“ကျွန်တော်တို့ မနက်ဖြန်ပွဲအတွက်ဖျက်လိုက်ရလို့ စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ရဲ့နောက်ကွယ်က အကြောင်းပြချက်တွေကို ကျွန်တော်တို့ နားလည်ပါတယ်။ ကျွန်တော်တို့ အထောက်အပံ့ပေးရပါမယ်” လို့ အင်္ဂလန်ဘောလုံးစတားတွေက သတင်းထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ “ကျွန်တော်တို့အာလုံး ကြောက်စရာလန့်စရာပုံတွေ တီဗီမှာမြင်နေရတယ်။ အရေးကြီးဆုံးက ပရိသတ်တွေရယ်၊ လူတွေအားလုံး ဘေးကင်းလုံခြုံဖို့ပါပဲ။ ဒီအချိန်မှာ ကျွန်တော်တို့ အသင်းသားတွေအားလုံးမေတ္တာရပ်ခံချင်တာက ငြိမ်းငြိမ်းချမ်းချမ်းနေကြဖို့ရယ် မူမမှန်တဲ့အကြမ်းဖက်လုပ်ရပ်တွေမလုပ်ဖို့ပါပဲ”လို့ ပြောကြတယ်။
“စနေနေ့မှာစမယ့် ဘောလုံးရာသီအစပွဲ တော်တန်ဟမ်နဲ့ ဖူလ်ဟမ်ပွဲ၊ အင်္ဂလိပ် QPR-Queens Park Rangers Football Club ပွဲသုံးပွဲ အတွက်လည်း လန်ဒန်ရဲတွေနဲ့ ကျွန်တော်တို့ စုံစမ်းတိုင်ပင်နေပါတယ်”ပရီးမီးယားလိဂ်ကလည်း အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။ အင်္ဂလိပ်လိဂ်ဖလားပွဲတွေကလည်း လန်ဒန်မြို့တော်ထဲမှာပဲ ကစားရတဲ့ပွဲတွေဖြစ်ပြီး အားလုံးရက်ရွှေ့ထားလိုက်ရပါတယ်။ အင်္ဂလန်ဘောလုံးသမားတွေကလည်း အကြမ်းဖက်တာတွေ အဆုံးသတ်စေဖို့ Twitter မှာ ရေးပြီး တောင်းပန်ကြတယ်။ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးရွန်းနီက “အဲဒီအဓိကရုဏ်းတွေက ရူးကြောင်ကြောင်နိုင်လိုက်တာ၊ ဘာကြောင့်လူတွေက ကိုယ်ပိုင်တဲ့ ကိုယ့်ရဲ့တိုင်းပြည်ကိုဒီလိုလုပ်ကြတာလဲ။ အဲဒါဟာ ကျွန်တော်တို့တိုင်းပြည်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ကျေးဇူးပြုပြီး ရပ်ကြပါ” လို့ ပြောပါတယ်။ ရွန်းနီရဲ့ ကစားဖော် ရီယိုဖာဒီနန်က “အင်္ဂလန်နဲ့ ဟော်လန်ပွဲတော့ သွားပြီးပေါ့။ ရပ်လိုက်ရတာပဲကောင်းပါတယ်။ ကျွန်တော်တို့တိုင်းပြည်ကြီး ဗရုတ်သုတ်ခဖြစ်နေတဲ့အချိန် ဘယ်သူကများ ဘောလုံးပွဲတစ်ပွဲကြည့်ချင်မှာတဲ့လဲ” လို့ ဆိုတယ်။
လန်ဒန်မြို့လယ်မှာ အကြမ်းဖက်မှုတွေဖြစ်ပွားနေပြီး လူပေါင်း ၁၀၀၀န်းကျင်ဖမ်းဆီးခံရတဲ့အချိန် တနင်္လာနေ့ညမှာ အင်္ဂလန်ခရစ်ကက်ကစားသမားတွေဟာ သူတို့ရဲ့ ဘာမင်ဂန်ဟိုတယ်ထဲမှာပဲနေကြဖို့ အကြံပေးခံခဲ့ကြရတယ်။ အသင်းခေါင်းဆောင် အင်ဒရူးစထရောက်စ် က အင်္ဂါနေ့မှာ သတင်းသမားတွေကို ပြောပါတယ်။ “လုံခြုံစိတ်ချရမှုမရှိဘူးလို့ ဆုံးဖြတ်ရမှာက အာဏာပိုင်တွေအတွက်ပါ။ ကျွန်တော်တို့ကိုတော့ ဘာမှ ညွှန်ကြားထားတာမရှိပါဘူး” တဲ့။
အင်္ဂလန်ရဲ့ အမြန်ဆုံးခရစ်ကက်ကစားသမား ဂျိမ်းအန်ဒါဆင်က Twitter မှာရေးထားတယ်။ “တစ်မြို့လုံးကြောက်မက်ဖွယ်ရာမြင်ကွင်းတွေပြည့်နှက်နေတာပဲ၊ မနေ့ညက ဘာမင်ဂန်မှာ အကူအညီပေးကြတဲ့သူတွေကို ပထမဆုံးမြင်လိုက်ရတယ်။ ဘာမင်ဂန်ကို ပြန်လည်သန့်ရှင်းဖို့ လူတွေအတူတကွရောက်လာကြတာမြင်ရတာ ကြီးကျယ်ခမ်းနားလိုက်တာ”။ ။
Source : http://edition.cnn.com/2011/SPORT/football/08/09/football.england.wembley.riots/
ပေါ်ပြူလာဂျာနယ် http://popularmyanmarnews.com/epaper/?p=7460
5 comments:
ဘယ်လိုဖြစ်ဖြစ် အမြန်ဆုံးငြိမ်းချမ်းပါစေ
ဘောလုံးပွဲတွေလည်း အမြန်ဆုံးပြန်ကန်နိုင်ပါစေပေါ့နော်ဖြိုးရယ်
အားလုံးအစစအရာရာ အဆင်ပြေကြပါစေလို့ ဆုတောင်းမိပါတယ် ဖြိုးဖြိုးရေ။
မတွေ့တာကြာပေါ့ နေကောင်းတယ်ဟုတ်?
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ရွန်းနီတို့ ပျော်သပေါ့အစ်မေ၇..... နှပ်တော့မှာ အသေအချာပဲ..... :)))))
အမ်း...မြန်မြန်ငြိမ်းချမ်းပါစေလို့ဆုတောင်းမှ...
မကြာခင် ပရီးမီးယားလိဒ်က စတော့မှာ..ဟဲ
အဓိ ကရုဏ်တွေ ၊ အကြမ်းဖက်မှုတွေ၊ အသေခံ ဗုံးခွဲမှုတွေ၊ ဘာသာရေး အဓမ္မသွတ်သွင်း မှုတွေ၊ လိမ်လှည် လှည့်ဖြားမှုတွေ၊ ရက်စက် ကြမ်းကြုတ်မှုတွေနဲ့ လှပ ခန့်ညားလှတဲ့ အသိဥာဏ်ရှိ ကောက်ကျစ်သော လူဘုံကို တိရစ္ဆာန်တွေကများ ဟားတိုက်နေမလားကွယ်။
Post a Comment