နဲ့ပဲ တကွက်ချင်းဆွဲလိုက် group လုပ်လိုက်နဲ့ သဘာဝကျအောင်လဲ အကွက်လေးတွေ ဟိုတွန့်ဒီတွန့်လုပ်ရသေးတယ်၊ ကိုယ့်ပုံကိုယ်ဆွဲတဲ့ပုံ(ကလေးပုံ)လဲ ကြိုက်တယ်၊ နဂိုပုံက မလှပေမဲ့၊ ဆွဲလိုက်တော့ နည်းနည်းလှနေသလိုပဲ၊
အဲဒီပုံမှာကိုင်ထားတဲ့ အရုပ်လေးကိုလဲ ကြိုက်ခဲ့တယ်၊ ခြေလက်လေးတွေက ဖောင်းဖောင်းအိအိလေး၊ အဲဒီပုံရိုက်တုန်းကဆို ကားခေါင်မိုးပေါ်တက်ပြီးရိုက်ရတာ၊ ပျဉ်းမနားကအိမ်ရှေ့အ၀င်မှာ ခရမ်းရောင်ပန်းတွေသူ့အချိန်နဲ့သူပွင့်တယ်၊ ပွင့်တဲ့အချိန်ဆို အရမ်းလှတာပဲ၊ ကြက်သွန်ပန်းလို့ခေါ်ကြတယ် ၊အနံ့ကကြက်သွန်နီနံ့လိုပဲ၊ ကြက်သွန်ပန်းတွေပွင့်တဲ့အချိန်ဆိုမိသားစုပုံရိုက်ကြတယ်၊ ကြက်သွန်ပန်းတွေဆွဲကြည့်တုန်းက တပွင့်ပဲဆွဲပြီး group တွေလုပ် copy လုပ်ပြီး ဟိုထပ်ဒီထပ်၊ ဓါတ်ပုံကအတိုင်းတူအောင် ဆွဲကြည့်ခဲ့ဖူးတယ်၊ ကြိုက်တဲ့ပုံဆို mouse pad ကပုံပါမချန်ဘူး၊ လခြမ်းကွေးလေးမှာ ကြောင်လေးတွဲလောင်းခိုနေတဲ့ပုံလေးက mouse pad ကပုံလေး၊ အဲဒီ mouse pad ကို ဘေးမှာထောင်ပြီး ဆွဲကြည့်ခဲ့သေးတာပဲ၊ ဆွဲရင်းဆွဲရင်း မိုးလင်းတဲ့နေ့တွေလဲ အများကြီး၊
ဒီလိုနဲ့ပဲ ... အလုပ်ဝင်ပြီးတော့ ပုံတွေ မဆွဲနိုင်တော့ဘူး၊ သူငယ်ချင်းတချို့က ပုံတူဆွဲပေးပါ ခိုင်းရင်လဲ အချိန်အားမရှိတော့ မဆွဲနိုင်တော့ပါဘူး၊
ပုံအဟောင်းတွေပြန်ကြည့်ရင်း ဟိုတုန်းက ပုံဆွဲဖူးတဲ့အချိန်တွေ စိတ်ထဲ ပြန်ပြန် မြင်ယောင်မိတယ်၊
ဒီနေ့အထိ ပုံတစ်ပုံမှ ထပ်မဆွဲဖြစ်သေးဘူး၊
ပုံတွေဆွဲခဲ့ရတာ တော်တော်တော့ ပျော်ဖို့ကောင်းခဲ့သေးတယ်၊
ဟိုတုန်းကပေါ့ ...

http://phyophyohlaing.blogspot.com/2007/09/blog-post_20.html

Wednesday, December 23, 2009

His sketch and my handwriting

Text from Dhammapada(A practical guide to right living)
လက်ရေးကလဲ ကလေး လက်ရေးလောက်တောင် ကြည့်ပျော်ရှုပျော် မရှိ၊
သူက မသိတော့ လှတယ် လှတယ်နဲ့

While, I look up the sky,
I find the twinkle stars shine,
I find the clouds flying under the sky,
They look so fine ...
++ I murmur under stars and sky,
     I love you, that is why ... 





အရင်က သူ့ဆီ ပို့ဖူးတဲ့ ကဗျာကို သူ့ Sketch မှာ မြန်မာလို လက်ရေးနဲ့ ရေးပေးပါ ဆိုလို့ စာမရေးတာကြာတော့ လက်ရေးတွေက တောင်တစ်လုံး မြောက်တစ်လုံးနဲ့ ...